ယူနိုက်တက်နည်းပြရာထူးမှ ထုတ်ပယ်ခြင်းခံရမှုနှင့်ပတ်သက်ပြီး ဘယ်အချိန်တွင် အမိုရမ် လူသိရှင်ကြားတုံ့ပြန်လာမလဲ?
======================
ယူနိုက်တက်နည်းပြဟောင်းရူဘင်အမိုရမ်ဟာ ယူနိုက်တက်နည်းပြရာထူးမှ ထုတ်ပယ်ခြင်းခံခဲ့ရမှုနှင့်ပတ်သက်ပြီး ရာသီအကုန်အထိ နှုတ်ဆိတ်နေဦးမှာ ဖြစ်ကြောင်း သိရပါတယ်။
အသက် ၄၁ နှစ်ရှိ အမိုရမ်ဟာ ရာသီအကုန်တွင်မှ ယူနိုက်တက်နည်းပြရာထူးမှ ထုတ်ပယ်ခြင်းခံရမှုနှင့်ပတ်သက်ပြီး သူ့ဘက်ကအမြင်ကို လူသိရှင်ကြား ပြောကြားလာမှာလည်း ဖြစ်ပါတယ်။
အမိုရမ်ဟာ ယခုကဲ့သို့ ရာသီတစ်ဝက်ကာလတွင် လူသိရှင်ကြား ပြောဆိုမှု ပြုလုပ်လာပါက ယာယီနည်းပြမိုက်ကယ်ကာရစ်ရဲ့ ချန်ပီယံလိဂ်ဝင်ခွင့် ရရှိရေး ကြိုးပမ်းနေမှုအပေါ် ရိုက်ခတ်လာနိုင်ခြေ ရှိနေမှုနှင့်အတူ လာမယ့်နွေရာသီအထိ နှုတ်ဆိတ်နေဦးမှာ ဖြစ်ပါတယ်။
အမိုရမ်ဟာ ယူနိုက်တက်အသင်းကို ကိုင်တွယ်စဉ်တုန်းက သတင်းစာရှင်းလင်းပွဲများတွင် သူ့အမြင်ကို မကွယ်မဝှက်ဘဲ ထုတ်ဖော် ပြောဆိုလေ့ရှိသူ ဖြစ်ပါတယ်။
သူဟာ ဇန်နဝါရီလတုန်းက အိုးထရက်ဖို့ဒ်သို့ ရောက်လာတာ နည်းပြလုပ်ရန် မဟုတ်ဘဲ မန်နေဂျာလုပ်ရန် ဖြစ်ကြောင်း ပြောကြားကာ ပါဝါအလုံးစုံ အသုံးပြုခွင့်ရရှိရေး လူသိရှင်ကြား စိန်ခေါ် ပြောဆိုရာမှာ ရာထူးမှ ထုတ်ပယ်ခြင်းခံခဲ့ရတာလည်း ဖြစ်ပါတယ်။
အမိုရမ်ဟာ အလွန်တွင် ယူနိုက်တက်ဟာ မိုက်ကယ်ကာရစ်ကို ယာယီနည်းပြအဖြစ် ခန့်အပ်ထားပြီး ပရီးမီးယားလိဂ် ၃ ပွဲဆက် နိုင်ပွဲ ရရှိထားကာ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် တိုက်ပွဲဝင်နေပါတယ်။
တဖက်တွင် လက်ရှိ အသင်းလက်မဲ့ ဖြစ်နေတဲ့ အမိုရမ်ဟာ နည်းပြလောကသို့ အလျှင်စလို ပြန်လည် ဝင်ရောက်ရန် အစီအစဉ် မရှိဘဲ လာမယ့် နွေရာသီတွင်မှ နည်းပြလောကသို့ ပြန်လည်ဝင်ရောက်ရန် စီစဉ်ထားပါတယ်။

image

ပရိသတ် ၅၀၀၀၀ လာရောက်ကြည့်ရှုကာ ပရိသတ်စံချိန်တင် လူငယ်ပွဲအဖြစ် သမိုင်းဝင်လာတဲ့ Uefa Youth League ပွဲ
======================
ကိုလုံးဟာ အင်တာမီလန်နှင့် ယူ-၁၉ ပွဲစဉ်အား ပရိသတ် ၅၀၀၀၀ လာရောက် ကြည့်ရှုကာ ပရိသတ်စံချိန်တင်လာရောက်ကြည့်ရှုတဲ့ လူငယ်ပွဲအဖြစ် သမိုင်းမှတ်တိုင်စိုက်ထူလာပါတယ်။
ဘွန်ဒက်စ်လီဂါကလပ်ဟာ ဂျာမန်ထိပ်တန်းလိဂ်တွင် သတ္တမအကြီးမားဆုံးကွင်းဖြစ်တဲ့ RheinEnergieStadium ပွဲတွင် လက်ခံကစားခဲ့တာလည်း ဖြစ်ပါတယ်။
ယခုပွဲစဉ်အတွက် လက်မှတ်များကို လွန်ခဲ့တဲ့ တစ်ပတ်ကျော်ကတည်းက အပြီးသတ် ရောင်းချထားခဲ့ရတာလည်း ဖြစ်ပါတယ်။
ယခင်တုန်းက Uefa Youth League ပြိုင်ပွဲသမိုင်းတွင် ပရိသတ်အများဆုံးလာရောက်ကြည့်ရှုတဲ့ပွဲအဖြစ် ဧပြီလတုန်းက ထရက်ဇွန်စပေါ်ရဲ့ အင်တာမီလန်အား Senol Gunes Sports Complex တွင် လက်ခံကစားတဲ့ ပွဲအဖြစ် စံချိန်ထိုးခဲ့တာ ဖြစ်ပြီး ယင်းပွဲကို ပရိသတ် ၄၀၃၆၈ ဦး လာရောက်ကြည့်ရှုခဲ့ပါတယ်။
ကိုလုံးပရိသတ်များဟာ အင်တာမီလန်နှင့်ပွဲအား ပရိသတ် ၅၀၀၀၀ အထိ စံချိန်တင် ကြည့်ရှုအားပေးခဲ့ကြပေမယ့်လည်း ၃-၁ ဂိုးဖြင့် ရှုံးနိမ့်သွားခဲ့ပါတယ်။

image

ဖော်လိုဝါ ၄ သန်းကျော်အထိ ပိုင်ဆိုင်ထားတဲ့ TikTok စတားနှင့် ချစ်ကြိုက်နေတဲ့ စပါးစ်စတား
====================
စပါးစ်လူငယ်ကစားသမားအိုလီဗာအိုင်ရိုးကို ပရိသတ်အမြောက်အမြား သိကြမှာ မဟုတ်ပါဘူး။ ဒါပေမယ့် သူဟာ အငှားဖြင့် သွားရောက် ကစားနေတဲ့ မန်ဖီးလ်အတွက် ပထမဆုံးကစားတဲ့ပွဲမှာ ၂ ဂိုးသွင်းခဲ့သလို အငြင်းပွားဖွယ်ဆိုရှယ်မီဒီယာစတားနှင့် ချစ်ကြိုက်နေသူလည်း ဖြစ်ပါတယ်။
အသက် ၁၉ နှစ်ရှိ တောင်ပံကစားသမားဟာ ရာသီအကုန်အထိ လိဂ် ၁ ကလပ်သို့ အငှားဖြင့် သွားကစားနေတာ ဖြစ်ပြီး ကွင်းအတွင်း ခြေစွမ်းပြနိုင်မှု၊ TikTok စတားနှင့် ချစ်ကြိုက်နေမှုနှင့်အတူ လူသိများလာခဲ့ပါတယ်။
သူဟာ မန်ဖီးလ်သို့ ပြောင်းလာပြီးနောက် ပထမဆုံးကစားတဲ့ ဇန်နဝါရီလ ၁၇ ရက်နေ့တုန်းက ပေါ့ဗေးလ်ကို ၃-၀ ဂိုးဖြင့် အနိုင်ရတဲ့ပွဲမှာ ၂ ဂိုးသွင်းနိုင်ခဲ့ပါတယ်။
ယင်းမှ တစ်ဂိုးက ညာထောင့်သို့ ဝေ့ဝှိုက်ကန်သွင်းခဲ့တာလည်း ဖြစ်ပါတယ်။
သူဟာ နွေရာသီကမှ စပါးစ်နှင့် ၂၀၂၈ ခုနှစ်အထိ စာချုပ်သစ်ချုပ်ဆိုခဲ့သူလည်း ဖြစ်ပါတယ်။
သူဟာ ၂၀၂၃ ခုနှစ်တုန်းက ပထမဆုံးပရော်ဖက်ရှင်နယ်စာချုပ်ချုပ်ဆိုခဲ့တာ ဖြစ်ပြီး ထိပ်တန်းကစားသမားဖြစ်လာမယ့်သူအဖြစ် မျှော်လင့်ခံထားရသူ ဖြစ်ပါတယ်။
သူဟာ ၂၀၂၄-၂၅ ရာသီတုန်းက ပြိုင်ပွဲအရပ်ရပ် ၁၀ ဂိုးသွင်းကာ စပါးစ်ယူ-၂၁ အသင်းမှာ ဂိုးသွင်းဘုရင်အဖြစ် ရပ်တည်ခဲ့သလို အင်္ဂလန်ယူ-၁၆ နှင့် ယူ-၁၇ တို့မှာလည်း ကစားခွင့်ရထားပါတယ်။
ဘောလုံးကွင်းပြင်ပမှာတော့ သူဟာ ဖော်လိုဝါ ၄ သန်းကျော်အထိ ပိုင်ဆိုင်ထားတဲ့ TitTok စတားအေမီချာလစ်ဇ်နှင့် ချစ်ကြိုက်နေသူ ဖြစ်ပါတယ်။
၎င်းတို့စုံတွဲဟာ အားလပ်ရက်အပန်းဖြေမှု၊ အစားအသောက်စားနေတဲ့ဓာတ်ပုံများကို ဆိုရှယ်မီဒီယာမှာ တင်လေ့ရှိပါတယ်။
၎င်းတို့ဟာ နှစ်သစ်ကူးတုန်းက ဘားတစ်ခုတွင် အတူတကွ ပျော်ခဲ့ကြသလို ပဲရစ်၊ မာဘယ်လာ၊ အိုင်ဘီဇာ၊ မိုင်ယာမီသို့လည်း အတူသွားခဲ့ကြပါသေးတယ်။
၎င်းတို့ဟာ ပြီးခဲ့တဲ့နှစ်မှ စတင်ကာ ချစ်ကြိုက်ခဲ့ကြတာပါ။
သူမဟာ YouTube မှ Reality Show တစ်ခုမှာ ပါဝင်ပြီးနောက် နာမည်ကျော်ကြားလာတာလည်း ဖြစ်ပါတယ်။
ပေါင် ၁ သန်းကြွယ်ဝချမ်းသာတယ်လို့ ယူဆရတဲ့ သူမဟာ အခြားအမျိုးသမီးငယ်များကို ပြုမူတဲ့အပြုအမူများအတွက် အနိုင်ကျင့်တတ်သူအဖြစ် စွပ်စွဲခံထားရသူလည်း ဖြစ်ပါတယ်။
တခါတုန်းက သူမတင်ထားတဲ့ ဗီဒီယိုပို့စ်တစ်ခုတွင် "တချို့ကလေးတွေ ဆန်ကာလိုသို့ သွားရယ်ဆိုရင် အသက်တောင် သက်ပေးဖို့ အသင့်ပဲ"လို့ ပြောဆိုဖူးပါတယ်။

image

ပိတ်ရက်ကာလအတွင်း အထူးရထားများ ပြေးဆွဲမည်
----------------------
ပြည်ထောင်စုနေ့နဲ့ တရုတ်နှစ်သစ်ကူးရုံးပိတ်ရက် ကာလတွေအတွင်း ခရီးသွားပြည်သူတွေနဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေ အဆင်ပြေစွာသွားလာနိုင်ဖို့အတွက် ရန်ကုန်-နေပြည်တော်-ရန်ကုန်၊ ရန်ကုန်-မော်လမြိုင်-ရန်ကုန်၊ ရန်ကုန်-ပြည်-ရန်ကုန် အထူးရထားခရီးစဉ်တွေ ပြေးဆွဲပေးသွားမှာဖြစ်တယ်လို့ မြန်မာ့မီးရထားက ကြေညာထားပါတယ်။
ပြေးဆွဲပေးမဲ့ အထူးရထားခရီးစဉ်တွေကတော့ ဖေဖော်ဝါရီ၁၂ရက် ပြည်ထောင်စုနေ့မှာ ရန်ကုန်-နေပြည်တော် DEMUအဆန်အထူးရထား၊ နေပြည်တော်-ရန်ကုန် DEMUအစုန်အထူးရထား၊ ရန်ကုန်-မော်လမြိုင် လေအိတ်အဆန်အထူးရထား၊ ရန်ကုန်-ပြည် လေအိတ်အဆန်အထူးရထားတွေ ပြေးဆွဲပေးသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
ရန်ကုန်-နေပြည်တော် DEMUအဆန်အထူးရထားဟာ ရန်ကုန်ဘူတာကြီးကနေ မနက်၆နာရီခွဲ၊ နေပြည်တော်-ရန်ကုန် DEMUအစုန်အထူးရထားဟာ နေပြည်တော်ဘူတာကနေ နေ့လယ်၁၂နာရီခွဲ၊ ရန်ကုန်-မော်လမြိုင် လေအိတ်အဆန်အထူးရထားဟာ ရန်ကုန်ဘူတာကြီးကနေ မနက်၉နာရီ၁၅မိနစ်၊ ရန်ကုန်-ပြည် လေအိတ်အဆန်အထူးရထားဟာ ရန်ကုန်ဘူတာကြီးကနေ နေ့လယ်၁နာရီမှာ အသီးသီးထွက်ခွာမှာဖြစ်ပါတယ်။
ဖေဖော်ဝါရီ၁၇ရက်မှာတော့ ရန်ကုန်-နေပြည်တော် DEMUအဆန်အထူးရထား၊ နေပြည်တော်-ရန်ကုန် DEMUအစုန်အထူးရထား၊ မော်လမြိုင်-ရန်ကုန် လေအိတ်အစုန်အထူးရထား၊ ပြည်-ရန်ကုန် လေအိတ်အစုန်အထူးရထားတွေ ပြေးဆွဲပေးသွားမှာဖြစ်ပါတယ်။
ရန်ကုန်-နေပြည်တော် DEMUအဆန်အထူးရထားဟာ ရန်ကုန်ဘူတာကြီးကနေ မနက်၆နာရီခွဲ၊ နေပြည်တော်-ရန်ကုန် DEMUအစုန်အထူးရထားဟာ နေပြည်တော်ဘူတာကနေ နေ့လယ်၁၂နာရီခွဲ၊ မော်လမြိုင်-ရန်ကုန် လေအိတ်အစုန်အထူးရထားဟာ မော်လမြိုင်ဘူတာကနေ မနက်၉နာရီ၁၀မိနစ်၊ ပြည်-ရန်ကုန် လေအိတ်အစုန်အထူးရထားဟာ ပြည်ဘူတာကနေ ည၁၀နာရီခွဲမှာ အသီးသီးထွက်ခွာမှာဖြစ်တယ်လို့ သိရပါတယ်။
အထူးရထားတွေရဲ့ လက်မှတ်ခနှုန်းထားနဲ့ ရပ်တန့်ပေးမဲ့ဘူတာတွေက လက်ရှိပြေးဆွဲနေတဲ့ ရထားတွေနဲ့ အတူတူပဲဖြစ်ပြီး အထက်တန်းလက်မှတ်ကို (၃)ရက်ကြို၊ ရိုးရိုးတန်းလက်မှတ်ကို (၁)ရက်ကြို ဝယ်ယူရမှာဖြစ်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ရန်ကုန်-နေပြည်တော်-ရန်ကုန် အထူးရထားအတွက် ကြိုတင်လက်မှတ်ကို ORTPစနစ်နဲ့ အွန်လိုင်းကနေ ကြိုတင်ဝယ်ယူနိုင်ပြီး ခရီးဆုံးဘူတာတွေအတွက် (၇)ရက်ကြို၊ ကြားဘူတာတွေအတွက် (၃)ရက်ကြို ဝယ်ယူနိုင်တယ်လို့လည်း သိရပါတယ်။

image

ဇနီးဟောင်းအား အဆက်အသွယ်လုပ်မှုဖြင့် တရားရင်ဆိုင်နေရတဲ့ လီဗာပူးစတားဟောင်းအင်ဒီကာရိုးလ်
======================
အင်္ဂလန်တိုက်စစ်မှူးဟောင်းအင်ဒီကာရိုးလ်ဟာ ဇနီးဟောင်းဘီလီမက်ကလိုးအား အဆက်အသွယ်ပြုလုပ်ကာ လိင်ပိုင်းဆိုင်ရာ စော်ကားမှု မပြုလုပ်ရ အမိန့်အား ချိုးဖောက်လာကြောင်း တရားရုံး ကြားနာမှုအရ သိရပါတယ်။
နယူးကာဆယ်နှင့် လီဗာပူးစတားဟောင်းဟာ ပြီးခဲ့တဲ့ ဧပြီလတုန်းက အားလပ်ခရီးစဉ်မှ ပြန်ရောက်လာစဉ် အမိန့်ချိုးဖောက်မှုအတွက် Stansted Airport တွင် ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရပါတယ်။
အသက် ၃၇ နှစ်ရှိ ကာရိုးလ်ဟာ Chelmsford Magistrates's Court တွင် အမှုကြားနာ ရင်ဆိုင်ခဲ့ရပါတယ်။
ကာရိုးလ်ဟာ အရိုးနှင့် အရွတ်ဒဏ်ရာအား ခွဲစိတ်ကုသမှု ပြုလုပ်ထားရမှုနှင့်အတူ ဂျိုင်းထောက်ဖြင့် အမှုရင်ဆိုင်ရန် တရားရုံးသို့ လာရောက်ခဲ့ရပါတယ်။
တရားရုံးကြားနာမှုအရ အင်ဒီကာရိုးလ်ဟာ ပြီးခဲ့တဲ့ မတ်လတုန်းက ကလေး ၃ ဦး အတူ ရရှိခဲ့တဲ့ ဇနီးဟောင်း Towie စတားအား ဆက်တိုက် ဖုန်းဆိုမှု ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။
၎င်းတို့နှစ်ဦးဟာ ၂၀၂၂ ခုနှစ်တွင် လက်ထပ်ကြပြီးနောက် ၂ နှစ်အကြာတွင် လမ်းခွဲ ပြတ်စဲခဲ့ကြပါတယ်။
လိင်ပိုင်းဆိုင်ရာ မနှောင့်ယှက်ရ အမိန့်အရ ကာရိုးလ်အနေဖြင့် ဇနီးဟောင်းအနီးသို့ သွားရောက်နိုင်ခြင်း မရှိသလို အဆက်အသွယ် ပြုလုပ်ခြင်းလည်း မပြုလုပ်ရပါဘူး။
ယင်းစည်းမျဉ်းကို ချိုးဖောက်ပါက ရာဇဝတ်မှုအရေးယူမှု ရင်ဆိုင်ရမည်ဖြစ်ကာ ထောင်ဒဏ် ၅ နှစ်အထိ ချမှတ်နိုင်ပါတယ်။
ကာရိုးလ်ဟာ ပြင်သစ်မှ ပြန်ရောက်လာချိန်တွင် ခေတ္တဖမ်းဆီးထိန်းသိမ်းခြင်းခံရပြီးနောက် ပြန်လည်လွတ်မြောက်လာခဲ့တာလည်း ဖြစ်ပါတယ်။
ကာရိုးလ်ဟာ နယူးကာဆယ်တွင် ပရော်ဖက်ရှင်နယ်ကစားသမားဘဝစတင်ကာ ၂၀၀၆ မှ ၂၀၁၁ ခုနှစ်အတွင်း ပွဲ ၈၀ တွင် ၃၁ ဂိုးသွင်းပြီးနောက် လီဗာပူးသို့ ပေါင် ၃၅ သန်းဖြင့် ပြောင်းကာ ထိုစဉ်တုန်းက ဗြိတိန်ကစားသမားတစ်ဦးအတွက် ပြောင်းရွှေ့ကြေးအမြင့်မားဆုံး ဖြစ်ခဲ့ပါတယ်။
သူဟာ အန်ဖီးလ်တွင် ၂ ရာသီကစားပြီးနောက် ဝက်စ်ဟမ်း၊ နယူးကာဆယ်၊ ရီးဒင်း၊ ဝက်စ်ဘရွန်း၊ အေမီယန်၊ ဘော်ဒိုးကလပ်များသို့ ပြောင်းကစားခဲ့ကာ လက်ရှိအချိန်တွင် National League South ကလပ် Dagenham & Redbridge တွင် ကစားနေပါတယ်။
သူဟာ ၂၀၂၄ ခုနှစ်မှ စတင်ကာ ဆံပင်အလှပညာရှင် လူတီးစ်ဒေးလ်နှင့် ချစ်ကြိုက်လာခဲ့ပါတယ်။

image

ယနေ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ
( ၂၀၂၆ - ဖေဖော်ဝါရီ ၆ ၊ နံနက် ၁၀ နာရီ)

#ရွှေဈေး
-ကမ္ဘာ့ရွှေဈေး
တအောင်စ ၄၈၁၀ ဒေါ်လာ
ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း
- အကယ်ဒမီ မီးလင်းရွှေ တကျပ်သား
၆,၉၀၀,၀၀၀ ကျပ်
ပြင်ပ အရောင်းအဝယ်ဖြစ်တဲ့ ရွှေဈေးနှုန်း
-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၁၀,၁၀၀,၀၀၀ ကျပ်
ဝယ်ဈေး ၁၀,၀၆၀,၀၀၀ ကျပ်
-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၉,၇၀၀,၀၀၀ ကျပ်
ဝယ်ဈေး ၉,၆၆၀,၀၀၀ ကျပ်
* စနစ်သစ်
(၁ိ - ၁၆.၃၂၉၃၂၅ ဂရမ် = ၁၂၀ ရွေး)
-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၉,၉၈၀,၀၀၀ ကျပ်
ဝယ်ဈေး ၉,၉၄၀,၀၀၀ ကျပ်
-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၉,၅၈၀,၀၀၀ ကျပ်
ဝယ်ဈေး ၉,၅၄၀,၀၀၀ ကျပ်
“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”
(ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။)
#နိုင်ငံခြားငွေလဲလှယ်နှုန်း
-မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း
အမေရိကန် တဒေါ်လာ - ၃၆၅၇ ကျပ်
ပြင်ပပေါက်စျေး
-အမေရိကန်ဒေါ်လာ‌
ရောင်းဈေး - ၄၀၁၀ ကျပ်
ဝယ်ဈေး - ၃၉၁၀ ကျပ်
-စင်္ကာပူဒေါ်လာ
ရောင်းဈေး - ၃၁၄၅ ကျပ်
ဝယ်ဈေး - ၃၀၇၀ ကျပ်
-ယူရို
ရောင်းဈေး - ၄၇၂၀ ကျပ်
ဝယ်ဈေး - ၄၆၀၅ ကျပ်
-ထိုင်းဘတ်
ရောင်းဈေး - ၁၂၆.၅၈ ကျပ်
ဝယ်ဈေး - ၁၂၃.၄၆ ကျပ်
-မလေးရှားရင်းဂစ်
ရောင်းဈေး - ၁၀၁၃ ကျပ်
ဝယ်ဈေး - ၉၈၈ ကျပ်
-တရုတ်ယွမ်
ရောင်းဈေး - ၅၇၈ ကျပ်
ဝယ်ဈေး - ၅၆၃ ကျပ်
-ဂျပန်ယန်း
ရောင်းဈေး - ၂၅.၅၇ ကျပ်
ဝယ်ဈေး - ၂၄.၉၄ ကျပ်
-အိန္ဒိယရူပီး
ရောင်းဈေး - ၄၄.၃၇ ကျပ်
ဝယ်ဈေး - ၄၃.၂၇ ကျပ်
-ကိုရီးယားဝမ်
ရောင်းဈေး - ၂.၇၃ ကျပ်
ဝယ်ဈေး - ၂.၆၆ ကျပ်
-စတာလင်ပေါင်
ရောင်းဈေး - ၅၄၃၀ ကျပ်
ဝယ်ဈေး - ၅၂၉၅ ကျပ်
-ဩစတြေးလျဒေါ်လာ
ရောင်းဈေး - ၂၇၈၀ ကျပ်
ဝယ်ဈေး - ၂၇၁၀ ကျပ်
-ကနေဒါဒေါ်လာ
ရောင်းဈေး - ၂၉၂၅ ကျပ်
ဝယ်ဈေး - ၂၈၅၃ ကျပ်
-ဟောင်ကောင်ဒေါ်လာ
ရောင်းဈေး - ၅၁၄ ကျပ်
ဝယ်ဈေး - ၅၀၁ ကျပ်
-ယူအေအီး
ရောင်းဈေး - ၁၀၉၁ ကျပ်
ဝယ်ဈေး - ၁၀၆၄ ကျပ်
ငွေလဲနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။
***သတ်မှတ်ဈေးအတိုင်း အရောင်းအဝယ်မလုပ်ပါက အရေးယူခံရနိုင်သည်။

image

စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ
**********************************************
🇲🇲 ရည်ညွှန်းလက်လီဈေးနှုန်းများ
💢ရန်ကုန်မြို့
💢မန္တလေးမြို့
💢နေပြည်တော်
💢တိုင်းဒေသကြီး/ ပြည်နယ်မြို့တော်များ

image

တကယ်တော့
အသေးစား ပျော်စရာလေးတွေပဲ ကောင်းပါတယ်။
အပျော်လည်း ခဏ
ဝမ်းနည်းရတာလည်း ခဏပေါ့။
- အောင်ခင်မြင့်
#meethinbaw

image
26 w - Translate

Global Optical Power Meter Market Is Set for a Rapid Growth and is Expected to Reach USD Billion by 2025-2034

The market research for the global Optical Power Meter market is an accumulation of first-hand facts and quantitative and qualitative evaluation and analysis for the forecast period (2024-2032). The report offers a comprehensive assessment of macro-economic indicators, parent market trends, and several factors influencing the market dynamics. In addition, it also assesses the latest developments while predicting the expansion of the major players Kingfisher International Pty Ltd., GAO Tek, Inc., EXFO Inc., Edmund Optics Inc., CableOrganizer.com, Inc., Techwin Industry Co., Ltd., Kn Communication Limited, Changzhou Bell Data Communication Equipment Co., Ltd., Thorlabs, Inc., Viavi Solutions Inc., Newport Corporation, AFL, Fluke Corporation, Infos, Inc., Bioptic Co., Ltd., Dicon Fiberoptics Inc., and others. of the Optical Power Meter market. Moreover, it includes data of several organizations, vendors, firms, and manufacturers in the market and offers an all-inclusive synopsis of the players that play significant parts in terms of revenue, demands, share, and sales across their post-sale processes, reliable services, and products.

https://www.zionmarketresearch.....com/report/optical-

image