ဗီရိုနီကာနဲ့ပွဲအတွက် အဆင်သင့်ဖြစ်နေပြီလို့ ရှီရာကိုဟင် ဆို

ONE Friday Fights 143 ပြိုင်ပွဲမှာ ဗီရိုနီကာနဲ့ ထိုးသတ်ရမယ့်ပွဲအတွက် အဆင်သင့်ဖြစ်နေပြီလို့ အစ္စရေးအမျိုးသမီးဖိုက်တာ ရှီရာကိုဟင်က လေ့ကျင့်မှုပြုလုပ်နေရင်း ပြောကြားခဲ့ပါတယ်။
အသက် (၂၅) နှစ်ရှိ အစ္စရေးအမျိုးသမီးဖိုက်တာ ရှီရာကိုဟင်ဟာ မြန်မာ့ရိုးရာလက်ဝှေ့သမား ကျော်စွာဝင်း သွားရောက်လေ့ကျင့်နေတဲ့ ထိုင်းနိုင်ငံက နာမည်ကျော် Fairtex Training Center မှာ အသင်းသားအဖြစ် နေထိုင်လေ့ကျင့်နေသူဖြစ်ပါတယ်။
ရှီရာကိုဟင်က"အဆင်သင့်ပါပဲ။ Let's Go ဗီရိုရေ ..." ဆိုပြီး ပြောကြားလိုက်တာ​ဖြစ်ပါတယ်။
ရှီရာကိုဟင်က မြန်မာဖိုက်တာများနဲ့ မြန်မာ ပရိသတ်များကိုလည်း လေးစားကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါသေးတယ်။
အစ္စရေးအမျိုးသမီးဖိုက်တာ ရှီရာကိုဟင်ဟာ ONE Championship မှာ သုံးပွဲထိုးသတ်ထားပြီး သုံးပွဲစလုံးကို အနိုင်ရရှိထားသူဖြစ်ပါတယ်။
ရှီရာကိုဟင် အနိုင်ရရှိထားတဲ့ သုံးပွဲမှာ တစ်ပွဲကို အလဲထိုး၊ နှစ်ပွဲကို အမှတ်နဲ့ အနိုင်ရရှိထားခြင်းဖြစ်ပါတယ်။
ရှီရာကိုဟင်ဟာ ဗီရိုနီကာ အမှတ်နဲ့ ရှုံးနိမ့်ထားတဲ့ ချီလီနိုင်ငံသူ ဖရန်ဆစ်ကာဗီရာကို အမှတ်နဲ့ အနိုင်ရရှိထားပါတယ်။
ရှီရာကိုဟင်ဟာ ဆယ်ကျော်သက်အရွယ်ကတည်းက ကစ်ဘောင်ဆင်ကို ထိုးသတ်ခဲ့သူဖြစ်ပြီး ပွဲပေါင်း (၅၀) ထက်မနည်း ထိုးသတ်ထားကြောင်း သိရပါတယ်။

image