Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
Wall Art Market Research: Statistics, Growth & Forecasts
Access full data [TOC, Charts, and Full Insights]: https://www.thereportcubes.com..../report-store/wall-a
Pocket Door Market Research: Statistics, Growth & Forecasts
Access full data [TOC, Charts, and Full Insights]: https://www.thereportcubes.com..../report-store/pocket
Pet Toys Market Overview: Scope, Value & Key Insights
Access full data [TOC, Charts, and Full Insights]: https://www.thereportcubes.com..../report-store/pet-to
Digital Thermometer Market Overview: Scope, Value & Key Insights
Access full data [TOC, Charts, and Full Insights]: https://www.thereportcubes.com..../report-store/digita
အမေရိကန်တွင် အစိုးရ ရပ်ဆိုင်းမှု ကြာမြင့်လာသဖြင့် လေကြောင်းလိုင်းများက လေယာဉ်ခရီးစဉ် ရာနှင့်ချီ၍ ဖျ-က်သိမ်း
အစိုးရ ရပ်ဆိုင်းမှု(shutdown)ကြောင့် အမေရိကန်ရှိ အဓိက လေဆိပ် ၄၀ တွင် ဖက်ဒရယ်လေကြောင်း စီမံခန့်ခွဲရေးအဖွဲ့ (FAA) က လေယာဉ်အစီးပမာဏကို ကန့်သတ်ရန် စတင်တော့မည် ဖြစ်သဖြင့်၊ အဓိက လေကြောင်းလိုင်းကြီးများက ၎င်းတို့၏ နေ့စဉ် ထောင်ပေါင်းများစွာသော ပျံသန်းမှုများအနက် လေယာဉ်ခရီးစဥ် ရာနှင့်ချီ၍ ဖျ-က်သိမ်းရန် စီစဉ်နေကြောင်း ယနေ့သောကြာနေ့တွင်ပြောကြားခဲ့သည်။
American Airlines က ၎င်း၏ နေ့စဉ် ပျံသန်းမှု ၆,၀၀၀ ခန့်အနက် ပျံသန်းမှု ၂၂၀ ခန့်ကို ယနေ့သောကြာနေ့မှစ၍ ယခု သီတင်းပတ်ကုန်အထိ ဖျ-က်သိမ်းမည်ဟု ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။
United Airlines ကလည်း ၎င်း၏ နေ့စဉ် ပျံသန်းမှု ၅,၀၀၀ ကျော်အနက် ပျံသန်းမှု ၂၀၀ အောက်ကို သီတင်းပတ်ကုန်အထိ ဖျ-က်သိမ်းရန် စီစဉ်ထားကြောင်း ထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။
Delta Airlines ကလည်း ၎င်းတို့၏ နေ့စဉ် ပျံသန်းမှု ၁၇၀ ခန့်ကို ဖျ-က်သိမ်းရန် စီစဉ်ထားကြောင်း ပြောကြားခဲ့သည်။
အမေရိကန်ရှိ အကြီးဆုံး လေကြောင်းလိုင်းသုံးခုဖြစ်သည့် American, United နှင့် Delta တို့သည် ထိခိုက်နစ်နာသော ခရီးသည်အများစုကို အခြားလေယာဉ်များတွင် လိုက်ပါနိုင်ရန် စီစဉ်ပေးနိုင်လိမ့်မည်ဖြစ်သသည်။
ဤ ဖျ-က်သိမ်းမှုများသည် အစိုးရ ရပ်ဆိုင်းမှု စတင်ခဲ့သည်မှာ တစ်လကျော်ကြာပြီးနောက် လေကြောင်း ခရီးသွားလာရေးအတွက် ဤအကြိမ်သည် အကြီးမားဆုံးသော အနှောင့်အယှက် ဖြစ်နိုင်ခြေရှိသည်။
ရန်ကုန်-မော်လမြိုင်ရထားလမ်းပိုင်း မိုင်းခွဲဖျ-က်ဆီးခံရမှုကြောင့် ရထားခရီးစဥ်(၂)ခုကို ယာယီရပ်ဆိုင်း
ရန်ကုန်-မော်လမြိုင်ရထားလမ်းပိုင်း၏ သိမ်ဆိပ်ဘူတာနှင့် ဒုံးဝန်းဘူတာကြားရှိ ရထားလမ်းအား အကြမ်းဖက်အဖွဲ့ဝင်များမှ ယနေ့ နိုဝင်ဘာ ၇ ရက်နံနက်ပိုင်းက မိုင်းခွဲဖျ-က်ဆီးခဲ့ကြောင်း မော်လမြိုင်ဘူတာကြီးထံမှ သိရသည်။
အမှတ် (၆၈၆) အစုန်ကျောက်ရထားသည် သိမ်ဆိပ်ဘူတာနှင့် ဒုံဝန်းဘူတာကြား ရထားလမ်းမိုင်တိုင် ၁၂၅/၁၈ နှင့် ၁၂၅/၁၉ ကြားအရောက် အကြမ်းဖက်အဖွဲ့မှ ရထားလမ်းအားမိုင်းခွဲဖျ-က်ဆီးသဖြင့် ကျောက်ရထား၏ စက်ခေါင်းအပါအဝင် ရထားတွဲ (၄) တွဲလမ်းချော်ခဲ့ပြီး ရ ထားသံလမ်း (၂) ဆက်ခန့်ပျ-က်စီးခဲ့ကြောင်း သိရသည်။
ထို့ကြောင့် လုံခြုံရေးအဖွဲ့ဝင်များနှင့် မြန်မာ့မီးရထားမှတာဝန်ရှိသူများက စစ်ဆေးမှုများပြုလုပ်ခဲ့ကြပြီး ပျ-က်စီးသွားသည့် ရထားသံလမ်းအား ပြန်လည်ပြင်ဆင်နိုင်ရေးနှင့် လမ်းချော်နေသည့် ရထားတွဲများအား ပြန်လည်တည့်မတ်နိုင်ရေးတို့အတွက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်နေမှုများကြောင့် ယနေ့ နိုဝင်ဘာ ၇ ရက်တွင် မော်လမြိုင်ဘူတာကြီးမှထွက်ခွာမည့် အမှတ် (၈၂) အစုန် မော်လမြိုင်-ရန်ကုန်ရထားနှင့် ရန်ကုန်ဘူတာကြီးမှထွက်ခွာမည့် အမှတ် (၈၁) အဆန် ရန်ကုန်- မော်လမြိုင်ရထားခရီးစဥ်(၂)ခုအား ယာယီရပ်ဆိုင်းခဲ့ကြောင်း သိရသည်။
ထိုသို့ ယာယီရပ်ဆိုင်းခဲ့ရမှုကြောင့် ယင်း ခရီးစဥ်များတွင်လိုက်ပါရန် လက်မှတ်ဝယ်ယူထားသူများ၏ ရထားလက်မှတ်ခများအား မော်လမြိုင်ဘူတာကြီးရှိ နေ့ချင်းလက်မှတ်ရုံ၌ နံနက် ၈ နာရီခွဲမှ မွန်းတည့် ၁၂ နာရီအထိ ပြန်လည်ထုတ်ပေးခဲ့ကြောင်း သိရသည်။
Grade 12 အထိ မတက်လိုပါက စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းများသို့ ရွေးချယ်တက်ရောက်နိုင်
ပညာရေးကဏ္ဍတွင် အခြေခံပညာ ကျောင်းသား၊ ကျောင်းသူများသည် Grade 12 အထိ မတက်ရောက်လိုပါက Grade -9 အောင်မြင်ပြီးသည်နှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းများသို့ ရွေးချယ်တက်ရောက်နိုင်သည့် ကျောင်းများရှိနေကြောင်း ပညာရေးဝန်ကြီးဌာနမှသိရသည်။
ထိုကျောင်းများမှတဆင့် အဆင့်မြင့် စိုက်ပျိုး၊ မွေးမြူရေးဘာသာရပ်များ ဆက်လက်ဆည်းပူးသင်ကြားနိုင်မည်လည်း ဖြစ်သည်။
လက်ရှိ၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနတို့ပူးပေါင်း၍ အခြေခံပညာတွင် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးကျောင်းများ ဖွင့်လှစ်ထားရှိမှုအနေဖြင့် (၈၉)ကျောင်း ရှိလာကြောင်း သိရသည်။
ထိုကျောင်းများကို ၂၀၂၃-၂၀၂၄ ခုနှစ်မှ စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး အရည်အသွေးပြည့်ဝသည့် အသက်မွေးဝမ်းကျောင်းပညာရေးနှင့် ချိတ်ဆက်ပေါင်းကူးနိုင်ရန်ရည်ရွယ်၍ ဖွင့်လှစ်ခဲ့ခြင်းလည်း ဖြစ်သည်။
ထိုကျောင်းများ၌ Grade-10 တွင် ကျောင်းသား ကျောင်းသူ ငါးထောင်ကျော်၊ Grade -11 တွင် ကျောင်းသား ကျောင်းသူ ငါးထောင်ကျော်နှင့် Grade -12 တွင် ကျောင်သား ကျောင်းသူ သုံးထောင်ကျော် တက်ရောက်လျက်ရှိကြောင်းလည်း သိရသည်။
ထို့ကြောင့် Grade-9 ပြီးမြောက်ပါက ပညာဆက်လက်သင်ယူနိုင်ရန် ကျောင်းသား ကျောင်းသူများအနေဖြင့် တက်ရောက်လိုသည့် အခြေခံပညာဘာသာရပ်တွင် သက်မွေးပညာများဖြစ်သည့် စက်မှုနည်းပညာနှင့် စိုက်ပျိုးရေးနည်းပညာကို သင်ယူလေ့လာခွင့်ရရှိနိုင်မည်ဖြစ်သည်။
AI နည်းပညာအရွေ့နှင့်အတူလိုက်ပါပြီး နိုင်ငံအကျိုးပြု IT ပညာရှင်များနှင့်သုတေသနပညာရှင်များဖြင့် ရှင်သန်သက်ဝင်နေသည့် တက္ကသိုလ်များဖြစ်စေရေးကြိုးပမ်းဆောင်ရွက်ရန် ဒုတိယဝန်ကြီးပြောကြား
ပြောင်းလဲတိုးတက်မှုနှုန်းမြန်ဆန်နေသည့် AI နည်းပညာအရွေ့နှင့်အတူလိုက်ပါပြီး နိုင်ငံအကျိုးပြု IT ပညာရှင်များနှင့် သုတေသနများဖြင့်ရှင်သန်သက်ဝင်နေသည့် တက္ကသိုလ်များဖြစ်စေရေးကြိုးပမ်းဆောင်ရွက်ရန် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျက ပြောသည်။
ယမန်နေ့က ကျင်းပသည့် အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာနရှိ နည်းပညာတက္ကသိုလ်၊ ကွန်ပျုတာတက္ကသိုလ် နှင့် Polytechnic University များ၏ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲတွင်ဒုတိယဝန်ကြီးက အထက်ပါအတိုင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
ထို့ပြင် သုတေသနရလဒ်များမှ ပြည်သူတို့၏ လူမှုစီးပွားဘဝမြှင့်တင်ရေးတွင် လက်တွေ့ကျကျ အသုံးချနိုင်ရေးပူးပေါင်းဆောင်ရွက်သွားရန်လည်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်ကလည်း ပြောကြားခဲ့သည်။
သုတေသနအခြေပြု တက္ကသိုလ်များအဖြစ် နိုင်ငံနှင့်ဒေသအကျိုးပြုသုတေသနများ စဉ်ဆက်မပြတ်ဆောင်ရွက်ရန် လိုအပ်ပြီး သင်ကြားမှုများကို အဆင့်မြှင့်တင်ရန်၊ သင်ကြားသင်ကြားမှုပတ်ဝန်းကျင်ကောင်းများဖြစ်စေဖို့ ဆောင်ရွက်ရန် လိုအပ်ကြောင်းလည်း ပြည်ထောင်စုဝန်ကြီး ကပြောသည်။
လက်ရှိ နည်းပညာတက္ကသိုလ်၊ ကွန်ပျုတာတက္ကသိုလ်နှင့် Polytechnic University များသည် သိပ္ပံနှင့်နည်းပညာဆိုင်ရာ လူစွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကဆောင်ရွက်နေသည့် တက္ကသိုလ်များလည်းဖြစ်သည်။