Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
Global Aerosol Duct Sealing Market Expected to See Robust Growth Through 2032
The global Aerosol Duct Sealing market is experiencing substantial momentum as demand rises for efficient HVAC systems, reduced energy consumption, and enhanced indoor air quality. Aerosol duct sealing technology, which uses pressurized aerosolized sealant to eliminate leaks in ductwork, continues to gain significant traction across residential, commercial, and industrial sectors. With rising emphasis on energy optimization and sustainability, the market is poised for notable expansion over the coming years.
Read Full Research Study: https://marketintelo.com/repor....t/aerosol-duct-seali
ရင်းနှီးမြှပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ပြည်ထောင်စုဝန်ကြီးနှင့် ရုရှားနိုင်ငံ ရော့စ်ကွန်ဂရက်ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေအဖွဲ့တွေ့ဆုံ
ဟိုတယ်နှင့်ခရီးသွားကဏ္ဍအတွက် ရင်းနှီးမြှုပ်နှံမှုအပါအဝင် ရှေ့ဆက်လုပ်ဆောင်မည့်လုပ်ငန်းများ ဆွေးနွေး
ရင်းနှီးမြုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝါဝါမောင်သည် ရုရှားနိုင်ငံ ရောစ့်ကွန်ဂရက်ဖောင်းဒေရှင်း၏ ကြီးကြပ်ရေးဘုတ်အဖွဲ့ဝင် ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့၏ အရှေ့တောင်အာရှ စီမံကိန်းများ ညှိနှိုင်ရေးမှုး မစ္စတာ ဆာဂေး ရှတီရော့ဗ် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ကို ယမန်နေ့က နေပြည်တော်၌ လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။
တွေ့ဆုံမှု၌ လက်ရှိ ပူးပေါင်းဆာင်ရွက်လျက်ရှိသည့် ရင်းနှီးမြှုပ်နှံမှု စီမံချက်များ၏ တိုးတက်မှု၊ ဟိုတယ်နှင့်ခရီးသွားကဏ္ဍအတွက် ရင်းနှီးမြှုပ်နှံမှုအပါအဝင် ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများနှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါ တွေ့ဆုံပွဲ သို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနနှင့် ဟိုတယ်ခရီးသွားလာရေးဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများ ရုရှားနိုင်ငံ ရော့စ်ကွန်ဂရက် ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့မှ ကိုယ်စားလှယ်များတက်ရောက်ခဲ့ကြောင်း သိရသည်။
ထိုင်းနိုင်ငံရှိ ရေကြီးရေလျှံမှုဖြစ်ပွားနေသည့်နေရာများမှ Cl သက်တမ်းတိုးလျှောက်ထားမည့် အလုပ်သမားများ မည်သည့်စခန်းများတွင်မဆို သွားရောက်လျှောက်ထားနိုင်
ထိုင်းနိုင်ငံရှိ ရေကြီးရေလျှံမှုဖြစ်ပွားနေသည့်နေရာများမှ Cl သက်တမ်းတိုးလျှောက်ထားမည့် အလုပ်သမားများ မည်သည့်စခန်းများတွင်မဆို သွားရောက်လျှောက်ထားနိုင်ကြောင်း အလုပ်သမားညွှန်ကြားရေးဦးစီးဌာနက ဒီဇင်ဘာလ ၁ ရက်ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။
ထိုင်းနိုင်ငံတွင် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (Certificate of Identity- CI) ထုတ်ပေးရေး စခန်း လေးခုကို စမုစခွန်၊ စမုပရာကန်၊ ချင်းမိုင်၊ ဆူရတ်ဌာနီမြို့များမှာ ၂၀၂၅ ခုနှစ် ဩဂုတ် ၆ ရက်မှစတင်၍လည်းကောင်း၊ Mobile Unit တစ်ခုကို ကရာဘီမြို့တွင် အောက်တိုဘာလ ၁၀ ရက်မှစတင်၍လည်းကောင်း ဖွင့်လှစ်၍ CI သက်တမ်းတိုးလုပ်ငန်းစဉ်များကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
လက်ရှိတွင် ရေကြီးရေလျှံမှုများဖြစ်ပွားနေသည့် ထိုင်းနိုင်ငံ၊ ဆုန်ခလာခရိုင်၊ ဟတ်ယိုင်မြို့နှင့် အနီးတစ်ဝိုက်ဒေသများရှိ အလုပ်သမားများအနေဖြင့် CI စာအုပ်ပျောက်ဆုံးခြင်း၊ ပျက်စီးခြင်းများ ဖြစ်ပေါ်ခြင်းနှင့် ငွေပေးသွင်းထားပြီး CI ပြုလုပ်ရန်ကျန်ရှိသူများအနေဖြင့် ငွေပေးသွင်းထားတဲ့ စခန်းများတွင် သွားရောက်ပြုလုပ်ရန် အခက်အခဲဖြစ်ပေါ်ခြင်းများရှိပါက အလုပ်သမားများ အဆင်ပြေစေရေးအတွက် နီးစပ်ရာ CI စခန်းများသို့ သွားရောက် လျှောက်ထားနိုင်ကြောင်း သိရသည်။
CI လျှောက်ထားသူ၏ ကိုယ်ရေးအချက်အလက်များကိုစခန်းရှိ အချက်အလက်များနှင့် တိုက်ဆိုင်စိစစ်၍ လုပ်ထုံးလုပ်နည်းနှင့်အညီ ပြန်လည်ထုတ်ပေးသွားမည်ဖြစ်ကြောင်း အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ သိရသည်။
၉ လအတွင်း မြေဩဇာတန်ချိန် တစ်သိန်းခွဲကျော် တင်သွင်းရန် ခွင့်ပြုထား
---------------------------
အခု၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ဧပြီလကနေ ဒီဇင်ဘာ လအထိ ၉ လအတွင်း မြေဩဇာတန်ချိန် ၁၅၂၆၄၈ ဒသမ ၀၂ တန်နဲ့ ပိုးသတ်ဆေးတန်ချိန်၂၇၄၉၀ ဒသမ ၅၆ တန်ကို ကုမ္ပဏီအလိုက် သွင်းကုန်လိုင်စင် ရရှိနိုင်ဖို ထောက်ခံဆောင်ရွက်ပေးထားတယ်လို သမဝါယမနှင့် ကျေးလက်ဖွံဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးလှမိုးက ပြောပါတယ်။ ဒီဇင်ဘာ ၂ရက်က ကျင်းပတဲ့ ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီရဲ့ လုပ်ငန်းညှိနှိင်းအစည်းအဝေးမှာ ပြည်ထောင်စုဝန်ကြီးက အခုလိုထည့်သွင်းပြောခဲ့တာပါ။
သွင်းကုန်လိုင်စင်ရရှိပြီး မတင်သွင်းနိုင်သေးတဲ့ ကုမ္မဏီတွေအနေနဲ့လည်း အမြန်တင်သွင်းရမှာဖြစ်ပြီး လိုင်စင်သက်တမ်းအတွင်း အမြန်တင်သွင်းနိုင်ဖိုနဲ့ သက်တမ်းကုန်ရင် ပြန်အပ်နှံရေးတိုကို စီစဉ်ဆောင်ရွက်ရမယ်လို ဆိုပါတယ်။ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီဌာနတွေအနေနဲ့လည်း ဓာတ်မြေဩဇာတွေ အချိန်မီရရှိရေး၊ ဈေးနှုန်းသက်သာစေရေးနဲ့ အရည်အသွေး မှန်ကန်စေရေးအတွက် သက်ဆိုင်ရာဌာနတွေ အားလုံးပူးပေါင်း ပါဝင်ဆောင်ရွက် ပေးကြဖိုကိုလည်း ပြည်ထောင်စု၀န်ကြီး ပြောကြားခဲ့ပါတယ်။
အပျော်မယ် ခေါ်ယူပျော်ပါးပြီး ရုပ်သံခိုးရိုက်ခဲ့သည့် ဂျပန်လွှတ်တော်အမတ် အဖမ်းခံရ
အပျော်မယ်ခေါ်ယူပျော်ပါးပြီး ရုပ်သံခိုးရိုက်ထားမှုဖြင့် ဂျပန်နိုင်ငံရေးနယ်ပယ်တွင် အစဉ်အလာရှိသည့် နိုင်ငံရေး ပါ တီတစ်ခုမှ လွှတ်တော်အမတ်တစ်ဦး ဖမ်းဆီးထိန်းသိမ်းခံထားရ ကြောင်း ဂျပန် သတင်းဌာနများက ဖော်ပြသည်။
လက်ရှိဂျပန်လွှတ်တော်တွင် အနိုင်ရအမတ်များ ရှိနေသော ကိုမဲအိတို ပါတီမှ အသက် (၆၄) နှစ်အရွယ် လွှတ်တော် အမတ် ဟီရိုရှီ ဖူကူကာဝါသည် အသက် (၂၀) အရွယ် အပျော်မယ်တစ်ဦးကို ခေါ်ယူပျော်ပါး ခဲ့ပြီးနောက် စမတ်ဖုန်း ဖြင့် တိတ်တဆိတ်ရုပ်သံရိုက်ကူးခဲ့၍ တိုင်ကြားခံထားရခြင်း ဖြစ်သည်။
အဆိုပါ လွှတ်တော်ကိုယ်စားလှယ်ကို ညစ်ညမ်းပုံများ ရိုက်ကူးမှုကို တားမြစ်သည့် ဥပဒေချိုးဖောက်မှု ဖြင့် စွဲချက်တင်ထားပြီး ၎င်းကိုယ်တိုင်ကလည်း ဝန်ခံချက်ပေးထားကြောင်း ရဲတပ်ဖွဲ့ကိုကိုးကား၍ တိုကျိုရီပိုတာ သတင်းဌာနကဖော်ပြသည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၂၉ ရက်တွင် ကျင်းပမည့် လွှတ်တော်အစည်းအဝေးတက်ရန် တိုကျိုမြို့သို့ ရောက်ရှိပြီး ဟိုတယ်တစ်ခု၌ တည်းခိုနေစဉ် လွှတ်တော်အမတ်ဟီရိုရှီဖူကူကာဝါက အပျော်မယ်ကို ခေါ်ယူခဲ့ခြင်း ဖြစ်ကြောင်း တိုကျိုရီပိုတာသတင်းဌာနက ဖော်ပြသည်။
ခွင့်မတောင်းဘဲ ကင်မရာဖွင့်ထားပြီး ခိုးရိုက်နေသော ဟီရိုရှီဖူကူကာဝါ၏ စမတ်ဖုန်းကို အပျော် မယ် အမျိုးသမီးက မတော်တဆတွေ့ရှိခဲ့ပြီးနောက် ရဲတပ်ဖွဲ့ထံ တိုင်ကြားခံရခြင်းဖြစ်သည်။
၎င်းသည် ကိုမဲအိတိုပါတီ၏ တိုကူရှီးမား စီရင်စု ဥက္ကဌဖြစ်ပြီး ၂၀၁၅ ခုနှစ်တွင် လွှတ်တော်အမတ် အဖြစ် ပထမဆုံးရွေးချယ်ခံခဲ့ရပြီးနောက် လက်ရှိအချိန်အထိ ဆက်လက် ရွေးချယ်ခံထားရသူ ဖြစ်သည်။
ဟီရိုရှီဖူကူကာဝါ ဖမ်းဆီးခံရပြီးနောက် ပါတီတွင်း စည်းကမ်းပိုင်း ဆိုင်ရာဖြင့် အရေးယူရန် ၎င်း၏မိခင်ပါတီဗဟို အတွင်းရေးမှူးချုပ်က ပြောကြားသည်။
စွပ်စွဲခံထားရသူ၏ ရှေ့နေနှင့် တွေ့ဆုံပြီးနောက် အဖြစ်မှန်ကိုအတည်ပြုနိုင်ခဲ့ပြီး လုံးဝလက်မခံနိုင်သော အပြုအမူ ဖြစ်ကြောင်း ပါတီအတွင်းရေးမှူးချုပ်က ဆိုသည်။
ကိုမဲအိတို ပါတီသည် ၁၉၉၈ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည့် အစဉ်အလာရှိ ဂျပန်နိုင်ငံရေးပါတီတစ်ခု ဖြစ်ပြီး ၂၀၂၄ ခုနှစ်စာရင်းများအရ ပါတီဝင် လေးသိန်းခွဲခန့် အင်အားရှိသည့် ပါတီတစ်ခုဖြစ်သည်။
ကမ္ဘာ့ဂျီဒီပီ ၁၀ ရာခိုင်နှုန်းကို ဉာဏ်ရည်တုများက အစားထိုးသွားမည်ဟု ဂျပန်စီးပွားရေးခေါင်ဆောင်ပြော
ဉာဏ်ရည်တုနည်းပညာသည် ကမ္ဘာ့စီးပွားရေးတွင် ကြီးမားသောပါဝင် ဖြည့်ဆည်းမှုများ လုပ် ဆောင် သွား လိမ့်မည်ဖြစ်ကြောင်း ဂျပန်နည်းပညာနှင့် ရင်းနှီးမြုပ်နှံမှုလုပ်ငန်းစုကြီးဖြစ်သည့် Soft Bank Group ၏ အကြီးအကဲ က ပြောကြားသည်။
အေအိုင်နည်းပညာတွင် အလွန်အကျွံ ရင်းနှီးမြုပ်နှံမှုအကြောင်း စိုးရိမ်မှုများကို Soft Bank Group ၏ ဥက္ကဌနှင့် အမူဆောင်အရာရှိချုပ် ဆွန်မာဆာယိုရှီ က ပယ်ရှားခဲ့ကာ ကုမ္ပဏီအနေဖြင့်အေအိုင်လုပ်ငန်းမှ ကြီးမားသော ရင်း နှီးမြုပ်နှံမှုများကို အချိန်တိုအတွင်း ပြန်လည်ရရှိနိုင်မည်ဟု ၎င်းအနေဖြင့် ယုံကြည်စိတ်ချနေသည်ဟု ပြောသည်။
“ကမ္ဘာ့ကုန်ထုတ်လုပ်မှု စုစုပေါင်းတန်ဖိုး (GDP )အနည်းဆုံး ၁၀ ရာခိုင်နှုန်းကို စူပါဉာဏ်ရည်တု နဲ့ အေအိုင် စက် ရုပ်တွေက အစားထိုးဝင်ရောက်လာမယ်လို့ ကျွန်တော်ပြောပါမယ်။” ဟု ဆွန်က ပြောသည်။
တနင်္လာနေ့က တိုကျိုမြို့၌ ပြုလုပ်ခဲ့သော ရင်းနှီးမြုပ်နှံမှုဖိုရမ်တစ်ခုတွင် မာဆာယိုရှီက ထိုကဲ့သို့ ပြောကြားသွား ခြင်းဖြစ်သည်။
ရှေ့လာမည့် ဆယ်စုနှစ်များတွင် အေအိုင်များက လူသားများထက် အဆတစ်သောင်းမှ တစ်သိန်းခန့်အထိ ပို၍ ဉာဏ်ရည်ထက်မြက်သွားကြလိမ့်မည်ဟုလည်း ၎င်းက ဆိုသည်။
ထိုသို့ အလားအလာများကြောင့် အေအိုင်နှင့်ဆက်စပ်သော ရှယ်ယာများတွင် ရင်းနှီးမြုပ်နှံမှုများ တစ်ဟုန်ထိုး မြင့် တက်နေခြင်းဖြစ်ကြောင်း နှင့် အေအိုင်လုပ်ငန်းမြင့်တက်မှု ကြာရှည်ခံမည်မဟုတ်ဟု ရှုမြင်ကြသော ရင်းနှီးမြုပ်နှံ သူများမှာ ထိုးထွင်းသိမြင်မှု မလုံလောက်သူများဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
လူချမ်းသာများထံမှ ဥစ္စာခွန်ကောက်ခံရေး အဆိုပြုချက် ဆွစ်ဇာလန်ပယ်ချ
ချမ်းသာကြွယ်၀သူများထံမှ ဥစ္စာဓနခွန်ကောက်ခံရေးအတွက် အဆိုပြုထားသော ဥပဒေကြမ်းကို ဆွစ်ဇာလန်မဲဆန္ဒရှင်ပြည်သူများက နိုဝင်ဘာ ၃၀ ရက်တွင် ဆန့်ကျင်မဲပေးခဲ့ကြကြောင်း သိရသည်။
လက်ဝဲဝါဒီဆိုရှယ်ဒီမိုကရက် လွှတ်တော်အမတ်များက အဆိုပြုထားသော အထက်ပါဥပဒေကြမ်းတွင် ဆွစ်ဖရန့်ငွေသန်း ၅၀ (အမေရိကန်ဒေါ်လာ ၆၂ သန်း) နှင့်အထက် အမွေခံရရှိထားသူများထံမှ ဓနဥစ္စာခွန် ၅၀ ရာခိုင်နှုန်းကောက်ခံရန် တင်ပြထားသည်။
ယင်းဥပဒေကြမ်းကို နိုဝင်ဘာ ၃၀ ရက်တွင်လူထုဆန္ဒခံယူပွဲဖြင့် မဲခွဲအဆုံးအဖြတ်ယူခဲ့ရာ မဲဆန္ဒရှင်ပြည်သူ ၇၈ ရာခိုင်နှုန်းတို့က ကန့်ကွက်မဲများပေးခဲ့ကြသည်။
အဆိုပါ ဥပဒေကြမ်းသည် ဆွစ်ဇာလန်နိုင်ငံအနေဖြင့် ဓနဥစ္စာခွဲဝေခံစားရေး သဘောတရားကိုကျင့်သုံးရန် အာသီသရှိ၊ မရှိ ပြသနိုင်မည့် ဥပဒေကြမ်းဖြစ်ရာ နိုဝင်ဘာ ၃၀ ရက် လူထုဆန္ဒခံယူပွဲကို ဘဏ်လုပ်ငန်းရှင် များက စောင့်ကြည့်ခဲ့ကြရသည်။
အလွန်အကျွံချမ်းသာနေသူများက ငွေကြေးဘီလီယံနှင့်ချီ၍ အမွေခံ ရရှိနေကြချိန်တွင် ကျန်သာမန် ပြည်သူများမှာ အကျပ်အတည်းများကိုသာ အမွေခံရရှိနေကြရကြောင်း ဥပဒေကြမ်းကိုအဆိုပြုခဲ့သည့် လက်ဝဲဝါဒီဆိုရှယ်ဒီမိုကရက် အုပ်စုဝင်များက ပြောကြားထားသည်။
သို့ရာတွင် အဆိုပါ ဥပဒေကြမ်းကြောင့်ချမ်းသာကြွယ်၀သူများ ဆွစ်ဇာလန်နိုင်ငံမှ အစုအပြုံလိုက် ထွက်ခွာသွားနိုင်မည်ဖြစ်ရာ အခွန်အကောက်များ လက်လွှတ်ဆုံးရှုံးရနိုင်ကြောင်း ဥပဒေကြမ်းကို
ဆန့်ကျင်သူများက ထောက်ပြထားကြသည်။
အမြန်လမ်း၌ ယာဉ်မတော်တဆမှုကြောင့်ခုနစ်ဦးသေဆုံး
ယခုနှစ်နိုဝင်ဘာလအတွင်း အမြန်လမ်း၌ယာဉ်မတော်တဆမှုကြောင့် သေဆုံးသူခုနစ်ဦးရှိခဲ့ကြောင်း အမြန်လမ်းမီးသတ်တပ်ဖွဲ့ထံမှသိရသည်။
အဆိုပါလအတွင်း ယာဉ်မတော်တဆမှုငါးမှုဖြစ်ပွားခဲ့ပြီး သေဆုံးသူခုနစ်ဦးနှင့် ထိခိုက်ဒဏ်ရာရရှိသူ သုံးဦးရှိကြောင်း အမြန်လမ်းမီးသတ်တပ်ဖွဲ့မှတာဝန်ရှိသူတစ်ဦးကပြောသည်။
“ကျား/မ ခွဲခြားတာတော့မရသေးပါဘူး။ ရုံးပိတ်ရက်များတဲ့အခါ ပွဲလမ်းသဘင်များတဲ့ ခရီးသွားလာမှု များတဲ့လတွေကတော့ ယာဉ်တိုက်မှုများတတ်ပါတယ်” ဟု ၎င်းကစံတော်ချိန်ဒစ်ဂျစ်တယ်သို့ပြောသည်။
ရန်ကုန်-မန္တလေးအမြန်လမ်းသည် မိုင်ပေါင်း ၃၅၈ မိုင်တစ်ဖာလုံခန့်ရှိပြီး လမ်းတစ်လျှောက်တွင် မီးသတ်စခန်းပေါင်း ၁၅ ခုခန့်ထားရှိကာ ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
စင်ကာပူတွင် အမျိုးသားသုံးဦးကို မူးယစ်ဆေးဝါးမှုဖြင့် ကွပ်မျက်
စင်ကာပူနိုင်ငံတွင် မူးယစ်ဆေးဝါးပြစ်မှုများအတွက် လူသုံးဦးကို လွန်ခဲ့သည့်သီတင်းပတ်က ကြိုးပေးကွပ်မျက်ခဲ့ရာ ယခုနှစ်အတွင်း ကွပ်မျက်ခံရသူစုစုပေါင်း ၁၇ ဦးအထိ ရှိလာပြီး ၂၀၀၃ ခုနှစ်နောက်ပိုင်း အမြင့်ဆုံး ဖြစ်သည်။
လူသုံးဦးကို ကြိုးပေးကွပ်မျက်မှုသည် မူးယစ်ဆေးဝါးပြစ်မှုများအတွက်သေဒဏ်ကို ဆန့်ကျင်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ စိန်ခေါ်မှုတစ်ရပ်ကိုကြားနာရန် သီတင်းတစ်ပတ်အလိုတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
စင်ကာပူနိုင်ငံသည် ကမ္ဘာ့အပြင်းထန်ဆုံး မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဥပဒေအချို့ရှိသည့် အရှေ့တောင်အာရှနိုင်ငံတစ်နိုင်ငံဖြစ်သည်။
နိုင်ငံတွင်း၌ ဒိုင်ယာမော်ဖင်း ၁၅ ဂရမ်၊ ကိုကင်း၃၀ ဂရမ်၊ မက်သာဖက်တမင်း ၂၅၀ ဂရမ်နှင့် ဆေး
ခြောက် ၅၀၀ ဂရမ်ထက်ပို ရောင်းချခြင်း၊ ပေးကမ်းခြင်း၊သယ်ယူပို့ဆောင်ခြင်း အပါအဝင် မှောင်ခိုရောင်းဝယ်မှုဖြင့် ပြစ်ဒဏ်ချမှတ်ခံရသူ မည်သူမဆို သေဒဏ်ချမှတ်ခံရမည်ဖြစ်သည်။
မူးယစ်ဆေးဝါးမှုများတွင် မဖြစ်မနေ သေဒဏ်ပေးခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဥပဒေ၏
တန်းတူကာကွယ်မှုကို ချိုးဖောက်ခြင်းဟု ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ စိန်ခေါ်မှုကို တင်သွင်းခဲ့သည့် တက်ကြွလှုပ်ရှားသူခုနစ်ဦးက ဆိုသည်။
စင်ကာပူအစိုးရကမူ သေဒဏ်ကို ဖယ်ရှားလိုက်ခြင်းသည် ပိုပြီးဆိုးရွားသည့်အကျိုးဆက်ကို ဖြစ်ပေါ်စေနိုင်သည်ဟုဆိုသည်။ အကျိုးဆက်များထဲတွင်ပိုပြီးပြင်းထန်သည့် ရာဇဝတ်မှု၊ အကြမ်းဖက်မှု၊ မူးယစ်ဆေးဝါးနှင့် ဆက်စပ်သည့်သေဆုံးမှု၊ အပြစ်မဲ့ ကလေးငယ်များ သေဆုံးမှုများ ပါဝင်ကြောင်း စင်ကာပူပြည်ထဲရေးဝန်ကြီးက ယခုနှစ်အစောပိုင်းတွင် ပြောဆိုထားသည်။