Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
သင်မြင်တွေ့နေရတဲ့ပုံဟာ ဒီနှစ်အတွက် ဆုအကြီးကြီးတစ်ခုကို ချိတ်သွားခဲ့တဲ့ ပုံဖြစ်ပါတယ်။ နှစ်စဥ်ကျင်းပ
နေကြဖြစ်တဲ့ သဘာဝ တောရို-င်း တိရစ္ဆာန် ဓာ-တ်ပုံ
ပြိုင်ပွဲအတွက် ထိပ်သီးဆုကို ဆွတ်ခူးသွားခဲ့တာလည်းဖြစ်ပါတယ်။
ဒီပြိုင်ပွဲကို နိုင်ငံပေါင်း ၁၀၀ ကျော်ကနေ ပုံပေါင်း ( ၆ )
သောင်း ကျော်အထိ ဝင်ရောက် ယှဥ်ပြိုင်ခဲ့ကြတာ ဖြစ်
ပါတယ်။
ဒီပုံလေးထဲမှာတော့ သူ့နဲ့အတူ ပြေးနေရတဲ့ သားလေး
ကို ကိုရွှေဗျိုင်း ကြီးရဲ့လက်ကနေ လွတ်ရအောင် ဆိုပြီး
ငါးမကြီး အနေနဲ့ ကြိုးပမ်းနေခဲ့တာပါ။ သူကိုယ်တိုင်
သာ ငါးစာအဖြစ် ရောက်ရှိခံခဲ့ပြီးတော့ သားဖြစ်သူကို
ရရာ နည်းလမ်းနဲအတူ က-ယ်ခဲ့တာ ဖြစ်ပါတယ်။
တိရစ္တာန်တွေပင် ဖြစ်လင့်ကစား မိခင်မေတ္တာတွေဟာ ကြီးမားနေ ဆဲပဲဆိုတာကို ပုံလေးက ထင်ဟပ်စေခဲ့တာ ဖြစ်ပါတယ်။
သင်ရော ဒီပုံလေးကို ကြည့်လိုက်ရတဲ့အခါ ဘယ်လို
လေးများ ခံစားသွားရပါလဲ.....
🐠 Finding Nemo 3 (2026) | Teaser Trailer 🌊
⭐ Starring: Albert Brooks (Marlin), Ellen DeGeneres (Dory), Alexander Gould (Nemo)
Dive back into the deep blue — the ocean’s bigger, and the story deeper. In Finding Nemo 3 (2026), Marlin and Dory embark on a daring mission beyond the reef, where ancient sea tunnels leak secrets and new marine worlds await. Nemo, now braver and older, joins the voyage as a guide to a mysterious under-sea citadel. They’ll face fearsome predators, uncharted currents, and a quest to protect what’s left of the reef.
Visually stunning, emotionally charged, and built on the heart of family and adventure that made the original a classic. No longer just about finding home—it’s about finding purpose, purpose beyond survival.
ဆိတ်နို့ပင်၏ ကျန်းမာရေးအကျိုးကျေးဇူး (၃၀ ချက်) နှင့် ဘေးကင်းစွာ အသုံးပြုနည်း
ဆိတ်နို့ပင်ကို မြန်မာ့ ရိုးရာဆေးပညာအတွင်း အစဉ်အလာတုန်းကတည်းက အသုံးများခဲ့ကြပြီး များစွာသော ကျန်းမာရေး အကျိုးကျေးဇူးတွေ ပါဝင်ပါတယ်။ သို့သော်လည်း ပမာဏမှန်မှန်ကန်ကန်မသုံးမိပါက အန္တရာယ်ရှိနိုင်သဖြင့် သတိထားသင့်ပါတယ်။
ဆိတ်နို့ပင်၏ အကျိုးကျေးဇူး (၃၀ ချက်)
အသက်ရှူလမ်းကြောင်း
၁။ ပန်းနာ၊ ရင်ကျပ်ခြင်းကို သက်သာစေတယ်။
၂။ ချောင်းဆိုးခြင်းကို သက်သာစေတယ်။
၃။ လေပြွန်ရောင်ရမ်းမှုကို လျှော့ချပေးတယ်။
အစာခြေစနစ်
၄။ အစာမကြေ၊ လေပွဖြစ်ခြင်းကို သက်သာစေတယ်
၅။ ဝမ်းလျှောခြင်းကို သက်သာစေတယ်။
၆။ ဝမ်းကိုက်ရောဂါ ကုသရာတွင် အကျိုးရှိတယ်။
၇။ အစာအိမ်အနာကို သက်သာစေပြီး အမြှေးပါးကို
ကာကွယ်ပေးတယ်။
ကိုယ်ခံအားနှင့် အခြားကျန်းမာရေး
၈။ အဖျားကျစေတယ်။
၉။ ကိုယ်ခံအားကို တိုးစေတယ််။
၁၀။ အနာသေးသေး၊ ရောင်ရမ်းခြင်းကို အုံပေးကုသနိုင်တယ်။
၁၁။ အရေပြားကူးစက်ရောဂါများကို ကူညီကုသနိုင်တယ်။
၁၂။ ဝက်ခြံ ရောင်ရမ်းမှုကို လျှော့ပေးချနိုင်တယ်။
၁၃။ အရေပြားယားယံခြင်း၊ ရောင်ရမ်းခြင်းကို သက်သာစေ
တယ်။
၁၄။ ဗောက် ကို လျှော့ချပေးနိုင်တယ်။
၁၅။ ဓမ္မတာလာစဉ် နာကျင်မှုကို သက်သာစေတယ်။
၁၆။ ဟော်မုန်းညီမျှစေရန် ကူညီပေးတယ်။
၁၇။ နို့တိုက်မိခင်တွေရဲ့ နို့ထွက်အားကို တိုးစေတယ်။
၁၈။ ဆီးလမ်းကြောင်းပိုးဝင်ခြင်းကို ကူညီကုသပေးနိုင်တယ်။
၁၉။ အူလမ်းကြောင်းသန်ကောင် ပိုးတာတွေကို တိုက်ထုတ်
ပေးနိုင်တယ်။
၂၀။ စိုးရိမ်ပူပန်မှုကို လျော့ချပေးတယ်။
၂၁။ နှလုံးကျန်းမာရေးအတွက် အထောက်အကူပြုတယ်။
၂၂။ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်တယ်။
၂၃။ အဆစ်နာ၊ အဆစ်ရောင်ခြင်းကို သက်သာစေတယ်။
၂၄။ သွားကိုက်ခြင်းကို သက်သာစေတယ်။
၂၅။ ပါးစပ်အနာ သက်သာစေတယ်။
၂၆။ မျက်လုံးကျန်းမာရေး အတွက် ကူညီပေးတယ်။
၂၇။ အနာကျက်နှုန်း မြန်စေတယ်။
၂၈။ အဆစ်ရောင်ခြင်း၊ အခြားရောင်ရမ်းမှုကို လျှော့ချပေး
တယ်။
၂၉။ သွေးလည်ပတ်မှု ကောင်းမွန်စေတယ်။
၃၀။ ခန္ဓာကိုယ်မှ အဆိပ်အတောက်များကို ဖယ်ရှားပေးတယ်။
အသုံးပြုနည်းများ
လက်ဖက်ရည်အဖြစ်အသုံးပြုခြင်း – ဆိပ်နို့ပင် အခြောက် ၁–၂ ဂရမ်ကို ရေတစ်ခွက်နဲ့ တည်ပြီး တစ်နေ့ ၁–၂ ခွက်အထိသာ သောက်သုံးရန်။
လိမ်းဆေးအဖြစ် အသုံးပြုခြင်း – အရွက်ကို ကြိတ်ပြီး အနာ သို့မဟုတ် အရေပြားရောင်ရမ်းနေရာများတွင် လိမ်းပေးနိုင်ပါသည်။
ဖိကပ်နည်း – အဝတ်စကို ပြုတ်ရည်ထဲနှစ်ပြီး နွေးနွေးနဲ့ ရောင်ရမ်းနေရာကို ဖိကပ်ပေးနိုင်ပါတယ်။
သတိပြုရန်အချက်များ
- ပမာဏ မမှန်သောက်မိပါက အဆိပ်အတောက် ဖြစ်စေနိုင်သည်။
ဘေးထွက်လက္ခဏာများ – ပျို့အန်ခြင်း၊ အရေပြားယားယံခြင်း
ကိုယ်ဝန်ဆောင်၊ နို့တိုက်မိခင်၊ ကလေးငယ်များ ကိုယ်တိုင် မသုံးသင့်ပါ။
👉 ဆိတ်နို့ပင်ကို သင့်တင့်စွာ သုံးမယ်ဆိုရင် သဘာဝဆေးအဖြစ် အကျိုးကျေးဇူးအများကြီး ရရှိနိုင်သော်လည်း များလွန်းသုံးမိရင် နောက်ဆိုးကျိုးများ ဖြစ်ပေါ်နိုင်သဖြင့် အကြံပြုချက်နှင့်အညီသာ သုံးသင့်ပါတယ်။
လေဖိအားနည်းရပ်ဝန်းအခြေအနေ
=======================
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၁ ရက်နေ့ မြန်မာစံတော်ချိန် ၁၁:၀၀ နာရီအချိန် ထုတ်ပြန်ချက်
“ယနေ့မြန်မာစံတော်ချိန် ၀၉:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အနောက် တောင်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်း (Low Pressure Area) တစ်ခု ဖြစ်ပေါ်နေပါသည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး နောက် ၃၆ နာရီ အတွင်း ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလား ပင်လယ်အော်အနောက်အလယ်ပိုင်းတို့တွင် မုန်တိုင်းငယ် အဖြစ်သို့ ပိုမိုအားကောင်းလာနိုင်သည်ဟု ခန့်မှန်းရပါသည်။”
နန်းကြီးသုပ် လုပ်စားကြရအောင်
ပါဝင်ပစ္စည်းများ
နန်းကြီး (၂) (၃) ပိဿာ
ကြက်သား (၅၀)(၇၀) ကျပ်သား
ငံပြာရည် ။ ဆား ။ ဟင်းခတ်မှုန့်
ကြက်သွန်ဖြူ (၇) လုံး
ကြက်သွန်နီ (၁၅) လုံး
အရောင်တင်မုန့်
အုန်းနို့ ။ ပဲမှုန့် ။ ဆီ
ကြက်သွန်ဆီချက် ။ သကြား
သံပရာသီး (သို့) ရှောက်သီး
ငရုပ်သီးအကျတ်မှုန့်
မိသားစုနဲ့ အတူတူ များများစားမယ်ဆိုရင် ပိုပြီး လုပ်လို့ရပါတယ်နော်
ပြုလုပ်ပုံအဆင့်ဆင့်
ကြက်သားကို အတုံးသေးသေးလေးတုံးပြီး ဆား။ ဟင်းခတ်မှုန့်တို့ဖြင့်နယ်ပြီး နူးရုံပြုတ်ပါ
ပြီးနောက် ဆီကိုအပူပေးပြီး အရောင်တင်မှုန့်ထည့်ပါ ကျတ်လာပြီဆိုရင် ကြက်သွန်နီ ကြက်သွန်ဖြူ ကိုထောင်းပြီးထည့်ကာ ဆီသတ်လိုက်ပါ ။ အုန်းနို့အနည်းငယ်ထည့်ပါ (မကြိုက်ရင် မထည့်လို့ရ )
အရသာအတွက် ဆား။အချိုမှုန့်။သကြားအဆင်ပြေအောင်ထည့်ပါ အရသာပြည့်စုံပြီဆိုရင် အိုးချလို့ရပါပြီ
ပြီးနော် ဇလုံကြီးထဲသို့ နန်းကြီးအဖက်ထည့်ပါ ချက်ထားသောကြက်သားအနှစ် ဆီချက် ပဲမှုန့် ငရုပ်သီးမှုန့် သံမရာသီးညှစ်ပြီးနယ်လိုက်လို့ရှိရင်ဖြင့် အရသာရှိတဲ့ နန်းကြီးသုပ်ကို ရရှိပါပြီနော် လျှောက်ရွက်ကြိုက်ရင် ပါးပါးလှီးပြီးထည့်လို့ရပါတယ်နော်
မနက်စာ နေ့လယ်စာ ညနေစာ ဘယ်ချိန်မဆို စားလို့အရမ်းကို အရသာရှိပါတယ်နော်
လူကြီးမင်းတို့အနေနဲ့လည်း လုပ်စားလို့ရအောင် ပို့စ်ကိုရှဲထားကြပါနော်
🌿✨ "ရှောက်နူပင်" ကို အရွက်ကနေ လွယ်လွယ်ကူကူ စိုက်ပျိုးနည်း၊ အပင် ၁၀ ပင်မက ရရှိနိုင်! ✨🌿
အောက်ပါ အဆင့် ၄ ဆင့်အတိုင်း လိုက်နာဆောင်ရွက်ပါ 👇
☘️ အဆင့် ၁:
အရမ်းနုတာ သို့မဟုတ် အရမ်းရင့်တာမျိုး မဟုတ်တဲ့ ရှောက်နူရွက်ကို ရွေးချယ်ပါ။ ထို့နောက် အမြစ်ထွက်ဖို့ လွယ်ကူစေရန် အရွက်ရိုးတံကို ခြစ်ထုတ်ပါ (သို့) ဓားဖြင့် အနည်းငယ် ခွာချပါ)။
☘️ အဆင့် ၂:
ရှားစောင်းလက်ပပ်အရည်ကို ရေဖျော်ပြီး ပြင်ဆင်ပါ။ ပြီးရင် ရှောက်နူရွက်ကို အဲ့ဒီအရည်ထဲမှာ ခဏတာ စိမ်ထားပါ — ဒီလျှို့ဝှက်ချက်က အမြစ်ကို ပိုမို လျင်မြန်စွာ ထွက်လာစေဖို့ လှုံ့ဆော်ပေးပါတယ်။ 🌱
☘️ အဆင့် ၃:
ခွက်တစ်ခွက်ထဲမှာ မြေဆီကို အပြည့်ထည့်ပါ။ ပြီးနောက် ရှောက်နူရွက်ကို တစ်ဝက်ခန့် မြေထဲစိုက်ထည့်ပါ။ ထို့နောက် အစိုဓာတ်ကို ထိန်းထားနိုင်ဖို့ ခွက်ကို အုပ်ထားပါ။
☘️ အဆင့် ၄:
၁၅-၂၀ ရက်ခန့် စောင့်ဆိုင်းပြီးနောက် မြေဆီကို ဖြည်းဖြည်းချင်း ခေါက်ထုတ်ကြည့်လိုက်ပါ။ အရွက်ကနေ အမြစ်ဖြူလေးတွေ ထွက်လာတာကို သင်တွေ့ရပါလိမ့်မယ်! 🎉
ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်
(၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၁ ရက်နေ့၊ နံနက် ၁၀:၃၀ နာရီအချိန်ထုတ်ပြန်ချက်)
ဘင်္ဂလားပင်လယ်အော်အခြေအနေ။ ယနေ့မြန်မာစံတော်ချိန် ၀၉:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်း (Low Pressure Area) တစ်ခု ဖြစ်ပေါ်နေပါသည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်း သည် အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး နောက် ၃၆ နာရီအတွင်းဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်း နှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းတို့တွင် မုန်တိုင်းငယ်အဖြစ်သို့ ပိုမိုအားကောင်းလာ နိုင်သည်ဟု ခန့်မှန်းရပါသည်။ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်တင့်မှ တိမ်ထူထပ်နေပါသည်။
ထူးခြားသည့်အခြေအနေ။ ယနေ့မြန်မာစံတော်ချိန် ၀၉:၃၀ နာရီအချိန် တိုင်းထွာချက်များအရ တောင်တရုတ်ပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသော အပူပိုင်းမုန်တိုင်း“ဖန်ရှန်”သည် အနောက်ဘက်သို့ ရွေ့လျားခဲ့ပြီး ထိုမှတစ်ဆင့် အနောက်တောင်ဘက်သို့ ရွေ့လျား နိုင်ကာ ပိုမိုအားကောင်းလာပြီး နောက် ၆ နာရီအတွင်း အားကောင်းသော အပူပိုင်းမုန်တိုင်း“ဖန်ရှန်” အဖြစ်သို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရပါသည်။
ရန်ကုန်မှ တနင်္သာရီကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်
ယနေ့မွန်းတည့်မှ နောက်(၂၄)နာရီအတွင်းခန့်မှန်းချက်
မိုးလေ၀သအခြေအနေ။ နေရာစိပ်စိပ် မိုးထစ်ချုန်းရွာမည်။
အမြင်တာ။ ၄ မိုင်၊ မိုးရွာစဉ် ၁ မိုင်ခန့်။
ရေပြင်လေ။ အရှေ့ (သို့) အရှေ့တောင်၊ တစ်နာရီပင်လယ်မိုင် ၅-၁၀ မိုင်၊ တစ်ခါတစ်ရံ မိုင် ၂၀ မှ ၂၅ မိုင်။
လှိုင်းအခြေအနေ။ လှိုင်းအနည်းငယ်မှ လှိုင်းအသင့်အတင့်ရှိမည်။
လှိုင်းအမြင့်။ ၄ ပေမှ ၇ ပေခန့်။
ရန်ကုန်မှ ရခိုင်ကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်
ယနေ့မွန်းတည့်မှ နောက်(၂၄)နာရီအတွင်း ခန့်မှန်းချက်
မိုးလေ၀သအခြေအနေ။ နေရာကျဲကျဲ မိုးထစ်ချုန်းရွာမည်။
အမြင်တာ။ ၄ မိုင်၊ မိုးရွာစဉ် ၁ မိုင်ခန့်။
ရေပြင်လေ။ အရှေ့ (သို့) အရှေ့မြောက်၊ တစ်နာရီပင်လယ်မိုင် ၅-၁၀ မိုင်၊ တစ်ခါတစ်ရံ မိုင် ၂၀ မှ ၂၅ မိုင်။
လှိုင်းအခြေအနေ။ လှိုင်းအနည်းငယ်မှ လှိုင်းအသင့်အတင့်ရှိမည်။
လှိုင်းအမြင့်။ ၄ ပေမှ ၇ ပေခန့်။
ဝိုင်းမော်မြို့နယ်မီးသတ်ဦးစီးဌာနမှူးရုံး၏ တံခါးနှင့်သံပန်းများ ဖြုတ်ခိုးသူအား ၆(၁)ဖြင့် ဖမ်းဆီးအရေးယူ
အောက်တိုဘာ ၂၁
ပြီးခဲ့သည့် အောက်တိုဘာ ၁၈ ရက်က ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၌ မြို့နယ်မီးသတ်ဦးစီးဌာနမှူးရုံးရှိ တံခါးနှင့်သံပန်းများ ဖြုတ်ခိုးသူ အမျိုးသား တစ်ဦးအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ အောက်တိုဘာ ၁၈ ရက် နံနက် ၈ နာရီတွင် ဝိုင်းမော်မြို့နယ်၊ အမှတ်(၂)ရပ်ကွက်ရှိ မြို့နယ်မီးသတ်ဦးစီးဌာနမှူးရုံးရှိ တံခါးနှင့်သံပန်းများ ဖြုတ်ခိုးယူနေကြောင်း သတင်းအရ ဝိုင်းမော်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ဝိုင်းမော်မြို့နယ်၊ ဝေဘာကျေးရွာနေ ဆွန်လွတ်နော်(ခ)မာနော်(၂၃)နှစ်သည် ရုံးခန်းအတွင်းရှိ ဆလိုက်အလူမီနီယံဘောင်နှင့် မှန်တံခါးချပ် ၄၆ ချပ်၊ ဆလိုက်အလူမီနီယံတံခါးပြေးလမ်း ၂၃ စုံ၊ လှေကားစတိုခန်းတွင် ကာရံထားသော သံချောင်း ၂၅ ချောင်း၊ အိမ်ထောင်သည်လိုင်းခန်းရှိ တံခါးဂျက် ၃၂ ချောင်းနှင့် တံခါး လက်ကိုင်ကွင်း ၃၄ ခု (စုစုပေါင်းတန်ဖိုးငွေ ၉,၄၈၂,၀၀ဝိ/-)တို့အား ဖြုတ်ယူခိုးသွားသည်ကို တွေ့ရှိဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။
ထို့ကြောင့် ဆွန်လွတ်နော်(ခ)မာနော်အား ဝိုင်းမော်မြို့မရဲစခန်း (ပ)၅၃/၂၀၂၅၊ ပြည်သူ ပိုင်ပစ္စည်းကာကွယ်ရေးအက်ဥပဒေပုဒ်မ ၆(၁) ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။