Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ဝက်စ်ဟမ်းပွဲမတိုင်မီ အိုးထရက်ဖို့ဒ်ကွင်းအပြင်တွင် ရာပေါင်းများစွာသော ယူနိုက်တက်ပရိသတ်များ ပိတ်မိနေခဲ့
===================
ရာပေါင်းများစွာသော ယူနိုက်တက်ပရိသတ်များဟာ ဝက်စ်ဟမ်းနှင့် တစ်ဂိုးစီသရေကျတဲ့ပွဲမတိုင်မီ ကွင်းအတွင်းသို့ ဝင်ရောက်ရေး ကြီးမားတဲ့နှောင့်နှေးမှု ကြုံရကာ အကြီးအကျယ်ဒေါသထွက်ခဲ့ကြရပါတယ်။
ပရိသတ်များဟာ ယင်းသို့ ကွင်းသို့ ဝင်ရေး နှောင့်နှေးရမှုနှင့်အတူ ဂိတ်စောင့်များလုပ်ဆောင်မှုအပေါ်တွင်လည်း မေးခွန်းထုတ်လာကြပါတယ်။
ပရိသတ်အမြောက်အမြားတို့ဟာ ကွင်းသို့ ဝင်ရေး နှောင့်နှေးမှုနှင့်အတူ ဝက်စ်ဟမ်းနှင့် တစ်ဂိုးစီသရေကျတဲ့ပွဲအစပိုင်းကို လွဲခဲ့ရပါတယ်။
ယင်းပွဲတွင် ယူနိုက်တက်ဟာ ဒုတိယပိုင်း ၅၈ မိနစ်တွင် ဒါလော့ရဲ့ ဂိုးဖြင့် ပွဲကို ဦးဆောင်နိုင်ခဲ့ပေမယ့် ၈၂ မိနစ်တွင် မာဂက်စ်ဆာရဲ့ ဂိုးကြောင့် သရေဖြင့် ကျေနပ်ခဲ့ရပါတယ်။
ယူနိုက်တက်ဟာ ဝက်စ်ဟမ်းနှင့် သရေကျမုကြောင့် ချန်ပီယံလိဂ်ဝင်ခွင့် ထိပ်ဆုံး ၅ သင်းစာရင်းဝင်ရေး လက်လွှတ်ခဲ့ရပါတယ်။
ပရိသတ်များဟာ ဂိတ်လုံခြုံရေးများရဲ့ စေ့စေ့စပ်စပ် ရှာဖွေမှုများ ပြုလုပ်မှုနှင့်အတူ ကွင်းသို့ ဝင်ရောက် နှောင့်နှေးခဲ့ရတာပါ။
ဒါ့အပြင် ယူနိုက်တက်ဟာ ကွင်းအတွင်းသို့ အလွယ်တကူ ဝင်ရောက်နိုင်ရန် NFC (Near Field Communication) နည်းပညာသုံးစက်လည်း ထားရှိပါတယ်။
ယူနိုက်တက်ကွင်းဂိတ်စောင့်များဟာ ယခင်အိမ်ကွင်းပွဲများတွင်လည်း ဂိတ်ပေါက်တွင် ပရိသတ်များအား ပုံမှန် ရှာဖွေစစ်ဆေးမှု ပြုလုပ်ခဲ့ပေမယ့် ယခုတစ်ကြိမ်တွင် အလွန်အကျွံရှာဖွေစစ်ဆေးမှုနှင့်အတူ နောက်ကျခဲ့ရတာလည်း ဖြစ်ပါတယ်။
ယူနိုက်တက်ဟာ အာဆင်နယ်နှင့် ရာသီအဖွင့်ပွဲမတိုင်မီနှင့် အဲဗာတန်နှင့် ပွဲစဉ်မတိုင်မီတုန်းကလည်း ပရိသတ်များ ကွင်းအတွင်း ဝင်ရောက်ရေး နှောင့်နှေးမှုအတွက် အပြင်းအထန် ဝေဖန်ခံခဲ့ရပြီး ဖြစ်ပါတယ်။
ယူနိုက်တက်ဟာ ၂၀၂၅-၂၆ ရာသီတွင် ပရိသတ်အားလုံးအတွက် ဒီဂျစ်တယ်လက်မှတ်စနစ် အသုံးပြုနေပါတယ်။
လက်မှတ်အားလုံးကို ဖုန်းအတွင်း သိမ်းထားစေပြီး ဂိတ်ပေါက်တွင် Scan ဖတ်ပြီးမှ ဝင်ခွင့်ရပါတယ်။
ယနေ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ
(ဒီဇင်ဘာ - ၅ ရက်၊ နံနက် ၁၀ နာရီ)
#ရွှေဈေး
-ကမ္ဘာ့ရွှေဈေး
တအောင်စ ၄၂၀၄ ဒေါ်လာ
ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း
- အကယ်ဒမီ မီးလင်းရွှေ တကျပ်သား
၅၉၉၀၀၀၀ ကျပ်
ပြင်ပ အရောင်းအဝယ်ဖြစ်တဲ့ ရွှေဈေးနှုန်း
-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၈၇၉၀၀၀၀ ကျပ်
ဝယ်ဈေး ၈၇၅၀၀၀၀ ကျပ်
-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၈၃၉၀၀၀၀ ကျပ်
ဝယ်ဈေး ၈၃၅၀၀၀၀ ကျပ်
* စနစ်သစ်
(၁ိ - ၁၆.၃၂၉၃၂၅ ဂရမ် = ၁၂၀ ရွေး)
-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၈၆၇၀၀၀၀ ကျပ်
ဝယ်ဈေး ၈၆၃၀၀၀၀ ကျပ်
-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၈၂၇၀၀၀၀ ကျပ်
ဝယ်ဈေး ၈၂၃၀၀၀၀ ကျပ်
“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”
(ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။)
#နိုင်ငံခြားငွေလဲလှယ်နှုန်း
-မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း
အမေရိကန် တဒေါ်လာ - ၃၆၅၂ ကျပ်
ပြင်ပပေါက်စျေး
-အမေရိကန်ဒေါ်လာ
ရောင်းဈေး - ၄၀၂၀ ကျပ်
ဝယ်ဈေး - ၃၉၂၀ ကျပ်
-စင်္ကာပူဒေါ်လာ
ရောင်းဈေး - ၃၁၀၅ ကျပ်
ဝယ်ဈေး - ၃၀၂၅ ကျပ်
-ယူရို
ရောင်းဈေး - ၄၆၈၅ ကျပ်
ဝယ်ဈေး - ၄၅၇၀ ကျပ်
-ထိုင်းဘတ်
ရောင်းဈေး - ၁၂၅.၇၉ ကျပ်
ဝယ်ဈေး - ၁၂၂.၇ ကျပ်
-မလေးရှားရင်းဂစ်
ရောင်းဈေး - ၉၇၆ ကျပ်
ဝယ်ဈေး - ၉၅၂ ကျပ်
-တရုတ်ယွမ်
ရောင်းဈေး - ၅၆၉ ကျပ်
ဝယ်ဈေး - ၅၅၅ ကျပ်
-ဂျပန်ယန်း
ရောင်းဈေး - ၂၅.၉၃ ကျပ်
ဝယ်ဈေး - ၂၅.၂၉ ကျပ်
-အိန္ဒိယရူပီး
ရောင်းဈေး - ၄၄.၇၄ ကျပ်
ဝယ်ဈေး - ၄၃.၆၄ ကျပ်
-ကိုရီးယားဝမ်
ရောင်းဈေး - ၂.၇၃ ကျပ်
ဝယ်ဈေး - ၂.၆၇ ကျပ်
-စတာလင်ပေါင်
ရောင်းဈေး - ၅၃၆၀ ကျပ်
ဝယ်ဈေး - ၅၂၃၀ ကျပ်
-ဩစတြေးလျဒေါ်လာ
ရောင်းဈေး - ၂၆၆၀ ကျပ်
ဝယ်ဈေး - ၂၅၉၅ ကျပ်
-ကနေဒါဒေါ်လာ
ရောင်းဈေး - ၂၈၈၂ ကျပ်
ဝယ်ဈေး - ၂၈၁၁ ကျပ်
-ဟောင်ကောင်ဒေါ်လာ
ရောင်းဈေး - ၅၁၇ ကျပ်
ဝယ်ဈေး - ၅၀၄ ကျပ်
-ယူအေအီး
ရောင်းဈေး - ၁၀၉၅ ကျပ်
ဝယ်ဈေး - ၁၀၆၈ ကျပ်
ငွေလဲနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။
***သတ်မှတ်ဈေးအတိုင်း အရောင်းအဝယ်မလုပ်ပါက အရေးယူခံရနိုင်သည်။
Global Truck Pedestrian Detection Camera Market Set for Strong Growth by 2032
The global Truck Pedestrian Detection Camera market is experiencing significant growth, driven by the growing need for enhanced safety features in commercial vehicles. According to Market Intelo’s latest research, the market for truck pedestrian detection cameras is expected to grow from USD 1.3 billion in 2024 to USD 4.7 billion by 2032, expanding at a CAGR of 16.3% during the forecast period.
Read Full Research Study: https://marketintelo.com/repor....t/truck-pedestrian-d
Home Battery Storage Market Poised for Robust Growth Amid Rising Demand for Residential Energy Solutions
The global Home Battery Storage market is witnessing significant expansion as homeowners increasingly seek reliable and sustainable energy solutions. Home battery storage systems enable households to store electricity generated from renewable sources such as solar panels, providing backup power, reducing dependency on the grid, and optimizing energy consumption.
Read Full Research Study: https://marketintelo.com/repor....t/home-battery-stora
ဖားကန့်မှာ ခိုးဆိုး လုယက် ဓားပြတိုက်မှုတွေ များလာလို့ ထိရောက်တဲ့အရေးယူမှုလုပ်ဖို့ ပြည်သူတွေ လိုလား
ကချင်ပြည်နယ်၊ ဖားကန့်ဒေသမှာ ယခုနောက်ပိုင်း ဓားပြတိုက် လုယက်မှု ၊ နေအိမ်တွေ ဝင်ရောက်လုယက် ခိုးယူမှုတွေ ပိုပြီး အဖြစ်များလာ နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ် ။
လုယက် ဓားပြတိုက်မှုတွေကို အုပ်စုအဖွဲ့လိုက် နဲ့ ဓားထောက် လုယက်ခြင်း ၊ သေနတ်ပြ ခြိမ်းခြောက်ကာ လုယက်ကြသ လို လူကိုထိခိုက် ဒဏ်ရာရပြီး အန္တရာယ်ဖြစ်အောင်အထိပါ ပြုလုပ်မှုရှိလာနေတာ ဖြစ်တယ်လို့ သိရပါတယ် ။
လက်ရှိအခြေအနေက ခိုးဆိုး လုယက် ၊ဓားပြတိုက်မှု ကျူးလွန်သူတွေကို ဖမ်းဆီး အရေးယူမှု အပိုင်းမှာ အားနည်းနေတာကြောင့် လုယက်မှုတွေပိုပြီး များလာနေတာ ဖြစ်တဲ့အတွက် သက်ဆိုင်ရာ အာဏာပိုင်တွေအနေနဲ့ ထိရောက်တဲ့ အရေးယူမှုတွေ လုပ်ပေးဖို့ လိုအပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
" ညဘက်ဆိုရင် ၈ နာရီကျော်ရင်ကို အပြင်ထွက်ဖို့ မရဲတော့ဘူး ။ ယူမာ နဲ့ ဆိုင်းတောင်ကြား သတိနဲ့ သွားလာနေရတယ် ။ အဲဒီကြားမှာ လုယက်မှု ဖြစ်ပွားတာ လေးကြိမ်ရှိပြီ။ ဆိုင်ကယ်တ ယောက်ထဲ စီးလာရင်လလည်း နောက်ကနေ လိုက်လုတယ်။ သေနတ်အရှည်တွေရော အတိုရော ၊ ဓားရောအစုံ ပဲ။ သူခိုးတွေ ဓားပြတိုက်တာတွေကို ဘယ်အဖွဲ့မှ အေရးယူတာ သိပ်မတွေ့ရဘူး ။ နိုင်ငံရေးမကောင်းတာကို အခွင့်ကောင်းယူပြီး လုပ်နေတဲ့ လူတွေကို ထိထိရောက်ရောက် အရေးယူပေးဖို့ တောင်းဆိုပါတယ် ။ " လို့ ဖားကန့်ဒေသခံက ပြောပါတယ်။
နိုဝင်ဘာ ၃၀ ရက်နေ့က လည်း လုံးခင်းအုပ်စု King KTV အနီးမှာ ဆိုင်ကယ်စီးအမျိုးသား တယောက်ကို လက်နက်ကိုင်လူတစုက လည်ပင်းကိုဓားနဲ့ထိုးပြီး ဆိုင်ကယ်လုယက်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
အလားတူ နိုဝင်ဘာ ၂၉ ရက်ကလည်း လုံးခင်းဘုရားကျောင်း အနီးမှာ လက်နက်ကိုင်တစုက လမ်းသွားလမ်းလာသူတယောက်ကို ဓားပြတိုက်ပြီး ဖုန်း ၊ ဆိုင်ကယ် နဲ့ ပိုက်ဆံသိန်း ၃၀ကျော်ကို လုယက်သွားမှု ရှိခဲ့တယ်လို့ သိရပါတယ်။
အလားတူ နေအိမ်တွေမှာလည်း သော့ဖျက်ပြီး ဆိုင်ကယ်တွေ ခိုးယူမှုတွေ ဖြစ်ပွားမှုများလာသလို ရပ်ထားတဲ့ ကားတွေကိုလည်း ဘက်တ္ထ ရီအိုး ဖြုတ်ခိုးမှု ၊ ဆီခိုးထုတ်မှု အပါအဝင် စတဲ့ ပစ္စည်းခိုးယူမှုတွေ ဖြစ်ပွားမှု များလာနေတယ်လို့ ဒေသခံတွေ ပြောပြချက်အရ သိရပါတယ် ။
" ဆိုင်ကယ်ခိုးနေတာ မြင်ရင်တောင် မပြောရဲတာမျိုးဖြစ်နေတယ် ။သူတို့က ဓားနဲ့ သေနတ်တွေနဲ့ဆိုတော့လေ ။လုံးခင်းမှာဆိုရင် သူခိုးတွေ သောင်းကြမ်းနေတယ် ။ အရင်ရက် ကလည်း တံခါးကို ငရဲမီးနဲ့ တို့ပြီး ဆိုင်ကယ် ခိုးယူသွားတယ် ။ " လို့ ဒေသခံက ပြောပါတယ်။
နိုဝင်ဘာလ အတွင်းမှာပင် ခိုးဆိုးလုယက် ဓားပြတိုက်မှုတွေ ၁၅ ကြိမ်ထက် မနည်း ဖြစ်ပွားခဲ့ပြီး အများစုက ဆိုင်ကယ် ၊ ဖုန်းနဲ့ ငွေသားတွေ လုယက်ခံခဲ့ရတာဖြစ်ကြောင်း လုယက်သူတွေကို ဖမ်းဆီးအရေးယူတာမျိုး မတွေ့ရှိခဲ့ရဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။
ဖားကန့် ဒေသမှာ ဖြစ်ပွားနေတဲ့ ခိုးဆိုး လုယက် ဓားပြတိုက်မှုတွေ ပိုဆိုးရွားလာနေပြီး ပြည်သူတွေအတွက် လုံခြုံမှု မရှိတော့တာကြောင့် ဒေသခံတွေအနေနဲ့ စိုးရိမ်နေကြတယ်လို့ သိရပါတယ်။
ဖားကန့်ဒေသမှာ လက်ရှိ နိုင်ငံရေးအခြေအနေ မတည်မငြိမ်မှုတွေ နဲ့အတူ အစိုးရတပ်နဲ့ ဒေသတွင်း လက်နက်ကိုင် တပ်တွေအကြားမှာ မြေပြင်ထိတွေ့ တိုက်ပွဲတွေက မကြာခဏ ဖြစ်ပွားမှုရှိနေတယ်လို့ သိရပါတယ်။
တက္ကသိုလ်ဝင်စာမေးပွဲ မအောင်မြင်သူများအတွက် တက္ကသိုလ်အသီးသီး ၌ Skilled Labour သင်တန်းများ ဖွင့်လှစ်နိုင်ရေးအတွက် ဆွေးနွေးနေ
တက္ကသိုလ်ဝင်စာမေးပွဲမအောင်မြင်သည့် ကျောင်းသားကျောင်းသူများအတွက် အလုပ်အကိုင်ရရှိရေး ကျွမ်းကျင်မှုဆိုင်ရာသင်တန်းများ ဖွင့်လှစ်နိုင်ရေး ဆွေးနွေးခြင်းကို ယမန်နေ့ ကနေပြည်တော် ပညာရေးဝန်ကြီးဌာနရုံး၌ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
တက္ကသိုလ်ဝင်စာမေးပွဲမအောင်သူများအတွက် ပညာရေးဝန်ကြီးဌာနရှိ တက္ကသိုလ်များက မိမိတို့နိုင်ငံ မိမိတို့ဒေသအကျိုးပြု အလုပ်အကိုင်ရရှိရေး ကျွမ်းကျင်မှုဆိုင်ရာ job-Ready Skills သင်တန်းများ ရွေးချယ်ဖွင့်လှစ်နိုင်ရေးအတွက် ပညာရေး ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်က ဆွေးနွေးခဲ့ကြောင်း သိရသည်။
သွင်းကုန်အစားထိုး ထုတ်ကုန်များကို ဓါတ်ခွဲခန်း lab- Scale အဆင့် ထုတ်လုပ်နည်းသင်တန်းများ ရွေးချယ်ဖွင့်လှစ်နိုင်မည့်စီမံချက်များကိုလည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
လက်ရှိ အသက်(၃) နှစ် မှ (၂၅) နှစ်အတွင်းရှိ လူဦးရေ (၁၀ဒသမ၅)သန်းအနက် ၅၆ ဒသမ ၁ ရာခိုင်နှုန်းသာ ကျောင်းတက်ရောက်နေပြီး ၃၄ ဒသမ ၁ ရာခိုင်နှုန်းသည့် ကျောင်းတက်ရောက်ခဲ့ဖူးသူများဖြစ်ပြီး ၉ဒသမ ၈ ရာခိုင်နှုန်းသည် ကျောင်းလုံးဝမတက်ရောက်ဖူးသည့် အခြေအနေတွင်ရှိနေကြောင်း ၂၀၂၄ သန်းခေါင်စာရင်းအချက်အလက်များအရ သိရသည်။
တရုတ်နိုင်ငံသို့ အစားအစာတင်ပို့ရာတွင် လိုအပ်သည့် GACC မှတ်ပုံတင်အချိန်မီ သက်တမ်းတိုးရန် မြန်မာနိုင်ငံကော်ဖီအသင်း အသိပေးထုတ်ပြန်
တရုတ်နိုင်ငံသို့ အစားအစာတင်ပို့ရာတွင် လိုအပ်သည့် GACC မှတ်ပုံတင်ခွင့်စီမံခန့်ခွဲရေး သတ်မှတ်ချ က်များ ပြဋ္ဌာန်းချက်များအရ GACC မှတ်ပုံတင်ခွင့်ကို အချိန်မီသက်တမ်းတိုးရန် မြန်မာနိုင်ငံကော်ဖီအသင်း(Myanmar Coffee Association) ကအသိပေးတိုက်တွန်း ထုတ်ပြန်ထားသည်။
သက်တမ်း တိုးရန်အတွက်ခွင့်ပြုချက်သက်တမ်း မကုန်ဆုံးမီသုံးလမှ ခြောက်လအထိ ကြိုတင်သက်တမ်းတိုးမြှင့်ရေး တင်ပြလျှောက်ထားရမည်ဖြစ်ပြီး GACC မှတ်ပုံတင်သက်တမ်းကုန်လွန်နေသည့် မြန်မာနိုင်ငံမှ ကုမ္ပဏီများ အနေဖြင့်သက်တမ်းတိုးမြှင့်လိုခြင်း ရှိ၊ မရှိကိုထောက်ခံတင်ပြပေးနိုင်ရေး ဆောင်ရွက်ပေးရန် သီးနှံကာကွယ်ရေးဦးစီးဌာနက အကြောင်းကြားလာကြောင်းသိရသည်။
MCA အသင်းဝင်ကုမ္ပဏီများမှGACC မှတ်ပုံတင် သက်တမ်းတိုးမြှင့်လိုပါက အသင်းရုံး ဖုန်း - ၀၉- ၄၂၀၀၂၀ ၈၆၉ သို့ ဒီဇင်ဘာ ၇ ရက်နောက်ဆုံးထား ဆက်သွယ်ပေးရန်အသိပေးထားသည်။