ဈေးကြိုလာတဲ့ ဒိုင်နာမော်တော်ယာဉ် အရှိန်လွန် စလစ်ဖြစ်ပြီး အိမ်စီးကားတစ်စီးကို ဝင်တိုက်ကာ တိမ်းမှောက်လို့ လူကိုးဦး ဒဏ်ရာရ

စက်တင်ဘာ ၃၀

ဈေးကြိုလာတဲ့ ဒိုင်နာမော်တော်ယာဉ် အရှိန်လွန် စလစ်ဖြစ်ပြီး အိမ်စီးကားတစ်စီးကို ဝင်တိုက်ကာ တိမ်းမှောက်တဲ့ဖြစ်စဉ် ဒီနေ့ စက်တင်ဘာ ၃၀ ရက်နေ့ မနက် ၆ နာရီခန့်က ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ မေတ္တာညွန့်ရပ်ကွက်အနီး၊ လေးထောင့်ကန် လမ်းပေါ်မှာဖြစ်ပွားခဲ့လို့ လူကိုးဦး ဒဏ်ရာရရှိခဲ့တယ်လို့ မြေပြင်အကူအညီရောက်ရှိခဲ့တဲ့ မစီးဒီးခါန်း လူမှုကူညီရေး အသင်းထံကနေ သိရပါတယ်။

အဆိုပါယာဉ်မတော်တဆမှုကြောင့် ဈေးကြို ဒိုင်နာယာဉ်မှာ ကားခေါင်းပိုင်း ပျက်စီးခဲ့ပြီး တစောင်းလဲကျကာ လမ်းဘေးမှာ ညအိပ်ရပ်တန့်ထားတဲ့ အိမ်စီးကား သုံးစီးကိုလည်း ထပ်မံထိခိုက်စေခဲ့သလို ဒိုင်နာယာဉ်ပေါ်ပါ ယာဉ်မောင်းနဲ့ ယာဉ်အကူအပြင် ဈေးသည် အမျိုးသမီး ခုနစ်ဦးလည်း ထိခိုက်ပေါက်ပြဲ ပွန်းပဲ့ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ သိရပါတယ်။

ဒဏ်ရာရလူနာတွေကို ပရဟိတအသင်းက ယာဉ်နဲ့ သင်္ဃန်းကျွန်းဆေးရုံအရေးပေါ်ဌာနဆီ ကူညီပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

လွန်ခဲ့တဲ့ ခုနစ်ရက် (စက်တင်ဘာ၂၃ ရက်) မနက်အစောပိုင်းကလည်း ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ပုသိမ်ညွန့်ရပ်ကွက်၊ သမိန်ဗရမ်းလမ်း၊ ကြက်ဘဲဈေးအနီးမှာ ဈေးကြိုယာဉ် ၃ စီး ပြိုင်မောင်းရင်း အချင်းချင်း ဆင့်တိုက်တိုက်မှုဖြစ်ပွားပြီး နှစ်ဦးသေဆုံးကာ သုံးဦး ဒဏ်ရာရတဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့ပါသေးတယ်။

Credit - Myanmar Transparency News Agency

#သတင်းဟင်းလေးအိုးကြီး

imageimage
+4

ကျပ် ၆ ဘီလျံခွဲနီးပါးတန်ဖိုးရှိ တရားမဝင်သွင်းကုန်များ သယ်ဆောင်လာသည့် ကျပ်တစ်ဘီလျံနီးပါးတန်ဖိုးရှိ ရေယာဉ်နှစ်စင်းကို တစ်နေ့တည်း ဖမ်းမိ

စက်တင်ဘာ ၃၀

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ယခုလည်း ကျပ် ၆ ဘီလျံခွဲနီးပါးတန်ဖိုးရှိ တရားမဝင်သွင်းကုန်များ သယ်ဆောင်လာသည့် ကျပ်တစ်ဘီလျံနီးပါးတန်ဖိုးရှိ ရေယာဉ်နှစ်စင်းကို တစ်နေ့တာအတွင်း ဖမ်းမိလိုက်သည်ဟု သိရသည်။

ဖြစ်စဉ်များမှာ ပြီးခဲ့သည့် စက်တင်ဘာ ၂၇ ရက်က သာကေတဆိပ်ကမ်း၌ ကော့သောင်းမြို့မှ ရန်ကုန်မြို့သို့ ဆိုက်ကပ်လာသည့် MV. Shwe Dei Wi ရေယာဉ်ပေါ်မှ တရားဝင် စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်း ၁၂၈ မျိုး၊ လူသုံးကုန်ပစ္စည်း ၃၉ မျိုး၊ စားသောက်ကုန်ပစ္စည်းနှစ်မျိုး၊ ခန့်မှန်းတန်ဖိုးငွေကျပ် ၄၅၇၁၁၂၀၃၇၂ ကို ဖမ်းမိခဲ့သည်။

အလားတူ ထို စက်တင်ဘာ ၂၇ ရက်နေ့တွင်ပင် မုတ္တမဆိပ်ကမ်း (လှိုင်သာယာ) ၌ ကော့သောင်းမြို့မှ ရန်ကုန်မြို့သို့ ဆိုက်ကပ်လာသည့် MV. Shwe Bon San ရေယာဉ်ပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်း ၁၃၅ မျိုး၊ လူသုံးကုန်ပစ္စည်း ၁၈ မျိုး၊ ခန့်မှန်းတန်ဖိုးငွေ ကျပ် ၁၈၀၄၈၉၇၇၀၈ ခန့်ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အဆိုပါ ဖမ်းမိရေယာဉ်များ၏ ခန့်မှန်းတန်ဖိုးမှာ MV. Shwe Dei Wi ရေယာဉ်သည် ခန့်မှန်း တန်ဖိုးငွေကျပ် ၃၂၈၇၁၈၁၄၈ ခန့်ရှိပြီး MV. Shwe Bon San ရေယာဉ်သည် ခန့်မှန်းတန်ဖိုးငွေကျပ် ၆၁၄၆၂၇၉၁၂ ရှိကြောင်းနှင့် ထိုရေယာဉ်များကို အမှုတွဲဖွင့်လှစ်အရေးယူ ဆောင်ရွက်လျက်ရှိသလို ဖမ်းမိကုန်စည်နှင့် ရေယာဉ်တန်ဖိုးပေါင်းမှာ ကျပ် ၇၃၉၅၅၃၄၁၄၀ ခန့်ဖြစ်ကြောင်း သိရသည်။

Credit - Myanmar Transprency News Agency

#centralnewsnaypyitaw

image
4 w - Translate

စိတ်နာချင်ယောင်ဆောင်တာပါ
ချစ်ပြီးသားလူတစ်ယောက်ကို
ဒီနှလုံးသားက လွယ်လွယ်ကူကူ
မမုန်းနိုင်ပါဘူး.....။

- တက္ကသိုလ်ဘုန်းနိုင်

အိမ်ကအမေပါ သူ့အမေဖြစ်သွားတယ်

image
4 w - Translate

၁၉၂၈ ခုနှစ်ကတည်းက ပျောက်ကွယ်သွားပြီး မျိုးသုဉ်းသွားပြီလို့ ထင်ခဲ့ကြတဲ့ ရှားပါးသစ်ပင် သားပိုက်ကောင် တစ်ကောင်ဟာ နှစ် ၉၀ ကြာမှ ၂၀၁၈ ခုနှစ်မှာ ပြန်ပေါ်လာခဲ့ပါတယ်။
ဒီ Wondiwoi tree-kangaroo မျိုးစိတ်ကို သူ့ရဲ့ မူလနေရင်းဒေသတွေမှာ ပြန်တွေ့ရတာပါ။ ဒါဟာ ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးသမားတွေအတွက် ကြီးမားတဲ့ မျှော်လင့်ချက်ကို ပေးခဲ့ပါတယ်။
သူ့ရဲ့ ပြန်ပေါ်လာမှုက ကမ္ဘာပေါ်က ဝေးလံတဲ့ဒေသတွေမှာ မတွေ့ရသေးတဲ့ ဒါမှမဟုတ် ပြန်တွေ့နိုင်တဲ့ ရှားပါးမျိုးစိတ်တွေ အများကြီး ရှိနေသေးကြောင်း ပြသလိုက်တာပဲ ဖြစ်ပါတယ်။

image
4 w - Translate

ခင်ပွန်းဖြစ်သူနဲ့ အိမ်ထောင်သက်ဆယ်စုနှစ် ၂ ခုနီးပါးအကြာမှာ ကွာရှင်းလိုက်တဲ့ မင်းသမီးကြီး နီကိုးလ်ကစ်မန်း
အသက် ၅၈ နှစ်အရွယ် နာမည်ကြီးမင်းသမီးကြီး နီကိုးလ်ကစ်မန်းဟာ အသက် ၅၇ နှစ်အရွယ် ဂီတပညာရှင် ခင်ပွန်းဖြစ်သူ ကိတ်သ်အာဘမ်နဲ့ ဆယ်စုနှစ် ၂ ခုနီးပါးအကြာမှာ ပြတ်စဲလိုက်ပြီလို့ သိရပါတယ်။ သူတို့နှစ်ဦးဟာ ကွဲလွဲနေတဲ့ အလုပ်အချိန်ဇယားတွေရှိနေတဲ့အတွင်း လတော်တော်ကြာ ခွဲနေခဲ့ပြီးနောက် ပြတ်စဲခဲ့တာဖြစ်ပါတယ်။ သူတို့နှစ်ဦးက ၂၀၀၆ ခုနှစ်မှာ လက်ထပ်ခဲ့ကြတာဖြစ်ပြီး သမီး ၂ ယောက်ရှိပါတယ်။
နီကိုးလ်က အခုလိုကွာရှင်းရလိမ့်မယ်လို့ မထင်ခဲ့ဘူး။ မကွာရှင်းချင်ခဲ့ဘူး။ သူကလည်း ဇာတ်ကားရိုက်ကူးနေတာ၊ ကိတ်သ်ကလည်း ကမ္ဘာ့လှည့်ဖျော်ဖြေပွဲရှိနေတာတွေကြောင့် သူတို့နှစ်ဦးမတွေ့ဖြစ်ကြတာများပါတယ်။ သူတို့ကြားမှာ အချစ်တွေအများကြီးရှိခဲ့ကြပြီး ကွာရှင်းဖို့ မဖြစ်နိုင်ပေမဲ့ သူတို့နှစ်ဦးလုံးက နှစ်ယောက်အတူမရှိတဲ့နေရာမှာ နေထိုင်တဲ့ကမ္ဘာတစ်ခုရှိနေတယ်လို့ အရင်းအမြစ်တွေက ဆိုထားပါတယ်။
နီကိုးလ်နဲ့ ကိတ်သ်ကို ၂၀၂၅ ခုနှစ်မေလက Academy of Country Music Awards မှာ အတူမြင်တွေ့ခဲ့ရသလို ဇွန်လကလည်း ဘောလုံးပွဲတစ်ခုမှာ မြင်တွေ့ခဲ့ရပါသေးတယ်။ နီကိုးလ်က Practical Magic နောက်ဆက်တွဲဇာတ်ကားကို ရိုက်ကူးရင် လန်ဒန်မှာပဲ လတော်တော်ကြာနေနေခဲ့တာပါ။ Hampstead အိမ်မှာ တစ်လကို ဒေါ်လာ ၈၇၂၈၈ ပေးကာ နေခဲ့တာပါ။ ကိတ်သ်ကတော့ အောက်တိုဘာလအထိ အမေရိကန်နဲ့ ကနေဒါအနှံ့ High and Alive ကမ္ဘာလှည့်ဖျော်ဖြေပွဲလုပ်ဆောင်နေပါတယ်။
နီကိုးလ်ဟာ အရင်က ၁၉၉၀ ခုနှစ်ကနေ ၂၀၀၁ ခုနှစ်အထိ တွမ်ခရုစ်နဲ့လက်ထပ်ခဲ့ဖူးပါတယ်။ သူတို့လက်ထပ်ခဲ့စဉ်အတွင်း ကလေး ၂ ဦးကို မွေးစားခဲ့ပါသေးတယ်။
Ref: Nicole Kidman and Keith Urban separate after nearly 2 decades together

image
4 w - Translate

Don't be afraid to fail. Be afraid not to try

image

လေပွေလှိုင်းအခြေအနေသတင်း အမှတ်စဉ်(၁၂/၂၀၂၅)
===============================
၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်နေ့ မြန်မာစံတော်ချိန် ၁၂:၀၀ နာရီအချိန် ထုတ်ပြန်ချက်
-------------------------------------------------------------------------
၁။ လေပွေလှိုင်းအခြေအနေ
ယနေ့မြန်မာစံတော်ချိန် ၁၀:၃၀ နာရီအချိန် တိုင်းထွာချက်များအရ လာအိုနိုင်ငံနှင့် မြန်မာနိုင်ငံနယ်စပ်ဒေသများတွင် ဖြစ်ပေါ်ခဲ့သော လေဖိအားနည်းဆဲလ်သည် အနောက် ဘက်သို့ရွေ့လျားခဲ့ပြီး မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် လေပွေလှိုင်း အဖြစ် အားလျော့သွားခဲ့ပါသည်။
၂။ နောက် ၁၂ နာရီအတွင်းခန့်မှန်းချက်
အဆိုပါ လေပွေလှိုင်းသည် အနောက်-အနောက်မြောက်ဘက်သို့ရွေ့လျားနိုင်ပြီး နောက် ၁၂ နာရီအတွင်း မြန်မာနိုင်ငံ၊ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းတို့သို့ ‌ဆက်လက်ရွေ့လျားနိုင်သည်ဟု ခန့်မှန်းရပါသည်။
၃။ သတိပေးနှိုးဆော်ချက်
အဆိုပါ လေပွေလှိုင်း၏ အရှိန်ကြောင့် ယနေ့နံနက်မှ ၁-၁၀-၂၀၂၅ ရက်နေ့အတွင်း နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး‌၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီ တိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူး တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး‌၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် ဒေသအလိုက်နှင့် နေရာကွက်၍ မိုးကြီးခြင်းများ ဖြစ်ပေါ်နိုင်ပါသည်။ မြန်မာ့ကမ်းရိုး တန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးမည်။
မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် ၃၅ မိုင်အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၁၀ ပေမှ ၁၂ ပေခန့်ရှိနိုင်ပါသည်။
အကြံပြုချက်
သို့ဖြစ်ပါ၍ လေပွေလှိုင်း၏အရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်း တိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်တစ်ပြက် ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကုန်းမြင့်ဒေသ အနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်နှင့် မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင် ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြုနိုင်ပါရန်နှင့် ပြည်တွင်းလေကြောင်း ပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်း ရေယာဉ်များ၊‌ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန် အသိပေးနှိုးဆော်အပ်ပါသည်။

image
4 w - Translate

လားရှိုးမြို့ရောက် ကျောက်မဲမြို့က စစ်ရှောင်များကို ဆန်နဲ့ ငွေကြေး ထောက်ပံ့လှူဒါန်း ၂၁-၉-၂၀၂၅
ဆန်ကို ပြည်ထောင်၏ု သာသနာရေး ဒုဝန်ကြီး ဦးအေးထွန်း မိသားစုက လှူ‌ဒါန်းပြီး ငွေကိုတော့ ကျောက်မဲခရိုင် နဲ့ ရှမ်းပြည်နယ် မြောက်ပိုင်း ပြည်ခိုင်ဖြိုး ပါတီတို့ကနေ လှူဒါန်ပါတယ်

image
image
image
image

ခြေကျင်းဝတ်ဒဏ်ရာအား အသေးစားခွဲစိတ်ကုသမှု ပြုလုပ်ခဲ့ရတဲ့ စပါးစ်တိုက်စစ်မှူးဆိုလန်ကီ

စက်တင်ဘာ ၃၀

စပါးစ်တိုက်စစ်မှူးဒိုမီနစ်ဆိုလန်ကီဟာ ခြေကျင်းဝတ်ဒဏ်ရာပြဿနာအား အသေးစားခွဲစိတ်ကုသမှု ပြုလုပ်ကာ ဖြေရှင်းခဲ့ရပါတယ်။

ဆိုလန်ကီဟာ ဩဂုတ်လ ၂၃ ရက်နေ့က မန်စီးတီးနှင့်ပွဲတွင် စပါးစ်အတွက် နောက်ဆုံးကစားခဲ့တာ ဖြစ်ပြီး တနင်္လာနေ့ လေ့ကျင့်ခန်းအစီအစဉ်ကို လွဲချော်ခဲ့ပါတယ်။

သူဟာ ယနေ့ည နော်ဝေကလပ် ဘိုဒို/ဂလမ့်နှင့် ချန်ပီယံလိဂ်ပွဲစဉ်တွင် ပါဝင်လာမှာ မဟုတ်ပါဘူး။

စပါးစ်နည်းပြသောမတ်စ်ဖရန့်က "ဒွမ်မှာ စိတ်အနှောင့်အယှက်ဖြစ်စရာ ခြေကျင်းဝတ်ပြဿနာရှိနေခဲ့တယ်။ အခု ကျွန်တော်တို့ အသေးစား ခွဲစိတ်ကုသဖို့ ဆုံးဖြတ်လိုက်ကြပြီ။ အသေးစားလေးပါ။ ဒီပွဲ(ဘိုဒို/ဂလမ့်)အတွက် အသင့်မဖြစ်ဘူး။ လိဒ်ပွဲကိုပါ လွဲမယ်။ နိုင်ငံတကာပွဲအပြီးကစားနိုင်ဖို့တော့ အချိန်သတ်မှတ်ထားတယ်"လို့ ပြောကြားသွားပါတယ်။

အသက် ၂၈ နှစ်ရှိ တိုက်စစ်မှူးဟာ စပါးစ်ရဲ့ ရာသီကြိုလေ့ကျင့်ခန်းအစီအစဉ်အများစုကို လွဲချော်ခဲ့သူ ဖြစ်ပြီး ဩဂုတ်လအစ ပီအက်စ်ဂျီ၊ ဘန်လေ၊ မန်စီးတီးတို့နှင့်ပွဲများတွင် ပါဝင်ကစားနိုင်ခဲ့ပါတယ်။

စပါးစ်ဟာ ပရီးမီးယားလိဂ်အဖွင့်ပွဲ ၆ ပွဲတွင် ၁၁ မှတ်ရရှိထားပြီး အမှတ်ပေးဇယားအဆင့် ၄ နေရာမှာ ရပ်တည်နေကာ ခါရာဘောင်ဖလား ၁၆ သင်း ရှုံးထွက်အဆင့်သို့ တက်ရောက်ထားပါတယ်။ ၎င်းတို့ဟာ ချန်ပီယံလိဂ်အဖွင့်ပွဲတွင်လည်း ဗီလာရီးရဲလ်အား ၁-၀ ဖြင့် အနိုင်ရထားပါတယ်။

Credit - Myanmar Transparency News Agency

#ဘောလုံးသတင်းစုံ

image