ကျွန်တော် ပြောနေတဲ့ ခံစားချက် ဆည်းပူးနေတယ် ဆိုတာပင်၊ စင်စစ်တော့ ဝေဒနာနုပဿနာ၊ စိတ္တာနုပဿနာသဘော၊ သတိပဋ္ဌာန်သဘောပဲ ဖြစ်ပါတယ်။ မိမိတို့ ဘယ်လိုအာရုံတွေနှင့်
တွေ့တဲ့အခါ ဘယ်လိုစိတ် ပေါ်တယ်၊ ဘယ်လိုစိတ်တွေကြောင့် ဒုက္ခ၊ သုခ၊ သောမနဿ၊ ဒေါမနဿ၊ ဥပေက္ခာ စတဲ့ ဘယ်လို ဝေဒနာတွေ ပေါ်တယ်ဆိုတာ ပွားများနေတာပဲ ဖြစ်ပါတယ်။
အဲဒီလို ပန်းချီတို့၊ ပန်းပုတို့၊ ဂီတတို့၊ သီချင်းတို့၊ ကဗျာ၊ ဓာတ်ပုံ စသည်တို့ကို အရသာခံတတ်ရင် ပညာရှင်တစ်ဦး ဖြစ်ပါပြီ။ ဒါပေမဲ့ သုခုမပညာရှင်က အရသာခံရုံတင်မဟုတ်ပါဘူး။ မိမိတို့ စားရတဲ့ အရသာကိုပဲ ပန်းချီ၊ ပန်းပု၊ ဂီတ၊ လင်္ကာ၊ ဓာတ်ပုံ၊ သီချင်း စသည့် မိမိတို့အစွမ်းပညာနှင့် သူတစ်ပါးတို့ကိုအရသာခံနိုင်အောင် တစ်ဆင့် ဖောက်သည်ချတတ်ရပါသေးတယ်”
အနုပညာရသ
ဓားတန်းဦးသန့်
