Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
    	
 MRTV - 4 ရုပ်သံလိုင်းမှ ခင်ပျိုမဒီ အစီအစဥ် ပရိုဂျူဆာ အမျိုးသမီးငယ် ကားတိုက်ခံရလို့ကွယ်လွန် 
 
အောက်တိုဘာ ၃ 
 
MRTV - 4 ရုပ်သံလိုင်းက ခင်ပျိုမဒီ အစီအစဥ် တင်ဆက်ထုတ်လုပ်သူ ပရိုဂျူဆာ အမျိုးသမီးငယ် မွှေးမွှေးဟာ ကားတိုက်ခံရလို့ ကွယ်လွန်ဆုံးပါးသွားခဲ့တယ်လို့ ကနဦး သိရပါတယ်။ 
 
Forever Group ရဲ့ MRTV - 4 ရုပ်သံလိုင်းက ခင်ပျိုမဒီ အစီအစဥ်ထုတ်လုပ်သူ ပရိုဂျူဆာ နန်းမေမွန်မောင် (ခ) မွှေးမွှေးဟာ အောက်တိုဘာ ၂ ရက်ညက ကားလမ်းဖြတ်ကူးချိန် ကားဝင်တိုက်မိ သေဆုံးခဲ့တာလို့ ကနဦး သိရသလို ခင်ပျိုမဒီကလည်း "ခင်ပျိုမဒီ ရုပ်သံအစီအစဉ်၏ Producer ဖြစ်သော မနန်းမေမွန်မောင် (ခေါ်) မမွှေးမွှေး သည် ၂-၁၀-၂၀၂၅ ရက်နေ့ ညပိုင်းအချိန်တွင်ကွယ်လွန်သွားပါသဖြင့် Forever Group (MRTV-4) မိသားစုနှင့် ခင်ပျိုမဒီ အဖွဲ့သားများမှ လွန်စွာဝမ်းနည်းကြေကွဲရပါသည်။ မြင့်မြတ်သောဘုံမှာ ငြိမ်းချမ်းစွာအနားယူပါနော် မွှေးမွှေး..  
May you rest in peace .." လို့ ၀မ်းနည်းကြေကွဲစွာ အသိပေးထားပါတယ်။ 
 
ဒီဖြစ်စဥ်နဲ့ ပတ်သက်ပြီး မနေ့က ည ၁၀ နာရီကျော်အချိန်မှာ ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်၊ ကမ္ဘာအေးဘုရားလမ်း၊ ၁၀၆ မှတ်တိုင်နဲ့ ချော်တွင်းကုန်း မှတ်တိုင်ကြားမှာ အမျိုးသမီးတစ်ဦးယာဉ်တိုက်ခံရပြီးပြင်းထန်ဒဏ်ရာရရှိခဲ့တဲ့ ဖြစ်စဥ်ဖြစ်ခဲ့ပြီး ဒီဖြစ်စဥ်မှာ ကားတိုက်ခံထားရတဲ့ အနီရောင်အဆင့် အမျိုးသမီးငယ်ကို မိုးစေတနာ ပရဟိတအသင်းနဲ့ လူငယ့်ရိပ်မွန်(Y.I.C) က သွားရောက်ကူညီခဲ့ပြီး မြောက်ဥက္ကလာပဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ အသင်းက အသိပေးထားသလို ဒီဖြစ်စဥ်မှာ ယာဥ်တိုက်ခံကွယ်လွန်သူဟာ မမွှေးမွှေးဖြစ်တယ်လို့ ရေးသားနေပေမယ့် ကွယ်လွန်သူရဲ့ ခင်ပွန်းနဲ့ မိသားစုဘက်ကတော့ နာရေးအစီအစဥ်အပါအဝင် တစ်စုံတစ်ရာ ပြောပြလာတာ မရှိသေးပါဘူး။  
 
မမွှေးမွှေး ကားတိုက်ခံရတဲ့ဖြစ်စဥ်အပေါ် MRTV - 4 ရဲ့ နာမည်ကျော် အစီအစဥ်တင်ဆက်သူ သဇင်နွယ်ဝင်းက မနန်းမေမွန်မောင် အကောင့်ကို Tag တွဲပြီး ဝမ်းနည်းစကားဆိုထားသလို "စည်းမရှိကမ်းမရှိ အထိန်းအကွပ်မရှိ ပရမ်းပတာ မူးရူး သောက်စားပျော်ပါးရမ်းကားကြတဲ့ ညဉ့်လူတွေ..တန်ဖိုးရှိတဲ့ဘဝကိုယ်စီနဲ့ နိစ္စဒူဝ ရုန်းကန်နေကြတဲ့ လမ်းသွားလမ်းလာတွေရဲ့အသက်တွေကို ကားပေါ်တက်မောင်းပြီး လိုက်ဒုက္ခမပေးကြပါနဲ့လား… အသက်တစ်ချောင်းဆုံးရှုံးရင် ထွက်သွားတဲ့သူနဲ့ ကျန်ရစ်ခဲ့တဲ့သူတွေ ဘယ်လောက်ထိ ရင်ကွဲနာကျရလဲဆိုတာ မိသားစုမောင်နှသားချင်းကိုယ်ချင်းစာပေးပါ …" လို့လည်း ထပ်မံရေးသားထားပါတယ်။  
 
Credit - Myanmar Transparency News Agency 
 
#centralnewsnaypyitaw


 +4
                  +4