ရှာဖွေပါ။ ပို့စ်များExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
လေဖိအားနည်းရပ်ဝန်းအခြေအနေ
--------------------------------
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၃ ရက်နေ့ မြန်မာစံတော်ချိန် ၁၂:၀၀ နာရီအချိန် ထုတ်ပြန်ချက်
===========================================
ယနေ့မြန်မာစံတော်ချိန် ၁၀:၃၀ နာရီအချိန် တိုင်းထွာချက်များအရ အိန္ဒိယနိုင်ငံ၊ တမီးနာဒူးမြောက်ပိုင်း၊ ပူဒူချယ်ရီမြို့နှင့် အင်ဒရာပရာဒေ့ရှ်တောင်ပိုင်းကမ်းခြေတို့ကို ဖြတ်ကျော်ခဲ့သော အားကောင်းသော လေဖိအားနည်းရပ်ဝန်း(Well Marked Low Pressure Area)သည် အနောက်- အနောက်မြောက် ဘက်သို့ရွေ့လျားခဲ့ပြီး အိန္ဒိယနိုင်ငံ၊ တမီးနာဒူးမြောက်ပိုင်းကုန်းတွင်းပိုင်းဒေသများတွင် လေဖိအားနည်း ရပ်ဝန်း(Low Pressure Area)အဖြစ်သို့ အားလျော့သွားခဲ့ပြီး ဖြစ်ပါသည်။ အဆိုပါ လေဖိအားနည်း ရပ်ဝန်းသည် အနောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး တဖြည်းဖြည်း အားလျော့ သွားမည်ဟု ခန့်မှန်းရပါသည်။
အပူပိုင်းမုန်တိုင်းငယ် အခြေအနေသတင်း အမှတ်စဉ် (၀၈/၂၀၂၅)
-------------------------------------------------------------
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၃ ရက်နေ့ မြန်မာစံတော်ချိန် ၁၂:၀၀ နာရီအချိန် ထုတ်ပြန်ချက်
=========================================
၁။ ယနေ့မြန်မာစံတော်ချိန် ၁၀:၃၀ နာရီအချိန် တိုင်းထွာချက်များအရ တောင်တရုတ်ပင်လယ်ပြင် တွင် ဖြစ်ပေါ်နေသော အပူပိုင်းမုန်တိုင်း “ဖန်ရှန်”(FENGSHEN)သည် အနောက်- အနောက်တောင် ဘက်သို့ ရွေ့လျားခဲ့ပြီး အပူပိုင်းမုန်တိုင်းငယ်အဖြစ်သို့ အားလျော့သွားခဲ့ကာ ဗီယက်နမ်နိုင်ငံအလယ်ပိုင်း ကမ်းခြေဒေသများကို ဒါနန်းမြို့အနီးမှ ဖြတ်ကျော်ခဲ့ပြီး အနောက်တောင်ဘက်သို့ ရွေ့လျားနိုင်ကာ တဖြည်းဖြည်း အားလျော့သွားမည်ဟု ခန့်မှန်းရပါသည်။
၂။ ယခုသတင်းသည် အားကောင်းသောအပူပိုင်းမုန်တိုင်း“ဖန်ရှန်”(FENGSHEN)အတွက် ထုတ်ပြန် ပေးသည့် နောက်ဆုံးသတင်း ဖြစ်ပါသည်။
Constantine နောက်ဆက်တွဲဇာတ်ကားအတွက် ကီနူးရိဗ်နဲ့ တိုင်ပင်ဆွေးနွေးထားတယ်ဆိုတဲ့ ဂျိမ်းစ်ဂန်
နတ်ဆိုးတွေကို အမဲလိုက်ရတဲ့ ဂျွန်ကွန်စတန်တင်းအဖြစ် မင်းသားကြီး ကီနူးရိဗ် ပါဝင်သရုပ်ဆောင်ခဲ့တဲ့ ၂၀၀၅ ခုနှစ်ရဲ့ နာမည်ကြီးဇာတ်ကား Constantine ရဲ့ နောက်ဆက်တွဲဇာတ်ကားထွက်ရှိဖို့က သေချာသလောက်ဖြစ်နေပါပြီ။ DC Studios ရဲ့ တွဲဖက်အမှုဆောင်ချုပ်၊ ဒါရိုက်တာနဲ့ ထုတ်လုပ်သူ ဂျိမ်းစ်ဂန်ဟာ ၂၀၀၅ ခုနှစ်ရဲ့ နာမည်ကြီးဇာတ်ကား Constantine ရဲ့ နောက်ဆက်တွဲဇာတ်ကားထွက်ရှိဖို့ မင်းသားကြီး ကီနူးရိဗ်နဲ့ တိုင်ပင်ဆွေးနွေးထားတယ်လို့ ဆိုထားပါတယ်။
"ကျွန်တော့် တစ်ခုပြီးတစ်ခု ဆွေးနွေးတိုင်ပင်ထားပါတယ်။ ကီနူးနဲ ဆွေးနွေးခဲ့ပြီးပါပြီ။ ဒါပေမဲ့ ဇာတ်ညွှန်းတော့ မဖတ်ရသေးပါဘူး"လို့ ဂျိမ်းစ်ဂန်က BobaTalks podcast မှာ ပြောကြားခဲ့တာပါ။
အခုနှစ်အစောပိုင်းတုန်းက ကီနူးရိဗ်ဟာ ဒါရိုက်တာဖရန်စစ် လော့ရန့်နဲ့အတူ ဒီနောက်ဆက်တွဲဇာတ်ကားဖန်တီးဖို့ကြိုးစားနေခဲ့တာ ဆယ်စုနှစ် ၁ ခုကျော်ပြီဖြစ်ကြောင်း၊ မကြာသေးခင်ကမှ ဇာတ်လမ်းတစ်ပုဒ်ဖြစ်အောင် အတူ ဖန်တီးခဲ့ကြပြီး DC Sudios ကို ထုတ်လုပ်ရိုက်ကူးဖို့ စည်းရုံးခဲ့ကြောင်း၊ Studio က အဆင်ပြေတယ်ပြောလို့ ဇာတ်ညွှန်းရေးဖို့ ကြိုးစားခဲ့ကြောင်း ပြောခဲ့ပါသေးတယ်။
Ref: James Gunn and Keanu Reeves discuss Constantine 2 plans
မြစ်ငယ် အထကမှာ ဓားထိုးမှုဖြစ်လို့ သုံးယောက်ဒဏ်ရာရ
အောက်တိုဘာ ၂၃
မန္တလေးတိုင်း၊ အမရပူရမြိုနယ်၊မြစ်ငယ်မြို့ အ.ထ.က ကျောင်းမှာ ဓားထိုးမှုဖြစ်ပွားပြီး ကျောင်းသူနှစ်ယောက်နဲ့ ကျောင်းသားတယောက်တို့ ထိခိုက်ဒဏ်ရာရရှိပြီး ဆေးရုံမှာကုသမှုခံယူနေရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
ဓားထိုးခံရမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူတွေက Grade 11 ကျောင်းသား ကျောင်းသူတွေဖြစ်တဲ့ မစုမြတ်နိုးဦး ၊ မရွှေစင်ငြိမ်း ၊မောင်မျိုးမင်းထွန်းဆိုသူတို့ဖြစ်တယ်လို့သိရပါတယ်။
" ဖြစ်တာက ကျောင်းသားအချင်းချင်းတော့မဟုတ်ဘူး။ ကျောင်းသူတယောက်ရဲ့အမက သူ့ညီမကို အအေးဘူးပေးမယ်ဆိုပြီး ကျောင်းထဲဝင်ပြီး လုပ်သွားတာလို့သိရတယ်။အဲဒါကို တခြားကျောင်းသူတွေက ဝင်ဆွဲတာမှာ ဒဏ်ရာရကုန်တာ။ဓားနဲ့လည်ပင်းထိုးခံရတဲ့တယောက်ကတော့ ပြင်းတယ်သိရတယ်။" လို့ ဒေသခံကပြောပါတယ်။
ဓားထိုးမှုမှာ လည်ပင်းထိုးသွင်းဒဏ်ရာ လက်ခုံနဲ့ လည်ပင်း ပြတ်ရှဒဏ်ရာတွေရရှိခဲ့ပြီး ကျောင်းသားတွေကို ဆေးခန်းမှတဆင့် ဆေးရုံကို မြစ်ငယ်ကြက်ခြေနီအသင်းခွဲမှ အရေးပေါ်ပို့ဆောင်ခဲ့ရတာဖြစ်တယ်လို့သိရပါတယ်။
ဖြစ်စဥ်အခြေအနေအသေးစိတ် ကို ကူညီကယ်ဆယ်ရေးသွားရောက်ခဲ့တဲ့ မြစ်ငယ်ကြက်ခြေနီအသင်းခွဲကိုဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ရာ ဖြစ်စဥ်မှန်ကြောင်းပြောဆိုပေမယ့် အသေးစိတ်အခြေအနေကို ဖြေဆိုဖို့အဆင်မပြေကြောင်း ငြင်းဆိုခဲ့ပါတယ်။
ခုလို ကျောင်းဝန်းထဲ ဓားထိုးမှုဖြစ်ပွားတဲ့အပေါ် ကျောင်းသားမိဘ တယောက်က " ကျောင်းထဲအထိတောင် ဓားထိုးမှုဖြစ်နေပြီဆိုတော့ ကလေးတွေအတွက် ဘယ်လိုစိတ်ချရတော့မလဲ။ကျောင်းထဲဝင်ပြီး လုပ်တယ်ဆိုတော့ ကျောင်းလုံခြုံရေးက စိတ်ပူစရာဖြစ်နေပြီရှင်။ဆရာ ဆရာမတွေ စည်းကမ်းပိုင်း တော်တော်လျော့ရဲနေပြီဆိုတာပြနေတာပေါ့။ကျွန်မတို့ကလေးလည်း ကျောင်းတက်နေတော့ စိတ်ပူမိတာအမှန်ပါ။ ကျောင်းကိုပို့တာ စာတ်ဖို့အပြင် အသိပညာကြွယ်ဝဖို့ရော လိမ္မာဖို့ပါပါတယ်။ခုကြားနေရတာတွေက အုပ်စုဖွဲ့ရန်ဖြစ်လိုက် ၊ ထိုးလိုက်ကြ ၊ သတ်လိုက်ကြဖြစ်နေတာ ထိထိရောက်ရောက်ကိုင်တွယ်ပေးစေချင်ပါတယ်။" လို့ ပြောပါတယ်။
စက်တင်ဘာလတုန်းကလည်း ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ရွာမပြင်ကျေးရွာမှာ ကျောင်းသားအချင်းချင်း ရန်ဖြစ်ကြရာကနေ ဓားထိုးမှုဖြစ်ပွားပြီး ၇ တန်းကျောင်းသားတယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
၂၀၂၄ ခုနှစ် နိုဝင်ဘာ တုန်းကလည်း ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်မှာ ကျောင်းသားအချင်းချင်း ချိန်းဆို ရန်ဖြစ်ရာမှ နှစ်ယောက် ဓားထိုးခံရတယ်လို့ သိရတယ်။
အလားတူ ဇန်နဝါရီလမှာလည်း မန္တလေးတိုင်း ၊ မိတ္ထီလာမြို့ ၊ ပြည်သာယာ (မြောက်) ရပ်ကွက် မှာရှိတဲ့ အခြေခံပညာ အလယ်တန်းကျောင်းမှာ ကျောင်းသား အချင်းချင်း ခိုက်ရန်ဖြစ်ပွားပြီး ဓားထိုးမှုဖြစ်ကာ ကျောင်းသား တယောက်သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ယခုနောက်ပိုင်း အခြေခံပညာစာသင်ကျောင်းတွေမှာ ကျောင်းသားအချင်းချင်း ခိုက်ရန်ဖြစ်ပွားပြီး ရိုက်နှက်ခြင်း ၊ ဓားထိုးမှုဖြစ်ပွားတာတွေများလာနေတယ်လို့သိရပါတယ်။
ဒါကြောင့် ပညာရေးဝန်ကြီးဌာနက စက်တင်ဘာလတုန်းက ကျောင်းသားအချင်းချင်း ပြဿနာဖြစ်ပွားတဲ့ကိစ္စတွေနဲ့ပတ်သက်ပြီး ညွှန်ကြား ချက်ထုတ်ပြန်ခဲ့ပါတယ်။
ထုတ်ပြန်ချက်ကတော့ " ကျောင်းချိန် သို့မဟုတ် ကျောင်းချိန်ပြင်ပမှာ အချင်းချင်း ကိုယ်ထိလက်ရောက်သော်လည်းကောင်း၊ လူကိုထိခိုက်စေနိုင်တဲ့ ပစ္စည်းကိရိယာဖြင့်သော်လည်းကောင်း ခိုက်ရန်ဖြစ်ပွားနေကြတဲ့ ဖြစ်စဉ်များ များပြားလာတဲ့အတွက် ကျောင်းတွင်းပညာပေး ဆွေးနွေးပွဲများဆောင်ရွက်သွားရန်နှင့် ကျောင်းချိန် သို့မဟုတ် ကျောင်းချိန် ပြင်ပခိုက်ရန် ဖြစ်ပွားမှုများ ဖြစ်ပေါ်လာပါက ကျောင်းစည်းကမ်းထိန်းသိမ်းရေးအဖွဲ့ဖြင့် စစ်ဆေးပြီး ခိုက်ရန်ဖြစ်ပွားခြင်း ပြစ်မှုမှာ ပါဝင်သူအားလုံးကို “ကျောင်းပြောင်းလက်မှတ်ထုတ်ပေးသည့် ပြစ်ဒဏ်ချမှတ်သွားမည် ဖြစ်ကြောင်း” အခြေခံပညာကျောင်းအုပ်ကြီးများက ကျောင်းသား ကျောင်းသူများနှင့် မိဘများသို့ အသိပေးဆောင်ရွက်သွားရန် " ပြောဆိုထားပါတယ်။

ရွှေပဲသီး
မျိုးစေ့ပျိုးနည်း
step 1 -compost 1: စပ်မြေ 2 ရောသမ မွှေပေးပါ
2- ကိုယ်စိုက်မယ့် ပန်းအိုး သို့မဟုတ် container တစ်ခုခု ထဲ ထည့်ပါ
3- ရေဆင်းပေါက်ရှိသော အိုး သို့မဟုတ် container ဖြစ်ဖို့ လိုပါတယ်
4- မြေဖြည့်ပြီးပါက ရေဝအောင် ရွှဲအောင် လောင်းပေးပါ
5- ရေစစ်သွားပြီဆို ရင် မျိုးစေ့လေးတွေ ခပ်ကျဲကျဲ ဖြူးလိုက်ပါ
6- ကျဲထားသော မျိုးစေ့ပေါ်သို့ ပထမပိုင်းက ရောထားတဲ့မြေခပ်ပါးပါးလေး ထပ်ဖြူးပေးပါ
7-(1-2) ရက်နေလို့ မြေသားမှာ ရေအစိုဓါတ် လိုနေရင် ရေဖွဖွ လေးလောင်းပေးပါရှင်
7ရက် မှ 10 ရက် အတွင်း
အပင်ပေါက်လာပါလိမ့်မယ်နော်
သတိပြုရန်မှာ
၁- မိုးရေ တိုက်ရိုက်ကျသောနေရာမှာ
မျိုးစေ့ ပျိုးပင် ပျိုးအိုးများထားခြင်းကို
ရှောင်ပေးပါ
၂- နေ ရိပ်လွန်းသော နေရာ/နေပူလွန်းသော နေရာ
များကို ရှောင်ပေးပါ
၃- ရေ လောင်းလွန်ခြင်း/ ရေလောင်းဖို့ လိုခြင်းကို
သတိပြုပေးပါ
(Spray ဖျန်းရုံ ရေ အစိုဓါတ် ရှိရုံဆို ရပါပြီ)
၄- မျိုးစေ့လေးများ မပေါက်မှီ အချိန်တွင်
နွားချေး ကြက်ချေး အခြား မည်သည့်
မြေဩဇာ ဓါတ်မြေဩဇာများမ ထည့်ပါဘူးရှင့်
ပလက်စတစ်ခွက် (သို့မဟုတ် အိုးငယ်) ထဲတွင် မီးဖိုချောင်သုံး ဟင်းသီးဟင်းရွက် စိုက်ပျိုးနည်းအတွက် မြေဆီလွှာ ဖော်စပ်မှု
ဤဖန်ခွက်အတွင်းရှိ မြေဆီလွှာ အလွှာများမှာ အောက်ပါအတိုင်း ဖြစ်သည်-
အောက်ဆုံးအလွှာ: အုန်းဆံမှုန့် (ခွံမာသီးအမှုန့်)
အာနိသင်: ရေစီးရေလာကောင်းစေပြီး အမြစ်များ ရေဝပ်မနေစေရန် ရေကို ထိန်းသိမ်းပေးသည်။
ဒုတိယအလွှာ: ဖွဲနု
အာနိသင်: မြေဆီလွှာကို လေဝင်လေထွက်ကောင်းစေပြီး ကျစ်လစ်မသွားစေရန် ကူညီသည်။
တတိယအလွှာ: အမှုန့်ကြိတ်ထားသော မီးသွေး
အာနိသင်: အနံ့ဆိုးများကို စုပ်ယူကာ အစိုဓာတ်ကို ထိန်းထားပေးသည်။
ကြားညှပ်အလွှာများ: ဖွဲနုနှင့် မီးသွေး (တစ်လှည့်စီ)
အာနိသင်: လေလည်ပတ်မှုကောင်းစေပြီး အမြစ်များ လျင်မြန်စွာ ကြီးထွားစေရန်။
အပေါ်ဆုံးအလွှာ: အုန်းဆံမှုန့်နှင့် စိုက်ပျိုးမြေ ရောစပ်ထားသော အလွှာ
အာနိသင်: ပူဒီနာ (သို့မဟုတ် အခြားအရွက်များ) ကို အမြစ်စွဲစေရန် အသုံးပြုသည်။
မုံရွာမြို့တွင် တန်ဆောင်တိုင်ပွဲတော်ကို (၄)ရက်ကြာကျင်းပမည်
မုံရွာမြို့တွင် တန်ဆောင်တိုင်ပွဲတော်ကို နိုဝင်ဘာလ (၁)ရက်မှ (၄)ရက်အထိ စည်ကားစွာကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် စုပေါင်းမဟာဘုံကထိန်အလှူတော်ပဒေသာပင်များကိုတန်ဆောင်မုန်းလဆန်း (၁၂)ရက်၊ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ (၁) ရက် (စနေနေ့) မွန်းလွဲပိုင်းတွင် မုံရွာမြို့တွင်းသို့ လှည့်လည်ပူဇော်မည် ဖြစ်သည်။
ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၊ ချင်းတွင်းခန်းမတွင် တန်ဆောင်မုန်းလဆန်း (၁၃)ရက်၊ နိုဝင်ဘာလ (၂) ရက်နေ့ ၊ နံနက်ပိုင်း၌ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ် ဌာနဆိုင်ရာများနှင့် အဖွဲ့အစည်းများ၊ မြို့မိမြို့ဖများ၏ စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာအခမ်းအနားကို ကျင်းပမည်ဖြစ်သည်။
တန်ဆောင်မုန်းလပြည့်နေ့၊ နိုဝင်ဘာလ (၄) ရက် နံနက်ပိုင်းတွင် မသိုးသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ၊ ဘုရားအနေကဇာတင်လှူပွဲနှင့် သံဃာအပါး (၁,၀၀၀) ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို မုံရွာမြို့၊ ကန်သာယာ၊ ရာပြည့်ကပ်ကျော်စေတီတော်တွင် ကျင်းပမည်ဖြစ်သည်။
ထိုနေ့ ညနေပိုင်းတွင် မုံရွာမြို့၊ ပြည်ထောင်စုရင်ပြင်၌ စတုဒီသာမဏ္ဍပ်များဖြင့် ကျွေးမွေးဧည့်ခံမည်ဖြစ်ပြီး ညပိုင်းတွင် မီးပုံးပျံအသေး (၂,၀၀၀)လုံး၊ မီးပုံးပျံအကြီး (၅၀၀)လုံးတို့နှင့်အတူ မီးရှူးမီပန်းများ လွှတ်တင်ကြမည်ဖြစ်သည်။
မုံရွာတန်ဆောင်တိုင်ပွဲတော်တွင် နာမည်ကျော် တေးသံရှင်များ၏ စင်မြင့်ဖျော်ဖြေရေးကို တန်ဆောင်မုန်းလပြည့်နေ့ မွန်းလွဲပိုင်းမှစတင်၍ ဖျော်ဖြေတင်ဆက်သွားမည်ဖြစ်ပြီး တန်ဆောင်တိုင်ပွဲတော်တွင် စတုဒီသာစားစရာများ၊ ပျော်ပွဲရွှင်ပွဲများလည်း ပါဝင်ကြောင်း သိရသည်။