26 ပတ် - ဘာသာပြန်ပါ။

စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ
*********************************
🇲🇲 ရည်ညွှန်းလက်လီဈေးနှုန်းများ
💢ရန်ကုန်မြို့
💢မန္တလေးမြို့
💢နေပြည်တော်
💢တိုင်းဒေသကြီး/ ပြည်နယ်မြို့တော်များ

image

image
26 ပတ် - ဘာသာပြန်ပါ။

Video Search Market to Hit USD 18.6 Billion by 2033 at 14.2% CAGR Driven by AI and Content Explosion

The Video Search market is expanding rapidly as digital video consumption and AI-powered content discovery reshape the global media ecosystem. In 2023, the market was valued at USD 5.25 billion, reflecting a 13.1% year-over-year (YoY) increase from USD 4.64 billion in 2022. Over the past five years, the market grew from USD 2.6 billion in 2018, registering a CAGR of 14.9%, supported by rising video data volumes and advancements in machine learning algorithms.

Read More -> https://marketintelo.com/repor....t/video-search-marke

Video Search Market Research Report 2033
marketintelo.com

Video Search Market Research Report 2033

As per our latest market intelligence, the Global Video Search market size was valued at $3.2 billion in 2024, and is forecasted to hit $13.6 billion by 2033, growing at a robust CAGR of 17.5%.

သင်္ကြန်ကာလ ရေပက်ခံကားများဖြင့် ရေပက်ကစားခြင်း မလုပ်ရန် စီမံထား
---------------------------------

မြန်မာနှစ်သစ်ကူးအတာသင်္ကြန်ကာလအတွင်း နိုင်ငံတစ်ဝန်းမှာ လမ်းလျှောက်သင်္ကြန်ပွဲတော်တွေကို ဦးစားပေး ဆောင် ရွက်သွားမှာ ဖြစ်ပြီး အလှပြယာဉ်တွေ ရေပက်ခံကားတွေနဲ့ ရေပက်ကစားခြင်း မပြုလုပ်ကြဖို့ စီမံထားရှိတယ်လို့ နိုင်ငံပိုင် သတင်းဌာနကတစ်ဆင့် ကြေညာထားပါတယ်။
အဲဒီအပြင် ယိမ်းအကအဖွဲ့တွေ ကပြဖျော်ဖြေတာတွေ၊ စတုဒိသာ ကျွေးမွေးတာ၊ လူကြီးသူမတွေကို ခေါင်းလျှော် လက် သည်းညှပ်ပေးတာ၊ ဆေးဝါးတွေ လှူဒါန်းတာ ငါးလွှတ်တာ စတဲ့ မြန်မာ့ရိုးရာယဉ်ကျေးမှု အနှစ်သာရ မပျက် အလှူဒါန ပြုလုပ်တာတွေကိုလည်း ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
နေပြည်တော်မှာတော့ လမ်းလျှောက်သင်္ကြန်ပွဲတော်တွေကို နေပြည်တော်ရင်ပြင်၊ ပျဉ်းမနား၊ တပ်ကုန်း၊ လယ်ဝေးမြို့ တွေမှာ လည်းကောင်း၊ ရန်ကုန်မြို့မှာတော့ ပြည်သူ့ရင်ပြင်၊ ဦးဝိစာရအဝိုင်းကနေ အလုံလမ်းတစ်လျှောက်၊ မြို့တော် ခန်းမရှေ့ နဲ့ ခရိုင်၊ မြို့နယ်တွေမှာ လည်းကောင်း၊ မန္တလေးမြို့မှာတော့ နန်းမြို့ ကျုံးပတ်ပတ်လည်၊ မိတ္ထီလာကန်ပတ် ပတ်လည် နဲ့ ခရိုင်၊ မြို့နယ်တွေမှာ လည်းကောင်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
အလားတူ အခြား တိုင်းဒေသကြီး နဲ့ ပြည်နယ်တွေမှာလည်း လမ်းလျှောက်သင်္ကြန်ပွဲ တော်ကို ကျင်းပမှာ ဖြစ်ပြီး နိုင်ငံ ကျော်အနုပညာရှင်တွေရဲ့ ဖျော်ဖြေရေး အစီအစဉ်တွေကို ထည့်သွင်းကျင်းပမှာ ဖြစ်တယ်လို့ သိရပါတယ်။
အခုနှစ် နေပြည်တော်မှာ ကျင်းပမဲ့ လမ်းလျှောက်သင်္ကြန်ဟာ အစိုးရသစ်ရဲ့ ပထမဦးဆုံး နိုင်ငံတော်အဆင့် အခမ်းအနား တစ်ခုဖြစ်ကာ သာမန်ပျော်ပွဲရွှင်ပွဲတစ်ခုထက်ပိုပြီး နိုင်ငံတော်အစိုးရ၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ဝန်ထမ်းတွေ နဲ့ ပြည်သူတွေနဲ့ အတူတကွ ပူးပေါင်းပြီး စိတ်သစ်၊ လူသစ်၊ နိုင်ငံရေးအခင်းအကျင်းသစ်အဖြစ် ဆင်နွှဲကြမှာ ဖြစ်တယ်လို့ နေပြည်တော်ကောင်စီကနေ သိရပါတယ်။

image
26 ပတ် - ဘာသာပြန်ပါ။

တိုင်းနှင့်ပြည်နယ်များ၌ ဘောလုံးအကယ်ဒမီသင်တန်းသားများ ရွေးချယ်မည်
-------------------------
မြန်မာ့ဘောလုံးမျိုးဆက်သစ်တွေအတွက် တိုင်းဒေသကြီးနဲ့ပြည်နယ်တွေမှာ ဇုန်အလိုက် ဘောလုံးအကယ်ဒမီ သင်တန်းသားအသစ်တွေကို မတ်လ(၃၁)ရက်ကနေ ဧပြီလအတွင်း ရွေးချယ်သွားမှာဖြစ်တယ်လို့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ကနေ သိရပါတယ်။ အောက်မြန်မာပြည်ဇုန်အဖြစ် ကရင်၊ မော်လမြိုင်၊ ပဲခူး၊ ပုသိမ်၊ ညောင်တုန်း၊ ရန်ကုန်နဲ့ အထက်မြန်မာပြည်ဇုန် အဖြစ် နေပြည်တော်၊ မန္တလေး၊ တောင်ကြီး၊ ကလောတို့မှာ ရွေးချယ်သွားမှာ ဖြစ်ပါတယ်။

ရွေးချယ်ရာမှာ အသက်(၁၂)နှစ်အောက်၊ အသက်(၁၃)နှစ်အောက်၊ အသက်(၁၄)နှစ်အောက် အမျိုးသားတွေနဲ့ အသက်(၁၃)နှစ်အောက်၊ အသက်(၁၅)နှစ်အောက် အမျိုးသမီးတွေ ဖြစ်ပြီး ဇုန်အလိုက် ရက်သတ်မှတ်ကာ ပဏာမ ရွေးချယ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။
ပဏာမရွေးချယ်ခံရတဲ့သူတွေထဲက အပြီးသတ်ရွေးချယ်မှုကို အောက်မြန်မာပြည်အတွက် ရန်ကုန်မြို့မှာ မေလ (၁၆)ရက်ကနေ (၂၀)ရက်အထိနဲ့ အထက်မြန်မာပြည်အတွက် မန္တလေးမြို့မှာ မေလ(၉)ရက်ကနေ (၁၃)ရက်အထိ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

ရွေးချယ်ခံရတဲ့ မျိုးဆက်သစ် အမျိုးသား၊ အမျိုးသမီး ဘောလုံးကစားသမားတွေကို ဘောလုံးအကယ်ဒမီသင်တန်း ကျောင်းတွေဖြစ်တဲ့ အမျိုးသားဘောလုံးအကယ်ဒမီ(ရန်ကုန်)၊ မြန်မာဘောလုံးအကယ်ဒမီ(မန္တလေး)နဲ့ အသစ်ဖွင့် လှစ်မဲ့ အမျိုးသမီးဘောလုံးအကယ်ဒမီ(မန္တလေး)တို့အတွက် အသက်အပိုင်းအခြားလိုက် ရွေးချယ်သွားမှာ ဖြစ်တယ်လို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ကနေ သိရပါတယ်။

image
26 ပတ် - ဘာသာပြန်ပါ။

(၈၁)နှစ်မြောက် တပ်မတော်နေ့စစ်ရေးပြအခမ်းအနား၌ ပါဝင်စစ်ရေးပြမည့် စစ်ရေးပြ စစ်ကြောင်းကြီးများ ဝတ်စုံပြည့် စစ်ရေးပြလေ့ကျင့်မှုကို ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း ကြည့်ရှုစစ်ဆေး

၂၀၂၆ ခုနှစ်၊ မတ်လ ၂၇ ရက်တွင် ကျရောက်မည့် (၈၁)နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားတွင် ပါဝင်ချီတက်စစ်ရေးပြမည့် စစ်ရေးပြ စစ်ကြောင်းကြီးများသည် ယနေ့(မတ် ၂၅ ရက်)ညနေပိုင်းတွင် နေပြည်တော်စစ်ရေးပြကွင်း၌ ဝတ်စုံ ပြည့် စစ်ရေးပြလေ့ကျင့်မှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စစ်ရေးပြလေ့ကျင့်မှုတွင် လေအိတ်ပုလွေတပ်စု၊ ဗဟိုစစ်တီးဝိုင်းအဖွဲ့၊ ဂုဏ်ပြု မြင်းစီးတပ်ခွဲ၊ ယန္တရားစစ်ကြောင်းများ၊ စစ်ကြောင်း(၇)ကြောင်းမှ အရာရှိ၊ စစ်သည်များ၊ အမျိုးသမီးတပ်ဖွဲ့ဝင်များသည် စုရပ်ဖြစ်သည့် သစ်တပ်ကွင်းမှ စစ်ရေးပြကွင်းကြီးသို့ တပ်မတော်(ကြည်း၊ ရေ၊ လေ) စစ်တီးဝိုင်းအဖွဲ့နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲတီးဝိုင်း အဖွဲ့တို့၏ တီးခတ်မှုနှင့်အတူ ချီတက်ပြီး စစ်ရေးပြအခမ်းအနားအစီအစဉ်များအတိုင်း လေ့ကျင့်ဆောင် ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ လေ့ကျင့်နေမှုများကို နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေး ကော်မရှင် ဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း နှင့် အတူ ကော်မရှင်အတွင်းရေးမှူး ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကော်မရှင်အဖွဲ့ဝင် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး ကျော်စွာလင်း၊ ကော်မရှင်အဖွဲ့ဝင် ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ကော်မရှင်အဖွဲ့ဝင် ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီးထိန်ဝင်း၊ကာကွယ်ရေး ဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်၊ တပ်မတော်နေ့ ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ၊ တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ် ဗိုလ်ချုပ်ပြည့်စုံလင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ တပ်မတော်နေ့ ကျင်းပရေး စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကြည်သိုက် နှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကြည့်ရှုစစ်ဆေးရာတွင် နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်သာယာရေး ကော်မရှင်ဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များ သည် အလံတော်အဖွဲ့နှင့် စစ်ရေးပြစစ်ကြောင်းများ၊ ယာဉ်ယန္တရားများ၏ စစ်ရေးပြကွင်း အတွင်း ချီတက်ဝင်ရောက်နေရာယူမှုများ၊ (၈၁)နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြ အခမ်းအနားသို့ တက်ရောက်လာကြမည့် ဧည့်သည်တော်ကြီးများအတွက် ထိုင်ခုံနေရာ ချထားမှုများ၊ မြင်းစီးတပ်ခွဲနှင့် အရေးကြီးပုဂ္ဂိုလ်ယာဉ်တန်း ဝင်ရောက်နေရာယူမှုများအား ဦးစွာကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဒုတိယ ဥက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် တပ်မတော်လေမှ လေယာဉ်၊ ရဟတ်ယာဉ်များ၏ အချိန်ကိုက် အုပ်ဖွဲ့ ပျံသန်းလေ့ကျင့်မှုများ၊ အလံတော် အဖွဲ့နှင့် စစ်ကြောင်းတပ်ခွဲများ၏ ဝတ်စား ဆင်ယင်မှုဆိုင်ရာများ၊ စစ်ရေးပြ
အလံများ၊ စစ်ရေးပြလက်နက်ငယ်များနှင့် စစ်ဝတ်တန်ဆာများ ပြင်ဆင်ထားရှိမှု၊ စစ်ရေးပြတပ်ခွဲ အသီးသီး၏ စစ်ရေးပြလှုပ်ရှားမှုများနှင့် ဂုဏ်ပြုအမြောက်တပ်ဖွဲ့တို့ကို အသေး စိတ် လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ စစ်ရေးပြအခမ်းအနားတွင် တပ်မတော်(ကြည်း၊ရေ၊လေ)နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တို့မှ အရာရှိ၊စစ်သည်များ၊ အမျိုးသမီးတပ်ဖွဲ့ဝင်များ၊ အထူးတာဝန်တပ်ဖွဲ့ဝင် များ၊ ယာဉ်ယန္တရားများ၊ တပ်မတော်(လေ)မှ လေယာဉ်၊ ရဟတ်ယာဉ်များ ပါဝင် ကြောင်း သိရသည်။

image
26 ပတ် - ဘာသာပြန်ပါ။

မန္တလေးတိုင်း ရမည်းသင်းမြို့နယ်တွင် ကျပ် ၃ ဘီလျံခန့်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်တွင် လုံခြုံရေးဆောင်ရွက်နေသည့် ပူးပေါင်းအဖွဲ့သည် မတ် ၂၄ ရက် နံနက် ၂ နာရီခွဲခန့်တွင် တပ်ကုန်း-ကျောက်ဆည်ခရိုင်ချင်းဆက်လမ်းပေါ်ရှိ နန်းလုံကျေးရွာနှင့် ကျည်စုကျေးရွာ ကြား၌ ပင်လောင်းမြို့နယ်ဘက်မှ ဆာလာအိတ်များ တင်ဆောင်လာသည့် Shayan အမျိုးအစား ဆိုင်ကယ် ၂ စီးနှင့် Kenbo အမျိုးအစား ဆိုင်ကယ် ၁ စီးတို့အား စစ်ဆေး ရှာဖွေခြင်းများ ဆောင်ရွက်ရန် တားဆီးစဉ် ရပ်တန့်ပေးခြင်းမရှိသဖြင့် လိုက်လံ ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ထိုသို့ဖမ်း‌ဆီးရာ ခွန်လိမ္မာ ၊ ၄၀ နှစ်၊ (ဘ) ဦးထွန်းလှိုင်၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပင်လောင်းမြို့နယ်၊ လူဖဲခြမ်းကျေးရွာနေသူအား ဆိုင်ကယ် ၃ စီးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး အဆိုပါ ဆိုင်ကယ်များပေါ်တွင် တင်ဆောင်ထားသည့် ဆာလာအိတ်များအား ရှာဖွေ စစ်ဆေးခဲ့ရာ ဆာလာအိတ် ၆ အိတ်အတွင်းမှ ကျပ် ၃ ဘီလျံခန့်တန်ဖိုးရှိ စိတ်ကြွ ရူးသွပ်ဆေးပြား ၂,၀၀၀,၀၀၀ ပြားတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

image
26 ပတ် - ဘာသာပြန်ပါ။

အမေရိကန်၏ အချက် ၁၅ ချက်ပါ ငြိမ်းချမ်းရေးအစီအစဉ်ကို အီရန်က လက်ခံရရှိခဲ့ကြောင်း ပါကစ္စတန်၏ သတင်းများတွင် ဖော်ပြ

အမေရိကန်က ပေးပို့ခဲ့သည့် အချက် ၁၅ ချက်ပါ ငြိမ်းချမ်းရေးအစီအစဉ်ကို အီရန်က လက်ခံရရှိခဲ့ပြီဖြစ်ကြောင်း အမေရိကန်နှင့်အီရန်ကြား ကြားဝင်ဖျန်ဖြေပေးနေသည့် ပါကစ္စတန်နိုင်ငံမှ ထွက်ပေါ်လာသည့် သတင်းများတွင် ဖော်ပြခဲ့သည်။

လူသိရှင်ကြားထုတ်ပြန်ခြင်းမရှိခဲ့သည့် အဆိုပါ ငြိမ်းချမ်းရေးအစီအစဉ်တွင် အီရန်အနေဖြင့် နျူကလီးယားက်ရုံများကို ဖျက်သိမ်းရန်၊ အပြန်အလှန်အနေဖြင့် အီရန်အပေါ် ချမှတ်ထားသည့် ပိတ်ဆို့မှုများကို ရုပ်သိမ်းရန် အစရှိသည့် အချက်များ ပါဝင်သည်။

အစ္စရေးနိုင်ငံ၏ ဝန်ကြီးတစ်ဦးကမူ ထိုအစီအစဉ်သည် စာရွက်ပေါ်တွင်သာ လှပသော်လည်း အီရန်သည် ထိုသတ်မှတ်ချက်များကို သဘောတူနိုင်ခြေမရှိကြောင်း ပြောကြားခဲ့သည်။

အစောပိုင်းကမူ အီရန်စစ်တပ်၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက အမေရိကန်သည် တစ်ကိုယ်တည်းဆွေးနွေးနေခြင်းဖြစ်ကြောင်း မိမိတို့အနေဖြင့် အမေရိကန်နှင့် မည်သည့်အခါမျှ ဆွေးနွေးမည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။

မတ် ၂၄ ရက်ကလည်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က အီရန်သည် သဘောတူညီချက်ရယူရန် အလွန်ဆန္ဒရှိနေကြောင်းနှင့် အီရန်သည် အမေရိကန်အား ငွေကြေးအရ အလွန်တန်ဖိုးရှိသည့် လက်ဆောင်တစ်ခု ပေးအပ်ခဲ့ကြောင်း ပြောကြားခဲ့သည်။

တစ်ချိန်တည်းမှာပင် ကုလသမဂ္ဂဆိုင်ရာ အီရန်သံအဖွဲ့က ရန်လိုခြင်းမရှိသော သင်္ဘောများအနေဖြင့် ဟော်မုဇ် ရေလက်ကြားကို ဖြတ်သန်းသွားလာနိုင်ကြောင်း ထုတ်ပြန်ခဲ့သည်။

လက်ရှိတွင် တရုတ်၊ အိန္ဒိယနှင့် ပါကစ္စတန် နိုင်ငံတို့မှ ကုန်တင်သင်္ဘောအချို့သည် ဟော်မုဇ်ရေလက်ကြားမှတစ်ဆင့် စတင်ဖြတ်သန်းသွားလာနေပြီ ဖြစ်သည်။

image
26 ပတ် - ဘာသာပြန်ပါ။

ကျောက်တံတားမြို့နယ်တွင် ဝန်ဆောင်ခ ငွေကျပ် ၁၅၀၀ တောင်းမိသည့် Grab ယာဥ်မောင်းအမျိုးသမီးအား ခရီးသည်တစ်ဦးမှ လက်သီးဖြင့်ထိုးမှုဖြစ်ပွား

ကျောက်တံတားမြို့နယ်တွင် ဝန်ဆောင်ခ ငွေကျပ် ၁၅၀၀ တောင်းမိသည့် Grab ယာဥ်မောင်းအမျိုးသမီးအား ခရီးသည်တစ်ဦးမှ လက်သီးဖြင့်ထိုးမှု မတ် ၂၄ ရက်၊ ညပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မတ် ၂၄ ရက်၊ ည ၁၁ နာရီခန့်တွင် ကျောက်တံတားမြို့နယ်၊ မဟာဗန္ဓုလပန်းခြံလမ်း(အထက်)တွင် ယာဥ်မောင်းအမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိထားကြောင်း သတင်းရသဖြင့် ပရဟိတအဖွဲ့မှ သွားရောက်ခဲ့ကြောင်း သိရသည်။

"Grab ယာဥ်မောင်း အမျိုးသမီးကို လိုက်ပါစီးနင်းတဲ့ Passenger အမျိုးသားက လက်သီးနဲ့ ထိုးလို့ သွားရောက်ပြီး ကယ်ဆယ်ရေးသွားလုပ်တာပါ။သိရတာကတော့ Grab Pin မှားထောက်ရာကနေ စဖြစ်တာပါ။Pin မှားထောက်လို့ Grab က အမျိုးသမီးယာဥ်မောင်းက ဝန်ဆောင်ခ ၁၅၀၀ တောင်းရာကနေ ဖြစ်တာလို့ သိရပါတယ်။ယာဥ်မောင်းအမျိုးသမီးက မျက်မှန်ကွဲပြီး မျက်လုံးနားမှာ ထိခိုက်ဒဏ်ရာ ရရှိိသွားပါတယ်။ထိုးတဲ့သူကလည်း မျက်မှန်နဲ့ ထိမိလို့ လက်မှာဒဏ်ရာရသွားပါတယ်။သက်ဆိုင်ရာကို ခေါ်ယူပေးခဲ့ပါတယ်"ဟု အခင်းဖြစ်နေရာသို့ ရောက်ရှိခဲ့သည့် ပရဟိတအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

Grab အငှားယာဥ်အား အမျိုးသားတစ်ဦးနှင့် အမျိုးသမီးနှစ်ဦး ငှားရမ်းစီးခြင်းဖြစ်ပြီး လက်သီးဖြင့် ထိုးသူအမျိုးသားမှာ အသက်နှစ်ဆယ်ဝန်းကျင်ရှိိပြီဖြစ်ကာ အထိုးခံရသည့် Grab အမျိုးသမီးယာဥ်မောင်းမှာ အသက် လေးဆယ်အရွယ် ရှိိပြီဖြစ်ကြောင်း သိရသည်။

အဆိုပါဖြစ်စဥ်နှင့် ပတ်သတ်၍ သက်ဆိုင်ရာမှ ဆက်လက်စစ်ဆေးလျှက်ရှိိကြောင်း သိရသည်။

image
26 ပတ် - ဘာသာပြန်ပါ။

မိတ္ထီလာ စက်မှုဇုန်(၂)လမ်းရှိ အဆောက်အအုံတစ်လုံးတွင်မီးလေ-ာင်မှုဖြစ် နာရီဝက်ကျော်ကြာငြှိမ်းသတ်ခဲ့ရ

မန္တလေးတိုင်း၊ မိတ္ထီလာမြို့၊ စက်မှုဇုန်(၂)လမ်းရှိ အ ဆောက်အအုံတစ်လုံးတွင် ယနေ့ မတ် ၂၆ ရက်နံနက် ၄ နာရီ ၅၇ မိနစ်ခန့်က မီးလေ-ာင်မှုဖြစ်ပွားခဲ့ကြောင်း မီး သတ်တပ်ဖွဲ့ထံမှ သိရသည်။

မိတ္ထီလာမြို့၊ စက်မှုဇုန်(၂)လမ်းရှိ အဆောက်အအုံတစ်လုံးတွင် မီးလေ-ာင်မှုဖြစ်ပွား၍ မိတ္ထီလာမြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များ၊ နယ်မြေ(၁)/နယ်မြေ(၂)/စက်မှုဇုန်/ဈေးအရန်မီးသတ်စခန်းတို့မှ အရန်မီးသတ်တပ်ဖွဲ့ဝင်များကငြှိမ်းသတ်ခဲ့ကြသဖြင့် နံနက် ၅ နာရီ ၃၁ မိနစ်တွင်မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

image