ဂျပန်ရောက် မြန်မာနိုင်ငံသားများကြိုတင်မဲပေးနိုင်ရေး တိုကျိုမြို့ မြန်မာသံရုံး၌ မဲရုံဖွင့်လှစ်

မကြာမီကျင်းပတော့မည့် ရွေးကောက်ပွဲ၌ ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများ ကြိုတင်ဆန္ဒမဲပေးနိုင်ရေးအတွက် မြန်မာသံရုံး၊ တိုကျိုမြို့၌ မဲရုံဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ဒီဇင်ဘာလ (၁) ရက်နှင့် (၂)ရက်နေ့တို့တွင် မဲရုံဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ကာ မဲရုံသို့ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မြန်မာနိုင်ငံသားများ လာရောက်၍ တည်ဆဲဥပဒေများနှင့်အညီ စနစ်တကျ ကြိုတင်ဆန္ဒမဲပေးခဲ့ကြကြောင်း သိရသည်။
ထိုနည်းတူပင် တရုတ်နိုင်ငံရှိ မြို့သုံးမြို့တွင် မြန်မာနိုင်ငံသားများ ကြိုတင်ဆန္ဒမဲစတင်ပေးနေခဲ့ပြီဖြစ်ကာ ချုံချင့်မြို့၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံးတွင် မဲရုံဖွင့်လှစ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုကဲ့သို့ ကြိုတင်မဲဆန္ဒပေးခြင်းအား မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ချုံချင့်မြို့တွင် ဒီဇင်ဘာ ၃ ရက်နှင့် ယနေ့ ၄ ရက်အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်ဟုလည်း သိရသည်။

image

ဆန်၊ ပဲ၊ နှမ်း စိုက်ပျိုးရေးထွက်ကုန်များ၊ ဆိုလာလျှပ်စစ်ကဏ္ဍ၊ မွေးမြူရေးနှင့် ဆက်စပ်သည့် နည်းပညာလွှဲပြောင်းခြင်းကဏ္ဍစသည့် ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ နားလည်မှုစာချွန်လွှာ ၂၄ ခု လက်မှတ်ရေးထိုး

ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့၏ ဦးဆောင်ကြီးကြပ်မှုဖြင့် ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ ရင်းနှီးမြှုပ်နှံမှု လွယ်ကူချောမွေ့စေရေးဆွေးနွေးပွဲ - ၂၀၂၅ (Yangon Investment Facilitation Workshop-2025) ကို ဒီဇင်ဘာ ၃ ရက်က ရန်ကုန်မြို့ရှိ Wyndham Grand Yangon Hotel ၌ ကျင်းပသည်။
ရန်ကုန်တိုင်းဒေသကြီးသည် မြန်မာနိုင်ငံ၏ စီးပွားရေးအချက်အချာဒေသတစ်ခုဖြစ်ပြီး နိုင်ငံ့ GDP ၏ ၂၆ ရာခိုင်နှုန်းဖြစ်သည့်အတွက် တိုင်းဒေသကြီး၏ ဖွံ့ဖြိုးမှုသည် တစ်နိုင်ငံလုံးအတွက် အရေးကြီးပါ ကြောင်း၊ ယနေ့ဆွေးနွေးပွဲဆောင်ပုဒ်ဖြစ်သည့် “ယုံကြည်မှုတွေ တည်ဆောက်ဖို့ ပူးပေါင်းမှုများ အားပေးစို့ Building Confidence, strengthening Collaboration” အတိုင်း အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုများအား တွန်းအားပေးဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝါဝါမောင်က ပြောကြားသည်။
အထူးသဖြင့် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများ၏ မူလအဆိုပြုလွှာအတိုင်း ကုန်ထုတ်လုပ်မှုစွမ်းအား ပြန်လည် လည်ပတ်နိုင်ရေးနှင့် ပြည်ပသို့ ချိတ်ဆက်တင်ပို့မှု အဆင်ပြေချောမွေ့ရေးသည် အဓိကကျနေသည့်အတွက် ဗဟိုမှ ကွင်းဆင်းထိတွေ့အားပေးရင်း ပြန်လည်တင်ပြချက်များကိုလည်း သက်ဆိုင်ရာဌာနများသို့ တင်ပြညှိနှိုင်းကူညီသွားရန်ဖြစ်ပါကြောင်း၊ Processing Lines အပြင် ထပ်မံတိုးချဲ့တပ်ဆင်လိုသူရှိပါကလည်း မြန်ဆန်အဆင်ပြေချောမွေ့အောင် ကူညီသွားမည်ဖြစ်ပါကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝါဝါမောင်က ပြောကြားသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်က ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုအခြေအနေများ၊ ထပ်မံဖော်ထုတ်နိုင်မည့် ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများ၊ တိုင်းဒေသကြီးအနေဖြင့် ရင်းနှီးမြှုပ်နှံသူများအပေါ် ကူညီဆောင်ရွက်သွားနိုင်မည့်အခြေအနေများကို အဓိကထား၍ ပြောကြားသည်။
ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး၏ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခွင့်အလမ်းများကို ဆွေးနွေးပြီး လုပ်ငန်းရှင်များက မေးမြန်းခဲ့သည့် တင်ပြချက်များအပေါ် သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ဖြေကြားကြသည်။
ညနေပိုင်းတွင် ဆန်၊ ပဲ၊ နှမ်း စိုက်ပျိုးရေး ထွက်ကုန်များ၊ ဆိုလာလျှပ်စစ်ကဏ္ဍ၊ မွေးမြူရေးနှင့် ဆက်စပ်သည့် နည်းပညာလွှဲပြောင်းခြင်းကဏ္ဍစသည့် ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ နားလည်မှုစာချွန်လွှာ ၂၄ ခုကို သက်ဆိုင်ရာတာဝန်ရှိသူများက အပြန်အလှန်လက်မှတ်ရေးထိုးလဲလှယ်ကြကြောင်း သိရသည်။

image

မဲဆန္ဒရှင်စာရင်းပြည့်စုံမှန်ကန်စေရေးအတွက် တစ်အိမ်တက်ဆင်း မဲစာရင်းတိုက်ဆိုင်စစ်ဆေး

ကယားပြည်နယ်တွင် လာမည့် ဒီဇင်ဘာ ၂၈ ရက်မှစ တင်၍ အပိုင်းလိုက်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးမည့်သူများ၏ မဲ ဆန္ဒရှင်စာရင်းပြည့်စုံမှန်ကန်စေရေးအတွက် တစ်အိမ် တက်ဆင်း မဲစာရင်းတိုက်ဆိုင်စစ်ဆေးခြင်းများကို ပူးပေါင်းအဖွဲ့ဝင်များကဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးနှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအသီးသီးမှဝန်ထမ်းများပူးပေါင်း၍ တစ်အိမ်တက်ဆင်း မဲစာရင်းတိုက်ဆိုင်စစ်ဆေးလျက်ရှိခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ ပြုလုပ်နေခြင်းအား ကယားပြည်နယ်ဝန်ကြီးချုပ်ဦးဇော်မျိုးတင်မှ ဒီဇင်ဘာ ၃ ရက်နံနက်ပိုင်းက လွိုင်ကော်မြို့ပေါ် ရပ်ကွက်များတွင် တစ်အိမ်တက်ဆင်း မဲစာရင်းတိုက်ဆိုင်စစ်ဆေးနေခြင်းကိုကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများအားလုံး မဲပေးပိုင်ခွင့်ဆုံးရှုံးမှုမရှိစေရေး၊ မဲစာရင်းတွင် မပါဝင်သင့်သူများပါဝင်ခြင်းမရှိစေရေးနှင့် မဲစာရင်းများပြည့်စုံမှန်ကန်စေရေး အ ထူးအလေးထားဆောင်ရွက်ရန် မဲစာရင်းများပြည့်စုံမှန်ကန်စွာစစ်ဆေးခြင်းလုပ်ငန်းများပြီးစီးအောင်တာဝန်ရှိသူအားလုံးက စနစ်တကျဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ရန်မှာကြားခဲ့ကြောင်း သိရသည်။
ကယားပြည်နယ်အတွင်း မဲဆန္ဒရှင်စာရင်းများပြည့်စုံမှန်ကန်စေရေးအတွက် တစ်အိမ်တက်ဆင်းမဲစာရင်းတိုက်ဆိုင်စစ်ဆေးခြင်းကို ဌာနဆိုင်ရာဝန်ထမ်းများက အစုအဖွဲ့(၅၆)ဖွဲ့ဖြင့် ကောက်ယူတိုက်ဆိုင်စစ်ဆေးခဲ့ရာ (၅၂)ရာခိုင်နှုန်းကျော်ကောက်ယူတိုက်ဆိုင်စစ်ဆေးပြီး ဖြစ်ကြောင်း သိရသည်။

image

နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအတွက် အခွင့်အလမ်းများဖန်တီးပေးနေမှုကို မြန်မာကောင်စစ်ဝန်ချုပ်ပြောကြားခဲ့

နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအတွက် အခွင့်အလမ်းများဖန်တီးပေးနေမှုကို မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ချုံချင့်မြို့မှ ကောင်စစ်ဝန်ချုပ်ဦးကျော်ဇေယျာလင်းမှ ဒီဇင်ဘာ ၂ ရက်က ချုံချင့်မြူနီစီပယ်မြို့၊ ပေ‌‌ပေ့ခရိုင်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဌာန၌ကျင်းပသည့် စီးပွားရေးနှင့် ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာဆွေးနွေးပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
မြန်မာ-တရုတ် နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်လျက်ရှိမှု၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအား ဖိတ်ခေါ်လျက်ရှိမှုနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအတွက် အ ခွင့်အလမ်းများဖန်တီးပေးနေမှု၊ မြန်မာ-ချုံချင့်ကြား ကုန်သွယ်ရေး၊ စက်မှုလက်မှုနှင့် နည်းပညာဆိုင်ရာပူး ပေါင်းဆောင်ရွက်မှုမြှင့်တင်နိုင်ရေးတို့ကို မြန်မာကောင် စစ်ဝန်ချုပ်က ဆွေးနွေးပြောကြားခဲ့သည်။
အဆိုပါ ဆွေးနွေးပွဲအား ချုံချင့်မြူနီစီပယ် စီပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဌာနနှင့် ပေပေ့ခရိုင်ပြည်သူ့အစိုးရတို့မှကြီးမှူး၍ ခရိုင်နှင့် ကောင်တီအစိုးရဌာန များနှင့် နိုင်ငံခြားကောင်စစ်ဝန်ချုပ်ရုံးများကြား ဆက်သွယ်ရေးစင်္ကြံတစ်ခုထူထောင်ရန်၊ နိုင်ငံခြားနှင့် ဆက် စပ်သည့် စီးပွားရေးလုပ်ငန်းများ၊ နိုင်ငံခြားရင်းနှီးမြှုပ် နှံမှုလုပ်ငန်းများအနေဖြင့် ပူးပေါင်းဆောင်ရွက်မှုဆိုင် ရာအခွင့်အလမ်းအသစ်များဖန်တီးနိုင်ရန်နှင့် နှစ်ဖက်ကြား အပြန်အလှန်ဖွံ့ဖြိုးတိုးတက်မှုများရရှိနိုင်စေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်သည်။

image

နိုင်ငံတကာဗဟိုဘဏ်အဆင့်မီ အဆောက်အဦးအင်္ဂါရပ်များနှင့်အညီ ဆောက်လုပ်ထားသော မြန်မာနိုင်ငံတော်ဗဟိုဘဏ်(မန္တလေးဘဏ်ခွဲ)ရုံးအဆောက်အဦးသစ်ကို နိုင်ငံတော်ယာယီသမ္မတ တက်ရောက်ဖွင့်လှစ်ပေး

နိုင်ငံတကာဗဟိုဘဏ်အဆင့်မီ အဆောက်အဦးအင်္ဂါရပ်များနှင့်အညီ ဆောက်လုပ်ထားသော မြန်မာနိုင်ငံတော်ဗဟိုဘဏ်(မန္တလေးဘဏ်ခွဲ)၏ ရုံးအဆောက်အဦးသစ်ကို ယနေ့ ဒီဇင်ဘာ ၄ ရက်နံနက်ပိုင်းက နိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တက်ရောက်၍ စက်ခလုတ်နှိပ်ပြီး ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
ထို့ပြင် ကော်မရှင်အတွင်းရေးမှူး တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမြထွန်းဦး၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမျိုးသန့်၊ မန္တလေးတိုင်းဝန်ကြီးချုပ်ဦးမျိုးအောင်နှင့် ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေတို့က ဖဲကြိုးဖြတ် ၍ဖွင့်လှစ်ပေးခဲ့ကြကြောင်း သိရသည်။
ထို့နောက် နိုင်ငံတော်ယာယီသမ္မတမှ မြန်မာနိုင်ငံတော်ဗဟိုဘဏ်(မန္တလေးဘဏ်ခွဲ)အဆောက်အဦးသစ်အတွင်းကြည့်ရှုပြီးနောက် ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်က မြန်မာနိုင်ငံတော်ဗဟိုဘဏ်(မန္တလေးဘဏ်ခွဲ)အဆောက်အဦးသစ်နှင့် သက်ဆိုင်သည့် လွှဲပြောင်းမှတ်တမ်းစာအုပ်ကို ဗဟိုဘဏ်ဥက္ကဋ္ဌဒေါ်သန်းသန်းဆွေထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
ထို့ပြင် နိုင်ငံတော်ယာယီသမ္မတထံသို့ ဗဟိုဘဏ်ဥက္ကဋ္ဌက မြန်မာနိုင်ငံတော်ဗဟိုဘဏ်(မန္တလေးဘဏ်ခွဲ)အ ဆောက်အဦးသစ်ဖွင့်ပွဲအထိမ်းအမှတ်အမှတ်တရလက်ဆောင်ကိုဂါရဝပြုပေးအပ်ပြီးနောက် နိုင်ငံတော်ယာယီသမ္မတမှ တက်ရောက်လာကြသူများအားနှုတ်ဆက်ပြီး မြန်မာနိုင်ငံတော်ဗဟိုဘဏ်(မန္တလေးဘဏ်ခွဲ)အဆောက်အဦးသစ်တည်ဆောက်ခဲ့မှု မှတ်တမ်းဓာတ်ပုံများအား ကြည့်ရှခဲ့ကြောင်း သိရသည်။
ဗဟိုဘဏ်မှ ငွေရေးကြေးရေးကဏ္ဍတည်ငြိမ်ဖွံ့ဖြိုးတိုးတက်ရေးအတွက်ပြောင်းလဲလာသည့် ခေတ်စနစ်များနှင့်အညီ ရည်မှန်းချက်၊ ရည်ရွယ်ချက်များကို ချမှတ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး မြန်မာနိုင်ငံ၏ ပြည်နယ်နှင့်တိုင်းဒေသကြီးတို့တွင် ငွေရေးကြေးရေးကဏ္ဍကို ဗဟိုဘဏ်အနေဖြင့်ပိုမိုထိရောက်စွာ ကြီးကြပ်ထိန်းကျောင်းနိုင်ရေး၊ ဒေသအသီးသီး၏ ဖွံ့ဖြိုးမှုတွင်ငွေရေးကြေးရေးကဏ္ဍဖွံ့ဖြိုးမှုကိုပါ တစ်ပါတည်း ဖော်ဆောင်နိုင်ရေးနှင့် နယ်စပ်ဒေသအပါအဝင် ဒေသအသီးသီးတွင် Financial Inclusion ကိုပိုမိုဖော်ဆောင်ရန်နှင့် ကြီးကြပ်ထိန်းကျောင်းမှုကို ပိုမိုထိရောက်စွာဆောင်ရွက်နိုင်ရန် ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ နိုင်ငံ၏စီးပွားရေးအချက်အချာကျသည့် မန္တလေးမြို့တွင် ဗဟိုဘဏ်(မန္တလေးဘဏ်ခွဲ)ရုံးအဆောက်အဦးသစ်ကို ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင်စတင်တည်ဆောက်ခဲ့ပြီး အဆောက်အဦးသစ်အား နိုင်ငံတကာဗဟိုဘဏ်အဆင့်မီ အဆောက်အဦးအင်္ဂါရပ်များနှင့်အညီ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တာဝန်ယူတည်ဆောက်ခဲ့ခြင်းဖြစ်သည်။

image

မဟာမြတ်မုနိဘုရားကြီးရှိ သာသနိကအဆောက်အဦးများအား ပြန်လည်ပြုပြင်၊ အသစ်တည်ဆောက်ရာတွင် ရေရှည်တည်တံ့ခိုင်မြဲရေးတွက်ချက်ဆောင်ရွက်ရန် နိုင်ငံတော် ယာယီသမ္မတမှာကြား

မန္တလေးမြို့ရှိ မန္တလေးငလျင်ကြီးဒ-ဏ်သင့်ခဲ့သော မဟာမြတ်မုနိဘုရားကြီးကို ယနေ့ ဒီဇင်ဘာ ၄ ရက်နံနက်ပိုင်းက မြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဇနီးတို့ဖူးမြှော်ကြည်ညိုခဲ့ကြကြောင်း သိရသည်။
နိုင်ငံတော်ယာယီသမ္မတသည် မဟာမြတ်မုနိဘုရားကြီးအားဖူးမြှော်ကြည်ညိုပြီးနောက် ဘုရားကြီးရှိ သာသနိကအဆောက်အဦးများတွင် ငလျင်ဒ-ဏ်ကြောင့်ထိခို-က်ပျ-က်စီးခဲ့ရမှုများအား ရှေးမူမပျက်ပြန်လည်ပြုပြင်တည်ဆောက်မွမ်းမံထားရှိမှုကို ကြည့်ရှုစစ်ဆေးပြီး ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများ၊ အသစ်တည်ဆောက်ရသည့်လုပ်ငန်းများဆောင်ရွက်ရာတွင် ရေရှည်တည်တံ့ခိုင်မြဲရေးနှင့် စနစ်တကျဖြစ်စေရေး တွက်ချက်ဆောင်ရွက်ရန်မှာကြားခဲ့ကြောင်း သိရသည်။
ထို့နောက် နိုင်ငံတော်ယာယီသမ္မတနှင့် ဇနီးတို့မှ ဘုရားကြီးဘက်စုံပြုပြင်မွမ်းမံရန်အတွက် စုပေါင်းအလှူတော်ငွေများကိုပေးအပ်လှူဒါန်းပြီး ပြည်ပလှူဖွယ်ပစ္စည်းများပြခန်းနှင့် ချိတ်ဆွဲရတနာခန်းမတို့တွင် ငလျင်ဒ-ဏ်ဖြစ်ပေါ်ချိန်၌ ပြင်းထန်သောလှုပ်ခတ်မှုများကြောင့်မြေခခဲ့ရသည့် စိန်ဖူးတော်၊ ငှက်မြတ်နားတော်တို့၌ စေတနာရှင်များလှူဒါန်းထားသည့် ရတနာရွှေ၊ ငွေ၊ ကျောက်၊ သံ၊ ပတ္တမြားနှင့် စိန်ဖူးတော်များ၊ ငှက်မြတ်နားတော်၊ ရတနာရွှေအိုးနှင့် ဆည်းလည်းကိုးခိုင်၊ နတ်မင်းကြီးလေးပါး၊ ဇွန်းလေးဘုံ၊ ဆပ်သွားဖူးတော်၊ ထီးတော်ကြီးဘုံကိုးဆင့်တို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထို့ပြင် နိုင်ငံတော်ယာယီသမ္မတသည် ဘုရားစောင်း တန်းသို့သွားရောက်၍ ဘုရားစောင်းတန်းများသည် ဘုရားဖူးလာသူများ စိတ်အေးချမ်းသာစွာသွားလာနိုင်ရန်ဆောင်ရွက်ပေးထားခြင်းဖြစ်၍ စနစ်တကျဖြစ်ရန် လိုသည်ဟုမှာကြားပြီး ဘုရားဖူးလာသူများကို ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြောင်း သိရသည်။

image

လုံခြုံရေးအရ အမေရိကန်တွင် အလုပ်လုပ်ခွင့်သက်တမ်းကို ၅ နှစ်မှ ၁၈ လသို့ USCIS မှ လျှော့ချ

အမေရိကန်နိုင်ငံသားနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ဆောင်မှု(USCIS) ဟာ အမေရိကန်မှာ အလုပ်လုပ်ခွင့်ပြုလက်မှတ် (Employment Authorization Documents – EADs) ရဲ့ သက်တမ်းကို ၅ နှစ်ကနေ ၁၈ လ အထိ သိသိသာသာ လျှော့ချလိုက်ပါပြီ။
USCISက ကြာသပတေးနေ့မှာ ကြေညာခဲ့တာကတော့၊ အလုပ်လုပ်ခွင့်သက်တမ်းကို လျှော့ချလိုက်ခြင်းအားဖြင့် အမေရိကန်မှာ အလုပ်လုပ်နေတဲ့ နိုင်ငံသားမဟုတ်သူတွေကို ပိုပြီး မကြာခဏ နောက်ခံစစ်ဆေးမှုတွေ ပြုလုပ်နိုင်မယ်လို့ ဆိုပါတယ်။ ဒါဟာ လိမ်လည်မှု၊ လုံခြုံရေးခြိမ်းခြောက်မှုတွေကို စစ်ဆေးနိုင်ပြီး အန္တရာယ်ဖြစ်စေနိုင်တဲ့သူတွေကို ဖယ်ရှားနိုင်ဖို့ အထောက်အကူပြုမယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
USCIS ဒါရိုက်တာ Joseph Edlow က "အလုပ်လုပ်ခွင့်သက်တမ်း အများဆုံးကာလကို လျှော့ချလိုက်တာဟာ အမေရိကန်မှာ အလုပ်လုပ်ချင်သူတွေက ပြည်သူ့လုံခြုံရေးကို ခြိမ်းခြောက်တာမျိုး ဒါမှမဟုတ် အန္တရာယ်ရှိတဲ့ အမေရိကန်ဆန့်ကျင်ရေး အယူဝါဒတွေကို မဖြန့်ဖြူးဖို့ သေချာစေမှာပါ" လို့ ပြောကြားခဲ့ပါတယ်။ "ယခင်အစိုးရလက်ထက်က ဒီနိုင်ငံကို ဝင်ခွင့်‌ပေးခဲ့တဲ့ နိုင်ငံခြားသားတစ်ဦးဟာ ကျွန်တော်တို့ရဲ့ မြို့တော်မှာရှိတဲ့ အမျိုးသားအစောင့်တပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်ခဲ့ပြီးနောက်မှာ နိုင်ငံခြားသားတွေကို USCIS က မကြာခဏ စစ်ဆေးနေဖို့ လိုတယ်ဆိုတာ ပိုပြီး ရှင်းလင်းလာပါတယ်" လို့လည်း သူက ဆိုပါတယ်။
ဒီမူဝါဒအပြောင်းအလဲဟာ ၂၀၂၃ ခုနှစ်က ချမှတ်ခဲ့တဲ့ ၅ နှစ်သက်တမ်းအစား ယခင်က ရှိခဲ့တဲ့ ၁၈ လ ကန့်သတ်ချက် ကို အလုပ်အမျိုးအစားများစွာအတွက် ပြန်လည်ကျင့်သုံးလိုက်တာ ဖြစ်ပါတယ်။

image

အင်တာနက်ဝန်ဆောင်မှုများ ဒီဇင်ဘာလကုန် ဝန်းကျင်တွင် မူလအခြေအနေသို့ ပြန်လည်ရောက်ရှိမည်

အင်တာနက်ဝန်ဆောင်မှုများရရှိရန် နိုင်ငံတကာသို့ ချိတ်ဆက်ထားသည့်ဆက်ကြောင်းများအနက် စင်ကာပူနိုင်ငံမှ မြန်မာနိုင်ငံသို့ သွယ်တန်းချိတ်ဆက်ထားသည့် UMO ပင်လယ်ရေအောက် ဖိုင်ဘာကေဘယ်ဆက်ကြောင်းသည် နိုဝင်ဘာ(၁)ရက်နေ့က ချို့ယွင်းပြတ်တောက်မှု ဖြစ်ပေါ်ခဲ့ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန က အသိပေးထုတ်ပြန်ထားသည်။
အဆိုပါပြတ်တောက်မှုကြောင့် အင်တာနက်ဝန်ဆောင်မှု ရယူအသုံးပြုထားသည့် မိုဘိုင်းဆက်သွယ်ရေး အော်ပရေတာများနှင့် Internet Service Provider (ISP)များ၏ အင်တာနက်ဝန်ဆောင်မှုများ နှေးကွေးမှုများ ဖြစ်ပေါ်ခဲ့ခြင်းလည်း ဖြစ်သည်။
ဆက်ကြောင်း ပြန်လည်ကောင်းမွန်စေရေး ဆောင်ရွက်နေစဉ် အင်တာနက်ဝန်ဆောင်မှုများ အဆင်ပြေစွာ အသုံးပြုနိုင်စေရန် နယ်စပ်ဖြတ်ကျော် ဖိုင်ဘာဆက်ကြောင်းများ ထပ်မံတိုးမြှင့်ချိတ်ဆက် အသုံးပြုထားသည့်အတွက် အင်တာနက်ဝန်ဆောင်မှုများ အထိုက်အလျောက်ပြန်လည်ကောင်းမွန်နေခြင်းလည်း ဖြစ်ကြောင်း သိရသည်။
အဆိုပါပြုပြင်မှုကို ဒီဇင်ဘာလကုန်ခန့်တွင် ဆောင်ရွက်ပြီးစီးမည်ဖြစ်သဖြင့် အင်တာနက်ဝန်ဆောင်မှုများ မူလအခြေအနေသို့ မကြာမီပြန်လည်ရောက်ရှိမည်ဖြစ်ကြောင်း အသိပေးထားသည်။

image

စားအုန်းဆီရည်ညွှန်းဈေး နှစ်လအတွင်း ကျပ် (၄၀၀)ကျော် ကျဆင်း

စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးသည် အောက်တိုဘာလတွင် တစ်ပိဿာလျှင် ကျပ်(၆၅၈၅)ကျပ်သတ်မှတ်ခဲ့ရာမှ လက်ရှိကာလ ဒီဇင်ဘာလ ဒုတိယအပတ်တွင် ကျပ်(၆၁၄၀)ထိ ဈေးနှုန်း ဆက်တိုက်ကျဆင်းလာပြီး နှစ်လအတွင်း တစ်ပိဿာလျှင် ရည်ညွှန်းဈေးကျပ် (၄၄၅)ကျပ်အထိ ကျဆင်းလာခြင်းဖြစ်ကြောင်း သိရသည်။
ယခုအပတ် ဒီဇင်ဘာ (၅)ရက်မှ (၁၁)ရက်အထိ ရန်ကုန်အထိုင်ဈေး စားအုန်းဆီ အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းမှာ တစ်ပိဿာလျှင် ကျပ် ၆၁၄၀ ဖြစ်ကြောင်း စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက အသိပေးထုတ်ပြန်ထားခြင်းလည်းဖြစ်သည်။
စားအုန်းဆီများကို ဈေးကွက်အတွင်း ထုတ်ပြန်ကြေညာထားသည့် စျေးနှုန်းထက် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းအပါအဝင် မသမာသည့်လုပ်ဆောင်မှုများပြုလုပ်ပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း စားသုံးသူရေးရာဦးစီးဌာနမှ အသိပေးထားသည်။
ပြည်ပမှစာအုန်းဆီကို ဝယ်ယူတင်သွင်းရာတွင် စားအုန်းဆီတင်ပိုသည့် နိုင်ငံများ၏ ဈေးနှုန်းအတက်အကျပေါ်မူတည်၍ ပြည်တွင်း၍ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများ ဖြစ်ပေါ်စေရေးကို ထိန်းကျောင်းဆောင်ရွက်နေကြောင်းလည်း သိရသည်။

image

ယနေ့ ဖိလစ်ပိုင်အသင်းဖြင့် ယှဉ်ပြိုင်ကြမည့် မြန်မာလက်‌ရွေးစင်အမျိုးသား/သမီး ဘောလုံးအသင်း

ယနေ့ ဒီဇင်ဘာ (၅)ရက် ညနေ (၅)နာရီခွဲအချိန်၌ မြန်မာ့လက်ရွေးစင်အမျိုးသားဘောလုံးအသင်းနှင့် မြန်မာ့လက်ရွေးစင်အမျိုးသမီးဘောလုံးအသင်းတို့သည့် ဖိလစ်ပိုင်လက်ရွေးစင်အမျိုးသား/ အမျိုးသမီးအသင်းတို့ဖြင့် ယှဉ်ပြိုင်ကစားသွားကြရမည်ဖြစ်သည်။
ဆီးဂိမ်းပြိုင်ပွဲအတွင်း ပထမဆုံးယှဉ်ပြိုင်ကစားကြမည့် မြန်မာလက်ရွေးစင်အမျိုးသမီးအသင်းသည် ယနေ့ ညနေ (၃)နာရီခွဲအချိန်၌ ထိုင်းနိုင်ငံ ချောင်ဘူရီမြို့ IPE Chonburi Stadium ၌ ဖိလစ်ပိုင်လက်ရွေးစင်အမျိုးသမီးအသင်းဖြင့် ယှဥ်ပြိုင်ကစားမည်ဖြစ်သည်။
အလားတူ မြန်မာ့လက်ရွေးစင်အမျိုးသားအသင်းသည် ချင်းမိုင်မြို့ 700th Anniversary Stadium ၌ ဖိလစ်ပိုင်လက်ရွေးစင်အမျိုးသားအသင်းဖြင့် ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း အဖွဲ့ချုပ်က အသိပေးထားသည်။
အဆိုပါ အမျိုးသား/သမီး ပွဲစဉ် နစ်ခုလုံးအား MRTV, MRTV4, HTV Sports, Channel 7 တို့တွင် တိုက်ရိုက်ထုတ်လွှင့်ပြသပေးသွားမည်ဖြစ်ကြောင်း သိရသည်။

image