ကစားသမားဘဝမှ အနားယူလာတဲ့ ပရီးမီးယားလိဂ်ဖလား ၅ ကြိမ်ရ မန်စီးတီးအသင်းခေါင်းဆောင်ဟောင်း
===================

ဖာနန်ဒင်ဟိုဟာ ဘောလုံးသမားအဖြစ် ဆယ်စုနှစ် နှစ်ခုကျော် ဖြတ်သန်းစဉ်အတွင်း ဆုဖလားများစွာ ဆွတ်ခူးပြီးနောက် ကစားသမားဘဝမှ အနားယူရန် ဆုံးဖြတ်လာပြီ ဖြစ်ပါတယ်။
အသက် ၄၀ နှစ်ရှိ ဘရာဇီးလက်ရွေးစင်ဟောင်းဖာနန်ဒင်ဟိုဟာ ၂၀၂၂ ခုနှစ်တွင် အသင်းဟောင်း Athletico Paranaense တွင် ပြန်ကစားလာခဲ့ပြီးနောက် အနားယူရန် ဆုံးဖြတ်လာတာလည်း ဖြစ်ပါတယ်။
သူဟာ ၂၀၁၃ ခုနှစ်တွင် ရှက်တာဒိုးနက်စ်မှ ပြောင်းလာပြီးနောက် မန်စီးတီးတွင် ၉ ရာသီကြာ ကစားခဲ့သူ ဖြစ်ပါတယ်။ သူဟာ ယူကရိန်းကလပ်နှင့်အတူ ယူကရိန်းလိဂ်ဖလား ၆ ကြိမ်၊ ယူအီးအက်ဖ်အေဖလား ၁ ကြိမ် ဆွတ်ခူးခဲ့သူလည်း ဖြစ်ပါတယ်။
သူဟာ မန်စီးတီးတွင် ပယ်လီဂရီနီ၊ ဂွါဒီယိုလာတို့ရဲ့လက်အောက်တွင် အဓိက ကွင်းလယ်ကစားသမားအဖြစ် ကစားခဲ့သူ ဖြစ်ပြီး ပရီးမီးယားလိဂ်ဖလား ၅ ကြိမ်၊ လိဂ်ဖလား ၆ ကြိမ်၊ အက်ဖ်အေဖလား ၁ ကြိမ်၊ ကွန်မြူနတီဒိုင်း ၁ ကြိမ် ဆွ်ခူးခဲ့ပါတယ်။
သူဟာ ၂၀၂၂ ခုနှစ်တွင် မန်စီးတီးမှ ထွက်ခွာကာ Athletico Paranaense သို့ ပြန်ပြောင်းကစားခဲ့ပေမယ့် အသက်အရွယ်ကြောင့် အကန့်အသတ်ဖြင့်သာ ကစားခွင့်ရလာခဲ့ပါတယ်။
သူဟာ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလနောက်ပိုင်းတွင် ကစားခွင့်လာခဲ့ခြင်း မရှိပါဘူး။
ယခုအခါမှာတော့ ရန်ပုံငွေပွဲတစ်ပွဲအပြီးတွင် ဖာနန်ဒင်ဟိုက "အနားယူလိုက်ပါပြီ။ ဒီကနေ့ မိနစ် ၃၀ ပြေးခဲ့တယ်။ အရမ်းမောနေခဲ့တယ်။ ဘောလုံးကစားဖို့ စိတ်အားထက်သန်စရာ မရှိတော့ဘူး။ ရနိုင်သမျှ အောင်မြင်မှုတွေလည်း ရခဲ့ပြီးပြီ။ အခု မိသားစုပျော်ရမယ့်အချိန်ရောက်လာပြီ"လို့ ပြောကြားသွားပါတယ်။
ဖာနန်ဒင်ဟိုဟာ ကလပ်နှင့် စာချုပ်သစ်ချုပ်ဆိုရေး ဆွေးနွေးမှု အဆင်မပြေ ဖြစ်ပြီးနောက် ကစားသမားဘဝမှ အနားယူရန် ဆုံးဖြတ်လာတာလည်း ဖြစ်ပါတယ်။

image

ရန်းစ်အသင်းက ပြင်သစ်လူငယ်ကစားသမားနှစ်ဦးကို စောင့်ကြည့်ဖို့ မန်ယူအသင်း ကင်းထောက်စေလွှတ်ထား

မန်ယူအသင်းဟာ ပြင်သစ်ကလပ် ရန်းစ်အသင်းက ပြင်သစ်လူငယ်ကစားသမားနှစ်ဦးကို ခေါ်ယူဖို့ စိတ်ဝင်စားနေတာကြောင့် ကင်းထောက်စေလွှတ်ပြီး စောင့်ကြည့်ခိုင်းထားကြောင်း သိရပါတယ်။
မန်ယူအသင်း စိတ်ဝင်စားနေတဲ့ကစားသမားနှစ်ဦးက ပြင်သစ်ယူ-၂၁ နောက်ခံလူ ဂျရေမီဂျက်ကေးနဲ့ ပြင်သစ်ယူ-၂၁ တိုက်စစ်မှူး မိုဟာမက်ခါဒါမီတီတို့ဖြစ်ကြောင်း သိရပါတယ်။
ဂျက်ကေး(၂၀ နှစ်)ဟာ ဒီရာသီမှာ ရန်းစ်အသင်းရဲ့ အဓိကကစားသမားတစ်ဦးအဖြစ် ခြေစွမ်းပြနေသလို၊ မီတီ(၁၈ နှစ်)ကလည်း တောက်ပလာမယ့် လူငယ်တစ်ဦးအဖြစ် ထင်ကြေးပေးခံထားရသူဖြစ်တာကြောင့် မန်ယူအသင်းက ခေါ်ယူဖို့ စိတ်ဝင်စားနေခြင်းဖြစ်ကြောင်း သိရပါတယ်။
မန်ယူအသင်းက ဒီကစားသမားတွေကို လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့မှာ ခေါ်ယူဖို့ ကြိုးပမ်းဖွယ်ရှိကြောင်းလည်း သတင်းထွက်နေပါတယ်။
ပြီးခဲ့တဲ့နွေရာသီကမှ ရန်းစ်အသင်းနဲ့ ၂၀၂၉ ခုနှစ်အထိ စာချုပ်သက်တမ်းတိုးထားတဲ့ နောက်ခံလူ ဂျက်ကေးကိုတော့ မန်ယူအသင်းသာမက တခြားပရီးမီးယားလိဂ်အသင်းတချို့ကလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း သိရပါတယ်။

image

မြောက်အိုင်ယာလန်အသင်းကို လျှော့မတွက်ဖို့ အီတလီကစားသမားတွေကို နည်းပြ ဂတ်တူဆို သတိပေး

အီတလီလက်ရွေးစင်အသင်းနည်းပြ ဂတ်တူဆိုက ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ Play-offs အဆင့်မှာ ရင်ဆိုင်ရမယ့် မြောက်အိုင်ယာလန်အသင်းကို လျှော့မတွက်ဖို့ ကစားသမားတွေကို သတိပေးခဲ့ကြောင်း သိရပါတယ်။
အီတလီအသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ ဥရောပဇုန် အုပ်စုအဆင့်မှာ နော်ဝေရဲ့နောက် ဒုတိယသာ ရရှိခဲ့တာကြောင့် တိုက်ရိုက်ခြေစစ်ပွဲမအောင်မြင်ဘဲ Play-offs အဆင့် ထပ်ကစားရမှာဖြစ်ပါတယ်။
Play-offs အဆင့်မှာ အီတလီအသင်းဟာ မြောက်အိုင်ယာလန်အသင်းနဲ့ ဆီမီးဖိုင်နယ်ပွဲစဉ် စတင်ယှဉ်ပြိုင်ရမှာဖြစ်ပြီး အနိုင်ရရှိရင် ဝေးလ်စ်-ဘော့စနီးယားပွဲက အနိုင်ရရှိတဲ့အသင်းနဲ့ ဗိုလ်လုပွဲမှာ ရင်ဆိုင်ရမှာဖြစ်ပါတယ်။
ဒီပွဲတွေကို တစ်ကျော့စီသာ ယှဉ်ပြိုင်ကစားရမှာဖြစ်တာကြောင့် အီတလီအသင်းအနေနဲ့ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲဆီ အရောက်လှမ်းနိုင်ဖို့ နှစ်ပွဲသာ လိုတော့တဲ့အခြေအနေဖြစ်ပါတယ်။
ဒါပေမဲ့ ဆီမီးဖိုင်နယ်မှာ ရင်ဆိုင်ရမယ့် မြောက်အိုင်ယာလန်အသင်းအပေါ် ဂတ်တူဆိုက ''သူတို့က ကြံ့ခိုင်မှုအားပြုတဲ့အသင်းပါ။ သူတို့က ဘယ်တော့မှ အရှုံးမပေးတဲ့အသင်းပါ။ ကျွန်တော်တို့ ယုံကြည်မှုအပြည့် ရှိနေပေမဲ့ သူတို့ကို လျှော့တွက်လို့ မရပါဘူး'' လို့ ပြောကြားခဲ့ပါတယ်။
အီတလီအသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ချန်ပီယံဆု (၄)ကြိမ်ရရှိထားတဲ့အသင်းဖြစ်ပေမဲ့ နောက်ဆုံးကမ္ဘာ့ဖလားပြိုင်ပွဲနှစ်ကြိမ်ဆက် ခြေစစ်ပွဲအောင်မြင်ခြင်းမရှိခဲ့ဘဲ ၂၀၁၈ တုန်းက Play-offs အဆင့်မှာ ဆွီဒင်ကို ရှုံးနိမ့်ခဲ့သလို၊ ၂၀၂၂ တုန်းကလည်း Play-offs အဆင့်မှာ မြောက်မက်ဆီဒိုးနီးယားကို ရှုံးနိမ့်ခဲ့ရပါတယ်။

image

ဒုတိယအကြိမ် မဲစာရင်း နိုဝင်ဘာ ၂၁ ရက်မှ စတင်ကပ်ထားကြေညာမည်
-----------------------------

ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲမှာ မဲစာရင်းတွေ ပြည့်စုံမှန်ကန်စေရေးအတွက် မဲစာရင်းတွေကို နိုဝင်ဘာ ၂၁ ရက်ကနေ ဒီဇင်ဘာ ၄ ရက်ထိ ၁၄ ရက်ကြာ သက်ဆိုင်ရာ ရပ်ကွက် နဲ့ ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲတွေ နဲ့ ကျေး ရွာတွေမှာ ဒုတိယအကြိမ် ထပ်မံ ကပ်ထားကြေညာပေးမယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က နိုဝင်ဘာ ၂၀ ရက်မှာ ထုတ်ပြန်ပါတယ်။
အကြောင်းအမျိုးမျိုးကြောင့် ရပ်ကွက် နဲ့ ကျေးရွာအုပ်စုတွေမှာ ကပ်ထားကြေညာနိုင်တာ မရှိရင် သက်ဆိုင်ရာ မြို့နယ် ကော်မရှင် အဖွဲ့ခွဲရုံးတွေမှာ မဲစာရင်း ကြည့်ရှုနိုင်ရေး ဆောင်ရွက်ထားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
မဲဆန္ဒရှင်စာရင်းတွေ ကပ်ထားကြေညာစဉ် မဲဆန္ဒရှင်တွေက မဲစာရင်းတွေ လာရောက်ကြည့်ရှုမှသာ ပြည့်စုံ မှန်ကန်တဲ့ မဲစာရင်း ရရှိနိုင်မှာ ဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်အရ သိရပါတယ်။
မဲဆန္ဒရှင်တွေအနေနဲ့ မဲစာရင်းကို လာရောက်ကြည့်ရှုပြီး မိမိအမည် မဲစာရင်းမှာ မပါဝင်ပါက ပုံစံ (၃) နဲ့ အမည်ထည့် သွင်းပေးဖို့ တောင်းဆိုတာ၊ မပါဝင်သင့်သူတွေ ပါဝင်နေရင် ပုံစံ (၄) နဲ့ ကန့်ကွက်တာ၊ မဲစာရင်းပါ အချက်အလက်တွေ မှားယွင်းနေရင် ပုံစံ (၄-ဂ) နဲ့ ပြင်ဆင်လွှာ တင်သွင်းတာတွေ ဆောင်ရွက်စေလိုတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထား ပါတယ်။
အခုလို ပြင်ဆင်တာ၊ ပယ်ဖျက်တာ၊ ဖြည့်စွက်တာတွေ ဆောင်ရွက်ပြီးရင် အထွေထွေရွေးကောက်ပွဲအတွက် တတိယ အကြိမ် မဲစာရင်း ကပ်ထားကြေညာတာကို လာမဲ့ ဒီဇင်ဘာလအတွင်း နောက်ဆုံးအကြိမ်အဖြစ် ထပ်မံကြေညာမှာ ဖြစ် တယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
အဲဒါကြောင့် ပြည့်စုံမှန်ကန်တဲ့ မဲစာရင်း ရရှိဖို့အတွက် ဒုတိယအကြိမ် မဲစာရင်း ကပ်ထားကြေညာစဉ် မဲဆန္ဒရှင်ပြည်သူ တွေအနေနဲ့ အိမ်ထောင်စုတစ်စုကို အနည်းဆုံး တစ်ယောက် မပျက်မကွက် လာရောက်ကြည့်ရှုပြီး ပူးပေါင်းကူညီ ဆောင်ရွက်ပေးကြဖို့ကိုလည်း မေတ္တာရပ်ခံထားပါတယ်။
ပထမအကြိမ် မဲစာရင်းတွေ ကပ်ထားကြေညာပေးမှုကိုတော့ ပြီးခဲ့တဲ့ စက်တင်ဘာ ၃၀ ရက်ကနေ အောက်တိုဘာ ၂၀ ရက်ထိ (၂၁) ရက်ကြာ ကပ်ထား ကြေညာခဲ့ပြီး ဖြစ်ပါတယ်။

image

တင်းနစ်ဂုဏ်ထူးဆောင်စာရင်း၌ ဖက်ဒရာကို ထည့်သွင်း
---------------------

ဆွစ်ဇာလန် ဂန္ထဝင်တင်းနစ်သမား ရော်ဂျာ ဖက်ဒရာကို နိုင်ငံတကာ တင်းနစ်အဖွဲ့ချုပ်ရဲ့ ဂုဏ်ထူးဆောင်စာရင်းထဲ ထည့်သွင်းသွားမှာဖြစ်တယ်လို့ နိုင်ငံတကာတင်းနစ်အဖွဲ့ချုပ်က ကြေညာလိုက်ပါတယ်။ အသက် ၄၄ နှစ်အရွယ် ဖက်ဒရာဟာ ၂၀၂၂ ခုနှစ်မှာ တင်းနစ်အားကစားကနေ အနားယူသွားခဲ့တာဖြစ်ပြီး အောင်မြင်တဲ့ တင်းနစ် ကစားသမားဘဝကို ဖြတ်သန်းခဲ့တာဖြစ်ပါတယ်။
ဖက်ဒရာဟာ ကစားသမားဘဝ အေတီပီ တစ်ဦးချင်းချန်ပီယံဆု ၁၀၃ ခုအထိ ရယူနိုင်ခဲ့ပြီး အိုးပင်းခေတ် တင်းနစ်သမိုင်းမှာ ၁၀၉ ပွဲအနိုင်ရထားတဲ့ ဂျင်မီကော်နာပြီးနောက် နိုင်ပွဲ အများဆုံးကစားသမားဖြစ်ပါတယ်။ ဒါ့အပြင် ဖက်ဒရာဟာ အမျိုးသာတင်းနစ်အားကစားသမားတွေထဲမှာ ဂရင်းစလမ်ပြိုင်ပွဲ ချန်ပီယံဆု အကြိမ် ၂၀ ပြည့်တဲ့ ပထမဆုံး ကစားသမားလည်းဖြစ်ခဲ့ပါတယ်။ နိုင်ငံတကာ တင်းနစ်အဖွဲ့ချုပ် ဂုဏ်ထူးဆောင်စာရင်းမှာ ချန်ပီယံကစားသမားတွေနဲ့အတူ ပါဝင်ခွင့်ရတာက ဂုဏ်ယူစရာ ကောင်းမှာဖြစ်တယ်လို့ ဖက်ဒရာက ပြောပါတယ်။
လာမယ့် ၂၀၂၆ ဩဂုတ်လ ၂၇ ရက်ကနေ ၂၉ ရက်ကြား ပြုလုပ်မယ့်ဂုဏ်ပြုပွဲမှာ ဖက်ဒရာကို ဂုဏ်ထူးဆောင် စာရင်းထဲ ထည့်သွင်းသွားမှာဖြစ်တယ်လို့ သိရပြီး အထိမ်းအမှတ်ဆုလည်း ပေးအပ်သွားဖို့ရှိနေပါတယ်။ ဖက်ဒရာ ဟာ ကစားသမားဘဝ ဝင်ဘယ်ဒန်ချန်ပီယံဆုကို ၈ ကြိမ်ရယူထားပြီး အကြိမ်အများဆုံး ရယူထားနိုင်တဲ့ အမျိုး သားတင်းနစ်သမားအဖြစ် စံချိန်တင်ထားပါတယ်။

image

ထိုင်းတွင် မြန်မာလုပ်သား တစ်ဦး ကြိတ်စက်ထဲ ပြုတ်ကျ သေဆုံးမှုဖြစ်ပွား
--------------------------------

ထိုင်းနိုင်ငံ၊ ချွန်ဘူရီခရိုင်၊ ဘန်းဘင်မြိုရှိ ဖော့စက်ရုံတစ်ရုံမှာ အလုပ်လုပ်နေတဲ့ မြန်မာလုပ်သားတစ်ယောက် ဖော့ကြိတ် စက်ထဲ ပြုတ်ကျပြီး သေဆုံးမှု ဖြစ်ပွားခဲ့တယ်လိုထိုင်းသတင်းဌာနဖြစ်တဲ့ Khaosod ရဲ့ ဖော်ပြချက်အရ သိရပါတယ်။
အသက် ၂၄ နှစ်အရွယ် မြန်မာအမျိုးသား လုပ်သားတစ်ယောက်ဟာ နိုဝင်ဘာ ၁၉ ရက်၊ ည ၁၀ နာရီလောက်က အလုပ် လုပ်နေစဉ် ကြိတ်စက်အတွင်းကို လူတစ်ကိုယ်လုံး ပြုတ်ကျကာတစ်စစီ ကြိတ်မိပြီး သေဆုံးခဲ့တာ ဖြစ်ပြီး နိုဝင် ဘာ ၂၀ ရက်မှာတော့ ထိုင်းရဲတွေဆီ သတင်းရောက်ရှိတဲ့အတွက် သွားရောက်စစ်ဆေးခဲ့တယ်လို ဆိုပါတယ်။
ကယ်ဆယ်ရေးသမားတွေက ရုပ်အလောင်းကို ပြန်ယူဖို လုပ်ဆောင်ရာမှာ ကြေမွနေတဲ့ အစိတ်အပိုင်းတွေနဲ့ ပလတ် စတစ် အပိုင်းအစတွေ ရောနှော နေတာကြောင့် သေချာစွာ ဖယ်ထုတ်ဖို ကြိုးစားခဲ့ရပြီး အစိတ်အပိုင်းအချိုကိုသာ ပြန်ရခဲ့တယ်လို Khaosod ရဲ့ ဖော်ပြချက်အရ သိရပါတယ်။
စုံစမ်းစစ်ဆေးရေးအဖွဲရဲ့ ကနဦး သုံးသပ်ချက်အရ သေဆုံးသူဟာ အလုပ်ချိန် နာရီပေါင်းများစွာ ကြာမြင့်တာကြောင့် အိပ်ငိုက်ကာ အမှတ်မထင် စက်ထဲသို ပြုတ်ကျ သွားတာ ဖြစ်နိုင်တယ်လို ယူဆထားပြီး ဥပဒေအရ အရေးယူမှု တွေ လုပ်ဆောင်နိုင်ဖို CCTV မှတ်တမ်းတွေကို ကြည့်ရှုစစ်ဆေးတာ နဲ့ လုပ်ဖော်ကိုင်ဖက်တွေကို စစ်ဆေးမေးမြန်းတာတွေ ပြုလုပ်နေတယ်လို သိရပါတယ်။
ဒါ့အပြင် မြန်မာလုပ်သား သေဆုံးမှုနဲ့ ပတ်သက်လိုလည်း သေဆုံးသူရဲ့ မိသားစုဝင်တွေက ထိုင်းနိုင်ငံအခြေစိုက် WAG အလုပ်သမား မဟာမိတ်အဖွဲထံ အကူအညီ တောင်းခံလာတဲ့အတွက် သွားရောက်ကူညီမှုတွေ ဆောင်ရွက်နေတယ်လို လည်း WAG အဖွဲက ထုတ်ပြန်ထားပါတယ်။

image

ရှမ်းမြောက် သီပေါတံတား တစ်ပတ်ကြာသည်အထိ ယာဉ်ဖြတ်သန်းခွင့် မပြုသေးသော်လည်း လမ်းလျှောက်ဖြတ်သန်းခွင့်ပြု

ရှမ်းပြည်နယ်မြောက်ပိုင်း ၊ ကျောက်မဲခရိုင်အတွင်းရှိ သီပေါတံတားကို နိုဝင်ဘာ(၁၄)ရက် နံနက်ပိုင်းမှ စတင်ပိတ်ထားရာ ယနေ့နိုဝင်ဘာ (၂၀)ရက်အထိ ယာဉ်များဖြစ်သန်းခွင့်မပြုသေးသော်လည်း ပြည်သူများအား လမ်းလျှောက်ဖြတ်သန်းခွင့်ပြုထားပြီဖြစ်ကြောင်း ဒေသခံသတင်းရင်းမြစ်များထံက သိရသည်။
"သီပေါတံတား ဒီနေ့ မနက်အထိ မပွင့်သေးပေမယ့် လူတွေကို တံတားပေါ်ဖြတ်သန်းခွင့်ပေးနေပါတာ (၂)ရက်ရှိပါပြီ" ဟု ဒေသခံတစ်ဦးက ပြောသည်။
လက်ရှိ လမ်းခရီးအခြေအနေအရ လား ရှိုး-မန္တလေးအတက်အဆင်း ခရီးစဉ်တွင် လားရှိုး - မိုင်းရယ် - ကျေးသီး - တောင်ကြီး လမ်းပိုင်း၊ နောင်ပိန်-ရဲရွာ-နောင်လုံ-နမ့်လန်-ပန်ကေသု-ကျေးသီး-မိုင်းရယ်လမ်းပိုင်း၊ သီပေါ-နားမခေါ်-တာလုံ-ကျောက်မဲ လမ်းပိုင်းတို့မှ အဆင်ပြေစွာ သွားလာ၍ ရနေသည်ဟု သိရသည်။
သီပေါတံတားကို နိုဝင်ဘာလ (၂၁)ရက်မှ (၂၃)ရက်အတွင်း ပြန်ဖွင့်ကာ ဖြတ်သန်းသွားလာခွင့်ပေးမည်ဟု သတင်းထွက်ပေါ်နေပြီး ယင်းသတင်းမှာ ဖြစ်နိုင်ချေများကြောင်းလည်း အဆိုပါ ဒေသခံက ဆိုသည်။
မန္တလေး - လားရှိုး ခရီးစဉ်ကို အောက်တိုဘာ (၁၈) ရက်မှစတင်၍ ပြည်ထောင်စုလမ်းမကြီး အတိုင်း သွားလာခွင့်ပြုခဲ့ပြီး‌ ရန်ကုန် - လားရှိုးခရီးစဉ်များကိုလည်း နိုဝင်ဘာ (၈)ရက်မှ စတင်ကာ ပြန်လည်သွားလာခွင့်ပြုထားကြောင်း သိရသည်။

image

နိုင်ငံဝန်ထမ်းများ ပါတီနိုင်ငံရေးကင်းရှင်းပြီး ပြည်သူ့အကျိုးစီးပွားအတွက် ရှေးရှုဆောင်ရွက်ကြရန် လို

ပါတီနိုင်ငံရေးကင်းရှင်းပြီး နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်များကို စောင့်ထိန်းလိုက်နာကာ နိုင်ငံ့ဝန်ထမ်းသစ္စာအဓိဋ္ဌာန် (၆) ချက်အား ဦးထိပ်ပန်ဆင်ပြီး နိုင်ငံတော်နှင့် ပြည်သူ့အကျိုးစီးပွားအတွက် ရှေးရှုဆောင်ရွက်ကြရန် လိုအပ်ကြောင်း ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဦးစိုးမင်းဦးက ပြောသည်။
ယမန်နေ့က ကျင်းပသည့် ဝန်ထမ်းအဖွဲအစည်းအကြီးအမှူးသင်တန်း အမှတ်စဉ် (၁၂) သင်တန်းဆင်းပွဲ၌ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဌ ဦးစိုးမင်းဦးက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
နိုင်ငံတော်၏ ရည်မှန်းချက်များကို အကောင်အထည်ဖော်ရာတွင် မူဝါဒ၊ လမ်းညွှန်ချက်များနှင့်အညီ အတွေးသစ်၊ အမြင်သစ်များဖြင့် လိုက်ပါပြောင်းလဲဆောင်ရွက်ကြရန်၊ အလုပ်နှင့်ဘဝ ဟန်ချက်ညီအောင်ဖန်တီးနိုင်ပြီး အကြီး အမှူးကောင်းစိတ်ဓာတ်ဖြင့် မိသားစုအသွင် ဦးဆောင်လမ်းပြကြရန်၊ တာဝန်ယူမှု၊ တာဝန်ခံမှုဖြင့် ကြီးကြပ်ကွပ်ကဲမှု အနည်းဆုံးစွမ်းဆောင်နိုင်သူများဖြစ်ရန်၊ သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ်နှင့် ဝန်ကြီးဌာန၊ အဖွဲ့အစည်းအလိုက် ချမှတ်ထားသော မူဝါဒလမ်းညွှန်ချက်များကို အောင်မြင်အောင် ကြိုးပမ်းအကောင်အထည်ဖော်ကြရန်လည်း ဦးစိုးမင်းဦးက ပြောကြားထားသည်။
နိုင်ငံတော်အစိုးရက အကောင်ထည်ဖော်သော လုပ်ငန်းများကို အဓိက လိုက်ပါအကောင်ထည်ဖော်ရသော ဝန်ထမ်းအဖွဲအစည်းအကြီးအမှူးများ ဖြစ်လာသည့်အခါ ပြည်သူလူထုအကျိုးကို ရှေးရှုပြီး တိုင်းပြည် ဖွံဖြိုးတိုးတက်ရန် ဦးစီးဦးဆောင်ပြု၍ စေတနာထား တာဝန်ထမ်းဆောင်ကြရန်လိုအပ်ကြောင်းလည်း ပြောကြားခဲ့သည်။

image

သဘာဝဓာတ်ငွေ့ရည်များ သယ်ဆောင်လာသည့် MT DAPENG PRINCESS သင်္ဘော ထပ်မံရောက်ရှိ

Liquified Natural Gas LNG အပြည့် သယ်ဆောင်လာသည့် MT DAPENG PRINCESS သင်္ဘောသည် MCV Terminal သို့ ထပ်မံရောက်ရှိလာခဲ့ကြောင်း သိရသည်။
အဆိုပါသင်္ဘောသည် MCV Terminal ၌ ဆိုက်ကပ်ထားသည့် အဆင့်မြင့်နည်းပညာသုံး ဓာတ်ငွေ့သိုလှောင်သင်္ဘော (FSO - Floating Storage and Offloading) ဖြစ်သော MV CNTIC VPOWER ENERGY သင်္ဘောအတွင်းသို့ ဓာတ်ငွေ့များကို ဖြည့်တင်းပေးမည်ဖြစ်ကြောင်း သိရသည်။
ယခုရောက်ရှိလာသည့် MT DAPENG PRINCESS ကို ကပ်ပေးပြီးဖြစ်သည့်အတွက် CVE ထဲသို့ သဘာဝဓာတ်ငွေ့ကို ကူးပြောင်းပေးပို့ပြီးပါက မကြာမီအချိန်အတွင်း လျှပ်စစ်ဓာတ်အားကို ထုတ်ပေးနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။
Photo:NS

image

မဲစာရင်းပါသည့် တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများ ကြိုတင်မဲပေးနိုင်မည့်အချိန် တစ်ရက်သာကျန်တော့

မဲစာရင်းပါရှိသည့် တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများ ကြိုတင်မဲပေးနိုင်မည့်အချိန်သည် နိုဝင်ဘာ (၂၁)ရက် တစ်ရက်သာ ကျန်တော့သည်။
တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများ အတွက် ကြိုတင်မဲပေးနိုင်သည့် အချိန်သည် နိုဝင်ဘာ(၁၇)ရက်မှ နိုဝင်ဘာ (၂၁)ရက်အထိ သတ်မှတ်ထားခြင်း ဖြစ်သည်။
တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများသည် မိမိ သက်ဆိုင်ရာမြို့နယ်ပြင်ပရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် ကောလိပ်များတွင် တက်ရောက်ရမည်ဆိုပါက ဆန္ဒမဲပေးခြင်းကို မဲစာရင်းပါရှိရာ ရပ်ကွက်၊ ကျေးရွာများတွင် ကြိုတင်မဲပေးရမည် ဖြစ်သည်။
ထိုသို့ပေးရာတွင် နိုင်ငံသားစိစစ်ရေးကတ် (သို့မဟုတ်) ကျောင်းသားကတ် သို့မဟုတ် ကျောင်းဝင်ခွင့် အထောက် အထားတို့ကို ပြသ၍ ကြိုတင်ဆန္ဒမဲပေးနိုင်မည်ဟုလည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားပြီး ဖြစ်သည်။
ရွေးကောက်ပွဲကျင်းပမည့် ဒီဇင်ဘာ (၂၈) ရက်သည် သက်ဆိုင်ရာ ကျောင်းများ၌ ‌ပညာသင်ကြားနေမည့်အချိန်ဖြစ်သောကြောင့် အသက် (၁၈) နှစ်ပြည့်ပြီး ဥပဒေအရ မဲပေးခွင့်ရှိသည့် ကျောင်းသား၊ ကျောင်းသူများ မဲပေးခွင့်မဆုံးရှုံးစေရန် ထိုသို့စီစဉ်ပေးထားခြင်း ဖြစ်ကြောင်းလည်း သိရသည်။

image