ချောကလတ်ရေခဲချောင်း
ပါဝင်ပစ္စည်းများ
ယိုးဒယားဘူးအုန်းနို့ ၃ ဘူး ( ကြိတ်အုန်းနို့ အစားထိုးသုံးနိုင် )
ချောကလတ်မှုန့် ဆန်ချိန်ခွက် ၁ ခွက်
ပျားရည် ဆန်ချိန်ခွက် ၁ ခွက် ( အချိူကြိုက်နှစ်သလို ထပ်ထည့်နိုင်သည် )
ဗီနီလာအနံ စားပွဲတင်ဇွန်း ၁ ဇွန်း
သစ်ဂျပိုးခေါက် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ရေခဲချောင်းပြုလုပ်သည့်မှို
ပြုလုပ်ပုံအဆင့်ဆင့်
ပါဝင်ပစ္စည်းများ အားလုံးကို ဖျော်ရည်စက်ထဲအကုန်ထည့်ပြီး ညှက်ပြီးချောမွေ့နေတဲ့အထိကြိတ်ရပါမယ်။ ကြိတ်ပြီးပါက ရေခဲချောင်းပြုလုပ်သည်မှိုထဲထည့်ပြီး ရေခဲသေတ္တာထဲထည့်တွင်သိမ်းဆည်းပြီးစားသုံးနိုင်ပါသည်။

image

တောင်ကြီး တန်ဆောင်တိုင်ပွဲသွား
မည့်သူများဟိုတယ် တွေမရရင် စိတ်မပူပါနဲ့😊
🚗ကိုယ်ပိုင်ကားနဲ့လာတဲ့သူများ ပိုအဆင်ပြေပါတယ် ကလောမှပဲတည်းပါ။ တောင်ကြီးကို ညနေ ၄နာရီထွက်ပါ ကားပုံမှန်မောင်းရင် ၁နာရီ ဆိုရင်တောင်ကြီးရောက်ပါပြီး
🚗ကားပါကင်ကို မြို့သူမြို့သားတွေရပ်တဲ့နေရာရပ်ပါ။ပါကင်ကြေးမပေးရပါဘူး။ပြီးရင်ပွဲထဲလမ်းလျှောက်ဝင်ပါ။ ကျနော်ကိုယ်တိုင်လည်းအဲ့လိုပဲလုပ်ပါတယ်။တန်ဆောင်တိုင်ဆိုရင် တောင်ကြီး ဟိုတယ်စျေး တတ်ပါတယ် တတ်မဲ့အတူ ကလောမှာတည်း နေ့ကို အထင်ကရနေရာတွေလည်ပတ် ညနေဆို တောင်ကြီးတတ် ပြန်ချင်တဲ့အချိန်မှပြန်ဆင်း
လမ်းမကြပ်ဘူး စစ်ဆေးရေးဂိတ်လည်း မပိတ်ထားဘူးဗျာ
🚗ကိုယ်ပိုင်ကားမပါတဲ့သူတွေက ကားငှားတွေကြိုချိတ်ထားပါ
အပေါ်က ပြောပြသလိုပဲ သွားပါ။
တောင်ကြီးတန်ဆောင်တိုင်ပြီးရင် ကလောတန်ဆောင်တိုင်ပွဲကိုဆက်လည်လို့ရပါတယ် ကလော ပွဲကအရမ်းပျော်ဖို့ကောင်းပါတယ်ဗျာ ကလောပွဲ အချိန်ဇယားမထွက်သေးလို့ပါ ထွက်ရင် တင်ပေးပါမယ်ဗျာ
ကိုယ်တိုင်ကြုံတွေ့ရတာမလို ပြောပြတာပါ
zinkokalaw(စာ)
ရှမ်းပြည်နယ်တောင်ပိုင်းရိုးရာမီးပုံးပျံပညာရှင်များအသင်း(ဓာတ်ပုံ)

image

တစ်ရက်ကို #ငှက်ပျောသီး (၃)လုံး စားပေးခြင်းဖြင့် ရရှိမည့် အကျိူးကျေးဇူးများ…
(၁) အသက် ၄၀ကျော်လာသည် နှင့် ရိုးတွင်းချဉ်ဆီ လျော့လာပြီး အရိုးအဆစ် နာကျင်လာတတ်ပါတယ်။ ဒါကြောင့် မနက် နေ့ ည ငှက်ပျော် သီးမှည့် (၃) လုံး စားပေးပါ …။
(၂) အစာအိမ် ကင်ဆာသမားများနှင့် အရိုး ကင်ဆာ သမားများ ငှက်ပျောသီး စားပေးခြင်းဖြင့် ရောဂါကို မြန်မြန် သက်သာစေမှာပါ …။
(၃) စိတ်ဖိစီးပြီး စိတ်ညစ်မှု ဝေဒနာဖြစ်လျှင် ငှက်ပျော် သီးမှည့် စားပေးပါ …။
(၄) ကျောက်ကပ် အားနည်း ကျောက် ကပ် နာကျင်မှု အတွက် ပိုတက်စီယံ ကြွယ်ဝသော ဌက်ပျောသီးကို နေ့စဉ် စားပေးပါ …။
(၅) အူမကြီး မြန်ဆန်စွာ အလုပ် လုပ်နိုင်ရန် နေ့စဉ် ငှက်ပျောသီး စားပါ …။
(၆) မျက်စိမှုန်ခြင်း မျက်စိ တိမ် ကပ်ခြင်းများ အတွက် နေ့စဉ် ငှက်ပျောသီး စားပါ …။
(၇) ဝမ်းချူပ်ပြီး အပူအပုတ် ကိန်းအောင်းနေလျှင် ညစဉ် ငှက်ပျောသီး စားပေး ပါ …။
(၈) ပင်ပန်းနွမ်းနယ်ပြီး အင်အားမရှိ ဖြစ်နေလျှင်လည်း ငှက်ပျောသီး တစ်နေ့ ၃လုံး စားပေးပါ …။
(၉) လေးဘက်နာ အဆစ်အမြစ် ကိုက်ခဲနေ လျှင် လည်း ငှက်ပျောသီး စားပေးပါ …။
crd

image

အပျော်လွန်မနေနဲ့ ယွခမ မျက်နှာလဲကြည့်အုန်း.🥴

image
9 w - Translate

စကားပြောလိုက်ရရင်
စိတ်သက်သာရာရတဲ့
လူတစ်ယောက်ကိုယ့်မှာရှိရင်
ဘဝဟာ သိပ်ကံကောင်းတယ်။

သရက်ပင် နှစ်ချင်းသီးအောင် ?

အလုံးကြီးအောင် ပြုလုပ်နည်း ?

ရော်နယ်ဒိုက မိမိရဲ့ အမြဲတမ်းစံပြပုဂ္ဂိုလ်လို့ ဘတ်ပီ ပြော

အောက်တိုဘာ ၁၃

ပြင်သစ်ကြယ်ပွင့်ဘတ်ပီက ပေါ်တူဂီအသင်းခေါင်းဆောင် ရော်နယ်ဒိုဟာ သူ့ရဲ့အမြဲတမ်း စံပြပုဂ္ဂိုလ်ဖြစ်သလို သူဟာ ရီးရယ်လ်အသင်းမှာ နံပါတ်တစ်အဖြစ်ရှိနေဆဲလို့ Movistar နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ပြောခဲ့ပါတယ်။

ဘတ်ပီက “ခရစ္စတီယာနိုဟာ ကျနော့်အတွက်တော့ အမြဲတမ်း စံပြပုဂ္ဂိုလ်တစ်ဦးပါ။ သူနဲ့စကားပြောရတာ ကံကောင်းပြီး သူဟာ ကျနော့်ကို အကြံဉာဏ်တွေလည်း ပေးသလို အကူအညီတွေလည်းပေး ပါတယ်။ သူဟာ မက်ဒရစ်မှာ နံပါတ်တစ်အဖြစ် ရှိနေဆဲလို့ ကျနော်ထင်ပါတယ်။ ပရိသတ်တွေက ရော်နယ်ဒိုကို အိပ်မက် မက်နေ ဆဲဖြစ်ပေမယ့် ကျနော်ကတော့ ကိုယ့်လမ်းကိုယ်လျှောက်ချင်ပါတယ်”လို့ ပြောခဲ့တာပါ။

ဘတ်ပီရဲ့ငယ်ဘဝ Idol တစ်ဦးဖြစ်တဲ့ ရော်နယ်ဒိုဟာ ရီးရယ်လ်အသင်းမှာ ၂၀၀၉ ကနေ ၂၀၁၈ ခုနှစ်အထိ ၉ ရာသီကြာ ကစားခဲ့ပြီး သွင်းဂိုး ၄၅၀ သွင်းယူကာ ချန်ပီယံလိဂ်ဖလား ၄ ကြိမ် အပါအဝင် ဆုဖလားပေါင်း ၁၆ ခု ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဘတ်ပီကလည်း လက်ရှိအချိန်မှာ ရော်နယ်ဒိုရဲ့ ခြေရာအတိုင်း လိုက်လုပ်နိုင်ဖို့ မျှော်လင့်နေပြီး ရီးရယ်လ်အသင်း ကစားသမားဘဝ ပွဲဦးထွက်ခဲ့တဲ့ ပြီးခဲ့တဲ့ရာသီမှာ ၄၄ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။

ဘတ်ပီဟာ ဒီရာသီမှာလည်း အကောင်းဆုံး ခြေစွမ်းပြသနေပြီး ရီးရယ်လ်အသင်းအတွက် ကစားထားတဲ့ ၁၀ ပွဲမှာ ၁၄ ဂိုး သွင်းယူထားတာပါ။

ဘတ်ပီဟာ ပြီးခဲ့တဲ့ အဇာဘိုင်ဂျန်အသင်းနဲ့ ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ်မှာ ပြင်သစ်အသင်းအတွက် ပါဝင်ကစားခဲ့ပြီး ဂိုးသွင်းနိုင်ခဲ့ပေမယ့် ခြေကျင်းဝတ်ဒဏ်ရာ ရရှိခဲ့တဲ့အတွက် လူစာရင်းကနေ ထွက်ခွာကာ ရီးရယ်လ်အသင်းထံ ပြန်လာခဲ့ပါတယ်။

လာလီဂါ အမှတ်ပေးဇယား ထိပ်ဆုံးနေရာမှာ ရီးရယ်လ်အသင်းဟာ လာမယ့် လိဂ်ပွဲစဉ်အဖြစ် ဂီတာဖေးအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဒီပွဲမှာ ဘတ်ပီ ပါဝင်နိုင်မလားဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

Source: ESPN

ပုံ - ဘတ်ပီနဲ့ ရော်နယ်ဒိုကို တွေ့ရစဉ်

#ဘောလုံးသတင်းစုံ

image

မြောက်ကိုရီးယားက နောက်ဆုံးပေါ် ICBM ဒုံးကျည်ကို ထုတ်ပြ

ပြုံယမ်း၊ အော်ကတိုဘာ ၁၃

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန် ( Kim Jong Un) သည် အောက်တိုဘာ ၁၁ ရက် ညပိုင်းက ပြုလုပ်ခဲ့သည့် စစ်ရေးပြ အခမ်းအနားကို ကြီးကြပ်ခဲ့ပြီး ပြည်ပခေါင်းဆောင်များ တက်ရောက်လာခဲ့သော ထိုစစ်ရေးပြ အခမ်းအနားတွင် နောက်ဆုံးပေါ် တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည် (ICBM) အသစ်ကို ထုတ်ဖော်ပြ ခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။

မြောက်ကိုရီးယား၏ အာဏာရ အလုပ်သမားပါတီ ထူထောင်သည့် နှစ်ပေါင်း ၈၀ ပြည့် အထိန်းအမှတ်အဖြစ် အောက်တိုဘာ ၁၀ ရက်က အောင်ပွဲခံ အခမ်းအနားများ ပြုလုပ်ခဲ့ပြီးနောက် အောက်တိုဘာ ၁၁ ရက်တွင် စစ်ရေးပြ အခမ်းအနားကို ဆက်တိုက် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ထိုစစ်ရေးပြ အခမ်းအနားတွင် တရုတ်ဝန်ကြီးချုပ် လီချင် (Li Qiang) ၊ ရုရှားသမ္မတဟောင်း ဒီမီထရီ မက်ဗီးဒက်ဗ် (Dmitry Medvedev) နှင့် ဗီယက်နမ်ကွန်မြူနစ်ပါတီ အကြီးအကဲ တိုလမ် (To Lam) တို့ကို ကင်မ်၏ နံဘေးတွင် မြင်တွေ့ခဲ့ရကာ အခြားပြည်ပ ခေါင်းဆောင်များလည်း စစ်ရေးပြ အခမ်းအနားကို တက်ရောက်လာခဲ့သည်။

ထိုပြင် စစ်ရေးပြ အခမ်းအနားအတွင်း မြောကိရီးယား၏ အင်အားအပြင်းဆုံး မဟာဗျူဟာမြောက် နျူကလီးယား လက်နက်စနစ်ဟု ကြေညာထားသည့် Hwasong-20 တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည်အသစ် အပါအဝင် မြောက်ကိုရီးယား၏ ခေတ်အမီဆုံး လက်နက်အချို့ကို ပြသခဲ့သည်ဟု မြောက်ကိုရီးယားနိုင်ငံပိုင် KCNA သတင်း အေဂျင်စီက ဖော်ပြခဲ့သည်။

Hwasong အမျိုးအစား ICBM ဒုံးကျည်များသည် အမေရိကန်၏ မည်သည့် ကုန်းမြေကိုမဆို ပစ်မှတ်ထား တိုက်ခိုက်နိုင်စွမ်း ရှိလိမ့်မည်ဟု ထင်ကြေးပေးမှုများ ထွက်ပေါ်နေသော်လည်း ထိုဒုံးကျည်များ၏ ပစ်မှတ်သို့ ရောက်ရှိနိုင်မည့် ပဲ့ထိန်းစနစ် နည်းပညာအပေါ် မေးခွန်းများလည်း ထွက်ပေါ်နေသည်။

“Hwasong-20 ဒုံးကျည်တွေက လက်ရှိအချိန်မှာ မြောက်ကိုရီးယားရဲ့ တာဝေးပစ် နျူကလီးယား ထိပ်ဖူး တပ်ဆင် နိုင်တဲ့ နောက်ဆုံးပေါ် လက်နက်တွေလို့ ပြောလို့ရပါတယ်။ ဒါပေမယ့်လည်း အဲဒီလက်နက် စနစ်တွေကို အခုနှစ် မကုန်ခင် စမ်းသပ်လိမ့်မယ်လို့လည်း မျှော်လင့်ရပါတယ်” ဟု အမေရိကန်အခြေစိုက် Carnegie Endowment for International Peace ၏ ကျွမ်းကျင်သူ အန်ကစ် ပန်ဒါ (Ankit Panda) က ပြောကြားခဲ့သည်။

စစ်ရေးပြ အခမ်းအနားတွင် ပြသခဲ့သည့် လက်နက်စနစ်များအနက် မဟာဗျူဟာမြောက် တာဝေးပစ် ခရုဇ်ဒုံးကျည် များ၊ ဒရုန်းလွှတ်တင်သည့် ယာဉ်များ၊ မြေပြင်မှ ဝေဟင်ပစ်၊ မြေပြင်မှ မြေပြင်ပစ် ဒုံးကျည်များနှင့် အသေခံ ဖောက်ခွဲတိုက်ခိုက်ရေး ဒရုန်းများလည်း ပါဝင်ကြောင်း တောင်ကိုရီးယားရှိ ကိုရီးယားပြန်လည်ပေါင်းစည်းရေး အင်စတီကျုမှ ကျွမ်းကျင်သူ ဟောင်မင် (Hong Min) က ပြောကြားခဲ့သည်။

ထိုစစ်ရေးပြ အခမ်းအနားအတွင်း ကင်မ်က မိန့်ခွန်း ပြောကြားရာတွင် မြောက်ကိုရီးယား၏ အနိုင်မခံ၊ အရှုံးမပေး သည့် စစ်တပ်သည် အခက်အခဲများကို ကျော်လွှားပြီး တောက်ပသည့် အနာဂတ်ကို ယူဆောင်လာမည့် မိမိတို့ ပါတီ၏ အားထုတ်ကြိုးပမ်းမှုများကို ခိုင်မာစေရန် အမြဲတမ်း လုပ်ဆောင်ခဲ့ကြောင်း ပြောကြားခဲ့သည်။

Source: ရိုက်တာ

ပုံ - မြောက်ကိုရီးယား တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည်ကို ပြသစဉ်

Credit - CNI Burmese

#centralnewsnaypyitaw

image

🔥🌶️အာပူ လျှာပူ ကြက်သောက်ဆမ်း ချဉ်စပ်ဟင်းချက်နည်း🔥🌶️
****************************************************************
ပါဝင်ပစ္စည်း =ကြက်သား /ငပိ/ဆီ/ဆား/
ကြက်သွန်မြိတ်/ရှမ်းနံနံ/ကြက်သွန်ဖြူ/နီ /
နနွင်း/အရသာမှုန့်/ငရုတ်ကောင်း/ စပါးလင်/ဂျင်း/
ငရုတ်သီးစိမ်း/ငရုတ်သီးလှော်/သံပုရာသီး😊😊😊ပါဝင်ပစ္စည်းလေးတွေပါ။
_______________________________________________________________
"ပြင်ဆင်ရန်”
ပထမဆုံး = ကြက်သားကို ရေနဲ့ သန့်စင်အောင်ဆေးပေးပါ။
၁။ကြက်သွန်ဖြူ /နီ /ဂျင်း / ငရုတ်သီးစိမ်း /
ငရုတ်ကောင်းမှုန့်တို့ ထောင်းပေးထားပါ။
၂။ရှမ်းနံနံ / စပါးလင် / သံပုရာသီး / ငရုတ်သီးလှော် /
ကြက်သွန်မြိတ် /ငပိတို့ကို အသင့်ပြင်ဆင်ထားပေးပါ။
၃။ ရေဆေးထားတဲ့ ကြက်သားကို ဇလုံတခုထဲထည့်ပြီး အရသာနှပ်ပါမယ် …
၁=ကြက်သွန်ဖြူ /နီ/ဂျင်း / ငရုတ်သီးစိမ်း/
ငရုတ်ကောင်းမှုန့် ရောထောင်းထားတာထည့်ပါမယ်
ပြီးရင် နနွင်း / ငပိ/ ဆီ/ဆား/အရသာမှုန့် တို့ဖြင့်
အရသာဝင်အောင်နယ်ပြီး နာရီဝက်ခန့် နှပ်ထားပေးပါ။
_____________________________________
၄။ စချက်ပါမယ် = ဒယ်အိုးထဲကို ဆီထည့်ပါ ဆီပူရင်
အရသာနှပ်ထားတဲ့ ကြက်သားထည့်ပြီး လုံးချက်ပါ
ဆီပြန်လာရင် စပါးလင်ထည့်ပြီး ခန မွှေပေးပါ ပြီး
ရင် အရသာနှင့် ကြက်သားလေးတွေ နူးအိလာအောင်
ရေထည့်ပြီး အဖုံးအုပ်ပြီး ချက်ပေးပါ။
၅။ ကြက်သားတွေ နူးအိပြီး အရသာလေးအဆင်ပြေ
ပြီဆိုရင် နောက်ဆုံးမှာ ရှမ်းနံနံ /ကြက်သွန်မြိတ် /
ငရုတ်သီးလှော် သံပုရာရည် ထည့်ပြီး သုံးဆောင်
နိုင်ပါပြီနော် ….
☺️ဆီပြန်ဟင်းတွေကြည့်စားနေရတာ ရိုးလာရင် ဒီလို
လေးချက်စားကြည့်ပါ….🍲
🔥🌶️ခံတွင်းမတွေ့ ပါးစပ်ပျက်နေတယ်ဆိုရင်တော့
ဒီဟင်းလေးကို လိုက်ချက်စားကြည့်နော်”🔥
Credit Original Uploader

image