အိန္ဒိယရူပီး သန်းပေါင်း ၂၀ ကျော်တန်ဖိုးရှိ ငလျင်အပြီး အဆောက်အအုံများစစ်ဆေးရန် အသုံးပြုမည့်ကိရိယာများ မြန်မာကို အိန္ဒိယက ထောက်ပံ့

အိန္ဒိယသမ္မတနိုင်ငံမှ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်သို့ ပေးပို့လှူဒါန်းသည့် ငလျင်အပြီး အဆောက်အအုံများ စစ်ဆေးရန် အသုံးပြုမည့်ကိရိယာများ လွှဲပြောင်းပေးအပ်ပွဲကို ယမန်နေ့ က ရန်ကုန်မြို့တွင် ကျင်းပခဲ့ကြောင်း သိရသည်။

လှူဒါန်းသည့်ပစ္စည်း ၁၁ မျိုးပါဝင်ပြီး တန်ဖိုးအားဖြင့် အိန္ဒိယရူပီး သန်းပေါင်း ၂၀ ကျော်ဖြစ်ပြီး မြန်မာငွေတန်ဖိုးအနေဖြင့်ကျပ်သိန်းပေါင်း တစ်သောင်းကျော် တန်ဖိုးရှိကြောင်း မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းဥက္ကဋ္ဌ ဦးခင်မောင်ဌေးက ပြောကြားခဲ့ကြောင်း သိရသည်။

အဆောက်အအုံစစ်ဆေးခြင်းအတွက် စက်ပစ္စည်းအသုံးပြုမှုနည်းပညာဆိုင်ရာများကို ရှင်းလင်းတင်ပြပြီး ပစ္စည်းကိရိယာများနှင့် စာရွက်စာတမ်းများကို မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီးက မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းချုပ်ဥက္ကဋ္ဌထံ လွှဲပြောင်းပေးအပ်ခဲ့ခြင်းလည်း ဖြစ်သည်။

ယင်းသို့ လှူဒါန်းသည့် စက်ယန္တရားနှင့် ပစ္စည်းကိရိယာများတွင် မြေကြီးထိုးဖောက်စစ်ဆေးရေး ရေဒါစက် (Ground Penetr-ation Radar)၊ Lidar စကန်နာပါသော တက်ပလက် (Tablet / iPad with Lidar Scanner)၊ လေဗယ်တိုင်းတာရေး လေဆာစက် (Levelling Laser)၊ ဒစ်ဂျစ်တယ်ရေညှိတန်းတိုင်းကိရိယာ (၁ မီတာ) ( Digital Spirit Level 1M Length)၊ အတိုင်းအတာတိုင်း ကိရိယာ (Vernier Clipper)၊ အကွာအဝေးတိုင်းတာရေး လေဆာစက် အများဆုံးအကွာအဝေး(Distance Laser Max)၊ ကွန်ကရစ်ခိုင်ခံ့မှုစမ်းသပ်ဟမ်မာ (Rebound Hammer)၊ တိုင်းတာရေးစက် (Total Station)၊ ကွန်ပျူတာ (Computer)နှင့် ဆက်စပ်ပစ္စည်းများ ပါဝင်ပြီး ဘေးအန္တရာယ်မတိုင်မီနှင့် ဘေးအန္တရာယ်ဖြစ်ပွားပြီးနောက် အဆောက်အအုံအကဲဖြတ်ခြင်းများအတွက် အသုံးပြုနိုင်သည့် စက်ယန္တရားနှင့် ပစ္စည်းကိရိယာများဖြစ်ကြောင်း သိရသည်။

image

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ပြည်သူ့လွှတ်တော်မှ တင်သွင်းသည့် ဒုတိယသမ္မတဖြစ်

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၏ဆန္ဒမဲလက်မှတ်ဖြင့် လျှို့ဝှက်ဆန္ဒမဲပေးရာ ဆန္ဒမဲလက်မှတ် ၂၆၀ တွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှ ဆန္ဒမဲ ၂၄၇ မဲ ၊ ဒေါက်တာကျော်ဆွေမှ ဆန္ဒမဲ ၁၀ မဲ၊ ပယ်မဲ ၃ မဲဖြင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ပြည်သူ့လွှတ်‌‌တော်မှတင်သွင်းသည့် ဒုတိယ သမ္မတဖြစ်လာသည်။

image

ဘားအံ ပြည်နယ်အမတ် ဒေါ်နန်းနီနီအေး အမျိုးသားလွှတ်‌တော်မှ ရွေးချယ်သည့် ဒုတိယသမ္မတ ဖြစ်လာ

ယနေ့ နံနက်ပိုင်းကျင်းပသည့် အမျိုးသားလွှတ်တော် အစ ည်းအဝေးတွင် သမ္မတလောင်း အမည်စာရင်းတင်သွင်းထားသည့် (၂) ဦးအား မဲပေးရွေးချယ်ကြရာ ကရင်ပြည်နယ် ပြ ည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌလည်းဖြစ် ဘားအံမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်သည့် နန်းနီနီအေးသည် အမျိုးသားလွှတ်တော်က ရွေးချယ်သည့် ဒုတိယသမ္မတ ဖြစ်လာသည်။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များက မဲလက်မှတ်ဖြင့် လျှို့ဝှက်ရွေးချယ်ကြရာ ဒေါ်နန်းနီနီအေးက (၁၁၇) မဲ ဖြင့် ဒုသမ္မတရွေးချယ်တင်မြောက်ခံရကြောင်း သိရသည်

image

သင်္ကြန်ကာလ ခရီးသွားများအတွက် ယာဉ်လိုင်းများ ဈေးမတိုးရန် ညွှန်ကြား

သင်္ကြန်ကာလအတွင်း ခရီးသွားပြည်သူများ လိုရာခရီးသို့ အဆင်ပြေချောမွေ့စွာ သွားလာနိုင်ရေးအတွက် ယာဉ်လိုင်းများအား လက်မှတ်ဝယ်ယူမှု အဆင်ပြေစေရန်နှင့် ယာဉ်စီးခပိုမိုတောင်းခံခြင်း မပြုလုပ်ရန် ညွှန်ကြားထားပြီးဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC) ၏ ပြောကြားချက်အရ သင်္ကြန်ကာလအတွင်း ယာဉ်လိုင်းများအား သတ်မှတ်ထားသောနှုန်းထားအတိုင်း သင့်တင့်မျှတစွာ လက်မှတ်ရောင်းချရန်၊ သတ်မှတ်ခရီးစဉ်များအတိုင်း အချိန်မှန် ပြေးဆွဲရန်တို့ကို ညွှန်ကြားထားကြောင်း သိရသည်။

ထို့ပြင် အများပြည်သူသယ်ယူပို့ဆောင်ရေးယာဉ်များအတွက် စက်သုံးဆီလုံလောက်စေရန် စီမံထားပြီးဖြစ်သဖြင့် ခရီးသွားပြည်သူများ မစိုးရိမ်ကြရန်လည်း ပြောကြားထားသည်။

အောင်မင်္ဂလာအဝေးပြေးဝင်းတွင် ယာဉ်လိုင်း ၂၁၅ လိုင်း၊ ယာဉ်အစီးရေ ၁၅၆၆ စီးရှိပြီး ဒဂုံ-ဧရာအဝေးပြေးဝင်းတွင် ယာဉ်လိုင်း ၁၀၃ လိုင်း၊ ယာဉ်အစီးရေ ၇၂၄ စီးဖြင့် ပြေးဆွဲလျက်ရှိကြောင်း သိရသည်။

သင်္ကြန်ကာလအတွင်း ယာဉ်ပျ-က်စီးမှုများ သို့မဟုတ် မမျှော်မှန်းနိုင်သော ဖြစ်စဉ်များ ဖြစ်ပေါ်ပါက အရန်ယာဉ်များ အသုံးပြုနိုင်ရန် အလှည့်ကျစနစ်ဖြင့် စီစဉ်ထားပြီး ခရီးသည်ဦးရေ တိုးလာပါက ယာဉ်များ ထပ်မံတိုးချဲ့ ပြေးဆွဲနိုင်ရန် စီမံထားကြောင်းလည်း သိရသည်။

ထို့ပြင် မြို့တွင်း YBS ယာဉ်များကိုလည်း သင်္ကြန်ပွဲတော်ကာလ ဧပြီလ ၁၃ ရက်မှ ၁၆ ရက်အထိ ပုံမှန်ယာဉ်စီးခနှုန်းထားဖြင့် ယာဉ်လိုင်း ၇၁ လိုင်း၊ ယာဉ်အစီးရေ ၁၁၇၆ စီးဖြင့် ပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။

သင်္ကြန်ကာလအတွင်း ခရီးသွားပြည်သူများ အဆင်ပြေစေရန်နှင့် ယာဉ်မတော်တဆမှုများ မဖြစ်ပေါ်စေရန်၊ ယာဉ်များ စနစ်တကျ ပြေးဆွဲနိုင်ရန် အာဏာပိုင်များက ကြပ်မတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း YRTC မှ ထုတ်ပြန်ထားသည်။

image

CEIR စနစ်သည် အသုံးပြုနေသော ဆင်းကတ်နှင့် မသက်ဆိုင်ဘဲ ဖုန်းကိုသာ မှတ်ပုံတင်ခြင်း ဖြစ်

ပြည်တွင်း၌ မိုဘိုင်းဖုန်းများကို အခွန်ကောက်နိုင်ရန် ဗဟိုမိုဘိုင်းစက်ပစ္စည်း သက်သေခံမှတ်ပုံတင်စနစ် (Central Equipment Identity Register- CEIR)ကို စတင်ကျင့်သုံးသည့် စနစ်သည် လက်ရှိအသုံးပြုနေသော ဆင်းကတ်နှင့် မသက်ဆိုင်ဘဲ ဖုန်းကိုသာ မှတ်ပုံတင်ခြင်း ဖြစ်သည်ဟု အော်ပရေတာတွင် လုပ်ဆောင်နေသူများက ပြောသည်။

“အဓိကကတော့ အခု ကိုယ်သုံးနေတဲ့ ဖုန်းမှာ ဆင်းကတ်နှစ်နေရာစာရှိတယ်၊ ကိုယ်ကလည်း ဆင်းကတ်နှစ်ခုစလုံးကို လက်ရှိသုံးစွဲနေတယ်ဆို အစိုးရရဲ့ မှတ်ပုံတင်စနစ်ထဲမှာ အော်တိုမှတ်ပုံတင်ပြီးသားဖြစ်တယ်” ဟု ဖုန်းအော်ပရေတာလုပ်ငန်းလုပ်ဆောင်နေသူတစ်ဦးက ပေါ်ပြူလာကို ပြောသည်။

ယနေ့သည် အသုံးပြုနေသော ဖုန်းများ၏ IMEI ကို နောက်ဆုံး မှတ်ပုံတင်ရမည့် နေ့ဖြစ်သောကြောင့်လည်း ရနိကုန်မြို့ရှိ ဆင်းကတ်အရောင်းဆိုင်များတွင် တန်းစီဝယ်ယူသူလည်းများပြားနေသည်။

“တကယ်လို့ ကိုယ့်ဖုန်းမှာ ကိုယ်က SIM card slot ၂ နေရာမှာ ဒီကိုယ်သုံးနေတဲ့ ဆင်းကတ်နံပတ်ကိုပဲ စွဲစွဲမြဲမြဲသုံးတယ်ဆိုလည်း အဲဒိဆင်းကတ်ထည့်ထားတဲ့ slot က auto မှတ်ပုံတင်ပြီးသားဖြစ်နေမှာပါ၊ ဒါပေမယ့် နောက်ပိုင်းမှာကိုယ်က အကြောင်းအမျိုးမျိုးကြောင့် နောက်ဆင်းကတ်တခုကိုပါ ကိုယ့်ဖုန်းထဲက နောက် slot တခုမှာ ထည့်သုံးချင်တယ်ဆို မရတော့ဘူး၊ အခွန်ပြန်ဆောင်ပြီးမှ အဲ slot ကို သုံးလို့ရမယ်၊ အဲသဘောပဲ၊ အဲတော့ ကိုယ့်ဖုန်းမှာ ဆင်းကတ်နှစ်နေရာစာရှိတယ်ဆို ကိုယ့်မှာလည်း ဆင်းကတ်တခုပဲရှိတယ်ဆို လွတ်နေတဲ့ တနေရာအတွက် တခြားဆင်းကတ်တခုခုကို နှစ်နာရီလောက်ထည့်ထားပြီး ဖုန်းအဝင်အထွက် ပြောပေးလိုက်ရင်လည်း ဖုန်းမှတ်ပုံတင်ပြီးသား ဖြစ်တယ်” ဟု သူက ပေါ်ပြူလာကို ပြောသည်။

ထို့အတူ e sim နှင့် ပက်သက်၍လည်း “ဖုန်းတချို့မှာက Physical sim နဲ့ e simဆိုပြီး ရှိတတ်တယ်၊ ကိုယ်က physical sim ပဲသုံးနေကြဆို ကိစ္စမရှိဘူး၊ ဒီတိုင်းဆက်သုံးသွားလို့ရတယ်၊ နောက်ပိုင်း e sim ကို ပြောင်းသုံးချင်တယ်ဆို အခွန်ဆောင်ရမယ်ပေါ့နော်၊ အဲတော့ e sim အတွက်ပါ ဖုန်းကို မှတ်ပုံတင်ချင်ရင် ကိုယ်အခုသုံးနေတဲ့ ကတ်ကို သက်ဆိုင်တဲ့ sim application မှာe sim ပြောင်းလိုက်ပြီး မှတ်ပုံတင်ထားပြီးသားဖြစ်တယ်” ဟု ၄င်းက ဆက်လက်ပြောကြားသည်။

ထို့ကြောင့် e-sim ကို မဖြစ်မနေပြောင်းရန် မလိုအပ်ဘဲ မိမိစိတ်ဆန္ဒနှင့်သာ ဆိုင်မည်ဖြစ်ကာ မိမိက အခုဖုန်းတွင် ဆင်းကတ်နှစ်နေရာအတွက် ဆင်းကတ်နှစ်ခုသုံးနေပါကလည်း အဆင်ပြေမည်ဖြစ်သည်။

ထို့အတူ e-sim မပြောင်းဘဲ မိမိအခုသုံးနေသည့် Physical sim ကိုသာ ဆက်လက်အသုံးပြုပါကလည်း ရမည်ဖြစ်ပြီး နောက်ပိုင်း မိမိက e sim အသုံးပြုချင်ပါမှသာ အခွန်ပေးဆောင်ရမည် ဖြစ်သည်။

မိမိ၏ ဖုန်း မှတ်ပုံတင်ခြင်းရှိမရှိ စစ်ဆေးလိုပါက CEIR ဝက်ဘ်ဆိုဒ်မှာ ဂဏန်း ၁၅ လုံး ရှိတဲ့ မိုဘိုင်းဖုန်းရဲ့ မူရင်းအမှတ်အသား (IMEI) ကို ရိုက်ထည့်၍ စစ်ဆေးနိုင်သည်ဟုလည်း သိရသည်။

image

ဧပြီလအားလပ်ရက်များအတွက် တရုတ်လေကြောင်းခရီးစဉ် ကြိုတင်မှာယူမှု ၂၀ ရာခိုင်နှုန်း မြင့်တက်

မတ်လ ၃၁ ရက်

စက်သုံးဆီဈေးနှုန်း မြင့်တက်မှုကြောင့် လေယာဉ်လက်မှတ်ခများ ပိုမိုဈေးကြီးနေသော်လည်း ယခုသီတင်းပတ်ကုန်တွင် စတင်မည့် နှစ်ပတ်လည် ချင်းမင်းပွဲတော် အားလပ်ရက်အတွက် တရုတ်နိုင်ငံ၏ လေကြောင်းခရီးစဉ် ကြိုတင်မှာယူမှုများသည် ယခင်နှစ်ထက် ၂၀ ရာခိုင်နှုန်း မြင့်တက်လာကြောင်း သိရသည်။

တရုတ်နိုင်ငံပိုင်ရုပ်သံ CCTV ၏ ဖော်ပြချက်အရ ကြာသပတေးနေ့အထိ အားလပ်ရက်ခရီးစဉ်အတွက် လေယာဉ်လက်မှတ် ကြိုတင်မှာယူမှုပေါင်း ၂.၀၄ သန်း ရှိခဲ့ပြီဖြစ်ကြောင်း TravelSky Technology မှ အချက်အလက်များကို ကိုးကား၍ ဖော်ပြထားသည်။ ထို့ပြင် နိုင်ငံတကာခရီးစဉ် (အဝင်/အထွက်) ကြိုတင်မှာယူမှုမှာ ၆၀၀,၀၀၀ ရှိပြီး ယခင်နှစ်ထက် ၁၂ ရာခိုင်နှုန်း မြင့်တက်လာခြင်း ဖြစ်သည်။

တရုတ်နိုင်ငံရှိ အခြေခံပညာကျောင်းအများစု၏ နွေဦးအားလပ်ရက်များသည် ဧပြီလ ၁ ရက် နေ့မှ ၃ ရက် နေ့အထိရှိပြီး ဧပြီလ ၄ ရက် နေ့မှ ၆ ရက် နေ့အထိရှိသော အစိုးရရုံးပိတ်ရက်များနှင့် ဆက်နေသဖြင့် အားလပ်ရက် ပိုမိုရှည်လျားသွားခြင်း ဖြစ်သည်။ ထို့ကြောင့် မတ်လ ၃၁ ရက် နေ့မှ ဧပြီလ ၁ ရက် နေ့အတွင်း ခရီးသွားမည့်သူဦးရေမှာ ယခင်နှစ်ရက်ထက် ၁.၆ ဆခန့် ပိုမိုများပြားလာသည်။ ချင်းမင်းပွဲတော် သို့မဟုတ် သင်္ချိုင်းကန်တော့ပွဲသည် ဘိုးဘွားမိဘများကို ကန်တော့သည့် ရိုးရာဓလေ့တစ်ခု ဖြစ်ပေသည်။

ယခုနှစ်တွင် လေကြောင်းလိုင်းများက လစဉ် ၅ ရက်နေ့တိုင်း ပြင်ဆင်လေ့ရှိသော ပြည်တွင်းလေကြောင်းလိုင်း စက်သုံးဆီအပိုဆောင်းခ ကို ဧပြီလ ၅ ရက်နေ့တွင် ထပ်မံတိုးမြှင့်မည်ဟု ကြေညာထားသည်။ ထို့ကြောင့် ခရီးဝေးသွားလာမည့်သူများအတွက် ယခု ချင်းမင်းအားလပ်ရက်သည် ဈေးနှုန်းသက်သာစွာ သွားလာနိုင်မည့် နောက်ဆုံးအချိန် ဖြစ်နေသဖြင့် ကြိုတင်မှာယူမှုများ ယခုကဲ့သို့ များပြားလာခြင်းဖြစ်သည်။ ထို့ပြင် မေလအားလပ်ရက် အတွက် လေယာဉ်လက်မှတ် ကြိုတင်မှာယူမှုများသည်လည်း ဈေးနှုန်းထပ်မံတိုးမြင့်လာနိုင်သည့် စိုးရိမ်မှုကြောင့် ၂၀၂၅ ခုနှစ် အလားတူကာလထက် ၂၀ ရာခိုင်နှုန်းနီးပါး မြင့်တက်နေကြောင်း CCTV က ဆိုသည်။

ယခုနှစ်အတွင်း ကျန်းစူး၊ ကျဲ့ကျန်းနှင့် စီချွမ်း ပြည်နယ်ရှိ အပန်းဖြေစခန်းများသည် ခရီးသွားအများဆုံးဝင်ရောက်မည့် နေရာများဖြစ်လာနိုင်ကြောင်း သိရပါသည်။

Ref: ဆော့သ်ချိုင်းနားမောနင်းပို့စ်

image

တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များက ဦးညိုစောအား ဒု-သမ္မတအဖြစ်ရွေးချယ်တင်မြှောက်

တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များအစုအ ဖွဲ့၏ ဒု-သမ္မတရွေးချယ်ရေးအစည်းအဝေးကို ယနေ့ မတ် ၃၁ ရက်နံနက်ပိုင်းက နေပြည်တော်၊ စစ်ကြောရေးနှင့် တည်းခိုရေးစခန်းရှိ ဆင်ဖြူရှင်ခန်းမ၌ကျင်းပရာ တပ်မတော်သားပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဗိုလ်ချုပ်ရဲကျော်သူက သဘာပတိအဖြစ်ဆောင်ရွက်ခဲ့သည်။

ထို့ပြင် အစည်းအဝေးတက်ရောက်ခွင့်ရှိသည့် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် (၁၆၆) ဦးလုံးတက်ရောက်ခဲ့ကြပြီး တပ်မတော်သားအမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဗိုလ်ချုပ်ကျော်သူရအေးက ဦးညိုစော (ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ကိုကိုးကျွန်းမဲဆန္ဒနယ်)အား တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များအစုအဖွဲ့က ရွေးချယ်တင်မြှောက်သည့် ဒု-သမ္မတအဖြစ်အဆိုပြုတင်သွင်းခဲ့သည်။

အဆိုတင်သွင်းမှုကို တပ်မတော်သားပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ်စိုးညွန့်ကထောက်ခံတင်သွင်းရာကန့်ကွက်သူမရှိသဖြင့် ဦးညိုစောအား တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များအစုအဖွဲ့က ရွေးချယ်တင်မြှောက်သည့် ဒု-သမ္မတအဖြစ်အတည်ပြုခဲ့သည်။

image

‎အမျိုးသားလွှတ်‌တော်မှ ဒုတိယသမ္မတရွေးချယ်တင်မြှောက်ပြီးနောက် ရွေးကောက်ခံအမျိုးသားလွှတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့ အစည်းအဝေး ဒုတိယနေ့ ပြီးဆုံး


‎ယနေ့ မတ်လ ၃၁ရက်တွင် သမ္မတရွေးချယ်တင်မြှောက်ရေးအဖွဲ့တွင် ပါဝင်သည့် ရွေးကောက်ခံ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့ အစည်းအဝေး ဒုတိယနေ့ကျင်းပခဲ့သည်။

‎အမျိုးသားလွှတ်တော်တွင် အမည်စာရင်းတင်သွင်းထားသည့် ဒုတိယသမ္မတလောင်း (၂) ဦးအား ဆန္ဒမဲလက်မှတ်ဖြင့် လျှို့ဝှက်ဆန္ဒမဲပေးရာ ဆန္ဒမဲလက်မှတ် ၁၅၅ တွင် ဒေါ်နန်းနီနီအေး ဆန္ဒမဲ ၁၁၇မဲ ၊ ဒေါက်တာမနမ်တူးဂျာမှ ဆန္ဒမဲ ၃၈ မဲ ဖြင့် ဒေါ်နန်းနီနီအေးအား ရွေးကောက်ခံ အမျိူးသားလွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့မှ ဒုတိယ သမ္မတအဖြစ် ရွေးချယ်တင်‌မြှောက်ခဲ့သည်။

‎ဆက်လက်၍ အမျိုးသားလွှတ်တော်ဥက္ကဠသည် ရွေးကောက်ခံ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့မှ ရွေးချယ်တင်မြှောက်သည့် ဒုတိယသမ္မတအမည်စာရင်းအား ပြည်ထောင်စုလွှတ်တော် နာယကထံ တင်ပြမည် ဖြစ်သည်။

‎ထို့နောက် အမျိုးသားလွှတ်တော်ဥက္ကဠမှ ရွေးကောက်ခံအမျိုးသားလွှတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့ အစည်းအဝေး ဒုတိယနေ့ ပြီးဆုံးကြောင်း ကြေညာခဲ့သည်။

image

နိုင်ငံအသင်းနှင့် ပူးပေါင်းနေစဉ်အတွင်း အနာဂတ်နှင့်ပတ်သက်ပြီး ထပ်မံ ပြောဆိုလာမှုကြောင့် ချဲလ်ဆီးပရိသတ်များရဲ့ ဒေါသထွက်ခံရဖို့ သေချာနေတဲ့ ဖာနန်ဒက်ဇ်
==================
အန်ဇိုဖာနန်ဒက်ဇ်ဟာ မက်ဒရစ်တွင် နေထိုင်လိုကြောင်း ပြောကြားလာမှုနှင့်အတူ ချဲလ်ဆီးပရိသတ်များရဲ့ ဒေါသထွက်ခြင်းခံလာရဖို့ ရှိနေပြီ ဖြစ်ပါတယ်။

အသက် ၂၅ နှစ်ရှိ အာဂျင်တီးနားလက်ရွေးစင်ဟာ ၂၀၂၃ ခုနှစ်တွင် ချဲလ်ဆီးသို့ ပေါင် ၁၀၈ သန်းဖြင့် ပြောင်းလာခဲ့သူ ဖြစ်ပြီး ပီအက်စ်ဂျီအား ရှုံးနိမ့်ကာ ချန်ပီယံလိဂ်မှ ထွက်ခွာရပြီးနောက် နွေရာသီတွင် သူ့အနာဂတ် ဘယ်လို ဖြစ်လာမယ်ဆိုတာ မသိကြောင်း ပြောကြားလာပါတယ်။

သူဟာ ပီအက်စ်ဂျီ၊ ရီးရဲလ်မက်ဒရစ်နှင့် ဆော်ဒီကလပ်များရဲ့ စိတ်ဝင်စားခြင်းခံနေရသူလည်း ဖြစ်ပါတယ်။

အာဂျင်တီးနားစတားဟာ နည်းပြဟောင်းအန်ဇိုမာရက်စ်ကာအား ထုတ်ပယ်မှုအတွက် ချဲလ်ဆီးဘုတ်အဖွဲ့အား ဝေဖန်မှု ပြုလုပ်ခဲ့မှု၊ အီတလီလူမျိုးနည်းပြ ထွက်ခွာသွားမှုကြောင့် အသင်းသားများ နာကျင်ရကြောင်း ပြောဆိုခဲ့မှုအတွက် ဝေဖန်မှုများနှင့် ကြုံခဲ့ရသူလည်း ဖြစ်ပါတယ်။

ယခု သူဟာ အာဂျင်တီးနားအသင်းနှင့် ပူးပေါင်းနေစဉ်အတွင်း ချဲလ်ဆီးမှ ထွက်ခွာမယ့်အကြောင်း ထပ်မံ အရိပ်အမြွက်ပြောဆိုလာပြန်ပါတယ်။

SpiderCARP နှင့် အင်တာဗျူးအစီအစဉ်တွင် မာရက်စ်ကာဟာ ဘယ်မြို့တွင် နေထိုင်လိုသလဲလို့ မေးမြန်းခံခဲ့ရပါတယ်။

ထိုအခါ ၎င်းက "မက်ဒရစ်။ မက်ဒရစ်ကို အရမ်းသဘောကျတယ်။ ဘရူနိုအေရိပ်စ်လို့ပဲ"လို့ ပြောဆိုလာပါတယ်။

ယင်းသို့ ပြောဆိုမှု ပြုလုပ်လာပြီးနောက် ချဲလ်ဆီးပရိသတ်များဟာ ဖာနန်ဒက်ဇ်အား ဝေဖန်မှုများ ပြုလုပ်လာသလို ပရိသတ်အချို့ကလည်း ရိုဆင်နီယာအနေဖြင့် အာဂျင်တီးနားကွင်းလယ်ကစားသမားအား ဆက်လက် မသုံးပြုတော့ရန် တောင်းဆိုမှုပြုလုပ်လာပါတယ်။

ဖာနန်ဒက်ဇ်ဟာ ချဲလ်ဆီးသို့ ပြောင်းလာစဉ်တုန်းက ၈ နှစ်ခွဲစာချုပ်ဖြင့် ပြောင်းလာခဲ့တာဖြစ်ပြီး ၂၀၃၂ ခုနှစ်တွင်မှ စာချုပ်သက်တမ်းကုန်ဆုံးပါမယ်။ ဒါကြောင့်လည်း ချဲလ်ဆီးအနေဖြင့် ဖာနန်ဒက်ဇ်အတွက် မြင့်မားတဲ့ ပြောင်းရွှေ့ကြေး တောင်းဆိုလာနိုင်ပါတယ်။

image

ခြေစမ်းပွဲတွင် အမေရိကန်ကို အနိုင်ယူပြီးနောက် လေဆိပ်တွင် အံ့ဩသင့်စရာကောင်းအောင် ရှာဖွေစစ်ဆေးခြင်းခံခဲ့ရတဲ့ ဘယ်လ်ဂျီယံအသင်းသားများ
===================
ဘယ်လ်ဂျီယံအသင်းသားများဟာ ကမ္ဘာ့ဖလားအတွက် ပြင်ဆင်တဲ့အနေဖြင့် ကစားတဲ့ အမေရိကန်နှင့် ခြေစမ်းပွဲအပြီးတွင် လေဆိပ်တွင် လေယာဉ်ဆီသို့ မရောက်မီ ကိုက်အနည်းငယ်အလိုတွင် စိတ်ပျက်စရာကောင်းအောင် ရှာဖွေစစ်ဆေးမှုနှင့် ကြုံခဲ့ရပါတယ်။

ဗီလာဟာ ကမ္ဘာ့ဖလားအကြို ခြေစမ်းပွဲအဖြစ် အတ္တလန္တာတွင် အမေရိကန်နှင့် ခြေစမ်းပွဲကစားခဲ့ရာမှာ ၅-၂ ဖြင့် အနိုင်ရရှိခဲ့ပါတယ်။

အဆိုပါပွဲစဉ်တွင် နှစ်ဖက်အသင်းသားတို့ဟာ အဖြူရောင်ပါ အင်္ကျီကို အသုံးပြုကစားခဲ့ရမှုနှင့်အတူ မျက်စိအာရုံကြောင့် ကစားရခက်ခဲခဲ့သလို ကြည့်ရှုရသူများအတွက်လည်း အဆင်မပြေဖြစ်ခဲ့ပါတယ်။

ဒါပေမယ့် ယင်းပွဲအပြီးတွင် ဘယ်လ်ဂျီယံအသင်းသားများဟာ ကမ္ဘာ့ဖလားပူးတွဲအိမ်ရှင် မက္ကဆီကိုနှင့် ရင်ဆိုင်ကစားရမယ့် ခြေစမ်းပွဲအတွက် ချီကာဂိုသို့ သွားရန် လေဆိပ်သို့ ရောက်လာခဲ့ကြပါတယ်။

ဘယ်လ်ဂျီယံစတားများဟာ လေယာဉ်ပေါ်သို့ တက်ခါနီးအချိန်တွင် အမေရိကန်လေဆိပ်လုံခြုံရေးတစ်ဦးရဲ့ တစ်ဦးချင်းစီ တန်းစီပြီး တကိုယ်လုံး စေ့စေ့ပေါက်ပေါက် ရှာဖွေမှုနှင့် ကြုံခဲ့ရပါတယ်။

ဒါ့အပြင် ဘယ်လ်ဂျီယံစတားတို့ဟာ အိတ်များကိုလည်း စေ့စေ့ပေါက်ပေါက် ရှာဖွေမှုနှင့်လည်း ကြုံခဲ့ရပါတယ်။

ဘယ်လ်ဂျီယံစတားများဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်မီ အမေရိကန်တွင် ကြုံလာရမယ့် အခြေအနေတစ်ရပ်အား စတင်ရင်ဆိုင်ခဲ့ရတာလည်း ဖြစ်ပါတယ်။

ဘယ်လ်ဂျီယံဟာ ကမ္ဘာ့ဖလားအုပ်စုတွင်းတွင် အီဂျစ်၊ အီရန်၊ နယူးဇီလန်တို့နှင့် ရင်ဆိုင်ကစားရပါမယ်။

image