မက်ဒရစ်တွင် ဖုန်းယူဆောင်ခွင့်မရှိတဲ့အပြင် မန်ဘာကြေး ပေါင် ၁၃၀၀၀ အထိ ကောက်ခံမယ့် အထူးသီးသန့် ကလပ်ဖွင့်လှစ်လာမယ့် ခရစ္စတီယာနိုရော်နယ်ဒို
=====================

ခရစ္စတီယာနိုရော်နယ်ဒိုဟာ မက်ဒရစ်တွင် အထူးသီးသန့်ကလပ်တစ်ခု ဖွင့်လှစ်လာမှာ ဖြစ်ကြောင်း သတင်းထွက်နေပါတယ်။
အသက် ၄၀ နှစ်ရှိ ခရစ္စတီယာနိုရော်နယ်ဒိုဟာ ကစားသမားဘဝနောက်ဆုံးရက်များကို ရက်တွက်နေရသူ ဖြစ်ပြီး ကစားသမားဘဝအလွန်တွင် စိတ်ချရတဲ့ ဘဝ ပိုင်ဆိုင်ရေးအတွက် စီးပွားရေးလုပ်ငန်းချဲ့ထွင်လုပ်ကိုင်နေသူလည်း ဖြစ်ပါတယ်။
ခရစ္စတီယာနိုရော်နယ်ဒိုဟာ ကစားသမားဘဝအတွင်းတွင် ယူနိုက်တက်၊ ရီးရဲလ်မက်ဒရစ်၊ ဂျူဗင်တပ်တို့နှင့်အတူ ဆုဖလားပေါင်းများစွာ ရယူနိုင်ခဲ့သူ ဖြစ်ပြီး ကစားသမားဘဝအလွန်ဘဝအတွက် ရင်းနှီးမြှပ်နှံမှုများ ပြုလုပ်နေပါတယ်။
Libertad Digital ရဲ့ ဖော်ပြလာမှုအရ မန်နူရယ်ကမ်ပို့စ်ဂွါလာပိုင်ဆိုင်တဲ့ Inigo Onieva and Mabel Hospitality နှင့် ခရစ္စတီယာနိုရော်နယ်ဒိုတို့ဟာ စပိန်နိုင်ငံရဲ့ မြို့တော် မက်ဒရစ်မြို့လယ်တွင် အထူးသီးသန့်ဗီအိုင်ပီအဖွဲ့ဝင်များသာ လာရောက်ခွင့် ရှိတဲ့ ကလပ်တစ်ခု ဖွင့်လှစ်ရန် စီစဉ်ထားကြောင်း သိရပါတယ်။
၎င်းတို့ဟာ ပုံမှန်နိုက်ကလပ်များကဲ့သို့ အလှဆင်ရုံဆက်ထားရုံ သက်သက် ကလပ်တစ်ခု မဟုတ်ဘဲ ဇိမ်ခံပစ္စည်းများ ထည့်သွင်းထားသလို လုံခြုံစိတ်ချရမှု၊ အထူးသီးသန့်ဆန်တဲ့ ခံစားမှုကိုပါ ရရှိစေမယ့် ကလပ်အား ဖွင့်လှစ်လာကြမှလည်း ဖြစ်ပါတယ်။
ယင်းကလပ်အတွင်းတွင် အထူးသီးသန့်ညစာစားနိုင်မယ့် နေရာနှင့် ဘားတို့ ပါဝင်လာမှာ ဖြစ်ပြီး ဆိတ်ငြိမ်မှုကို ဦးစားပေးလုပ်ဆောင်လာမှာလည်း ဖြစ်ပါတယ်။
ယင်းကလပ်အဖွဲဝင်ရဲ့ တန်ဖိုးအကြီးဆုံးကလပ်အဖွဲ့ဝင် ‘Founders’ Membership’ တစ်ဦးရဲ့ အဖွဲ့ဝင်ကြေးကိုလည်း ပေါင် ၁၃၀၀၀ အထိ ကောက်ခံလာပါမယ်။ ယင်းအဖွဲ့ဝင်ကြေးပေးသွင်းထားသူအဖြစ် ရာသက်ပန် ကလပ်အား အသုံးပြုနိင်သလို ဘုတ်ကင်လည်း တင်နိုင်ပါတယ်။
ပုံမှန်အဖွဲ့ဝင်ကြေးကို တစ်နစ် ပေါင် ၂၀၀၀ ကျော်ကောက်ခံသွားမှာ ဖြစ်ပြီး ပေါင် ၁၇၅၀ အား ချက်ချင်းပေးသွားရပါမယ်။
အသက် ၃၅ နှစ်ရှိအောက် ရှိသူများအနေဖြင့် မှတ်ပုံတင်ကြေး ပေါင် ၉၀၀ အပြင် တစ်နှစ် ပေါင် ၁၃၀၀ အား အဖွဲ့ဝင်ကြေးပေးရပါမယ်။
တဖက်တွင် စုံတွဲဖြစ်ပါက တစ်နှစ်စာအတွက် ပေါင် ၁၇၅၀ သာ သွင်းရပါမယ်။
ခရစ္စတီယာနိုရော်နယ်ဒိုဟာ Al Nassr တွင် တစ်နှစ်လုပ်ခ ပေါင်သန်း ၂၀၀ ကျော်အထိ ရရှိနေတာ ဖြစ်ပြီး တန်ဖိုးကြီးကားများ ဝယ်ယူစုဆောင်းခြင်း၊ ဟိုတယ်လုပ်ငန်းများ၊ ကိုယ်ပိုင်အမှတ်တံဆိပ်ဖြင့် အဝတ်အစားများ ထုတ်လုပ်ခြင်း၊ နာရီကုမ္ပဏီတွင် ရင်းနှီးမြှပ်နှံခြင်း၊ MMA ပရိုမိုတာကုမ္ပဏီတွင် ရင်းနှီးမြှပ်နှံ့ခြင်းတို့ ပြုလုပ်ထားပါတယ်။

image

အာဆင်နယ်နှင့်ပွဲတွင် ချဲလ်ဆီးရဲ့ အကောင်းဆုံးကစားသမားပါလ်မာ ပါဝင်လာမည်
==================

ကိုးလ်ပါလ်မာမှာ တနင်္ဂနွေနေ့တွင် စတမ်းဖို့ဒ်ဘရစ်ချ်မှာ လန်ဒန်မြို့ခံပြိုင်ဘက် အာဆင်နယ်ကို ဧည့်ခံကစားရမယ့် ပရီးမီးယားလိဂ်ပွဲအတွက် ကြံ့ခိုင်မှုပြည့်ဝနေပြီ ဖြစ်ပါတယ်။
အသက် ၂၃ နှစ်ရှိ အင်္ဂလန်တိုက်စစ်သမားဟာ ပြီးခဲ့တဲ့အပတ်တုန်းက နေအိမ်မတော်တဆမှုကြောင့် ခြေမအရိုးအက်ဒဏ်ရာရရှိကာ ဘန်လေ၊ ဘာစီလိုနာတို့အား အနိုင်ရတဲ့ပွဲများကို လွဲချော်ခဲ့ပါတယ်။
အင်္ဂလန်လက်ရွေးစင်ဟာ ယခုရာသီတွင် ကြံ့ခိုင်မှုပြဿနာများနှင့် ရင်ဆိုင်လာရသူ ဖြစ်ပြီး ပြိုင်ပွဲအရပ်ရပ် ၅ ပွဲတည်းသာ ကစားထားနိုင်ပါတယ်။
ယခုအခါ ချဲလ်ဆီးနည်းပြအန်ဇိုမာရက်စ်ကာက "သူ ပွဲထွက်ကစားဖို့ အသင့် ဖြစ်နေပါပြီ။ လူတိုင်း ပျော်နေကြတယ်။ ကစားဖော်တွေလည်း ပျော်ကြတယ်။ ကျွန်တော်တို့လည်း ပျော်တယ်။ အရေးအကြီးဆုံးက ကိုးလ် ပျော်နေဖို့ပါ။ ဘောလုံးသမားက ပွဲကစားချင်တယ်၊ နေတိုင်း လေ့ကျင့်ခန်းလုပ်ချင်တယ်။ သူက ကျွန်တော်တို့ရဲ့ အကောင်းဆုံးကစားသမားပါ။ သူပြန်ကစားနိုင်လို့ ကျွန်တော်တို့ ပျော်တယ်။ သူ့ကို ရာနှုန်းပြည့်ကြံ့ခိုင်အောင် အချိန်ပေးရမယ်။ သူလည်း အတိတ်မှာ အကောင်းဆုံးလုပ်ပြခဲ့တယ်။ အနာဂတ်မှာလည်း ကလပ်အတွက် ကောင်းတာတွေ လုပ်လာပါဦးမယ်"လို့ ပြောကြားသွားပါတယ်။

image

ပဲလေ့စ်ပွဲတွင် ကန်ညာ၊ မက်ဂွိုင်းယားနှင့် ဆက်စ်ကိုတို့ လွဲချော်လာမှာဖြစ်ပေမယ့် အဲဗာတန်ရှုံးပွဲမှ ရုန်းထရန် ယူနိုက်တက်ပစ်မှတ်ထားနေ
==================

ယူနိုက်တက်ဟာ လာမယ့် တနင်္ဂနွေနေ့ည ခရစ္စတယ်ပဲလေ့စ်နှင့် ပွဲစဉ်ကို မားသီးယပ်စ်ကန်ညာ၊ ဟယ်ရီမက်ဂွိုင်းယား၊ ဘင်ဂျာမင်ဆက်စ်ကိုတို့ မပါဝင်ဘဲ ရင်ဆိုင်ပါမယ်။
ကန်ညာမှာ အဲဗာတန်ရှုံးပွဲမတိုင်မီ လေ့ကျင့်ခန်းအစီအစဉ်တွင် ဒဏ်ရာရရှိခဲ့တာ ဖြစ်ပြီး အမိုရမ်က ပဲလေ့စ်နှင့်ပွဲတွင် ပါဝင်လာမှာ မဟုတ်ကြောင်း အတည်ပြုလာပါတယ်။ ဒါပေမယ့် ဘရာဇီးတိုက်စစ်သမားဟာ ကြာသပတေးနေ့ ဝက်စ်ဟမ်းနှင့်ပွဲစဉ်တွင် ပြန်လည် ပါဝင်လာဖို့ ရှိနေပါတယ်။
ယူနိုက်တက်ဟာ အိုးထရက်ဖို့ဒ်တွင် ကစားတဲ့ အဲဗာတန်နှင့်ပွဲစဉ်တွင် အိုင်ဒရက်စ်ဆာဂူယီ ပွဲအစ ၁၃ မိနစ်တွင် အနီကတ်ပြထုတ်ပယ်ခြင်းခံရပြီး ၇၇ မိနစ်တိုင်တိုင် တစ်ယောက်အသာဖြင့် ကစားခွင့်ရခဲ့ပေမယ့်လည်း ရှုံးနိမ့်ခဲ့ပါတယ်။
ဆက်စ်ကိုမှာ နိုင်ငံတကာပွဲစဉ်များမတိုင်မီ စပါးစ်နှင့်ပွဲတွင် ဒဏ်ရာရရှိကာ အနားယူလာခဲ့ရသူ ဖြစ်ပြီး ပဲလေ့စ်နှင့်ပွဲစဉ်ကိုလည်း လွဲချော်လာပါဦးမယ်။ ဒါအပြင် ဟယ်ရီမက်ဂွိုင်းယားမှာလည်း ၅ နှစ်ကျော်တိုင်တိုင် နိုင်ပွဲမရလာခဲ့တဲ့ Selhurst Park ပွဲစဉ်တွင် ပါဝင်လာမှာ မဟုတ်ပါဘူး။
အမိုရမ်က "ဆက်စ်ကို နည်းနည်းအချိန်ပိုယူရမယ်။ ဟယ်ရီလည်း ဒီအတိုင်းပဲ။ မားသီးယပ်စ်က နောက်တစ်ပွဲကျရင် ပါဝင်မယ်လို့ မျှော်လင့်ရတယ်။ ဒီတစ်ပွဲမှာတော့ ပါဝင်နိုင်မှာ မဟုတ်ပါဘူး"လို့ ပြောကြားသွားပါတယ်။
ယူနိုက်တက်ရင်ဆိုင်ရမယ့် ပဲလေ့စ်မှာလည်း အိုလီဗာဂလပ်စ်နာလက်အောက်တွင် အမိုရမ်ကဲ့သို့ပင် ၃-၄-၃ ကစားကွက်အား အသုံးပြုနေတာ ဖြစ်ပါတယ်။ ဒါပေမယ့် ဂလပ်စ်နာဟာ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလတွင် ပဲလေ့စ်သို့ ရောက်လာပြီးနောက် ပြီးခဲ့တဲ့ရာသီတုန်းက အက်ဖ်အေဖလား ရယူပေးကာ အမိုရမ်ထက် ပိုမိုအောင်မြင်မှု ရယူထားနိုင်ပါတယ်။ ဒါ့အပြင် ၎င်းတို့ဟာ လက်ရှိအချိန်တွင် ပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့် ၅ နေရာမှာ ရပ်တည်နေပါတယ်။
အမိုရမ်က ခရစ္စတယ်ပဲလေ့စ်မှာ လက်ရှိအချိန်တွင် ယူနိုက်တက်ထက် အကောင်းဆုံးပုံစံ ရရှိနေကြောင်း ဆိုသွားပါတယ်။
ပေါ်တူဂီလူမျိုးနည်းပြက "ကျွန်တော်တို့က ကစားပုံ ကွဲပြားတယ်။ အချက်အလက်တွေကို ကြည့်ရင် နားလည်လိမ့်မယ်။ ဒါပေမယ့် အရာရာတိုင်းကို ရှင်းပြဖို့ ခက်တယ်။ ကလပ်ကလည်း ကွဲပြားတယ်။ အရှင်းဆုံးပြောရရင် သူတို့ ကျွန်တော်တို့ ပိုကောင်းနေတယ်။ ဒါပေမယ့် အားလုံး ၃-၄-၃ ကစားကွက်ပဲ သုံးနေတယ်လို့ မပြောပါနဲ့။ ကွဲပြားတဲ့အခိုက်အတန့်မှာ ကစားနေရတာပါ။ ကွဲပြားတဲ့ နေရာလွတ်ကို ခုခံကြတယ်။ ကွဲပြားတဲ့နည်းလမ်းနဲ့ တိုက်စစ်ဆင်ကြပါတယ်။ ပြီးတော့ သူတို့က ကျွန်တော်တို့ထက် ပိုကောင်းတယ်"လို့ ပြောကြားသွားပါတယ်။
ယူနိုက်တက်ဟာ ယခုရာသီ ပြိုင်ပွဲအရပ်ရပ် အဝေးကွင်း ၇ ပွဲတွင် ၁ ပွဲတည်းသာ နိုင်ပွဲရထားပြီး ချန်ပီယံ လီဗာပူးကို အနိုင်ရထားတာပါ။
အဝေးကွင်းရလဒ် ဘာကြောင့် ဆိုးရွားသလဲလို့ မေးမြန်းလာချိန်တွင် အမိုရမ်ဟာ ရှင်းလင်းတဲ့ အဖြေတော့ ပြောမသွားပါဘူး။

image

အကြောင်းပြချက် မပေးဘဲ ဂူယီရဲ့ အနီကတ်အယူခံ ပယ်ချခြင်းခံရ
==================

အက်ဖ်အေမှာ အဲဗာတန်ရဲ့ အိုင်ဒရက်စ်ဆာဂူယီရဲ့ အနီကတ်အား အယူခံအား ရှင်းလင်းချက် တစုံတရာမပေးဘဲ ပယ်ချခဲ့ကြောင်း အဲဗာတန်နည်းပြဒေးဗစ်မိုယက်စ်က ပြောကြားလာပါတယ်။
အသက် ၃၆ နှစ်ရှိ ဂူယီဟာ တနင်္လာနေ့တုန်းက ယူနိုက်တက်အား ၁-၀ ဂိုးဖြင့် အနိုင်ရတဲ့ပွဲစဉ်တွင် ကစားဖော်မိုက်ကယ်ကိန်းအား ရိုက်ခဲ့မှုအတွက် တိုက်ရိုက်အနီက်ပြထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။
၎င်းတို့အကြား အချင်းများမှုကို အဲဗာတန်ဂိုးသမားဂျော်ဒန်ပစ်ဖို့ဒ် ဝင်ရောက်ဖြေဖျန်ပေးခဲ့ပေမယ့်လည်း ဒိုင်လူကြီးတိုနီဟာရင်တွန်ဟာ ဂူယီကို ပွဲချိန် ၁၃ မိနစ်တွင် အနီကတ်ပြသခဲ့ပါတယ်။
စည်းမျဉ်းအရ ရန်လိုတဲ့ အပြုအမူအတွက် အနီကတ်ပြသခြင်းခံရပါက ၃ ပွဲပယ်ခြင်းခံရကာ ဂူယီမှာ နယူးကာဆယ်၊ ဘုန်းမောက်၊ နော်တင်ဟမ်ဖောရက်စ်တို့နှင့် ပရီးမီးယားလိဂ်ပွဲစဉ်များအား လွဲချော်လာပါမယ်။
ဒေးဗစ်မိုယက်စ်က "ကျွန်တော်တို့ အယူခံဝင်ခဲ့တယ်(အနီကတ်ကို)။ ပြီးတော့ ကျွန်တော်တို့ အယူခံ အပယ်ခံခဲ့ရတယ်။ ဘာကြောင့် ပယ်ချလိုက်တယ်ဆိုတာ ကျွန်တော်တို့ကို အကြောင်းပြချက် မပေးပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ ချက်ချင်းပဲ အယူခံဝင်ခဲ့တယ်"လို့ ပြောကြားသွားပါတယ်။
ဂူယီဟာ ယခုရာသီတွင် အဲဗာတန်ရဲ့ ပရီးမီးယားလိဂ်ပွဲတိုင်း ပွဲထွက်ကစားထားသူ ဖြစ်ပါတယ်။ သူဟာ ဒီဇင်ဘာလတွင် အာဖရိကဖလားပြိုင်ပွဲကစားရန် ဆီနီဂေါနှင့် ပူးပေါင်းရပါဦးမယ်။
ဒေးဗစ်မိုယက်စ်ရဲ့ အဲဗာတန်ဟာ ဂျာမန်အလယ်တန်းကစားသမားမာလန်ရိုလ်ကိုလည်း အူကျဝေဒနာခွဲစိတ်ကုသခံထားရမှုကြောင့် ဆုံးရှုံးထားရသလို အသင်းခေါင်းဆောင်ဆီးမပ်စ်ကိုးလ်မန်းမှာလည်း ဒဏ်ရာကြောင့် အနားယူနေရပါတယ်။
အဲဗာတန်ဟာ ယနေ့ညတွင် Hill Dickinson Stadium ကွင်းမှာ နယူးကာဆယ်ကို ဧည့်ခံကစားရပါမယ်။

image

ဆီဗီလာဒါဘီပွဲစဉ်ကို လွဲချော်လာမယ့် ၇ ချက်ချုပ်ခဲ့ရတဲ့ အစ္စကို
====================

ဘက်တစ်အလယ်တန်းကစားသမားအစ္စကိုဟာ အူးထရက်နှင့် ယူရိုပါလိဂ်ပွဲစဉ်တွင် ကစားဖော်ဆော့ဖ်ယန်အမရာဘတ်နှင့် မတော်တဆထိခိုက်မှုကြောင့် ၇ ချက်ချုပ်ခဲ့ရပြီးနောက် တနင်္ဂနွေနေ့ည ဆီဗီလာနှင့်ကစားရမယ့် ဒါဘီပွဲစဉ်ကို လွဲချော်လာပါမယ်။
ဒါ့အပြင် ဘက်တစ်နည်းပြမန်နူရယ်ပယ်လီဂရီနီက ယူနိုက်တက်အလယ်တန်းကစားသမားဟောင်းအမရာဘတ်မှာလည်း ဆီဗီလာနှင့်ပွဲတွင် ပါဝင်ရန် မရေမရာ ဖြစ်နေကြောင်း အတည်ပြုသွားပါတယ်။
အူးထရက်အား အနိုင်ရတဲ့ပွဲစဉ်တွင် ကစားသမားနှစ်ဦးတို့ဟာ ဆုံးရှုံးသွားတဲ့ ဘောလုံးကို လိုက်ဆယ်ရန် ကြိုးပမ်းရာမှ ပြင်းထန်တဲ့ တိုက်မိမှု ဖြစ်ပွားခဲ့ပြီး နှစ်ဦးစလုံး ကွင်းအတွင်းမှ ထွက်ခွာခဲ့ရပါတယ်။
ပယ်လီဂရီနီက "အစ္စကိုနှင့် အမရာဘတ်တို့ရဲ့ ဒဏ်ရာက ဆိုးတယ်။ အစ္စကိုဆို ၇ ချက်တောင် ချုပ်ခဲ့ရတယ်။ အရိုးတော့ အက်မသွားဘူး။ ဒါပေမယ့် တနင်္ဂနွေနေ့ပွဲအတွက် အသင့် ဖြစ်နေမှာ မဟုတ်ဘူး။ အမရာဘတ်ကတော့ ပါကောင်းပါနိုင်တယ်"လို့ ပြောကြားသွားပါတယ်။
အစ္စကိုဟာ အူးထရက်နှင့်ပွဲမတိုင်မီ သုံးရက်ကမှ ဒဏ်ရာမှ ပြန်လည်ကောင်းမွန်ကာ ပွဲထွက်ကစားနိုင်ခဲ့ပြီးနောက် ဒဏ်ရာထပ်မံ ရရှိလာတာလည်း ဖြစ်ပါတယ်။
ဘက်တစ်ဟာ အရေးပါတဲ့ ကွင်းလယ်ကစားသမားအစ္စကို ဒဏ်ရာရရှိသွားချိန်တွင် အန်တိုနီမှာလည်း ပြီးခဲ့တဲ့အပတ် ဂီရိုနာနှင့် သရေကျတဲ့ပွဲတွင် Overhead Kick ဖြင့် ဂိုးသွင်းရန် ကြိုးပမ်းရန် ပြိုင်ဘက်ကစားသမားကို ကန်မိ၍ အနီကတ်ပြသခြင်းခံထားရာ ပွဲပယ်ခံထားရပါသေးတယ်။

image

တရုတ်ကို အကြီးအကျယ်တောင်းပန်လာခဲ့ရတဲ့ ဘရိုက်တန်
====================

ဘရိုက်တန်ဟာ ဆိုရှယ်မီဒီယာပို့စ်တစ်ခုကြောင့် တရုတ်ကို အကြီးအကျယ်တောင်းပန်လာခဲ့ရပါတယ်။
ဘရိုက်တန်ဟာ မကြာသေးမီတုန်းက ဆိုရှယ်မီဒီယာ X တွင် အကယ်ဒမီကစားသမားတစ်ဦးနှင့် ကာအိုရူမီတိုမာတို့ရဲ့ ပုံတစ်ပုံကို ပို့စ်တင်ခဲ့ပါတယ်။
ဓာတ်ပုံထဲတွင် ယင်းကစားသမား ၂ ဦးတို့ဟာ ဖက်ဆစ်ဂျပန်တပ်မတော်ရဲ့ စစ်သည်တစ်ဦးရဲ့ ပုံလည်း ပါဝင်တဲ့ ကတ်များကို ကိုင်ဆောင်ထားခဲ့ပါတယ်။
ယင်း ဖက်ဆစ်ဂျပန်တပ်မတော်ရဲ့ စစ်သည်မှာ ဒုဗိုလ်ဟီရိုအိုနိုဒါ ဖြစ်ပါတယ်။ သူဟာ ဖက်ဆစ်ဂျပန်တပ်မတော်တွင် ၁၉၄၂ ခုနှစ်မှ ၁၉၇၄ ခုနှစ်အတွင်း တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။
သူဟာ ဒုတိယကမ္ဘာစစ်နောက်ပိုင်းတွင် ပုန်းကွယ်နေထိုင်ခဲ့ရပြီးနောက် ၁၉၅၉ ခုနှစ်တွင် သေဆုံးသွားကြောင်း ဂျပန်အစိုးရက ကြေညာထားပါတယ်။
ဒါပေမယ့် တကယ်တမ်းမှာတော့ အိုနိုဒါဟာ အသက် ၉၁ နှစ် အရွယ်တွင် နှလုံးရောဂါကြောင့် ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၁၆ ရက်နေ့မှာ ကွယ်လွန်သွားခဲ့တာပါ။
ဘရိုက်တန်ရဲ့ ယင်းဆိုရှယ်မီဒီယာပို့စ်မှာ တရုတ်ဆိုရှယ်မီဒီယာ Weibo တွင် ပျံ့နှံ့သွားခဲ့ပါတယ်။ ယင်းအကောင့်မှာ ဖော်လိုဝါ ၁၀ သန်းအထိ ရှိတဲ့ ဘရိုက်တန်ရဲ့ Weibo ကောင့်ဖြစ်ပါတယ်။
ဂျပန်အင်ပါယာတပ်မတော်ဟာ ဒုတိယကမ္ဘာစစ်အတွင်းတွင် တရုတ်နိုင်ငံတွင် ရက်စက်ကြမ်းကြုတ်မှုများစွာ ကျူးလွန်ခဲ့မှုနှင့်အတူ ယင်းပို့စ်ကြောင့် ဘရိုက်တန်အား တရုတ်ပရိသတ်များက အကြီးအကျယ် ဝေဖန်လာကြပါတယ်။
ဒါကြောင့်လည်း ဘရိုက်တန်ဟာ ချက်ချင်းဆိုသလို တရုတ်တစ်နိုင်ငံလုံးကို ယင်းအမှားအတွက် တောင်းပန်လာရပါတယ်။
ဘရိုက်တန်က ယင်းပို့စ်မှာ ဘယ်သူ့ကိုမှ ထိခိုက်ရန် မရည်ရွယ်ကြောင်း ဆိုထားပါတယ်။
ဘရိုက်တန်က "မကြာသေးမီတုန်းက အကယ်ဒမီတွေ ပါဝင်တဲ့ Christmas Truce Cup နဲ့ပတ်သက်ပြီး ပို့စ်ကြောင့် တရုတ်မှာ ထိခိုက်မှုအတွက် တောင်းပန်ပါတယ်။ တရုတ်က ကျွန်တော်တို့ရဲ့ ပရိသတ်တွေကို တကယ့်ကို တန်ဖိုးထားပါတယ်။ ဘယ်လို ထိခိုက်မှုမျိုးကိုမှ မရည်ရွယ်ပါဘူး"လို့ ဆိုသွားပါတယ်။
ယခုနှစ်အတွင်း ဘရိုက်တန်တို့ ဆိုရှယ်မီဒီယာပို့စ်ကြောင့် ပြဿနာမျိုး ကြုံရတာ ပထမဆုံးအကြိမ်မဟုတ်ပါဘူး။
ဇူလိုင်လတုန်းက ဘရိုက်တန်ဟာ တောင်ကိုရီးယားလူငယ် ရှင်ဆောင်ဒိုကို ဒတ်ချ်ကလပ် Excelsior သို့ အငှားချတုန်းကလည်း တောင်ကိုရီးယားလို မကြေညာဘဲ ဂျပန်လို ကြေညာလို့ ပြဿနာတက်ခဲ့ဖူးပါတယ်။

imageimage

တနင်္ဂနွေနေ့ညပွဲတွင် အာဆင်နယ်ကို အနိုင်ယူရန် ချဲလ်ဆီးတို့ အခွင့်အရေး လုံးဝ မရှိကြောင်း ပြသနေတဲ့ တုန်လှုပ်စရာမှတ်တမ်း
======================

ယနေ့ ထွက်ပေါ်လာတဲ့ မှတ်တမ်းအချက်အလက်တွေအရ ချဲလ်ဆီးဟာ တနင်္ဂနွေနေ့ည အာဆင်နယ်နှင့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် အနိုင်ရရှိရန် အခွင့်အရေးလုံးဝ မရှိကြောင်း တွေ့ရပါတယ်။
ချဲလ်ဆီးဟာ အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ အာဆင်နယ်ကို တနင်္ဂနွေနေ့မှာ အမ်းမရိတ်ကွင်းသို့ သွားရောက်ရင်ဆိုင်ရပါမယ်။ ချဲလ်ဆီးဟာ ၆ မှတ်ဖြတ်ထားတဲ့ အာဆင်နယ်ကို အနိုင်ရရှိလာပါက ၃ မှတ်လျှော့ချလာနိုင်ပါမယ်။
ဒါပေမယ့် ယနေ့ ထွက်ပေါ်လာတဲ့ မှတ်တမ်းအရ ချဲလ်ဆီးဟာ ပြီးခဲ့တဲ့ ၇ နှစ်အတွင်းတွင် အာဆင်နယ်ကို တစ်ကြိမ်တည်းသာ အနိုင်ယူထားနိုင်ကြောင်း တွေ့ရပါတယ်။ ချဲလ်ဆီးတို့ အာဆင်နယ်ကို အနိုင်ရခဲ့တာကလည်း အိမ်ကွင်း စတမ်းဖို့ဒ်ဘရစ်ချ်မှာ ဖြစ်နေပါတယ်။
မီခေးလ်အာတီတာရဲ့ အာဆင်နယ်ဟာ ချဲလ်ဆီးနှင့် နောက်ဆုံး ၁၆ ကြိမ် ရင်ဆိုင်တွေ့ရာမှာ ၁၄ ကြိမ်အထိ အနိုင်ရပြီး ၂ ကြိမ် သရေကျထားကာ ရှုံးပွဲမရှိပါဘူး။ တဖက်တွင် ချဲလ်ဆီးဟာ အာဆင်နယ်နှင့် နောက်ဆုံး ပရီးမီးယားလိဂ် ၁၁ ကြိမ် ရင်ဆိုင်ထားရာမှာ ၁ ကြိမ်တည်းသာ အနိုင်ရထားပါတယ်။
ဒါ့အပြင် အာဆင်နယ်ဟာ ၂၀၂၂-၂၃ ရာသီမှ စတင်ကာ လန်ဒန်ဒါဘီပွဲစဉ်များတွင် အံ့ဩစရာကောင်းတဲ့ မှတ်တမ်းများ ရယူထားနိုင်ပါတယ်။ အာဆင်နယ်ဟာ ယင်းကာလအတွင်းတွင် လန်ဒန်ဒါဘီပွဲ ၃ ပွဲတည်းသာ ရှုံးနိမ့်ထားပြီး အဝေးကွင်းမှာလည်း ၁ ပွဲတည်းသာ ရှုံးနိမ့်ထားပါတယ်။ လွန်ခဲ့တဲ့ နှစ်နှစ်တုန်းက ဖူလ်ဟမ်ကို ရှုံးနိမ့်ထားတာပါ။
တဆက်တည်းတွင် အာဆင်နယ်ဟာ ယခုရာသီ လန်ဒန်ဒါဘီပွဲ ၄ ပွဲကစားထားပြီးအချိန်တွင် ပြီးခဲ့တဲ့အပတ်တုန်းက စပါးစ်ကို အနိုင်ရမှုအပါအဝင် ၄ ပွဲလုံး အနိုင်ရထားပါတယ်။
အာဆင်နယ်ဟာ ချဲလ်ဆီးကို အမှတ်ပေးဇယားအထက်တွင် ရပ်တည်ပြီး ၅ ကြိမ်မြောက် ရင်ဆိုင်လာရတဲ့ပွဲလည်း ဖြစ်ပါတယ်။ အာဆင်နယ်ဟာ ယခင် ၄ ကြိမ် ၂၀၀၃၊ ၂၀၀၄၊ ၂၀၀၇ နှင့် ၂၀၂၄ တို့တုန်းက ရင်ဆိုင်ခဲ့ရာမှာလည်း ၄ ကြိမ်လုံး အနိုင်ရခဲ့ပါတယ်။ နောက်ဆုံးအကြိမ် ၂၀၂၄ ခုနှစ် ဧပြီလပွဲစဉ်တုန်းက စတမ်းဖို့ဒ်ဘရစ်ချ်ကွင်းမှာ ၅-၀ ဂိုးဖြင့် ပြတ်သားစွာ အနိုင်ယူခဲ့ပါတယ်။
တဖက်တွင် ချဲလ်ဆီးဟာ အာဆင်နယ်ကို စတမ်းဖို့ဒ်ဘရစ်ချ်မှာ ငယ်နိုင် ဖြစ်ခဲ့ဖူးတာလည်း တွေ့ရပါတယ်။ ၎င်းတို့ဟာ ၂၀၁၃ ခုနှစ်မှ ၂၀၁၈ ခုနှစ်အတွင်း အာဆင်နယ်ကို စတမ်းဖို့ဒ်ဘရစ်ချ်မှာ ၇ ကြိမ်တွေ့ရာမှာ ၆ ကြိမ်အနိုင်ယူခဲ့ပါတယ်။ ဒါပေမယ့် နောက်ဆုံးအကြိမ် ချဲလ်ဆီးတို့ အနိုင်ရခဲ့တာ ၂၀၁၈ ခုနှစ်တုန်းက ဖြစ်ပါတယ်။
ယင်းနောက်ပိုင်းမှာတော့ အာဆင်နယ်ဟာ စတမ်းဖို့ဒ်ဘရစ်ချ်ကွင်းမှာ ချဲလ်ဆီးနှင့် ပရီးမီးယားလိဂ် ၆ ပွဲဆက် ရှုံးပွဲမရှိ မှတ်တမ်း ရယူထားနိုင်ပါတယ်။ ၃ ပွဲနိုင်၊ ၃ ပွဲသရေကျရလဒ် ရယူထားတာပါ။
ဒီတော့ တနင်္ဂနွေနေ့ည ပွဲစဉ်က ပရီးမီးယားလိဂ်ဖလားအတွက် စိန်ခေါ်ဖို့ ကြိုးစားနေတဲ့ ချဲလ်ဆီးအတွက် ကျိန်စာသင့်ပွဲတစ်ပွဲ ဖြစ်လာနိုင်ပါတယ်။
အာတီတာဟာ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလတုန်းက အာဆင်နယ်နည်းပြအဖြစ် ပထမဆုံးအကြိမ် စတမ်းဖို့ဒ်ဘရစ်ချ်သို့ သွားရောက်ရင်ဆိုင်ရတဲ့ပွဲတုန်းက ချဲလ်ဆီးကို ရှုံးနိမ့်ထားပါတယ်။ အာတီတာဟာ အာဆင်နယ်နည်းပြရာထူး လက်ခံအပြီး ရက်အနည်းငယ်အကြာမှာ ပထမဆုံးပွဲအဖြစ် ချဲလ်ဆီးကို ရင်ဆိုင်ခဲ့ရတာပါ။
ယင်းနောက်ပိုင်းမှာတော့ အာတီတာဟာ ချဲလ်ဆီးနှင့် ၁၁ ကြိမ် ရင်ဆိုင်ခဲ့ရာမှာ ၇ ပွဲအထိ အနိုင်ရထားပြီး အနိုင်ရာခိုင်နှုန်း ၅၈.၃ ရာခိုင်နှုန်းအထိ ရရှိထားကာ ဂွါဒီယိုလာ၊ ကန်နီဒဲလ်ကလစ်ရှ်တို့ပြီးရင် ချဲလ်ဆီးနှင့် ရင်ဆိုင်ရာတွင် အနိုင်ရာခိုင်နှုန်းတတိယအများဆုံးရယူထားတဲ့နည်းပြအဖြစ် ရပ်တည်နေပါယ်။

image

ယနေ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ
(နိုဝင်ဘာ - ၂၉ ရက်၊ နံနက် ၁၀ နာရီ)

#ရွှေဈေး
-ကမ္ဘာ့ရွှေဈေး
တအောင်စ ၄၂၁၉ ဒေါ်လာ
ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း
- အကယ်ဒမီ မီးလင်းရွှေ တကျပ်သား
၅၉၈၀၀၀၀ ကျပ်
ပြင်ပ အရောင်းအဝယ်ဖြစ်တဲ့ ရွှေဈေးနှုန်း
-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၈၇၈၀၀၀၀ ကျပ်
ဝယ်ဈေး ၈၇၄၀၀၀၀ ကျပ်
-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၈၃၈၀၀၀၀ ကျပ်
ဝယ်ဈေး ၈၃၄၀၀၀၀ ကျပ်
* စနစ်သစ်
(၁ိ - ၁၆.၃၂၉၃၂၅ ဂရမ် = ၁၂၀ ရွေး)
-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၈၆၆၀၀၀၀ ကျပ်
ဝယ်ဈေး ၈၆၂၀၀၀၀ ကျပ်
-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၈၂၆၀၀၀၀ ကျပ်
ဝယ်ဈေး ၈၂၂၀၀၀၀ ကျပ်
“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”
(ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။)

#နိုင်ငံခြားငွေလဲလှယ်နှုန်း
-မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း
အမေရိကန် တဒေါ်လာ - ၃၆၄၅ ကျပ်
ပြင်ပပေါက်စျေး
-အမေရိကန်ဒေါ်လာ‌
ရောင်းဈေး - ၄၀၄၀ ကျပ်
ဝယ်ဈေး - ၃၉၄၀ ကျပ်
-စင်္ကာပူဒေါ်လာ
ရောင်းဈေး - ၃၁၁၅ ကျပ်
ဝယ်ဈေး - ၃၀၄၀ ကျပ်
-ယူရို
ရောင်းဈေး - ၄၆၈၀ ကျပ်
ဝယ်ဈေး - ၄၅၆၅ ကျပ်
-ထိုင်းဘတ်
ရောင်းဈေး - ၁၂၅.၇၉ ကျပ်
ဝယ်ဈေး - ၁၂၂.၇ ကျပ်
-မလေးရှားရင်းဂစ်
ရောင်းဈေး - ၉၇၇ ကျပ်
ဝယ်ဈေး - ၉၅၃ ကျပ်
-တရုတ်ယွမ်
ရောင်းဈေး - ၅၇၁ ကျပ်
ဝယ်ဈေး - ၅၅၇ ကျပ်
-ဂျပန်ယန်း
ရောင်းဈေး - ၂၅.၈၅ ကျပ်
ဝယ်ဈေး - ၂၅.၂၁ ကျပ်
-အိန္ဒိယရူပီး
ရောင်းဈေး - ၄၅.၁၈ ကျပ်
ဝယ်ဈေး - ၄၄.၀၇ ကျပ်
-ကိုရီးယားဝမ်
ရောင်းဈေး - ၂.၇၅ ကျပ်
ဝယ်ဈေး - ၂.၆၈ ကျပ်
-စတာလင်ပေါင်
ရောင်းဈေး - ၅၃၄၅ ကျပ်
ဝယ်ဈေး - ၅၂၁၅ ကျပ်
-ဩစတြေးလျဒေါ်လာ
ရောင်းဈေး - ၂၆၄၅ ကျပ်
ဝယ်ဈေး - ၂၅၈၀ ကျပ်
-ကနေဒါဒေါ်လာ
ရောင်းဈေး - ၂၈၈၉ ကျပ်
ဝယ်ဈေး - ၂၈၁၈ ကျပ်
-ဟောင်ကောင်ဒေါ်လာ
ရောင်းဈေး - ၅၁၉ ကျပ်
ဝယ်ဈေး - ၅၀၆ ကျပ်
-ယူအေအီး
ရောင်းဈေး - ၁၀၉၉ ကျပ်
ဝယ်ဈေး - ၁၀၇၂ ကျပ်
ငွေလဲနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။
***သတ်မှတ်ဈေးအတိုင်း အရောင်းအဝယ်မလုပ်ပါက အရေးယူခံရနိုင်သည်။

image