Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
၂၀၁၁ ခုနှစ် ဒီဇင်ဘာလတုန်းက အမေရိကန်နိုင်ငံ Chicago မြို့အနီးက အထက်တန်းကျောင်းတစ်ခုမှာ အတော်လေးကို ရယ်စရာကောင်းပြီး ထိရောက်တဲ့ ရန်ပုံငွေရှာဖွေပွဲတစ်ခု ဖြစ်ပွားခဲ့ပါတယ် ဒါဟာ ကျောင်းသားလူငယ်တွေရဲ့ တီထွင်ဖန်တီးနိုင်စွမ်းနဲ့ Justin Bieber ရဲ့ သီချင်းတစ်ပုဒ်ဟာ ဘယ်လောက်အထိဩဇာညောင်းတယ်ဆိုတာကို ပြသခဲ့တဲ့ ဖြစ်ရပ်တစ်ခုလည်းဖြစ်ပါတယ်
အဲဒီအချိန်က Boocoo လို့ခေါ်တဲ့ ဒေသတွင်း အကျိုးအမြတ်မယူတဲ့ ကော်ဖီဆိုင်နဲ့ အနုပညာစင်တာတစ်ခုဟာ ငွေကြေးအခက်အခဲ ကြုံတွေ့နေရပါတယ် အဲဒီနေရာဟာ ကျောင်းသားတွေအတွက် အနုပညာဖျော်ဖြေပွဲတွေ၊ တင်ဆက်မှုတွေ အခမဲ့လုပ်လို့ရတဲ့ နေရာတစ်ခုဖြစ်လို့ ကျောင်းသားတွေဟာ ဒီနေရာလေး ကို ပျောက်ကွယ်မသွားစေချင်ကြပါဘူး ဒီလိုနဲ့ အထက်တန်းကျောင်းသားနှစ်ယောက်က ဒီနေရာလေးကို ကူညီဖို့ အစီအစဉ်တစ်ခု ဆွဲခဲ့ကြပါတယ်
သူတို့ရဲ့ အစီအစဉ်ကတော့ ကျောင်းအာဏာပိုင်တွေရဲ့ ခွင့်ပြုချက်နဲ့ ကျောင်းရဲ့ အသံချဲ့စက် (PA system) ကနေ Justin Bieber ရဲ့ နာမည်ကြီးသီချင်း Baby ကို အတန်းချိန်တစ်ခုနဲ့ တစ်ခုကြား အနားယူချိန်တိုင်းမှာ အကျယ်ကြီး ဖွင့်ထားလိုက်တာဖြစ်ပါတယ် သူတို့ရဲ့ ရည်ရွယ်ချက်ကတော့ရိုးရိုးလေးပါ "ဒီသီချင်းသံ ရပ်သွားစေချင်ရင် ပိုက်ဆံလှူကြပါ" ဆိုတာပါပဲ
တနင်္လာနေ့ကနေ ဗုဒ္ဓဟူးနေ့အထိ သုံးရက်တိုင်တိုင် ဒီသီချင်းကို အကြိမ်ပေါင်း ၂၀ နီးပါး ထပ်ခါတလဲလဲ ဖွင့်ခဲ့ကြတာဖြစ်ပါတယ် တဖြည်းဖြည်းနဲ့သီချင်းက အရမ်းကို နားငြီးစရာကောင်းလာတာနဲ့အမျှ ကျောင်းသားတွေရော၊ ဆရာတွေပါ ဒီသီချင်းသံကိုရပ်တန့်ဖို့အတွက် အပြိုင်အဆိုင် အလှူငွေတွေထည့်ကြပါတော့တယ်
ဒီလိုနဲ့ ဗုဒ္ဓဟူးနေ့ နေ့လယ်ပိုင်း ရောက်တဲ့အခါမှာတော့ သူတို့ သတ်မှတ်ထားတဲ့ ပန်းတိုင်ဖြစ်တဲ့ ဒေါ်လာ ၁,၀၀၀ ပြည့်သွားခဲ့ပါတယ် သူတို့ဟာ အဲဒီငွေတွေကို Boocoo စင်တာကို တိုက်ရိုက်လှူဒါန်းခဲ့ပြီး အဲဒီစင်တာကလည်း ကျောင်းသားတွေအတွက် အနုပညာနေရာတွေကို ဆက်လက်ဖွင့်လှစ်ပေးထားဖို့ ကတိပြုခဲ့ပါတယ်
ရန်ပုံငွေ ပြည့်သွားတဲ့အချိန်မှာတော့ သီချင်းသံ ရပ်တန့်သွားရုံတင်မကဘဲ ဆရာအချို့ကတောင် ပျော်လွန်းလို့ ကျောင်းထဲမှာ Baby သီချင်းနဲ့ကကြပြီးအောင်ပွဲခံခဲ့ကြပါသေးတယ် ဒါကြောင့် ဒီဖြစ်ရပ်ဟာ အနှောင့်အယှက်ဖြစ်စေတဲ့ အရာတစ်ခု ကို အသုံးချပြီး ကောင်းမွန်တဲ့ ရလဒ်တစ်ခုထွက်လာအောင် ဖန်တီးခဲ့တဲ့ ချစ်စရာကောင်းတဲ့ သမိုင်းမှတ်တမ်းလေးတစ်ခုပဲဖြစ်ပါတယ်
#knowledge #ဗဟုသုတ #facts #whatthefacts
Global Cryogenic Air Separation Adsorbent Market Trends, Size, and Forecast 2026 – Market Intelo
According to Market Intelo, the global cryogenic air separation adsorbent market was valued at USD 3.5 billion in 2022 and is projected to reach USD 5.8 billion by 2026, expanding at a robust CAGR of 13.4% during the forecast period.
Read More -> https://marketintelo.com/repor....t/cryogenic-air-sepa
၂၀၂၄ ခုနှစ် ဇွန်လကုန်မှစ၍ လုပ်ငန်း(ယာယီ)ရပ်ဆိုင်းထားသည့် နောင်ချိုမြို့နယ် တောင်ရှည်တိုက်နယ်ဆေးရုံကို ပြန်လည်ပြုပြင်ပြီး ဖေဖော်ဝါရီ ၁၆ ရက်က စတင်၍ ပြန်လည်ဖွင့်လှစ် ကုသရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေ
ဖေဖော်ဝါရီ ၁၈
၂၀၂၄ ခုနှစ် ဇွန်လကုန်မှစ၍ လုပ်ငန်း(ယာယီ)ရပ်ဆိုင်းထားသည့် ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်ရှိ တောင်ရှည်တိုက်နယ်ဆေးရုံကို ပြန်လည်ပြုပြင်ပြီး ဖေဖော်ဝါရီ ၁၆ ရက်က စတင်၍ ပြန်လည်ဖွင့်လှစ်ကာ ကုသရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၁၈ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။
ကျန်းမာရေးဝန်ကြီးဌာနနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)ကုသရေးဦးစီးဌာန၊ ကျောက်မဲခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီနှင့် နှီးနွယ်ဌာနဆိုင်ရာများ၊ ဒေသခံတိုင်းရင်းသားပြည်သူများနှင့် စေတနာရှင်များ ပူးပေါင်း၍ အဆိုပါတိုက်နယ်ဆေးရုံကို ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
တောင်ရှည်တိုက်နယ်ဆေးရုံ ပြန်လည်ဖွင့်လှစ်ပွဲအခမ်းအနားတွင် နယ်မြေခံတပ်နယ်မှ ဗိုလ်မှူးကြီးမြင့်နိုင်ဦး၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာ ထွန်းညွန့်ဦးနှင့် ကျောက်မဲခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ဆွေဝင်းတို့ အမှာစကားပြောကြားပြီး ဌာနဆိုင်ရာအရာအရှိများနှင့် ဒေသခံတိုင်းရင်းသားပြည်သူများ အပါအဝင် စုစုပေါင်း(၃၀၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
ထို့ပြင် နောင်ချိုမြို့နယ် ပြည်သူ့ဆေးရုံကို ၂၀၂၅ ခုနှစ် ဩဂုတ် ၂ ရက်တွင်လည်းကောင်း၊ နောင်ချိုမြို့နယ် သုံးဆယ်တိုက်နယ်ဆေးရုံကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၁ ရက်တွင်လည်းကောင်း ပြန်လည်ဖွင့်လှစ်ခဲ့ပြီး ကျန်းမာရေးစောင့်ရှောက်မှုများပေးလျက်ရှိပြီး ယခုအခါ တောင်ရှည်တိုက်နယ်ဆေးရုံ ပြန်လည်ဖွင့်လှစ်နိုင်သည့်အတွက် တောင်ရှည်၊ မဲပုတ်၊ ရေတွင်းကြီး၊ ရွှေမုဋ္ဌော၊ နောင်တော၊ အင်းဖို ကျေးရွာ အုပ်စုများမှ ဒေသခံတိုင်းရင်းသားပြည်သူ (၃၀,၀၀၀) ကျော်ကို ကျန်းမာရေးစောင့်ရှောက်မှုများ လွှမ်းခြုံဆောင်ရွက်ပေးသွားနိုင်မည်ဖြစ်ကြောင်းလည်း သိရသည်။
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၁၆ ရက်အထိ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နောင်ချိုမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ကျေးလက်ကျန်းမာရေးဌာနနှင့်ဌာနခွဲ (၃၅)ခု ပြန်လည်ဖွင့်လှစ်ထားရှိပြီး ပဏာမကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို အားဖြည့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဆက်လက်၍ နောင်ချိုမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အခြေခံကျန်းမာရေးဝန်ထမ်းများသည် ၂၀၂၅ ခုနှစ် အောက်တိုဘာ ၁၀ ရက်မှ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၁၆ ရက်အထိ အသက် (၁၅) နှစ်အောက် ကလေးစုစုပေါင်း (၃၄,၂၇၀) အား Special Immunization Activities အစီအစဉ်အပါအဝင် လိုအပ်သော ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးပေးခဲ့ကြောင်း သိရသည်။
Photo - MOHS





ရက်ရှ်ဖို့ဒ်ရဲ့ ပြောင်းရွှေ့ကြေးကို ယူနိုက်တက် လျှော့ပေးဖို့မရှိ
ဖေဖော်ဝါရီ ၁၈
ဘာစီလိုနာအသင်းအနေနဲ့ ရက်ရှ်ဖို့ဒ်ကို အသင်းမှာ ဆက်ထိန်းထားချင်ရင် နွေရာသီမှာ သဘောတူညီထားတဲ့ ပြောင်းရွှေ့ကြေးကို ပေးချေရမှာဖြစ်ပြီး ယူနိုက်တက်အသင်းက သူ့ရဲ့ပြောင်းရွှေ့ကြေးကို လျှော့ပေးဖို့ မရှိဘူးလို့ ESPN က ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့နွေရာသီမှာ ယူနိုက်တက်အသင်းကနေ ရာသီကုန်အထိ အငှားစာချုပ်နဲ့ ရောက်ရှိလာခဲ့တဲ့ ရက်ရှ်ဖို့ဒ်ကို ဘာစီလိုနာအသင်းဟာ ရာသီကုန်ချိန်မှာ ယူရိုသန်း ၃၀ ကနေ ၃၅ သန်းကြားနဲ့ အပြီးသတ်ဝယ်ယူဖို့ ရွေးချယ်ခွင့် ရှိနေတာပါ။
ဘာစီလိုနာအသင်းဟာ ရက်ရှ်ဖို့ဒ်အတွက် ယူနိုက်တက်အသင်းနဲ့ ပြန်လည်ဆွေးနွေးပြီး ဒီပြောင်းရွှေ့ကြေးထက် နည်းပါးတဲ့ ပြောင်းရွှေ့ကြေးကို ညှိနှိုင်းဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။
ယူနိုက်တက်အသင်းကတော့ ဘာစီလိုနာအသင်းနဲ့ ပြန်လည်ဆွေးနွေးဖို့ ဆန္ဒမရှိဘဲ ရက်ရှ်ဖို့ဒ်ကို နွေရာသီထက် ကျော်လွန်ပြီး စပိန်မှာ ဆက်ထိန်းသိမ်းချင်ရင် ပြောင်းရွှေ့ကြေး အပြည့်အဝ ပေးချေဖို့ မျှော်လင့်နေတာပါ။
ရက်ရှ်ဖို့ဒ်ဟာ ဘာစီလိုနာအသင်းမှာ ဆက်နေချင်တဲ့ သူ့ရဲ့ဆန္ဒကို ပြီးခဲ့တဲ့ အင်တာဗျူးတွေမှာ ထုတ်ပြောထား ပါတယ်။
ရက်ရှ်ဖို့ဒ်ဟာ နည်းပြဟောင်း အာမိုရင် လက်ထက်မှာ ယူနိုက်တက်အသင်းအတွက် ပွဲကစားခွင့် ဆုံးရှုံးခဲ့ပြီး ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီမှာ အက်စတွန်ဗီလာအသင်းထံ အငှားကစားခဲ့ရသလို ပြီးခဲ့တဲ့နွေရာသီမှာ ဘာစီလိုနာအသင်းထံ အငှားနဲ့ရောက်ရှိလာတာ ဖြစ်ပါတယ်။
ယူနိုက်တက်အသင်းဟာ နည်းပြ အပြောင်းအလဲ ပြုလုပ်ထားပေမယ့် ရက်ရှ်ဖို့ဒ်အပေါ် သူတို့ရဲ့ရပ်တည်ချက် ပြောင်းလဲမှု မရှိဘူးလို့ သိရပါတယ်။
ယူနိုက်တက်အသင်းနဲ့ ၂၀၂၈ ခုနှစ်အထိ စာချုပ်ရှိနေတဲ့ ရက်ရှ်ဖို့ဒ်ဟာ ဘာစီလိုနာအသင်းမှာ ပြိုင်ပွဲစုံ ၃၄ ပွဲ ကစားထားပြီး ၁၀ ဂိုး သွင်းယူကာ ဂိုးဖန်တီးမှု အများအပြား ပြုလုပ်ထားပါတယ်။
Source: ESPN
ပုံ - ရက်ရှ်ဖို့ဒ်ကို တွေ့ရစဉ်
ယနေ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ
( ၂၀၂၆ - ဖေဖော်ဝါရီ ၁၈ ၊ နံနက် ၁၀ နာရီ)
#ရွှေဈေး
-ကမ္ဘာ့ရွှေဈေး
တအောင်စ ၄၉၁၅ ဒေါ်လာ
ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း
- အကယ်ဒမီ မီးလင်းရွှေ တကျပ်သား
၆,၉၀၀,၀၀၀ ကျပ်
ပြင်ပ အရောင်းအဝယ်ဖြစ်တဲ့ ရွှေဈေးနှုန်း
-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၁၀,၃၃၀,၀၀၀ ကျပ်
ဝယ်ဈေး ၁၀,၂၉၀,၀၀၀ ကျပ်
-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၉,၉၃၀,၀၀၀ ကျပ်
ဝယ်ဈေး ၉,၈၉၀,၀၀၀ ကျပ်
* စနစ်သစ်
(၁ိ - ၁၆.၃၂၉၃၂၅ ဂရမ် = ၁၂၀ ရွေး)
-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၁၀,၂၁၀,၀၀၀ ကျပ်
ဝယ်ဈေး ၁၀,၁၇၀,၀၀၀ ကျပ်
-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၉,၈၁၀,၀၀၀ ကျပ်
ဝယ်ဈေး ၉,၇၇၀,၀၀၀ ကျပ်
“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”
(ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။)
#နိုင်ငံခြားငွေလဲလှယ်နှုန်း
-မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း
အမေရိကန် တဒေါ်လာ - ၃၆၅၇ ကျပ်
ပြင်ပပေါက်စျေး
-အမေရိကန်ဒေါ်လာ
ရောင်းဈေး - ၃၉၈၀ ကျပ်
ဝယ်ဈေး - ၃၈၈၀ ကျပ်
-စင်္ကာပူဒေါ်လာ
ရောင်းဈေး - ၃၁၅၀ ကျပ်
ဝယ်ဈေး - ၃၀၇၀ ကျပ်
-ယူရို
ရောင်းဈေး - ၄၇၁၅ ကျပ်
ဝယ်ဈေး - ၄၅၉၅ ကျပ်
-ထိုင်းဘတ်
ရောင်းဈေး - ၁၂၇.၃၉ ကျပ်
ဝယ်ဈေး - ၁၂၄.၂၂ ကျပ်
-မလေးရှားရင်းဂစ်
ရောင်းဈေး - ၁၀၂၀ ကျပ်
ဝယ်ဈေး - ၉၉၅ ကျပ်
-တရုတ်ယွမ်
ရောင်းဈေး - ၅၇၆ ကျပ်
ဝယ်ဈေး - ၅၆၂ ကျပ်
-ဂျပန်ယန်း
ရောင်းဈေး - ၂၅.၉ ကျပ်
ဝယ်ဈေး - ၂၅.၂၅ ကျပ်
-အိန္ဒိယရူပီး
ရောင်းဈေး - ၄၃.၉၄ ကျပ်
ဝယ်ဈေး - ၄၂.၈၄ ကျပ်
-ကိုရီးယားဝမ်
ရောင်းဈေး - ၂.၇၆ ကျပ်
ဝယ်ဈေး - ၂.၆၉ ကျပ်
-စတာလင်ပေါင်
ရောင်းဈေး - ၅၄၀၀ ကျပ်
ဝယ်ဈေး - ၅၂၆၅ ကျပ်
-ဩစတြေးလျဒေါ်လာ
ရောင်းဈေး - ၂၈၁၁ ကျပ်
ဝယ်ဈေး - ၂၇၄၁ ကျပ်
-ကနေဒါဒေါ်လာ
ရောင်းဈေး - ၂၉၁၆ ကျပ်
ဝယ်ဈေး - ၂၈၄၃ ကျပ်
-ဟောင်ကောင်ဒေါ်လာ
ရောင်းဈေး - ၅၀၉ ကျပ်
ဝယ်ဈေး - ၄၉၇ ကျပ်
-ယူအေအီး
ရောင်းဈေး - ၁၀၈၄ ကျပ်
ဝယ်ဈေး - ၁၀၅၇ ကျပ်
ငွေလဲနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။
***သတ်မှတ်ဈေးအတိုင်း အရောင်းအဝယ်မလုပ်ပါက အရေးယူခံရနိုင်သည်။
သံလွင်တံတား မိုင်းခွဲဖျက်ဆီးခံရ
ဖေဖော်ဝါရီ ၁၈
ကယားပြည်နယ်၊ မယ်စဲ့မြို့နယ်၊ ဖားဆောင်းမြို့အနီးရှိ သံလွင်တံတား(ဖားဆောင်း)အား KNPP-KNDF-PDF များ က မိုင်းခွဲဖျက်ဆီးခဲ့ကြောင်း နေပြည်တော်မှ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၁၇ ရက်တွင် ထုတ်ပြန် ကြေညာခဲ့သည်။
KNPP-KNDF-PDF တို့သည် ဖားဆောင်းမြို့အား တပ်မတော်က ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပြီးနောက် နယ်မြေလုံခြုံ ရေး လုပ်ငန်းများ ဆက်လက်မဆောင်ရွက်နိုင်စေရန်နှင့် ၎င်းတို့အား လိုက်လံချေမှုန်းခြင်းများ မဆောင်ရွက်နိုင်စေ ရန်အတွက် ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၁၇ ရက်တွင် ဖျက်ဆီးလိုက်ခြင်းဖြစ်သည်ဟု နေပြည်တော်ဘက်က ထုတ်ပြန် ခဲ့သည်။
သံလွင်တံတားသည် မယ်စဲ့မြို့နယ်၊ ဖားဆောင်းမြို့၏ အနောက်ဘက် မီတာ ၃၂၀ ခန့်အကွာ ဖားဆောင်း-မယ်စဲ့- ဘီပီ(၁၃) သွားကားလမ်း မိုင်တိုင်အမှတ်၊ ၀/၃ နှင့် ၀/၄ ကြားတွင်ရှိပြီး အရှည် ၁၂၆၀ ပေ၊ အကျယ် ၂၄ ပေရှိ သံကူ ကွန်ကရစ် အမျိုးအစားဖြစ်သည်။
KNPP-KNDF-PDF များ၏ မိုင်းခွဲဖျက်ဆီးမှုကြောင့် တံတား၏ အနောက်ဘက် ကမ်းကပ်ခုံမှ အရှည် ၂၅၀ ပေ၊ အကျယ် ၂၄ ပေခန့် ပြိုကျပျက်စီးခဲ့ကြောင်း၊ လူထိခိုက် ဒဏ်ရာရရှိမှု မရှိကြောင်း သိရသည်။
ထို့နောက် တံတားပျက်စီးမှုအား သက်ဆိုင်ရာ လမ်း/တံတား ဦးစီးဌာနမှ ပြန်လည်ပြင်ဆင်သွားမည်ဖြစ်ကြောင်း နေပြည်တော်ဘက်က ထုတ်ပြန်ခဲ့သည်။
အောင်ပွဲခံပြီးရင် ပြန်လျှောက်လာဖို့ ဗီနီစီးယက်စ်ကို မော်ရင်ဟို ပြော
ဖေဖော်ဝါရီ ၁၈
ရီးရယ်လ်အသင်းက ဘင်ဖီကာအသင်းကို ၁ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်ပွဲမှာ လူမျိုးရေးခွဲခြားမှု ပြုလုပ် ခံရတယ်ဆိုပြီး တိုင်ကြားခဲ့တဲ့ ဗီနီစီးယက်စ် အနေနဲ့ အနာဂတ်မှာ အောင်ပွဲခံပြီးရင် ပြန်လျှောက်လာဖို့ ဘင်ဖီကာ အသင်းနည်းပြ မော်ရင်ဟိုက ပြောခဲ့ပါတယ်။
မော်ရင်ဟိုက “ကျနော်ဟာ ဒီအကြောင်းကို မှတ်ချက် မပေးချင်ပေမယ့် ဗီနီစီးယက်စ်ကို ဒါနဲ့ပတ်သက်ပြီး တိတိ ကျကျ ပြောခဲ့ပါတယ်။ ဒီလိုမျိုးဂိုးသွင်းတဲ့ အချိန်မှာ မင်းအနေနဲ့ အောင်ပွဲခံပြီးရင် ပြန်လျှောက်လာရုံပါပဲလို့ ကျနော်သူ့ကို ပြောခဲ့ပါတယ်။ သူဟာ လူမျိုးရေး ခွဲခြားမှုအကြောင်း ငြင်းခုံနေချိန် ဘင်ဖီကာရဲ့သမိုင်းမှာ အကြီး မားဆုံး လူဖြစ်တဲ့ အူဆီဘီယိုကလည်း လူမည်းဆိုတာ ကျနော်သူ့ကိုပြောခဲ့ပါတယ်။ ဗီနီစီးယက်စ်ကစားတဲ့ အားကစားကွင်းတွေမှာ ဒီလိုမျိုးအရာတွေက ဖြစ်ပျက်လေ့ရှိပါတယ်”လို့ Amazon Prime နဲ့အင်တာဗျူးမှာ ပြောခဲ့တာပါ။
ချန်ပီယံလိဂ် ရှုံးထွက် ပလေးအော့ဖ် ပထမအကျော့ပွဲအဖြစ် ကစားခဲ့တဲ့ဒီပွဲမှာ ဗီနီစီးယက်စ်ဟာ ရီးရယ်လ်အသင်း အတွက် ဂိုးသွင်းယူပြီးနောက် အိမ်ရှင်ဘင်ဖီကာအသင်း ပရိသတ်တွေ အရှေ့ရှိ ထောင့်ကန်ဘော အလံတိုင်မှာ ကခုန်ပြီး အောင်ပွဲခံခဲ့ပါတယ်။
ဗီနီစီးယက်စ်ရဲ့ ဒီလုပ်ရပ်ကို ဘင်ဖီကာအသင်း ကစားသမား အများအပြားက စိတ်ပျက်ခဲ့ကြသလို သူကလည်း ကွင်းလယ်ဒိုင်လူကြီးရဲ့ အဝါကတ်ပြသခြင်း ခံခဲ့ရတာပါ။
ဒီဖြစ်ရပ်အပြီးမှာ ဘင်ဖီကာအသင်းကစားသမား ပရီစတီယာနီက သူ့ကို လူမျိုးရေးခွဲခြားတဲ့ စကားပြောခဲ့တယ်ဆို ပြီး ဗီနီစီးယက်စ်ဟာ ကွင်းလယ်ဒိုင်လူကြီးကို သွားရောက်ပြောခဲ့ပါတယ်။
UEFA ရဲ့လူမျိုးရေးခွဲခြားမှုကို ဆန့်ကျင်တဲ့လုပ်ထုံးလုပ်နည်းတွေအရ ကွင်းလယ်ဒိုင်လူကြီးဟာ ပွဲကို ၁၀ မိနစ်ခန့် ရပ်နားခဲ့ပါတယ်။
စပိန်သတင်းစာ AS က ပရီစတီယာနီဟာ ဗီနီစီးယက်စ်ကို မျောက်လို့ ခေါ်ခဲ့တယ်ဆိုပြီး ဖော်ပြထားပါတယ်။
ဘင်ဖီကာအသင်းနည်းပြ မော်ရင်ဟိုဟာ ဗီနီစီးယက်စ်နဲ့အချိန်အကြာကြီး စကားပြောခဲ့ပြီး အနာဂတ်မှာ ဒီလိုမျိုး အောင်ပွဲခံတာတွေ မပြုလုပ်ဖို့ အကြံပေးခဲ့ပါတယ်။
ဗီနီစီးယက်စ်နဲ့ ရီးရယ်လ်အသင်းဖော်တွေဟာ လူမျိုးရေးခွဲခြားတဲ့ ဒီလုပ်ရပ်ကို ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း ပြောခဲ့ပါတယ်။
ဘင်ဖီကာအသင်းနည်းပြ မော်ရင်ဟိုဟာ ဒီပွဲမှာ အနီကတ် ပြသခံခဲ့ရတာကြောင့် ဘာနေဗျူးမှာ ကစားမယ့် ဒုတိယအကျော့ပွဲကို ကွင်းအတွင်း ကြီးကြပ်ခွင့်ဆုံးရှုံးခဲ့ပါတယ်။
Source: metro
ပုံ - ဗီနီစီးယက်စ်နဲ့ မော်ရင်ဟိုကို တွေ့ရစဉ်