Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ဟော်မုဇ်ရေလက်ကြား လုံခြုံရေးအတွက် မကူညီသည့် နိုင်ငံများကို ‘ငါတို့ မှတ်ထားမယ်’ ဟု ထရမ့်ဆို
သင်္ဘောလိုင်းများ သွားလာမှု ရပ်တန့်နေစဉ်အတွင်း ဟော်မုဇ်ရေလက်ကြား လုံခြုံရေးအတွက် ကူညီကြရန်၊ သို့မဟုတ်ပါက မကူညီသည့်နိုင်ငံများကို ‘ငါတို့ မှတ်ထားမည်’ ဟု ဒေါ်နယ်ထရမ့်က အခြားနိုင်ငံများကို သတိပေးလိုက်သည်။
ရေနံများသယ်ယူရာ အဓိက ရေလမ်းကြောင်းဖြစ်သော ဟော်မုဇ်ရေလက်ကြားသည် အမေရိကန်ထက်စာလျှင် အခြားနိုင်ငံများအတွက် ပိုမိုအကျိုးကျေးဇူး ရှိနေသည်ဟုဆိုကာ အဆိုပါ ရေလက်ကြား လုံခြုံရေးအတွက် အခြားနိုင်ငံများက အမေရိကန်ကို ကူညီသင့်ကြောင်း သမ္မတ ဒေါ်နယ်ထရန့်က တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။
သမ္မတလေယာဉ် Air Force One ပေါ်တွင် သတင်းထောက်များနှင့် စကားပြောဆိုရာ၌ ထရန့်က အဆိုပါ ရေလက်ကြားကို ဖြတ်သန်းသွားလာနေသည့် ရေနံတင်ပို့မှုများအပေါ် ပိုမိုမှီခိုနေရသည့် တရုတ်နိုင်ငံကဲ့သို့သော နိုင်ငံများသည် ရေလက်ကြား လုံခြုံရေးအတွက် ပါဝင်ကူညီသင့်ကြောင်းကိုလည်း ထည့်သွင်း ပြောကြားခဲ့သေးသည်။
ထရမ့်အစိုးရ၏ နိုင်ငံခြားဆက်ဆံရေးဌာနအကြီးအကဲ အက်ဒဝပ်ဖစ်ရှမန်းကလည်း “ဒီနိုင်ငံတွေဟာ အမေရိကန်ရဲ့ မဟာမိတ်တွေ ဖြစ်နေပေမဲ့လည်း၊ ပြီးခဲ့တဲ့နှစ်အတွင်း ထရမ့်အစိုးရက ချမှတ်ခဲ့တဲ့ အဆမတန် မြင့်မားတဲ့ သွင်းကုန်ခွန်ဒဏ်ကို အပြင်းအထန် ခံခဲ့ကြရတယ်ဆိုတာလေးကိုတော့ မေ့မထားကြဖို့ နဲ့ ပြန်သတိရဖို့ လိုပါတယ်” ဟု ဆိုသည်။
အကယ်၍ အခြေအနေများ ပြောင်းလဲသွားပါက ထရန့်အနေဖြင့် အကူအညီပေးရန်အတွက် တစ်ခုခုကို ပြန်လည်တောင်းဆိုလာနိုင်ကြောင်းလည်း သူက ထပ်လောင်းပြောကြားသည်။
ထရန့်၏ နောက်ဆုံးမှတ်ချက်များသည် သူ၏ Truth Social လူမှုကွန်ရက်ပေါ်တွင် စနေနေ့က ရေးသားခဲ့သည့် စာသားများအပြီး ထွက်ပေါ်လာခြင်းဖြစ်သည်။ အဆိုပါစာတွင် “အီရန်က ဟော်မုဇ်ရေလက်ကြားကို ပိတ်ပစ်ဖို့ ကြိုးစားနေတာကြောင့် ထိခိုက်မှုရှိနေတဲ့ နိုင်ငံအများအပြားဟာ အမေရိကန်နဲ့ ပူးပေါင်းပြီး ရေလက်ကြားကို ဘေးကင်းလုံခြုံစေဖို့နဲ့ လမ်းကြောင်းပွင့်နေစေဖို့အတွက် စစ်သင်္ဘောတွေ စေလွှတ်ကြလိမ့်မယ်” ဟု ရေးသားခဲ့သည်။
သို့ရာတွင် မည်သည့်နိုင်ငံကမျှ အဆိုပါရေလက်ကြားသို့ စစ်သင်္ဘောများ စေလွှတ်မည့် အစီအစဉ်ကို ကြေညာခြင်း မရှိသေးပေ။
ထူးခြားသည်မှာ ထရမ့်ကသာ အခြားနိုင်ငံများကို တိုက်တွန်းနေသော်လည်း အမေရိကန်ရေတပ်ကပင်လျှင် ထိုရေလမ်းကြောင်းတစ်လျှောက် သင်္ဘောများကို အစောင့်အရှောက် လိုက်ပါပေးခြင်း မရှိသေးခြင်း ဖြစ်သည်။
ပြီးခဲ့သည့်အပတ်က Reuters သတင်းဖော်ပြချက်အရ သင်္ဘောလုပ်ငန်းကဏ္ဍမှ “နေ့စဉ်နီးပါး” တောင်းဆိုနေသည့် အစောင့်အရှောက်ပေးရန် တောင်းဆိုချက်များကို အမေရိကန်ရေတပ်က ငြင်းပယ်ခဲ့သည်ဟု ဆိုသည်။ လက်ရှိအချိန်တွင် တိုက်ခိုက်ခံရနိုင်သည့် အန္တရာယ်မှာ အလွန်မြင့်မားနေခြင်းကြောင့်ဖြစ်ကြောင်း သတင်းရင်းမြစ်များက ပြောကြားခဲ့သည်။
ဂျပန်ဝန်ကြီးချုပ် ဆာနာအဲ တာကာအီချီက အရှေ့အလယ်ပိုင်းသို့ အစောင့်အရှောက်ပေးရန် စစ်သင်္ဘောများ စေလွှတ်ရန် အစီအစဉ်မရှိကြောင်း တနင်္လာနေ့တွင် ပြောကြားခဲ့သလို၊ ဩစတြေးလျ သယ်ယူပို့ဆောင်ရေးဝန်ကြီး ကတ်သရင်း ကင်းကလည်း ကင်ဘာရာအနေဖြင့် သင်္ဘောများ စေလွှတ်မည်မဟုတ်ကြောင်း ABC နှင့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။ နယူးဇီလန် ဘဏ္ဍာရေးဝန်ကြီး နီကိုလာ ဝီလစ်ကလည်း အလားတူ တောင်းဆိုချက်မျိုး မိမိတို့နိုင်ငံထံသို့ မရောက်ရှိသေးကြောင်း CNBC သို့ ပြောကြားခဲ့သည်။
၂၀၂၆ ခုနှစ် ပြည်ထောင်စု၏အခွန်အကောက်ဥပဒေပြဋ္ဌာန်း
လာမည့် ဧပြီ ၁ ရက်တွင် စတင်အသက်ဝင်မည်ဟုသိရ
၂၀၂၆ ခုနှစ် ပြည်ထောင်စု၏အခွန်အကောက်ဥပဒေကို အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ ဥပဒေအမှတ် ၁၈/၂၀၂၆ ဖြင့် ၂၀၂၆ ခုနှစ် မတ်လ ၁၅ ရက်စွဲဖြင့် ပြဋ္ဌာန်းလိုက်သည်။
၂၀၂၆ ခုနှစ် ပြည်ထောင်စု၏အခွန်အကောက်ဥပဒေတွင် အခန်း ( ၁၀ )ခန်း ပါဝင်ပြီး အခန်း(၁)အမည်၊ စတင် အကျိုးသက်ရောက်သည့်နေ့ရက်နှင့် အဓိပ္ပာယ်ဖော်ပြချက်၊ အခန်း (၂) ကောက်ခံရန် အခွန်လျာထားချက်၊ အခန်း(၃)အခွန်နှုန်းများ သတ်မှတ်ခြင်းနှင့်အစီရင်ခံခြင်း၊အခန်း(၄)သက်ဆိုင်ရာဝန်ကြီးဌာန၏တာဝန်နှင့် လုပ်ပိုင်ခွင့်၊ အခန်း(၅)အထူးကုန်စည်ခွန်၊အခန်း(၆)ကုန်သွယ်လုပ်ငန်းခွန်၊အခန်း(၇)ဝင်ငွေခွန်၊ အခန်း(၈) ရတနာခွန်၊ အခန်း(၉)အခြားအခွန်အကောက်ဆိုင်ရာကောက်ခံရမည့်နှုန်းထားများ၊ အခန်း(၁၀)အထွေထွေတို့ ဖြစ်ကာ ပုဒ်မ ၄၃ ခု ဖြင့် ပြဋ္ဌာန်းထားခြင်းဖြစ်သည်။
၂၀၂၆ ခုနှစ် ပြည်ထောင်စု၏အခွန်အကောက်ဥပဒေ၊ ပုဒ်မ ၄၂ အရ ဘဏ္ဍာရေးနှစ်ပြောင်းလဲခြင်းအတွက် သက်ဆိုင်ရာဥပဒေတွင် မည်သို့ပင်ပြဋ္ဌာန်းထားစေကာမူ အကူးအပြောင်းကာလအတွင်း အခွန်ကောက်ခံမှု ဆိုင်ရာလုပ်ငန်းများ အဆင်ပြေချောမွေ့စွာဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနသည် လိုအပ်သော လုပ်ထုံးလုပ်နည်းများကို ထုတ်ပြန်နိုင်သည်ဟု ဖော်ပြထားသည်။
ပုဒ်မ ၄၃ အရ နှစ်စဉ်ပြဋ္ဌာန်းသည့် ပြည်ထောင်စု၏အခွန်အကောက်ဥပဒေနှင့်စပ်လျဉ်း၍ ထုတ်ပြန်ခဲ့သည့်အမိန့် ကြော်ငြာစာ၊အမိန့်၊ ညွှန်ကြားချက်၊လုပ်ထုံးလုပ်နည်း၊အဓိပ္ပာယ်ရှင်းလင်းဖွင့်ဆိုချက်၊ လိုက်နာကျင့်သုံးရန် သတ်မှတ်ချက်နှင့် အများပြည်သူသိရှိလိုက်နာရန် သတ်မှတ်ချက် စသည်တို့သည် ယခုဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်မဆန့်ကျင်သရွေ့ ဆက်လက်ကျင့်သုံးနိုင်ကြောင်း ဖော်ပြထားသည်။
၂၀၂၆ ခုနှစ် ပြည်ထောင်စု၏အခွန်အကောက်ဥပဒေသည် ၂၀၂၆ ခုနှစ် ဧပြီ ၁ ရက်တွင် စတင်အကျိုးသက်ရောက်မည်ဖြစ်သည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၄၂၇ အရ ယာယီသမ္မတ၊ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က လက်မှတ်ရေးထိုးကာ ၂၀၂၆ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကို ပြဋ္ဌာန်းလိုက်ခြင်း ဖြစ်သည်။
ဧပြီ ၁ မှစ၍ EV ယာဉ်များ အထူးကုန်စည်ခွန် ၅ ရာခိုင်နှုန်း ပေးဆောင်ရမည်
လာမည့် ဧပြီလ ၁ ရက်နေ့မှစတင်ပြီး လျှပ်စစ်သုံးယာဉ်များ (EV) အပေါ် အထူးကုန်စည်ခွန် ၅ ရာခိုင်နှုန်း ပေးဆောင်ရမည်ဖြစ်ကြောင်း ၂၀၂၆ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေတွင် ဖော်ပြထားကြောင်း သိရသည်။
အဆိုပါ ဥပဒေကို မတ်လ ၁၅ ရက်နေ့တွင် ပြဋ္ဌာန်းခဲ့ခြင်းဖြစ်ပြီး ၂၀၂၆ ခုနှစ် ဧပြီလ ၁ ရက်နေ့မှ စတင်ကာ အကျိုးသက်ရောက်မည်ဖြစ်သည်။
ဥပဒေအရ ဘက်ထရီလျှပ်စစ်သုံး လူစီးယာဉ်များအတွက် အထူးကုန်စည်ခွန် ၅ ရာခိုင်နှုန်း ပေးဆောင်ရမည်ဖြစ်ပြီး လောင်စာဆီသုံး ယာဉ်များအတွက်လည်း အင်ဂျင်စွမ်းအားအလိုက် အခွန်နှုန်းထားများ သတ်မှတ်ထားသည်။
အင်ဂျင်စွမ်းအား ၁၅၀၁ စီစီမှ ၂၀၀၀ စီစီအထိရှိသော ဗင်ကားများ၊ ဆလွန်းဆီဒင်ကားများနှင့် ဝက်ဂွန်ကားများကို အခွန် ၁၀ ရာခိုင်နှုန်း ကောက်ခံမည်ဖြစ်ပြီး ၂၀၀၁ စီစီမှ ၄၀၀၀ စီစီအထိရှိသော ယာဉ်များကို အခွန် ၃၀ ရာခိုင်နှုန်း ပေးဆောင်ရမည်ဖြစ်သည်။
ထို့ပြင် အင်ဂျင်စွမ်းအား ၄၀၀၁ စီစီနှင့်အထက်ရှိသော ဗင်ကားများ၊ ဆလွန်းဆီဒင်ကားများနှင့် ဝက်ဂွန်ကားများအတွက် အထူးကုန်စည်ခွန် ၅၀ ရာခိုင်နှုန်းအထိ ပေးဆောင်ရမည်ဖြစ်ကြောင်းလည်း ဥပဒေတွင် ဖော်ပြထားသည်။
အဆိုပါ အခွန်အကောက်ဥပဒေသည် လာမည့် ဧပြီလ ၁ ရက်နေ့မှစတင်ကာ တစ်နိုင်ငံလုံးတွင် အကျိုးသက်ရောက်မည်ဖြစ်ကြောင်း သိရသည်။
အီရန်စစ်ပွဲ AI ပုံအတု ဗီဒီယိုအတုတင်သည့်မီဒီယာများကို နိုင်ငံတော်သစ္စာဖောက်မှုဖြင့် အရေးယူရန် ထရမ့် ပြောကြား
သတင်းမီဒီယာများသည် အီရန်စစ်ပွဲနှင့် ပတ်သက်၍ လုပ်ကြံဖန်တီးထားသော AI ပုံရိပ်များကို အသုံးပြုကာ သတင်းမှားများ ဖြန့်ဝေနေသဖြင့် ၎င်းတို့ကို နိုင်ငံတော်သစ္စာဖောက်မှုဖြင့် တရားစွဲဆိုသင့်ကြောင်း သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားလိုက်သည်။
အရှေ့အလယ်ပိုင်း ပဋိပက္ခများ ဆက်လက်ပြင်းထန်နေချိန် တနင်္ဂနွေနေ့ညတွင် ထရန့်က ယင်းသို့ ပြောဆိုခဲ့ခြင်းဖြစ်ပြီး၊ ယင်းသည် ထရမ့်အစိုးရအနေဖြင့် သတင်းမီဒီယာများအပေါ် ပိုမိုပြင်းထန်စွာ တိုက်ခိုက်လာသည့် သဘောထားကို ဖော်ပြနေခြင်း ဖြစ်သည်။
“ဒီသတင်းဟာ သိသိကြီးနဲ့ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်ပြီး၊ အဲဒါကို ထုတ်လုပ်တဲ့ မီဒီယာတွေကို သတင်းမှားဖြန့်ဝေမှု၊ နိုင်ငံတော် သစ္စာဖောက်မှုတွေနဲ့ တရားစွဲဆိုသင့်တယ်လို့ ဆိုနိုင်ပါတယ်” ဟု ထရမ့်က Truth Social တွင် ရေးသားခဲ့သည်။ “အချက်အလက်ကတော့ အီရန်ဟာ အကြီးအကျယ် ပျ-က်စီးနေပြီဖြစ်ပြီး သူတို့ ‘အနိုင်ရ’ တယ်ဆိုတဲ့ တိုက်ပွဲတွေဟာ AI နဲ့ ဖန်တီးထားပြီး အကျင့်ပျ-က် မီဒီယာတွေက ဖြန့်ဝေပေးနေတဲ့ အရာတွေပဲ ဖြစ်ပါတယ်”ဟုလည်း သူကဆိုသည်။
ထို့အပြင် ဖက်ဒရယ်ဆက်သွယ်ရေးကော်မရှင်(FCC) မှ ဘရန်ဒန်ကားသည် နိုင်ငံတစ်ဝှမ်းရှိ မီဒီယာများ၏ လိုင်စင်များကို စစ်ဆေးနေပြီဖြစ်ကြောင်း ထရမ့်က ထည့်သွင်းပြောဆိုခဲ့ပြီး၊ အဆိုပါမီဒီယာများကို “အကျင့်ပျ-က်သူများ” နှင့် “မျိုးချစ်စိတ်မရှိသူများ” ဟု ဆိုခဲ့သည်။
“အီရန်ဟာ မီဒီယာတွေကို လှည့်စားတာနဲ့ အများပြည်သူဆက်ဆံရေး (PR) လုပ်တာမှာ ဆရာတစ်ဆူ ဖြစ်နေတာ ကြာပါပြီ။ သူတို့ဟာ စစ်ရေးအရ အစွမ်းမရှိပေမဲ့ သတင်းအတု မီဒီယာတွေကို သတင်းအမှားတွေ ‘ကျွေး’ တဲ့ နေရာမှာတော့ တကယ့်ကို တော်ကြပါတယ်” ဟု ထရမ့်က ဆိုသည်။
သမ္မတသည် သူ့ကို ဆန့်ကျင်သူများအား နိုင်ငံတော်သစ္စာဖောက်မှုဖြင့် အရေးယူရန် ယခင်ကလည်း အကြိမ်ကြိမ် တောင်းဆိုခဲ့ဖူးသည်။ ထရမ့်အစိုးရ၏ “တရားမဝင်” သော အမိန့်များကို ငြင်းဆန်ရန် စစ်ဘက်ဆိုင်ရာများကို တိုက်တွန်းခဲ့သည့် ဒီမိုကရက်တစ် လွှတ်တော်အမတ် ၆ ဦးကို ဝေဖန်ခဲ့ပြီး၊ ၎င်းတို့ကို “ေ-သဒ-ဏ်” ပေးသင့်သည်ဟုပင် ဆိုခဲ့ဖူးသည်။
“ဒါဟာ အဆင့်မြင့်ဆုံး ပုန်ကန်ထကြွမှု ဖြစ်တယ်။ ဒီသစ္စာဖောက်တွေကို ဖမ်းဆီးပြီး တရားစွဲပစ်ရမယ်။ နမူနာပြ အရေးယူမှုတစ်ခု လုပ်ရမယ်” ဟု ထရမ့်က ပြီးခဲ့သည့် နိုဝင်ဘာလက ရေးသားခဲ့သည်။
ဒူဘိုင်းလေဆိပ်အနီးဒရုန်းဖြင့်တို-က်ခိုက်၊ လေယာဉ်ခရီးစဉ်များဆိုင်းငံ့
တနင်္လာနေ့က ဒူဘိုင်းနိုင်ငံတကာလေဆိပ်အနီးတွင် ဒရုန်းတို-က်ခိုက်မှုတစ်ခုကြောင့်ဖြစ်ပွားခဲ့သော မီးလေ-ာင်မှုကို ထိန်းချုပ်နိုင်ခဲ့ပြီး ဒ-ဏ်ရာရသူမရှိခဲ့သော်လည်း လေယာဉ်ခရီးစဉ်များကိုမူ ယာယီရပ်ဆိုင်းထားကြောင်း ဒူဘိုင်းအာဏာပိုင်များက ပြောကြားခဲ့သည်။
ဒူဘိုင်းနိုင်ငံတကာလေဆိပ်(ဒီအိက်စ်ဘီ) အနီးတွင် ဒရုန်းတို-က်ခိုက်မှုတစ်ခုကြောင့် လေ-ာင်စာတိုင်ကီတစ်ခု ထိခိုက်ခဲ့ကြောင်း ဒူဘိုင်းမီဒီယာရုံးက X ပေါ်တွင် ပြောကြားခဲ့သည်။
အမ်းမရိတ်စ်လေကြောင်းလိုင်းကလည်း ဒူဘိုင်း အဝင် အထွက်ခရီးစဉ်များကို ယာယီရပ်ဆိုင်းထားကြောင်း X ပေါ်တွင် ပို့စ်တင်ကြေညာခဲ့သည်။
ဖေဖော်ဝါရီလ ၂၈ ရက် နေ့တွင် အမေရိကနှင့်အစ္စရေးတို့၏ အီရန်စစ်ပွဲစတင်ဖြစ်ပွားချိန်မှစ၍ ပင်လယ်ကွေ့အာရပ်နိုင်ငံများသည် ဒုံးကျည်နှင့် ဒရုန်းတို-က်ခိုက်မှု ၂,၀၀၀ ကျော်ကို ရင်ဆိုင်ခဲ့ရပြီး အမေရိကန်သံတမန်ရေးရာမစ်ရှင်များ၊ စစ်စခန်းများအပြင် ပင်လယ်ကွေ့ရေနံအခြေခံအဆောက်အဦများ၊ ဆိပ်ကမ်းများ၊ လေဆိပ်များ၊ ဟိုတယ်များ၊ လူနေအိမ်နှင့် ရုံးခန်းအဆောက်အအုံများလည်း ပစ်မှတ်ထားခံခဲ့ရသည်။
အီရန်၏ အဓိကရန်သူတော် အစ္စရေးနှင့် ၂၀၂၀ ပြည့်နှစ်တွင် ပုံမှန်ဆက်ဆံရေးကို ပြန်လည်ထူထောင်ခဲ့သော အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) သည် တို-က်ခိုက်မှုများကို အပြင်းထန်ဆုံးခံခဲ့ရသည်။ သို့သော် ပင်ကွေ့အာရပ်နိုင်ငံအားလုံး တို-က်ခိုက်မှု ဒ-ဏ်ခံထားရပြီး အားလုံးက အီရန်ကို ရှုတ်ချခဲ့သည်။
Ref: ဘန်ကောက်ပို့စ်
စက်သုံးဆီအခြေအနေကြောင့် ဆန် အိမ်အရောက်ပို့အစီအစဉ်ကို ယာယီရပ်နား
မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF) နှင့် မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်းတို့ ပူးပေါင်းဆောင်ရွက်နေသည့် စားသုံးသူများထံသို့ ဆန်များကို အိမ်အရောက်ပို့စနစ် (Home Delivery) ဖြင့် ဖြန့်ဖြူးရောင်းချသည့် အစီအစဉ်အား ယာယီရပ်နားထားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ၂၀၂၆ ခုနှစ် မတ်လ ၁၆ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။
ဆန်ဈေးနှုန်းများ တည်ငြိမ်မှန်ကန်စေရေးအတွက် အဆိုပါ Home Delivery စနစ်ဖြင့် စားသုံးသူများထံသို့ ဆန်များကို ရောင်းချပေးလျက်ရှိရာ ယနေ့အထိ စုစုပေါင်း ဆန်အိတ် ၁၁၆၁ အိတ်ကို ပေးပို့ရောင်းချပြီးဖြစ်ကြောင်း သိရသည်။
သို့ရာတွင် လက်ရှိကမ္ဘာတစ်ဝှမ်း ဖြစ်ပေါ်နေသည့် စက်သုံးဆီအခြေအနေများကြောင့် ဆန်များကို အချိန်နှင့်အညီ အိမ်အရောက်ပို့ဆောင်ရန် အခက်အခဲများ ရှိလာသဖြင့် Home Delivery အစီအစဉ်ကို ယာယီရပ်နားရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
သို့သော် လက်ရှိငွေပေးသွင်းထားပြီးဖြစ်သည့် စားသုံးသူများနှင့် အမှာစာပေးထားပြီးဖြစ်သည့် စားသုံးသူများထံသို့ ဆန်များကို ဆက်လက်ပေးပို့ ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဆန်အိမ်အရောက်ပို့စနစ်ဖြင့် ဖြန့်ဖြူးရောင်းချသည့် အစီအစဉ်ကို ၂၀၂၆ ခုနှစ် မတ်လ ၁၇ ရက်နေ့မှ စတင်၍ ယာယီရပ်နားထားမည်ဖြစ်ပြီး ပြန်လည်ဆောင်ရွက်မည့် အစီအစဉ်နှင့်ပတ်သက်၍ ထပ်မံကြေညာပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က အသိပေးထားသည်။
တတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော်မိတ်ဆက်
လွှတ်တော်၏တာဝန်များကို အများပြည်သူထိထိရောက်ရောက်အကျိုးခံစားနိုင်စေရေး ကြိုးပမ်းဆောင် ရွက်ရန် ပဲခူးတိုင်းဝန်ကြီးချုပ်မှာကြား
လာမည့် မတ် ၂၀ ရက်တွင် အစီအစဥ်(၁၈)ရပ်ဖြင့်ကျင်းပမည့် တတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ် တော်မိတ်ဆက်ခြင်းအား တိုင်းဒေသကြီးလွှတ်တော်ရုံး၊ အစည်းအဝေးခန်းမ၌ ယနေ့ မတ် ၁၆ ရက်နံနက်ပိုင်းကကျင်းပရာ ပဲခူးတိုင်းဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းတက်ရောက်ခဲ့ကြောင်း သိရသည်။
ထိုသို့ တက်ရောက်ပြီးနောက် လွှတ်တော်၏တာဝန်များဖြစ်သည့် ဥပဒေပြုခြင်း၊ ပြည်သူလူထုကိုကိုယ်စားပြုခြင်း၊ စောင့်ကြည့်ထိန်းသိမ်းခြင်းတို့ကို အများပြည်သူထိထိရောက်ရောက်အကျိုးခံစားနိုင်စေရေးအတွက် ကြိုးပမ်းဆောင်ရွက်ရမည်ဟုမှာကြားခဲ့ကြောင်း သိရသည်။
ထို့ပြင် လွှတ်တော်၏ အဓိကလုပ်ငန်းစဉ်(၃)ရပ်ကိုပြည်သူများ စိတ်ဝင်တစားပူးပေါင်းလာသည်နှင့်အမျှ ပိုမိုအားကောင်းပြီး ထိရောက်သည့်လွှတ်တော်တစ်ရပ်အ ဖြစ်ဖော်ဆောင်နိုင်မည်ဖြစ်၍ ပြည်သူများက ယုံကြည်အားထားမှုရှိသော လွှတ်တော်တစ်ရပ်ဖြစ်ပေါ်လာစေရေးအတွက် ကြိုးပမ်းဆောင်ရွက်ကြရန်လည်းမှာကြားခဲ့ကြောင်း သိရသည်။
ထို့နောက် တတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ် တော် ကိုယ်စားလှယ်များက တစ်ဦးချင်းမိတ်ဆက်ခဲ့ကြကြောင်း သိရသည်။
ထိုင်းအမျိုးသားလွှတ်တော်အစည်းအဝေးစတင်ဖွင့်လှစ်
ဖွင့်ပွဲကို ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးတက်ရောက်ခဲ့
ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့၊ အမျိုးသားလွှတ်တော်(ဆပ်ပါယ ဆတ်ဖား ဆတ်ထာန်)၌ မတ် ၁၄ ရက်ညနေ ၅ နာ ရီကကျင်းပသည့် ၂၀၂၆ ခုနှစ် ထိုင်းအမျိုးသားလွှတ် တော်အစည်းအဝေးဖွင့်ပွဲကို ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးဇော်ဇော်စိုးတက်ရောက်ခဲ့သည်။
ထိုင်းဘုရင်မင်းမြတ် His Majesty King Maha Vajiralongkorn Phra Vajiraklaochaoyuhua မှ နိုင်ငံနှင့် လူမျိုးအကျိုးစီးပွားအတွက် လွှတ်တော်အမတ်များအနေဖြင့် တာဝန်ဝတ္တရားများကို ကျေပွန်စွာထမ်းဆောင်ကြရန် တော်ဝင်မိန့်ခွန်းပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့သည်။
၂၀၂၆ ခုနှစ် ထိုင်းအမျိုးသားလွှတ်တော် အစည်းအ ဝေးဖွင့်ပွဲသို့ မြန်မာသံအမတ်ကြီးအပါအဝင် အောက် လွှတ်တော်ကိုယ်စားလှယ်များ၊ အထက်လွှတ်တော်အမတ်များ၊ အိမ်စောင့်အစိုးရအဖွဲ့ဝင်များ၊ ဗန်ကောက်မြို့ရှိ သံရုံး/အဖွဲ့ရုံးများနှင့် ကောင်စစ်ဝန်ရုံးများ၏ အ ကြီးအကဲများတက်ရောက်ခဲ့ကြသည်။
စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးတက္ကသိုလ်ဝင်စာမေးပွဲ ပဉ္စမနေ့တွင် ကျောင်းသား၊ ကျောင်းသူ(၃,၃၆၄)ဦးဝင်ရောက်ဖြေဆို
၂၀၂၆ ခုနှစ်၊ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးတက္ကသိုလ် ဝင်စာမေးပွဲ ပဉ္စမနေ့အား ယနေ့ မတ် ၁၆ ရက်ကဆက် လက်ကျင်းပရာ စာစစ်ဌာန(၅၃)ခုတွင် ကျောင်းသား၊ ကျောင်းသူ(၃,၃၆၄)ဦးဝင်ရောက်ဖြေဆိုခဲ့ကြကြောင်း သိရသည်။
စက်မှုအတတ်ပညာ(မြေတိုင်းပညာ၊ လျှပ်စစ်ဆိုင်ရာစက်ပစ္စည်းများ၊ ဂဟေဆက်နည်းပညာ)၊ စိုက်ပျိုးရေးအတတ်ပညာ(သီးနှံကာကွယ်ရေး)နှင့် မွေးမြူရေးအ တတ်ပညာ(ရေသတ္တဝါမွေးမြူရေးနှင့် ပျားမွေးမြူရေး) ဘာသာရပ်တို့ကိုဖြေဆိုခဲ့ကြကြောင်း သိရသည်။
ထို့ပြင် တက္ကသိုလ်ဝင်စာမေးပွဲ၏ ရူပဗေဒဘာသာရပ်နှင့် သမိုင်းဘာသာရပ်တို့ကိုလည်း နေပြည်တော်အပါ အဝင် တိုင်းနှင့် ပြည်နယ်အလိုက် ခရိုင်၊ မြို့နယ်၊ စာစစ်ဌာနများနှင့် နိုင်ငံခြားစာစစ်ဌာနအပါအဝင် စာစစ်ဌာန (၈၈၇)ခု၌ ကျောင်းသား၊ ကျောင်းသူ(၂၅၄,၆၄၉)ဦးဝင်ရောက်ဖြေဆိုခဲ့ကြကြောင်း သိရသည်။
ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာနှင့် ဘေးအန္တရာယ်ကင်းရှင်းစွာဖြေဆိုနိုင်ရေးအတွက် သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့ဝင်များ၊ ကျန်းမာရေးဝန် ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များက စနစ်တကျစောင့်ကြပ်ကြည့်ရှုပေးလျက်ရှိပြီး တာဝန်ရှိသူများကလည်းကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။