10 ပတ် - ဘာသာပြန်ပါ။

Breaking News….
ဖိလစ်ပိုင်နဲ့ အင်ဒိုမှာ ၇.၄ အဆင့် ငလျင်လှုပ်ခတ်ပြီးနောက် ဆူနာမီသတိပေးချက်တွေ ထုတ်ပြန်
မနီလာ၊ အောက်တိုဘာ-၁၀-၂၀၂၅
ဖိလစ်ပိုင်နဲ့ အင်ဒိုနီးရှားမှာ ပြင်းအား ၇.၄ အဆင့်ရှိ ငလျင်လှုပ်ခတ်ပြီးနောက် ဆူနာမီသတိပေးချက်တွေ ထုတ်ပြန်ခဲ့ပါတယ်။
ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်းရှိ မင်ဒါနာအိုမှာ ငလျင်လှုပ်ခတ်ပြီးနောက် အသက်အန္တရာယ်ရှိခဲ့ ဆူနာမီ လှိုင်းလုံးကြီးတခု ဖြစ်လာနိုင်ကြောင်း ဖိလစ်ပိုင် ငလျင် အေဂျင်စီက သတိပေးထားပါတယ်။
ဆူနာမီလှိုင်းတွေဟာ ဖိလစ်ပိုင်နိုင်ငံရဲ့ ဒေသအချို့မှာ ပုံမှန်ဒီရေမျက်နှာပြင်အထက် ၃ မီတာ (၁၀ ပေ) အထိ ရောက်ရှိနိုင်ပြီး အင်ဒိုနီးရှားနဲ့ Palau ဒေသများတွင် အမြင့် ၁ မီတာအထိ မြင့်တက်လာနိုင်ကြောင်း ပစိဖိတ်ဆူနာမီဌာနက သတိပေးထားပါတယ်။
ပထမဆုံး ဆူနာမီလှိုင်းများသည် ဒေသစံတော်ချိန် ၁၁ နာရီ ၄၃ မိနစ် မတိုင်မီ ရောက်ရှိလာနိုင်ပြီး နာရီအနည်းငယ် ကြာနိုင်တယ်လို့ ဖိလစ်ပိုင် တာဝန်ရှိသူတွေက ပြောပါတယ်။

image
10 ပတ် - ဘာသာပြန်ပါ။

Breaking News….
ဖိလစ်ပိုင်နဲ့ အင်ဒိုမှာ ၇.၄ အဆင့် ငလျင်လှုပ်ခတ်ပြီးနောက် ဆူနာမီသတိပေးချက်တွေ ထုတ်ပြန်
မနီလာ၊ အောက်တိုဘာ-၁၀-၂၀၂၅
ဖိလစ်ပိုင်နဲ့ အင်ဒိုနီးရှားမှာ ပြင်းအား ၇.၄ အဆင့်ရှိ ငလျင်လှုပ်ခတ်ပြီးနောက် ဆူနာမီသတိပေးချက်တွေ ထုတ်ပြန်ခဲ့ပါတယ်။
ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်းရှိ မင်ဒါနာအိုမှာ ငလျင်လှုပ်ခတ်ပြီးနောက် အသက်အန္တရာယ်ရှိခဲ့ ဆူနာမီ လှိုင်းလုံးကြီးတခု ဖြစ်လာနိုင်ကြောင်း ဖိလစ်ပိုင် ငလျင် အေဂျင်စီက သတိပေးထားပါတယ်။
ဆူနာမီလှိုင်းတွေဟာ ဖိလစ်ပိုင်နိုင်ငံရဲ့ ဒေသအချို့မှာ ပုံမှန်ဒီရေမျက်နှာပြင်အထက် ၃ မီတာ (၁၀ ပေ) အထိ ရောက်ရှိနိုင်ပြီး အင်ဒိုနီးရှားနဲ့ Palau ဒေသများတွင် အမြင့် ၁ မီတာအထိ မြင့်တက်လာနိုင်ကြောင်း ပစိဖိတ်ဆူနာမီဌာနက သတိပေးထားပါတယ်။
ပထမဆုံး ဆူနာမီလှိုင်းများသည် ဒေသစံတော်ချိန် ၁၁ နာရီ ၄၃ မိနစ် မတိုင်မီ ရောက်ရှိလာနိုင်ပြီး နာရီအနည်းငယ် ကြာနိုင်တယ်လို့ ဖိလစ်ပိုင် တာဝန်ရှိသူတွေက ပြောပါတယ်။

image
10 ပတ် - ဘာသာပြန်ပါ။

Breaking News….
ဖိလစ်ပိုင်နဲ့ အင်ဒိုမှာ ၇.၄ အဆင့် ငလျင်လှုပ်ခတ်ပြီးနောက် ဆူနာမီသတိပေးချက်တွေ ထုတ်ပြန်
မနီလာ၊ အောက်တိုဘာ-၁၀-၂၀၂၅
ဖိလစ်ပိုင်နဲ့ အင်ဒိုနီးရှားမှာ ပြင်းအား ၇.၄ အဆင့်ရှိ ငလျင်လှုပ်ခတ်ပြီးနောက် ဆူနာမီသတိပေးချက်တွေ ထုတ်ပြန်ခဲ့ပါတယ်။
ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်းရှိ မင်ဒါနာအိုမှာ ငလျင်လှုပ်ခတ်ပြီးနောက် အသက်အန္တရာယ်ရှိခဲ့ ဆူနာမီ လှိုင်းလုံးကြီးတခု ဖြစ်လာနိုင်ကြောင်း ဖိလစ်ပိုင် ငလျင် အေဂျင်စီက သတိပေးထားပါတယ်။
ဆူနာမီလှိုင်းတွေဟာ ဖိလစ်ပိုင်နိုင်ငံရဲ့ ဒေသအချို့မှာ ပုံမှန်ဒီရေမျက်နှာပြင်အထက် ၃ မီတာ (၁၀ ပေ) အထိ ရောက်ရှိနိုင်ပြီး အင်ဒိုနီးရှားနဲ့ Palau ဒေသများတွင် အမြင့် ၁ မီတာအထိ မြင့်တက်လာနိုင်ကြောင်း ပစိဖိတ်ဆူနာမီဌာနက သတိပေးထားပါတယ်။
ပထမဆုံး ဆူနာမီလှိုင်းများသည် ဒေသစံတော်ချိန် ၁၁ နာရီ ၄၃ မိနစ် မတိုင်မီ ရောက်ရှိလာနိုင်ပြီး နာရီအနည်းငယ် ကြာနိုင်တယ်လို့ ဖိလစ်ပိုင် တာဝန်ရှိသူတွေက ပြောပါတယ်။

imageimage

ဥာဏ်များတဲ့ကြောင် နှင့် လည်လွန်းတဲ့ကြွက်(ပုံပြင်)
~~~~~~~~~~~~~~~~~~~~~~~~~~~~~~
တစ်ခါတုန်းက
စာကြည့်တိုက်ဟောင်းကြီးတစ်ခုရဲ့ စာအုပ်စင်တွေကြားမှာ ကြောင်နက်ကြီး
တစ်ကောင်နေထိုင်လေသတဲ့။ သူ့ရဲ့အကြီးမားဆုံးပျော်ရွှင်မှုကတော့ စာကြည့်တိုက်ထဲက ကြွက်ကလေးကို လိုက်ဖမ်းရခြင်းပဲတဲ့ကွယ်။
အဲ့ဒီစာကြည့်တိုက်ရဲ့ အဘိဓာန်စာအုပ်ကြီးတစ်အုပ်နောက်က အပေါက်လေးထဲမှာတော့ ကြွက်ကလေးတစ်ကောင် နေထိုင်လေတယ်။ကြွက်ကလေးက သေးငယ်ပေမယ့် အရမ်းကို လိမ္မာပါးနပ်ပြီး ကြောင် ရဲ့လက်ကနေ အမြဲလွတ်မြောက်လေသတဲ့။
တစ်နေ့မှာတော့ ကြောင်ကြီးက အကြံသစ်တစ်ခုရသွားလေတယ်။ သူက မွှေးကြိုင်တဲ့ ဘီစကွတ်တစ်ခုကိုယူပြီး စာကြည့်တိုက်ရဲ့ ကြမ်းပြင်လွတ်တစ်ခုမှာ ချထားလိုက် ပြီးတော့ စာအုပ်ပုံတစ်ပုံနောက်မှာ ပုန်းပြီးစောင့်နေလိုက်တာပေါ့။
ကြွက်ကလေးက သူ့အပေါက်ထဲကနေ ဘီစကွတ်ရဲ့မွှေးရနံ့ကိုရလိုက်တယ်။ ဒါပေမယ့် သူက အပြင်ကို ချက်ချင်းမထွက်လာပဲ ဒါက ထောင်ချောက်တစ်ခုဖြစ်နိုင်တယ်ဆိုပြီးကြိုတွေးမိလေသတဲ့။
ဒီလိုနဲ့ကြွက်ကလေးဟာ စာအုပ်စင်နောက်က လျှို့ဝှက်လမ်းလေးအတိုင်း တိတ်တိတ်လေးထွက်လာခဲ့ ပြီးတော့ ကြောင် ပုန်းနေတဲ့နေရာအပေါ်က စာအုပ်စင်ထိပ်ကို အသံမကြားအောင် တက်သွားခဲ့လေတယ်။
ကြောင်ကြီးကတော့ ကြမ်းပြင်ပေါ်က ဘီစကွတ်ကိုပဲ မျက်တောင်မခတ်စိုက်ကြည့်နေပြီး။သူ့ထက်သေးငယ်တဲ့ ကြွက်ကိုအထင်သေးစွာနဲ့ အမိဖမ်းမယ်ဆိုပြီး
တွေးနေတော့တာပေါ့။
စာအုပ်စင်ထိပ်ကနေ ကြွက်ကလေးဟာ ကြောင်ကြီး ရဲ့နောက်မှာ အန္တရာယ်ရှိစွာ ယိုင်နဲ့နေတဲ့ စာအုပ်အထပ်ကြီးတစ်ထပ်ကို တွေ့လိုက်တော့ သူက အသက်ပြင်းပြင်းရှူပြီး အဲ့ဒီစာအုပ်ပုံကို အားကုန်တွန်းချလိုက်လေတယ်။
"ဂျိမ်း!" ဆိုတဲ့အသံနဲ့အတူ စာအုပ်တွေက အောက်ကို ပြိုကျလာပြီး အသံကျယ်ကြီးထွက်ပေါ်လာကာ ကြောင်ဟာ ကြောက်လန့်တကြားနဲ့ လေထဲကို ခုန်တက်သွားပြီး သူ့အမွှေးတွေအားလုံး ထိုးထောင်သွားလေတယ်။
ကြောင်က အာရုံလွင့်နေတုန်းမှာပဲ ကြွက်ကလေးဟာ အမြန်ပြေးဆင်းလာပြီး ဘီစကွတ်ကိုကောက်ယူကာ သူ့အပေါက်ထဲကို လုံခြုံစွာပြန်ဝင်သွားလေသတဲ့။ ကြောင်ကြီး ကတော့ ပြန့်ကျဲနေတဲ့ စာအုပ်တွေကြားမှာ ကြောင်တောင်တောင်နဲ့ ကျန်ခဲ့တော့တာပေါ့။
အဲ့ဒီနေ့ကစပြီး ကြောင်ကြီးဟာ ကြွက် ကို လေးစားတဲ့အကြည့်နဲ့ ကြည့်လာပြီး အသေးငယ်ဆုံးသတ္တဝါတွေမှာလည်း
သူ့အစွမ်းအစနဲ့ ရှိကြတယ်ဆိုတာကို
လက်ခံသွားလေသတဲ့ကွယ်။

image
10 ပတ် - ဘာသာပြန်ပါ။

အမေရိကန်နိုင်ငံ အော်ရီဂွန်ပြည်နယ်၊ ဘီဗာတန် မှာ ဖြစ်သွားခဲ့တဲ့ ဒီအဖြစ်အပျက်က ပုံမှန်ကားခိုးနေကြ ပုံစံတွေနဲ့ မတူဘဲ ရယ်စရာလည်းကောင်းသလို လေးနက်တဲ့ သင်ခန်းစာလည်း ပေးသွားခဲ့ပါတယ်။
ဖြစ်စဉ်ကတော့ ဒီလိုပါ ကားသူခိုးတစ်ဦးဟာ လူမသိအောင် ကားတစ်စီးကို လှစ်ခနဲ ခိုးယူပြီး မောင်းပြေးခဲ့ပါတယ်။ ကားခိုးတယ်ဆိုတာက ရာဇဝ၊တ်မှုပဲ မဟုတ်လား။ ဒါပေမဲ့ ခိုးလာတဲ့ ကားရဲ့ နောက်ခန်းကို လှည့်ကြည့်လိုက်တဲ့အခါမှာတော့ သူ့မှာ ချက်ချင်းမျက်လုံးပြူး သွားရပါတယ်။ ဘာလို့လဲဆိုတော့ မွေးကင်းစ ကလေးငယ်လေးတစ်ဦးက ကားထိုင်ခုံမှာ ငုတ်တုတ်ကလေး ပါလာလို့ပါပဲ။
ကားသူခိုးဟာ ကားခိုးတာလောက်ပဲ လုပ်ချင်ပြီး ကလေးခိုးတဲ့ ပြဿနာမျိုးတော့ လုံးဝမရှုပ်ချင်ခဲ့ပါဘူး။ ဒါကြောင့် တခြားသူခိုးတွေလို ထွက်မပြေးဘဲ ဒီသူတော်ကောင်းသူခိုးကြီးဟာ ယူလာတဲ့ကားကို ချက်ချင်းလှည့်ပြန်ပြီး ကလေးရဲ့ မိခင်ရှိရာ ဈေးဆိုင်ရှေ့ကို အမြန်ပြန်မောင်း လာခဲ့ပါတယ်။
ကားကိုရပ်လိုက်ပြီး ကလေးကို အမေလက်ထဲ လုံခြုံစွာ ပြန်အပ်ပေးပြီးတဲ့နောက် ဒီသူခိုးကြီးက စိတ်မကျေနပ်သေးပါဘူး။ သူဟာ ကလေးအမေကို လက်ညှိုးထိုးပြီး အော်ငေါက် ဆူပူ ပါတော့တယ်။ "ဒီလိုရာသီဥတုနဲ့ ကားထဲမှာ ကလေးကို တစ်ယောက်တည်း ထားခဲ့ရသလား၊ ကလေးကို ဂရုမစိုက်ဘူးလား" ဆိုပြီး အော်ငေါက်ခဲ့ပါတယ်။
သတင်းတွေအရဆိုရင် သူခိုးဟာ ကလေးအမေကို "ခင်ဗျားကို ရဲစခန်းတိုင်ပစ်မယ်" လို့တောင် ခြိမ်းခြောက်လိုက်သေးတယ်လို့ သိရပါတယ်။ ဒီတော့ ကလေးအမေဟာ ကလေးကို ကားထဲမှာထားခဲ့တဲ့ အပြစ်တစ်ခုတည်းနဲ့တင်မကဘဲ၊ သူခိုးရဲ့ အဆူအပူကိုပါ ခံလိုက်ရပါတယ်။
ကလေးအမေကို အော်ငေါက်ပြီးတဲ့အခါမှာတော့ ဒီသူခိုးကြီးဟာ ကလေးကို အမေလက်ထဲ ပေးအပ်ပြီးကြောင်း စိတ်ချလက်ချ သိလိုက်ရပြီးတဲ့နောက် ခိုးထားတဲ့ ကားထဲကိုပဲ ပြန်ဝင်ကာ မောင်းပြေးသွား ခဲ့ပါတယ်။
ဒီအဖြစ်အပျက်ကိုကြည့်ပြီး လူတွေက "ဒီသူခိုးက ဘယ်လိုလူကြီးလဲ? ကားကိုလည်း ခိုးချင်တယ်၊ သူတော်ကောင်းလည်း လုပ်ချင်တယ်" ဆိုပြီး မှတ်ချက်ပေးခဲ့ကြပါတယ်။ ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ "သူခိုးတောင် ကလေးလုံခြုံရေးကို စိတ်ပူတတ်သေးတာပဲ" ဆိုပြီး ကလေးတွေကို ကားထဲမှာ တစ်ယောက်တည်း မထားခဲ့ဖို့ ဆိုတဲ့ အရေးကြီးတဲ့ သတိပေးချက်တစ်ခုကိုလည်း အားလုံးကို ပြန်လည်ပေးစွမ်းသွားခဲ့ပါတယ်။

image
10 ပတ် - ဘာသာပြန်ပါ။

ယူနိုက်တက်ကို ပိုင်ရှင်သစ်ထံ ရောင်းချရန် နီးစပ်နေပြီ ဖြစ်ကြောင်း ဆော်ဒီလက်ဝှေ့ပွဲသွင်းသူ ဖွင့်ချလာ

အောက်တိုဘာ ၁၀

တာကီအယ်ရှိတ်က မန်ချက်စတာယူနိုက်တက်ကို ပိုင်ရှင်သစ်လက်ထဲသို့ ရောင်းချရန် နီးစပ်နေပြီ ဖြစ်ကြောင်း ဖွင့်ချလာပါတယ်။

ဆော်ဒီလက်ဝှေ့ပွဲသွင်းသူက အိုးထရက်ဖို့ဒ်အား ရင်းနှီးမြှပ်နှံသူသစ်က ဝယ်ယူရေး ကြိုးပမ်းနေပြီး အဆင်ပြေချောမွေ့တဲ့ အခြေအနေတွင် ရှိနေကြောင်း ပြောကြားလာတာလည်း ဖြစ်ပါတယ်။

အသက် ၄၄ နှစ်ရှိ အယ်ရှိတ်ဟာ Follower ၇.၂ သန်းအထိ ရှိတဲ့ ဆိုရှယ်မီဒီယာအကောင့်မှ တဆင့် အထက်ပါသတင်းကို ဖွင့်ချလာတာလည်း ဖြစ်ပါတယ်။

၎င်းက ပိုင်ရှင်သစ်တို့က ယူနိုက်တက်အား ဝယ်ယူရန် အလွန်နီးစပ်နေပြီ ဖြစ်ကြောင်း ဆိုသွားတဲ့အပြင် ပိုင်ရှင်သစ်လက်အောက်သို့ အမြန်ဆုံးရောက်စေလိုကြောင်းလည်း ဆိုသွားပါတယ်။

၎င်းက "ဒီနေ့ ကြားရတဲ့ အကောင်းဆုံးသတင်းကတော့ မန်ချက်စတာယူနိုက်တက်ကို ရင်းနှီးမြှပ်နှံသူသစ်တစ်ဦးဆီကို ရောင်းဖို့ အပြီးသတ်တော့မယ့် အခြေအနေမှာ ရှိနေတယ်ဆိုတဲ့သတင်းပါ။ အရင်ပိုင်ရှင်ထက် ပိုကောင်းလာဖို့ မျှော်လင့်တယ်"လို့ ဆိုသွားပါတယ်။

ဂလေဇာမိသားစုဟာ ယူနိုက်တက်ကို လွန်ခဲ့တဲ့နှစ်ပေါင်း ၂၀ ခန့်တုန်းက အကြွေးဖြင့် ဝယ်ယူလာခဲ့တာ ဖြစ်ပါတယ်။

၎င်းတို့ဟာ ယူနိုက်တက်ရဲ့ ရှယ်ယာ ၄၈.၉ ရာခိုင်နှုန်းပိုင်ဆိုင်သလို မဲပေးပိင်ခွင့် ၆၇.၉ ရာခိုင်နှုန်းကိုလည်း ထိန်းချုပ်ထားပါတယ်။

ဆာဂျမ်ရက်ကလစ်ဖ်က ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီတွင် ယူနိုက်တက်ရှယ်ယာ ၂၉ ရာခိုင်နှုန်းကို ဝယ်ယူပြီး ကလပ်ကို ဦးစီးဦးဆောင် ပြုလုပ်နေပါတယ်။

ဒါပေမယ့် ဆာဂျမ်ရက်ကလစ်ဖ်ဦးဆောင်နေစဉ်အတွင်း ကလပ်မှာ ကွင်းတွင်း ရလဒ်ဆိုးရွားမှုများနှင့် နေရပါတယ်။

ယူနိုက်တက်ရောင်းချမယ့်သတင်းကို ဖွင့်ချလာတဲ့ အယ်ရှိတ်မှာ ဆော်ဒီ အထွေထွေဖျော်ဖြေရေးဌာနရဲ့ ဥက္ကဌဖြစ်ပြီး စပိန်ကလပ် အယ်မာရီယာကိုလည်း ယခု ၂၀၂၅ ခုနှစ်အထိ ၆ နှစ်တိုင်တိုင် ပိုင်ဆိုင်ခဲ့သူ ဖြစ်ပါတယ်။

Credit - Playmaker Journal

#ဘောလုံးသတင်းစုံ

image

NCA (၁၀)နှစ်ပြည့် နှစ်ပတ်လည်နေ့ အခမ်းအနားကျင်းပရေး ဦးစီးကော်မတီ စတုတ္ထအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

အောက်တိုဘာ ၁၀

၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်တွင် လက်မှတ်ရေးထိုးခဲ့ကြသည့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ၏ (၁၀) နှစ်ပြည့် နှစ်ပတ်လည်နေ့ အခမ်းအနားကျင်းပရန်အတွက် ဦးစီးကော်မတီ၏ စတုတ္ထအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို အောက်တိုဘာ ၉ ရက်၊ မွန်းလွဲပိုင်းက နေပြည်တော် MGallery ဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့သည်ဟု သိရသည်။ 

ယင်းအစည်းအဝေးသို့ NCA (၁၀) နှစ်ပြည့် နှစ်ပတ်လည်နေ့အခမ်းအနား ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ NCA (၁၀) နှစ်ပြည့်နှစ်ပတ်လည်နေ့ အခမ်းအနား ကျင်းပရေး ဦးစီးကော်မတီ ဒုတိယဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်နှင့် ကော်မတီဝင်များ၊ ဦးစီးကော်မတီအဖွဲ့ဝင် များဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီးဌာနများမှ ဒုတိယဝန်ကြီးများ၊ အမြဲတမ်း အတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ နှင့် တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ဦးစီးကော်မတီ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က လုပ်ငန်းကော်မတီများ အနေဖြင့် ဆောင်ရွက်ရမည့်လုပ်ငန်းများ အဆင်သင့်ဖြစ်နေပြီဟု မျှော်လင့်ကြောင်း၊ မြေပြင်တွင် အမှန်တကယ်ဆောင်ရွက်မည့် အနေအထားအား အစမ်းလေ့ကျင့်ဆောင်ရွက်ရန်လိုကြောင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ်မှ ယဉ်ကျေးမှုအကအဖွဲ့များအနေဖြင့် အစမ်းလေ့ကျင့်ရန် လိုအပ်ကြောင်း၊ ပထမပိုင်းတွင် ဖွင့်ပွဲအခမ်းအနားအား ဆောင်ရွက်ပြီး ဒုတိယပိုင်းတွင် အလုပ်ရုံဆွေးနွေးပွဲအား ဆောင်ရွက်မည်ဖြစ်ကြောင်း၊ သတင်းထုတ်ပြန်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ရန် လိုကြောင်း၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းကော်မတီအနေဖြင့်လည်း အခမ်းအနားကျင်းပသည့်နေရာသို့ အချိန်မီရောက်ရှိနိုင်ရေး မြေပြင်တွင် အချိန်ကိုက်ကြိုတင်လေ့ကျင့် ထားသင့်ကြောင်း၊ ခန်းမတွင်းနေရာ ချထားရေး လုပ်ငန်းကော်မတီအနေဖြင့်လည်း လိုအပ်သည့်ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထား စေလိုကြောင်း ပြောကြားသည်။  

ဆက်လက်၍ NCA (၁၀) နှစ်ပြည့် နှစ်ပတ်လည်နေ့ အခမ်းအနားကျင်းပရေး ဦးစီးကော်မတီအတွင်း ရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်က NCA(၁၀)နှစ်ပြည့် နှစ်ပတ်လည်နေ့ အခမ်းအနားကျင်းပရေး ဦးစီးကော်မတီအစည်းအဝေးအား သုံးကြိမ်ကျင်းပဆောင်ရွက်ခဲ့ပြီး လုပ်ငန်းကော်မတီများနှင့် ပူးပေါင်းညှိနှိုင်းရေးလုပ်ငန်း ကော်မတီအစည်းအဝေးအား နှစ်ကြိမ်တိုင်တိုင်ပြုလုပ်၍ လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပြီး ဖြစ်ကြောင်း၊ ယနေ့အစည်းအဝေးတွင်လုပ်ငန်း ကော်မတီများမှ လိုအပ်ချက်များမရှိစေရေး အသေးစိတ်တင်ပြဆွေးနွေးပေးစေလိုပြီး လိုအပ်ချက် များအား အပြီးသတ်ပေါင်းစပ်ညှိနှိုင်း ဖြေရှင်းပေးသွားမည် ဖြစ်ကြောင်းပြောကြား၍ ဝန်ကြီးဌာနများမှ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များကကဏ္ဍအလိုက် ရှင်းလင်းဆွေးနွေးကြပြီး တက်ရောက်လာသူများက လိုအပ်သည်များ အကြံပြုဆွေးနွေးကြသည်။

NCA အထိမ်းအမှတ် အလုပ်ရုံဆွေးနွေး ပွဲတွင် ၁၀ နှစ်တာကာလအတွင်း NCA ပါ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အကောင် အထည်ဖော်ဆောင်ရွက်မှု၊ အောင်မြင်မှုများနှင့် စိန်ခေါ်မှုများကို ပြန်လည်သုံးသပ်ပြီး အနာဂတ်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ဆက်လက်ဆောင်ရွက်ရမည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် (Forward Action Plan) ကို ဖော်ထုတ်ရန်၊ အစိုးရနှင့် ပြည်သူလူထုအကြားယုံကြည်မှုနှင့် ပူးပေါင်းဆောင်ရွက် မှုတိုးမြှင့်လာနိုင်စေရေးအတွက် NCA နှင့် ပတ်သက်သည့် အသိပညာများ ပြည်သူလူထုအတွင်း ကျယ်ကျယ်ပြန့်ပြန့် သိရှိလာစေရန်၊ ရှေ့ဆက်လက်ဆောင်ရွက်မည့် ထိရောက်သောငြိမ်းချမ်းရေးမူဝါဒ များ၊ လုပ်ငန်းအစီအစဉ်များ ချမှတ်ဆောင်ရွက်ရာတွင် အထောက်အကူပြုနိုင်ရန်၊ မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အကောင်အထည်ဖော် ဆောင်ရွက်မှုအခြေအနေများကို ဒေသတွင်းနှင့်နိုင်ငံတကာမှ သိမြင်လာစေရန်၊ NCA နှစ်ပတ်လည်နေ့အခမ်းအနားနှင့် အထိမ်းအမှတ် အလုပ်ရုံဆွေးနွေးပွဲမှ ရရှိလာသည့် သက်ဆိုင်ရာအခန်းကဏ္ဍ၊ အလွှာအသီးသီးမှ အမြင်သဘော ထားများ၊ အကြံပြုချက်များကိုစုစည်းပြီး အနာဂတ် မြန်မာနိုင်ငံတော်တည်ဆောက် ခြင်းလုပ်ငန်းစဉ်တွင် ရွေးကောက်ပွဲအပြီး ပေါ်ပေါက်လာမည့် အစိုးရအနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အရှိန်အဟုန် မပြတ် ဆက်လက်အကောင်အထည်ဖော်နိုင်ရန်အတွက် ပေါင်းစပ်ဆောင်ရွက်နိုင် မည့်နည်းလမ်းများကို ဖော်ထုတ်နိုင်ရန်တို့ကို မျှော်မှန်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

NCA နှစ်ပတ်လည်နေ့အခမ်းအနားနှင့် အထိမ်းအမှတ် အလုပ်ရုံဆွေးနွေးပွဲမှ ရရှိလာသည့် သက်ဆိုင်ရာ အခန်းကဏ္ဍ၊ အလွှာအသီးသီးမှ အမြင်သဘောထားများ၊ အကြံပြုချက်များကို စုစည်းပြီး အနာဂတ်မြန်မာနိုင်ငံတော်တည်ဆောက် ခြင်းလုပ်ငန်းစဉ်တွင် ရွေးကောက်ပွဲအပြီး ပေါ်ပေါက်လာမည့် အစိုးရအနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အရှိန်အဟုန် မပြတ်ဆက်လက်အကောင်အထည်ဖော် နိုင်ရန်အတွက် ပေါင်းစပ်ဆောင်ရွက်နိုင် မည့်နည်းလမ်းများကို ဖော်ထုတ်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။

#သတင်းဟင်း​လေးအိုးကြီး

image

သရက်ရွက်သည် သွေးတွင်းသကြားဓာတ်ကို လျှော့ချပေးနိုင်ပြီး ကောင်းမွန်သော အကျိုးပြုဘက်တီးရီးယားဓာတ်များစွာ ပါဝင်သောကြောင့် အစာအိမ်နှင့် အူလမ်းကြောင်းကျန်းမာရေးအတွက် အထူးကောင်းမွန်ပါသည်။
+++ သောက်သုံးရန် ပြုလုပ်နည်းအဆင့်ဆင့်
၁။ ရင့်မာသော သရက်ရွက် ၁၀-၁၅ ရွက်ကို ခူးယူပါ။
၂။ ၎င်းတို့ကို ရေ ၁ လီတာနှင့်အတူ ရော၍ အိုးထဲထည့်ပြီး တည်ပါ။
၃။ မိနစ် ၂၀ ခန့်ကြာအောင် ရေခန်းသည်အထိ ပြုတ်ပါ။
၄။ ရလာသော အရည်ကိုစစ်၍ တစ်နေ့လျှင် ၁ ဖန်ခွက်နှုန်းဖြင့် အစားမစားမီ သောက်သုံးနိုင်ပါသည်။
သရက်ရွက်ပြုတ်ရည်၏ ကျန်းမာရေးအကျိုးကျေးဇူးများ
အစာအိမ်အူလမ်းကြောင်းနှင့် ပတ်သက်သော ပြဿနာများ (အစာအိမ်နာ၊ အူလမ်းကြောင်းရောင်ရမ်းခြင်း၊ လေပွလေထိုးခြင်း၊ ရင်ပူရင်ဆာခြင်း) များကို သက်သာစေသည်။
အကျိုးပြုဘက်တီးရီးယားဓာတ်များစွာ ပါဝင်သောကြောင့် အူလမ်းကြောင်းရှိ အကျိုးပြုဘက်တီးရီးယားများ ကောင်းစွာအလုပ်လုပ်နိုင်ရန် အထောက်အကူပြုသည်။
ဆီးချိုနှင့် သွေးတိုးရောဂါရှိသူများ သောက်သုံးရန် အလွန်ကောင်းမွန်ပါသည်။
ခန္ဓာကိုယ်အတွင်း သကြားဓာတ် စုပ်ယူမှုကို လျှော့ချပေးနိုင်ခြင်း။
အိုမင်းရင့်ရော်မှုကို နှေးကွေးစေပြီး၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်း (Antioxidants) များစွာ ပါဝင်ခြင်း။
သရက်ရွက်ပြုတ်ရည်ကို နေ့စဉ်မှန်မှန် သောက်သုံးခြင်းဖြင့် သင့်အစာအိမ်နဲ့ အူလမ်းကြောင်းကို ကောင်းစွာဂရုစိုက်နိုင်ပါတယ်။

image

မြေငလျင်သတင်း
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁၀ ရက်နေ့၊ မြန်မာစံတော်ချိန် (၀၈) နာရီ၊ (၁၃) မိနစ်၊ (၅၄) စက္ကန့် အချိန်တွင် နေပြည်တော်မြေငလျင်စခန်းမှ အရှေ့တောင်ဘက် (၂၁၈၂) မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်ပ (Mindanao, Philippines)၊ မြောက်လတ္တီတွဒ် (၇.၃၇) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၁၂၆.၇၇) ဒီဂရီ၊ အနက် (၁၀) ကီလိုမီတာခန့်ကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၇.၄) အဆင့်ရှိ အင်အားပြင်းထန်သော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။

image
10 ပတ် - ဘာသာပြန်ပါ။

နိုင်ငံတော်ဝန်ကြီးချုပ်ထံသို့ မလေးရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး လာရောက်တွေ့ဆုံ

အောက်တိုဘာ ၁၀

နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစောထံသို့ မလေးရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး H.E.Dato' Seri Utama Haji Mohamad Bin Haji hasan ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ အောက်တိုဘာ ၉ ရက်၊ မွန်းလွဲပိုင်းက နေပြည်တော်ရှိ ပြည်ထောင်စုအစိုးရ အဖွဲ့ရုံး၊ ရုံးအမှတ်(၁၈) ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံခဲ့သည်ဟု သိရသည်။

ထိုသို့တွေ့ဆုံစဉ် နှစ်နိုင်ငံအကြားချစ်ကြည်ရင်းနှီးမှု၊ ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုအပါအဝင် အခြားကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးဆိုင်ရာကိစ္စရပ်များ၊ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ၌ NCA စာချုပ်ပါ သဘောတူညီချက်များနှင့်အညီ ဆောင်ရွက်နေမှု အခြေအနေများ၊ လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရန် ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိမှုများ၊ နှစ်နိုင်ငံအကြား ဆက်ဆံရေး ပိုမိုအရှိန်မြှင့်တင်နိုင်ရေးဆိုင်ရာကိစ္စရပ်များ၊ အာဆီယံနှင့် နိုင်ငံတကာ မျက်နှာစာတွင် အပြုသဘောဆောင်သော ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်တိုးမြှင့် ဆောင်ရွက်သွားမည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်အပြန် အလှန်ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲသို့ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးနိုင်မင်းကျော်နှင့်တာဝန်ရှိသူများ တက်ရောက်ကြပြီး မလေးရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးနှင့်အတူ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ် စားလှယ်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

#centralnewsnaypyitaw

image