Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
    	
 မြန်မာ-အိန္ဒိယနယ်စပ်ဖြတ်ကျော်လက်နက် နှင့် မူးယစ်မှောင်ခိုမှုများတွင် ပါဝင်ပတ်သက်နေသော ကူကီးလက်နက်ကိုင်အဖွဲ့ CKMA မှ စစ်ဦးစီးချုပ်ကို အိန္ဒိယ ဖမ်းဆီး 
 
အောက်တိုဘာ ၄ 
 
မြန်မာ - အိန္ဒိယနယ်စပ်ဖြတ်ကျော် လက်နက်နှင့်မူးယစ်မှောင်ခိုမှုများတွင် ပါဝင်ပတ်သက်နေသော ကူကီးလက်နက်ကိုင်အဖွဲ့ CKMA မှ စစ်ဦးစီးချုပ်ကို အိန္ဒိယလုံခြုံရေးတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း The Sangai Express ၏ သတင်းတွင် ဖော်ပြထားသည်။ 
 
ဖွဲ့စည်းထားသည်မှာ မကြာသေးသော Chin Kuki Mizo Army – CKMA သည် မှ ခေါင်းဆောင်ကို လက်နက်များနှင့်အတူ အောက်တိုဘာ (၁) ရက်တွင် ဖမ်းမိခဲ့ခြင်းဖြစ်ပြီး အိန္ဒိယရဲတပ်ဖွဲ့ ၏ သတင်းထုတ်ပြန်ချက်အရ Paokholen Guite အဖြစ် သိရှိရကာ မဏိပူရ ပြည်နယ်၊ Churachandpur မြို့နယ် ရှိ P Mongjang ကျေးရွာတွင် နေထိုင်သူ ဖြစ်ကြောင်း ယင်း သတင်းတွင် ဖော်ပြထားသည်။ 
 
ဖမ်းမိချိန် AK 47 ရိုင်ဖယ် နှစ်လက်၊ AK 47 ကျည်အိမ် နှစ်ခု၊ 7.62 AK ကျည် ၃၁ တောင်၊ 7.62 SLR/LMG ကျည် ၁၅၀ တောင်၊ ငွေသား ရူပီးတစ်သိန်း၊ ကျည်ကာအိတ်တစ်ခု၊ Hyundai Creta ကားတစ်စီးနှင့် မိုဘိုင်းဖုန်း နှစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့သည်ဟု အိန္ဒိယရဲတပ်ဖွဲ့က ပြောကြားသည်။ 
 
တစ်ချိန်တည်းမှာပင် ရဲအဖွဲ့သည် ယင်းနေ့တွင်ပင် Chandel ခရိုင်၊ Sajik Tampak ဒေသရှိ T Kotlen ကျေးရွာသို့ မူးယစ်ဆေးဝါးဂိုဏ်းခေါင်းဆောင်ဟု သံသယရှိသူတစ်ဦးကို ဖမ်းဆီးစဉ် လူအုပ်စု တစ်စု ၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရသောကြောင့် အာသံရိုင်ဖယ် နှင့် ဗဟိုလက်နက်ကိုင် ရဲတပ်ဖွဲ့၊ ဒေသခံ ခေါင်းဆောင်များ၏ အကူအညီကို ရယူ ဖြေရှင်းခဲ့ရကြောင်းလည်း သတင်းတွင် ရေးသားထားသည်။ 
 
ထို့ပြင် အောက်တိုဘာလ ၁ ရက် နှင့် ၂ ရက်တို့တွင် ငွေညှစ်ခြင်း နှင့် အခြား ရာဇဝတ်မှုများတွင် ပါဝင်ပတ်သက်သည်ဟု စွပ်စွဲခံထားရသော မဏိပူရလက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်သော RPF/PLA မှ တပ်ဖွဲ့ဝင် သုံးဦး ဖမ်းဆီးခဲ့သေးကြောင်း ယင်း သတင်းအရ သိရသည်။ 
 
Credit - NP News Agency 
 
#centralnewsnaypyitaw
 
        
    	
 မန္တလေးတက္ကသိုလ် ရာပြည့်ပွဲ ကော်မရှင်ဥက္ကဋ္ဌ တက်ရောက် 
 
အောက်တိုဘာ ၄ 
 
မန္တလေးတက္ကသိုလ် နှစ်(၁၀၀)ပြည့် ရာပြည့်သဘင်အား နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ခဲ့သည်။ 
 
မန္တလေးတက္ကသိုလ် ရာပြည့်သဘင် အခမ်းအနားကို ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၄ ရက်က မန္တလေးတက္ကသိုလ် ပင်မဆောင်ရှေ့နှင့် ဘွဲ့နှင်းသဘင် ခန်းမ၌ ကျင်းပခဲ့သည်။  
 
တခြားတစ်ဖက်မှာတော့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်နေသည့် မန္တလေးတက္ကသိုလ် ရာပြည့်သဘင် အခမ်းအနားကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)ဘက်က ရှော့တိုက်ဒုံး ပစ်ခတ်ခဲ့ကြောင်း သတင်းများ ထွက်ပေါ်နေသည်။ 
 
Credit - Central News Independence News Agency 
 
#centralnewsnaypyitaw





    	
 သီတင်းကျွတ်ကာလ ခရီးသွားများလို့ ရန်ကုန်အထွက် နဲ့အမြန်လမ်းမှာ ကားရာချီ ပိတ်ဆို့နေ 
 
အောက်တိုဘာ ၄  
 
သီတင်းကျွတ်ရုံးပိတ်ရက်မှာ ခရီးသွားတဲ့သူတွေများတာကြောင့် ရန်ကုန်အထွက် ဇီးရိုးမိုင်ကစပြီး  အမြန်လမ်းနေရာအချို့မှာ ကားအစီးရေ ရာနဲ့ချီပြီး ပိတ်ဆို့မှုဖြစ်ပွားနေတယ်လို့သိရပါတယ်။  
 
ဒီနေ့အောက်တိုဘာလ ၄ ရက်နေ့  ရန်ကုန်ကနေအထွက် ဇီးရိုးမိုင်တိုးဂိတ်မှာ ခရီးသွားကြမယ့်ကားတွေ ပိတ်ဆို့မှုဖြစ်နေသလို အမြန်လမ်း မိုင် ၁၆၀ လောက်မှစပြီး ၁၈၅ မိုင်လောက်အထိမှာဆိုရင်လည်း ကားတွေရာနဲ့ချီပိတ်မိနေတာဖြစ်တယ်လို့သိရပါတယ်။  
 
အမြန်လမ်း ၁၆၄ မိုင်မှာ ဆွာချောင်းတံတားကို ပြုပြင်နေတာကြောင့် လမ်းတဖက်တည်းကနေသာ ကားတွေကို အလှည့်ကျပေးဖြတ်နေတဲ့အတွက် ကားတွေ နာရီနဲ့ချီကြာစောင့်ရတဲ့အထိကားပိတ်နေတာဖြစ်တယ်လို့ အမြန်လမ်းခရီးသွားနေသူကပြောပါတယ်။  
 
" အမြန်လမ်းကားတွေကအတော်လေးပိတ်တယ်။ကျွန်တော်တို့ ၂ နာရီလောက်စောင့်လိုက်ရတယ်။တံတားပြင်နေလို့ပိတ်နေတာပါ။တံတား ဟိုဘက်ခြမ်း ၊ဒီဘက်ခြမ်းမှာ ကားတွေအကုန်ပိတ်နေကြတာပါ။ဒီလိုပဲ ဖြေးဖြေးချင်းရွှေ့ပေါ့။" လို့ ပြောပါတယ်။  
 
သီတင်းကျွတ်ရုံးပိတ်ရက်ကာလမှာ ရန်ကုန်ကနေ  နယ်ကိုအလည်အပတ်ခရီးသွားရောက်ကြသူတွေရှိသလို နေထိုင်ရာဇာတိကိုပြန်သူတွေလည်းရှိတာကြောင့် အမြန်လမ်းမှာကားတွေအများအပြားပိတ်ဆို့မှုဖြစ်ပွားနေတာဖြစ်တယ်လို့သိရပါတယ်။  
 
" ခုကပိတ်ရက်ဆိုတော့ ကားတွေများပြီး လမ်းပိုပိတ်တာပေါ့။ခုထိစောင့်နေတုန်းပဲ။ ၁၆၂မိုင်မှာပါ ပိတ်မိနေတုန်းပဲ။ တံတားမဖြတ်ရသေးဘူး။ ဆွာတံတားကျော်တော့လည်း လမ်းကမကောင်းလို့ ဖြေးဖြေးမောင်းရတာ။ " လို့ အမြန်လမ်းမှာကားပိတ်နေသူ တယောက်ကပြောပါတယ်။  
 
သီတင်းကျွတ် ပိတ်ရက်ကာလမှာ ချောင်းသာ၊ငွေဆောင် ၊ပုဂံ ဒေသကို သွားရောက်လည်ပတ်မယ့်သူတွေများပြီး ဟိုတယ်ဘွတ်ကင်ရယူမှုအများအပြားရှိခဲ့သလို ကလော နဲ့တောင်ကြီးကိုလည်း သွားရောက်လည်ပတ်ဖို့ ဟိုတယ်အခန်းကြိုတင်ငှားရမ်းမှု ရှိနေထားလို့သိရပါတယ်။  
 
နှစ်စဥ်သီတင်းကျွတ်ရုံးပိတ်ရက်တိုင်းမှာ ခရီးသွားသူများလေ့ရှိပြီး ကားပိတ်ဆို့မှုတွေလည်း ရှိခဲ့ပြီး ဟိုတယ်အခန်း ငှားရမ်းခနူန်းထားတွေကလည်း ပုံမှန်အချိန်ထက် စျေးမြင့်တက်လေ့ရှိတယ်လို့သိရပါတယ်။  
 
ဓာတ်ပုံ - WYMH / US /NNA 
 
Credit - Voice of Myanmar 
 
#သတင်းဟင်းလေးအိုးကြီး






 +2
                       +2
                   ✅ Ultra Reflective Design – Hexagonal honeycomb pattern နဲ့ prismatic technology အသုံးပြုထားတဲ့အတွက် မည်သည့်အလင်းမဆို ပြန်လင်းမှုအလွန်ကောင်းပါတယ်။ 
?️ Waterproof & Sunproof PVC Material – ရေ၊ နေ၊ လေထဲမှာတောင် မဖျက်မပျက်၊ အရောင်မပျက်ဘဲ သက်တမ်းရှည်ခံနိုင်ပါတယ်။ 
? Bright Colors – မော်တော်ယာဉ်၊ စက်ဘီး၊ မော်တော်ဆိုင်ကယ် စသည်တို့ကို လှပစွာအလှဆင်နိုင်ပါတယ်။ 
? Safety First – ညအချိန်မှာ မျက်စိကျစေပြီး လမ်းပေါ်မှာ လုံခြုံမှုကို မြှင့်တင်ပေးပါတယ်။ 
? Easy to Use & Clean – တပ်ဖို့လွယ်ကူပြီး ရှင်းလင်းဖယ်ရှားချင်တဲ့အခါမှာလည်း အညစ်အကြေးမကျန်ဘဲ လွယ်လွယ်ကူကူ သန့်ရှင်းနိုင်ပါတယ်။ 
? Perfect Size – တစ်ရွေ့ 8 မီတာ (26.2ft) အရှည်၊ 1 စင်တီမီတာ (0.39 inch) အကျယ်ဖြင့် မိမိစတိုင်အတိုင်း mix & match လုပ်နိုင်ပါတယ်။ 
? Multi-purpose Use – စက်ဘီး၊ မော်တော်ဆိုင်ကယ်၊ မော်တော်ယာဉ်၊ လမ်းညွှန်ပုလင်း၊ မိုးကာအင်္ကျီ၊ ခြံဝင်း၊ လမ်းကြောင်းအမှတ်အသားများတွင် အသုံးပြုနိုင်ပါတယ်။ 
 
(တစ်လိပ်အရွယ်အစား – 8m x 1cm) 
? #Shop, #KBZmarketplace , #UAB market , Page chat တို့မှ တစ်နိုင်ငံလုံးသို့ အိမ်အရောက်ငွေခြေ. Banking တို့ဖြင့် ကြိုက်နှစ်သက်ရာရွေးခြယ် ဝယ်ယူနိုင်ပါသည်။  ဖုန်း ၀၉၈၉၄၂၇၃၉၁၁ (ရုံးချိန်အတွင်းဆက်သွယ်နိုင်ပါသည်) . အမှတ် ၂၈. သိန္ဒီလမ်း. သီတာရပ်ကွက်. ကြည့်မြင်တိုင်.ရန်ကုန်မြို.  www.shop.com.mm/shop/zaycho 
 
?  
#ReflectiveTape #SafetySticker #OutdoorGear #WaterproofTape #ReflectorSticker #MotorbikeAccessories #BicycleSafety #DrivewaySafety #SurvivalGear #မြန်မာအိမ်သုံးပစ္စည်း #အလင်းပြန်ကပ်တိုင် #လမ်းလုံခြုံရေး #ညသွားသူများအတွက် #မော်တော်ယာဉ်အတွက်
    		 relection tape
    	
 🚴 အလင်းပြန် ရောင်ပြန်တိပ်🚨Reflective Safety Tape – 8M Long | Waterproof & Stylish 🌧️ 
စျေးနုန်း ၄၀၀၀ကျပ် 
✅ Ultra Reflective Design – Hexagonal honeycomb pattern နဲ့ prismatic technology အသုံးပြုထားတဲ့အတွက် မည်သည့်အလင်းမဆို ပြန်လင်းမှုအလွန်ကောင်းပါတယ်။ 
🌧️ Waterproof & Sunproof PVC Material – ရေ၊ နေ၊ လေထဲမှာတောင် မဖျက်မပျက်၊ အရောင်မပျက်ဘဲ သက်တမ်းရှည်ခံနိုင်ပါတယ်။ 
🎨 Bright Colors – မော်တော်ယာဉ်၊ စက်ဘီး၊ မော်တော်ဆိုင်ကယ် စသည်တို့ကို လှပစွာအလှဆင်နိုင်ပါတယ်။ 
🚨 Safety First – ညအချိန်မှာ မျက်စိကျစေပြီး လမ်းပေါ်မှာ လုံခြုံမှုကို မြှင့်တင်ပေးပါတယ်။ 
🧽 Easy to Use & Clean – တပ်ဖို့လွယ်ကူပြီး ရှင်းလင်းဖယ်ရှားချင်တဲ့အခါမှာလည်း အညစ်အကြေးမကျန်ဘဲ လွယ်လွယ်ကူကူ သန့်ရှင်းနိုင်ပါတယ်။ 
📏 Perfect Size – တစ်ရွေ့ 8 မီတာ (26.2ft) အရှည်၊ 1 စင်တီမီတာ (0.39 inch) အကျယ်ဖြင့် မိမိစတိုင်အတိုင်း mix & match လုပ်နိုင်ပါတယ်။ 
🚲 Multi-purpose Use – စက်ဘီး၊ မော်တော်ဆိုင်ကယ်၊ မော်တော်ယာဉ်၊ လမ်းညွှန်ပုလင်း၊ မိုးကာအင်္ကျီ၊ ခြံဝင်း၊ လမ်းကြောင်းအမှတ်အသားများတွင် အသုံးပြုနိုင်ပါတယ်။ 
 
(တစ်လိပ်အရွယ်အစား – 8m x 1cm) 
📞 #shop, #kbzmarketplace , #uab market , Page chat တို့မှ တစ်နိုင်ငံလုံးသို့ အိမ်အရောက်ငွေခြေ. Banking တို့ဖြင့် ကြိုက်နှစ်သက်ရာရွေးခြယ် ဝယ်ယူနိုင်ပါသည်။  ဖုန်း ၀၉၈၉၄၂၇၃၉၁၁ (ရုံးချိန်အတွင်းဆက်သွယ်နိုင်ပါသည်) . အမှတ် ၂၈. သိန္ဒီလမ်း. သီတာရပ်ကွက်. ကြည့်မြင်တိုင်.ရန်ကုန်မြို.  www.shop.com.mm/shop/zaycho 
 
🔖  
#reflectivetape #safetysticker #outdoorgear #waterprooftape #reflectorsticker #motorbikeaccessories #bicyclesafety #drivewaysafety #survivalgear #မြန်မာအိမ်သုံးပစ္စည်း #အလင်းပြန်ကပ်တိုင် #လမ်းလုံခြုံရေး #ညသွားသူများအတွက် #မော်တော်ယာဉ်အတွက်