ဖောရက်စ်အား ဂိုးပြတ်ရှုံးနိမ့်တဲ့ပွဲတွင် ပထမပိုင်းအပြီးမှပင် ကွင်းထဲမှ ထပြန်လာကြတဲ့ ဆန်းဒါးလန်းပရိသတ်များ
=====================
ဆန်းဒါးလန်းပရိသတ်များဟာ သောကြာနေ့ညတုန်းက အလင်းရောင်ကွင်းတွင် နော်တင်ဟမ်ဖောရက်စ်အား ၅-၀ ဂိုးဖြင့် ရှုံးနိမ့်တဲ့ပွဲတွင် ပထမပိုင်းအပြီးမှာပင် ကွင်းမှ ထပြန်သွားခဲ့ကြပါတယ်။
နော်တင်ဟမ်ဖောရက်စ်ဟာ အဝေးကွင်းတွင် အိမ်ရှင်ဆန်းဒါးလန်းကို ပထမပိုင်းမှာပင် ၄-၀ ဂိုးဖြင့် ဦးဆောင်ထားနိုင်ခဲ့တာ ဖြစ်ပြီး ဆန်းဒါးလန်းပရိသတ်များဟာ မျှော်လင့်ချက် မရှိတော့တာကြောင့် ပထမပိုင်းအပြီးမှာပင် အလင်းရောင်ကွင်းမှ ထပြန်သွားခဲ့ကြတာလည်း ဖြစ်ပါတယ်။
ဖောရက်စ်ဟာ ပထမပိုင်းတွင် ဟူမီရဲ့ OG ဂိုး၊ ခရစ်ဝုဒ်၊ မော်ဂန်ဂစ်ဘ်ဝှိုက်၊ အိုင်ဂေါ်ဂျေဆူးတို့ရဲ့ ဂိုးတွေဖြင့် ၄-၀ ဂိုးဖြင့် ဦးဆောင်ထားနိုင်ခဲ့တာပါ။
ဖောရက်စ်ဟာ အချိန်ပိုတွင် အီးလီးယော့အင်ဒါဆင်ရဲ့ ဂိုးကြောင့် ၅-၀ ဖြင့် အနိုင်ရသွားခဲ့ပါတယ်။
ဖောရက်စ်ဟာ ဆန်းဒါးလန်းနိုင်ပွဲကြောင့် တန်းဆင်းဇုန်ထိပ်ဆုံးမှ စပါးစ်ကို ရမှတ် ၈ မှတ်အထိ ဖြတ်ထားနိုင်ခဲ့ပြီး တန်းမဆင်းရရေး အခြေအနေကောင်းသွားခဲပြီလည်း ဖြစ်ပါတယ်။
ဖောရက်စ်ဟာ ဆန်းဒါးလန်းနိုင်ပွဲကြောင့် ပြိုင်ပွဲအရပ်ရပ် နောက်ဆုံး ၈ ပွဲဆက် ရှုံးပွဲမရှိထားသလို ပရီးမီးယားလိဂ်မှာ ရမှတ် ၃၉ မှတ်အထိ ရလာသလို ယူရိုပါလိဂ်တွင်လည်း ဆီမီးဖိုင်နယ်သို့အထိ တက်ရောက်ထားနိုင်ပါတယ်။