နယ်သာလန်အတွက် ဂိုးသွင်းစံချိန်ဆက်ရေးထိုးလာတဲ့အပြင် ဖန်တီးမှုစံချိန်သစ်ပါ ရေးထိုးလာတဲ့ ဒီပေး
အောက်တိုဘာ ၁၃
မမ်ဖစ်ဒီပေးဟာ ဖင်လန်ကို အနိုင်ရတဲ့ပွဲမှာ တစ်ဂိုးသွင်းကာ နှစ်ကြိမ် ဖန်တီးမှု ပြုလုပ်ပြီးနောက် နယ်သာလန်ဂိုးသွင်းစံချိန်ဆက်လက်ရေးထိုးလာတဲ့အပြင် ဖန်တီးမှုအများဆုံးကစားသမားစံချိန်သစ်ကိုပါ ရေးထိုးလာပါတယ်။
အသက် ၃၁ နှစ်ရှိ ဒီပေးဟာ ပွဲအစ ၈ မိနစ်မှာ ဗီလာတိုက်စစ်သမားမာလန် ဂိုးသွင်းနိုင်အောင် ဖန်တီးပေးခဲ့သလို ဗန်ဒိုက် ဒုတိယဂိုး သွင်းနိုင်အောင်လည်း ဖရီးကစ်မှ တဆင့် ဖန်တီးပေးနိုင်ခဲ့ပါတယ်။
သူဟာ ယင်းဖန်တီးမှု ၂ ကြိမ်ကြောင့် ဖန်တီးမှု ၃၅ ကြိမ်အထိ ရှိလာကာ ဝက်စ်လေဆနိုက်ဒါရဲ့ စံချိန်ကို ၂ ကြိမ်အသာဖြင့် ကျော်ဖြတ်ပြီး စံချိန်သစ် ရေးထိုးလာပါတယ်။
ဒါ့အပြင် သူဟာ ၃၈ မိနစ်တွင် ရရှိတဲ့ ပင်နယ်တီကိုလည်း သွင်းယူကာ ဂိုးသွင်းစံချိန်အား ဆက်လက် ရေးထိုးလာပါတယ်။
သူဟာ ပြီးခဲ့တဲ့လတုန်းက နယ်သာလန်သမိုင်းတွင် ဂိုးအများဆုံးသွင်းယူသူ စံချိန်သစ်ရေးထိုးခဲ့တာ ဖြစ်ပြီး ယခုအခါ ၅၄ ဂိုးဖြင့် ဆက်လက် ရေးထိုးနေပါတယ်။
မနေ့ညက ပွဲတွင် နယ်သာလန်တို့ ၄-၀ ဖြင့် အနိုင်ရခဲ့တာ ဖြစ်ပြီး ကျန်အနိုင်ဂိုးတစ်ဂိုးကို စပါးစ်စတားဇာဗီးဆိုင်မွန်ရဲ့ ဖန်တီးမှုကနေ လီဗာပူးတိုက်စစ်သမားဂတ်ပိုက သွင်းယူခဲ့တာပါ။
နယ်သာလန်ဟာ ဖင်လန်နိုင်ပွဲကြောင့် အုပ်စု(G) အား ဒုတိယနေရာမှ ပိုလန်ကို ၃ မှတ်ဖြတ်ကာ ဆက်လက် ဦးဆောင်လာပါတယ်။
Credit - Playmaker Journal
#ဘောလုံးသတင်းစုံ