26 w - Translate

မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်းကို ဆက်သွယ်ထားတဲ့ ရတနာသိင်္ခတံတား မိုင်းခွဲဖျက်ဆီးခံရလို့ ပျက်စီးသွား
အောက်တိုဘာ ၂၉ ၊ ၂၀၂၅
GG (VOM)
မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်နဲ့ စစ်ကိုင်းတိုင်း ၊ ကျောက်မြောင်းမြို့နယ် တို့ကို ဆက်သွယ်ထားတဲ့ ဧရာဝတီမြစ်ကူးတံတားတစင်းဖြစ်တဲ့ " ရတနာသိင်္ခတံတား " အောက်တိုဘာ ၂၈ ရက်နေ့ ညပိုင်းက မိုင်းခွဲဖျက်ဆီးခံလိုက်ရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
တံတားဖောက်ခွဲခံရမှုကြောင့် ရတနာသိင်္ခတံတားကြီး ကျိုးကျပျက်စီးသွားကြောင်း ၊မိုင်းဖောက်ခွဲခံရမှုကြောင့် ပျက်စီးမှုအပိုင်းမှာ စဥ့်ကူးမြို့နယ်ဘက်အခြမ်းဖြစ်တယ်လို့ သိရပါတယ်။
" တံတားက ည ၁၂ ကျော်လောက်တုန်းက ဖောက်ခွဲခံရတယ် သိရတယ်။ဘယ်သူက လုပ်တယ်ဆိုတာတော့ မသိပါဘူး။ တံတားတိုင်အမှတ် ၄ /၅ နဲ့ ၆/၇ ကျိုးကျပျက်စီးသွားတယ်သိရတယ် " လို့ ရွှေဘိုဒေသခံကပြောပါတယ်။
ရတနာသိင်္ခတံတားရဲ့ တဖက်ခြမ်း ကျောက်မြောင်းမြို့နယ်မှာ အစိုးရတပ်တွေက အုပ်ချုပ်ထားပြီး စဥ့်ကူးမြို့နယ်မှာတော့ ဒေသတွင်းလက်နက်ကိုင် တပ်တွေက ထိန်းချုပ်ထားတာဖြစ်ကြောင်း ၊ တံတားကြီးကို ဖြတ်သန်းသွားလာခွင့်ပိတ်ထားတာ တနှစ်ကျော်ကြာပြီဖြစ်တယ် လို့သိရှိရပါတယ်။
ရတနာသိင်္ခတံတားဟာ ၂၄၈၀ ပေ အရှည်ရှိပြီး သံကူကွန်ကရစ်တံအမျိုးအစား တံတားတစင်းဖြစ်တယ်လို့သိရပါတယ်။
တံတားကြီးကို သမ္မတ ဦးသိန်းစိန်လက်ထက် ၂၀၁၀ ခုနှစ်မှာ စတင် ဆောက်လုပ်ခဲ့ပြီး ၂၀၁၃ ခုနှစ် ဇူလိုင် ၂၄ ရက်နေ့မှာ ဖွင့်လှစ်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။
ယခုလို ရတနာသိင်္ခတံတား မိုင်းခွဲဖျက်ဆီးခံရတဲ့အပေါ် ပြည်သူတွေကတော့ " တံတားတွေ မိုင်းခွဲတာတော့ ဘယ်အဖွဲ့ကလုပ်လုပ် လက်မခံပါဘူး။ဒါမျိုးကန့်ကွက်ပါတယ်။တံတားတစင်း ဆောက်ဖို့ဆိုတာ မလွယ်ပါဘူး။ " လို့ မှတ်ချက်ပြုပြောပါတယ်။
ရတနာသိင်္ခတံတား မိုင်းခွဲဖျက်ဆီးမှုနဲ့ပတ်သက်ပြီး အစိုးရဘက်က သတင်းထုတ်ပြန်တာမရှိသေးသလို ဒေသတွင်းလက်နက်ကိုင်တပ်တွေဘက်ကလည်း သတင်းထုတ်ပြန်တာမျိုး မတွေ့ရှိရသေးပါဘူး။
ဩဂုတ်လတုန်းကလည်း နောင်ချိုမြို့နယ်နဲ့ ကျောက်မဲမြို့နယ်အစပ် ၊ မန္တလေး-လားရှိုးကို ဆက်သွယ်ထားတဲ့ နှစ်ပေါင်း ၁၂၅ နှစ်သက်တမ်းရှိ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ် ဂုတ်ထိပ်တံတား TNLA အဖွဲ့က မိုင်းခွဲဖျက်ဆီးတာခံခဲ့ရတယ်လို့ အစိုးရသတင်းစာက တရားဝင်​ပြောထားပါတယ်။
ဓာတ်ပုံ - CJ

image

imageimage

မဂ်လာပါ
သမီးလို လှလှပပလေးရဖို့ 10နှစ်တော့​ကြိုးစာ:ပါ။😌

image
26 w - Translate

လကုန်တိုင်း ပိုက်ဆံတပြားမှ မကျန်တာ တော်တော်မို"က်လို့နေမှာ။😑

image
26 w - Translate

၁၉၉၃ ခုနှစ် ပီရူးနိုင်ငံ၊ အီကွီတော့မြို့မှ ငါးဖမ်းသမားတစ်ဦးဟာ ကမ္ဘာ့အံ့ဖွယ်ရေချိုငါးကြီးတွေထဲက တစ်ကောင်ဖြစ်တဲ့ အရာပါယ်မား ဒါမှာမဟုတ် ပီရာရူကူလိုခေါ်တဲ့ ငါးကြီးတစ်ကောင်ကို သယ်ဆောင်လာစဉ် ဓာတ်ပုံရိုက်ကူးခံခဲ့ရပါတယ်
အမေဇုံဒေသမှ ဧရာမငါးမျိုးစိတ်ဖြစ်တဲ့ ဒီငါးဟာ အလျား ၃ မီတာ (၁၀ ပေ) ကျော်ထိ ရှည်ပြီး ပေါင် ၄၀၀ ကျော်အထိ အလေးချိန်ရှိပြီး သိပ္ပံပညာရှင်များတွေ့ရှိထားတဲ့ ရေချိုငါးတွေထဲမှာ အကြီးဆုံးငါးမျိုးစိတ်တွေထဲမှ တစ်ခုဖြစ်ပါတယ်
အခြားငါးတွေနှင့်မတူပဲ ဒီငါးတွေဟာ လေကိုရှူရှိုက်နိုင်စွမ်းရှိတာကြောင်း မိနစ် ၁၅-၂၀ လျှင်တစ်ကြိမ် ရေမျက်နှာပြင်ပေါ်သို့ ပေါ်လာတတ်ပြီး အောက်ဆီဂျင်ကို ဟစ်တွန် ရှူရှိုက်ပြီး အန္တရာယ်ကြုံတွေ့တဲ့ အချိန်မှာတော့ မိနစ် ၄၀ အထိ အသက်အောင့်ထားနိုင်ပါတယ်
အရာပါယ်မားငါးတွေဟာ ဒိုင်နိုဆောခေတ်ကတည်းက တည်ရှိခဲ့ပြီး ဆင့်ကဲပြောင်းလဲမှုရဲ့ ရှင်သန်ရုပ်ကြွင်းတစ်ခုဖြစ်သလို အမေဇုံမြစ်ဝှမ်းရဲ့ မြစ်များ၊ စိမ့်မြေများနှင့် ရေလျှံမြေ ပြင်များတွင် တွေ့ရှိရပြီး ရေပြင်ဂေဟစနစ်‌ ဟန်ချက်ညီမှုကို ထိန်းသိမ်းရာတွင် အဓိက အခန်းကဏ္ဍမှ ပါဝင်ပါတယ်
ဒါပေမယ့် ယနေ့အချိန်မှာတော့ ဒီထူးခြားတဲ့ ငါးမျိုးစိတ်တွေဟာ အလွန်အကျွံငါးဖမ်းမှု၊ ဂေဟစနစ်ပျက်စီးမှုနှင့် ရာသီဥတုပြောင်းလဲမှုတွေကြောင်း ပြင်းထန်သောခြိမ်းခြောက်မှု များကို ရင်ဆိုင်နေရပါတယ်

image

တစ်ခါတုန်းက ဝံပုလွေ တစ်ကောင်ဟာ သားကောင်ကို အငမ်းမရ စားရင်း လည်ချောင်းထဲမှာ အရိုးတစ်ချောင်းကန့်လန့်ခံသွားတယ်။ အရိုးကို အန်ထုတ်လို့လည်းမရ၊ မျိုချလို့လည်း မရတာကြောင့် လည်ချောင်းမှာ နာကျင်တဲ့ဝေဒနာ ခံစားနေရ တဲ့အပြင် နောက်ထပ် ဘာအစား အသောက်မှ ထပ် စားလို့မရတော့တဲ့အတွက် ဆာလောင်မူ့ ဝေဒနာကိုပါခံစားနေရတယ်။ ဒါနဲ့ ဝံပုလွေဟာ သူ့လည်ချောင်းထဲ ကန့် လန့်ခံနေတဲ့အရိုးကို ထုတ်ပေးနိုင်မယ့် သတ္တဝါကို စဉ်း စားကြည့်လိုက်တော့ ကြိုးကြာငှက်ကို စဉ်းစားမိပါ တယ်။ ကြိုးကြာငှက်ဟာ နှုတ်သီးကလည်း ရှည်၊ လည်ပင်းကလည်း ရှည်တာမို့သူ့လည်ချောင်းထဲ ကို နှုတ်သီး ထိုးသွင်းပြီး အရိုးကို ဆွဲထုတ်ပေးလို့ ရနိုင်တယ်လို့ တွေးမိလိုက်တယ်။ ဒါနဲ့ သူဟာ ကြိုးကြာ ငှက်ရှိရာကို သွားပြီး တောင်းပန် အကူအညီတယ်။ “အဆွေ ကျွန်ုပ်ကို ကူညီပါ၊ ကျွန်ုပ် ရဲ့ လည် ချောင်းထဲမှာ အရိုးတစ်ရိုး ကန့်လန့် ခံနေတာမို့ မစားနိုင်မသောက်နိုင်ဖြစ်နေတာကြာပာပြီ၊ သင့် နှုတ်သီးနဲ့ ကိုက်ပြီး ဆွဲထုတ်ပေးရင် ရနိုင် ပါ တယ်၊ အဲဒီအရိုးသာ ထွက်သွားရင် ကျွန်ုပ်က သင့်ကို ကျေးဇူးဆပ်ပါ့မယ်”ဝံပုလွေရဲ့တောင်းပန်မူ့ကြောင့် ကြိုးကြာငှက်က ဝံပု လွေကို ပါးစပ်ဟခိုင်း လိုက်ပါတယ်။
သူ့ရဲ့ ရှည်လျားတဲ့နှုတ်သီးနဲ့သေးသွယ်တဲ့လည်ပင်းကို ဝံပုလွေ ရဲ့ အာခေါင်ကတစ် ဆင့်လည်ချောင်းထဲ ထိုးသွင်း ပြီး ကန့်လန့်ခံနေတဲ့အရိုးကို ကိုက်ချီဆွဲထုတ်ပေး လိုက်တယ်။ ဝံပုလွေလည်း ဝေဒနာ ပျောက်ကင်း သွားတာမို့ ဝမ်းသာအားရ ဖြစ်သွားတယ်။ကြိုးကြာငှက်ကို ကျေး ဇူး တင်စကားပြောပြီး ပြန်လှည့်အထွက် .. ကြိုးကြာငှက်က နောက်ကနေ လှမ်းမေး တယ်။ “အဆွေ အသင်ပြောတော့ အရိုး ထွက်သွားရင် ကျွန်ုပ်ကို ကျေးဇူးဆပ်မယ်ဆို၊ ဘာဖြစ်လို့ လှည့်ထွက်သွားတာလဲ” ဒီတော့ ဝံပုလွေက နောက်ကို ပြန်လှည့်ကြည့် ပြီးပြောလိုက်ပါတယ်။ “အသင် ကျွန်ုပ် အသင့်ကိုကျေးဇူးဆပ်ခဲ့ပြီးပါပြီ၊ ကျွန်ုပ်ရဲ့ အာခံတွင်းထဲ ရောက်လာတဲ့ သင့် ဦး ခေါင်းကို ကိုက်မဖြတ်ဘဲ ထားလိုက်တာ ကျေးဇူးဆပ်တာပဲပေါ့၊ အသင့် ကို သတ်ဖြတ်မစားသွား တာကိုပဲ ဝမ်းသာပါတော့” ကိုယ့် အကျိုး သာ ကြည့်ပြီး သူတစ်ပါးအတွက် ထည့်မစဉ်းစားပေးတဲ့ ဝံပုလွေနဲ့ အလားသဏ္ဌာန်တူလူတွေ ပေါ ပါတယ်။ အဲဒီလိုလူမျိုးတွေ နဲ့ကြုံရင် နောက်ထပ်ဒုက္ခပေးမသွားတာကို ပဲ ကိုယ်ကပြန် ဝမ်းသာရပါလိမ့်မယ်။ နောက်ထပ်အထူး သတိထား ဆက်ဆံရမှာဖြစ်ပါတယ်။
Credit –

image

ကိုယ်ချစ်တဲ့သူရဲ့
အပြုံးတို့မြစ်ဖျားခံရာက
အခြားသူရှေ့မှာဖြစ်ပြီး
အဆုံးသတ်ရာက
ကိုယ်သူ့မြင်ကွင်းထဲ
ဝင်လာမိချိန်ဖြစ်တယ်။

- သုခညို

#ကြက်ခြေထောက်မာလာ
ကြက်ခြေထောက်တွေကို အရင်ဆုံး သန့်စင်ပြီး
တရည်ပြုတ်သွန်လိုက်ပါ။
နောက်တရည်ထပ်တည်ပြီးကြက်ခြေထောက်တွေထည့်
ဂျင်းခပ်ပါးပါးလှီးထည့်ပြီး နူးအောင်ပြုတ်ပါ။
ကြက်ခြေထောက်တွေ နူးရင် ရေခဲရေထဲ
ထည့်စိမ်ထားပါ။
အနှစ်ချက်ရန်အတွက်
ကြက်သွန်ဖြူအနည်းငယ် နှုတ်နှုတ်စင်းပြီးဆီအရင်သတ်
မွှေးလာရင် မာလာဟင်းအနှစ်၂ဇွန်းထည့်
ပဲငပိအနည်းငယ်၊ ကြက်သားမှုန့်နှင့်သကြားအနည်းငယ်၊
ဆားကတော့ လိုမှထပ်ထည့်ပါ။
ပဲငပိပါတော့ ငန်တတ်လို့ပါ။
မြေပဲလှော်ထောင်းအနည်းငယ်ထည့်၊
ကော်မှုန့်ကို ရေနဲ့ဖျော်ပြီးထည့်၊
ရေခဲစိမ်ထားတဲ့ကြက်ခြေထောက်တွေထည့်မွှေ၊
ကော်ရည်လေးပျစ်လာရင် နှမ်းလှော်စေ့လေးနဲ့
ကြက်သွန်မြိတ်လေးတွေဖြူးထည့်ပေးလိုက်ပါ။
#credit

image

ဘွန်ဆိုင်းပန်းသီး
မျိုးစေ့ပျိုးနည်း
step 1 -compost 1: စပ်မြေ 2 ရောသမ မွှေပေးပါ
2- ကိုယ်စိုက်မယ့် ပန်းအိုး သို့မဟုတ် container တစ်ခုခု ထဲ ထည့်ပါ
3- ရေဆင်းပေါက်ရှိသော အိုး သို့မဟုတ် container ဖြစ်ဖို့ လိုပါတယ်
4- မြေဖြည့်ပြီးပါက ရေဝအောင် ရွှဲအောင် လောင်းပေးပါ
5- ရေစစ်သွားပြီဆို ရင် မျိုးစေ့လေးတွေ ခပ်ကျဲကျဲ ဖြူးလိုက်ပါ
6- ကျဲထားသော မျိုးစေ့ပေါ်သို့ ပထမပိုင်းက ရောထားတဲ့မြေခပ်ပါးပါးလေး ထပ်ဖြူးပေးပါ
7-(1-2) ရက်နေလို့ မြေသားမှာ ရေအစိုဓါတ် လိုနေရင် ရေဖွဖွ လေးလောင်းပေးပါရှင်
7ရက် မှ 10 ရက် အတွင်း
အပင်ပေါက်လာပါလိမ့်မယ်နော်
သတိပြုရန်မှာ
၁- မိုးရေ တိုက်ရိုက်ကျသောနေရာမှာ
မျိုးစေ့ ပျိုးပင် ပျိုးအိုးများထားခြင်းကို
ရှောင်ပေးပါ
၂- နေ ရိပ်လွန်းသော နေရာ/နေပူလွန်းသော နေရာ
များကို ရှောင်ပေးပါ
၃- ရေ လောင်းလွန်ခြင်း/ ရေလောင်းဖို့ လိုခြင်းကို
သတိပြုပေးပါ
(Spray ဖျန်းရုံ ရေ အစိုဓါတ် ရှိရုံဆို ရပါပြီ)
၄- မျိုးစေ့လေးများ မပေါက်မှီ အချိန်တွင်
နွားချေး ကြက်ချေး အခြား မည်သည့်
မြေဩဇာ ဓါတ်မြေဩဇာများမ ထည့်ပါဘူးရှင့်

image