FA Cup ပဉ္စမအဆင့်ပွဲစဉ်များ ရေးဆွဲပြီးနောက် အာဆင်နယ်အသင်းပဲ ရေပန်းအစားဆုံးဖြစ်နေ
FA Cup ပဉ္စမအဆင့်ပွဲစဉ်များ ရေးဆွဲပြီးနောက် အအောင်မြင်ဆုံး အာဆင်နယ်အသင်းပဲ ချန်ပီယံဆုအတွက် ရေပန်းအစားဆုံး ဆက်ဖြစ်နေခဲ့ပါတယ်။
William Hill ရဲ့အလေးချက်မှာ အာဆင်နယ်အသင်းက ၁၁း၄ လေးနဲ့ ထိပ်ဆုံးမှာ ရှိခဲ့ပြီး မန်စီးတီးက ရး၂ လေး၊ လီဗာပူးလ်က ၉း၂ လေး၊ ချယ်လ်ဆီးက ၁၁း၂ လေး၊ နယူးကာဆယ်က ၁၀း၁ လေးနဲ့ အသီးသီးရပ်တည်နေပါတယ်။
အာဆင်နယ်အသင်းဟာ ပဉ္စမအဆင့်မှာ League One ကလပ် မန်းစ်ဖီးလ်နဲ့သာ ရင်ဆိုင်ကစားရဖို့
ရှိပါတယ်။
နယူးကာဆယ်-မန်စီးတီး ပွဲအပြင် ဝုလ်ဗ်-လီဗာပူးလ်၊ ဝက်စ်ဟမ်း-ဘရန့်ဖို့ဒ်စတဲ့ ပရီးမီးယားလိဂ်ကလပ်အချင်းချင်းတွေ့ဆုံမှု သုံးပွဲ ပါဝင်ခဲ့ပါတယ်။
ချယ်လ်ဆီးအပါအဝင် ဖူလ်ဟမ်၊ ဆန်းဒါးလန်း၊
လိဒ်စ်စတဲ့ ပရီးမီးယားလိဂ်ကလပ်တွေကတော့ အောက်တန်းအသင်းတွေနဲ့သာ ကစားရမှာ
ဖြစ်ပါတယ်။
ပဉ္စမအဆင့်ပွဲစဉ်တွေကို မတ်လ ၇ ရက်နဲ့ ၈ ရက် ရက်သတ္တပတ်မှာ ကစားမှာဖြစ်ပါတယ်။