အဂတိလိုက်စားမှု စွဲချက်များမှ ကင်းလွတ်ခွင့်ပေးရန် အစ္စရေးဝန်ကြီးချုပ် တောင်းဆို

လွန်ခဲ့သော ငါးနှစ်က စတင်ခဲ့သော အကျင့်ပျက်ခြစားမှု၊လိမ်လည်မှု၊ ယုံကြည်မှုအလွဲသုံးစားလုပ်မှုတို့ဖြင့် တရားစွဲခံထားရခြင်းမှ လွတ်ငြိမ်းချမ်းသာခွင့်ပေးရန် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက သမ္မတထံ လျှောက်ထားလိုက်သည်။
၎င်း၏ရှေ့နေအဖွဲ့က သမ္မတအိုင်ဇက်ဟာဇော့ထံသို့ လွတ်ငြိမ်းချမ်းသာခွင့် တောင်းဆိုလိုက်ကြောင်း ယမန်‌နေ့ ရုပ်သံထုတ်ပြန်ချက်တစ်ခုတွင် နေတန်ယာဟုက ပြောကြားသည်။
လုံခြုံရေးနှင့် သံတမန်ရေး အရှိတရားများအရ အမျိုးသားစည်းလုံးညီညွတ်မှု လိုအပ်နေချိန်တွင် အမှုအား ဆက် လက် စစ်ဆေးနေခြင်းမှာ အချေအတင် အ ငြင်းပွားစရာများနှင့် စိတ်ဝမ်းကွဲပြားမှုများကို ပေါ်ထွက်လာစေခဲ့ကြောင်း ပြောကြားရင်း တရားရုံးအမှုအား ချက်ခြင်းအဆုံးသတ်ရန် နေတန်ယာဟုက တောင်းဆိုခဲ့သည်။
၎င်းအနေဖြင့် ဒီမိုကရေစီနည်းကျ ရွေးကောက်ပွဲများတွင် ရွေးကောက်ခံခဲ့ရပြီး နိုင်ငံဝန်ကြီးချုပ်အဖြစ် ဆက်လက် တာဝန်ထမ်းဆောင်ရန် ပြည်သူလုထု၏ ယုံကြည်မှုကို လက်ခံရရှိခဲ့သည်ဟု နေတန်ယာဟုက အလေးအနက် ပြောသည်။
ယင်းမှာ ကြီးမား‌သော ရိုက်ခတ်မှုများပါဝင်သော တစ်မူထူးခြားသည့် တောင်း ဆိုချက် တစ်ရပ်ဖြစ်ကြောင်း သမ္မ တရုံးက ထုတ်ပြန်ပြောကြားသည်။
အဆိုပါ တောင်းဆိုမှုကို သမ္မတက တာဝန်ယူမှုအပြည့်ဖြင့် စဉ်းစားသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်က ဆက်ပြောသည်။
အတိုက်အခံ ပါတီတစ်ခုနှင့် အရပ်ဘက်အုပ်စုတစ်စုကမူ သတင်းအပေါ် စူးရှစွာတုံ့ပြန်ခဲ့ကာ အပြစ်ရှိကြောင်း ဝန်ခံမှုနှင့် နိုင်ငံရေးလောကမှ ချက်ခြင်းနုတ်ထွက်မှုမရှိပါက လွတ်ငြိမ်းချမ်းသာခွင့် မပေးသင့်ကြောင်း ပြောကြား သည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ကလည်း နေတန်ယာဟုအား လွတ်ငြိမ်းချမ်းသာခွင့်‌ပေးရန် တောင်းဆိုထားသော စာတစ်စောင်ကို အစ္စရေးသမ္မတထံ ပေးပို့ခဲ့ကြောင်း နိုဝင်ဘာလအတွင်း သတင်းများက ဖော်ပြခဲ့ကြသည်။

image

ယူကရိန်းနှင့်ဆွေးနွေးမှုများ ဆက်လုပ်ရန်လိုသေးကြောင်း အမေရိကန်ပြော

ရုရှား-ယူကရိန်းစစ်ပွဲအဆုံးသတ်ရန် သဘောတူညီချက်အတွက် ဆွေးနွေးပွဲများတွင် တိုးတက်မှုများ ရရှိခဲ့သော်လည်း လုပ်ဆောင်စရာများ ကျန်ရှိနေသေးသည်ဟု အမေရိကန်နိုင်ငံခြား‌ရေးဝန်ကြီး မာကိုရူဘီယိုက ပြောကြားသည်။
ဖလော်ရီဒါပြည်နယ်တွင် ကျင်းပသောဆွေးနွေးပွဲကို ယူကရိန်း၏ ညှိနှိုင်းရေးမှူးအသစ်ဖြစ်သူ အမျိုးသားလုံခြုံရေး ကောင်စီအတွင်းရေးမှူး ရပ်စတန်အူမီရော့ဗ် က ဦးဆောင်ခဲ့သည်။ယင်းအစည်းအဝေးသို့ သမ္မတထရန့်၏ အထူးကိုယ်စားလှယ် စတိဗ်ဝစ်ကော့ဖ် နှင့် ထရန့်၏ သားမက် ဂျာရတ် ကုရှ် နာတို့ လည်းတက်ရောက်ခဲ့ကြကာ ဝစ်ကော့ က လာမည့်သီတင်းပတ်တွင် မော်စကိုသို့ သွားရောက်ရန် စီစဉ် ထားသည်။
အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးအဖွဲ့များက ၎င်း၏နေအိမ်အား စီးနင်းရှာဖွေခဲ့ပြီးနောက် ယူကရိန်းသမ္မတ၏ ထိပ် တန်းညှိနှိူင်းရေးမှူး အန်ဒရေးယာမက် နုတ်ထွက်သွားခဲ့ပြီး ၎င်း၏နေရာ၌ အူမီရော့ဗ် ဝင်ရောက်လာခြင်းဖြစ်သည်။
“ဒါဟာ စစ်ပွဲအဆုံးသတ်ရေး အချက်တွေအကြောင်းသာ မဟုတ်ဘဲ ယူကရိန်းနိုင်ငံကို ရေရှည် ဖွံဖြိုး တိုး တက် ရေး လမ်းကြောင်းပေါ်ကို ပို့ဆောင်ပေးမယ့် အချက်တွေနဲ့လည်း ပတ်သက်ပါတယ်။
ဒီနေ့မှာ ကျွန်တော်တို့ အဲဒါကို တည်ဆောက်နိုင်ခဲ့ပါတယ်။ ဒါပေမယ်လည်း လုပ်စရာတွေ ရှိနေပါသေးတယ်” ဟု မီယာမီ မြောက်ပိုင်း ဟာလန်ဒေးလ်ကမ်းခြေ၌ ပြုလုပ်သည့် အစည်းအဝေးတွင် မာကိုရူဘီယိုက ပြောသည်။
ယမန်နေ့ ဆွေးနွေးမှုများ စတင်ချိန်မှာပင် ယူကရိန်းကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် အူမီရော့ဗ်ကလည်း “ကျွန်တော်တို့က ယူကရိန်းအနာဂတ်အကြောင်း၊ ယူကရိန်းလုံခြုံရေးအကြောင်း ၊ ယူကရိန်း ကို ထပ် ပြီး တိုက် ခိုက် တာ မျိုးမရှိအောင် ၊ ယူကရိန်းကို ဘယ်လိုပြန်လည်တည်ဆောက်သွားကြမလဲဆိုတာကို ဆွေး နွေး သွား ကြပါမယ်” ဟု ပြောကြားသည်။
“ အမေရိကန်က ကျွန်တော်တို့ကို နားထောင်နေပါတယ်။ ကျွန်တော်တို့ကို ကူညီပံ့ပိုးနေပါတယ်။ ကျွန်တော်တို့ရဲ့ နံဘေးမှာ အတူလုပ်ဆောင်နေပါတယ်” ဟု အူမီရော့ဗ် က ဆက်ပြောသည်။
ဆွေးနွေးပွဲမှာ အကျိုးဖြစ်ထွန်းပြီးအောင်မြင်ခဲ့ကြောင်း အူမီရော့ဗ်က နောက်ပိုင်းတွင် ပြောကြားခဲ့ပြီး အောင်မြင်၍အသုံးဝင်သောဆွေးနွေးပွဲ ဟု ရူဘီယိုကလည်း ဆိုသည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ကလည်း ဆွေးနွေးမှု အဆင်ပြေခဲ့ကြောင်း နှင့် စစ်ပွဲအဆုံးသတ်နိုင်ရန် သ ဘော တူ ညီချက်တစ်ရပ် ရနိုင်သောအခွင့်အရေးရှိသည်ဟု သမ္မတလေယာဉ် ပေါ်တွင် သတင်းထောက်များအား ပြောကြား သည်။
ဆွေးနွေးပွဲများကို အပြုသဘောဖြင့် လုပ်ဆောင်ရေး၊ အကြောင်းအရာအားလုံးကို ပွင့်ပွင့်လင်းလင်းဆွေး‌နွေးရေး မှာ အရေးကြီးကြောင်းနှင့် ယင်းတွင် ယူကရိန်း၏အမျိုးသားအကျိုးစီးပွား နှင့် အချုပ်အခြာပိုင်မှုကိုလည်း အာရုံစိုက်သွားရမည်ဖြစ်ကြောင်း ယူကရိန်းသမ္မတ ဇီလန်စကီးက ပြောသည်။
စစ်ပွဲအဆုံးသတ်ရေးအတွက် အမေရိကန်နှင့် ဒေါ်နယ်ထရန့်တို့၏ ကြိုးပမ်းအားထုတ်မှုများအတွက် ကျေးဇူးတင် ကြောင်း ဇီလန်စကီး က ဆက်ပြောသည်။
ရုရှားကို မျက်နှာသာပေးထားပုံပေါ်သော အချက် ၂၈ ချက်ပါ အမေရိကန်ငြိမ်းချမ်းရေး အစီအစဉ်ပေါက်ကြားပြီး ယူ ကရိန်းနှင့် ၎င်း၏ဥရောပမဟာမိတ်များအား အံ့အားသင့်စေခဲ့ပြီးနောက် အမေရိကန်နှင့် ယူကရိန်းကြား ဆွေးနွေးမှု များ ထွက်ပေါ်လာခဲ့ရခြင်းဖြစ်သည်။

image

ခပေါင်းချောင်းထဲ အမျိုးသားတစ်ဦးခုန်ချပျောက်ဆုံးနေ

ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်ရှိ ခပေါင်းချောင်းထဲခုန်ချသွားခဲ့သည့် အမျိုးသားတစ်ဦးအား ယနေ့(ဒီဇင်ဘာ ၁ ရက်) မွန်းတည့် ၁၂ နာရီအထိရှာဖွေမတွေ့ရှိသေးကြောင်း Save The Trees Rescue Team ထံမှသိရသည်။
ခပေါင်းချောင်းထဲခုန်ချသွားခဲ့သူမှာ အသက်(၇၀) ကျော်အရွယ်ရှိ အမျိုးသားတစ်ဦးဖြစ်ပြီး ဆိုင်ကယ် ကယ်ရီမောင်းသူတစ်ဦးဖြစ်ကြောင်း၊ ယမန်နေ့(နိုဝင်ဘာ ၃၀ ရက်) မွန်းလွဲ ၃ နာရီခန့်ကခုန်ချသွားခြင်းဖြစ်ကြောင်း Save The Trees Rescue Team မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
"ခုန်ချသွားတဲ့သူကကျွန်တော်တို့ရွာကပါ။ သူကဆိုင်ကယ်ကယ်ရီမောင်းတယ်။ သူ့မိန်းမကလည်းလေဖြတ်နေတော့ သူ့မှာစားစရိတ်တွေ၊ ဆေးဖိုးတွေလည်းရှိနေ၊ သူတို့စီးပွားရေးလည်းအဆင်မပြေဘူး" ဟု Save The Trees Rescue Team မှတာဝန်ရှိသူတစ်ဦးကပြောသည်။
လက်ရှိတွင်ဒေသခံပရဟိအသင်းများနှင့်ပူးပေါင်းပြီး ရှာဖွေကယ်ဆယ်ရေးများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

image

ယခု ၁၀ ရက်အတွင်း ပျမ်းမျှအပူချိန်အောက် လျော့နိုင်

ယနေ့ဒီဇင်ဘာ ၁ ရက်မှ ၁၀ ရက်အတွင်း ရန်ကုန်အပါအဝင် တိုင်းနှင့်ပြည်နယ်တချို့တွင် ပျှမ်းမျှအပူချိန်အောက်လျော့နိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာနက ခန့်မှန်းထားသည်။
အဆိုပါ ရက်အတွင်း ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်း၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် နေပြည်တော်တို့တွင် ဒီဇင်ဘာလပျမ်းမျှအပူချိန်၏ ၁ ဒသမ ၅ ဒီဂရီ ဆဲလ်စီးယပ်အောက် လျော့နည်းနိုင်ကြောင်း သိရသည်။
ထို့ပြင် မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ဧရာဝတီတိုင်း၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ချင်းပြည်နယ်၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် ငါးရက်မှ ကိုးရက်ခန့်၊ နေပြည်တော်၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင်တစ်ရက်မှ လေးရက်ခန့် နံနက်ပိုင်းအချိန်တွင် မြူများဆိုင်းနိုင်ကြောင်း မိုးဇလကခန့်မှန်းထားသည်။
အဆိုပါဒီဇင်ဘာပထမ ၁၀ ရက်အတွင်း ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် လေဖိအားနည်းရပ်ဝန်းတစ်ကြိမ်ဖြစ်ပေါ်နိုင်ကြောင်းလည်း မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှု ဦးစီးဌာနကခန့်မှန်းထားသည်။

image

ထိုင်း-မြန်မာ‌ကမ်းကူးခဈေးမြင့်တက်

ထိုင်း-မြန်မာနယ်စပ် သောင်ရင်းမြစ်တစ်ကြောရှိ လှေဂိတ်များအားလုံး ဒီဇင်ဘာ ၆ ရက်အထိပိတ်ထား ရမည်ဟု သတင်းများထွက်ပေါ်ပြီးနောက် ကမ်းကူးခဈေးနှုန်းများမြင့်တက်လာကြောင်း မြဝတီမြို့နယ်မှ ဒေသခံတစ်ဦးကပြောသည်။
ထိုင်း-မြန်မာနယ်စပ် သောင်ရင်းမြစ်တစ်ကြောရှိမြို့နယ်ငါးခု၏လှေဂိတ်များကို လုံခြုံရေးအခြေအနေ ကြောင့်ဟုဆိုကာ ထိုင်းဘက်မှခုနစ်ရက်ယာယီပိတ်ထားမည်ဟုသတင်းများထွက်ပေါ်နေသော်လည်း ယနေ့(ဒီဇင်ဘာ ၁ ရက်) တွင် ပိတ်ထားခြင်းမရှိကြောင်း ကမ်းကူးခများကိုယခင်ကလူတစ်ဦးလျှင် ဘတ် ၈၀၀ ခန့်ကျသင့်ပြီး ယခုဘတ် ၉၀၀ ခန့်ပေးရကြောင်း မြဝတီမြို့မှ​ဒေသခံတစ်ဦးကပြောသည်။
"မနေ့ကတော့ ထိုင်းဘက်ကလှေဂိတ်တွေပိတ်ခိုင်းထားတယ်ဆိုတာတော့သိတယ်။ ဒီမနက်ကြတော့ မပိတ်ဘူးလှေတွေထွက်နေတယ်။ ဒါပေမယ့် ဘတ် ၁၀၀ လောက်စျေးတက်သွားတယ်လို့ပြောတယ်" ဟု မြဝတီမြို့မှ​ ဒေသခံတစ်ဦးကပြောသည်။
မဲဆောက်မြို့နယ် အပါအဝင် ဖုတ်ဖရ၊ အုန်းဖန်၊ တာ့ဆောင်ယန်နှင့် မဲရမတ် စသည့် မြို့နယ်ငါးခုမှ ကမ်းကူးလှေဂိတ်များအားလုံး ရက်သတ္တပတ်အကြာပိတ်ထားရမည်ဟု ထိုင်းအာဏာပိုင်များဘက်က ညွှန်ကြားထားကြောင်း ဒေသတွင်းသတင်းများတွင် ရေးသားထားသည်။

image

ထိုင်းရောက်မြန်မာများ ကြိုတင်ဆန္ဒမဲပေးနိုင်မည့်ရက်အား အသိပေးကြေညာ

ထိုင်းရောက်မြန်မာနိုင်ငံသားများအနေဖြင့်မကြာမီကျင်းပတော့မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်ဆန္ဒမဲပေးနိုင်မည့်ရက်အား မြန်မာသံရုံး (ဗန်ကောက်မြို့)ကဒီဇင်ဘာ ၁ ရက်၌ အသိပေး ကြေညာထားသည်။
ထိုင်းရောက် မြန်မာနိုင်ငံသားများ ကြိုတင်မဲလာရောက်ပေးနိုင်ရန်အတွက် ဒီဇင်ဘာ ၆ ရက်နှင့်၇ ရက်တို့တွင် ဗန်ကောက်မြို့ရှိ မြန်မာသံရုံးကို နံနက်၉နာရီမှ ညနေ ၄ နာရီအထိ ဖွင့်လှစ်ပေးထားမည်ဖြစ်ပြီး လာရောက်မဲပေးနိုင်ကြောင်း သိရသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၁၅ ရက်က ကြိုတင်ဆန္ဒမဲပေးနိုင်ရန် ပုံစံ (၁၅)များကို နောက်ဆုံးထား ပေးပို့ထားခဲ့ကြသည့် မြန်မာနိုင်ငံသားများအနေဖြင့်သံရုံးသို့ လာရောက်မဲပေးနိုင်ပြီး မဲပေးနိုင်ရန်အတွက် နိုင်ငံသား စိစစ်ရေးကတ်မူရင်း၊ မိတ္တူနှင့် နိုင်ငံကူးလက်မှတ်မူရင်း ယူဆောင်လာပေးကြရန်လည်း မြန်မာသံရုံးက အသိပေးထားသည်။
လာမည် ရွေးကောက်ပွဲ အပိုင်း (၁)ကို ဒီဇင်ဘာ ၂၈ ရက်၌ စတင်ကျင်းပမည်ဖြစ်ပြီး အပိုင်း (၂) ကို ၂၀၂၆ ဇန်နဝါရီ ၁၁ ရက်၌ ကျင်းပမည်ဖြစ်ကြောင်းပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသည်။

image

ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်ဟောင်း ခါလီဒါဇီယာ၏ ကျန်းမာရေးအခြေအနေ အလွန်စိုးရိမ်ရ

ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ဟောင်း ခါလီဒါဇီယာသည် ဒါကာမြို့တော်ဆေးရုံတစ်ရုံ၌ ဆေးဝါးကုသမှုခံယူနေရပြီး အလွန်စိုးရိမ်ရသည့် အခြေအနေတွင်ရှိကြောင်း ဘင်္ဂလားဒေ့ရှ် အမျိုးသားရေးပါတီ(ဘီအင်န်ပီ)က နိုဝင်ဘာ ၃၀ ရက်တွင် သတင်းထုတ်ပြန်ထားသည်။
အသက် (၈၀) အရွယ် ဘီအင်န်ပီပါတီခေါင်းဆောင် ခါလီဒါဇီယာသည် နှလုံးနှင့်အဆုတ်အပေါ် အကျိုးသက်ရောက်မှုရှိသည့် ရင်ခေါင်းပိုင်းရောဂါတစ်မျိုးကြောင့် နိုဝင်ဘာ ၂၃ ရက်မှစ၍ဒါကာမြို့တော် ပုဂ္ဂလိကဆေးရုံးတစ်ရုံ၌တက်ရောက်၍ ဆေးဝါးကုသမှု ခံယူခဲ့ရသည်။
လက်ရှိအချိန်တွင် ဘီအင်န်ပီပါတီ ယာယီခေါင်းဆောင်ဖြစ်သည့် ခါလီဒါဇီယာ၏ သားဖြစ်သူ
တာရီကေးရာမန်ကလည်း ၎င်းအနေဖြင့် ဗြိတိန်မှဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ပြန်လာနိုင်ရေးမှာ မသေချာ
သေးကြောင်း ထုတ်ပြောထားသည်။
ဘီအင်န်ပီပါတီ ယာယီခေါင်းဆောင် ရာမန်သည် ၂၀၀၈ ခုနှစ်မှစ၍ ဗြိတိန်နိုင်ငံ လန်ဒန်မြို့၌
နိုင်ငံရေးပြည်ပြေးတစ်ဦးအဖြစ် နေထိုင်ခဲ့ရသူဖြစ်သည်။
ပြီးခဲ့သည့်နှစ်အတွင်း ဖြစ်ပွားခဲ့သော လူထုအုံကြွမှုများကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို နှစ်ပေါင်း
များစွာအုပ်ချုပ်ခဲ့သည့် ဝန်ကြီးချုပ်ဟောင်း ရှိတ်ခ်ဟာစီနာ အိန္ဒိယသို့ ထွက်ပြေးခဲ့ရပြီးနောက်ပိုင်း
ခါလီဒါဇီယာ၏ ဘီအင်န်ပီပါတီသည် ဘင်္ဂလားဒေ့ရှ်ပြည်သူများ၏ထောက်ခံမှု ပိုမိုရယူနိုင်ခဲ့သည်။
ဘီအင်န်ပီပါတီသည် ဝန်ကြီးချုပ်ဟောင်းရှိတ်ခ်ဟာစီနာလက်ထက် ကျင်းပခဲ့သော ၂၀၁၄
ခုနှစ် အထွေထွေရွေးကောက်ပွဲနှင့် ၂၀၂၄ ခုနှစ်အထွေထွေရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့သည်။
သို့ရာတွင် ရှိတ်ခ်ဟာစီနာ အလွန်ကာလ၌ဘင်္ဂလားဒေ့ရှ်အိမ်စောင့်အစိုးရက ကျင်းပပေးမည့်
ရွေးကောက်ပွဲတွင် ပါဝင်ရန် ဘီအင်န်ပီပါတီကစီစဉ်ထားသည်။

image

ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးက
ဒု-စာရင်းစစ်မှူး (၉၉) နေရာနဲ့
လ/ထ စာရင်းစစ်မှူး (၁၉၂) နေရာ
အလုပ်ခေါ်စာ

#govjob

imageimage
+4

ဘင်္ဂလားဒေ့ရှ်တွင် ၂၀၀၉ ခုနှစ်က တပ်တွင်းပုန်ကန်မှုတစ်ခုအတွင်း လူအစုလိုက်အပြုံလိုက်သတ်ဖြတ်ရန် ဝန်ကြီးချုပ်ဟောင်း ဟာဆီနာက အမိန့်ပေးခဲ့ကြောင်း စုံစမ်းစစ်ဆေးရေးကော်မရှင် ပြောကြား

၂၀၂၂ ခုနှစ် စက်တင်ဘာ ၂၂ ရက်က နယူးယောက်တွင် အေအက်ဖ်ပီသတင်းဌာနနှင့် ပြုလုပ်သည့် အင်တာဗျူးတွင် ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ဟောင်း ဟာဆီနာကို တွေ့ရစဉ်(Photo: AFP)
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ၂၀၀၉ ခုနှစ်က ဖြစ်ပွားခဲ့သည့် တပ်တွင်းပုန်ကန်မှုတစ်ခုအတွင်း ဒါဇင်နှင့်ချီသည့် စစ်တပ်ထိပ်သီး အရာရှိများအပါအဝင် လူအစုလိုက်အပြုံ လိုက်သတ်ဖြတ်ခံရမှုတွင် ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာဆီနာက သတ်ဖြတ်ရန် အမိန့်ပေးခဲ့ခြင်းဖြစ်ကြောင်း စုံစမ်းစစ်ဆေးရေးကော်မရှင်က နိုဝင်ဘာ ၃၀ ရက်တွင် ပြောကြားခဲ့သည်။
ဘင်္ဂလားဒေ့ရှ် ရိုင်ဖယ်တပ်ရင်း (BDR) မှ စစ်သားများသည် ၂၀၀၉ ခုနှစ်က ဒါကာမြို့ တော်တွင် စတင်ခဲ့ပြီး နိုင်ငံတစ်ဝန်း ပျံ့နှံ့သွားခဲ့သည့် နှစ်ရက်ကြာ ပုန်ကန်မှုအတွင်း စစ်တပ်အရာရှိများအပါအဝင် လူ ၇၄ ဦးကို သတ်ဖြတ်ခဲ့ပြီး ဟာဆီနာအာဏာရလာပြီးနောက် သီတင်းပတ်အနည်းငယ်သာ သက်တမ်းရှိသေးသည့် ၎င်းင်း၏ အစိုးရအဖွဲ့ကို တည်ငြိမ်မှု ပျက်ယွင်းစေခဲ့သည်။
နိုဝင်ဘာ ၃၀ ရက်တွင် ထုတ်ပြန်ခဲ့သည့် ကော်မရှင်၏အစီရင်ခံစာတွင် ထိုအချိန်က ဟာဆီနာဦးဆောင်ခဲ့သည့် Awami League အစိုးရအဖွဲ့သည် တပ်တွင်းပုန်ကန်မှုနှင့် တိုက်ရိုက်ပတ်သက်ခဲ့ကြောင်း ဖော်ပြခဲ့သည်။
လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဖက်ဇ်လီ နျူအာတာပို့ရှ်သည် ထိုအချိန်က ဟာဆီနာ၏ခွင့်ပြုချက်ဖြင့် သတ်ဖြတ်မှုများပြုလုပ်ရန် ကြီးကြပ်ကွပ်ကဲခဲ့ကြောင်း စုံစမ်းစစ်ဆေးရေးကော်မရှင်အကြီးအကဲ ဖက်ဇ် လာ ရာမန်က ပြောကြားခဲ့သည်။

image

မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ကူညီပါရစေဆိုသည့် ဆောင်ပုဒ်အတိုင်း ပြည်သူများက အားကိုးရသည့် ရဲတပ်ဖွဲ့ဝင်ကောင်းများ ဖြစ်စေရေး ကြိုးပမ်းဆောင်ရွက်ရန်လိုကြောင်း ယာယီသမ္မတ ပြောကြား

မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ကူညီပါရစေဆိုသည့် ဆောင်ပုဒ်အတိုင်း ပြည်သူများက အားကိုးရသည့် ရဲတပ်ဖွဲ့ဝင်ကောင်းများ ဖြစ်စေရေး ကြိုးပမ်းဆောင်ရွက်ရန်လိုကြောင်းယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြောကြားသည်။
ဒီဇင်ဘာ ၁ ရက် မွန်းလွဲပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ရဲအရာရှိလေ့ကျင့်ရေး ကျောင်း(ဇီးပင်ကြီး)ရှိ နည်းပြအရာရှိများနှင့် သင်တန်းသား၊ သင်တန်းသူများအား တွေ့ဆုံအမှာစကား ပြောကြားရာတွင် ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အထက်ပါအတိုင်း ထည့်သွင်းပြောကြား ခဲ့ခြင်း ဖြစ်သည်။
ရဲတပ်ဖွဲ့ဝင်များအနေဖြင့် အလေ့အကျင့်ကောင်းများရရှိစေရေး သင်တန်းကျောင်းများမှစတင်၍ အခြေခံမှအစ လေ့ကျင့်ဆောင်ရွက်၍ ယုံကြည်ချက်၊ ခံယူချက်ကောင်းများရှိသည့် ရဲတပ်ဖွဲ့ဝင်များဖြစ်စေရေး လေ့ကျင့်ဆောင်ရွက်ပေးသွားရန်လိုကြောင်း၊ ကူညီပါရစေဆိုသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ဆောင်ပုဒ်အတိုင်း ပြည်သူများက အားကိုးရသည့် ရဲတပ်ဖွဲ့ဝင်ကောင်းများဖြစ်စေရေး ကြိုးပမ်းဆောင်ရွက် သွားကြရန်လိုကြောင်း၊ ရဲတပ်ဖွဲ့ဝင်တစ်ဦးချင်း၏ အတွေးအခေါ်များ ကောင်းမွန်တိုးတက်စေရေး စာအုပ်စာပေများကိုလည်း ဖတ်ရှုလေ့လာနေရန်လိုကြောင်း ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြောကြားသည်။

image