ဒီည ယှဉ်ပြိုင်မယ့် ချန်ပီယံလိဂ်ပွဲမှာ အိမ်ကွင်းဝတ်စုံအသစ်ကို ဘိုင်ယန်မြူးနစ် ဝတ်ဆင်ကစားမယ်

ဘိုင်ယန်မြူးနစ်အသင်းက ဒီည ယှဉ်ပြိုင်မယ့် ချန်ပီယံလိဂ်ပွဲမှာ လာမယ့်ရာသီအတွက် ထုတ်လုပ်ထားတဲ့ အိမ်ကွင်းဝတ်စုံအသစ်ကို ဝတ်ဆင်ကစားမယ်လို့ သိရပါတယ်။
ဘိုင်ယန်မြူးနစ်အသင်းဟာ ဒီညမှာ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် ဒုတိယအကျော့အဖြစ် အိမ်ကွင်းမှာ PSG အသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာပါ။
၂၀၂၆-၂၇ ရာသီမှာ အသုံးပြုမယ့် ဘိုင်ယန်မြူးနစ်အသင်းရဲ့ ဝတ်စုံအသစ်တွေကို ပြီးခဲ့တဲ့ရက်သတ္တပတ်ကမှ မိတ်ဆက်ပြသခဲ့တာဖြစ်ပြီး အသင်းရဲ့ အစဉ်အလာအတိုင်း ဒီရာသီ ဘွန်ဒစ်လီဂါအိမ်ကွင်းနောက်ဆုံးပွဲမှာ ဝတ်ဆင်ကစားမှာဖြစ်သလို၊ ဂျာမန်ဖလားဗိုလ်လုပွဲမှာလည်း ဝတ်ဆင်ဖွယ်ရှိကြောင်း သိရပါတယ်။
ဒါ့အပြင် ချန်ပီယံလိဂ်ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့ရင်လည်း ထပ်မံဝတ်ဆင်ကစားဖွယ်ရှိကြောင်း သိရပါတယ်။
ဘိုင်ယန်မြူးနစ်အသင်းဟာ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ပထမအကျော့မှာ PSG ကို (၄-၅)ဂိုးနဲ့ ရှုံးနိမ့်ထားတာကြောင့် ဒုတိယအကျော့မှာ နိုင်ပွဲပြန်လည်ရယူနိုင်ဖို့ ကြိုးစားရမှာပါ။
ဘိုင်ယန်မြူးနစ်အသင်းဟာ ဘွန်ဒစ်လီဂါချန်ပီယံဆု ရရှိထားတာကြောင့် ဒီရာသီမှာ ဖလားသုံးလုံးအောင်ပွဲကို မျှော်လင့်နိုင်စွမ်းရှိနေပါတယ်။

image