Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ရန်ကုန်အတွက် လျှပ်စစ်လိုအပ်ချက် ဖြည့်ဆည်းပေးနိုင်ရန် ဓါတ်အားထုတ်လှုပ်မှုတိုးချဲ့တည်ဆောက်နိုင်ရန် စီစဉ်ဆောင်ရွက်နေ
ရန်ကုန်တိုင်း ဒေသအကြီးအတွင်း လျှပ်စစ် ဓါတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် ဓါတ်အားထုတ်လုပ်မှုကို တိုးချဲ့တည်ဆောက်နိုင်ရန် စီစဉ်ဆောင်ရွက်နေကြောင်း ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းက ပြောသည်။
ယမန်နေက ရန်ကုန်လျှပ်စစ်ဓါတ်အားပေးရေး ကော်ပိုရေးရှင်းရုံးချုပ်တွင် ကျင်းပသည့် အစည်းအဝေးတွင် ပြည် ထောင်စုဝန်ကြီးက အထက်ပါအတိုင်းပြောကြားခဲ့ခြင်း ဖြစ် သည်။
လက်ရှိထုတ်လုပ်နေသည့် လျှပ်စစ်ဓါတ်အားများ ပိုမိုသယ်ဆောင်နိုင်ရန် စီမံဆောင်ရွက်နေပြီး မကြာမီအချိန်တွင် ထပ်မံတိုးချဲ့ထုတ်လုပ်နိုင်ရန် နည်းမျိုးစုံဖြင့်ဆောင်ရွက်နေကြောင်းလည်း ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းက ပြောသည်။
ထို့ပြင် ဓါတ်အားခကောက်ခံမှုကို အလွဲသုံးစားမဖြစ်စေရေးနှင့် မီတာဖတ်ရူမှုကိုလည်း မှန်ကန်စွာဖတ်ရူနိုင်ရန် တာဝန်ရှိသူအဆင့်ဆင့်က ကြပ်မတ်သွားရန်လိုအပ်ကြောင်း ပြည်ထောင်စုဝန်ကြီးက မှာကြားခဲ့သည်။
လက်ရှိ ရန်ကုန်တိုင်းတွင် လျှပ်စစ်မီးကို (၄)နာရီလာ (၄) နာရီပျက်ဖြင့် အုပ်စု (၂)ခု ဖြင့် အလှည့်ကျပေးနေခြင်းဖြစ် ကြောင်း ရန်ကုန်မြို့ခံများထံမှ သိရသည်။