Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ပိန္နဲသီးဟင်းဝက်သားဟင်း
แกงขนุน (ใส่หมู)
ပြုလုပ်နည်း-
၁။ ဝက်သား၏ မည်သည့်အစိတ်အပိုင်းကိုမဆို အသုံးပြုနိင်ပါတယ် ဝက်သားကို အနေတော် အတုံးများဖြစ်အောင် လှီးဖြတ်ပါ။
ဆားဖြင့် ပွတ်တိုက်ပြီး ရေဖြင့် သေချာစွာဆေးကြောပါ။
ဟင်းခတ်အနှစ်ပါဝင်ပစ္စည်းများ-
၁။ ဆား
၂။ နံနံပင်အမြစ် သို့မဟုတ် နံနံစေ့
၃။ ကြက်သွန်ဖြူ
၄။ ကြက်သွန်နီ
၅။ စပါးလင်
၆။ ငရုတ်သီးခြောက်
၇။ ပုစွန်ငါးပိ သို့မဟုတ် မျှင်ငါးပိ
၈။ ခနော့ ဟင်းချိုအတုံး တစ်ခု )
ဟင်းခတ်အနှစ်ပါဝင်ပစ္စည်းများကို ကြိတ်ချေပြီး ကြိတ်ပါ။
၃။ အိုးတစ်လုံးကို အပူပေးပြီး ဝက်သားထည့်ကာ မွှေးလာသည်အထိ ဆီသတ်ပါ။
ဟင်းခတ်အနှစ်ထည့်ပြီး သမအောင် မွှေပါ။
ထိုနောက် ရေထည့်ကာ ဆူအောင်တည်ပြီးနောက် ပိန္နဲသီးထည့်ပါ။
၄။ ပိန္နဲသီးနူးသွားပါက ခရမ်းချဉ်သီးထည့်ပြီး ကျက်သည်အထိ ချက်ပါ။
အရသာအတွက် ဆား၊ ငရုတ်ကောင်းမှုန့်ထည့်ပါ။
၅။ ဆူးပုတ်ရွက်ထည့်ပါ။ မီးပိတ်ပါ။
ဆူးပုတ်ရွက် အဝါရောင်မပြောင်းစေပါနှင့် စိမ်းစိမ်းစိုစို ဖြစ်နေတုန်း သုံးဆောင်ပေးပါ
Crd "Sailu
ဟင်းချက်နည်းကောင်းများလေ့လာရန် Page ကို Like share and follow လုပ်ထားပေးကြအုံးနော် နောက်လည်း အစားသောက်နဲ့ပတ်သက်တဲ့ ဟင်းချက်နည်းလမ်းတွေတင်ပေးပါမယ်ဗျ...🥰
လူမှာ လူ့အလိုက်
စောင့်ထိန်းရမဲ့ကျင့်ဝတ်တွေ ရှိတယ် မမ
လူ့ကျင့်ဝတ်တွေကို လူက မစောင့်ထိန်းလို့ရှိရင်
မစောင့်ထိန်းမှုအတွက် ဒဏ်ပြန်ခတ်လိမ့်မယ် ။
လင်ကောင်းရဖို့ တွေးပူတယ်ဆိုတာက
သမီး မကောင်းတဲ့ မိဘတွေ တွေးပူတဲ့ အတတ်ကွ ၊
ငါ့ သမီးဟ အရည်အချင်း ရှိတဲ့
သမီးကောင်း တစ်ယောက် ဆိုရင်
လင်ကောင်းလိုက်ရှာနေစရာ မလိုဘူး ၊
မယားကောင်းကို လိုက်ရှာတဲ့ လူက လာလိမ့်မယ် ။
"မမ" ဟာ သိပ်ကို သနားစရာကောင်းတဲ့ မိန်းမတစ်ယောက်။
ဦးသက်ထွန်းဟာ မမကို အချစ်ကြောင့် လက်ထပ်ခဲ့တာ မဟုတ်ပေမယ့် အများကြီး ချစ်ပေးခဲ့တယ် ။ မမအပေါ် လင်ဝတ္တရား ကျေပွန်ခဲ့တယ် ။ သားတစ်ယောက်လည်း ထွန်းကားခဲ့ပေမယ့် မမဟာ ဦးသက်ထွန်းရဲ့ အချစ်တွေကို ဘယ်တုန်းကမှ
နားမလည်ခဲ့ဘူး ။ မမရဲ့အလှဟာ လူတိုင်း လည်ပြန်ငေးရလောက်အောင်လှပတယ် ၊ ကျက်သရေရှိတယ် ။
မမ စကားပြောတာ ၊ ရယ်တာကအစ မမ လမ်းလျှောက်ပုံတွေအဆုံး မမနဲ့ ပတ်သတ်သမျှ အရာအားလုံးဟာ တင့်တယ်လှပလွန်းတယ် ။ မမလို မိန်းမမျိုးကို မလိုချင်တဲ့ ယောက်ျားဆိုတာ မရှိသလောက်ကို ရှားတယ် ၊ ဒီလိုမိန်းမမျိုးက အချစ်ဆိုတဲ့
အရာကို နဖူးတွေ့ ဒူးတွေ့ ကြုံလာရတဲ့အခါမှာ လေတိုက်လို့ သစ်ရွက်လေးတွေ လှုပ်ရင်တောင် ရင်ခုန်တတ်တဲ့ အရွယ်ချာတိတ်မလေး တစ်ယောက်လို အချစ်ဆိုတဲ့အရာအတွက်
သူ့ဘဝကို သူကိုယ်တိုင် နစ်မွန်းစေခဲ့တယ် ။ ကိုသက်ဆွေလို ယောက်ျားမျိုးအတွက် မမကို သဘောကျတာ တပ်မက်မိတာ
မဆန်းလှဘူး ။
မမလို မိန်းမမျိုးက ကိုသက်ဆွေကိုမှ သားသမီးကိုရော ဦးသက်ထွန်းလိို လင်ယောက်ျားကိုပါစွန့်ပြီး ဘဝကြီးတခုလုံး ပုံအပ်မိတာကမှ တကယ့်မဟာအမှားကြီး တခုပဲ ။ ဒါကလည်း စာရေးသူရဲ့ စာဖတ်သူတွေကို အမြင့်ဆုံးထိ ဆွဲခေါ်သွားတဲ့ အကြောင်းအရင်းပဲ ။
မမဆိုတာ နှလုံးသားထက် ဦးနှောက်ကို ရှေ့တန်းတင်ရမယ့် အရွယ်မျိုး ၊ ဒါပေမယ့် အချစ်နဲ့ တွေ့တဲ့အခါ လူတိုင်းဟာ
အမှားတွေ ကျူးလွန်တတ်ကြသလိုပဲ မမဟာလည်း
သူကိုယ်တိုင် အချစ်လို့ ယူဆတဲ့ ကိုသက်ဆွေနဲ့ တွေ့တဲ့အခါမှာ မဟာအမှားတွေ တခုပြီး တခုကျူးလွန်ခဲ့တယ် ။ ဒီနေရာမှာ အထူးတလည် ချီးကျူးရမှာ ဦးသက်ထွန်းပဲ ။
ဒီလောကမှာ ဦးသက်ထွန်းလိုလူမျိုး လက်ချိုးရေလို့ရနိုင်တယ်။ တကယ့်လူဗျာ ဦးသက်ထွန်းလိုလူမျိုး ခင်ဗျားတို့ အပြင်လောကမှာ ကြုံဖူးမှာတောင်မဟုတ်ဘူး ။ ဖြစ်လာတဲ့ ပြဿနာတွေကို ခေါင်းအေးအေးထားပြီး ဖြေရှင်းသွားပုံတွေက
မြွေမေသ တု,တ်မကျိူး အတုယူစရာအတိပဲ ။
ဒီစာအုပ်ထဲက ဇာတ်ကောင်တွေထဲမှာ အမြဲတမ်း လေးစား အတုယူခဲ့ရတဲ့ ပုဂ္ဂိုလ်က ဦးသက်ထွန်းပဲ ။ မမဟာ အချစ်အတွက်နဲ့ ရူးမို,က်လွန်း စု,တ်ပြတ်နုံချာလွန်းတဲ့ မိန်းမတစ်ယောက်လို့ပဲ မြင်မိလေရဲ့ ။
(ကိုယ်ပိုင်အမြင်သက်သက်သာ)တွေးရေး ရေးရင်း ဖတ်ကြည့်ဖို့တိုက်တွန်းရင်း ........
#မမ
#မြသန်းတင့်
Sagittarius ♐️, Scorpio ♏️, Leo ♌️,
Aquarius ♒️, Libra ♎️, Aries ♈️, Pisces ♓️
သူတို့လေးတွေက move onစရာသိပ်မလိုဘူး။အသဲမကွဲဘူး သိပ်မဆွေးဘူး 1 ယောက်မgo ခင် 3ယောက်က ရင်ထဲရောက်နေပြီ 😬၂ယောက်နဲ့ situation ဖြစ်နေတယ် 😭၅ယောက်က silent ဖြစ်နေပြီ။ခံစားတတ်တာကသပ်သပ် ချစ်တတ်တာကသပ်သပ်
ပလေးတာက သပ်သပ် ကြေကွဲရတာက သပ်သပ် ex ကို move onရင်တောင် ဘေးမှာတော့ အချွေရံက ၅၀၀လောက်”)
ဝါးလုံးကားဖြတ်သွားတောင်ကြိုက်
တယ်ဆိုတာဒင်းတို့ပဲ🙄ဒါပေမဲ့ တကယ်ချစ်တာတော့ တယောက်ပဲ”)
◾️Distribution Salesmen & Distribution Drivers - Yangon
Company: SP Bakery
Salary Range: MMK 300,000 - 400,000
https://www.joimyanmar.com/job/detail/26851
◾️Junior Study Abroad Counselor - Yangon
Company: Elevate Education
Salary Range: MMK 600,000 - 700,000
https://www.joimyanmar.com/job/detail/26895
◾️Graphic Designer - Yangon
Company: Technoland Computer Trading Company Limited
Salary Range: MMK 600,000 - 700,000
https://www.joimyanmar.com/job/detail/26816
မနက်ခင်းမှာ ဘာစားရမလဲ စဉ်းစားမရဖြစ်နေရင်... "ကြက်ဥကာကျက် (သို့) ကြက်ဥမကျက်တကျက်" လေးကို စမ်းကြည့်လိုက်ပါဦး။ 🍳
လုပ်ရတာ လွယ်ကူပေမယ့် ကျန်းမာရေးအတွက် အကျိုးကျေးဇူးတွေကတော့ တကယ့်ကို အံ့မခန်းပါပဲ။ ခန္ဓာကိုယ်အတွက် ဘယ်လိုကောင်းကျိုးတွေ ရနိုင်မလဲဆိုတာ ကြည့်လိုက်ရအောင်။
🥚 မနက်ခင်း ကြက်ဥကာကျက် စားပေးခြင်းရဲ့ အကျိုးကျေးဇူးများ
ဗိုက်ပြည့်စေပြီး ခဏခဏ ဗိုက်မဆာစေခြင်း
ကြက်ဥမှာပါတဲ့ ပရိုတင်းဓာတ်က ဗိုက်ကို အကြာကြီး ပြည့်နေစေလို့ ကြားဖြတ်မုန့်စားတာမျိုးကို လျှော့ချပေးနိုင်ပါတယ်။
ကြွက်သားများကို သန်မာစေပြီး ခန္ဓာကိုယ်ကို ပြုပြင်ပေးခြင်း
ကောင်းမွန်တဲ့ ပရိုတင်းဓာတ်က ပျက်စီးသွားတဲ့ ဆဲလ်တွေကို ပြုပြင်ပေးလို့ အလုပ်လုပ်သူတွေနဲ့ လေ့ကျင့်ခန်းလုပ်သူတွေအတွက် အရမ်းသင့်တော်ပါတယ်။
ဦးနှောက်ကို အားကောင်းစေပြီး မှတ်ဉာဏ်ကောင်းမွန်စေခြင်း
ကြက်ဥမှာပါတဲ့ Choline ဓာတ်က ဦးနှောက်နဲ့ အာရုံကြောစနစ်ကို ထောက်ပံ့ပေးပါတယ်။
မျက်စိအားကောင်းစေခြင်းLutein နဲ့ Zeaxanthin ဓာတ်တွေ ပါဝင်လို့ မျက်စိကို ကာကွယ်ပေးပြီး အမြင်အာရုံ ချို့ယွင်းမှုကို လျှော့ချပေးပါတယ်။
ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်ကို မြှင့်တင်ပေးခြင်း
မနက်ခင်းကို အရည်အသွေးမြင့် ပရိုတင်းနဲ့ စတင်လိုက်တာက ခန္ဓာကိုယ်ရဲ့ အစာခြေစနစ်နဲ့ လုပ်ဆောင်ချက်တွေကို ပိုမိုသွက်လက်စေပါတယ်။
နှလုံးအတွက် ကောင်းမွန်ခြင်း (သင့်တင့်ရုံစားလျှင်)
ကြက်ဥမှာ သွေးတွင်းအဆီဓာတ်ကို ထိန်းညှိပေးနိုင်တဲ့ ကောင်းမွန်တဲ့ အဆီတွေ ပါဝင်ပါတယ်။
ဒီနေ့မနက်မှာတော့ ပျော့ပျော့အိအိလေးနဲ့ စားရလွယ်ပြီး အာဟာရပြည့်ဝတဲ့ ကြက်ဥကာကျက် ၁ လုံး ဒါမှမဟုတ် ၂ လုံးလောက် စားကြည့်ဖို့ အကြံပြုပါရစေရှင်။ ကျန်းမာရေးအတွက် အရမ်းကောင်းတဲ့ ရိုးရှင်းတဲ့ မီနူးလေးမို့ အားလုံးပဲ စားသုံးကြည့်ကြပါဦး။