ကမ္ဘာ့ဖလား ၁၀၄ ပွဲကို သက်တောင့်သက်သာကြည့်ရင်း ဒေါ်လာ ၅၀၀၀၀ ရနိုင်မဲ့ အခွင့်အရေးကြီး
====================

ကံအရမ်းကောင်းတဲ့ ပရိသတ်တစ်ဦးဟာ ကမ္ဘာ့ဖလားပွဲအားလုံးကို ကြည့်ရုံဖြင့် ငွေလည်း တနင့်တပိုးရနိုင်မဲ့ အခွင့်အရေးကြီးတစ်ခု ရှိနေပြီ ဖြစ်ပါတယ်။
Fox Sports ၊ Fox One နှင့် Indeed တို့ဟာ ကမ္ဘာ့ဖလားပွဲ ၁၀၄ ပွဲလုံးကို ကြည့်ရှုပြီး ငွေများစွာ ရရှိမဲ့ ပရိသတ်တစ်ဦးကို ရှာဖွေနေကြောင်း ကြေညာလာပါတယ်။
ရွေးချယ်ခံရတဲ့ ပရိသတ်ဟာ ၃၉ ရက်အတွင်း Fox One က ထုတ်လွှင့်လာမဲ့ ကမ္ဘာ့ဖလားပွဲ ၁၀၄ လုံးကို ကြည့်ရှုရမှာ ဖြစ်ပြီး ဒေါ်လာ ၅၀၀၀၀ ပါ ရရှိလာပါမယ်။
ကမ္ဘာ့ဖလားပွဲများကို ကြည့်ရှုရန် ရွေးချယ်ခံရသူဟာ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် FOX Sports က ထုတ်လွှင့်မှုအားလုံး မိနစ်တိုင်းကို ကြည့်ရှုရပါမယ်။
ဒါ့အပြင် ယင်းပရိသတ်ဟာ Times Square မှာ ပြုလုပ်မဲ့ ကမ္ဘာ့ဖလားကြည့်ရှုပွဲ ပါတီတွင်လည်း ပရိသတ်များနှင့် အပြန်အလှန်ဆက်ဆံရပါမယ်။ ဒါတင်မကသေးပါဘူး။ ယင်းပရိသတ်ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲတစ်လျှောက်တွင် ကမ္ဘာ့ဖလားနှင့် မည်မျှ ကိုက်ညီကြောင်းအား social content ဖန်တီးပေးသွားရပါဦးမယ်။
ယင်းအစီအစဉ်တွင် ပါဝင်လျှောက်ထားလိုသူများအနေဖြင့် Indeed တွင် အကောင့်ဖွင့်ကာ ယင်းအလုပ်အတွက် မည်မျှ ကိုက်ညီကြောင့် ကိုယ့်အရည်အချင်းနှင့် ကျွမ်းကျင်မှုများကို ဖော်ပြကာ လျှောက်ထားရပါမယ်

image