စစ်ကိုင်းတိုင်း ငလျင်ထူထောင်ရေးတွင် အသုံးပြုမည့် ဘိလပ်မြေများ အထူးကုန်ရထားဖြင့် ပို့ဆောင်နေ

အမျိုးသား သဘာဝဘေးအန္တာရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော် မတီ အစီအစဉ် ဖြင့် ငလျင်ဘေးဒ-ဏ်ပြန်လည်ထူထောင်ရေးနှင့် တည်ဆောက်ရေးလုပ်ငန်းများတွင် အသုံးပြုမည့်ဆောက်လုပ်ရေး သုံးပစ္စည်းများကို အထူးကုန်ရထားဖြင့်ပေးဆောင်ပို့နေကြောင်း သိရသည်။

ယမန်နေ့ အောက်တိုဘာ(၃၀)ရက်ကလည်း ဘိလပ်မြေအိတ် (၉၇၂၀) တန်ချိန် (၄၈၆) တန်ကို စစ်ကိုင်းဒေသကြီးအတွင်းရှိ ပြန်လည်ထူထောင်ရေးနှင့် တည်ဆောက်ရေးလုပ်ငန်းများအတွက် မန္တလေးမြို့၊ ရွှေကြက်ယက်ဘူတာသို့ ပေးပို့ခဲ့ပြီး ဆက်လက်ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် မန္တလေးတိုင်းဒေသကြီး နှင့် စစ်ကိုင်းတိုင်းဒေ သကြီးရှိ ငလျင်ဘေးဒ-ဏ်ပြန်လည်ထောင်ထူရေးအတွက် HRB 500 အမျိုးစား သံချောင်းလုံးတန်ချိန် (၂၂၂၉ ဒဿမ ၆၃) တန်၊ 4 Angle 0.33 mm အမိုးသွပ်ပြားချပ်ရေ (၄၉၀၀ ၀) ပြား (တန်ချိန် ၂၂၇ ဒဿမ ၉၁တန်) နှင့် ဘိလပ်မြေအိတ် (၁၉၄၆၀) အိတ် (တန်ချိန် ၉၇၃)တန်တို့ကို ပို့ဆောင်ပေးထားပြီးဖြစ်ကြောင်း သိရသည်။

image

သီပေါမြို့၌ အခြေခံပညာစာသင်ကျောင်း(၁၁)ကျောင်းဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်

ရှမ်းပြည်နယ်၊ သီပေါမြို့အား တပ်မတော်မှပြန်လည်ထိန်းချုပ်သိမ်းပိုက်ခဲ့ပြီးနောက် အခြေခံပညာစာသင်ကျောင်းများအား ပြန်လည်ဖွင့်လှစ်ပေးလျက်ရှိရာ အောက်တိုဘာ ၃၀ ရက်အထိ အခြေခံပညာစာသင် ကျောင်း(၁၁)ကျောင်းကို ပြန်လည်ဖွင့်လှစ်ပေးနိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

အောက်တိုဘာ ၃၀ ရက်တွင် အမှတ်(၄)အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၊ အမှတ်(၆)အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)နှင့် အမှတ်(၃)အခြေခံပညာမူလတန်းကျောင်းတို့ကို ထပ်မံဖွင့်လှစ်နိုင်ခဲ့ပြီး ကျောင်းသား၊ ကျောင်းသူ(၁၈၃)ဦး ထပ်မံကျောင်းအပ်သဖြင့် အောင်တိုဘာ ၂၂ ရက်မှ အောက်တိုဘာ ၃၀ ရက်အထိ ကျောင်းသား၊ ကျောင်းသူ(၂,၁၇၁)ဦးအထိရှိလာပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ ကျောင်းသား၊ ကျောင်းသူများအား ပညာရေးဝန်ကြီးဌာနမှအခမဲ့ပေးအပ်သည့် ကျောင်းသုံးစာအုပ်များ၊ စာရေးကိရိယာများနှင့် ထောက်ပံ့ပစ္စည်းများကိုလည်း ထောက်ပံပေးအပ်ခဲ့ကြောင်း သိရသည်။

image

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီမှ စက်မှုကဏ္ဍ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်း(၄)ခု အတည်ပြုပေး

ရန်ကုန်တိုင်းဒေသကြီး၌ စက်မှုကဏ္ဍတွင် ရာခိုင်နှုန်းပြည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်း(၄)ခုကို အတည်ပြုပေးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီမှ သိရသည်။

ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၁၀/၂၀ ၂၅) ကြိမ်မြောက် အစည်းအဝေးတွင် အတည်ပြုပေးခဲ့ခြင်းဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှု ကော်မတီအနေဖြင့် အတည်ပြုပေးခဲ့သည့် လုပ်ငန်းများမှာ CMP စနစ်ဖြင့် Wearing Apparel အမျိုးမျိုးနှင့် အဝတ်အထည်အမျိုးမျိုး ချုပ်လုပ်ခြင်းလုပ်ငန်းတို့ဖြစ်ကြောင်း သိရသည်။

အဆိုပါ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ မတည်ငွေရင်းပမာဏမှာ အမေရိကန်ဒေါ်လာ (၅ ဒသမ ၁၉၆) သန်းဖြစ်ပြီး ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်း (၃,၆၉၅) ဦးအတွက် ဖန်တီးပေးနိုင်မည်ဖြစ်သည်။

အစည်းအဝေးတွင် ရင်းနှီးမြှုပ်နှံမှုပမာဏတိုးမြှင့်မည့် လုပ်ငန်း(၁)ခုအပါအဝင် အထွေထွေကိစ္စရပ်များ တင်ပြလာသည့် ကုမ္ပဏီ (၁၀)ခုတို့၏ တင်ပြချက်များကိုလည်း ဆွေးနွေး ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

image

မတ္တရာ - မိုးကုတ်လမ်းပေါ်က တံငါတံတား မိုင်းခွဲဖျက်ဆီးခံရ

မန္တလေးတိုင်း၊ မတ္တရာမြို့နယ် ၊ မန္တလေး - မတ္တရာ - စဥ့်ကူး - မိုးကုတ် လမ်းပေါ်ရှိ ချောင်းကူးတံတားတစင်းဖြစ်တဲ့ တံငါတံတား ( ကျောက်စရစ်ကုန်းတံတား)ဟာ အောက်တိုဘာ ၃၀ ရက်နေ့ မနက်ပိုင်းက မိုင်းခွဲဖျက်ဆီးခံရပြီး တံတားကျိုးကျပျက်စီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အဆိုပါ တံငါတံတားက မတ္တရာမြို့နယ် ၊ တောင်တံငါရွာနဲ့ မြောက်တံငါရွာအကြားမှာရှိတဲ့ ချောင်းကူးတံတားဖြစ်ကြောင်း ၊ မိုင်းခွဲဖျက်ဆီးခံလိုက်ရတာက မြောက်တံငါရွာဘက်ခြမ်းရှိ တံတားအပိုင်းဖြစ်ပြီး တံတားမှာ ၆၅ ပေခန့် ပျက်စီးသွားတယ်လို့သိရပါတယ်။

မတ္တရာမြို့နယ်ကနေ လက်ပန်လှရွာ ၊ ရွှေပြည် ၊ စဥ့်ကူး မြို့နယ် ၊သပိတ်ကျင်း ၊ ဖော့တောလမ်းဆုံ ၊မိုးကုတ်မြို့တို့ကို သွားလာမယ်ဆိုပါက အဆိုပါ တံငါး တံတားကို အဓိက အသုံးပြုပြီးမှ သွားလာ နိုင်တာဖြစ်တယ်လို့သိရပါတယ်။

လက်ရှိမှာ တံတားကျိုးကျ ပျက်စီးသွားတာကြောင့် ကား ၊ဆိုင်ကယ် ဘာမှသွားလို့မရတော့တဲ့ အတွက် ဒေသခံပြည်သူ တွေအတွက် လမ်းပန်းဆက်သွယ် ရေး ခက်ခဲသွားပြီဖြစ် တယ်လို့သိရပါတယ်။

" ကျောက်စရစ်ကုန်းရွာလို့ လည်းခေါ်ကြပေမယ့်အများစုက တံငါရွာလို့ပဲ သုံးကြတယ်။အခု မိုင်းခွဲခံရတာက တံငါမြောက်ရွာဘက်အခြမ်းမှာ ဖြစ်တာပါ။ အခု စစ်တပ်ကလည်း စစ်ကြောင်းထိုးလာတာ တောင်တံငါဘက် အထိရောက်နေပြီ သိရတယ်။

မြောက်ဘက်ခြမ်း မှာကလည်း pdf တွေရှိတယ်။တံတားပျက်စီးသွားတော့ မတ္တရာမြို့ကို အမှီပြုပြီး စျေးဝယ် ၊ရောင်းချ လုပ်ကိုင်စားနေသူတွေ ဒေသခံ အကုန်ဒုက္ခရောက် တာပေါ့။ချောင်းကိုဖြတ်ကူးဖို့ပဲရှိတယ်။ဘယ်အဖွဲ့က တံတားကိုမိုင်းခွဲလဲ ဆိုတာတော့ မသိပါဘူး။ " လို့ ဒေသခံက ပြောပါတယ် ။

တံငါတံတား ခေါ် ကျောက်စရစ်ကုန်းတံတားဟာ သံကူကွန်ကရစ် အမျိုးအစားဖြစ်ပြီး တံတားအရှည် ပေ (၃၆၀) ရှိပြီး တံတားအကျယ်မှာ ပေ (၃၀)ကျယ်ဝန်းတဲ့တံတားတစင်းဖြစ်ပါတယ်။ တံငါတံတားကို လွန်ခဲ့တဲ့ ၂၀၀၀ ပြည့်နှစ် ၊ ဇန်နဝါရီလ (၃၀)ရက်မှာ တည်ဆောက်ပြီးစီးခဲ့တာ ဖြစ်တယ်လို့သိရပါတယ်။

လက်ရှိမှာ အစိုးရတပ်တွေက မတ္တရာမြို့နယ်ထဲက ဒေသတွင်းလက်နက်ကိုင်တွေ စိုးမိုးထားတဲ့ နယ်မြေတွေကို ပြန်လည်ထိန်းချုပ်နိုင်ဖို့အတွက် အင်အားအများအပြားနဲ့ စစ်ကြောင်းထိုးနေတာကြောင့် တိုက်ပွဲဖြစ်ပွားမှုရှိနေ တယ်လို့ သိရပါတယ်။

ဒေသတွင်းလက်နက်ကိုင် တပ်တွေက မတ္တရာမြို့နယ်မှ ကျေးရွာအချို့နဲ့ စဥ့်ကူးမြို့ နယ်ထဲက ရွှေပြည် ၊ လက်ပန်လှ ၊နွယ်ရုံ ၊ ကျည်တောက်ပေါက် ၊ချောင်းကြီး ၊ ဇရပ်ကွင်း အထိ နယ်မြေစိုးမိုးထားပြီး အစိုးရတပ်တွေကတော့ သပိတ်ကျင်းမြို့မှ ဖော့တောလမ်းဆုံအထိ ပြန်လည်ထိန်းချုပ်ထားပါတယ်။

TNLA နဲ့ အစိုးရတပ် အကြား ဆွေးနွေးမှုအရလည်း TNLA က မိုးကုတ် နဲ့ မိုးမိတ် မြိုတို့ကနေ တပ်တွေ နောက်ဆုတ်ပေးသွားမယ်လို့ထုတ်ပြန်ထားတဲ့အတွက် မိုးကုတ်နဲ့ မိုးမိတ် မြို့ကို အစိုးရတပ်တွေက ပြန်လည်ထိန်းချုပ်နိုင်ဖို့ လုပ်ဆောင်နေတယ်လို့သိရပါတယ်။

အောက်တိုဘာ ၂၉ ရက်နေ့ကလည်း ရွှေဘိုခရိုင် ၊ကျောက်မြောင်းမြို့နယ်နဲ့ စဥ့်ကူးမြို့နယ်ကို ဆက်သွယ်ထားတဲ့ ဧရာဝတီ မြစ်ကူးတံတား ရတနာသိင်္ခတံတားကြီး မိုင်းခွဲဖျက်ဆီးခံခဲ့ရပါတယ်။

ရတနာသိင်္ခတံတား မိုင်းခွဲဖျက်ဆီးမှုကိုတော့ pdf တွေက ပြုလုပ်ခဲ့တာဖြစ်တယ်လို့ နလအ မှသတင်းထုတ်ပြန်ထားပါတယ်။

image

တောင်ကြီးတန်ဆောင်တိုင်ပွဲ လာရောက်လည်ပတ်သူ စည်ကား များပြား
----------------------------

တောင်ကြီး တန်ဆောင်တိုင်ပွဲတော် ဒုတိယနေ့ ဖြစ်တဲ့ အောက်တိုဘာ ၃၀ ရက် ညပိုင်းမှာတော့ ညလွှတ် မီးပုံးပျံလွှတ်တင်နေမှုတွေကို လာရောက် လေ့လာ ကြည့်ရှုသူတွေ စည်ကား များပြားခဲ့တယ်လို့ ပွဲတော်ကို သွားရောက် လည်ပတ်သူ‌တွေဆီက သိရပါတယ်။

တောင်ကြီး တန်ဆောင်တိုင်ပွဲတော်ကိုတော့ အောက်တိုဘာ ၂၉ ရက်က စတင်ပြီး တောင်ကြီးမြို့၊ အဝေရာ မီးပုံးပျံကွင်းမှာ ကျင်းပနေတာဖြစ်ပြီး လက်ရှိအချိန်ထိ လာရောက်လေ့လာ လည်ပတ်သူတွေဟာ အရင်နှစ်တွေထက် ပိုများပြားတယ်လို့ ဆိုပါတယ်။

တောင်ကြီးတန်ဆောင်တိုင်ပွဲတော် ဒုတိယနေ့ ညမှာတော့ လာရောက် လည်ပတ်သူတွေဟာ ကွင်းလုံးပြည့် ဖြစ်နေပြီး လည်ပတ်ရတာ ခြေချစရာ နေရာမရှိလောက်အောင် တိုးကြိတ် သွားလာနေရတယ်လို့လည်း ပွဲတော်ကို သွားရောက်လည်ပတ်သူ တစ်ယောက်ကပြောပါတယ်။

အခုနှစ်မှာ တောင်ကြီး တန်ဆောင်တိုင်ပွဲ လာရောက်လည် ပတ်သူတွေအနေနဲ့ ကားအပ်ခနဲ့ ဆိုင်ကယ်အပ်ခတွေလည်း ဈေးများစွာ ပေးရမှုတွေရှိနေတယ်လို့လည်း ဆိုပါတယ်။

တောင်ကြီး တန်ဆောင်တိုင်ပွဲတော်ကိုတော့ အောက်တိုဘာ (၂၉) ရက်ကနေ နိုဝင်ဘာ (၅) ရက်အထိ ရှစ်ရက်တိုင်တိုင် ကျင်းပမှာဖြစ်ပြီး ပွဲတော်ကာလအတွင်း မြို့လုံးကျွတ် ဘုံကထိန်ပဒေသာပင် လှည့်လည်ပွဲ ၊ မသိုးသင်္ကန်းရက်လုပ် ပူဇော်ပွဲ၊ မီးပဒေသာပင် လှည့်လည်ပူဇော်ပွဲ၊ နေ့လွှတ်မီးပုံးပျံ (၂၅၈) လုံး၊ ညလွှတ်မီးပုံးပျံ ညမီးကြီး (၄၃) လုံး၊ စိန်နားပန်း မီးပုံးပျံ (၃၇) လုံး လွှတ်တင်တဲ့ မီးပုံးပျံ ပြိုင်ပွဲတွေကိုလည်း ကျင်းပပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

မီးပုံးပျံ ပြိုင်ပွဲမှာတော့ နေ့မီး နဲ့ ညမီးဆိုနှစ်မျိုးခွဲကာ ပြိုင်ပွဲတွေ ကျင်းပလေ့ရှိပြီး နေ့ပိုင်း လွှတ်တဲ့ အလှလွှတ် မီးပုံးတွေကတော့ တိရစ္ဆာန်ရုပ်ပုံမီးပုံးတွေ ဖြစ်ပြီး ညလွှတ်မီးပုံးပျံတွေမှာတော့ ညမီးကြီးနဲ့ စိန်နားပန်းဆိုပြီး နှစ်မျိုးရှိတယ်လို့လည်း သိရပါတယ်။

တောင်ကြီး တန်ဆောင်တိုင်ပွဲတော်ကိုတော့ (၁၉၅၀) ပြည့်နှစ်ကစပြီး ကျင်းပ ပြုလုပ်လာတာ ဖြစ်တယ်လို့ သိရပါတယ်။

image

တစ်ပွဲမျှ လက်မခံမကျင်းပရသေးချိန်မှာ ဖြိုဖျက်ရမယ့်အရေးဆိုက်နေတဲ့ ပရိသတ် ၆၅၀၀၀ ဆန့် ကမ္ဘာ့အကြီးကျယ်ဆုံးကွင်း
======================

ကမ္ဘာ့အကြီးကျယ်ဆုံးကွင်းသို့ ဝိသေသသတ်မှတ်ခံထားရတဲ့ ကွင်းတစ်ကွင်းဟာ ဖွင့်ပွဲတောင် မလုပ်ရသေးချိန်မှာဘဲ ပျောက်ကွယ်သွားရမယ့်အရေးနှင့် ရင်ဆိုင်နေရပါတယ်။

ဗလင်စီယာဟာ နူမက်စီတယ်လားကွင်းကို တည်ဆောက်ဖို့ ကြိုးပမ်းလာခဲ့တာ ၁၆ နှစ်တိုင်တိုင် ရှိပြီ ဖြစ်ပြီး ၂၀၀၉-၁၀ ရာသီမှာ ပရိသတ် ၇၀၀၀၀ ဆန့်ကွင်းသစ်ကြီးအဖြစ် အသုံးပြုရန် အသင့် ဖြစ်နေဖို့ ရည်မှန်းထားခဲ့တာပါ။

ဒါပေမယ့် ဗလင်စီယာဟာ ၂၀၀၈ ခုနှစ်ကတည်းက ဘဏ္ဍာရေးပြဿနာပေါင်းစုံနှင့် ကြုံလာခဲ့ရပါတယ်။

လာလီဂါကလပ်ဟာ အကြွေး ပေါင်သန်း ၃၅၀ အထိ တင်ကာ ကြွေးနွံနစ်နေပါတယ်။

တဖက်မှာ တချိန်တုန်းက ချန်ပီယံလိဂ်ဗိုလ်လုပွဲသို့အထိ တက်ရောက်ကာ တောက်ပခဲ့ဖူးတဲ့ ဗလင်စီယာဟာ ပရိသတ် ၅၀၀၀၀ ဆန့် လက်ရှိ အသုံးပြုနေတဲ့ မက်စီတဲလ်လားကွင်းကို ရောင်းချရေး ကြိုးပမ်းရာမှာ ဝယ်လက်မတွေ့ ဖြစ်နေပါတယ်။

ပရိသတ်တွေကလည်း ကလပ်ရဲ့ သက်တမ်း ၁၀၆ နှစ်လုံးလုံး အသုံးပြုလာခဲ့တဲ့ ဂန္ထဝင်ကွင်းကြီးကိုသာ ဆက်လက် အသုံးပြုသင့်တယ်လို့ ယုံကြည်နေပြန်ပါတယ်။

ပြီးခဲ့တဲ့အပတ်တုန်းက Colegio Guadalavia မှာ ပြုလုပ်တဲ့ Sempre (Always) Mestalla ကွန်ဖရင့်မှာ ပရိသတ်အုပ်စုက ကွင်းသစ်သို့ မပြောင်းဘဲ လက်ရှိ ကွင်းကိုပဲ အသုံးပြုတယ်လို့ အတိုက်အခံလုပ်ခဲ့ကြပါတယ်။

တကယ်လို့များ ကွင်းသစ်သို့‌ ပြောင်းရင် အကြွေး ပေါင် ၃၃၅ သန်းအထိ တင်လာမယ်လို့ ဆိုကြပါတယ်။

ဒါ့အပြင် ပရိသတ်အဖွဲ့က နူမက်စီတဲလ်ကွင်းသစ်သို့ ပြောင်းလိုက်မှုက ကလပ်ကို ချက်ချင်းကြီး အကျိုးအမြတ်ရလာစေမှာ မဟုတ်တဲ့အပြင် ကလပ်အခြေအနေက ချက်ချင်းကြီး ပြောင်းလဲလာဖို့ အာမခံချက် မရှိဘူးလို့လည်း ဆိုထားကြပါတယ်။

တဆက်တည်းမှာပဲ ပရိသတ်များက လက်ရှိ အသုံးပြုနေတဲ့ မက်စီတဲလ်လားကွင်းကို အဆင့်မြှင့်မှုသာ လုပ်ခြင်းက အကောင်းဆုံးဖြစ်မယ်လို့ ဆိုနေကြပါတယ်။ ဗလင်စီယာဟာ မက်စီတဲလ်လားကွင်းကို အဆင့်မြှင့်မယ်ဆိုရင်လည်း ပေါင် ၁၁၈ သန်း ကုန်ကျလာပါဦးမယ်။

ဒါပေမယ့် မက်စီတဲလ်လားကို အဆင့်မြှင့်လာမှုနှင့်အတူ ပရိသတ်ဝင်ဆန့်ပမာဏက ၆၅၀၀၀ အထိ မြင့်မားလာနိုင်ပါတယ်။
တဖက်မှာ ဗလင်စီယာအသင်းဥက္ကဌကိုင်ယက်လမ်ကလည်း နူမက်စီတဲလ်လားကွင်းသစ်က ကလပ်ကို အကြီးအကျယ်ပြောင်းလာမယ့်အရာလို့ ယုံကြည်ကာ ၂၀၂၇ ခုနှစ်တွင် အပြီးသတ်တည်ဆောက်ရေး လုပ်ငန်းခွင့်ပြန်လည်စတင်နေပါတယ်။
ဗလင်စီယာဟာ ၂၀၁၄ ခုနှစ်တွင် စင်္ကာပူဘီလျှံနာပီတာလမ် မိသားစုလက်အောက်သို့ ကျရောက်ပြီးနောက် ဘဏ္ဍာရေးပိုင်း ရုန်းကန်လာခဲ့ရတဲ့အသင်း ဖြစ်ပါတယ်။

image

စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ
*****************************************************
🇲🇲 ရည်ညွှန်းလက်လီဈေးနှုန်းများ
💢ရန်ကုန်မြို့
💢မန္တလေးမြို့
💢နေပြည်တော်
💢တိုင်းဒေသကြီး/ ပြည်နယ်မြို့တော်များ

image
20 w - Translate

?Pet Deodorant Spray ?
🐾Pet Deodorant Spray 🌸 ချစ်စရာမွှေးရနံ့နဲ့ အိမ်တစ်လုံးလုံးကို သန့်ရှင်းစေမယ်!🐶🐱
စျေးနုန်း ၁၅၀၀၀ကျပ်.
Japanese Domestic Product - 300ml
🌟 Dog & Cat Deodorant Spray ကိုသုံးပြီး မိသားစုနဲ့အိမ်တစ်လုံးလုံးကို သန့်ရှင်းမွှေးရနံ့ဖြင့်ပြည့်စုံစေပါစေ။

🍀 အနံ့ဖယ်ရှားမှုအထူးပြင်းထန် – ခွေး၊ကြောင်တို့ရဲ့ ဆီးနံ့၊အညစ်အကြေးနံ့တွေကို အမြန်ဆုံးဖယ်ရှားပေးနိုင်ပါတယ်။
🌸 မွှေးရနံ့ကြာရှည်ခံ – တစ်နေ့လုံးအိမ်မှာမွှေးရနံ့နဲ့အေးချမ်းစေပြီး အနံ့ပြန်ဖြစ်လာမှုကိုတားဆီးပေးပါတယ်။
🌿 သဘာဝအဆီအနှစ်များပါဝင် – လူနဲ့တိရစ္ဆာန်အတွက် မထိခိုက်တဲ့ ပင်လယ်အဆင့်အဆီအနှစ်များပါဝင်ပါတယ်။
🛋️ အသုံးပြုနိုင်တဲ့နေရာများ – ခွေးကြောင်နေရတဲ့နေရာ၊ခန်းထဲ၊ခေါင်းခုံ၊အဝတ်အစား၊ကော်ဖီခဲ၊ကေ့ချ်၊အရုပ်များတွင်ဖျန်းနိုင်ပါတယ်။
🐾 တိရစ္ဆာန်အပေါ်တွင်တောင်တိုက်ရိုက်ဖျန်းနိုင် – ခွေးကြောင်ကို သန့်ရှင်းမွှေးရနံ့နဲ့ထားချင်သူတွေအတွက်အထူးသင့်တော်ပါတယ်။

📍 အသုံးပြုပုံ
ဖျန်းခေါင်းကို “ON” ဆိုတဲ့စာလုံးအပေါ်ကိုလှည့်ပြီး အနံ့ရှိတဲ့နေရာမှာတိုက်ရိုက်ဖျန်းပါ။ ပြီးရင် “OFF” ပြန်လှည့်ပြီးပိတ်ထားပါ။
📞 #shop, #kbzmarketplace , #uab market , Page chat တို့မှ တစ်နိုင်ငံလုံးသို့ အိမ်အရောက်ငွေခြေ. Banking တို့ဖြင့် ကြိုက်နှစ်သက်ရာရွေးခြယ် ဝယ်ယူနိုင်ပါသည်။ ဖုန်း ၀၉၈၉၄၂၇၃၉၁၁ (ရုံးချိန်အတွင်းဆက်သွယ်နိုင်ပါသည်) . အမှတ် ၂၈. သိန္ဒီလမ်း. သီတာရပ်ကွက်. ကြည့်မြင်တိုင်.ရန်ကုန်မြို. www.shop.com.mm/shop/zaycho
📌 #kyowadeodorantspray #petcare #dogcatspray #japanproduct #petodorremoval #မြန်မာအိမ်မွှေး #petlovers #အိမ်မွှေးအနံ့ဖယ်ရှား

🌷လိုက်မခံစားခြင်းဖြင့် ရင့်ကျက်ပါ🌷
ရင့်ကျက်ခြင်းကို
မခံစားခြင်းလို့ အဓိပ္ပါယ်ဖွင့်ကြည့်မယ် ။
ကောင်းတဲ့အာရုံတွေ့လာလည်း
၀မ်းမြောက်မှု လောဘတွေမဖြစ်အောင်
ဆိုးတဲ့အာရုံတွေ့လာလည်း
မကျေနပ်မှု ဒေါသမထွက်ဖြစ်အောင်
လိုက်မခံစားပဲ နေတတ်ခြင်းပညာရှိဖို့
ကိုယ့်ဆီမှာ တကယ်လိုအပ်ပါတယ် ။
သတိပညာနည်းသူတွေဟာ
လာသမျှအာရုံကို ခံစားပြီးတော့နေကြတယ် ။
ငိုစရာရှိတာဆိုငိုတယ်
ရယ်စရာရှိတာဆို ရယ်လိုက်တယ်
ပျော်စရာရှိတာဆိုလည် ပျော်လိုက်ကြတယ် ။
ဒါက သာမန်အနေထားပါပဲ
ဘာမှဆန်းကြယ်တာမျိုးမဟုတ်ဘူးမလား ။
ကြုံလာတဲ့ အာရုံအမျိုးမျိုးမှာ
အကျိုးရှိလား မရှိလား ဆိုတာရယ်
ကောင်တဲ့လမ်းလား မကောင်းတဲ့လမ်းလား
ဆင်းရဲစေတဲ့လမ်းလား
ချမ်းသာစေတဲ့ လမ်းလားဆိုတာရယ်ကို
သတိထားပြီးတော့ ရင့်ကျက်စွာ မခံစားပဲနဲ့
ဒါလည်း ပြီးသွားမှာဆိုတဲ့ အသိလေးနဲ့နေရင်
လက်ရှိဘ၀ဟာ အေးချမ်းစွာ ရှိနေကြမှာပါ ။
သာရ ဂ ဝေ သီ

20 w - Translate

လှလှလေးတွေပဲ ပေးချင်တာ 💞💞🌿🌿

image