9 w - Translate

Comprehensive Report on Magnesium Hydroxide Market Size & Share 2032 - The Report Cube
Magnesium Hydroxide Market Overview:
Market Size (2024): USD 1.2 Billion
Market Size (2032): USD xx Billion
CAGR (2023–2032): 5%
Top Companies in Magnesium Hydroxide Market: Xinyang Minerals Group, Premier Magnesia, LLC, NikoMag, Nedmag B.V., Tateho Chemical Industries Co., Ltd., Konoshima Chemical Co. Ltd., Osian Marine Chemicals Pvt. Ltd., Elementis, Timab Magnesium, and Others.
Request a Free Sample PDF of This Report - https://www.thereportcubes.com..../request-sample/magn

Request Sample -Magnesium Hydroxide Market Size, Share & Growth Forecast 2030

Request Sample -Explore the Global Magnesium Hydroxide Market, projected to grow at a CAGR of around 5% from 2024 to 2032, driven by rising demand across various industries.
9 w - Translate

Comprehensive Report on Meta-Xylene Market Size & Share 2032 - The Report Cube
Meta-Xylene Market Overview:
Market Size (2023): USD 212.2 Billion
Market Size (2032): USD 315.3 billion
CAGR (2023–2032): 4.6%
Top Companies in Meta-Xylene Market: Avantor, British Petroleum, Chevron Phillips Chemical Company, Compania Espanola De Petroleos, S.A.U. (Cepsa), ExxonMobil, Honeywell International Inc., Thrive Internet, Lotte Chemical, Merck KGaA, MITSUBISHI GAS CHEMICAL COMPANY, Perstorp, and Others (Shell Chemicals LTD, Total Petrochemicals, Versalis SpA).
Request a Free Sample PDF of This Report - https://www.thereportcubes.com..../request-sample/meta

Request Sample -Meta-Xylene Market Size, Share, & Trends | Report Cubes

Request Sample -Explore the global meta-xylene market trends, size, growth, and forecasts up to 2032. Gain insights into key players, applications, and regional analysis.
9 w - Translate

Comprehensive Report on UAE Air Conditioner Market Size & Share 2032 - The Report Cube
UAE Air Conditioner Market Overview:
Market Size (2023): USD 1.1 Billion
Market Size (2032): USD xx Billion
CAGR (2023–2032): 5.6%
Top Companies in UAE Air Conditioner Market: LG Electronics, Fujitsu General, Carrier, Gree, Samsung, Daikin, Mitsubishi, SKM, Midea, Super General, and Others.
Request a Free Sample PDF of This Report - https://www.thereportcubes.com..../request-sample/uae-

Request Sample -UAE Air Conditioner Market Share, Size, Industry Growth 2032

Request Sample -Discover insights into the UAE Air Conditioner Market, projected to grow at a CAGR of 5.6% from 2024 to 2032, driven by improving economic conditions and evolving living standards.

လီဗာပူးလ်နဲ့ပွဲမှာ ထုတ်ပယ်ခံရတဲ့အတွက် မာရက်စ်ကာ နောင်တမရ

အောက်တိုဘာ ၁၃

ချယ်လ်ဆီးအသင်းနည်းပြ မာရက်စ်ကာဟာ လီဗာပူးလ်အသင်းကို ၂ ဂိုး-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ သူ့ရဲ့အောင်ပွဲခံမှုကြောင့် ထုတ်ပယ်ခံခဲ့ရတဲ့အပေါ် နောင်တရခြင်း မရှိဘူးလို့ ပြောခဲ့ပါတယ်။

မာရက်စ်ကာက “ဒါက အလွန်ကြီးမားတဲ့ စိတ်ခံစားမှုဖြစ်ပြီး ကျနော့်ရဲ့ ချယ်လ်ဆီးအသင်း နည်းပြဘဝ ဒုတိယ မြောက်ရာသီမှာ နောက်ဆုံးမိနစ်သွင်းဂိုးနဲ့ ပထမဆုံးအကြိမ် အိမ်ကွင်းမှာ အနိုင်ရခဲ့ပါတယ်။ ဘောလုံးဆိုတာ စိတ်အားထက်သန်မှုဆိုတာ ကျနော် အကြိမ်ကြိမ် ပြောခဲ့ဖူးပါတယ်။ ကျနော်တွေးဖို့ အချိန်မရှိခဲ့တာ ဖြစ်နိုင်သလို အလိုလို ဖြစ်လာတဲ့ တုံ့ပြန်မှုကြောင့် အနီကတ်ပြခံခဲ့ရပါတယ်။ ဒါက ထိုက်တန်တယ်လို့ ကျနော်ထင်ကြောင်း”ပြောခဲ့ပါတယ်။

ဒီရာသီ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ၃ ပွဲဆက်တိုက် နိုင်ပွဲပျောက်ခဲ့တဲ့ ချယ်လ်ဆီးအသင်းဟာ လီဗာပူးလ်အသင်း နဲ့ပွဲစဉ်မှာ အက်စ်တီဗာအိုရဲ့ နောက်ကျသွင်းဂိုးကြောင့် နိုင်ပွဲပြန်လည် ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

ချယ်လ်ဆီး ကစားသမားတွေဟာ အနိုင်ဂိုးကြောင့် အလံတိုင်ထောင့်နားမှာ အကြီးအကျယ် အောင်ပွဲခံနေချိန် နည်းပြ မာရက်စ်ကာလည်း သူတို့ဆီသွားရောက်ပြီး အောင်ပွဲခံမှုမှာ ပါဝင်ခဲ့တာပါ။

အဲဒါကြောင့် မာရက်စ်ကာကို ကွင်းလယ်ဒိုင်လူကြီး အန်တိုနီတေလာက ဒုတိယမြောက် အဝါကတ်ပြသပြီး နှစ်ဝါတစ်နီနဲ့ ထုတ်ပယ်ခဲ့တာဖြစ်ပါတယ်။

မာရက်စ်ကာဟာ ဒီအနီကတ်ကြောင့် နိုင်ငံတကာ ပွဲစဉ်တွေအပြီး အောက်တိုဘာ ၁၈ ရက်မှာ ကစားမယ့် နော်တင်ဟမ်ဖောရက်စ်အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ချယ်လ်ဆီးအသင်းကို ကွင်းအတွင်း ကြီးကြပ်ခွင့်ရမှာ မဟုတ်တော့ပါဘူး။

မာရက်စ်ကာကတော့ ဒီအနီကတ်ဟာ အလိုလိုဖြစ်လာတဲ့ တုံ့ပြန်မှုဖြစ်ပြီး နောင်တရခြင်း မရှိဘူးလို့ Trento Sports Festival မှာ ပြောခဲ့ပါတယ်။

မာရက်စ်ကာဟာ ချယ်လ်ဆီးအသင်းကို သူ့ရဲ့ ပထမဆုံးရာသီမှာ ကွန်းဖရန့်လိဂ်နဲ့ ဖီဖာကလပ် ကမ္ဘာ့ဖလား ရယူပေးနိုင်ခဲ့တာပါ။

ချယ်လ်ဆီးအသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ်ပွဲစဉ် ၇ ပွဲ ကစားအပြီးမှာ ရမှတ် ၁၁ မှတ်နဲ့ အမှတ်ပေးဇယား အဆင့် ၇ နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။

Source: Goal

ပုံ - မာရက်စ်ကာကို တွေ့ရစဉ်

#ဘောလုံးသတင်းစုံ

image

NCA ၁၀ နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားကို ​နေပြည်​တော်မှာ ၃ရက်တာ ကျင်းပမည်

နေပြည်တော်၊ အောက်တိုဘာ ၁၃

တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်(NCA) ၁၀ နှစ်ပြည့်အထိမ်းအမှတ် နှစ်ပတ်လည် အခမ်းအနားကို နေပြည်တော် က မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (၁) MICC I ခန်းမမှာ ကျင်းပမှာဖြစ်ပါတယ်။

ဒီအခမ်းအနားကို အောက်တိုဘာ ၁၅ ရက်နေ့ကစတင်ပြီး အောက်တိုဘာ ၁၇ ရက်နေ့အထိ သုံးရက်တိုင်တိုင် ကျင်းပသွားမှာဖြစ်ပါတယ်။

ဒီအခမ်းအနားမှာ ငြိမ်းချမ်းသော မြန်မာ့အနာဂတ် တည်ဆောက်ခြင်း၊ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းသာယာသော အနာဂတ် တည်ဆောက်ရန်အတွက် ဆက်လက်ဆောင်ရွက်ရမည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဖော်ထုတ်ခြင်း ဆိုတဲ့ ခေါင်းစဥ်တွေနဲ့ နိုင်ငံတကာက ဖိတ်ကြားထားတဲ့ ဧည့်သည်တော်များ၊ ပြည် တွင်းပြည်ပ ပညာရှင်များ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီ ခေါင်းဆောင်များ၊ အစိုးရဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများ၊ ပါဝင်သင့်ပါဝင်ထိုက်သူများ၊ အသိပညာရှင် အတတ်ပညာရှင်များ၊ မီဒီယာကိုယ်စားလှယ်များ၊ မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် ပါဝင်ဆောင်ရွက်ကြသူတွေ ပါဝင်ဆွေးနွေးသွားမှာဖြစ်ပါတယ်။

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ၏ ၁၀ နှစ်တာကာလအတွင်း အကောင်အထည်ဖော်နိုင်မှုများ၊ အောင်မြင်မှုများနှင့် သင်ခန်းစာများကို ဆန်းစစ်သုံးသပ်ရန်၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှ ရရှိခဲ့သည့် အတွေ့အကြုံများနှင့် အမြင်များကို မျှဝေနိုင်ရန် အဓိကသက်ဆိုင်ရာ အဖွဲ့အစည်းများအကြား ပါဝင်သင့်ပါဝင်ထိုက်သူ အားလုံးပါဝင်သည့် ဆွေးနွေးမှုများကို တိုးမြှင့်ရန်၊ NCA ၏ ပကတိအနှစ်သာရနှင့် မြန်မာ့ငြိမ်းချမ်းရေး ဖြစ်စဉ်ကို ပြည်သူလူထုမှ သဘောပေါက်သိရှိ နားလည်ပြီး ပိုမိုပူးပေါင်းဆောင်ရွက်လာနိုင်မည့် အခန်းကဏ္ဍများကို ဖော်ထုတ်ရန်၊ အနာဂတ် မြန်မာနိုင်ငံတော်ကို တည်ဆောက်ခြင်းလုပ်ငန်းစဉ် တွင် ငြိမ်းချမ်းရေး၊ နိုင်ငံရေး၊ လုံခြုံရေး၊ ဖွံ့ဖြိုး တိုးတက်ရေးနှင့် ရွေးကောက်ပွဲတို့ကို ပေါင်းစပ် ဆောင်ရွက်ရန်၊ ငြိမ်းချမ်းရေး၏ အသီးအပွင့်များကို ဒေသန္တရအဆင့်၊ နိုင်ငံတကာအဆင့် ဖွံ့ဖြိုးတိုးတက် ရေးစီမံကိန်းများနှင့် ပေါင်းစပ်ဆောင်ရွက်နိုင်ရန် ဆိုတဲ့ ရည်ရွယ်ချက်တွေကိုလည်း ဆွေးနွေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

၂၀၁၅ ခုနှစ် အောက်တိုဘာလ (၁၅) ရက် နေ့က နေပြည် တော်ရှိ MICC-II (Myanmar International Convention Center II) မှာ အမျိုးသား ငြိမ်းချမ်းရေး သဘောတူစာချုပ် (NCA Nationwide Ceasefire Agreement) ကို နိုင်ငံတော်အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေက တရားဝင် လက်မှတ်ထိုးခဲ့ကြတာ ဖြစ်ပါတယ်။

အဲ့ဒီနေ့မှာ အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေဖြစ်တဲ့ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNU / KNLA)၊ ဒီမိုကရက်တစ် ကရင်အကျိုးပြု တပ်မတော် (DKBA)၊ ကရင်ပြည်နယ် လွတ်မြောက်ရေးတပ် (KNLA-PC)၊ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS / SSA-South)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးကောင်စီ (PNLO)၊ ရခိုင်ပြည်လွတ်မြောက် ရေးပါတီ(ALP)၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) အဖွဲ့တို့ က လက်မှတ်ထိုးခဲ့ကြပါတယ်။

၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်နေ့မှာလည်း လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) နဲ့ မွန်ပြည်သစ်ပါတီ (MNSP)တို့ က အစိုးရအဖွဲ့နဲ့ NCA လက်မှတ် ရေးထိုးခဲ့ကြပါတယ်။

လက်ရှိအ​ခြေအ​နေမှာ တချို့အဖွဲ့​တွေက NCA ကတိကဝတ်​တွေကို ချိုး​ဖောက်တာရှိ​နေတဲ့အတွက် လက်မှတ်ထိုးပြီးသားအဖွဲ့​တွေထဲက ဘယ်နှဖွဲ့တက်​ရောက်မယ်ဆိုတာ​တော့ အတိအကျ မသိရ​သေးပါဘူး။

ဒီပွဲကို နိုင်ငံတကာအဖွဲ့အစည်း​တွေ မတက်​ရောက်ဖို့ လွန်ခဲ့တဲ့ ၁၀နှစ်က NCA လက်မှတ်ထိုးတဲ့အဖွဲ့​တွေထဲက ၆ဖွဲ့က ထုတ်ပြန်တာကို​တွေ့ရတဲ့အတွက် နိုင်ငံတကာအဖွဲ့​တွေ တက်မတက်ဆိုတာ စိတ်ဝင်စားစရာဖြစ်​နေပါတယ်။

ပုံ Naypyidaw DC

NCA ၁၀ နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားကျင်းပမယ့် MICC1

Credit - VOM News Agency

#centralnewsnaypyitaw

image

ဂါဇာရှိ အစ္စရေးဓါးစာခံအားလုံး လွတ်မြောက်ပြီ

တဲလ်အဗစ်၊ အောက်တိုဘာ ၁၃

ဂါဇာကမ်းမြောင်ဒေသမှာ ဟားမတ်စ်အဖွဲ့ ဖမ်းဆီးထားတဲ့ နောက်ဆုံးဓားစာခံ အယောက် ၂၀ ဟာ အစ္စရေးကို ပြန်ရောက်နေပြီလို့ အစ္စရေးစစ်တပ်က အတည်ပြု ပြောဆိုလိုက်ပါတယ်။

သူတို့တွေကို ၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်က တိုက်ခိုက်မှုအတွင်း ဟားမတ်စ်တို့က ဖမ်းဆီးခဲ့တာဖြစ်ပြီး ဒီကနေ့မနက်မှာ ပြန်လွှတ်ပေးခဲ့တာဖြစ်ပါတယ်။ သေဆုံးသွားတဲ့ ဓားစာခံ ၂၈ ယောက်ရဲ့ အလောင်းတွေကိုတော့ ပြန်မပေးသေးပါဘူး။

ဓားစာခံလဲလှယ်ရေးအစီအစဉ်အရ အစ္စရေးဟာ ပါလက်စတိုင်း အကျဉ်းသား ၂၅၀ နဲ့ အခြားထိန်းသိမ်းထားသူ ၁၇၀၀ ကျော်ကို လွှတ်ပေးခဲ့ပြီး ပထမအသုတ်ဟာ အစ္စရေး အကျဉ်းထောင်တွေကနေ ထွက်ခွာသွားပြီ ဖြစ်ပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ကတော့ အစ္စရေးမှာ ရောက်ရှိနေပြီး စစ်ပွဲပြီးဆုံးပြီလို့ ကြေညာခဲ့ပါတယ်။ ဒီနောက်မှာ အစ္စရေးပါလီမန်မှာ မိန့်ခွန်းပြောကြားခဲ့ပြီး ဂါဇာငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက် အီဂျစ်ကို သွားရောက်မှာ ဖြစ်ပါတယ်။

ဒီဆွေးနွေးပွဲတက်ဖို့ အီဂျစ်သမ္မတက အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုကို ဖိတ်ကြားခဲ့ပေမယ့် ဂျူးအားလပ်ရက်နဲ့ နီးကပ်နေတာကြောင့် တက်ရောက်မှာ မဟုတ်ဘူးလို့ အစ္စရေးသမ္မတရုံးကထုတ်ပြန်ထားပါတယ်။

ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းအားထုတ်မှုတွေအတွက် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ကို ကျေးဇူးတင်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဂါဇာအပစ်ရေပ်ရေး အောင်မြင်ခဲ့ပေမယ့် ရေရှည်ငြိမ်းချမ်းရေး သဘောတူညီချက်မရသေးတာကြောင့် ကမ္ဘာ့ခေါင်းဆောင် ၂၀‌ ကျော်ဟာ အီဂျစ်မှာ ဆွေးနွေးကြမှာဖြစ်ပါတယ်။

Ref:BBC
Photo:Reuters

Credit - Voice of Myanmar

#သတင်းဟင်းလေးအိုးကြီး

image
image
image
image
image
9 w - Translate

President Trump was greeted with a standing ovation from Israel’s parliament as he entered the room for his address.
Follow live updates: https://abcnews.link/WctDL78

image
9 w - Translate

◾️ကနီမြို့ဗဟိုပြု၍အင်အား ၄ ဒသမ ၅ အဆင့်ရှိငလျင် လှုပ်ခတ်
စစ်ကိုင်းတိုင်း၊ ကနီမြို့ကိုဗဟိုပြု၍ ယနေ့(အောက်တိုဘာ ၁၃ ရက်)မွန်းလွဲပိုင်းတွင် အင်အားရစ်ခ်ျတာ စကေး ၄ ဒသမ ၅ အဆင့်ရှိ ငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်သည်။
အ‌ဆိုပါငလျင်မှာ ယနေ့မြန်မာစံတော်ချိန်မွန်းလွဲ ၁၂ နာရီ၊ ၁၀ မိနစ်၊ ၃၀ စက္ကန့်တွင် ဟားခါးမြေငလျင် စခန်းမှ အရှေ့-အရှေ့တောင်ဘက် ၆၁ မိုင်ခန့်ကွာဝေးသော ကနီမြို့၏ အနောက်ဘက် ၂၁ မိုင်ခန့် အကွာ၊ မြောက်လတ္တီတွဒ် ၂၂ ဒသမ ၄၀ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၄ ဒသမ ၅၂ ဒီဂရီ၊ အနက် ၈၄ ကီလိုမီတာကိုဗဟိုပြု၍လှုပ်ခတ်ခဲ့သည့်အင်အားအနည်းငယ်ရှိမြေငလျင်တစ်ခုဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
ထို့ပြင်ပြီးခဲ့သည့်(အောက်တိုဘာ ၉ ရက်)တွင် ပဲခူးတိုင်း၊ သာယာဝတီမြို့၌ အင်အားရစ်ချ်တာစကေး ၃ ဒသမ ၈ အဆင့်ရှိငလျင်နှင့် အောက်တိုဘာ ၁၀ ရက်တွင်ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့၌ အင်အား ရစ်ချ်တာစကေး ၄ ဒသမ ၄ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၏ထုတ်ပြန်ချက်အရသိရသည်။
သတင်း - အင်ကြင်း
#ပြည်တွင်းသတင်း

image

◾️ဓားစာခံခုနစ်ဦး လွတ်မြောက်လာကြောင်း အစ္စ‌ရေးစစ်ဘက်အတည်ပြု
ဂါဇာမှ လွတ်မြောက်လာသော ဓားစာခံခုနစ်ဦးသည် မကြာ‌သေးမီ အချိန်ပိုင်းကပင် အစ္စရေးနိုင်ငံထဲသို့ ဖြတ်ကျော်ဝင်ရောက်လာခဲ့ကြောင်း အစ္စ‌ရေးစစ်ဘက် (IDF) က အတည်ပြုခဲ့သည်။
လွတ်မြောက်လာသူများသည် နိုင်ငံတောင်ပိုင်းမှ ကနဦး လက်ခံရေးစင်တာတွင် ရောက်ရှိနေပြီး မကြာခင် မိသားစုများနှင့် ပြန်လည်ပေါင်းစည်းကြမည်ဖြစ်ကြောင်း စစ်ဘက်က ဆက်ပြောသည်။
လွတ်မြောက်လာသော ခုနစ်ဦးအပြင် အသက်ရှင်နေသေးသူ နောက်ထပ် ဓားစာခံ ၁၃ ဦးကိုလည်း ယနေ့မှာပင် ပြန်လွှတ်ပေးမည်ဟု မျှော်လင့်ထားကြကြောင်း ဘီဘီစီသ တင်းက ဖော်ပြသည်။
ယင်းမတိုင်မီတွင် ဓားစာခံအချို့က မိသားစုများနှင့် ဗီဒီယိုမှတစ်ဆင့် စကားပြောနေသော ပုံရိပ်များကို မြင်တွေ့ရသည်။
ပြန်လွတ်လာသူ ခုနစ်ဦးကို အစ္စရေးတပ်ဖွဲ့များ က စောင့် ကြပ်ခေါ်ဆောင်လာခဲ့ကြောင်း ၊ ၎င်းတို့အား ကနဦး‌ဆေးစစ်ချက်များ လုပ်ဆောင်မည်ဖြစ်ကာ နောက်ပိုင်းတွင် ကြက်ခြေနီအဖွဲ့ ထံသို့ လွှဲပြောင်းပေးလိုက်သော ဓားစာခံများကို ထပ်မံလက်ခံရန် ပြင်ဆင်နေကြောင်း အစ္စရေးစစ်ဘက် က အစောပိုင်းတွင်ပြောကြားသည်။
လွတ်မြောက်လာသော ဓားစာခံများ၏ နာမည်များကို အစ္စရေးနိုင်ငံခြားရေးဝန်ကြီးဌာနကလည်း အတည်ပြုထုတ်ပြန်ခဲ့ပြီး ၎င်းတို့မှာ အီတန်မော၊ ဂါလီဘားမန်း၊ ဇစ်ဘားမန်း၊ အုမ်မီမီရန်၊ အလွန်အိုဟယ်လ်၊ ဂိုင်ဂီဘောင်ဒါလယ်၊ မာတန် အန်းဂရက် တို့ဖြစ်ကြောင်း ပြောကြားသည်။
သတင်း-ရဲမင်း
ကိုးကား-BBC
#နိုင်ငံတကာသတင်း

image
9 w - Translate

◾️Operations Executive - Yangon
Company: Ulink Assist Myanmar
Salary Range: MMK 400,000 - 500,000
https://joimyanmar.com/job/detail/25164

◾️Marketing Assistant - Yangon
Company: Viettel Construction Myanmar
Salary Range: MMK 400,000 - 500,000
https://joimyanmar.com/job/detail/25489

◾️Sales Staff (Wholesales) - Yangon
Company: Grand Cherry Oo Company Limited
Salary Range: MMK 300,000 - 400,000
https://joimyanmar.com/job/detail/25492

◾️Admin Assistant - Yangon
Company: I Jin Inter Myanmar Company Limited (Commalax Health & Beauty)
Salary Range: MMK 300,000 - 400,000
https://joimyanmar.com/job/detail/25494

image