ကြံတတန်ကို တသိန်းတ​သောင်း ကျပ်သာ စျေးပေးလို့ တောင်သူနဲ့ စက်ရုံ ပြေလည်မှုမရဘဲ စစ်ကိုင်းအထက်က စက်ရုံတွေ မလည်ပတ်နိုင်

စစ်ကိုင်းတိုင်း အထက်ပိုင်းမှာ သကြားစက်ရုံတွေက ကြံတတန်ကို စက်ရုံအရောက်စျေး တသိန်းငါး​ထောင်က​နေ တသိန်းတ​သောင်းကျပ်သာ စျေးပေးတဲ့အတွက် တောင်သူတွေနဲ့ စက်ရုံအကြား ပြေလည်မှုမရရှိတာကြောင့် သကြားစက်ရုံတွေ ခုချိန်ထိ လည်ပတ်နိုင်ခြင်း မရှိ​သေးဘူးလို့ သိရပါတယ်။
စက်ရုံအ​နေနဲ့ ကြံတတန်ကို တသိန်းခွဲ ကျပ်နူန်း ပေးဖို့အတွက် တောင်သူနဲ့ စက်ရုံတွေအကြား ညှိနှိုင်းနေကြတာဖြစ်ကြောင်း ၊ ခုချိန်ထိ ညှိနိူင်းမှု အဆင်ပြေတာကြောင့် စက်ရုံတွေ လည်ပတ်နိုင်ခြင်း မရှိသေးတာ ဖြစ်တယ်လို့ သိရပါတယ်။
" တောင်သူတွေကလည်း အဲဒီစျေးဆို မရောင်းတော့ဘူး ။မီးရှို့ပစ်မယ် ဖြစ်နေတယ်။ စျေးကလည်း အရမ်းကွာနေတာကိုး ။ အခုကြံအသင်းကလည်း ညှိပေးနေတာ နှစ်ကြိမ်ရှိပြီ ။ခုထိတော့ မပြေလည်သေးလို့ စက်မလည်သေးဘူး ။တောင်သူက တသိန်းခွဲ မရရင် မပို့ဘူးပြောတယ်။ စက်ရုံကလည်း ၏တသိန်းတ​သောင်းထက်ပိုမပေးဘူး ဖြစ်နေတယ်။ ဆက်ညှိရအုံးမယ့်သဘောပါ ။အခုက ရာသီအရမ်းလည်းနောက်ကျနေပြီ။ နောက်ကျတော့ ကြံတွေခြောက်ကုန်ပြီ ။ သူတို့(စက်ရုံ) ကတော့ သယ်ယူစရိတ်တွေများတယ် ၊ ဂိတ်တွေများတယ်။ သကြားတအိတ်ကို ၁၅၀၀၀ ပေးရတယ်တို့ ဘာတို့နဲ့ အကြောင်းပြတာပေါ့။ " လို့ မြန်မာနိုင်ငံ သကြားနှင့်ကြံထွက်ပစ္စည်း လုပ်ငန်းရှင် များအသင်း ဒုဥက္ကဋ္ဌ ဦးဝင်းဌေးက ပြောပါတယ်။
လက်ရှိ ကြံရာသီမှာ အခြားဒေသရှိ သကြားစက်ရုံတွေက စက်ရုံ အရောက်စျေး ကြံတတန်ကို ၁၇၀၀၀၀ ကျပ်မှ ၁၈၀၀၀၀ ကျပ်နူန်း စျေးဖွင့်ထားချိန် စစ်ကိုင်းတိုင်း အထက်ပိုင်းစက်ရုံတွေက စက်ရုံအရောက်စျေး ၁၀၅၀၀၀ မှ ၁၁၀၀၀၀ ကျပ်သာ စျေးပေးတဲ့အတွက် တောင်သူတွေက တွက်ချေမကိုက်တာကြောင့် ညှိနိူင်းနေကြရတာ ဖြစ်တယ်လို့ သိရပါတယ်။
စက်ရုံအရောက် ကြံစျေးဖြစ်တဲ့အတွက် တောင်သူတွေအနေနဲ့ ကြံခုတ်ခ ၊ ကြံတင်ခ ၊ ကားခ အားလုံးကို ကုန်ကျခံရတာကြောင့် အနည်းဆုံး ကြံတတန်ကို ၁၅၀၀၀၀ ကျပ်လောက် ရရှိမှသာ အဆင်ပြေမှာ ဖြစ်တယ်လို့ သိရပါတယ် ။
သကြားစက်ရုံတွေ လည်ပတ်နိုင်ခြင်း မရှိသေးတဲ့အတွက် ကြံတောင်သူတွေအနေနဲ့ ကြံခုတ်ဖို့နောက်ကျနေပြီး ကြံတွေ ခြောက်လာပြီး ဒီထက်ပိုပြီး ထားပါက ဆုံးရှုံးမှုပိုပြီး ကြီးနိုင်တဲ့ အခြေအနေ ရှိတာကြောင့် စျေးနူန်းတခုညှိနိူင်းပြီး စက်ရုံတွေ အမြန်ဆုံးဖွင့်ဖို့ လိုအပ်နေတယ်လို့ သိရပါတယ် ။
" အတတ်နိုင်ဆုံး ညှိနှုင်းစျေးလေးနဲ့ လည်စေချင်နေပြီ ။ ဒီထက်နောက်ကြရင် ကျွန်တော်တို့လို တောင်သူငယ်လေးတွေ အတွက် မလွယ်တော့ဘူး ။ တောင်သူကြီးတွေအတွက်က ကြိုက်တဲ့အချိန်ဖွင့် ကြံခုတ်ခကို ဘယ်စျေးနဲ့ဖြစ်ဖြစ် အလွယ်လေး ပေးနိုင်ပေမယ့် တောင်သူငယ်လေးတွေ အတွက်တော့ ကြိုတင်ခုတ်စရိတ် မရရင် စက်ရုံဖွင့်နောက်ကြလို့ ကြံခုတ်ခတွေ စျေးကြီးလာရင် မိုးရွာလို့ ကြံတွေ တဆင့်နှစ်ဆင့် သယ်ထုတ်ရရင် ဘယ်လိုမှမတတ်နိုင်ဘဲ ကြံခင်းတွေဖျက်ပြီး သီးကြမ်းဘက်လှည့်ဖို့ ဖြစ်နေပါပြီ။ နယ်မြေအခြေအနေကလည်း တအားကြီးမဆိုးပါဘူး ။ တိုင်းပြည်အခြေအနေ မငြိမ်သက်တာကို အကြောင်းပြပြီး စက်ရုံတွေဘက်က စျေးနှိမ်ပြီး ဝယ်ချင်နေတာပါ ။ " လို့ စစ်ကိုင်းတိုင်းက ကြံစိုက်တောင်သူ တယောက်က ပြောပါတယ် ။
စစ်ကိုင်းတိုင်း အထက်ပိုင်းမှာ သကြားစက်ရုံ တန် ၃၀၀ မှ ၁၀၀၀ အထိ ကြိတ်ဝါးနိုင်တဲ့ စက်ရုံ သုံးရုံနဲ့ တန် ၂၀၀၀ မှ ၈၀၀၀ အထိ ကြိတ်ဝါးနိုင်တဲ့ စက်ရုံ သုံးရုံရှိပြီး ကြံစိုက်ဧက ၇၅၀၀၀ မှ ၁၀၀၀၀၀ ကြားရှိကြောင်း တနှစ်ကို ကြံတန်ချိန် တနှစ် ကြံတန် ၁၅ သိန်းကျော် စိုက်ပျိုးထုတ်လုပ်မှု ရှိတယ်လို့ သိရပါတယ် ။
နေပြည်တော် ၊ လယ်ဝေးမြို့နယ်ဘက်မှာလည်း လုပ်သား ရှားပါးတဲ့အပြင် သယ်ယူပို့ဆောင်ရေးစရိတ်များတာကြောင့် တောင်သူငယ်တွေအနေနဲ့ စက်ရုံအရောက် ကြံပို့နိုင်ခြင်းမရှိဘဲ ပွဲစားတွေကို အခင်းပြတ်စျေးနူန်း တတန်ကို ၉၀၀၀၀ ကျပ်နဲ့သာ ရောင်းချနေကြရတယ်လို့ သိရပါတယ် ။

image

စစ်ရှောင်စခန်းတချို့မှာ အရေပြားရောဂါ ဖြစ်ပွားနေ

မကွေးတိုင်း စလင်းမြို့နယ်၊ ကယားပြည်နယ်ရှိ ရှားတောမြို့နယ်နဲ့ ရခိုင်ပြည်နယ်ရှိ ကျောက်ဖြူမြို့နယ်တို့မှာ စစ်ဘေးရှောင် ထောင်နဲ့ချီ အရေပြားရောဂါ ဖြစ်ပွားမှုတွေ ရှိနေတယ်လို့ စစ်ရှောင်အရေး ဆောင်ရွက်နေသူတွေက ပြောပါတယ်။
စလင်းမြို့နယ်အတွင်း အစိုးရတပ်ရဲ့ နယ်မြေရှင်းလင်းရေး လုပ်ဆောင်မှုတွေကြောင့် ကျေးရွာပေါင်း ၁၈ ရွာမှ ဒေသခံ ၈၀၀၀ ကျော် ဘေးလွတ်ရာကို တိမ်းရှောင်နေရပြီး လက်ရှိမှာ ရေရှားပါးမှုကြောင့် အရေပြားရောဂါ ဆိုးဆိုးရွားရွား ခံစားနေရတယ်လို့ သိရပါတယ်။
“လိုအပ်တာကတော့ ဆေးဝါးတွေ အရေးပေါ် လိုနေတယ်။ စားနပ်ရိက္ခာလည်း လိုတယ်။ တောထဲမှာ စစ်ရှောင်နေရတာဆိုတော့ သောက်ရေ၊ သုံးရေ အခက်အခဲ အများကြီးရှိနေတယ်။ ဖျားနာပြီး အရေပြားမှာ ယားနာတွေ ဖြစ်လာကြတယ်” လို့ ကူညီပေးနေသူက ပြောပါတယ်။
စလင်းမြို့နယ်မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ တတိယပတ်မှ စတင်ကာ ကျေးရွာတွေအတွင်း လက်နက်ကြီးတွေ ကျရောက်ခြင်း၊ ဒရုန်းနဲ့ တိုက်ခိုက်ခြင်း၊ နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေခြင်းတွေကြောင့် ဒေသခံတွေအနေနဲ့ ဘေးလွတ်ရာကို တိမ်းရှောင်နေရခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။
“စစ်ရှောင်တွေ အရေပြားရောဂါ ခံစားနေကြရတာက နှစ်နှစ်ကျော်လောက်တော့ ရှိနေပြီ။ အခုရက်ပိုင်းထဲမှာမှ နယ်မြေရှင်းလင်းတာတွေ ပိုစိတ်လာတော့ သွားလာရေး အခက်အခဲတွေ ဖြစ်လာတယ်။ ဒါကြောင့် ဆေးဝါးတွေ ရှားလာတယ်။ အလုံအလောက် မရှိတော့ဘူး” လို့ သူက ပြောပါတယ်။
အဲဒီလိုပဲ ကယားပြည်နယ်၊ ရှားတောမြို့နယ်က စစ်ရှောင်စခန်း တချို့မှာလည်း ပြင်းထန်ပြီး ကူးစက်မြန်တဲ့ အရေပြားရောဂါတွေ ဖြစ်ပွားနေပြီး ဆေးဝါးကုသမှု ခံယူဖို့အတွက် အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။
လွန်ခဲ့တဲ့ နှစ်နှစ်ကစလို့ ရှားတောမြို့နယ်အတွင်း ရေရှားပါးတဲ့ စစ်ရှောင်စခန်း တချို့မှာ အရေပြားရောဂါ စတင် ဖြစ်ပွားခဲ့တာလို့ သိရပြီး လက်ရှိမှာတော့ စစ်ရှောင်စခန်း အနည်းဆုံး သုံးနေရာထက်မနည်း ကျန်းမာရေး ပြဿနာကို ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။
“အဖြစ် အများအဆုံးကတော့ ၁၅ နှစ်အောက် ကလေးတွေပေါ့။ လသား အရွယ်လေးတွေလည်း ပါတယ်။ အဓိက က ရေမသန့်ရှင်းတာ၊ ရေရှားပါးတာကြောင့် ဖြစ်တာ။ တယောက်ကနေ တယောက် အင်မတန်လည်း ကူးစက်လွယ်နေတယ်” လို့ ကျန်းမာရေး ဝန်ထမ်းတယောက်က ပြောပါတယ်။
ဒါအပြင် ရခိုင်ပြည်နယ်အတွင်းက ကျောက်ဖြူမြို့နယ်မှာလည်း ကလေးငယ်တွေ အပါအဝင် လူကြီး၊ လူငယ် ရာနဲ့ချီ အရေပြားရောဂါတွေ ကူးစက် ခံစားနေကြရတယ်လို့ ကူညီပေးနေသူတွေက ပြောပါတယ်။
ကျောက်ဖြူမှာ လေကြောင်းအန္တရာယ်နဲ့ တိုက်ပွဲ ပြင်းထန်မှုတွေကြောင့် အိုးအိမ် စွန့်ခွာနေကြရတဲ့ စစ်ဘေးရှောင်ပြည်သူ သုံးသောင်းကျော်ဝန်းကျင် ရှိနေတာဖြစ်ပြီး နီးစပ်ရာ ဆွေးမျိုးသားချင်း နေအိမ်တွေ၊ ဘုန်းတော်ကြီးကျောင်းတွေ၊ စာသင်ကျောင်းတွေအပြင် ဘေးလွတ်ရာ နေရာတွေမှာ အလွန်ကျဉ်းကျပ်စွာ စုပြုံ နေထိုင်နေကြရတယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ သောက်သုံးရေ သန့်ရှင်းမှုမရှိခြင်း၊ ပတ်ဝန်းကျင် သန့်ရှင်းမှုမရှိခြင်း၊ စစ်ဘေးရှောင်‌ စခန်းအတွင်း လူဦးရေ များပြားခြင်း၊ တကိုယ်ရည်သန့်ရှင်းမှု အားနည်းခြင်း၊ ကျန်းမာရေး အသိပညာ နည်းပါးခြင်းနဲ့ ဆေးဝါး မပြည့်စုံခြင်းတွေကြောင့် ရောဂါကူးစက်နှုန်း မြင့်တက်နေဆဲ ဖြစ်တယ်လို့ သိရပါတယ်။
အရေပြားရောဂါ ဖြစ်ပွားနေတဲ့ စစ်ဘေးရှောင်တွေအတွက် လူသားချင်း စာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO) မှ လိမ်းဆေး၊ သောက်ဆေးနဲ့ သောက်သုံးရေ သန့်စင်ဆေးဝါးတချို့ ကူညီပေးနေမှုတွေ ရှိပေမယ့်လည်း ကူးစက် ပျံ့ပွားမှုနှုန်းကို ထိန်းချုပ်နိုင်တဲ့အထိ ပြည့်စုံလုံလောက်မှု မရှိသေးဘူးလို့ သိရပါတယ်။
လက်ရှိ ရခိုင်ဒေသအတွင်းမှာ လမ်းပန်းဆက်သွယ်ရေး ပိတ်ဆို့ခံထားရတာကြောင့် ကုန်စည်၊ အခြေခံစားသောက်ကုန်၊ ဆေးဝါး ပြတ်လပ်မှုဒဏ်ကို ဆိုးရွားစွာရင်ဆိုင်နေရပြီး စစ်ဘေးရှောင်တွေကတော့ အဲဒီဒဏ်ကို ပိုပြီး ခံစားကြရတယ်လို့ သိရပါတယ်။

image

ဟင်းသီးဟင်းရွက်အဓိကထားပြီး စိုက်ခိုင်းလို့ သပြေစိုက်တောင်သူတွေ အခက်ကြုံနေရ

ပျဥ်းမနားဒေသက သပြေခြံ စိုက်ပျိုးလုပ်ကိုင်နေတဲ့သူတွေကို သက်ဆိုင်ရာက ဟင်းသီးဟင်းရွက်ကို အဓိကထားပြီး ပြောင်းလဲစိုက်ပျိုးခိုင်းတဲ့အတွက် သပြေခြံစိုက်ပျိုးသူတွေနဲ့
သပြေငုတ်တူးလုပ်သားတွေ အခက်ကြုံနေရတယ်လို့ ပျဥ်းမနားမြို့ သပြေစိုက် တောင်သူတွေဆီကနေ သိရပါတယ်။
၂၀၂၄ သြဂုတ်လအတွင်းက ဟင်းသီးဟင်းရွက်တွေစိုက်ပျိုးနေကြတဲ့ ပျဥ်းမနားအရှေ့ဖက်က ရွာတွေမှာရေကြီးနစ်မြုပ်မှုတွေဖြစ်ပေါ်ခဲ့ပြီးတဲ့နောက်ပိုင်း အသီးအရွက်စျေးနှုန်းတွေအဆမတန် စျေးတက်ခဲ့တဲ့အတွက် အဲ့ဒီကာလနောက်ပိုင်းမှာ သက်ဆိုင်ရာ ​​ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနကနေ စာထုတ်ပြီးနှစ်ရှည်ပင်ဖြစ်တဲ့သပြေပင်တွေအစား သုံးရာသီပေါ်နိုင်မယ့် ဟင်းသီးဟင်းရွက်တွေကို ပြောင်းပြီးစိုက်ပျိုးခိုင်းခဲ့တာလို့ အဲ့ဒီဒေသခံတွေက ပြောပါတယ်။
"သူတို့က သုံးသီးစားဟင်းသီးဟင်းရွက်ပင် ပြောင်းစိုက်ခိုင်းတော့ လက်ရှိ သပြေခြံတွေကိုဖျက်ပြီးမှစိုက်ရတဲ့အတွက် ကျွန်တော်အပါအဝင်သပြေခြံစိုက်ပျိုးတဲ့သူတွေ အခက်ကြုံရပါတယ်။ ဟင်းသီးဟင်းရွက်က ကျွန်တော်တို့ စိုက်နေကျ မဟုတ်တဲ့အတွက် မအောင်မြင်ကြပါဘူး။ ကျွန်တော်တို့အတွက် အဲ့ဒီလို အခက်ကြုံရသလို ကျွန်တော်တို့ခြံကနေအလုပ်ပေးထားတဲ့ သပြေငုတ်တူးတဲ့ လုပ်သားတွေလည်း အလုပ်လက်မဲ့ဖြစ်ရတဲ့အပြင် စိုက်ပျိုးသူနည်းသွားလို့ အခုဆို သပြေငုတ်စျေးကလည်း အရမ်းကိုတက်နေပါတယ်"လို့ ပျဥ်းမနားမြို့ ကံဦးရပ်ကွက်က​ သပြေစိုက်တောင်သူတယောက်ကပြောပါတယ်။
အဲ့ဒီလို နှစ်ရှည်သပြေခြံတွေဖျက်လိုက်ရတဲ့အတွက်ငွေကြေးအရနစ်နာမှုတွေရှိခဲ့ကြပြီးတော့ သူတို့မကျွမ်းကျင်တဲ့ ရာသီပေါ်သီးနှံကမအောင်မြင်လို့ ဆုံးရှုံးမှုတွေထပ်ပြီးဖြစ်ပေါ်ခဲ့ကြတယ်လို့သပြေစိုက်တောင်သူတွေကတိုပါတယ်။
"ဟုတ်တယ်လေ အရင်က သပြေငုတ်တငုတ်ကို ၁၅၀၀...၂၀၀၀ လောက်နဲ့ ရတယ်ဆိုတာက သပြေခြံတွေမဖျက်ခိုင်းခင်ကစျေးလေ။ အခု စျေးက သပြေငုတ်တစ်ငုတ် အခုလိုလှရင် ၆၀၀၀ ပါ။ အဲ့ဒီတုန်းကဖျက်ခိုင်းတာတော့မှန်ပါတယ်။ဘယ်ကဖျက်ခိုင်းတယ်လို့တော့အတိအကျမသိဘူး စိုက်တဲ့သူနည်းသွားတော့ စျေးကတက်တာပေါ့" လို့နေပြည်တော်မြို့မစျေးက သပြေငုတ်ရောင်းချနေတဲ့စျေးသည်တယောက်ကပြောပါတယ်။
ပျဥ်းမနားမြို့ရဲ့ဆင်ခြေဖုံးရပ်ကွက်နဲ့နီးတဲ့မြို့ခံတွေက သပြေခြံကို နှစ်ရှည်အပင်အဖြစ်နဲ့ စီးပွားဖြစ်စိုက်နေကြပြီးတော့ အဲ့ဒီသပြေခြံတွေကနေ နှစ်တိုင်း ထိုက်သင့်တဲ့အကျိုးအမြတ်ရရှိနေကြတာဖြစ်ပြီး ပျဥ်းမနားမြို့ဆင်ခြေဖုံးရပ်ကွက်တွေအပြင် ပျဥ်းမနားမြို့နယ်ထဲက ကျေးရွာတွေမှာလည်း သပြေခြံကိုအားထားလုပ်ကိုင်နေကြတာဖြစ်ပါတယ်။
"အဲ့ဒီ တုန်းကရေကြီးရေလျံဖြစ်ခဲ့တဲ့ဇေယျာသီရိမြို့နယ် ပျဥ်းမနားမြို့နယ်ထဲက သပြေခင်းတွေဖျက်ပြီးတစ်ခြားရာသီပေါ်ဟင်းသီးဟင်းရွက်စိုက်ခိုင်းတာမှန်ပါတယ်။ သပြေက နှစ်ရှည်ပင်ဖြစ်တဲ့အတွက်ပြောင်းပြီး အသီးအရွက် ပြောင်းစိုက်ခိုင်းတာလို့ ဆိုပါတယ်။ အဲ့ဒီလိုပြောင်းပြီး စိုက်ပျိုးတာနဲ့ပတ်သက်ပြီး ဘယ်သူမှကူညီပေးခဲ့တာမရှိပါဘူး။ ကြိုက်တဲ့ရွာတွေက သပြေစိုက်တဲ့သူတွေကိုသွားမေးကြည့်လိုက်"လို့ ပျဥ်းမနားမြို့နယ် သပြေပင်ကျေးရွာ ဒေသခံတစ်ယောက်ကပြောပါတယ်။
ပျဥ်းမနားမြို့နယ်ထဲက သပြေစိုက်တောင်သူတွေရဲ့​လက်ရှိကြုံတွေ့နေရတဲ့အခြေအနေနဲ့ပတ်သက်ပြီး ပျဥ်းမနားမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက ဦးစီးမှူး ဦးထွန်းထွန်းလင်းကို ဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပါတယ်။
"သပြေကတော့ ဒသမ ၁၀..၂၀ လောက်ဆိုရင် သိန်း ၁၀၀...၂၀၀ ရကြတာပေါ့ဗျာ။ ခုဟာကလည်း ဒေသရဲ့လိုအပ်ချက်အရဆိုတော့ လုပ်ရကိုင်ရတာအခက်သားဗျ။ သူတို့ကလည်း လယ်ယာမြေ​အပေါ်မှာစိုက်ထားကြတာ​ဆိုတော့ ဌာနအနေနဲ့ အခြားဆီထွက်သီးနှံမျိုးဆိုရင် တစ်မျိုးပေါ့။ သွင်းအားစုတွေကို အတိုးမပါပဲ အရင်းအတိုင်း သီးနှံပေါ်ချိန်အထိ ကူညီပေးနေတာတွေရှိပါတယ်" လို့ ပျဥ်းမနားမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးထွန်းထွန်းလင်းက​​​ ဖြေကြားခဲ့ပါတယ်။
အခုရောင်းချနေတဲ့သပြေငုတ်တွေကတော့ တချို့သပြေခင်းကိုမဖျက်ပဲထားတဲ့သူတွေနဲ့ တချို့တောင်သူတွေက အပင်အရင်းအနားအထိခုတ်ပြီး အခြားအပင်တွေနဲ့အုပ်ပြီး စိုက်ပျိုးခဲ့တဲ့အတွက် ကျန်ရှိနေကြတာလို့သိရပြီး အပင်ကြီးတဲ့ အထိထားလို့မရဘူးလို့ သိရပါတယ်။

image

ယနေ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ
( ၂၀၂၆ - ဇန်နဝါရီ ၂၈ ၊ နံနက် ၁၀ နာရီ)

#ရွှေဈေး
-ကမ္ဘာ့ရွှေဈေး
တအောင်စ ၅၂၄၃ ဒေါ်လာ
ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း
- အကယ်ဒမီ မီးလင်းရွှေ တကျပ်သား
၆,၀၀၀,၀၀၀ ကျပ်
ပြင်ပ အရောင်းအဝယ်ဖြစ်တဲ့ ရွှေဈေးနှုန်း
-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၁၀,၈၇၀,၀၀၀ ကျပ်
ဝယ်ဈေး ၁၀,၈၃၀,၀၀၀ ကျပ်
-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၁၀,၄၇၀,၀၀၀ ကျပ်
ဝယ်ဈေး ၁၀,၄၃၀,၀၀၀ ကျပ်
* စနစ်သစ်
(၁ိ - ၁၆.၃၂၉၃၂၅ ဂရမ် = ၁၂၀ ရွေး)
-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၁၀,၇၅၀,၀၀၀ ကျပ်
ဝယ်ဈေး ၁၀,၇၁၀,၀၀၀ ကျပ်
-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၁၀,၃၅၀,၀၀၀ ကျပ်
ဝယ်ဈေး ၁၀,၃၁၀,၀၀၀ ကျပ်
“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”
(ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။)
#နိုင်ငံခြားငွေလဲလှယ်နှုန်း
-မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း
အမေရိကန် တဒေါ်လာ - ၃၆၅၇ ကျပ်
ပြင်ပပေါက်စျေး
-အမေရိကန်ဒေါ်လာ‌
ရောင်းဈေး - ၃၉၉၀ ကျပ်
ဝယ်ဈေး - ၃၈၉၀ ကျပ်
-စင်္ကာပူဒေါ်လာ
ရောင်းဈေး - ၃၁၆၀ ကျပ်
ဝယ်ဈေး - ၃၀၈၀ ကျပ်
-ယူရို
ရောင်းဈေး - ၄၇၈၅ ကျပ်
ဝယ်ဈေး - ၄၆၆၅ ကျပ်
-ထိုင်းဘတ်
ရောင်းဈေး - ၁၂၉.၀၃ ကျပ်
ဝယ်ဈေး - ၁၂၅.၇၉ ကျပ်
-မလေးရှားရင်းဂစ်
ရောင်းဈေး - ၁၀၁၆ ကျပ်
ဝယ်ဈေး - ၉၉၀ ကျပ်
-တရုတ်ယွမ်
ရောင်းဈေး - ၅၇၄ ကျပ်
ဝယ်ဈေး - ၅၆၀ ကျပ်
-ဂျပန်ယန်း
ရောင်းဈေး - ၂၆.၀၉ ကျပ်
ဝယ်ဈေး - ၂၅.၄၃ ကျပ်
-အိန္ဒိယရူပီး
ရောင်းဈေး - ၄၃.၅၇ ကျပ်
ဝယ်ဈေး - ၄၂.၄၈ ကျပ်
-ကိုရီးယားဝမ်
ရောင်းဈေး - ၂.၇၉ ကျပ်
ဝယ်ဈေး - ၂.၇၂ ကျပ်
-စတာလင်ပေါင်
ရောင်းဈေး - ၅၅၀၅ ကျပ်
ဝယ်ဈေး - ၅၃၆၅ ကျပ်
-ဩစတြေးလျဒေါ်လာ
ရောင်းဈေး - ၂၇၈၈ ကျပ်
ဝယ်ဈေး - ၂၇၁၈ ကျပ်
-ကနေဒါဒေါ်လာ
ရောင်းဈေး - ၂၉၃၂ ကျပ်
ဝယ်ဈေး - ၂၈၅၈ ကျပ်
-ဟောင်ကောင်ဒေါ်လာ
ရောင်းဈေး - ၅၁၂ ကျပ်
ဝယ်ဈေး - ၄၉၉ ကျပ်
-ယူအေအီး
ရောင်းဈေး - ၁၀၈၇ ကျပ်
ဝယ်ဈေး - ၁၀၅၉ ကျပ်
ငွေလဲနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။
***သတ်မှတ်ဈေးအတိုင်း အရောင်းအဝယ်မလုပ်ပါက အရေးယူခံရနိုင်သည်။

image

စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ
*************************************************
🇲🇲 ရည်ညွှန်းလက်လီဈေးနှုန်းများ
💢ရန်ကုန်မြို့
💢မန္တလေးမြို့
💢နေပြည်တော်
💢တိုင်းဒေသကြီး/ ပြည်နယ်မြို့တော်များ

image
27 w - Translate

Case Coding Systems Market to Witness Robust Growth Amid Rising Packaging Automation

The global Case Coding Systems market is experiencing significant growth as industries increasingly adopt automated solutions to enhance packaging accuracy, traceability, and operational efficiency. Case coding systems, which include inkjet, laser, and thermal transfer technologies, are crucial for marking codes, lot numbers, expiration dates, and barcodes on product packaging. With stringent regulatory requirements and growing demand for high-speed packaging, these systems are becoming indispensable in manufacturing and logistics operations.

Read Full Research Study: https://marketintelo.com/repor....t/case-coding-system

ရက် ၈၀၀ အကြာ ဖမ်းဆီးခံထားရသည့် ဓားစာခံရုပ်ကြွင်း အစ္စရေး ပြန်လည်ရရှိ
-------------------------

ဂါဇာမှာ ဖမ်းဆီးခံထားရသူတွေထဲက နောက်ဆုံးကျန်ရှိနေတဲ့ ဓားစာခံရုပ်ကြွင်းကို အစ္စရေးဘက်က ပြန်လည် ရရှိခဲ့တယ်လို့ Reuters သတင်းမှာ ဖော်ပြပါတယ်။ ဒါဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပါလက်စတိုင်း နယ်မြေမှာ စစ်ပွဲကို အဆုံးသတ်ဖို့ အစီအစဉ် ကနဦး အဆင့်အတွက် အဓိက အခြေအနေတစ်ခုကို ဖြည့်ဆည်းပေး ခဲ့တာလည်း ဖြစ်ပါတယ်။ ဂါဇာမှာ ရက်ပေါင်း ၈၄၀ ကျော် ဖမ်းဆီးခံထားရတဲ့ အစ္စရေး စစ်ဘက်ဆိုင်ရာအရာရှိ ရန် ဂဗီလီရဲ့ ရုပ်ကြွင်းကို ပြန်လည်ရရှိခဲ့ပြီး မြှုပ်နှံဖို့အတွက် ပို့ဆောင်ပေးမှာဖြစ်တယ်လို့ အစ္စရေးစစ်တပ်က ကြေညာ ချက်တစ်စောင် ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ ရုပ်ကြွင်း ပြန်လည်ရရှိတာကြောင့် အစ္စရေးဘက်ကလည်း ကတိ ကဝတ်တွေနဲ့အညီ ပျက်စီးနေတဲ့ ဂါဇာနဲ့ အီဂျစ်အကြားရှိ ရာဖာဖြတ်ကျော်ဂိတ်ကို အကန့်အသတ်နဲ့ ပြန်လည်ဖွင့် လှစ်ပေးဖို့ လမ်းခင်းပေးနိုင်မှာလည်း ဖြစ်ပါတယ်။

image

အမေရိကန်တွင် မုန်တိုင်းကြောင့် လေယာဉ်ခရီးစဉ် ၅၀၀၀ ကျော် ဖျက်သိမ်းရ
-------------------------

အမေရိကန်ပြည်ထောင်စုရဲ့ နေရာအများစုမှာ အေးခဲတဲ့မိုးနဲ့ နှင်းတွေထူထပ်စွာကျဆင်းစေခဲ့တဲ့ အားကောင်းတဲ့ ဆောင်းရာသီမုန်တိုင်းတစ်ခုကြောင့် ဇန်နဝါရီလ ၂၆ ရက်က လေယာဉ်ခရီးစဉ် ထောင်ပေါင်းများစွာ ဖျက်သိမ်းခဲ့ရ တယ်လို့ Reuters သတင်းမှာ ဖော်ပြထားပါတယ်။
FlightAware ရဲ့ သီးခြားအချက်အလက်တွေအရ အမေရိကန် လေယာဉ်ခရီးစဉ် ၅၂၂၀ လောက် ဖျက်သိမ်းခဲ့ရပြီး ညနေပိုင်းမှာ ၆၅၀၀ ကျော်လောက် နှောင့်နှေးခဲ့တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က လေယာဉ်ခရီးစဉ် ၁၁၀၀၀ ဖျက်သိမ်းခဲ့ပြီးနောက် Cirium ရဲ့ အဆိုအရ ဒါဟာ ကိုဗစ်ကပ်ရောဂါဖြစ်ပွားပြီးကတည်းက ဖျက်သိမ်းခဲ့ ရတဲ့ အမြင့်ဆုံး ပမာဏဖြစ်ပါတယ်။
နယူးမက္ကဆီကိုကနေ နယူးအင်္ဂလန်အထိ တစ်ပေအမြင့်ထိ နှင်းတွေကျခဲ့တဲ့ ဆောင်းရာသီမုန်တိုင်းတစ်ခုဟာ အမေရိကန်အရှေ့ပိုင်းရဲ့ နေရာအများစုကို သက်ရောက်မှုရှိစေခဲ့ပြီး အနည်းဆုံး လူ ၁၈ ယောက် သေဆုံးခဲ့ပါတယ်။ ဘော်စတွန်လိုဂန် အပြည်ပြည်ဆိုင်ရာလေဆိပ်မှာလည်း ဇန်နဝါရီလ ၂၆ ရက်က လေယာဉ်ခရီးစဉ် ဖျက်သိမ်းမှု ဟာ အမြင့်ဆုံးထိရောက်ရှိခဲ့ပြီး ၇၁ ရာခိုင်နှုန်းရှိခဲ့တယ်လို့ Cirium က ပြောကြားခဲ့ပါတယ်။

image

၇၇ ကြိမ်မြောက် အိန္ဒိယသမ္မတနိုင်ငံ အမျိုးသားနေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ
-----------------------

၇၇ ကြိမ်မြောက် အိန္ဒိယသမ္မတနိုင်ငံ အမျိုးသားနေ့ အထိမ်းအမှတ် အခမ်းအနားကို ရန်ကုန်မြို့ရှိ Lottery Hotel မှာကျင်းပပြုလုပ်ခဲ့ပါတယ်။
အခမ်းအနားမှာ သံအမတ်ကြီး Mr. Abhay Thakur က အဖွင့်အမှာစကားပြောကြားခဲ့ပြီးနယ်စပ်ရေးရာဝန်ကြီးဌာနနှင့်တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က အမှာစကား ပြောကြားခဲ့ပါတယ်။ အဲဒီနောက် အိန္ဒိယသံအမတ်ကြီးနဲ့ဇနီး၊ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်နဲ့ဇနီးတို့ကအမျိုးသားနေ့အထိမ်းအမှတ်ကိတ်မုန့် ခွဲ​ပေးခဲ့ကြပါတယ်။
အခမ်းအနားကို နယ်စပ်ရေးရာဝန်ကြီးဌာနနှင့်တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်နဲ့ဇနီး၊ ပြန်ကြားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးမောင်မောင်အုန်းနဲ့ဇနီး၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်နဲ့ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီး​တွေနဲ့ဇနီး​တွေ၊ မြန်မာနိင်ငဲဆိုင်ရာသံအမတ်ကြီး​တွေနဲ့ဇနီး​တွေ၊ဖိတ်ကြားထားတဲ့ ဧည်သည်တော်တွေ တက်ရောက်ခဲ့ကြပါတယ်။
အိန္ဒိယအမျိုးသားနေ့အထိမ်းအမှတ်အခမ်းအနားကို
တက်ရောက်လာကြသူ​တွေနဲ့ တာဝန်ရှိသူတွေကအမှတ်တရဓါတ်ပုံ​တွေ ရိုက်ကူးခဲ့ကြပါတယ်။
ဒါ့အပြင် အိန္ဒိယအမျိုးသားနေ့အထိမ်းအမှတ်အဖြစ်
နိုင်ငံတော်အလံတင် အခမ်းအနားကိုလည်း အဲဒီ​နေ့မနက်ပိုင်းက ရန်ကုန်မြို့ရှိ အိန္ဒိယဂေဟာမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီအခမ်းအနားမှာသံအမတ်ကြီး Mr. Abhay Thakur က အိန္ဒိယနိုင်ငံတော်အလံကို လွှင့်ထူပေးခဲ့ပြီး အိန္ဒိယနိုင်ငံ သမ္မတကြီးရဲ့မိန့်ခွန်းကို ဖတ်ကြားကာခဲ့ပါတယ်။
အဲဒီ​နောက် နိုင်ငံတော်အလံကို လွှင့်ထူပြီး နိုင်ငံတော် သီချင်းကို သီဆိုခဲ့ကြပါတယ်။
အခမ်းအနားမှာ ဆွာမိဝိဝေကာနန္ဒ ယဉ်ကျေးမှုဌာန (SVCC) မှ အနုပညာရှင်​တွေ၊ ကျောင်းသား ကျောင်းသူ​တွေ၊ အိန္ဒိယလူမှုအဖွဲ့အစည်း​တွေနဲ့ပြည်တွ​င်းက ကျောင်းသား ကျောင်းသူ​တွေက မျိုးချစ်
‌​တေးသီချင်းတွေ၊ အိန္ဒိယဂန္ထဝင်အကတွေနဲ့ ယောဂသရုပ်ပြမှု​တွေနဲ့ ဖျော်ဖြေတင်ဆက်ခဲ့ကြတယ်လို့
သိရပါတယ်။

image

ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း MRTVနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်နေသည့် မီဒီယာလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး
-------------------------

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦး​မောင်​မောင်အုန်းဟာ ရန်ကုန်မြို့ရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားကိုသွားရောက်ပြီး ဌာနနဲ့ ပုဂ္ဂလိကတို့ အကျိုးတူ ပူးပေါင်းဆောင်ရွက်နေတဲ့ မီဒီယာလုပ်ငန်းတွေကို ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူ‌တွေနဲ့ဝန်ထမ်းတွေကို ရင်းရင်းနှီးနှီး တွေ့ဆုံခဲ့တယ်လို့ ပြန်ကြားရေးဝန်ကြီးဌာနကနေ သိရပါတယ်။
ပထမဦးစွာ ပြည်ထောင်စုဝန်ကြီးဟာ MyanSat DTH ထုတ်လွှင့်ရေးနဲ့ ဖြန့်ချိရေးရုံးချုပ်ကို သွား​ရောက် ကြည့်ရှုစစ်​​ဆေးခဲ့ရာ Chief Operation Officer ဦးသန့်စင်က ရုံးချုပ်အဆောက်အအုံဌားရမ်းပြီး ပြင်ဆင်ဆောင်ရွက်ခဲ့မှုနဲ့ ဖြန့်ခွဲနေရာချထားပြီး လုပ်ငန်းဆောင်ရွက်နေမှု၊ ပြည်တွင်း/ပြည်ပ ရုပ်သံလိုင်းပေါင်း ၁၅၆ လိုင်းနဲ့ စီစဉ်ထုတ်လွှင့်နေမှု၊ နိုင်ငံတစ်ဝန်းမှာ ဖြန့်ချိရေးအရောင်းဆိုင် ၁၀၂ ဆိုင်
ဖွင့်လှစ်ပြီး MyanSat Set Top Box (ST တစ်သောင်းကျော် ရောင်းချထားရှိမှုအပြင် MRTV DTH Set Top Boxတွေ ရောင်းချပေးနေမှုတို့ကို ရှင်းလင်းတင်ပြခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်တာ‌တွေကို ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီနောက် Shwe FM ထုတ်လုပ်ရေးရုံးကို ရောက်ရှိလာရာမှာ ရွှေသံလွင်မီဒီယာကုမ္ပဏီမှ MD ဦးမင်းမင်းက ထုတ်လုပ်ရေးရုံးနဲ့ စတူဒီယိုတို့ နေရာခွဲခြားဆောင်ရွက်နေမှု၊ ပဲခူးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်တို့အတွက် ဦးစွာထုတ်လွှင့်ပေးခဲ့သလို နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း၊ မကွေး၊ ဧရာဝတီတိုင်းဒေသကြီးနဲ့ ရှမ်းပြည်နယ်တို့အတွက် တိုးချဲ့ပြီး ထပ်ဆင့် ထုတ်လွှင့်စက်ရုံ ၁၇ ရုံမှတစ်ဆင့် ထုတ်လွှင့်နေမှု၊ နေ့စဉ် မနက် ၅ နာရီမှ ည ၁၁ နာရီအထိ စုစုပေါင်း ၁၈ နာရီ စီစဉ်ပြီး မြန်မာ့အသံသတင်းများကို နေ့စဉ် မွန်းလွဲ ၁ နာရီနဲ့ ည ၈ နာရီတို့မှာ တိုက်ရိုက်ရယူ ထုတ်လွှင့်နေမှုတို့ကို ရှင်းလင်းတင်ပြခဲ့ပါတယ်။
ဆက်လက်ပြီး ရွှေသံလွင်ကုမ္ပဏီနဲ့ အကျိုးတူပူးပေါင်းဆောင်ရွက်နေတဲ့ 200 Meter Transmission work station လုပ်ငန်းခွင်ကို သွားရောက် ကြည့်ရှု စစ်​ဆေးခဲ့ရာ တာဝန်ရှိသူတွေက သဘာဝဘေးဒဏ်ဖြစ်ပွားမှုတွေ ကြုံတွေ့ခဲ့ရပေမဲ့လည်း တာဝါတိုင်နဲ့ အလုပ်ရုံတို့ကို ထိခိုက်မှုမရှိဘဲ ကြံ့ခိုင်ကောင်းမွန်​နေမှု၊ လာမဲ့နှစ်တွေမှာ တာဝါတိုင်ကို ဆေးသုတ်ပြီး ထိန်းသိမ်းဖို့ စီစဉ်ထားမှု၊ Satellite Transmitter Antenna လုပ်ငန်းစဉ်တွေအတိုင်း MRTV၊ Forever၊ Sky Net၊ပတ္တမြားFMတို့က ရယူအသုံးပြုနေမှုနဲ့ Sky Net DTH Control ကို လှည့်လည် အသုံးပြုနေမှုတို့ကို ရှင်းလင်းတင်ပြခဲ့ကြတယ်လို့ သိရပါတယ်။
အဲဒီနောက် Forever ကုမ္ပဏီရုံးချုပ်ကို သွား​ရောက်ခဲ့ပြီး CEO ဒေါက်တာ ဟိန်းထက်အေးနဲ့ အထွေထွေမန်နေဂျာ ဦးကျော်ကျော်တို့က ရုပ်သံလုပ်ငန်း‌တွေနေရာခွဲခြားဆောင်ရွက်နေမှုတွေထဲက လက်ရှိနေရာမှာ ရုံးချုပ်ရဲ့စီမံခန့်ခွဲမှုလုပ်ငန်းတွေနဲ့အတူ Mandalay FMနဲ့ ပဉ္စဝတီ FM (Teen Radio) ထုတ်လုပ်ရေးနဲ့ထုတ်လွှင့်ရေးတွေ ဆောင်ရွက်နေမှု၊ Mandalay FMနဲ့ ပဉ္စဝတီ FMကို Teen Radio နာမည်နဲ့ ထုတ်လွှင့်နေမှုတွေကို ရှင်းလင်းတင်ပြခဲ့ကြပါတယ်။
ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းဟာ အသံလွှင့်စတူဒီယိုတွေကို လိုက်လံကြည့်ရှုခဲ့ပြီး FM ပရိသတ်တွေကို နှုတ်ခွန်းဆက်စကား ပြောကြားတဲ့ တိုက်ရိုက် (Live) ထုတ်လွှင့်မှုမှာ
ပါဝင်ပြီး FM ပရိတ်သတ်​တွေကို နှုတ်ခွန်းဆက်စကား ​ပြောကြားခဲ့တယ်လို့လည်း သိရပါတယ်။

image