New York Jets player Kris Boyd is in critical condition after being shot in Midtown Manhattan early Sunday morning, according to police and the team.
Read more: https://abcnews.visitlink.me/CzApWW
ရှာဖွေပါ။ ပို့စ်များExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
New York Jets player Kris Boyd is in critical condition after being shot in Midtown Manhattan early Sunday morning, according to police and the team.
Read more: https://abcnews.visitlink.me/CzApWW
Firefighters battled a massive blaze at a power plant decommissioned in the 1990s near Galveston, Texas, authorities said.
No injuries have been reported and the cause of the blaze is under investigation.
Read more: https://abcnews.visitlink.me/SSKqqt
LATEST: Flight reductions at 40 major airports nationwide will end Monday morning at 6 a.m., according to the Federal Aviation Administration.
Follow live updates: https://abcnews.visitlink.me/BoitTs
◾️ခိုလှုံခွင့်အကာအကွယ်များကို ဗြိတိန်လျှော့ချပြီး နိုင်ငံသားဖြစ်ရန် နှစ် ၂၀ စောင့်ဆိုင်းရမည်
ခိုလှုံခွင့်ဆိုင်ရာဥပဒေ အောက်ခြေသိမ်းပြုပြင်ပြောင်းလဲမှု အစီအစဉ်အရ ဗြိတိန်နိုင်ငံသည် ဒုက္ခသည်များအတွက် အကာအကွယ်ပေးမှုကို သိသိသာသာ လျှော့ချသွားမည်ဖြစ်ကြောင်း ယမန်နေ့တွင် လေဘာပါတီအစိုးရက ပြောကြားသည်။
လက်ယာစွန်းများအပေါ် ထောက်ခံမှု တစ်ဟုန်ထိုးမြင့်တက်နေစဉ် ပုံစံမမှန်သော ရွှေ့ပြောင်းနေထိုင်မှုနှင့် ပတ် သက်၍ ဝန်ကြီးချုပ်ကီယာစတာမာက ကြီးမားသောဖိအားများနှင့် ကြုံနေရချိန် ယင်းအစီအစဉ်များကို ကြေညာ ခြင်းဖြစ်သည်။
“ခိုလှုံခွင့်တောင်းခံသူတွေအတွက် ဗြိတိန်ရဲ့ ရွှေရောင်လက်မှတ်ကို အဆုံးသတ်သွားပါမယ်။” ဟု ပြည်ထဲ ရေး ဝန်ကြီး ရှာဘာနာမာမွတ်က ထုတ်ပြန်ချက်တစ်ရပ်တွင် ပြောကြားသည်။
လက်ရှိဗြိတိန်တွင် ဒုက္ခသည်အဖြစ် အသိအမှတ်ပြုမှုရရှိသူများသည် ယင်းလက်မှတ်ကို ငါးနှစ် ကိုင် ဆောင် နေ ထိုင်နိုင်ပြီး ထိုနောက်ပိုင်းတွင် အချိန်အကန့်အသတ်မရှိဆက်လက်နေထိုင်ခွင့် လျှောက်ထားနိုင်သလို နိုင်ငံ သားဖြစ်ခွင့်လည်း လျှောက်ထားနိုင်သည်။
သို့ရာတွင် ပြုပြင်ပြောင်းလဲမှု လုပ်ဆောင်ပြီးပါက ဒုက္ခသည်များအနေဖြင့် လပေါင်း ၃၀ သာနေထိုင်နိုင်မည်ဖြစ် သည်။
၎င်းတို့အား အကာအကွယ်ပေးမှုကိုလည်း အမြဲတမ်း ပြန်လည်သုံးသပ်နေမည်ဖြစ်ကာ ဘေးကင်းလုံခြုံမှုရှိသည်ဟု သတ်မှတ်ပါက ၎င်းတို့မိခင်နိုင်ငံများသို့ ပြန်လည်ပို့ဆောင်ခံရမည်ဖြစ်သည်။
ထို့ပြင် ခိုလှုံခွင့်ရရှိသွားသော ဒုက္ခသည်များသည် ဗြိတိန်တွင် ရေရှည်နေထိုင်ခွင့် လျှောက်ထားရန် သို့မဟုတ် နိုင်ငံ သားအဖြစ် လျှောက်ထားရန် နှစ်ပေါင်း ၂၀ စောင့်ဆိုင်းသွားရမည်ဟု ပြောင်းလဲသွားမည်ဖြစ်ကြောင်း ပြည်ထဲ ရေးဝန်ကြီးဌာန ထုတ်ပြန်ချက်က ဆက်လက်ဖော်ပြသည်။ လက်ရှိတွင် ထိုသို့လျှောက်ထားရန် ငါးနှစ်သာစောင့် ဆိုင်းရသည်။
ယင်းအဆိုပြုချက်များသည် ခေတ်သစ်ကာလ၌ ခိုလှုံခွင့်မူဝါဒအပေါ် အကြီးမားဆုံး အောက်ခြေသိမ်းပြုပြင် ပြောင်း လဲမှုဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ဆိုသည်။
ပြီးခဲ့သည့်နွေရာသီက ဝန်ကြီးချုပ်ဖြစ်လာခဲ့သူ ကီယာစတာမာသည် ပြင်သစ်နိုင်ငံမှ လှေငယ်လေးများဖြင့် အင်္ဂလိပ် ရေလက်ကြားကို ဖြတ်ကူးကာ ဗြိတိန်တွင် ခိုလှုံခွင့်တောင်းခံသူများကို တားဆီးရေး ဖိအားများကို ကြီးမားစွာရင် ဆိုင်နေရသည်။
ယခုနှစ်တွင် အန္တရာယ်များသော ရေလက်ကြားကို ခရီးနှင်ပြီး ရောက်ရှိလာခဲ့သူ ၃၉၀၀၀ ကျော်ရှိပြီး ၎င်း အရေအတွက်သည် ၂၀၂၄ ခုနှစ် တစ်နှစ်လုံးလာရောက်ခဲ့သူထက် များပြားနေပြီဖြစ်သည်။
သို့သော် ၂၀၂၂ ခုနှစ်က စံချိန်ထက်မူ နည်းပါးသည်။
ဗြိတိန်သို့ ခိုလှုံခွင့်လျှောက်ထားသူဦးရေမှာလည်း စံချိန်တင်မြင့်မားနေကာ ၂၀၂၅ ဇွန်လအထိ တစ်နှစ်တာကာလ အတွင်း လျှောက်ထားမှု ၁၁၁၀၀၀ ဦးရှိကြောင်း တရားဝင်ကိန်းဂဏန်းများက ပြသနေသည်။
သတင်း-ရဲမင်း
ကိုးကား-AFP
#နိုင်ငံတကာသတင်း
◾️မက္ကဆီကိုအစိုးရ ဆန့်ကျင်ဆန္ဒပြပွဲများတွင် လူအများအပြား ဒဏ်ရာရ
မက္ကဆီကိုနိုင်ငံ မြို့တော်တွင် ဖြစ်ပွားခဲ့သော အစိုးရဆန့်ကျင် ဆန္ဒပြပွဲများအတွင်း ထိပ်တိုက်တွေ့မှုများ ဖြစ်ပေါ်ခဲ့ ရာ၌ ရဲတပ်ဖွဲ့ဝင် တစ်ရာခန့်အပါအဝင် အနည်းဆုံး လူပေါင်း ၁၂၀ ခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။
ဆန္ဒပြသူပေါင်းထောင်ပေါင်းများစွာသည် အကြမ်းဖက်ပြစ်မှုကျူးလွန်မှုများ နှင့် သမ္မတမစ္စက်ကလော်ဒီယာရှိန်း ဘောင်၏ အစိုးရအားဆန့်ကျင်၍ မက္ကစီကိုစီးတီး လမ်းမများတွင် ယမန်နေ့က ချီတက်ဆန္ဒပြခဲ့ကြသည်။
အခြားမြို့ကြီးများတွင်လည်း ဖြစ်ပွားခဲ့သောဆန္ဒပြပွဲများကို ၎င်းတို့အစိုးရကို ဆန့်ကျင်သော လက်ယာယိမ်းနိုင်ငံ ရေးသမားများက ငွေကြေးထောက်ပံ့ပေးနေသည်ဟု ရှိန်းဘောင်က ဆိုသည်။
ဆန္ဒပြပွဲများအား မျိုးဆက်သစ်လူငယ်ဂျန်ဇီး(Gen Z) များက စတင်စည်းရုံးလှုံ့ဆော်ခဲ့ပြီး လူသိများထင်ရှား သူများပါ လုပ်ကြံသတ်ဖြတ်ခံနေရခြင်းကို ဆန့်ကျင်သော နိုင်ငံသားများကလည်း ၎င်းတို့ကို ထောက်ခံခဲ့သည်။
သီတင်းပတ်အနည်းငယ်ကပင် ဂိုဏ်းအဖွဲ့များအား တင်းတင်းကျပ်ကျပ်ကိုင်တွယ်ရန် တိုက်တွန်းပြောကြားနေသူ အူရူအာပန်မြို့တော်ဝန် ကားလို့စ်မန်ဇို လုပ်ကြံသတ်ဖြတ်ခံခဲ့ရသည်။
ဆန္ဒပြသူများက မစ္စက်ရှိန်းဘောင်နေထိုင်သည့် အမျိုးသားနန်းတော် အဆောက်အဦး အပြင်ဘက်မှ အတားအဆီး များကို ဖြိုဖျက်ခဲ့ရာ သမ္မတနန်းတော်အစောင့်တပ်ဖွဲ့ က လူထုအတွင်းမျက်ရည်ယိုဗုံးများ ပစ်ခတ်နှိမ်နင်းခဲ့သည်။
ဓားပြမှုနှင့် ရိုက်နှက်တိုက်ခိုက်မှုများအပါအဝင် ပြစ်မှုကျူးလွန်သူ ၂၀ ကို ဖမ်းဆီးခဲ့သည်ဟု မက္ကဆီကိုစီးတီး လုံခြုံရေးအကြီးအကဲ ပက်ဘလိုဗက်ကွက်ဇ် က ပြောကြားသည်။
“ ငါတို့အားလုံး ကားလို့စ်မွန်ဇာများဖြစ်သည်” ဆိုသောစာတန်းအပါအဝင် အခြားကြွေးကြော်သံများကိုလည်း ဆ န္ဒပြသူများက ကိုင်ဆောင်ခဲ့ကြပြီး ၎င်းအား ဂုဏ်ပြုသည့်အနေဖြင့် ကောင်းဘွိုင်ဦးထုပ်များ ဆောင်းထားကြသည်။
မြို့တော်ဝန်မွန်ဇာသည် နိုဝင်ဘာ ၁ ရက်က ကွယ်လွန်သူများနေ့ ပွဲတော်ကို တက်ရောက်နေစဉ် ပစ်ခတ်သတ် ဖြတ်ခံခဲ့ရသည်။
၎င်း၏ မြို့နယ်မှ မူးယစ်ဆေးဝါးကုန်ကူးသောဂိုဏ်းများနှင့် ယင်းဂိုဏ်းများ၏ အကြမ်းဖက်မှုများအကြောင်းကို ပွင့်လင်းစွာပြောကြားခြင်းကြောင့် မွန်ဖာမှာ လူသိများထင်ရှားသည်။
တစ်နိုင်ငံလုံးအား ကြောက်ရွံ့ထိတ်လန့်အောင် လုပ်နေသောဂိုဏ်းများကို ပြတ်ပြတ်သားသားကိုင်တွယ်ရန်လည်း ၎င်းက တိုက်တွန်းခဲ့သည်။
သမ္မတရှိန်းဘောင်က မူးယစ်ဆေးဝါးဂိုဏ်းများအပေါ် အရေးယူကိုင်တွယ်မှုများ လုပ်ဆောင်နေသော်လည်း ယင်း ဂိုဏ်းများအပေါ် စစ်ကြေညာရန် တိုက်တွန်းမှုများကိုမူ လက်မခံပေ။
ယခင်သမ္မတများလက်ထက်တွင် ထိုသို့ စစ်ဆင်နွဲခြင်းများကြောင့် သွေးထွက်သံယိုအကြမ်းဖက်မှုများ မြင့်တက် ခဲ့ သည်။
ရှိန်းဘောင်သည် သမ္မတသက်တမ်းပထမတစ်နှစ်အတွင်း လူကြိုက်များမှုကို ၇၀ ရာခိုင်နှုန်းခန့်တွင် ဆက်လက် ထိန်းထားနိုင်ပြီး အမေရိကန်သမ္မတထရန့်က အဓိကထားပြောကြားနေသော ဖန်တနိုင်းမူးယစ်ဆေးဝါးနှိမ်နင်း မှုတွင် ထဲထဲဝင်ဝင်လုပ်ဆောင်နိုင်ခဲ့သော်လည်း နိုင်ငံကိုနှိပ်စက်နေသော ဂိုဏ်းများ၏ သွေးထွက်သံယိုအကြမ်း ဖက်မှုများကို မချိုးနှိမ်နိုင်ခြင်းအတွက် ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည်။
သတင်း - ရဲမင်း
ကိုးကား - BBC
#နိုင်ငံတကာသတင်း
◾️ထိုင်းနိုင်ငံတွင် အလုပ်ဖြုတ်ခံခဲ့ရသည့် မြန်မာအလုပ်သမား ၂၀၂ ဦး နစ်နာကြေးများ ပြန်ရ
ထိုင်းနိုင်ငံ စမူပကန်ခရိုင်ဖက်ဖဒဲ့မြို့နယ် ကုမ္ပဏီတွင် အလုပ်ဖြုတ်ခံခဲ့ရသည့် မြန်မာအလုပ်သမား ၂၀၂ ဦး၏ နစ်နာကြေးများ ပြန်လည်ရရှိခဲ့ကြောင်း သိရသည်။
မြန်မာအလုပ်သမား ၂၀၂ ဦးအား နေ့စားအလုပ်သမားအဖြစ်မှပုတ်ပြတ် အလုပ်သမားအဖြစ်သို့ကုမ္ပဏီဘက်က ပြောင်းလဲသတ်မှတ်ခဲ့ပြီး လုပ်အားခများ ကန့်သတ်ခဲ့သောကြောင့် မြန်မာအလုပ်သမားများကဆက်သွယ် အကူအညီတောင်းခံခဲ့ရာနိုဝင်ဘာ ၁၄ ရက်တွင် မြို့နယ် စဝါဒီကန်ရုံးနှင့်ချိတ်ဆက်ပြီးကူညီဖြေရှင်းပေးခဲ့ကြောင်း WAG အဖွဲ့မှ သိရသည်။
မြို့နယ်ဆဝါဒီကန်ရုံးတွင် ညှိနှိုင်းချက်အရ မြန်မာအလုပ်သမား စုစုပေါင်း၂၀၂ ဦး၏နစ်နာကြေးအဖြစ် စက်ရုံ ဘက်မှ အလုပ်သမားတစ်ဦးကို လျော်ကြေးဘတ် ၆၅၀၀ ပေးခဲ့ကြောင်း WAGအဖွဲ့မှ သိရသည်။
နေ့စားလုပ်အားခများစုငွေနှင့် လစဉ်အလိုက် ဗီဇာသက်တမ်းတိုးခ အပါအဝင် ဃှု စာအုပ်ကုန်ကျငွေနှင့် ကျန်ရှိနေသော နေ့စားလုပ်အားခများကို နိုဝင်ဘာ ၁၇ ရက်တွင်စက်ရုံရှေ့၌ အလုပ်သမားများကို ပေးဆောင် မည်ဟု စက်ရုံဘက်မှ ပြောဆိုခဲ့ကြောင်း သိရသည်။
#ယနေ့ထုတ်သတင်းစာ_ပြည်တွင်းသတင်း
◾️ထိုင်းနိုင်ငံ ကရာဘီခရိုင်တွင် ဓာတုစွန့်ပစ်ကန်သန့်ရှင်းရေးလုပ်စဉ် မြန်မာနှစ်ဦး အဆိပ်ငွေ့ရှူမိပြီး သေဆုံး
ထိုင်းနိုင်ငံ ကရာဘီခရိုင် ပလိုင်ဖလာရာခရိုင်ခွဲရှိ စားအုန်းဆီကုမ္ပဏီတစ်ခု၏ ဓာတုကန်သန့်ရှင်းရေးလုပ်နေသည့် မြန်မာအလုပ်သမားနှစ်ဦးမှာ နိုဝင်ဘာ ၁၄ ရက်က အဆိပ်ငွေ့ရှူမိပြီး သေဆုံးခဲ့ကြောင်း ဒေသအာဏာပိုင်များက ထုတ်ပြန်ထားသည်။
သေဆုံးသူနှစ်ဦးမှာအသက်(၂၄)နှစ်အရွယ်ကိုရှိုင်းလင်းအောင်နှင့်အသက်(၂၅)နှစ်အရွယ်ကိုကျော်လင်းဦးတို့ဖြစ် ပြီး အသက်(၂၂) နှစ်အရွယ် ကိုပိုင်ဆိုသူအားထိုင်းကယ်ဆယ်ရေးအဖွဲ့က အရင်ကယ်ထုတ်နိုင်ပြီး ဆေးရုံပို့ပေးခဲ့ကြောင်း သိရသည်။
မြန်မာအလုပ်သမားသုံးဦးမှာကုမ္ပဏီဝင်းထဲရှိ ကြက်ဥပုပ်ဓာတ်ငွေ့ဟု ခေါ်ကြသည့် ဟိုက်ဒရိုဂျင်ဆာလဖိတ် ပါဝင်သော ဓာတုကန်ထဲကိုဆင်းပြီး သန့်ရှင်းရေးလုပ်နေခဲ့ခြင်းဖြစ်ကာ ထိုင်းရဲတပ်ဖွဲ့၏ အဆိုအရ မြန်မာ အလုပ်သမားများမှာ အဆိပ်ငွေ့ အလွန်အကျွံရှူသွင်းမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ မတော်တဆမှုဖြစ်ရသည့် အကြောင်းအရင်းအား ထိုင်းအာဏာပိုင်များက စစ်ဆေးနေပြီး နောက်ထပ် မဖြစ်ရန် ကြိုတင်ကာကွယ်ရေးစီမံချက် လုပ်ဆောင်ရန်စီစဉ်နေကြောင်း သိရသည်။
#ယနေ့ထုတ်သတင်းစာ_ပြည်တွင်းသတင်း
Noah's Ark (2024)
ဘိုင်ဘယ်စာအုပ်ထဲက နိုးအာ့ ပုံပြင်ကို စိတ်ခံစားမှုတွေနဲ့ ပြန်လည်ဖန်တီးပြုထားတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။ရုပ်ရှင်မှာ နိုးအာ့က ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ မျိုးစိတ်တွေကို မုန်တိုင်းကြီးမှ ကာကွယ်ဖို လုပ်ဆောင်တဲ့ ကမ္ဘာအကြီးဆုံး အုတ်မြစ်တစ်ခုဖြစ်လာမယ့်ပုံစံကို ဖော်ပြထားသည်။
ရုပ်ရှင် အနုပညာအပိုင်းကတော့ ထူးထူးခြားခြားဖြစ်ပြီး တိရစ္ဆာန်တွေကို ပြတဲ့ အခန်းတွေမှာတော့မိုက်တယ်။ရုပ်ရှင်က ယုံကြည်မှု၊ အသက်ရှင်ခြင်းနှင့် လူ့သဘာဝတွေ သေချာစဉ်းစားသင့်တဲ့အကြောင်းအရာတွေကို ရှင်းပြထားတာပါ။ရုပ်ရှင်က အနုပညာနှင့် ယုံကြည်မှုဆက်စပ်တဲ့ အရာတွေကို အဓိက ထင်ဟပ်တဲ့ ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။
😍ကြည့်ရန်နှိပ်ပါ👇
t.me/animemovie1005/410
🎬 Main channel 🔗
t.me/addlist/43SAvNGGjGExNWVl
ကြက်သွန်ဖြူစားတယ်၊ရေနွေးသောက်တယ်၊ ခြေသလုံးလေ့ကျင့်ခန်းလုပ်တယ်။ စျေးပေါပြီး လုပ်လို့ရတာမျိုးနဲ့ အရင်ကာကွယ်ကြပါ။
သွေးခဲပြီး မလိုလားအပ်တာတွေ မဖြစ်စေလိုပါ။
အခုတလောမှာ ကြုံတွေ့နေကြရတာက သွေးခဲပြီး အသက်အန္တရာယ်ထိခိုက်စေတဲ့ အဖြစ်တွေပါပဲ။ ကပ် ရောဂါကူးစက်ခံရလို့ နည်းမျိုးစုံနဲ့ကုသပြီး အသက်ဘေးကလွတ်လာကြပေမဲ့ နောက်ပိုင်းမှာ သွေးခဲပြီးရုတ်တရက်သေနေကြပါတယ်။ အဲဒီသွေးခဲခြင်းမဖြစ်အောင် နည်းလမ်းရှာကြဖို့ လိုပါတယ်။
သွေးမခဲအောင်ဆိုပြီးသွေးကျဲဆေးတွေသောက်ကြရတယ်။ဒါကြောင့် သွေးကျဲဆေးဈေးတွေ မိုးပေါ်ရောက်သွားတယ်။
လူအများမေးကြတာက သဘာဝနည်းနဲ့သွေးကျဲအောင်လုပ်လို့မရဘူးလားတဲ့...
ရပါတယ်။
သဘာဝနည်းနဲ့ သွေးကျဲအောင်လုပ်တဲ့နည်းကို အခုပြောပြပါမယ်။
သွေးကျဲဆေးလိုပဲသဘာဝမှာ သွေးကျဲအောင် လုပ်ပေးနိုင်တာကတော့...
#ကြက်သွန်ဖြူဖြစ်ပါတယ်
ကြက်သွန်ဖြူဟာ သွေးကျဲဆေးထက်အများကြီး ပိုကောင်းပါတယ်။ ပြီးတော့ ကမ္ဘာ့ကပ်ရောဂါတစ်ခုဖြစ်တဲ့ပုလိပ်ရောဂါကိုလည်း ကြက်သွန်ဖြူနဲ့ပဲ အနိုင်ယူခဲ့ကြတာဖြစ်တယ်။ ထမင်းစားရင် ကြက်သွန်ဖြူသုံးလေးတက်လောက် စားပေးသင့်တယ်။
သဘာဝမှာသွေးမခဲအောင် လုပ်ပေးနိုင်တာတစ်ခု ရှိပါသေးတယ်။အဲဒါကတော့...
#နနွင်းဖြစ်ပါတယ်
နနွင်းက ဆီနဲ့ဖျော်သောက်မှ အူတွေကနေစုပ်ယူနိုင်တာ ဖြစ်တယ်။ အခုလိုအခါမှာ ဇွန်းသေးနဲ့ မနက်တစ်ဇွန်း ညနေတစ်ဇွန်း သောက်သင့်တယ်။
နောက်တစ်ခုကတော့...
#သံလွင်ဆီဖြစ်ပါတယ်
ဆံချည်မျှင် သွေးကြောလေးတွေအတွင်းထဲအထိ ရှင်းလင်းပေးနိုင်တာ ကမ္ဘာပေါ်မှာ သံလွင်ဆီတစ်မျိုးပဲရှိတယ်။ နနွင်းဖျော်သောက်ရာမှာ သံလွင်ဆီနဲ့ပဲ ဖျော်သောက်ကြပေါ့။
သွေးခဲတဲ့သူတွေရဲ့သွေးဟာ ပျစ်နေလေ့ရှိတယ်။ သွေးခဲရခြင်းက သွေးပျစ်နေလို့.. သွေးပျစ်ရတာက ရေသောက်နည်းလို့.. ရေများများသောက်မှသွေးကကျဲလာတာဖြစ်တယ်။ ဒါကြောင့်...
#တစ်နေ့ကို_ရေ၄လီတာလောက်_သောက်ရမယ်။
#ရေခပ်နွေးနွေး သောက်တာအကောင်းဆုံးပဲ။
သွေးပျစ်တဲ့သူတွေဟာ အချဉ်ကြောက်ကြသူတွေများတယ်။
အချဉ်ဓါတ်စားပေးရင်သွေးကျဲတယ်။ဒါကြောင့်...
#သံပရာရည် ချဉ်ချဉ်လေးသောက်ပေးဖို့ကောင်းတယ်။ အနောက်နိုင်ငံတွေကတော့ သွေးကျဲဖို့ ကီဝီသီးတွေစားလေ့ရှိပါတယ်။ အခုမြန်မာပြည်မှာတော့ #ကင်ပွန်းချဥ် ဟင်းချိုသောက်ပြီး အဆင်ပြေနေကြပါတယ်။
သွေးထဲမှာရောနေတဲ့အရည်ကြည်တစ်မျိုးရှိပါတယ်။ အဲဒါကို #သွေးသည်းခြေ လို့ခေါ်ပါတယ်။ သွေးသည်းခြေနည်းနေရင်လည်း သွေးကပျစ်တတ်တယ်။
သွေးသည်းခြေဓါတ်အားကောင်းဖို့အတွက်ကတော့ အခါးကြွယ်ဝတဲ့(ကြောင်ရှာ၊ခွေးတောက်၊ငရုတ်ခါး၊ဆင်တုံးမနွယ်၊ရဲယို၊ဒန့်ဒလွန်) တွေစားပေးသင့်တယ်။ အခါးစားမှလည်း ဝါယောအားကောင်းပြီး သွေးလည်ပတ်မှုမှန်မှာ ဖြစ်တယ်။
အထိုင်များအအိပ်များရင် သွေးလေးပြီး သွေးခဲတတ်တယ်။
ဒါကြောင့်
#လမ်းလျှောက်ပေးရမယ်
လမ်းလျှောက်လို့ ခြေသလုံးကြွက်သားတွေ ညှစ်တော့မှ သွေးကနှလုံးကို တွန်းအားနဲ့ ရောက်တာဖြစ်တယ်။#ခြေသလုံး၂ခုဟာ_ဒုတိယနှလုံး တွေဖြစ်တယ်။ ခပ်ဖြေးဖြေးလျှောက်ပေါ့။
သွေးခဲတာ ခြေထောက်ပိုင်းမှာ အဖြစ်များတယ်။ ခဲတဲ့သွေးဖတ်ကပင်မသွေးကြောထဲမှာ ပါလာပြီး နှလုံး၊ဦးနှောက်တွေမှာ သွားပိတ်တာများတယ်။
သွေးမခဲဖို့က တစ်ခုကောင်းလုပ်လို့မရဘူး။ အခုပြောခဲ့တာတွေကို Network နဲ့လုပ်မှပြည့်စုံမှာဖြစ်တယ်။ဒီလိုပဲ #ဉာဏ်ရှိသလို လုပ်သွားရမှာပဲ.. ဉာဏ်ရှိရှိလုပ်သွားမယ်ဆိုရင် သေဘေးကနေ ရှောင်ရှားနိုင်မှာဖြစ်ပါတယ်။
#credit .မူရင်းရေးသားသူ အားလေးစားစွာဖြင့် 🙏
စိတ်ကောင်းရှိတဲ့သူတွေကို စိတ်ထိခိုက်အောင်လုပ်လိုက်တဲ့အခါ သူတို့အသံထွက်ပြီး အော်ကြမှာမဟုတ်ဘူး။ သူတို့ရဲ့နာကျင်မှုကို စိတ်ထဲမှာပဲ သိမ်းထားကြလိမ့်မယ်။
သူတို့က တိတ်တိတ်လေးနဲ့ တဖြည်းဖြည်း ဝေးကွာသွားပြီး ပြန်လာတော့မှာမဟုတ်ဘူး။ သူတို့က ကောင်းတာတွေပဲ ဆက်လုပ်နေမှာပါ။သင့်ကိုတော့ ဘယ်တော့မှ ပြန်မယုံကြည်တော့ဘူး။ အဲဒီမှာ သင် သူတို့ကို လက်လွှတ်ဆုံးရှုံးလိုက်ရတာပါပဲ ။
"When you hurt good-hearted people, they won't scream, they'll keep their pain inside. They will gently and silently drift away never to return. They won't stop being good, they'll never trust you again. This is exactly when you lost them.
Emanuela Laura Grigoriu
#မေတ္တာဖြင့်
#ဒေါက်တာစိုးသန်း