20 w - Translate

သက်သာတဲ့နောက်ကို မလိုက်ပါနဲ့
-------------------------------------
တခါတုန်းက လယ်တဲတစ်ခုမှာ အလွန်ပျင်းတဲ့ နွားလေးတစ်ကောင်ရှိသတဲ့။ အဲဒီနွားလေးဟာ သူ့သခင် ဖြစ်တဲ့ လယ်ပိုင်ရှင် ရှာဖွေကျွေးတဲ့ မြက်နုတွေကိုသာ စား သောက်နေတာပေါ့။
ဒါကြောင့် အခြားကြ,မ်းတမ်းတဲ့ ကောက်ရိုးနဲ့ မြက်ခြောက်တွေကို မစားတတ်ပဲ ဖြစ်နေ တာပေါ့ကွယ်။ တစ်နေ့ မှာ သူ့သခင်လယ်ပိုင်ရှင်ဟာ ခရီးသွားဖို့ ကြုံလာတော့ နွားလေးကို ပြောသတဲ့။
"နွားလေးရေ ငါ ခရီးထွက်ရမှာ အချိန်လည်း ကြာမြင့်မှာဖြစ်တယ်။ ဒီတော့ မင်းကိုယ်တိုင် မြက်နုတွေကို ရှာဖွေပြီး စားသောက်ပါ၊"
နွားလေးလည်း သူ့သခင်လယ်ပိုင်ရှင် ခရီးထွက်သွားတာကြောင့် အစာရှာဖို့ လယ်ကွင်းထဲကို ထွက်လာခဲ့တာပေါ့။ နွားလေးဟာ သူ့သခင်ရှာကျွေးတဲ့ မြက်နုတွေကို စားနေရတော့ မြက်နုတွေဘယ်မှာရှိတယ်ဆိုတာကို မသိပဲ ဖြစ်နေသတဲ့။
နွားလေးဟာ ဗိုက်ပြည့်အောင်စားဖို့ သူကြိုက်တဲ့ မြက်နုတွေကို ဘယ်လိုရှာရှာ မတွေ့ပဲ ဖြစ်နေလို့ စိတ်ပျက် နေရှာသတဲ့။ အဲဒီအချိန်မှာ မြက်စားနေတဲ့ နွားကြီး တစ်ကောင်ကို တွေ့တော့....
"ဒီနွားကြီးက မြက်တွေကို အားရပါးရ စားနေပါလား။ငါစားချင်တဲ့မြက်နုတွေ ဘယ်မှာရှိတယ်ဆိုတာသိရ အောင် မေးမြန်းမှဖြစ်မယ်"
နွားလေးဟာ အဲဒီလိုတွေးပြီး အစာစားနေတဲ့ နွားကြီးကို...“အသင်နွားကြီး ကျွန်ုပ်ကိုလည်း စားစရာမြက် ကောင်းများရှိရင် ညွှန်ပြပေးပါ"
နွားလေးရဲ့ အမေးစကားကိုကြားတော့ နွားကြီး က အထူးအဆန်းဖြစ်ပြီး ပြောဆိုလိုက်သတဲ့... "အသင်နွားလေး ကျွန်ုပ်စားနေတာ မြက်ကောင်းတွေ မဟုတ်လား၊ အသင်နွားလေးလည်း စားနိုင်ပါတယ်"
နွားလေးဟာ နွားကြီးစကားကိုကြားပြီး မြက်ပင်တွေကို ကြည့်လိုက်တာပေါ့။ ဒါပေမယ့် နွားလေးဟာ သူစားနေကျ မြက်နုတွေ မဟုတ်ပဲ မြက်ကြမ်းတွေ ဖြစ်နေလို့ မစားနိုင်ပဲ ဖြစ်နေသတဲ့။
"အသင်နွားကြီး ကျွန်ုပ် နေ့စဉ်စားနေကျ မြက်ဟာ အလွန်အရသာရှိတဲ့ မြက်နုတွေ ဖြစ်ပါတယ်။ ယခုတွေ့ရတဲ့ မြက်တွေဟာ မြက်ကြမ်းတွေဖြစ်လို့ မစားနိုင်ပါ” လို့ ပြောပြလိုက်တာပေါ့။
ဒီတော့ နွားကြီးက... “ အသင်နွားလေး အသင့်စကားအတိုင်း အသင်ဟာ သခင်ဖြစ်သူ ရှာဖွေကျွေးမွေးတဲ့မြက်နုကိုသာ စားနေကျဖြစ်နိုင်တယ်။ အသင်ဗိုက်ဝဖို့အတွက်သာ အရေးကြီးလို့ မြက်နုမြက်ကြမ်း မရွေးသင့်ပါ” လို့ပြောဆိုတာပေါ့ကွယ်။
ဒီတော့ နွားလေးက... "အသင်နွားကြီး ကျွန်ုပ်စားနေကျမြက်နုမဟုတ်လို့ မစားလိုပါ” ဟုပြောဆိုကာမြက်နုများကို စားသောက်ဖို့ ဆက်ပြီးရှာဖွေတာပေါ့ကွယ်။
နွားလေးဟာ မြက်နုတွေကို ရှာဖွေရင်း ချောင်းစပ်ကို ရောက်ရှိသွားသတဲ့။ ချောင်းစပ်မှာ ပေါက်နေတဲ့ မြက်တွေကို တွေ့ရလို့ဝမ်းသာအားရနဲ့ သွားကြည့်တာပေါ့။ ဒါပေမယ့် နွားလေးဟာ သူကြိုက်တဲ့ မြက်နုတွေ မဟုတ်လို့ စားဖို့ ခက်သွားသတဲ့။
အဲဒီအချိန်မှာ ချောင်းစပ်မှာရှိတဲ့ သစ်ပင်ကြီးပေါ် မှာ နေထိုင်တဲ့ ဗျိုင်းတစ်ကောင်ဟာ နွားလေးမြက်တွေကို တွေ့ပြီး မစားပဲနေတာကို တွေ့ရှိလို့ အံ့ဩနေတာပေါ့။ အဲဒါကြောင့် နွားလေးကို မေးမြန်းလိုက်သတဲ့။
“အသင်နွားလေး မြက်တွေကို တွေ့ရှိပါလျက်နဲ့ အဘယ့်ကြောင့် မစားပဲ ကြည့်ရှုနေပါသလဲ။ အခြားနွားတွေကအသင့်လို မဟုတ်ပါ။ ချောင်းစပ်နားက မြက်တွေကို တွေ့ရှိလျှင် ပျော်ရွှင်စွာ စားသောက်နေတာကို တွေ့ရပါ တယ်"
ဗျိုင်းရဲ့စကားကို ကြားတော့ နွားလေးက..."အသင်ဗျိုင်းပြောသလို ကျွန်ုပ် ဒီလို ကြမ်းတမ်းတဲ့ မြက်တွေကို မစားနိုင်ပါ။ ကျွန်ုပ်ရဲ့ သခင်ရှာဖွေကျွေးတဲ့ မြက်နုတွေကိုသာ စားသောက်နေကျ ဖြစ်ပါတယ်" လို့ ပြောဆိုလိုက်သတဲ့။
နွားလေးစကားကို ကြားတော့ ဗျိုင်းက..."အသင်နွားလေး အသင့်သခင် ရှာဖွေကျွေးမွေးတဲ့ မြက်နုတွေကိုသာ တောင့်တမနေပါနဲ့။ အသင်နွားလေး ကိုယ်တိုင် မြက်အကြောင်းကို သိရအောင် ဇွဲလုံ့လထားပြီး ရှာဖွေစားသောက်သင့်ပါတယ်” လို့ ပြောဆိုတာပေါ့။
နွားလေးလည်းဗျိုင်းစကားကို ကြားပြီး မြက်နုတွေ စားဖို့ ရှာဖွေသတဲ့။ ဒါပေမယ့် သူကြိုက်တဲ့ မြက်နုတွေ ရှာမတွေ့လို့ မြက်ကြမ်းတွေကိုပဲ ဗိုက်ပြည့်အောင် စားလိုက်ရတော့တာပေါ့။
အဲဒီလိုနဲ့ နွားလေးဟာ သူ့သခင်ပြန်မရောက်ခင် ချောင်းစပ်မှာရှိတဲ့ မြက်တွေကို စားနေရတာပေါ့ကွယ်။ တစ်နေ့ သူ့သခင်ပြန်လာပြီး နွားလေးကို ကြည့်လိုက်တော့ အလွန်ဝဖြိုးနေတာကို တွေ့လိုက်ရသတဲ့။
"နွားလေးဟာငါမရှိတုန်း မြက်နုတွေ မစားရပေမယ့် အခြားမြက်တွေကို ရှာဖွေစားတတ်နေပါလား"...
နွားလေးရဲ့သခင်က အဲဒီလိုတွေးပြီး နွားလေး စားဖို့ မြက်နုတွေကို ရှာဖွေပြီး ကျွေးမွေးတာပေါ့ကွယ်။ နွားလေးလည်းသူ့သခင်ရှာဖွေကျွေးမွေးတဲ့ မြက်နုတွေကို မစားပဲနေတာပေါ့။
နွားလေးရဲ့ အခြေအနေကို ရိပ်စားမိတဲ့ သူ့သခင်က နွားလေးကို အစာရှာဖွေစားဖို့ လယ်ကွင်းထဲကို လွှတ်လိုက်သတဲ့။ နွားလေးလည်း မြက်တွေရှိရာကို အပြေးသွားပြီး ရှာဖွေစားသောက်နေတာပေါ့။ နွားလေးရဲ့ ပြောင်းလဲသွား တဲ့အဖြစ်ကို တွေ့လိုက်ရတဲ့ ဗျိုင်းက မေးမြန်းလိုက်သတဲ့။
"အသင်နွားလေး အသင်ရဲ့သခင် ပြန်လာပြီ မဟုတ်လား၊ အသင့်ရဲ့သခင်ကအသင်ကြိုက်တဲ့မြက်နုတွေကို ရှာဖွေမကျွေးလို့ တခြားမြက်တွေကို လာစားနေတာလား။
ဗျိုင်းလေးရဲ့စကားကို ကြားတော့ နွားလေးက တုံ့ပြန်ပြောဆိုတာပေါ့ကွယ်...“အသင်ဗျိုင်း ကျွန်ုပ်သခင်က ကျွန်ုပ်စားဖို့အတွက် မြက်နုမြက်ကောင်းတွေကို ရှာဖွေကျွေးမွေးပါတယ်။
ဒါပေမယ့် အသင်ဗျိုင်းရဲ့ စကားအတိုင်းကျွန်ုပ်ကိုယ်တိုင် ဇွဲလုံ့လထား ပြီး ရှာဖွေမစားခဲ့ခြင်းကို တွေးမိပြီး အလိုလို ရှက်ရွံ့လာမိပါတယ်။ယခုအချိန်ကစပြီး ကျွန်ုပ်ကိုယ်တိုင် မြက်များကို ရှာဖွေစားသောက်တော့မှာ ဖြစ်ပါတယ်"
နွားလေးစကားကိုကြားလျှင် ဗျိုင်းက...."နွားလေးဟာ ငါရဲ့ စေတနာစကားကို လိုက်နာတာကြောင့် ငါ့ရဲ့ မိတ်ဆွေဖြစ်ချေပြီ” လို့တွေးကာ နွားလေး အစာရှာဖွေတိုင်း နွားလေးကျောပေါ်မှာ လိုက်ပါတာပေါ့ ကွယ်။
နွားလေးလည်း မိတ်ဆွေစစ်ဖြစ်တဲ့ ဗျိုင်းလေးနဲ့အတူ လယ်ကွင်းထဲမှာ ပျော်ရွှင်စွာ အစာရှာဖွေ စားသောက်နေ တာပေါ့ကွယ်.............။
ဒီပုံပြင်လေးကနေ အတွေးတစ်ခုခု ရနိုင်မယ်လို့ မျှော်လင့်ပါတယ်။
with respect - credit - မူရင်းရေးသားသူ

.

image

ဒီငှက်လေးက နှစ်ကောင်တွဲလေး တွေ့ရတာ များတယ်။ တခါတလေ အဖွဲ့လိုက်ပဲ။ ဒါပေမယ့် ကျွန်တော်နဲ့ ဆုံဖြစ်တိုင်း အပင် အရမ်းမြင့်တာနဲ့၊ အမှောင်ထဲရောက်နေတာနဲ့ ၊ သစ်ကိုင်းမရှင်းတာနဲ့ အမြဲလိုလို အမှတ်တရ ရှိတဲ့ ငှက်ပါ။ နောက်တစ်ခါထပ်တွေ့မှ ဓါတ်ပုံမှတ်တမ်း ကောင်းကောင်းလေး ရိုက်နိုင်အောင် ကြိုးစားပါဦးမယ် .... ❤️❤️❤️
ID - Black-and-red broadbill
မြန်မာအမည် - ငှက်ဆက်နီ

image

မနက်ခင်းမှာ အစာမရှိဘဲ ကော်ဖီမသောက်သင့်တဲ့အကြောင်းအရင်း
တချို့လူတွေက မနက်ခင်းအိပ်ရာထတာနဲ့ ကော်ဖီတစ်ခွက်သောက်လိုက်ရမှ တစ်နေ့တာကို တက်ကြွလန်းဆန်းစွာနဲ့ ဖြတ်သန်းနိုင်ကြပါတယ်။ ကော်ဖီသောက်တာက ကောင်းကျိုးတွေရှိပေမဲ့လည်း အစာမရှိဘဲကော်ဖီသောက်မယ်ဆိုရင်တော့ ကောင်းကျိုးထက် ဆိုးကျိုးဖြစ်သွားနိုင်ပါတယ်။
အစာမရှိဘဲ ကော်ဖီသောက်ရင် ဘာတွေဖြစ်မလဲ?
ကော်ဖီက အကျိုးကျေးဇူးတွေရှိတာကြောင့် မနက်ခင်းကို ကော်ဖီတစ်ခွက်နဲ့စတင်တာ ဘာမှမဖြစ်ပေမဲ့ အစာမရှိဘဲသောက်ရင်တော့ အစာခြေစနစ်ကို ပြင်းပြင်းထန်ထန်ထိခိုက်စေပါတယ်။ ဒီကဖင်းဓာတ်ပါတဲ့အရည်က အစာအိမ်ထဲမှာ အက်ဆစ်ဓာတ်ကို ထုတ်လွှင့်ပေးနိုင်ပါတယ်။ အစာအိမ်ထဲမှာ အစာမရှိတာကြောင့် အဲဒီအက်ဆစ်ဓာတ်တွေက အစာအိမ်လမ်းကြောင်းကို ပျက်စီးစေနိုင်သလို အစာမကြေတာ၊ ရင်ပူရင်ဆာဖြစ်တာတွေလည်း ဖြစ်လာနိုင်ပါတယ်။
“မနက်ခင်းပိုင်းမှာ ဘလက်ခ်ကော်ဖီသောက်ရင် အက်ဆစ်ဓာတ်တွေက ပိုဆိုးရွားလာနိုင်ပါတယ်။ ဒါပေမဲ့ သကြား၊နွားနို့ပါတဲ့ ကော်ဖီကို သောက်ရင်တော့ အဲဒီလောက် မဆိုးရွားပါဘူး။ပမာဏကန့်သတ်ပြီး သောက်သုံးဖို့လိုပါတယ်” လို့ Apollo Hospital က အာဟာပညာရှင် ဒေါက်တာ ပရိရန်ကာ ရိုတာဂျီ (Priyanka Rohtagi) ကပြောပါတယ်။
သင်ဟာ အစာအိမ်အချဉ်ပေါက်တဲ့ပြဿနာကြုံရပြီးဆိုရင် အစာမရှိဘဲ ကော်ဖီသောက်တာကို ရှောင်တာအကောင်းဆုံးဖြစ်ပြီး မနက်ခင်းကော်ဖီမသောက်ခင် ဘီစကစ်ကို စားထားလို့ရကြောင်း၊ ကိုယ်ဝန်ရှိတဲ့သူတွေ၊ ဆေးကုသမှုခံယူနေရတဲ့သူတွေ ဖြစ်နိုင်ရင် မနက်ခင်းကဖီးဓာတ်သောက်သုံးမှုပမာဏကို ရှောင်ရှားဖို့ ကြိုးစားသင့်ကြောင်း အာဟာရပညာရှင်က ဆိုထားပါတယ်။
တချို့လူတွေက ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်းမလုပ်ခင် မနက်ခင်းပိုင်းမှာ ကော်ဖီတစ်ခွက်သောက်ကြပါတယ်။ ဒါကလည်း ကျန်းမာရေးအတွက် ဆိုးကျိုးရှိနိုင်ပါတယ်။ ကော်ဖီကို ရံဖန်ရံခါသောက်တဲ့သူဆိုရင် ရေဓာတ်ကုန်ခန်းတာတွေဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။ သင့်ခန္ဓာကိုယ်က ကြွက်တက်တာ၊ ရင်ပူရင်ဆာဖြစ်တာတွေဖြစ်လာရင်တော့ လေ့ကျင့်ခန်းမလုပ်ခင် ကော်ဖီသောက်တာကို ရှောင်သင့်ပါတယ်။
“ပုံမှန်ဆိုရင် ကော်ဖီခွက်က (၁၂၀) မီလီလီတာ (သို့) (၁၅၀) မီလီလီတာ အရွယ်အစားဖြစ်သင့်ပါတယ်။ ဒါပေမဲ့ အခုနောက်ပိုင်းမှာ (၂၅၀) မီလီလီတာဆန့်တဲ့ ကော်ဖီခွက်ကို သုံးလာကြပါတယ်” လို့ ဒေါက်တာပရိရန်ကာက ပြောပါတယ်။
ကော်ဖီက သင့်ကို စိတ်တက်ကြွလန်းဆန်းအောင် လုပ်ပေးတာမှန်ပေမဲ့ အစာမရှိဘဲ သောက်သုံးတာက ကောင်းတဲ့အရာတော့မဟုတ်ပါဘူး။ ဒါပေမဲ့ သင်က အချိန်အကြာကြီး ကော်ဖီသောက်လာတဲ့သူ၊ ကော်ဖီသောက်တာ အဆင်ပြေတဲ့သူဆိုရင် ကော်ဖီဆက်သောက်လို့ရနိုင်ပါတယ်။ ဒါပေမဲ့ တစ်နေ့ကို ကော်ဖီ (၂) ခွက်သာ သောက်သုံးပေးသင့်ပါတယ်နော်။

image

#ပိန္နဲသီးဆူးပုတ်ချက်

ပိန္နဲသီးကို ဆား နနွင်း ငပိ အားလုံးနဲနဲဆီပါရုံ ထည့်ပြီး ရေထည့်နူးအောင်တည်ပါ နူးလာရင် ကြက်သွန်ဖြူ လိုသလောက်ထောင်းထည့် ဆီ အနံ့ပါတယ်ဆိုရုံလေး ထည့် ပြန်အုပ်ထားပါ ရေနည်းနည်းကျန်ရင် ငါးနီတူခြောက်ထည့် နူးရင် ဆူးပုတ်ရွက်ထည့်ပါ
ငရုပ်ကြမ်းမှုန့် ငရုပ်သီးစိမ်း ကြိုက်ရင် ထည့်လို့ရပါတယ်

image
20 w - Translate

⚠️ အသက်အန္တရာယ်ရှိသော အဆိပ်ပြင်းအသီးများ ⚠️
ကမ္ဘာပေါ်မှာ "အလှပေါ် Dote" တွေ ရှိတယ်ဆိုတာ ဒီအသီးတွေကို ကြည့်ရင် သိနိုင်ပါတယ်။ ပုံပန်းသဏ္ဍာန်က ဆွဲဆောင်မှုရှိပြီး စားချင်စဖွယ်ဖြစ်နေပေမယ့် လုံးဝမစားသင့်တဲ့၊ အသက်အန္တရာယ်ရှိနိုင်တဲ့ အဆိပ်ပြင်းအသီး (၂) မျိုးအကြောင်း ဗဟုသုတအနေနဲ့ ဝေမျှပေးချင်ပါတယ်။
၁။ Manchineel (မန်ချီနီးလ်) အသီး 🍎
ဒါကို "သေမင်း၏ ပန်းသီးငယ်" (Little Apple of Death) လို့တောင် တင်စားခေါ်ဝေါ်ကြပါတယ်။ ဂင်းနစ်မှတ်တမ်းမှာ ကမ္ဘာ့အန္တရာယ်အရှိဆုံးအပင်အဖြစ် စာရင်းသွင်းခံထားရပါတယ်။
အန္တရာယ်: ဒီအပင်က အသီး၊ အရွက်၊ အကိုင်းအခက်၊ ပင်စည်ကထွက်တဲ့အစေး အားလုံး အဆိပ်ပြင်းပါတယ်။
ဘာဖြစ်နိုင်လဲ: အသီးကိုစားမိရင် ပါးစပ်၊ လည်ချောင်းနဲ့ အစာမျိုပြွန်တွေမှာ ပြင်းထန်စွာလောင်ကျွမ်းပြီး အသက်သေဆုံးနိုင်တဲ့အထိ အန္တရာယ်ရှိပါတယ်။ ပန်းသီးစိမ်းလေးနဲ့ အရမ်းတူပေမယ့် လုံးဝယောင်မှားပြီးတောင် မစားမိပါစေနဲ့။
၂။ Yew (ကျောက်တညူ) အသီး 🔴
Yew ပင်က အသီးနီနီရဲရဲလေးတွေဟာ အလွန်ဆွဲဆောင်မှုရှိပါတယ်။
အန္တရာယ်: အသီးရဲ့ အပြင်ဘက် အနီရောင်အသားလွှာက အဆိပ်မရှိပေမယ့်၊ အထဲမှာရှိတဲ့ အစေ့ ကတော့ Taxine (တက်ဆင်) လို့ခေါ်တဲ့ အလွန်ပြင်းထန်တဲ့ အဆိပ်တွေ ပါဝင်ပါတယ်။
ဘာဖြစ်နိုင်လဲ: ကလေးတွေက ချိုချိုလေးမို့ စားမိပြီး အစေ့ကို ဝါးစားမိရင် နှလုံးခုန်နှုန်းမမှန်ခြင်း၊ အသက်ရှူရခက်ခဲခြင်းတွေဖြစ်စေပြီး အချိန်တိုအတွင်း အသက်ဆုံးရှုံးနိုင်ပါတယ်။
🚫 အရေးကြီးသတိပေးချက်: 🚫
တောထဲတောင်ထဲသွားရင်းဖြစ်စေ၊ နိုင်ငံရပ်ခြားရောက်နေချိန်ဖြစ်စေ ကိုယ်မသိတဲ့၊ မမြင်ဖူးတဲ့ အသီးအနှံ၊ အပင်တွေကို "လုံးဝ" မမြည်းစမ်းပါနဲ့။

image
20 w - Translate

ဆန်ရေဆိုတာလည်း ရှိပါတယ်
--------------------------------
ရပ်ကွက်ထဲမှာ ပိုက်ဆံရှိတဲ့ လူကြီးတစ်ယောက်က အလှူတစ်ခု လုပ်ပါတယ်။ သူ့ရဲ့ အလှူကတော့ မရှိဆင်းရဲသား ကလေးသူငယ်တွေကို ထမင်းကျွေးတာပေါ့။
ကလေးတွေ အများကြီး လာစားကြပါတယ်။ ဝ,က်သားဟင်းနဲ့ ချဉ်ရည်ဟင်းရယ် ငါးပိရည်တစ်ခွက်ရယ်ပါ။
တစ်ယောက်ကို ဟင်းတုံးနှစ်တုံးစီ ထည့်ပေးပါတယ်။ကလေးတွေ အားရပါးရ စားနေကြတာကို လိုက်ကြည့်ကာ အလှူရှင်ကလည်း ပီတိဖြစ်နေတာပေါ့။
အဲဒီလိုလိုက်ကြည့်တဲ့အခါ ကလေးတစ်ယောက်က ဦးထုပ် မချွတ်ပဲ ထမင်းစား နေတယ်တဲ့။ ပန်းကန်ထဲမှာလည်း ဟင်းတုံးတစ်တုံးမှ မရှိတော့ဘူး။ ချဉ်ရည်ဟင်းလေး ဆမ်းစားနေတာ တွေ့တော့…
" ဟာ ဟိုကောင်တွေ ဒီကလေးကို ဟင်း ထည့်မပေးကြဘူးနဲ့ တူတယ်... ဟေ့…ဒီကိုလာဦး ဟင်းလိုက်တဲ့ တစ်ယောက် "
" ဗျာ…ဆရာ ကျွန်တော် ခုဏကပဲ ဟင်းတုံး နှစ်တုံး ဒီကလေးကို ထည့်ပေးခဲ့သေးတယ် ခု မရှိတော့ဘူးလား...?
အဲဒီအချိန်မှာ ကလေးဆောင်းထားတဲ့ ဦးထုပ်ထဲကနေမျက်နှာပေါ်ကို အရည်တွေလိုလို ဆီတွေလိုလို ကျလာပါတယ်။
အဲဒါနဲ့ လူကြီးက ဦးထုပ်ကို ဆွဲချွတ်လိုက်တော့ ခေါင်းပေါ်မှာ ဝ,က်သားတုံးကြီး နှစ်တုံး တင်ထားပါတယ်။
"ဟင်…မင်း မစားပဲနဲ့ ဒါ ဘာလုပ်တာလဲ....? လူကြီးက မေးလိုက်တော့ ကလေးက ကြော.က်သွားပါတယ်။ သူ့ရဲ့အကြည့်လေးတွေကလည်း အပြစ်ကင်းစင်ပြီး သနားစရာလည်း အရမ်းကောင်းနေပါတယ်။
ပြီးတော့ ကလေးလေးဟာ မျက်ရည်လေးတွေ ဝဲလာတယ်လေ…" ဦးကြီးရယ်…သားကို…မရို-က်ပါနဲ့နော် သား…အမေ့အတွက် ယူသွားချင်လို့ပါ။ အမေက အိပ်ယာထဲမှာ နေလည်း မကောင်းဘူး။ ပြီးတော့ သားကို ဝ,က်သားဟင်းလေး စားချင်တယ်လို့လည်း ပြောပါတယ်။ အမေ ဆာနေမှာမို့ပါ။ သား မစားပဲ အမေ့အတွက် ယူသွားမလို့ပါ။
ကလေးဟာ ခဏနေက မျက်ရည်လေးတွေ ဝဲရုံတင် ဝဲနေပေမယ့် သူပြောချင်တာလေးတွေ ပြောပြီး ငိုပါတော့တယ်။
လူကြီး တော်တော်စိတ်မကောင်း ဖြစ်သွားတယ်လေ။ ရင်ထဲလည်း မကောင်းတော့ပါဘူး။ " အေးပါ သားရယ်…မငိုပါနဲ့တော့နော်.. တိတ်…တိတ် လိမ္မာလိုက်တဲ့ ကလေးပဲ။ အမေကို ချစ်တတ်လိုက်တာ…
သား ထမင်းကို ဝ,က်သားဟင်းနဲ့ပဲ စားနော်…အပြန်ကျ သားအမေအတွက် ဦး ဟင်းတွေ အများကြီး ထည့်ပေးလိုက်မယ်နော်…" အဲဒီလိုလည်း ပြောလိုက်ရော ကလေးလေးဟာ မငိုတော့ပဲ မျက်ရည်တွေ သုတ်လိုက်ပါတယ်။
သား…မကြော,က်နဲ့နော်…ဦးကြီးက မင်းကို ဘာလို့ ရို,က်ရမှာလဲကွ မရို,က်ပါဘူးနော်…
ကဲ…ငါ့တပည့်…ဒီကလေးကို ဟင်းထပ်ထည့် ပေးလိုက်
ပါဦးကွယ်။
သြော်…ငါ့အမေ မရှိတော့လို့ ခုကျေးဇူးတွေ မဆပ်နိုင်တော့ပေမယ့်လည်း မင်းလို ကလေးတစ်ယောက်က အမေကို ချစ်လို့ သူ မစားပဲ အမေ့အတွက်ဆိုပြီး သိမ်းထားတဲ့ မင်းရဲ့လုပ်ရပ်လေးကိုလေ…ဦးလေး ချီးကျူး ဂုဏ်ယူပါတယ်ကွာ…"
မိဘကို ချစ်တတ်သော သားသမီးအလိမ္မာလေးများ ဖြစ်နိုင်ကြပါစေ................။
with respect - credit - မူရင်းရေးသားသူ

image
20 w - Translate

ားချင်တာ မစားရရင်လား၊
မဆော့ရရင်လား 🫵🏼
ဘယ်လိုအချိန်ဖြစ်မလဲ 👀❓

image

သူငယ်ချင်းတွေစုပြီး စီ: ပွါ:ရေးလုပ်သောအခါ

image
20 w - Translate

ခရိုအေးရှားနိုင်ငံရှိ နှင်းထူထပ်တဲ့ ဗီလီဘစ်တောင်တန်းတွင် အသက် ၈ လသာရှိသေးတဲ့ ဒီအလက်စကာ ခွေးလေးကတော့ Grga Brkić လမ်းလျှောက်ထွက်စဉ် ချော်ကျပြီး ပြင်းထန်စွာဒဏ်ရာရှိတဲ့ သခင်ဖြစ်သူအား ဘယ်သောအခါမှမစွန့်ခွာခဲ့ပါဘူး
၁၃ နာရီတိုင်ကြာအောင် သခင်ဖြစ်သူအနား အိပ်နေရင်း ကယ်ဆယ်ရေးသမားများ ရောက်ရှိလာတဲ့အချိန်အထိ ကြာမြင့်စွာ အနွေးဓာတ်ရရှိနိုင်အောင် ခန္ဓာကိုယ်အပူ မျှဝေပေးနေခဲ့ပါတယ်
ကယ်ဆယ်ရေးသမားတွေအနေနဲ့ သူတိုနှစ်ဦးကို တွေ့ရှိချိန် တစ်ယောက်ကိုတစ်ယောက် နှင်းခဲတွေကြား အဖော်ပြုပေးရင် အနွေးဓာတ်မျှဝေကာ သခင်အပေါ် ခွေးလေးရဲ့ သစ္စာတရား၊ ချစ်ခြင်းမေတ္တာတွေကြောင်း အင်တာနတ်အသုံးပြုသူ လူများစွာရဲ့ နှလုံးသားကို အရည်ပျော်စေခဲ့ပါတယ်

image
20 w - Translate

ပန်ဒါနီလေးများ တိရစ္ဆာန်ဥယျာဉ်(ရတနာပုံ) ရောက်ရှိတော့မည်
-----------------------
တိရစ္ဆာန်ဥယျာဥ်(ရတနာပုံ)မှာ အရင်က ထိန်းသိမ်းမွေးမြူ ပြသခဲ့ဖူးတာမရှိတဲ့ ပန်ဒါနီလေးတွေကို မကြာမီ ကာ လအတွင်း မြင်တွေရတော့မှာ ဖြစ်တယ်လို့ တိရစ္ဆာန်ဥယျာဥ်(ရတနာပုံ)က ထုတ်ပြန်ထားပါတယ်။
MAI လေယာဥ်ခရီးစဉ်နဲ့ ပန်ဒါနီလေးတွေကို မြစ်ကြီးနားကနေ တိရစ္ဆာန်ဥယျာဥ်(ရန်ကုန်)ကို ခေါ်ဆောင်လာနေ ပြီဖြစ်ပြီး တိရစ္ဆာန်ဥယျာဥ်(ရန်ကုန်)ကတစ်ဆင့် တိရစ္ဆာန်ဥယျာဥ်(ရတနာပုံ)ကို ဂရုတစိုက် ပြန်လည်ခေါ်ဆောင် သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
ပန်ဒါနီလေးတွေဟာ မျိုးသုဥ်းမဲ့အန္တရာယ်နဲ့ ရင်ဆိုင်နေရတဲ့ ကမ္ဘာပေါ်ရှိ ရှားပါးမျိုးစိတ်တွေထဲကမှ တစ်ခုအပါ အဝင်ဖြစ်ပြီး တိရစ္ဆာန်ဥယျာဥ်တွေမှာ ပန်ဒါနီလေးတွေကို ထိန်းသိမ်းစောင့်ရှောက်ပြီး ပြသထားတာဟာ ပန်ဒါနီ လေးတွေအတွက် မျိုးဆက်ထိန်းသိမ်းတာ၊ သားဖောက်တာနဲ့ မျိုးသုဥ်းတဲ့ ဘေးအန္တရာယ်ကနေ ကာကွယ်နိုင်ဖို့ စတဲ့ ရည်ရွယ်ချက်ကြောင့် ဖြစ်တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ပန်ဒါနီလေးတွေဟာ အအေးပိုင်းဒေသကလာပြီး အေးချမ်းမှုကို ကြိုက်နှစ်သက်တဲ့ အကောင်ငယ်လေးတွေ ဖြစ်တဲ့ အတွက် တိရစ္ဆာန်ဥယျာဥ်(ရတနာပုံ)မှာ ထားရှိရာမှာလည်း အဆင်ပြေပြေ၊ သက်သောင့်သက်သာနဲ့ အေးချမ်းစွာ နေထိုင်နိုင်ဖို့အတွက် သီးသန့် ပန်ဒါနီအိမ်လေးတွေကို သေသေချာချာ ပြင်ဆင်ထားတယ်လို့ ဆိုပါတယ်။
သဘာဝအခြေအနေကြားထဲမှာ အခက်အခဲတွေကို ရင်ဆိုင်နေရတဲ့ အလွန်ချစ်စဖွယ်ကောင်းတဲ့ ပန်ဒါနီလေးတွေ တိရစ္ဆာန်ဥယျာဥ်(ရတနာပုံ)ကို မကြာမီ ရောက်ရှိမှာ ဖြစ်တာကြောင့် ကိုယ်တိုင်မြင်တွေ့လိုသူတွေအနေနဲ့ တိရစ္တာန်ဥယျာဥ်(ရတနာပုံ)ကို လာရောက်လည်ပတ်ရင်း ကြည့်ရှုဖို့ကိုလည်း ဖိတ်ခေါ်ထားပါတယ်။

image