9 ပတ် - ဘာသာပြန်ပါ။

ထိုင်းနိုင်ငံမွေး မြန်မာလူငယ်များကို စုစည်းပြီး မူးယစ်​ဆေးဖြန့်နေသာ မြန်မာလူငယ်၏ ကွန်ရက်ကို ထိုင်းအာဏာပိုင်များ ဖြိုခွင်း

အောက်တိုဘာ ၁၂

ထိုင်းနိုင်ငံမွေး မြန်မာလူငယ်များကို စုစည်းပြီး မူးယစ်​ဆေးဖြန့်နေသာ မြန်မာလူငယ်၏ ကွန်ရက်ကို ထိုင်းနိုင်ငံ၊ စမွတ်စခွန်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးအဖွဲ့က စစ်ဆေးဖြိုခွင်းမှုအတွင်း မက်သာဖက်တမင်းဆေးပြား ၂,၅၀၀ ကျော်ပါ သိမ်းဆည်းလိုက်သည်။

ယမန်နေ့ ​၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁၀ ရက်နေ့တွင် လူဝင်မှုကြီးကြပ်ရေးဗျူရို (I မှ ကော်မရှင်နာ ရဲဒုတိယဗိုလ်ချုပ်ကြီး ပနုမတ်ဘွန်ယလူ့သည် စုံစမ်းစစ်ဆေးရေးအဖွဲ့နှင့်အတူ “Tong the Supreme “ဟု နာမည်ပြောင်ပေးထားသော မူးယစ်ဆေးဝါးရောင်းဝယ်သူ သို့မဟုတ် မစ္စတာ မိုးသက်ဦး (Mr. Mo Tak Oo) ကို ခြေရာခံဖမ်းဆီးရန် ဆောင်ရွက်ခဲ့သည်။

မိုးသက်ဦးသည် ထိုင်းနိုင်ငံတွင် မွေးဖွားကြီးပြင်းခဲ့သော မြန်မာအလုပ်သမားများ၏ သားစဉ်မြေးဆက်ဖြစ်ပြီး ထိုင်းနှင့် မြန်မာနှစ်ဘာသာစလုံး ပြောဆိုနိုင်ကာ အာဏာပိုင်များကို အနည်းငယ်မျှပင် မကြောက်ရွံ့ဘဲ နိုင်ငံခြားသားအလုပ်သမားများထံ မူးယစ်ဆေးဝါး ရောင်းချမှုတွင် ကြာမြင့်စွာ ပါဝင်ပတ်သက်ခဲ့သူဖြစ်သည်။

​အဆိုပါ သံသယရှိသူသည် မူးယစ်ဆေးဝါးသယ်ယူပို့ဆောင်သူများနှင့် ဖြန့်ဖြူးသူများအဖြစ် အသုံးပြုရန် ထိုင်းနိုင်ငံတွင် မွေးဖွားခဲ့သော မြန်မာနွယ်ဖွား လူငယ်များနှင့် ဆယ်ကျော်သက်များကို စုဆောင်းထားကြောင်း တွေ့ရှိရသည်။

​၎င်းတို့သည် ကွန်ရက်အဖွဲ့ဝင်များဖြင့် “မူးယစ်ဆေးဝါး အကြွေးစနစ်”ဖြင့် ရောင်းချသည့် နည်းလမ်းကို အသုံးပြုခဲ့ကြသည်။ စုံစမ်းစစ်ဆေးမှုများ ချဲ့ထွင်ပြီးနောက် စုစုပေါင်း သံသယရှိသူလေးဦးကို ထပ်မံဖမ်းဆီးနိုင်ခဲ့ပြီး ဖမ်းမိသူများမှာ အဖွဲ့ခေါင်းဆောင် မိုးသက်ဦး၊ အသက် ၂၃ နှစ်အရွယ် သော်ဇင်နှင့် အသက် ၂၅ နှစ်အရွယ် မြန်မာနိုင်ငံသားများဖြစ်သော သဲလျနှင့် ကျော်ရဲ တို့ကို ဖမ်းမိခဲ့သည်။

​သက်သေခံပစ္စည်းများအဖြစ် “WY” အက္ခရာများ ပါရှိသော လိမ္မော်ရောင် မက်သာဖက်တမင်း (ယာဘ) ဆေးပြား ၂,၅၀၀ ကျော်ကို သိမ်းဆည်းရမိခဲ့သည်။

ဖမ်းမိတရားခံများကို မူးယစ်ဆေးဝါးနှင့် ပတ်သက်သည့် ဥပဒေအရ “အမျိုးအစား ၁ မူးယစ်ဆေးဝါး (ယာဘ) ကို ခွင့်ပြုချက်မရှိဘဲ ရောင်းချခြင်းနှင့် ရောင်းချရန် ရည်ရွယ်ချက်ဖြင့် လက်ဝယ်ထားရှိခြင်း” နှင့် ၁၉၇၉ ခုနှစ် လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေနှင့်အညီ “ခွင့်ပြုချက်မရှိဘဲ သို့မဟုတ် ခွင့်ပြုချက်သက်တမ်းကုန်ဆုံးပြီးနောက် နိုင်ငံတော်အတွင်း ဝင်ရောက်နေထိုင်သော နိုင်ငံခြားသားဖြစ်ခြင်း” တို့ဖြင့် စွဲချက်တင် ဖမ်းဆီးထားသည်။

သံသယရှိသူများနှင့် သက်သေခံပစ္စည်းအားလုံးကို ဥပဒေအရ ဆက်လက်ဆောင်ရွက်နိုင်ရန်အတွက် စမွတ်စခွန် ရဲစခန်းရှိ စုံစမ်းစစ်ဆေးရေးအရာရှိထံ လွှဲပြောင်းပေးခဲ့သည်ဟုလည်း သိရသည်။

Ref, Khaosod

Credit - MT News Agency

#centralnewsnaypyitaw

image

ပျားရည် သောက်သင့်သူများနဲ့ မသောက်သင့်သူများ🐝🐝🐝
သမိုင်းကို လေ့လာကြည့်တဲ့အခါ ရှေးနှစ် ၁၀,၀၀၀ ခန့်ကတည်းက လူသားတွေ ပျားရည်ကို စားသုံးခဲ့ကြကြောင်း စပိန်နိုင်ငံက ကျောက်ဂူနံရံပန်းချီတွေအရ သိရပါတယ်။ ပျားရည်ဟာ ကမ္ဘာမြေပေါ်က ကျန်းမာရေးနဲ့ အညီညွတ်ဆုံး အစားအစာတွေထဲမှာ ပါဝင်ပါတယ်။
သောက်သုံးနည်းနှင့် ပျားရည်အဟောင်း/အသစ်
အရွယ်ရောက်သူတစ်ဦးအတွက် ပျားရည်ကို တစ်နေ့လျှင် လက်ဖက်ရည်ဇွန်း နှစ်ဇွန်းထက် ပို၍ မသောက်သင့်ပါ။ မနက်စောစော ဗိုက်ဗလာချိန် သို့မဟုတ် ညနေခင်း (ညစာမစားမီ နှစ်နာရီခန့်အလို) မှာ သောက်သုံးဖို့ အသင့်တော်ဆုံး ဖြစ်ပါတယ်။
ပျားရည်အသစ် (တစ်နှစ်အတွင်း) သည် လူကို ဝဖြိုးစေပြီး အသံကြည်လင် ကောင်းမွန်စေပါတယ်။
ပျားရည်အဟောင်း (တစ်နှစ်ကျော်) သည် လူကို အဆီကျ အသားကျစ်လစ် ပိန်စေပြီး၊ သွေးတိုး၊ လေငန်းသမားများအတွက် ဆေးကောင်းတစ်လက် ဖြစ်ပါတယ်။ သို့သော် များများစားပါက ဝမ်းချုပ်စေနိုင်ပါတယ်။
ရေနွေးဖြူ၊ သံပုရာရည်တို့နှင့် တွဲသောက်ခြင်း
ပျားရည်ကို ရေနွေးဖြင့် သောက်ခြင်းက မှိုသတ်ဆေး၊ ပိုးသတ်ဆေး၊ ဘက်တီးရီးယားသတ်ဆေးရည်အဖြစ် အစွမ်းထက်ပါတယ်။ ညဘက် ဆီးခဏခဏသွားတတ်သူများ ညနေခင်းပိုင်း သောက်ပေးခြင်းဖြင့် ကျောက်ကပ်ကို ကောင်းကျိုးပြုပြီး ညဘက် ဆီးထသွားခြင်းကို ထိန်းချုပ်ပေးနိုင်ပါတယ်။ လေလုံး၊ လေဖြင်းရှိသူများအတွက် ဆေးဖက်ဝင်ပြီး၊ သောက်စမှာ ဝမ်းဗိုက်ဖောင်းနိုင်ပေမဲ့ ဆက်လက်သောက်ပါက ဝမ်းနှင့် လေအဖြစ်ဆင်းသက်ကာ ပေါ့ပါးလန်းဆန်းစေပါတယ်။
ရေနွေးဖြူတစ်ခွက်ထဲသို့ ပျားရည်နှင့် သံပုရာရည် လက်ဖက်ရည်ဇွန်း တစ်ဇွန်းကျစီ ရော၍ မနက်အိပ်ယာထ ဗိုက်ဗလာချိန် ချက်ချင်းသောက်ပေးပါက အစာကျေညက်စေခြင်း၊ ကိုယ်ခံစွမ်းအား မြှင့်တင်ခြင်း၊ အဆုတ်မှ အချွဲအကျိများကို သန့်စင်ပေးခြင်း၊ ဝမ်းလွယ်စေခြင်း၊ ကိုယ်အလေးချိန် ကျစေခြင်း နှင့် အသားအရေ ဝင်းပကြည်လင်ခြင်း စသည့် ကျန်းမာရေးအကျိုးကျေးဇူးများစွာကို ခံစားရရှိနိုင်မှာ ဖြစ်ပါတယ်။
ပျားရည်သောက်သုံးရန် သင့်တော်သူများ
ပျားရည်သောက်သုံးရန် သင့်တော်သူများမှာ မီးဖွားပြီးခါစနှင့် နို့ချိုတိုက်ချိန် အမျိုးသမီးများ၊ ဓမ္မတာရာသီလာချိန် အမျိုးသမီးများ တို့ ပါဝင်ပါတယ်။ အရိုးကင်ဆာနှင့် အစာအိမ်ကင်ဆာ ဝေဒနာရှင်များသည် နှစ်ချို့ပျားရည်စစ်စစ်နှင့် သစ်ကြပိုးခေါက်မှုန့်တို့ကို ဆတူရော၍ တစ်နေ့ သုံးကြိမ် သောက်ပေးသင့်ပါတယ်။
ချောင်းဆိုးနေသူများအတွက် ပျားရည်သည် ဆေးကောင်းတစ်ခွက်ဖြစ်ပြီး ရေနွေးဖြူ သို့မဟုတ် ရှောက်ရည်/သံပုရာရည်နှင့် ရော၍ သောက်ပေးနိုင်ပါတယ်။ ကိုယ်တွင်းအပူဓာတ်များသူများပင်လျှင် ပျားရည်ကို ရှောက်ရည်ညှစ်၍ သောက်သုံးခြင်းဖြင့် အပူငြိမ်းစေနိုင်ပါတယ်။
ကလေးများအတွက် ပျားရည်က မျက်စိအားကောင်းစေပြီး၊ ချွဲကြပ်ရင်ကြပ်ဖြစ်ပါက သံပုရာရည်ဖြင့် ရောတိုက်နိုင်ပါတယ်။ ဝမ်းပျက်၊ ဝမ်းလျှောခြင်း၊ သူငယ်နာအကြောဆွဲခြင်း၊ တုတ်ကောင်၊ သန်ကောင်ရှိသော ကလေးငယ်များကိုလည်း ပျားရည် အနည်းငယ် (သို့မဟုတ်) နာနတ်သီး၊ အုန်းနို့တို့နှင့် တွဲဖက်၍ ကျွေးပေးနိုင်ပါတယ်။
ပျားရည်သောက်သုံးရန် မသင့်တော်သူများ
အသက်တစ်နှစ်အောက် ရင်ခွင်ပိုက် ကလေးငယ်များကို ပျားရည်ထဲရှိ Clostridium ဗက်တီးရီးယားပိုးကြောင့် လုံးဝ (လုံးဝ) မကျွေးသင့်ပါ။ ၄င်းပိုးသည် ကလေးငယ်များတွင် အစာအဆိပ်သင့်ခြင်းကို ဖြစ်စေနိုင်ပါတယ်။
ဆီးချို၊ သွေးချို ရောဂါသည်များ နှင့် သွေးထဲတွင် Glucose ပြဿနာရှိသူများ သည် ပျားရည်ထဲတွင် Fructose နှင့် Glucose ဓာတ်များ ပြည့်ဝစွာပါရှိနေသောကြောင့် စားသုံးခြင်းမှ အထူးရှောင်ရှားသင့်ပါသည်။
ကိုယ်အလေးချိန် လျှော့ချလိုသူများ သည် ပျားရည်သည် သကြားအညိုထက်ပင် ကယ်လိုရီ ပိုတက်စေသဖြင့် မသောက်သင့်ပေ။
ကိုယ်ဝန်ဆောင်များအနေဖြင့် ပျားရည်သောက်၍ သန္ဓေသားကို ဘေးဥပဒ်မဖြစ်နိုင်သော်လည်း၊ ကိုယ်ဝန်ဆောင်စဉ် သွေးထဲရှိသကြားပမာဏ မြင့်တက်တတ်သဖြင့် ပျားရည်မစားခြင်းက ဘေးအန္တရာယ် အကင်းဆုံးဖြစ်ကြောင်း အကြံပြုလိုပါသည်။
တွဲမစားသင့်သော အစားအစာများနှင့် ပျားရည်အတု/အစစ် ခွဲခြားနည်း
ကြာစေ့၊ မုန်လာဥအဖြူ၊ ဝက်သား၊ ငါး၊ ခိုသား၊ ပဒုမ္မာကြာရွက်၊ ပိန်နဲသီး၊ ဥသျှစ်သီး၊ အုန်းရည်၊ ရှားစောင်းကြီး တို့သည် ပျားရည်နှင့် တွဲဖက်၍ မစားသင့်သော အစားအစာများ ဖြစ်ပါသည်။
ပျားရည်စစ်၊ မစစ်ကို သိလိုလျှင်- ခွေးကျွေးကြည့်ခြင်း (ခွေးမစားပါ)၊ ဝါဂွမ်း သို့မဟုတ် ယမ်းမီးခြစ်ဆံကို ပျားရည်နှစ်၍ မီးရှို့ကြည့်ခြင်း (မီးလောင်လျှင် စစ်သည်)၊ ပျားကို ပျားရည်ထဲ နှစ်ကြည့်ခြင်း (ပျံထွက်သွားလျှင် စစ်သည်)၊ သို့မဟုတ် ငှက်ပျောဖက်ပေါ်တင်ကြည့်၍ လုံး၍ တင်ရှိနေခြင်း စသည့်နည်းလမ်းများဖြင့် စမ်းသပ်နိုင်ပါသည်။ ပျားရည်စစ်စစ်၏ ဂုဏ်သတ္တိမှာ နှစ်ပေါင်းမည်မျှကြာကြာ မပုပ်မသိုး မူလအရသာ အာနိသင်အတိုင်း ရှိနေမြဲ ဖြစ်ပါသည်။

image
9 ပတ် - ဘာသာပြန်ပါ။

နယူးဂီနီတောင်တန်းများမှ "သစ်ခေါက်တူးစက်" - ထူးခြားသော နှုတ်သီးပိုင်ရှင် Wattled Ploughbill ငှက်
နယူးဂီနီ၏ မြင့်မားသော တောင်တန်းသစ်တောများတွင် ထူးခြားဆန်းပြားသော သတ္တဝါတစ်မျိုး ရှိသည်
၎င်းမှာ Wattled Ploughbill ငှက် (ခေါ်) နှုတ်သီးကြီး ငှက် ဖြစ်သည်။ ဤငှက်ငယ်လေးသည် အခြားငှက်များနှင့်မတူဘဲ သီးခြားမိသားစုတစ်ခုအဖြစ် ရပ်တည်နေသော မျိုးရိုးဗီဇဆိုင်ရာ ထူးခြားချက်များစွာ ပေါင်းစပ်ထားသည့် တစ်ဦးတည်းသော မျိုးစိတ်ဖြစ်သည်
၎င်း၏ အမည်နှင့်လိုက်ဖက်စွာပင် Ploughbill ၏ အထင်ရှားဆုံးသော လက္ခဏာမှာ ပိုးကောင်များကို ရှာဖွေရန်အတွက် သစ်ခေါက်များကို တူးဆွနိုင်သော ခိုင်မာထူထဲပြီး သပ်ပုံသဏ္ဌာန်ရှိသည့် နှုတ်သီးနက် ပင်ဖြစ်သည်
ဤနှုတ်သီးသည် ၎င်း၏ အဓိက အစာဖြစ်သည့် သစ်ခေါက်အက်ကြောင်းများအတွင်းမှ ပိုးမွှားများနှင့် ပိုးလောင်းများကို ဖော်ထုတ်ရန် အထူးသင့်လျော်သည်
အထီးငှက်၏ အသွင်အပြင်မှာလည်း အလွန်ဆွဲဆောင်မှုရှိသည်။ ကိုယ်အောက်ပိုင်းမှာ နက်မှောင်ပြီး နဖူးသည် ရွှေရောင်နီးပါး တောက်ပနေသည်
အနက်ရောင်အတောင်ပံများ၊ ရွှေရောင် scapular (ပခုံး) အမွှေးများအပြင် ပါးပြင်နှစ်ဖက်တွင် စက်ဝိုင်းပုံ ပန်းရောင်လည်ချောင်းကြီးတစ်စုံ (Wattles) ရှိပြီး ၎င်းသည် အခြားငှက်များနှင့် လုံးဝကွဲပြားခြားနားစေသော ထူးခြားချက်ဖြစ်သည်
ဤထူးခြားဆန်းပြားသော ငှက်ကလေးသည် နယူးဂီနီ မိုးသစ်တောများ၏ အလှတရားနှင့် သဘာဝ၏ အံ့ဩဖွယ်ရာများကို ဖော်ပြနေသော ရှားပါးမျိုးစိတ်တစ်ခုပင် ဖြစ်ပေသည်

image
9 ပတ် - ဘာသာပြန်ပါ။

တောင်ကြီးတွင် မိုးရွာမြေပျော့ပြီး နေအိမ် ၁ လုံးပြိုကျ
“ပြိုကျတဲ့အိမ်မှာ လူမနေဘူး။ အိမ်ကတော့ အလုံးလိုက်ကြီး ပြိုတာ။ လူထိခိုက်မှုမရှိပေမဲ့ အောက်မှာရှိတဲ့ တခြားအိမ်တွေကို ပိသွားတာကြောင့် ပတ်ဝန်းကျင်အိမ်တွေကတော့ ပျက်စီးဆုံးရှုံးမှုတွေ ရှိတယ်။ ပစ္စည်းတွေထိတာ”
အခု မိုးရာသီမှာ မိုးများတာကြောင့် တောင်ကြီး ကမ်းပါးယံဘေးနားမှာရှိတဲ့ စဝ်စံထွန်းရပ်ကွက်က ကျောက်သားပေါ် ဆောက်ထားတာ မဟုတ်တဲ့ အိမ်တွေ၊ ညောင်ဖြူစခန်းရပ်ကွက်က တောင်ကျချောင်းရေနဲ့ကပ်တဲ့ အိမ်တွေ၊ ရှမ်းရိုးမ ဘိုးဘွားရိပ်သာအနောက်ဘက်ခြမ်းက ဖြစ်သလို ဆောက်ထားတဲ့အိမ်တွေ၊ ကျောင်းကြီးစုရပ်ကွက် သုသာန်သွားတဲ့ လမ်းတလျှောက်က မြေတွေဖို့ပြီး မြေမြှင့်ထားတဲ့အိမ်တွေ သတိထားဖို့လိုတယ်လို့ မြို့ခံတချို့က ပြောပါတယ်။

image
9 ပတ် - ဘာသာပြန်ပါ။

တောင်ကြီးတွင် မိုးရွာမြေပျော့ပြီး နေအိမ် ၁ လုံးပြိုကျ
“ပြိုကျတဲ့အိမ်မှာ လူမနေဘူး။ အိမ်ကတော့ အလုံးလိုက်ကြီး ပြိုတာ။ လူထိခိုက်မှုမရှိပေမဲ့ အောက်မှာရှိတဲ့ တခြားအိမ်တွေကို ပိသွားတာကြောင့် ပတ်ဝန်းကျင်အိမ်တွေကတော့ ပျက်စီးဆုံးရှုံးမှုတွေ ရှိတယ်။ ပစ္စည်းတွေထိတာ”
အခု မိုးရာသီမှာ မိုးများတာကြောင့် တောင်ကြီး ကမ်းပါးယံဘေးနားမှာရှိတဲ့ စဝ်စံထွန်းရပ်ကွက်က ကျောက်သားပေါ် ဆောက်ထားတာ မဟုတ်တဲ့ အိမ်တွေ၊ ညောင်ဖြူစခန်းရပ်ကွက်က တောင်ကျချောင်းရေနဲ့ကပ်တဲ့ အိမ်တွေ၊ ရှမ်းရိုးမ ဘိုးဘွားရိပ်သာအနောက်ဘက်ခြမ်းက ဖြစ်သလို ဆောက်ထားတဲ့အိမ်တွေ၊ ကျောင်းကြီးစုရပ်ကွက် သုသာန်သွားတဲ့ လမ်းတလျှောက်က မြေတွေဖို့ပြီး မြေမြှင့်ထားတဲ့အိမ်တွေ သတိထားဖို့လိုတယ်လို့ မြို့ခံတချို့က ပြောပါတယ်။

image
9 ပတ် - ဘာသာပြန်ပါ။

တောင်ကြီးတွင် မိုးရွာမြေပျော့ပြီး နေအိမ် ၁ လုံးပြိုကျ
“ပြိုကျတဲ့အိမ်မှာ လူမနေဘူး။ အိမ်ကတော့ အလုံးလိုက်ကြီး ပြိုတာ။ လူထိခိုက်မှုမရှိပေမဲ့ အောက်မှာရှိတဲ့ တခြားအိမ်တွေကို ပိသွားတာကြောင့် ပတ်ဝန်းကျင်အိမ်တွေကတော့ ပျက်စီးဆုံးရှုံးမှုတွေ ရှိတယ်။ ပစ္စည်းတွေထိတာ”
အခု မိုးရာသီမှာ မိုးများတာကြောင့် တောင်ကြီး ကမ်းပါးယံဘေးနားမှာရှိတဲ့ စဝ်စံထွန်းရပ်ကွက်က ကျောက်သားပေါ် ဆောက်ထားတာ မဟုတ်တဲ့ အိမ်တွေ၊ ညောင်ဖြူစခန်းရပ်ကွက်က တောင်ကျချောင်းရေနဲ့ကပ်တဲ့ အိမ်တွေ၊ ရှမ်းရိုးမ ဘိုးဘွားရိပ်သာအနောက်ဘက်ခြမ်းက ဖြစ်သလို ဆောက်ထားတဲ့အိမ်တွေ၊ ကျောင်းကြီးစုရပ်ကွက် သုသာန်သွားတဲ့ လမ်းတလျှောက်က မြေတွေဖို့ပြီး မြေမြှင့်ထားတဲ့အိမ်တွေ သတိထားဖို့လိုတယ်လို့ မြို့ခံတချို့က ပြောပါတယ်။

imageimage
9 ပတ် - ဘာသာပြန်ပါ။

ထရမ့်၏ ဂါဇာအစီအစဉ်ကို ဥရောပနှင့် အာရပ်နိုင်ငံများ ဆွေးနွေး

ပဲရစ်၊ အောက်တိုဘာ ၁၂

ဂါဇာတွင် စစ်ပွဲအလွန် အနာဂတ်ကို မည်ကဲ့သို့ ပုံဖော်မည်ဆိုခြင်းနှင့်ပတ်သက်ပြီး အမေရိကန်၏ အနီးစပ်ဆုံး ဥရောပမဟာမိတ်များနှင့် အာရပ်မိတ်ဖက်နိုင်ငံများက အောက်တိုဘာ ၉ ရက်တွင် ပြင်သစ်နိုင်ငံ ပဲရစ်မြို့တော်၌ ဆွေးနွေးခဲ့ကြသည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) က အဆိုပြုခဲ့သည့် အပစ်အခတ်ရပ်စဲရေးနှင့် အကျဉ်းသား လဲလှယ်ရေး အဆိုပြုချက်ကို အစ္စရေးနှင့် ဟားမာ့စ်တို့က သဘောတူခဲ့ပြီးနောက် နာရီပိုင်းအကြာတွင် ဥရောပနှင့် အာရပ်နိုင်ငံများက ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

အစ္စရေးနှင့် ဟားမာ့စ်တို့သည် အောက်တိုဘာ ၉ ရက်က အပစ်အခတ်ရပ်စဲရေးနှင့် အကျဉ်းသား လဲလှယ်ရေးတို့ကို သဘောတူ လက်မှတ်ရေးထိုးခဲ့သော်လည်း ငြိမ်းချမ်းရေးသည် မည်မျှ တာရှည်ခံမည်ကို မေးခွန်းများ ထွက်ပေါ် နေသည်။

ပဲရစ်မြို့တော်မှာ ပြုလုပ်သည့် အစည်းအဝေး၌ ဥရောပနှင့်အာရပ် နိုင်ငံခြားရေးဝန်ကြီးများက စစ်ပွဲအလွန် ဂါဇာတွင် ပြန်လည်ထူထောင်ရေးနှင့် အုပ်ချုပ်ရေးပိုင်း၌ နိုင်ငံတကာတပ်ဖွဲ့များ ဖြန့်ကြက်ချထားမှုကဲ့သို့ အသေးစိတ် အချက်အလက်များကို ထည့်သွင်းရန် ဆွေးနွေးခဲ့ကြသည်။

“လုံခြုံရေး၊ အုပ်ချုပ်ရေး၊ ပြန်လည်ထူထောင်ရေးနဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး တွေမှာ ကျနော်တို့ လုပ်ပေးနိုင်တဲ့ ရည်ရွယ်ချက်တွေနဲ့ပတ်သက်ပြီး အကြောင်းအရာ အများအပြားကို ဆွေးနွေးခဲ့ ပါတယ်”ဟု ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး ယန်း နိုအယ် ဘာရော့ (Jean-Noel Barrot) က အစည်းအဝေးအပြီးတွင် သတင်းထောက်များကို ပြောကြားခဲ့သည်။

အစည်းအဝေးတွင် ဆွေးနွေးခဲ့သည့် အသေးစိတ် အချက်အလက်များကို ပြောကြားခဲ့ခြင်း မရှိသော်လည်း အစည်းအဝေး၌ ပါဝင်သည့် နိုင်ငံများက စစ်ပွဲအလွန် ဂါဇာဒေသမှာ ပါဝင်ဆောင်ရွက်လိုသော အကြောင်းအရာ များနှင့် ကူညီပေးမည့် ကိစ္စရပ်များကို အထူးပြောကြားခဲ့သည်ဟု ၎င်းက ဆိုသည်။

“ဒီအချက်အလက်တွေကို အမေရိကန်နဲ့ မျှဝေသွားမှာပါ။ အဲဒါမှ သူတို့လည်း ပူးပေါင်းဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်”ဟု ဘာရော့က ပြောသည်။

“ဒီအချိန်က ကျမတို့အတွက် အကောင်းဆုံး အခွင့်အရေးပါပဲ၊ ဒါပေမယ့် စစ်ပွဲအပြီး အစီအစဉ်တွေအတွက် ကျမတို့ အလုပ်လုပ်ဖို့ လိုပါတယ်။ အဲဒါမှသာ ငြိမ်းချမ်းရေးက ရေရည်တည်တံ့မှာ ဖြစ်ပါတယ်” ဟု ဥရောပသမဂ္ဂ၏ နိုင်ငံခြားရေးမူဝါဒ အကြီးအကဲ ကာဂျာ ကဲလက်စ် (Kaja Kallas ) က ပြောကြားခဲ့သည်။

ပဲရစ် အစည်းအဝေးကို တက်ရောက်ခဲ့ သူများထဲတွင် ဂါဇာ အပစ်အခတ် ရပ်စဲရေးအတွက် စေ့စပ်ညှိနှိုင်းသူ များထဲ၌ ပါဝင်ခဲ့သည့် ကာတာဝန်ကြီးချုပ် ရှိတ် မိုဟာမက် ဘင် အဗ္ဗဒူရာဟန်အယ်သာနီ (Sheikh Mohammed bin Abdulrahman al-Thani) ၊ အီဂျစ်နှင့် တူရကီနိုင်ငံခြားရေးဝန်ကြီးများလည်း ပါဝင်ခဲ့သည်။

Source: ရိုက်တာ

ပုံ - ဥရောပနဲ့အာရပ်နိုင်ငံတွေ ဆွေးနွေးကြစဉ်

#centralnewsnaypyitaw

image

ယနေ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ

အောက်တိုဘာ ၁၂

#ရွှေဈေး

-ကမ္ဘာ့ရွှေဈေး
တအောင်စ ၄၀၁၇ ဒေါ်လာ

ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း

- အကယ်ဒမီ မီးလင်းရွှေ တကျပ်သား
၅၉၉၀၀၀၀ ကျပ်

ပြင်ပ အရောင်းအဝယ်ဖြစ်တဲ့ ရွှေဈေးနှုန်း

* စနစ်ဟောင်း
(၁ိ - ၁၆.၆၀၆ ဂရမ် = ၁၂၈ ရွေး)

-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၈၂၈၀၀၀၀ ကျပ်
ဝယ်ဈေး ၈၂၄၀၀၀၀ ကျပ်

-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၇၈၈၀၀၀၀ ကျပ်
ဝယ်ဈေး ၇၈၄၀၀၀၀ ကျပ်

* စနစ်သစ်
(၁ိ - ၁၆.၃၂၉၃၂၅ ဂရမ် = ၁၂၀ ရွေး)

-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၈၁၆၀၀၀၀ ကျပ်
ဝယ်ဈေး ၈၁၂၀၀၀၀ ကျပ်

-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၇၇၆၀၀၀၀ ကျပ်
ဝယ်ဈေး ၇၇၂၀၀၀၀ ကျပ်

“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”

(ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။)

#နိုင်ငံခြားငွေလဲလှယ်နှုန်း

-မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း
အမေရိကန် တဒေါ်လာ - ၃၅၉၉ ကျပ်

ပြင်ပပေါက်စျေး

-အမေရိကန်ဒေါ်လာ‌
ရောင်းဈေး - ၄၀၅၅ ကျပ်
ဝယ်ဈေး - ၃၉၅၅ ကျပ်

-စင်္ကာပူဒေါ်လာ
ရောင်းဈေး - ၃၁၂၅ ကျပ်
ဝယ်ဈေး - ၃၀၅၀ ကျပ်

-ယူရို
ရောင်းဈေး - ၄၇၁၀ ကျပ်
ဝယ်ဈေး - ၄၆၀၀ ကျပ်

-ထိုင်းဘတ်
ရောင်းဈေး - ၁၂၄.၂၂ ကျပ်
ဝယ်ဈေး - ၁၂၁.၂၁ ကျပ်

-မလေးရှားရင်းဂစ်
ရောင်းဈေး - ၉၅၉ ကျပ်
ဝယ်ဈေး - ၉၃၆ ကျပ်

-တရုတ်ယွမ်
ရောင်းဈေး - ၅၆၈ ကျပ်
ဝယ်ဈေး - ၅၅၄ ကျပ်

-ဂျပန်ယန်း
ရောင်းဈေး - ၂၆.၈၂ ကျပ်
ဝယ်ဈေး - ၂၆.၁၇ ကျပ်

-အိန္ဒိယရူပီး
ရောင်းဈေး - ၄၅.၆၉ ကျပ်
ဝယ်ဈေး - ၄၄.၅၈ ကျပ်

-ကိုရီးယားဝမ်
ရောင်းဈေး - ၂.၈၄ ကျပ်
ဝယ်ဈေး - ၂.၇၇ ကျပ်

-စတာလင်ပေါင်
ရောင်းဈေး - ၅၄၁၅ ကျပ်
ဝယ်ဈေး - ၅၂၈၅ ကျပ်

-ဩစတြေးလျဒေါ်လာ
ရောင်းဈေး - ၂၆၂၅ ကျပ်
ဝယ်ဈေး - ၂၅၆၀ ကျပ်

-ကနေဒါဒေါ်လာ
ရောင်းဈေး - ၂၈၉၅ ကျပ်
ဝယ်ဈေး - ၂၈၂၅ ကျပ်

-ဟောင်ကောင်ဒေါ်လာ
ရောင်းဈေး - ၅၂၁ ကျပ်
ဝယ်ဈေး - ၅၀၉ ကျပ်

-ယူအေအီး
ရောင်းဈေး - ၁၁၀၄ ကျပ်
ဝယ်ဈေး - ၁၀၇၇ ကျပ်

ငွေလဲနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

***သတ်မှတ်ဈေးအတိုင်း အရောင်းအဝယ်မလုပ်ပါက အရေးယူခံရနိုင်သည်။

Credit - Voice of Myanmar News Agency

#သတင်းဟင်း​လေးအိုးကြီး

image
9 ပတ် - ဘာသာပြန်ပါ။

အစ္စရေးနှင့်ပွဲတွင် ဟက်ထရစ်သွင်းယူနိုင်ပြီးနောက် ၁၀ ပွဲဆက် ဂိုးသွင်းလာတဲ့အပြင် နိုင်ငံတကာဂိုး ၅၀ အမြန်ဆုံးပြည့်သူ ဖြစ်လာတဲ့ ဟာလန်း

အောက်တိုဘာ ၁၂

အာလင်းဟာလန်းရဲ့ ဟက်ထရစ်ဂိုးနဲ့အတူ နော်ဝေဟာ အစ္စရေးကို ၅-၀ ဂိုးဖြင့် အနိုင်ရရှိပြီးနောက် ၁၉၉၈ ကမ္ဘာ့ဖလားနောက်ပိုင်း ပထမဆုံးအကြိမ် ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်ရန် နီးစပ်လာပြီ ဖြစ်ပါတယ်။

ဟာလန်းဟာ ယခုပွဲမှာ ဟက်ထရစ်သွင်းယူနိုင်ခဲ့တယ်ဆိုပေမယ့်လည်း ပွဲအစ ၅ မိနစ်မှာ ရရှိတဲ့ ပင်နယ်တီအား ၂ ကြိမ်ကန်ရာမှာ ၂ ကြိမ်လုံး မဝင်ခဲ့ပါဘူး။ အစ္စရေးဂိုးသမားဒါနီရယ်ပီရက်ဇ်က ပထမအကြိမ် ပင်နယ်တီကန်မှုကို ကာကွယ်ပြီးနောက် ပြန်ကန်ချိန်မှာလည်း ထပ်မံ ကာကွယ်ခဲ့တာပါ။

ဒါပေမယ့် အိမ်ရှင်နော်ဝေတို့ဟာ ပွဲချိန် ၁၈ မိနစ်မှာ အလက်ဇန္ဒားဆော်လော့ရဲ့ ဖြတ်တင်ဘောကို အစ္စရေးအလယ်တန်းကစားသမားအာနန်ခါလိုင်လီက ခေါင်းတိုက်ရာမှာ ကိုယ့်ဂိုးကိုယ်သွင်းသလို ဖြစ်သွားလို့ ဦးဆောင်ဂိုး ရရှိခဲ့ပါတယ်။

ယင်းနောက် ၂၇ မိနစ်မှာ နော်ဝေသမိုင်းတွင် ဂိုးအများဆုံးသွင်းယူထားတဲ့ ဟာလန်းက ညာခြေကန်ချက်ဖြင့် ဒုတိယဂိုးထပ်မံသွင်းခဲ့ပါတယ်။

အာလင်းဟာလန်းဟာ ကလပ်နှင့် နိုင်ငံအတွက် ၁၀ ပွဲဆက် ဂိုးသွင်းလာနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

ယင်းနောက် တစ်မိနစ်အကြာမှာ ပီရက်ဇ်ရဲ့ ရှင်းထုတ်မှု နက်ချ်မီယက်စ်နဲ့ ထိပြီး ကိုယ့်ဂိုးကိုယ် ဝင်သွားလို့ နော်ဝေတို့ တတိယဂိုး ရရှိခဲ့ပါတယ်။

ဒုတိယပိုင်း ၆၃ မိနစ်မှာ ဟာလန်းက နူဆာရဲ့ ဖြတ်တင်ဘောကနေ ခေါင်းတိုက်ကာ စတုတ္ထဂိုးနဲ့ ၇၂ မိနစ်မှာ နူဆာရဲ့ ဖြတ်တင်ဘောကနေပင် ဟက်ထရစ်ဂိုးကို သွင်းယူခဲ့ပါတယ်။

အသက် ၂၅ နှစ်ရှိ မန်စီးတီးတိုက်စစ်မှူးဟာ နော်ဝေအတွက် ၄၆ ပွဲကစားထားရာမှာ ၅၁ ဂိုးသွင်းထားနိုင်ပြီ ဖြစ်ပါတယ်။

သူဟာ နိုင်ငံတကာဂိုး ၅၀ အမြန်ဆုံးပြည့်တဲ့ ကစားသမားအဖြစ် သမိုင်းမှတ်တိုင်သစ် စိုက်ထူလာပါတယ်။

ယခင်တုန်းက နိုင်ငံတကာဂိုး ၅၀ အမြန်ဆုံးသွင်းယူနိုင်သူအဖြစ် ဟယ်ရီကိန်းက အင်္ဂလန်အတွက် ၇၁ ပွဲတွင် ဂိုး ၅၀ သွင်းယူကာ သမိုင်းမှတ်တိုင်စိုက်ထူထားခဲ့တာပါ။

ဟာလန်းဟာ နိုင်ငံ့တကာပွဲတွေမှာ ၆ ကြိမ်မြောက် ဟက်ထရစ်သွင်းယူလာနိုင်တာ ဖြစ်ပြီး ခရစ္စတီယာနိုရော်နယ်ဒိုနှင့် မက်ဆီတို့ ရေးထိုးထားတဲ့ နိုင်ငံတကာဟက်ထရစ်အများဆုံးစံချိန်ကို လိုက်မီရန် ၄ ကြိမ်တည်းသာ လိုပါတော့တယ်။

နော်ဝေဟာ လာမယ့် နိုဝင်ဘာလ ၁၃ ရက်နေ့မှာ အိမ်ကွင်းမှာ အက်စ်တိုးနီးယားနှင့် ရင်ဆိုင်ကစားရမှာ ဖြစ်ပြီး ယင်ပွဲအပြီး ၃ ရက်အကြာမှာ ခြေစစ်ပွဲ တိုက်ရိုက်အောင်မြင်ရေး အဆုံးအဖြတ်ပွဲ ဖြစ်လာနိုင်တဲ့ပွဲအဖြစ် အုပ်စုဒုတိယနေရာမှ အီတလီနှင့် ရင်ဆိုင်ကစားရပါမယ်။

မနေ့ညက Ullevaal stadium ပွဲစဉ်မတိုင်မီ အစ္စရေးအသင်းဟာ ဂါဇာတွင် လူသောင်းပေါင်းများစွာ သေဆုံးခဲ့တဲ့ စစ်ဆင်ရေးအတွက် ပါလက်စတိုင်းထောက်ခံသူများရဲ့ ဆန္ဒပြခြင်းခံခဲ့ရပါတယ်။

နော်ဝေဘောလုံးအဖွဲ့ချုပ်အပါအဝင် ဘောလုံးအဖွဲ့ချုပ်အများစုက အစ္စရေးအား ပါလက်စတိုင်းတွင် လူမျိုးသုံဉ်းသတ်ဖြတ်မှုအတွက် နိုင်ငံတကာပြိုင်ပွဲမှ ပိတ်ပင်စေလိုလျက်ရှိပါတယ်။

နော်ဝေဘောလုံးအဖွဲ့ချုပ်ဟာ အစ္စရေးနှင့်ပွဲစဉ်မှ ရရှိတဲ့ လက်မှတ်ဖိုးအားလုံးကို Doctors Without Borders အဖွဲ့သို့ လှူဒါန်းမှု ပြုလုပ်သွားပါမယ်။

#ဘောလုံးသတင်းစုံ

image
9 ပတ် - ဘာသာပြန်ပါ။

မဲစာရင်းအတွက် သိလိုသည်များဆက်သွယ်ရန် Call Center နံပါတ်များ UEC ထုတ်ပြန်

#centralnewsnaypyitaw

image
image
image