ငါးမွေးမြူရေးကန်များ အပူဒ-ဏ်မှကာကွယ်ရေး လမ်းညွှန်ချက် ထုတ်ပြန်

နေအပူချိန်မြင့်မားလွန်ကဲလာခြင်းကြောင့် ငါးမွေးမြူရေးကန်များတွင် ထိခိုက်နစ်နာမှုများ ဖြစ်ပေါ်နိုင်သဖြင့် ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန လက်အောက်ရှိ ငါးလုပ်ငန်းဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

လက်ရှိ အပူချိန်မြင့်တက်လာမှုကြောင့် ငါးမွေးကန်များရှိ ရေထုများ ရေငွေ့ပျံခြင်းကြောင့် ရေလျော့နည်းလာနိုင်ပြီး၊ ကန်အတွင်းရှိ ငါးများ၏ စွန့်ပစ်အညစ်အကြေးများနှင့် အစာကျွေးလွန်ကဲမှုကြောင့် စားကြွင်းစားကျန်များ တိုးပွားလာကာ ရေအရည်အသွေး ညစ်ညမ်းလာနိုင်ကြောင်း ဖော်ပြထားသည်။

ထိုသို့ ရေထုညစ်ညမ်းမှုများသည် ငါးရောဂါများ ဖြစ်ပွားနိုင်ခြေ မြင့်မားစေသဖြင့် သြဇာဓာတ်ထည့်သွင်းခြင်းနှင့် အစာအလွန်အကျွံကျွေးခြင်းကို လျှော့ချရန် တိုက်တွန်းထားသည်။

ထို့ပြင် နံနက်ပိုင်း မိုးအုံ့သောရက်များ၊ နှင်းကျသောရက်များနှင့် နေထွက်နောက်ကျသောရက်များတွင် ငါးများ ကန်မျက်နှာပြင်အနီးတွင် ခေါင်းထောင်ကူးခတ်ခြင်း သို့မဟုတ် ကမ်းစပ်သို့ စုပြုံလာခြင်းတို့ ဖြစ်ပေါ်ပါက ကန်အတွင်း အောက်ဆီဂျင်လျော့နည်းနေခြင်း၏ လက္ခဏာဖြစ်ကြောင်း သိရသည်။

ထိုသို့ဖြစ်ပေါ်ပါက ကန်အတွင်းသို့ ရေသစ်သွင်းခြင်း၊ ရေပန်းချခြင်း၊ ရေဒလက်များ မောင်းနှင်ခြင်းနှင့် လှေလှော်ပေးခြင်းတို့ဖြင့် ရေတွင်ပျော်ဝင် အောက်ဆီဂျင် ပမာဏတိုးမြှင့်ရန် လိုအပ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကန်ရေများ ရေခန်းလာပါက သန့်ရှင်းသော ရေသစ်များ ဖြည့်သွင်းရန်နှင့် ရေသစ်ရရှိရန် အခက်အခဲရှိပါက မွေးမြူထားသော ငါးအရေအတွက်ကို လျှော့ချမွေးမြူရန်လည်း အကြံပြုထားသည်။

ထို့အပြင် အပူချိန်ပြင်းထန်သော နေ့လယ်ပိုင်းများတွင် ငါးများကို ကန်ပြောင်းရွှေ့ခြင်း မပြုလုပ်ရန်လည်း တိုက်တွန်းထားသည်။

ကန်ရေအရည်အသွေးကို ထိန်းသိမ်းရန်အတွက် ရေကြည်နှုန်း (၂၅ မှ ၄၀ စင်တီမီတာ) အတွင်းရှိစေရန် စောင့်ကြည့်ရန်လိုအပ်ပြီး ရေထုညစ်ညမ်းစေနိုင်သော ကဇော်ဖတ်၊ ဝါစေ့ဖတ်ကဲ့သို့သော အစာများကို ရှောင်ကြဉ်ကာ ပုံမှန်အစာများကိုသာ ချိန်ဆကျွေးရန်လည်း လမ်းညွှန်ထားသည်။

အစာကျွေးပြီးနောက် အစာကျန်များ ရှိမရှိကို ပုံမှန်စစ်ဆေးရန်လည်း လိုအပ်ကြောင်း ၊ ထို့အပြင် ရေသစ်လဲလှယ်နိုင်ရေးအတွက် ရေကောင်းရေသန့်များကို အရန်ကန်များတွင် သိုလှောင်ထားရန်နှင့် ကန်အခြေအနေများနှင့် ရေအရည်အသွေး ပြောင်းလဲမှုများကို နေ့စဉ် နံနက် ၆ နာရီတွင် ပုံမှန်စစ်ဆေးရန် အကြံပြုထားသည်။

ငါးမွေးကန်များတွင် ပုံမှန်မဟုတ်သော အခြေအနေပြောင်းလဲမှုများ ဖြစ်ပေါ်လာပါက အနီးဆုံး ငါးလုပ်ငန်းဦးစီးဌာနသို့ အမြန်ဆုံး ဆက်သွယ်၍ လိုအပ်သလို ဆောင်ရွက်ရန်လည်း ထုတ်ပြန်ချက်တွင် တိုက်တွန်းထားသည်။

image

မိုခါမုန်တိုင်းဒ-ဏ်ကြောင့် ပျ-က်စီးခဲ့ရသည့် စစ်တွေမြို့၊ မြို့အဝင်မုခ်ဦးကို ပြန်လည်တည်ဆောက် ဖွင့်လှစ်

မိုခါမုန်တိုင်းဒ-ဏ်ကြောင့် ပျ-က်စီးခဲ့ရသည့် စစ်တွေမြို့၊ မြို့အဝင်မုခ်ဦးကို ပြန်လည်တည်ဆောက်ကာတပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် (မတ်၂၅) နံနက်ပိုင်းက ပြန်လည်ဖွင့်လှစ်ခဲ့သည်။

ယခင်မုခ်ဦးသည် မိုခါမုန်တိုင်းဒ-ဏ်ကြောင့် ပျ-က်စီးသွားခဲ့ရပြီးပြီး မိုခါမုန်တိုင်းတိုက်ခတ်ပြီး နိုင်ငံတော်အကြီးအကဲ စစ်တွေမြို့ကို ရောက်ရှိစဉ် မူလအခြေအနေများထက် သာလွန်ကောင်းမွန်အောင် ဆောင်ရွက်သွားရန် လမ်းညွှန်ခဲ့သည်ဟု သိရသည်။

ထို့ကြောင့် မုခ်ဦးအသစ်ကို (၂၀၂၅-၂၀၂၆) ဘဏ္ဏာနှစ်တွင် ပြန်လည်တည်ဆောက်ခဲ့ပြီး မုခ်ဦးအသစ်အတွက် ဒီဇိုင်းရေးဆွဲရာ၌လည်း ရခိုင်ပြည်နယ်၍ မိုးဒဏ်၊လေဒဏ်၊ ငလျင်ဒ-ဏ်ခံနိုင်မည့် ဒီဇိုင်းရေးဆွဲကာ ဆောင်ရွက် တည်ဆောက်ခဲ့ကြောင်းလည်း သိရသည်။

ထို့အပြင် မုခ်ဦးကိုယ်ထည်၏ တဖက်တချက်၌ ကွန်ကရစ်တိုင် တဖက်လျှင် ၈ လုံး၊ နှစ်ဖက် ၁၆လုံး၊အလယ်တိုင် (၁)လုံး စုစုပေါင်း (၁၇)လုံးဖြင့် ရခိုင်ပြည်နယ်၏ မြို့ (၁၇) မြို့ကို ကိုယ်စားပြုကာ တည်ဆောက်ထားသည်ဟုလည်း သိရသည်။

အဆိုပါ မုခ်ဦးကို ရခိုင့်အငွေ့အသက်များပါဝင်အောင် ခေတ်မီသစ်လွင်လှပအောင် တည်ဆောက်ထားခြင်း ဖြစ်ကြောင်းလည်း သိရသည်။

image

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌထံ တရုတ်၊ ရုရှားနှင့် ဘယ်လာရုစ် နိုင်ငံတို့မှ သဝဏ်လွှာပေးပို့

‎ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီထံ တရုတ်၊ ရုရှားနှင့်ဘယ်လာရုစ် နိုင်ငံတို့မှ သဝဏ်လွှာပေးပို့ခဲ့ကြောင်း သိရသည်။

ထို သဝဏ်လွှာများကို တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေး စတုတ္ထနေ့ ဖြစ်သည့် ယနေ့ (မတ် ၂၆) ၌ လွှတ်တော်က မှတ်တမ်းတင်ခဲ့သည်။

ပေးပို့မှုများတွင် တရုတ်ပြည်သူ့ ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံတကာရေးရာဌာန ဝန်ကြီး အပါအဝင် လွှတ်တော်၊ ပါတီနှင့် အဖွဲ့အစည်း ၅ခု၊ ရုရှားနိုင်ငံ အောက်လွှတ်တော်ဥက္ကဋ္ဌတို့က ဂုဏ်ယူဝမ်းမြောက်ကြောင်း သဝဏ်လွှာများ ပေးပို့ခဲ့ခြင်း ဖြစ်သည်။

ယနေ့ပြုလုပ်သည့် ပြည်သူ့လွှတ်တော် ပထမပုံမှန် အစည်းအဝေး စတုတ္ထနေ့တွင်မူ တက်ရောက်ခွင့်ရှိသည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် (၃၇၃) ဦး အနက် (၃၇၀) ဦး တက်ရောက်ခဲ့ကြသည်။

image

မန္တလေးတိုင်းတွင် ယနေ့ မတ် ၂၆ ရက်နံနက်ပိုင်းက မီးလေ-ာင်ကျွမ်းမှု(၃)ကြိမ်ဖြစ်ပွားပြီး (၁)ဦးေ-သဆုံး (၁)ဦးဒ-ဏ်ရာရ

မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်၊ ပျော်ဘွယ်မြို့နယ်နှင့် မိတ္ထီလာမြို့နယ်တို့၌ ယနေ့ မတ် ၂၆ ရက်နံနက်ပိုင်းက မီးလေ-ာင်ကျွမ်းမှု(၃)ကြိမ်ဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့နှင့် လူမှုကူညီရေးအသင်းများထံမှ သိရသည်။

မဟာအောင်မြေမြို့နယ်၊ ၈၇ လမ်း၊ ၃၇ လမ်းကြားတွင် ယနေ့ မတ် ၂၆ ရက်နံနက် ၉ နာရီခွဲခန့်က နေအိမ်မီး လေ-ာင်မှုဖြစ်ပွား၍ မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီး သတ်တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းဝင်များကငြှိမ်းသတ်ခဲ့ကြရာ နံနက် ၉ နာရီ ၅၅ မိနစ်၌မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

မီးလောင်မှုကြောင့် အသက်(၁၇)နှစ်ခန့်အရွယ်ရှိ အမျိုးသား(၁)ဦးမှာ မီးလေ-ာင်ဒ-ဏ်ရာများရရှိ၍ ေ-သဆုံးသွားခဲ့ပြီး အမျိုးသမီး(၁)ဦးတွင်လည်း မီးလေ-ာင်ဒ-ဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် နံနက် ၈ နာရီ ၃၆ မိနစ်ခန့်ကလည်း ပျော်ဘွယ်မြို့နယ်၊ ကန်သာကျေးရွာအုပ်စု၊ ဆွဲမှန်ကျေးရွာ၌ စက်သုံးဆီအရောင်းဆိုင်မီးလေ-ာင်မှုဖြစ်ပွား၍ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့မှုကြောင့် နံနက် ၉ နာရီ ၁၇ မိနစ်တွင်မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

ထို့အတူ နံနက် ၄ နာရီ ၅၇ မိနစ်ခန့်ကလည်း မိတ္ထီလာမြို့၊ စက်မှုဇုန်(၂)လမ်းတွင်မီးလေ-ာင်မှုဖြစ်ပွား၍ မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းဝင်များကငြှိမ်းသတ်ခဲ့ကြသဖြင့် နံနက် ၅ နာရီ ၃၁ မိနစ်၌မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

image

ရန်ကုန်–ဒလ ချယ်ရီ သင်္ဘောများ နောက်ဆုံးပြေးဆွဲချိန်ကို မတ် (၂၈) ရက်မှစ၍ ပြောင်းလဲ

ရန်ကုန်မြို့ ပန်းဆိုးတန်းနှင့် ဒလမြို့ကို ခရီးသည်ပို့ဆောင်သည့် ချယ်ရီကူးတို့သင်္ဘောများ၏ နောက်ဆုံးပြေးဆွဲချိန်များကို မတ်လ (၂၈) ရက်မှစ၍ ပြောင်းလဲသတ်မှတ်လိုက်ကြောင်း သိရသည်။

ယခင်က နောက်ဆုံးပြေးချိန်များမှာ ဒလမှ ည (၇) နာရီခွဲ၊ ပန်းဆိုးတန်းမှ ည (၈) နာရီ ဖြစ်ပြီး ပြောင်းလဲသတ်မှတ်သ ည့် နောက်ဆုံးချိန်မှာ ဒလမှ ည (၇) နာရီ၊ ပန်းဆိုးတန်းမှ ည (၇) နာရီ (၄၅) မိနစ် ဖြစ်သည်။

နံနက်ပိုင်း စတင်ထွက်ခွာချိန်များတွင် မည်သည့်ပြောင်းလဲမှုမျှ မရှိဘဲ ဒလမှ နံနက် (၅) နာရီခွဲ၊ ပန်းဆိုးတန်းမှ နံနက် (၆) နာရီအတိုင်း ဆက်လက်ပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်–ဒလ ချယ်ရီကူးတို့သင်္ဘော (Pansodan‑Dala ferry) သည် ရန်ကုန်မြို့နှင့် ဒလမြို့အကြား တစ်နေ့လျင် လူဦးရေ တစ်သောင်းကျော်ကို သယ်ယူပို့ဆောင်ပေးနေခြင်းဖြစ် သည်။

image

ပြုံယမ်းသို့ရောက်ရှိလာသော ဘီလာရုစ်သမ္မတကို ကင်မ် ကြိုဆို

မြောက်ကိုရီးယားနိုင်ငံသို့ ပထမဆုံးအကြိမ် ရောက်ရှိလာသော ဘီလာရုစ်သမ္မတ အလက်ဇန်းဒါး လူကာရှန်ကို,ကို မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်က ကြိုဆိုနှုတ်ဆက်ခဲ့ကြောင်း ကေစီအန်အေသတင်းဌာနက မတ်လ ၂၆ ရက်နေ့တွင် သတင်းဖော်ပြခဲ့သည်။

မတ်လ ၂၅ ရက် နေ့က ကင်မ်အီလ်ဆွန်းရင်ပြင်တွင် ကျင်းပပြုလုပ်ခဲ့သော ကြိုဆိုပွဲအခမ်းအနား၌ မစ္စတာကင်မ်သည် မစ္စတာ လူကာရှန်ကို,ကို ဝမ်းမြောက်စွာတွေ့ဆုံနှုတ်ဆက်ခဲ့ပြီး နွေးထွေးစွာကြိုဆိုခဲ့သည်ဟု သတင်းတွင် ဖော်ပြခဲ့သည်။

မစ္စတာ လူကာရှန်ကိုသည် မစ္စတာကင်မ်၏ ဖခင်နှင့် အဖိုးတို့၏ ရုပ်ကလာပ်များကို မြှုပ်နှံထားရာ Kumsusan Palace of the Sun သို့ သွားရောက်ခဲ့ပြီး မြောက်ကိုရီးယားထိပ်တန်းအရာရှိများ ခြံရံလျက် ဂါရဝပြုခဲ့ကြောင်းလည်း ဆက်လက်ဖော်ပြခဲ့သည်။

မစ္စတာ လူကာရှန်ကိုသည် ရုရှားသမ္မတ ဗလာဒီမာပူတင်ကိုယ်စား ပန်းစည်းချဂါဝရပြုခဲ့သည်ဟုလည်း ဖော်ပြခဲ့သည်။

နောက်အခမ်းအနားတစ်ခုတွင် မစ္စတာ လူကာရှန်ကိုသည် မစ္စတာ ကင်မ်နှင့်အတူ ကိုရီးယားလွတ်မြောက်ရေးစစ်ပွဲအတွင်း ၎င်းတို့၏ အဖိုးတန်အသက်များကို ပေးဆပ်ခဲ့ကြသော ဆိုဗီယက်တပ်မတော်၏ ကျဆုံးစစ်သည်များအား အောက်မေ့သတိရခြင်းအဖြစ် လွတ်မြောက်ရေးမျှော်စင်တွင် ပန်းခွေချခဲ့ပြီး ခဏတာငြိမ်သက်ဂုဏ်ပြုခဲ့ကြသည်ဟု ဒုတိယကမ္ဘာစစ်အပြီး ၁၉၄၅ ခုနှစ်တွင် ဂျပန်ကိုလိုနီအုပ်ချုပ်မှု အဆုံးသတ်ခဲ့ခြင်းကို ရည်ညွှန်း၍ သတင်းတွင် ဖော်ပြခဲ့သည်။

မြောက်ကိုရီးယားနှင့် ဘီလာရုစ်နှစ်နိုင်ငံစလုံးသည် ယူကရိန်းစစ်ပွဲတွင် မော်စကိုဘက်မှ အကူအညီပေးခဲ့ပြီး ပြုံယမ်းသည် မြေပြင်တပ်ဖွဲ့များနှင့် လက်နက်များကို ပေးပို့ခဲ့ကာ ၂၀၂၂ ခုနှစ်တွင် ရုရှား၏ ကျူးကျော်မှုအတွက် မင့်စ်က အစပြုရာနေရာအဖြစ် ခွင့်ပြုပေးခဲ့သည်။

Ref: သယ်စထရိတ်တိုင်းမ်စ်

image

ပြည်ပထွက်ခွါခွင့်အတွက် မမှန်မကန် လိမ်လည်တင်ပြမှုများကို အရေးယူမည်

ပြည်ပထွက်ခွာခွင့်နှင့်စပ်လျဉ်း၍ မမှန်မကန် လိမ်လည်တင်ပြသူများ၊ ယင်းလိမ်လည်မှုများတွင် နောက်ကွယ်မှ ပါဝင်ကူညီသူများအား အရေးယူဆောင်ရွက်သွားမည်ဟု အလုပ်သမားဝန်ကြီးဌာနက ယမန်နေ့( မတ်လ ၂၅ ရက်) တွင် ထုတ်ပြန်ထားသည်။

အရေးယူမည့် ပုံစံသည် အလုပ်သမားဝန်ကြီးဌာနအနေဖြင့် ထိုသူများကို စုံစမ်းဖော်ထုတ်ပြီး ကာလသတ်မှတ်ချက်ဖြင့် ပြည်ပထွက်ခွာခွင့် ပိတ်ပင်ခြင်းနှင့် အမည်မည်းစာရင်း (Blacklist)ထည့်သွင်း ဆောင်ရွက်သွားမည်ဟု သိရသည်။

ထုတ်ပြန်ချက်တွင် ပြည်ပမှ အမှန်တကယ် ခွင့်ပြန်လာသူများနှင့် ခွင့်ပြန်အလုပ်သမားအဖြစ် လိမ်လည်တင်ပြသူများကို မှန်မှန်ကန်ကန် ခွဲခြားစိစစ်နိုင်ခြင်းဖြင့် နိုင်ငံတကာ အလုပ်သမားစံနှုန်းများကို မြှင့်တင်ပေးနိုင်သလို မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ လူမှုဘဝကိုလည်း အပြည့်အဝ အကာအကွယ်ပေးနိုင်မည်ဟု ဆိုသည်။

ထို့ပြင် လုပ်ငန်းခွင် အာမခံချက်မရှိဘဲ ခွင့်ပြန်အလုပ်သမားအဖြစ် တရားမဝင် သွားရောက်သူများသည် ဥပဒေအရ အကာအကွယ်မဲ့ခြင်း၊ လုပ်အားခ ဦးပုံဖြတ်ခံရခြင်းနှင့် ပြည်နှင်ဒ-ဏ်ခံရနိုင်ခြင်းတို့ ရှိသည်ဟုလည်း သတိပေးထားသည်။

ထို့ကြောင့် စစ်ဆေးမှုများကို ပိုမိုတင်းကျပ်ထားပြီး မြန်မာနိုင်ငံသားများအနေဖြင့် တရားမဝင်လမ်းကြောင်းဖြင့် သွားရောက်သည့် စနစ်ကို ထိန်းသိမ်းနိုင်ရန် ဆိုက်ရောက်ချိန် သတင်းပို့ခြင်း၊ အချက်အလက်များ စိစစ်ခြင်းနှင့် ထုတ်ပြန်ကြေညာခြင်းများ ပြုလုပ်ပြီးမှသာ ပြည်ပထွက်ခွာခွင့် ပြုမည်ဖြစ်ကြောင်း သိရှိရသည်။

ထို့ကြောင့် ပြည်ပသို့ ပြန်လည်ထွက်ခွာလိုသော ခွင့်ပြန်အလုပ်သမားများအနေဖြင့် သက်တမ်းရှိ နိုင်ငံကူးလက် မှတ် (Passport) မူရင်းနှင့် မိတ္တူ၊ သက်တမ်းရှိ ပြည်ပအလုပ်အကိုင်အလုပ်သမား သက်သေခံကတ် (OWIC) ရှေ့/နောက် မိတ္တူ၊ သက်တမ်းရှိ အလုပ်လုပ်ကိုင်ခွင့်ပါမစ် (Work Permit) သို့မဟုတ် Visa မိတ္တူ၊ လေဆိပ်ဝင်တံဆိပ်ခေါင်း ပါဝင်သည့် မျက်နှာပြင်မိတ္တူ၊ အလုပ်ရှင်၏ ခွင့်စာမိတ္တူ၊ လေယာဉ်လက်မှတ်မိတ္တူများကို တင်ပြရမည်ဖြစ်ကြောင်း သိရှိရသည်။

image

မည်သည့်အပ-စ်အခတ်ရပ်စဲမှုမဆိုတွင် လက်ဘနွန်လည်းပါရမည်--အီရန်

အမေရိက၊ အစ္စရေးတို့နှင့် အပ-စ်အခတ်ရပ်စဲရေးသဘောတူညီမှုတိုင်းတွင် လက်ဘနွန်ပါဝင်ရမည်ဟု အီရန်က ကြားဝင်ညှိနှိုင်းသူများကို ပြောကြားခဲ့ကြောင်း အီရန်၏ ရပ်တည်ချက်ကို သိရှိသော ဒေသတွင်းသတင်းရင်းမြစ်ခြောက်ခုက ပြောကြားခဲ့ပြီး စစ်ပွဲပြီးဆုံးခြင်းသည် အစ္စရေး၏ ဟေ့ဇ်ဘိုလာအပေါ် ထိုးစစ်ဆင်မှုကို ရပ်တန့်ခြင်းနှင့်ဆက်စပ်နေကြောင်း ရို-က်တာသတင်းဌာနက ဖော်ပြခဲ့သည်။

တေရန်သည် စစ်ပွဲအဆုံးသ-တ်စေမည့် အမေရိကန်ပြည်ထောင်စုနှင့် သဘောတူညီချက်ရယူမှုတိုင်းတွင် အီရန်နှင့် ဒေသတွင်း အခြားတော်လှန်ရေးအုပ်စုများ နှစ်ခုစလုံးပါဝင်ရေးကို လိုလားကြောင်း အီရန်အရာရှိတစ်ဦးက ပြောကြားခဲ့သည်ဟု အီရန်၏ ပရက်စ်တီဗီသတင်းဌာနက ဗုဒ္ဓဟူးနေ့တွင် သတင်းဖော်ပြခဲ့သည်။

အီရန်အကြီးတန်းအရာရှိတစ်ဦးက ဗုဒ္ဓဟူးနေ့တွင် ရိုက်တာသတင်းဌာနကို ပြော ကြားရာ၌ တေရန်သည် တစ်လနီးပါးကြာပြီဖြစ်သော ဒေသတွင်းစစ်ပွဲကို အဆုံးသတ်ရန် အမေရိက၏ အဆိုပြုချက်ကို ပြန်လည်သုံးသပ်နေဆဲဖြစ်ကြောင်း ဆိုခဲ့ကာ တေရန်အနေဖြင့် အဆိုပြုချက်ကို ယခုအချိန်အထိ ယတိပြတ်ငြင်းပယ်ခြင်းမပြုသေးသည့်သဘောကို ဖော်ပြခဲ့သည်။

Ref: သည်အန်နာပူရ်နာ အိတ်စ်ပရက်စ်

image

လောင်စာဈေးကြောင့် ထိုင်းငါးဖမ်းလုပ်ငန်းကိုများစွာထိခိုက်

အီရန်နှင့် အမေရိက-အစ္စရေးစစ်ပွဲကြောင့် ဒီဇယ်ဆီဈေးနှုန်းများ မြင့်တက်လာမှုသဖြင့် ထိုင်းနိုင်ငံ၏ ဒေါ်လာဘီလျံပေါင်းများစွာ တန်ဖိုးရှိသော ငါးဖမ်းလုပ်ငန်းသည် ရပ်တန့်ရလုနီးပါးဖြစ်လာနေပြီး အစိုးရကသာ ကြားဝင်ဖြေရှင်းပေးခြင်းမရှိပါက ၎င်းတို့ငါးဖမ်းလှေများသည် ရက်အနည်းငယ်အတွင်း ရပ်နားထားရနိုင်ကြောင်း ငါးဖမ်းလုပ်ငန်းလုပ်ကိုင်သူများက သတိပေးခဲ့သည်။

ထိုင်းပင်လယ်ကွေ့ကမ်းရိုးတန်းတလျှောက်ရှိ အလယ်ပိုင်းပြည်နယ်တစ်ခုတွင်ရှိသော နိုင်ငံ၏ အကြီးဆုံးငါးဖမ်းဆိပ်ကမ်းတွင် ငါးဖမ်းလှေများ၏ ထက်ဝက်ကျော်သည် ဆိုက်ကပ်ထားခဲ့ရပြီးဖြစ်ကာ ဆက်လက်လည်ပတ်နေသော လှေများသည်လည်း ရက်အနည်းငယ်အတွင်း ရပ်တန့်ရဖွယ်ရှိကြောင်း ဆမွတ်ဆာခွန် ငါးရောင်းဝယ်ရေးအသင်းဥက္ကဌ ဂျမ်ပူးလ် ကာနာဝါရီးက ပြောကြားခဲ့သည်။

“ငါးဖမ်းလှေတွေဟာ လှေလုပ်သားတွေနဲ့ သူတို့မိသားစုဝင်တွေအတွက် ကုန်ကျစရိတ်ကို မခံနိုင်တော့တာကြောင့် ဧပြီလ ၁ ရက်နေ့နောက်ပိုင်းမှာ ရောင်းစရာငါးမရှိနိုင်တော့ကို မြင်တွေ့ရနိုင်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။ “သူတို့တွေ လုံလောက်တဲ့ ဝင်ငွေရရှိတော့မှာ မဟုတ်ပါဘူး” ဟု ဆိုခဲ့သည်။

၂၀၂၄ ခုနှစ်တွင် ထိုင်းနိုင်ငံသည် အမေရိက၊ ဂျပန်နှင့် တရုတ်နိုင်ငံအပါအဝင် နိုင်ငံများသို့ ဒေါ်လာ ၇ ဘီလျံတန်ဖိုးရှိသော ငါးထုတ်ကုန်များကို တင်ပို့ခဲ့သည်ဟု အစိုးရ၏ အချက်အလက်များတွင် ဖော်ပြသည်။

ထိုသတင်းနှင့် ပတ်သက်၍ မှတ်ချက်ပေးရန် တောင်းဆိုမှုကို ထိုင်းငါးလုပ်ငန်းဌာနက လတ်တလောတွင် တုန့်ပြန်ဖြေကြားခြင်း မရှိသော်လည်း အစိုးရသည် ထိုင်းငါးဖမ်းသမားများကို ထောက်ပံ့မည့်အစီအစဉ်တစ်ခုကို ပြင်ဆင်နေပြီး ၎င်းတွင် B20 ဘိုင်အိုဒီဇယ်နှင့် စားအုန်းဆီများ ဈေးထပ်မံမြင့်တက်ခြင်းမှ ကာကွယ်ရန်ပါဝင်ကြောင်း ထိုင်းဘဏ္ဍာရေးဝန်ကြီး အက်ခ်နီထီ နီထီထန်ပရာပက်စ်က မတ်လ ၂၅ ရက်နေ့တွင် ပြောကြားခဲ့သည်။

အရာရှိများ၏ အဆိုအရ ထိုင်းနိုင်ငံတွင် အရန်ရေနံ ရက်ပေါင်း ၁၀၀ စာခန့်ရှိသည်ဟု ဆိုသည်။

အစိုးရထောက်ပံ့ကြေးများ ရပ်ဆိုင်းလိုက်ပြီးနောက် ထိုင်းဒီဇယ်ဈေးနှုန်းများသည် မတ်လ ၂၆ ရက်တွင် တစ်လီတာလျှင် ၃၈ ဒဿမ ၉၄ ဘတ်အထိ ရောက်ရှိခဲ့ပြီး အရှေ့အလယ်ပိုင်းပဋိပက္ခမဖြစ်ပွားခင် ဖေဖော်ဝါရီလက တစ်လီတာလျှင် ၂၉ ဒဿမ ၉၄ ဘတ်သာရှိရာမှ မြင့်တက်လာခဲ့ခြင်းဖြစ်သည်။

Ref: ဘန်ကောက်ပို့စ်

image

ရှီနှင့်ထရမ့်ပ် မေလလယ်တွင် တွေ့ဆုံမည်ဟု အိမ်ဖြူတော် ကြေညာ

သမ္မတ ဒေါ်နယ်ထရမ့်ပ်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့အကြား ကြာမြင့်စွာစောင့်မျှော်ခဲ့ရသော တွေ့ဆုံမှုကို မေလ ၁၄ ရက် နေ့နှင့် ၁၅ ရက်နေ့တို့တွင် ပေကျင်း၌ ကျင်းပမည်ဖြစ်ကြောင်း အိမ်ဖြူတော်က ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။

ထရမ့်ပ်နှင့် သမ္မတကတော် မယ်လန်နာနီယာထရမ့်ပ်တို့သည်လည်း ရှီနှင့် မဒမ် ဖန်လီယွမ်တို့၏ အပြန်အလည်ခရီးစဉ်လာရောက်မှုကို ဝါရှင်တန်၌ လက်ခံတွေ့ဆုံသွားမည်ဖြစ်ကာ ခရီးစဉ်ရက်စွဲကို ယခုနှစ်အနှောင်းပိုင်းတွင် ကြေညာမည်ဖြစ်ကြောင်း အိမ်ဖြူတော်သတင်းပြန်ကြားရေးမှူး ကာရိုလင်း လီဗစ်က သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်များကို ပြောကြားခဲ့သည်။

ထိုကြေညာချက်အရ မတ်လနှောင်းပိုင်းနှင့် ဧပြီလအစောပိုင်းတွင် ကျင်းပရန် မျှော်လင့်ထားခဲ့သည့် တရုတ်ထိပ်သီးအစည်းအဝေးကို ရက်သတ္တခြောက်ပတ်ခန့် ရွှေ့ဆိုင်းလိုက်ရသည့် သဘောဖြစ်သည်။

သို့ရာတွင် အီရန်စစ်ပွဲကြောင့် အမေရိကသည် ထိုအစည်းအဝေးကို တစ်လခန့်ရွှေ့ဆိုင်းရန် တောင်းဆိုခဲ့ကြောင်း ထရမ့်ပ်က မတ်လလယ်တွင် ပြောဆိုခဲ့သည်။

“ဗုဒ္ဓဟူးနေ့ သတင်းစာရှင်းလင်းပွဲအပြီး ထရုဆိုရှယ်မီဒီယာပေါ်တင်ခဲ့သော ပို့စ်တစ်ခုတွင် အမေရိကန်ကိုယ်စားလှယ်များသည် ဤသမိုင်းဝင် ခရီးစဉ်များအတွက် ပြင်ဆင်မှုများကို အပြီးသတ်လုပ်ဆောင်နေသည်” ဟု ထရမ့်ပ်က ပြောကြားခဲ့သည်။

“အမှတ်တရအခမ်းအနားတစ်ခုဖြစ်မယ်လို့ သေချာပေါက်ပြောနိုင်တဲ့ ပွဲအတွက် သမ္မတရှီနဲ့အတူ အချိန်တွေကိုဖြတ်သန်းကုန်လွန်ဖို့ ငါအရမ်းမျှော်လင့်နေပါတယ်” ဟု ၎င်းက ပို့စ်တွင် ပြောကြားခဲ့သည်။

အမေရိကနှင့် အစ္စရေးတို့ အီရန်ကို တိုက်ခိုက်မှုများလုပ်ခဲ့သည့် ဖေဖော်ဝါရီလ ၂၈ ရက်တွင် စတင်ခဲ့သော စစ်ပွဲသည် ရက်သတ္တငါးပတ် ကြာမြင့်မည်ဟု မျှော်လင့်ကြောင်း ထရမ့်ပ်အစိုးရက ပြောကြားခဲ့သော်လည်း အရာရှိအချို့ကမူ အချိန်ဇယားခန့်မှန်းချက် အမျိုးမျိုးပေးခဲ့ကြသည်။

Ref: စီအင်န်ဘီစီ

image