9 ပတ် - ဘာသာပြန်ပါ။

ဆရာအောင်ချိမ့်ပြောသလို ထမင်းစားတိုင်း
လူမဖြစ်ပါဘူး မိတ်ဆွေ။
တစ်ပါးသူအပေါ် သနားကြင်နာစာနာတတ်တဲ့
နှလုံးသားရှိမှ လူပီသတာပါ။

9 ပတ် - ဘာသာပြန်ပါ။

ဟုတ်ပီနော်

image
9 ပတ် - ဘာသာပြန်ပါ။

October လရဲ့ ကိုယ်စားပြုပန်းက ဘာလဲ သိကြလား🤔
October လရဲ့ ကိုယ်စားပြုပန်း ဟာ ပုံမှန်အားဖြင့် Marigold (မယ်ရီဂိုးလ်) ပန်းဖြစ်ပါတယ်
Marigold ပန်းနဲ့ အတူ Cosmos ပန်းလည်း တခါတရံ “အတွဲပန်း” အနေနဲ့ အသုံးပြုကြပါတယ်
Marigold ပန်းကို ပြင်သစ်လို "Souci" (သို့မဟုတ်) "Tagète"
Cosmos ပန်းကိုတော့ ပြင်သစ်မှာ (Cosmos Flower) လို့ပဲ အသုံးများပါတယ်နော်

image
9 ပတ် - ဘာသာပြန်ပါ။

October လရဲ့ ကိုယ်စားပြုပန်းက ဘာလဲ သိကြလား🤔
October လရဲ့ ကိုယ်စားပြုပန်း ဟာ ပုံမှန်အားဖြင့် Marigold (မယ်ရီဂိုးလ်) ပန်းဖြစ်ပါတယ်
Marigold ပန်းနဲ့ အတူ Cosmos ပန်းလည်း တခါတရံ “အတွဲပန်း” အနေနဲ့ အသုံးပြုကြပါတယ်
Marigold ပန်းကို ပြင်သစ်လို "Souci" (သို့မဟုတ်) "Tagète"
Cosmos ပန်းကိုတော့ ပြင်သစ်မှာ (Cosmos Flower) လို့ပဲ အသုံးများပါတယ်နော်

image
9 ပတ် - ဘာသာပြန်ပါ။

October လရဲ့ ကိုယ်စားပြုပန်းက ဘာလဲ သိကြလား🤔
October လရဲ့ ကိုယ်စားပြုပန်း ဟာ ပုံမှန်အားဖြင့် Marigold (မယ်ရီဂိုးလ်) ပန်းဖြစ်ပါတယ်
Marigold ပန်းနဲ့ အတူ Cosmos ပန်းလည်း တခါတရံ “အတွဲပန်း” အနေနဲ့ အသုံးပြုကြပါတယ်
Marigold ပန်းကို ပြင်သစ်လို "Souci" (သို့မဟုတ်) "Tagète"
Cosmos ပန်းကိုတော့ ပြင်သစ်မှာ (Cosmos Flower) လို့ပဲ အသုံးများပါတယ်နော်

image
9 ပတ် - ဘာသာပြန်ပါ။

October လရဲ့ ကိုယ်စားပြုပန်းက ဘာလဲ သိကြလား🤔
October လရဲ့ ကိုယ်စားပြုပန်း ဟာ ပုံမှန်အားဖြင့် Marigold (မယ်ရီဂိုးလ်) ပန်းဖြစ်ပါတယ်
Marigold ပန်းနဲ့ အတူ Cosmos ပန်းလည်း တခါတရံ “အတွဲပန်း” အနေနဲ့ အသုံးပြုကြပါတယ်
Marigold ပန်းကို ပြင်သစ်လို "Souci" (သို့မဟုတ်) "Tagète"
Cosmos ပန်းကိုတော့ ပြင်သစ်မှာ (Cosmos Flower) လို့ပဲ အသုံးများပါတယ်နော်

image
image
image
9 ပတ် - ဘာသာပြန်ပါ။

🎬 Bond 26 (2025)
👉 Official Trailer
👉 Jason Statham, Scarlett Johansson
Jason Statham and Scarlett Johansson join Bond 26, promising to bring a blockbuster action movie full of drama and emotion.
MGM and EON Productions confirmed: Statham will play James Bond in the latest film, marking a bold turning point for the famous spy series.
With the strong style shown in The Transporter, The Expendables and Fast & Furious, Statham is expected to breathe new life into the legendary 007 image.

image

" ရွှေရောင်ဥနဲ့ စိတ်ကြီးဝင်တဲ့ ခင်ပုတ်ငှက်ကလေး "

------------------------------------------------------------------------

တစ်ခါတုန်းက သစ်ပင်အုပ်အုံထူထပ်တဲ့ တောအုပ်ကြီးထဲမှာ မေမေခင်ပုတ် နဲ့ သားလေး ပုတ်ပုတ် ဆိုတဲ့ ခင်ပုတ်ငှက်ကလေးနှစ်ကောင် နေထိုင်ကြတယ်။ မေမေခင်ပုပ်က နေ့တိုင်း သားလေး ပုတ်ပုတ်အတွက် အစာရှာတယ်။ သားလေး ပုတ်ပုတ်ကတော့ အစားအသောက်ပြည့်စုံတော့ သိပ်ပြီး အလုပ်မလုပ်ချင်ဘဲ မာနကြီး လာခဲ့တယ်။

တစ်နေ့မှာ ပုတ်ပုတ်က သူငယ်ချင်း စွန်ရဲငှက် နဲ့ ဥဩငှက် တို့ကို "ငါ့အမေက တခြားငှက်တွေထက် ပိုကောင်းတဲ့ဥတွေကို ဥတာကွ။ ငါတို့ဥတွေက အရောင်တွေ ပိုလှတယ်" လို့ ကြွားတယ်။ တကယ်တော့ ခင်ပုတ်ငှက်ဥတွေက မီးခိုးပြာရောင် သာမန်အရောင်လေးတွေပါ။

ဒါပေမဲ့ ပုတ်ပုတ်က သူများထက်သာတယ်လို့ ထင်ချင်တဲ့စိတ်နဲ့ စွန်ရဲနဲ့ ဥဩတို့ကို လှောင်ပြောင်ပြီး အမြဲတမ်း သူများဥထက် သူ့ဥက ပိုလှတယ်လို့ လိမ်ပြော တတ်တယ်။ တစ်နေ့တော့ မေမေခင်ပုပ်က အစာရှာရင်း မြေပြင်ပေါ်မှာ အရောင်တောက်နေတဲ့ ရွှေရောင်ဥလေးတစ်လုံး ကို တွေ့တယ်။ "ဒီဥလေးက အရမ်းလှတာပဲ။ သားလေး ပုတ်ပုတ် ပျော်အောင် ယူသွားပေးမယ်" ဆိုပြီး သယ်လာခဲ့တယ်။

ပုတ်ပုတ်က ရွှေရောင်ဥလေးကို မြင်တော့ အံ့အားသင့်ပြီး ဝမ်းသာသွားတယ်။ နောက်နေ့ကျတော့ သူငယ်ချင်းတွေအားလုံးကို လှမ်းအော်ပြောတယ်။ "ကြည့်ကြပါဦး! ငါပြောတယ်နော်။ ငါတို့ဥတွေက မင်းတို့ဥတွေထက် အဆတစ်ရာ ပိုလှတယ်! ဒီဥလေးကတော့ ရွှေရောင်ပဲ!"
ဒါပေမဲ့ စွန်ရဲက ရွှေရောင်ဥကို သေချာကြည့်ပြီး "ပုတ်ပုတ်... ဒီဥက ငှက်ဥ မဟုတ်ဘူး လေ။ ဒါက မြေပြင်ပေါ်က ခဲလုံးလေးတစ်လုံးပဲ။ မင်းအမေက မင်းပျော်အောင်လို့ ယူလာပေးခဲ့တာ ဖြစ်ရမယ်" လို့ ပြောတယ်။

ပုတ်ပုတ် ရှက်သွားတယ်။ သူ မာနကြီးပြီး အမြဲလိမ်ခဲ့တာ အခုတော့ သူငယ်ချင်းတွေရှေ့မှာ ပေါ်သွားပြီလေ။ သူ မျက်ရည်ဝဲရင်း မေမေ့အနားသွားပြီး "မေမေ... တောင်းပန်ပါတယ်နော်။ သားက မာနကြီးပြီး သူငယ်ချင်းတွေကို လိမ်ပြောခဲ့မိတယ်။ တကယ်တော့ ခင်ပုတ်ဥလေးတွေက ဒီအတိုင်း မီးခိုးပြာရောင်လေးတွေဆိုတာ သားသိပါတယ်" လို့ ရိုးရိုးသားသား ဝန်ခံ လိုက်တယ်။

မေမေခင်ပုတ်က ပုတ်ပုတ်ကို နားလည်မှုရှိရှိနဲ့ ခွင့်လွှတ်ပေးပြီး "သားလေး... အရေးကြီးတာက ဥရဲ့အရောင်မဟုတ်ပါဘူး။ ကိုယ့်မှာရှိတဲ့ အရာကို မြတ်နိုးတတ်ဖို့နဲ့ ရိုးသားဖို့ပဲ အရေးကြီးဆုံးပါ" လို့ ပြောပြလိုက်ပါတယ်။
အဲ့ဒီနေ့ကစပြီး ပုတ်ပုတ်ဟာ မာနမကြီးတော့ဘဲ ရိုးသားစွာနဲ့ပဲ သူငယ်ချင်းတွေနဲ့ ပျော်ပျော်ရွှင်ရွှင် နေထိုင်သွားတော့သတဲ့။

----------------------------------------------------------------------

ပုံပြင်ကပေးတဲ့ သင်ခန်းစာ (Moral)

" ကိုယ့်မှာရှိတာကိုပဲ မြတ်နိုးပါ။ မာနကြီးပြီး သူများကို မလိမ်ပါနဲ့။ ကိုယ်မှားရင်လည်း ဝန်ခံတတ်ဖို့ အရေးကြီးဆုံးပါပဲ။ "

image
9 ပတ် - ဘာသာပြန်ပါ။

လွန်ခဲ့တဲ့ ဧပြီလက Snow White ရုပ်ရှင် အရှုံးပေါ်အပြီး အချိန်အကန့်အသတ်မရှိ ရပ်နားလိုက်တဲ့ Tangled live-action ရုပ်ရှင်ဟာ အခုအချိန်မှာတော့ ပြန်အသက်ဝင်လာပြီဖြစ်ပြီး ဟောလိဝုဒ်ထိပ်တန်းမင်းသမီး Scarlett Johansson က ဗီလိန်ကြီး Mother Gothel အဖြစ် ပါဝင်လာနိုင်တယ်လို့ သိရပါတယ်။
Disney ဟာ သူ့ရဲ့နာမည်ကျော်အန်နမေးရှင်းရုပ်ရှင်တွေကို live-action အဖြစ် ပြန်လည်အသက်သွင်းဖို့ ကြိုးစားခဲ့ရာမှာ The Little Mermaid, Snow White ရုပ်ရှင်တို့က ရလဒ်မကောင်းခဲ့တာကြောင့် ဆံရှည်မင်းသမီးလေး Rapunzel ရဲ့ Tangled ရုပ်ရှင်ပရောဂျက်ကို ရပ်နားခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ဒီနှစ်အတွင်းမှာပဲ ထွက်ရှိခဲ့တဲ့ Lilo & Stitch ရုပ်ရှင်က ရုံဝင်ငွေအမြတ်အစွန်းရရှိခဲ့သလို ပရိသတ်တွေ ကြိုက်နှစ်သက်ခဲ့တာကြောင့် Disney က အခုအချိန်မှာ Tangled ရုပ်ရှင်ကို ပုံဖော်ဖို့အတွက် ဆုံးဖြတ်လိုက်တာပါ။ ဒီရုပ်ရှင်ကို The Greatest Showman ရုပ်ရှင်ဒါရိုက်တာ Michael Gracey က တာဝန်ယူရိုက်ကူးသွားဖို့ စီစဥ်ထားပြီး Scarlett Johansson ကို Mother Gothel နေရာအတွက် နံပါတ်တစ် ဦးစားပေးအဖြစ် စတင်စကားပြောညိနှိုင်းနေကြပြီဖြစ်ပါတယ်။
ဒါ့အပြင် Disney ဟာ လာမယ့် ၂၀၂၆ ခုနှစ် ဇူလိုင်လ ၁၀ ရက်နေ့မှာ Moana live-action ရုပ်ရှင်ကို ရုံတင်ပြသသွားဖို့လည်း ရှိနေပါသေးတယ်။ Live-action ရုပ်ရှင်တွေကို အလျှော့မပေးသေးတဲ့ Disney အနေနဲ့ ဆုံးဖြတ်ချက်မှန်ကန်မလား၊ ပရိသတ်တွေရဲ့ ဝေဖန်သံတွေနဲ့ ထပ်ပြီးရင်ဆိုင်ရဦးမလားဆိုတာတော့ ဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ်။ Tangled အန်နမေးရှင်းရုပ်ရှင်ကတော့ ၂၀၁၀ ခုနှစ်ကထွက်ရှိခဲ့တာဖြစ်ပြီး ရုံဝင်ငွေ သန်း ၆၀၀ နီးပါးရရှိခဲ့သလို ရုပ်ရှင်ဇာတ်ဝင်တေးတစ်ပုဒ်ဖြစ်တဲ့ I See the Light ကလည်း အော်စကာဆုဆန်ခါတင်စာရင်း ဝင်ခဲ့ပါသေးတယ်။
ကိုးကား - Deadline, Variety
#cinemaboulevard #news #tangled #disney #scarlettjohansson

image
9 ပတ် - ဘာသာပြန်ပါ။

Nomadland ရုပ်ရှင်နဲ့အတူ အော်စကာဆုဆွတ်ခူးထားတဲ့ အမျိုးသမီးဒါရိုက်တာ Chloé Zhao ရဲ့ Hamnet ရုပ်ရှင်ပိုစတာ ထွက်ရှိလာပါပြီ။
ဒီရုပ်ရှင်ဟာ ဂန္တဝင်ပြဇာတ်ရေးဆရာ William Shakespeare နဲ့ ဇနီးဖြစ်သူ Agnes တို့ရဲ့ သားဖြစ်သူ Hamnet ငယ်ငယ်ရွယ်ရွယ်နဲ့ ဆုံးပါးသွားရာကတဆင့် Shakespeare ရဲ့ ဂန္တဝင်မြောက်လက်ရာတစ်ခုဖြစ်တဲ့ Hamlet ပြဇာတ်ဖြစ်ပေါ်လာပုံကို ရိုက်ကူးပုံဖော်ထားတာဖြစ်ပါတယ်။ ရုပ်ရှင်ပွဲတော်တွေမှာ အကြိုပြသမှုတွေအရ Hamnet ရုပ်ရှင်ဟာ ဇာတ်လမ်းတစ်ဝက်လောက်ကစလို့ မျက်ရည်ဖြိုင်ဖြိုင်ကျရတဲ့ ရုပ်ရှင်ဖြစ်ပြီး ဒီနှစ်အတွက် ဝမ်းနည်းစရာအကောင်းဆုံး၊ ရင်အကွဲရဆုံးရုပ်ရှင်တစ်ကားဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ဇနီးဖြစ်သူ Agnes Shakespeare အဖြစ် သရုပ်ဆောင်တဲ့ မင်းသမီး Jessie Buckley ဟာ သေချာပေါက် အော်စကာဆန်ခါတင်စာရင်းမှာ ပါဝင်လာမယ်လို့ တစ်ပေးခံထားရပြီး မင်းသား Paul Mescal ဟာလည်း ဇာတ်ပို့ဆန်ခါတင်စာရင်းမှာ ပါဝင်လာဖို့ အလားအလာရှိနေတယ်လို့ ခန့်မှန်းထားကြပါတယ်။
Hamnet ရုပ်ရှင်ကို လာမယ့် နိုဝင်ဘာလကုန်မှာ စတင်ပြသသွားမှာဖြစ်ပြီး Eternals ရုပ်ရှင်ပြီးကတည်းက ရုပ်ရှင်သစ်မထွက်ရှိလာသေးတဲ့ Chloé Zhao တစ်ယောက် Hamnet ရုပ်ရှင်နဲ့အတူ အော်စကာစင်မြင့်ပေါ် တကျော့ပြန်တက်ရောက်လာမလားဆိုတာ စောင့်ကြည့်ခံစားကြရမှာပါ။
#cinemaboulevard #update #poster #hamnet #chloezhao #jessiebuckley #paulmescal

image