ကိုယ့်ကိုကိုယ် အကောင်းမြင်စိတ်မွေးပါ🍀
လူတိုင်းကပြောကြတယ်.......
အကောင်းမြင်စိတ်လေးထားကြပါ တဲ့
အကောင်းမြင်စိတ်ဆိုတာ သူတစ်ပါးအပေါ်ထားရတာလွယ်ကူသလောက် ကိုယ့်ကိုကိုယ်အကောင်းမြင်ဖို့အတွက်ကျ ခဲယဥ်းလွန်းပါတယ်
✔ကိုယ့်ခန္ဓာကိုယ်ကို ကြည့်ပြီး စိတ်တိုင်းမကျတာ
✔ကိုယ့်အလုပ်ကို အားမရတာ
✔ကိုယ့်ဖြစ်တည်မှုကို မကျေနပ်တာ
✔ကိုယ့်ကိုကိုယ် ယုံကြည်မှုမရှိတာ
ဒါတွေကစပြီး ကိုယ့်ကိုကိုယ် အကောင်းမမြင်ဘူး ဖြစ်တတ်ကြပါတယ်။
အဲလိုအတွေးတွေဝင်နေရင်တော့ ချက်ချင်း ဖျောက်ဖျက်ပစ်နိုင်အောင်ကြိုးစားပြီး
📣ငါဒါကိုလုပ်နိုင်တယ် ငါလည်းဖြစ်နိုင်တယ်ဆိုတဲ့အတွေးကို တွေးထားပါ
တစ်ခုခုလုပ်ပြီးတိုင်းလည်း တော်လိုက်တာ လိမ္မာလိုက်တာ စသဖြင့် ကိုယ့်ကိုကိုယ် ပြန်ချီးကျူးလိုက်ပါ👏🏻
ဥပမာ-ကိုယ်က ယောဂ စကျင့်ပြီ ဆိုပါစို့.....
သူများတွေလုပ်နိုင်တဲ့ Pose ကို ကိုယ်က မလုပ်နိုင်ဘူးဆိုရင် ကိုယ့်ကိုကိုယ် အပြစ်တင်ပြီး မကျေမနပ်ဖြစ်မနေပဲ
ငါလုပ်နိုင်ပါတယ် ဖြစ်သွားမှာပါ ဆိုတဲ့ အတွေးနဲ့
ဖြည်းဖြည်းချင်း ကျင့်တဲ့အခါ နောက်ဆုံး လုပ်နိုင်သွားတာပါပဲ
နောက်ဆို ယောဂကျင့်ရတာဟာ ကိုယ့်အတွက် လွယ်ကူလာပါလိမ့်မယ်😇😇
တခြားနယ်ပယ် တခြားအလုပ်တွေမှာလည်း ဒီလိုပါပဲ။မလုပ်နိုင်ဘူး မဖြစ်နိုင်ဘူး ငါညံ့ပါတယ်ဆိုတဲ့ အတွေးတွေကို ခေါင်းထဲက ဖယ်ထုတ်ပြီး ကိုယ့်ကိုယ်ကို အကောင်းမြင်စိတ်လေးနဲ့ အကောင်းဆုံးလုပ်ဆောင်သွားတဲ့အခါ ဘဝကြီးက ကျေနပ်စရာအရမ်းကောင်းသွားမှာပါ🤗🤗
ဒီနေ့ကစပြီး ကိုယ့်ကိုကိုယ်အကောင်းမြင်ရင်းရှေ့ဆက်ကြဦးစို့နော် 😘😘
#newgoldyoga
#အကောင်းမြင်စိတ်
#yoga

Credit

image

ဇီဝစိုးငှက်မျိုးစိတ်ထဲမှာပါတဲ့ House Swift လို့ခေါ်တဲ့ငှက်လေးတွေ။ လေထဲမှာ မရပ်မနားပျံသန်းပြီး လေထဲက ပိုးကောင်သေးသေးလေးတွေ ဖမ်းစားတဲ့ ကောင်လေးတွေပေ့ါ။
ပျံလွှားနဲ့တူပေမယ့် သေချာကြည့်ရင် ကွဲပါတယ်။ သူက ဇီဝစိုးငှက်မျိုးစိတ်ထဲမှာပါတယ်ဆိုပေမယ့် ငှက်သိုက်ထုတ်တဲ့ ငှက်မျိုးတော့ မဟုတ်လောက်ဘူး။
House Swift တွေက လေထဲမှာ အုပ်စုလိုက်ပျံသန်းတဲ့ငှက်မျိုး။ အကောင်သေးသေးနဲ့ ပျံရင် တော်တော်ကိုမြန်နတယ်။
ဒီပုံလေးက ကျနော့်အိမ် ဝရံတာကနေ ရိုက်ထားမိတဲ့ပုံလေးပါ။
Credit..#

image
4 w - Translate

၁၅၁၈ ခုနှစ် ဇူလိုင်လတုန်းက ဖရောတရော့ဖီယာ (Frau Troffea) လို့ခေါ်တဲ့ အမျိုးသမီးတစ်ဦးဟာ စထရာ့စ်ဘာ့ဂ်မြို့ရဲ့ လမ်းမပေါ်ကို ရုတ်တရက် ထွက်လာပြီး ဂီတသံစဉ်မပါဘဲ ကခုန်ခဲ့ပါတယ် သူမဟာ ၆ ရက်လုံးလုံး အဆက်မပြတ် ကခဲ့ပြီး ဘာကြောင့်ကနေလဲဆိုတာကို ဘယ်သူမှ မသိကြပါဘူး
သူမရဲ့ ဒီလို ထူးဆန်းတဲ့ အပြုအမူကို မြင်ပြီးနောက် ရက်သတ္တပတ်အနည်းငယ်အတွင်းမှာဘဲ တခြားသူတွေပါ လိုက်ပါ ကခုန်လာကြပါတယ် ပထမတော့ လူ ၃၀ လောက်သာ ရှိခဲ့ပေမယ့် တစ်လအတွင်းမှာပဲ လူ ၄၀၀ ကျော် အထိ တိုးလာခဲ့ပါတယ် သူတို့ဟာ နားမလည်နိုင်လောက်အောင် စိတ်လှုပ်ရှားစွာနဲ့ ကခဲ့ကြပြီး လဲကျတာမျိုး၊ အိပ်တာမျိုးမရှိဘဲ ကခဲ့ကြတယ်လို့ မှတ်တမ်းတွေမှာ ဖော်ပြထားပါတယ်
တဖြည်းဖြည်းနဲ့ လူတွေဟာ ပိုများလာပြီး အဆက်မပြတ် ကခုန်လာကြပါတယ် နေ့စဉ် လူ ၁၅ ဦး လောက်ဟာ နှလုံးရောဂါဖောက်ခြင်း၊ ဦးနှောက်သွေးကြောပြတ်ခြင်း (stroke) နဲ့ ပင်ပန်းနွမ်းနယ်ခြင်းတို့ကြောင့် ေxသဆုံးခဲ့ရပါတယ်
နောက်ဆုံးမှာတော့ အာဏာပိုင်တွေဟာ ကခုန်ခြင်းကို တားမြစ်ခဲ့ပါတယ် ကခုန်နေတဲ့သူတွေကိုလည်း ဘုရားကျောင်းတစ်ကျောင်းဆီကို ခေါ်သွားပြီး ဆေးဝါးကုသမှုတွေပေးကာ အတင်းအကျပ် နားခိုင်းခဲ့ပါတယ်
ဒီလိုဖြစ်ရခြင်းနဲ့ပတ်သက်လို့ သီအိုရီနှစ်ခု ထွက်ပေါ်လာခဲ့ပါတယ်
- Mass Hysteria (အစုလိုက်အပြုံလိုက် စိတ်ခြောက်ခြားမှု)
သမိုင်းပညာရှင်တွေနဲ့ ဆေးပညာရှင်အများစုက ဒီသီအိုရီကို လက်ခံကြပါတယ် အဲဒီခေတ်က စထရာ့စ်ဘာ့ဂ်မြို့မှာ အစာငတ်မွတ်မှု၊ ရောဂါဘယနဲ့ ဆင်းရဲမွဲတေမှုတွေ အပြင်းအထန် ဖြစ်ပွားနေတာကြောင့် လူတွေဟာ စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုတွေ အလွန်များပြားနေခဲ့ပါတယ် ဒီစိတ်ဖိစီးမှုတွေကြောင့် အစုလိုက်အပြုံလိုက် စိတ်ခြောက်ခြားမှု ဖြစ်ပွားပြီး ကခုန်တဲ့ ပုံစံမျိုးနဲ့ ပြင်ပကို ထွက်ပေါ်လာခဲ့တယ်လို့ ယူဆကြပါတယ်
- Ergot Poisoning (အာဂေါ့ အဆိပ်သင့်ခြင်း)
ဒီသီအိုရီအရ မိုးစပါး၊ ဂျုံစပါးတွေပေါ်မှာ ပေါက်ရောက်တတ်တဲ့ မှိုတစ်မျိုးဖြစ်တဲ့ Ergot မှိုဟာ အဆိပ်သင့်စေနိုင်ပါတယ် ဒီမှိုဟာ ခန္ဓာကိုယ်ထဲကို ရောက်ရှိသွားတဲ့အခါ အတက်ရောဂါ၊ ကြွက်တက်တာ၊ အမြင်မှားယွင်းတာနဲ့ စိတ်ကယောင်ခြောက်ခြားဖြစ်တာတွေကို ဖြစ်စေနိုင်ပါတယ် ဒါပေမဲ့ က တဲ့သူတွေမှာ အမြင်မှားယွင်းတဲ့ လက္ခဏာမျိုး သေချာတိကျစွာ မတွေ့ရတဲ့အတွက် ဒီသီအိုရီကို သံသယရှိသူတွေလည်း ရှိပါတယ်
ဒီဖြစ်ရပ်ဟာ ဘာကြောင့်ဖြစ်တယ်ဆိုတာကို ဒီနေ့အချိန်ထိ အတိအကျ မသိရသေးဘဲ သမိုင်းတစ်လျှောက်မှာ အဆန်းကြယ်ဆုံးနဲ့ စိတ်ဝင်စားစရာအကောင်းဆုံး လျှို့ဝှက်ချက်တွေထဲက တစ်ခုအဖြစ် ရှိနေဆဲဖြစ်ပါတယ်
#knowledge #ဗဟုသုတ #facts #whatthefacts

image

🥺

image
4 w - Translate

#ဆယ်ဖို့တစ်ဘို့_ပေးတဲ့အခါတွေ့ရတတ်တဲ့_လူအမျိုး_အစား
၁။ ရှိတဲ့ ငွေ ကိုနှမြောပြီး မပေးချင်တဲ့သူ ( ဒီ​ထဲက ဆယ်ဖို့တစ်ဘို့ ပေးလိုက်ရင် ငွေလျော့သွားမယ် လိုအပ်တဲ့ အရာလေးတွေကို ဒီငွေလေးနဲ့ ဖြည့်လိုက် ရင် အဆင်ပြေသွားမှာ မ​ပေးတော့ပါဘူး ဆိုပြီး ဆယ်ဖို့မပေးဘဲ လိုအပ်ချက်တွေကိုသာ ဉီးစားပေးတဲ့သူ
၂။ ဘယ်သူမှလည်းမသိပါဘူး ကိုယ်ပေးချင်သလောက်သာပေးမယ်ဆိုပြီး( သူပေးချင်သလောက်သာ ပေးတတ်တဲ့သူ)
၃။ ဆယ်ဖို့တစ်ဘို့တော့​ပေးတယ် နှမြောပြီးပေးတဲ့သူ
၄။ ငွေ၁သိန်းရှာတတ်တုန်းက ၁သောင်းက ဆယ်ဖို့အတွက် အဆင်ပြေပြေထည့်ခဲ့နိုင်ပေမယ့် ၁၀သိန်းရှာ နိုင်လာတဲ့အခါ ၁သိန်း ပေးမယ်ဆို မပေးရဲတော့ဘဲနှ​မြောတတ်လာသူ ( ဝင်ငွေများလာတာနဲ့အမျှ နှမြောတတ်တဲ့သူ)
၅။ ဝင်ငွေ ဘယ်လောက်​ဘဲရှိရှိ နည်းသည်ဖြစ်စေ၊ များသည်ဖြစ်စေ၊ မနှမြောဘဲ ဘုရားကို ချစ်တဲ့စိတ်နဲ့ ဆယ်ဖို့တစ်ဘို့အတွက်ဆို တစ်ပြားတစ်ချပ်လေးတောင် မချန်ထားဘဲ စေတနာပါလျက် ပေးတဲ့သူ
#စစ်မှန်တဲ့ယုံကြည်သူ_တစ်ယောက်ရဲ့_အသက်တာထဲမှာတော့အလှူူငွေ_ဆယ်ဖို့တစ်ဘို့က_အစ_နှိုး ဆော်_စရာမလိုဘဲ_ဘုရားကိုချစ်တဲ့စိတ်ကြောင့် ပေးလှူူမှာဖြစ်တယ်

image

တောင်ကြီးတန်ဆောင်တိုင်အလည်လာရင် ဘာတွေလိုအပ်လဲ လာမေးနေကြလို့
ပထမတစ်ချက်ကတော့
ရည်းစာ:ပဲလိုတာပါ😏
#crdit to owner

image

မုန်တိုင်းငယ်သတင်း အမှတ်စဉ်(၀၂/၂၀၂၅)
----------------------------------------
၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက်နေ့ မြန်မာစံတော်ချိန် ၀၇:၀၀ နာရီအချိန် ထုတ်ပြန်ချက်
==========================================
(က) မုန်တိုင်းငယ်အခြေအနေ
=================
(၁) ယနေ့မြန်မာစံတော်ချိန် ၀၅:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော်အနောက်မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလား ပင်လယ်အော်အနောက်အလယ်ပိုင်း(အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်‌တောင်ပိုင်း ကမ်းလွန်-အင်ဒရာပရာဒေ့ရှ်မြောက်ပိုင်းကမ်းခြေ)တို့တွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်(Depression)သည် အနောက်ဘက်သို့ရွေ့လျားခဲ့ပြီး ဘင်္ဂလား ပင်လယ်အော်အနောက်မြောက်ပိုင်း(အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်‌တောင်ပိုင်း ကမ်းခြေအနီး)သို့ရောက်ရှိခဲ့ကာ မြန်မာနိုင်ငံ၊ စစ်တွေမြို့(Sittwe)၏ အနောက်- အနောက်တောင်ဘက် ရေမိုင် ၄၂၀ မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ ပူရီမြို့(Puri)၏ အနောက် တောင်ဘက် ရေမိုင် ၃၅ မိုင်ခန့်၊ ဂိုလ်ပါပူမြို့(Gopalpur)၏ အရှေ့ဘက် ရေမိုင် ၃၅ မိုင်ခန့်နှင့် ကာလင်ဂါပတ္တနမ်မြို့(Kalingapatnam)၏ အရှေ့မြောက်ဘက် ရေမိုင် ၁၀၀ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။
(၂) မုန်တိုင်းငယ်၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိပါသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ်ပါသည်။
(ခ) မုန်တိုင်းငယ်၏ တည်နေရာ၊ ဗဟိုချက်လေဖိအားနှင့် လေတိုက်နှုန်း
အဆိုပါ မုန်တိုင်းငယ်သည် မြန်မာစံတော်ချိန် ၀၅:၃၀ နာရီအချိန်တွင် မြောက်လတ္တီကျု ၁၉.၃ ဒီဂရီနှင့် အရှေ့လောင်ဂျီကျု ၈၅.၅ ဒီဂရီတွင်ရှိပြီး၊ ဗဟိုချက်လေဖိအား ၁၀၀၀ ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင် ၃၀-၃၅ နှုန်းခန့် ဖြစ်ပါသည်။
(ဂ) နောက် ၆ နာရီအတွင်းခန့်မှန်းချက်
======================
အဆိုပါ မုန်တိုင်းငယ်သည် အနောက်ယွန်းယွန်းသို့ရွေ့လျားနိုင်ပြီး၊ နောက် ၆ နာရီ အတွင်း အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်တောင်ပိုင်း-အင်ဒရာပရာဒေ့ရှ်မြောက်ပိုင်း ကမ်းခြေတို့ကို ပူရီမြို့နှင့် ကာလင်ဂါပတ္တနမ်မြို့တို့အကြား ဂိုလ်ပါပူမြို့အနီးမှ ဖြတ်ကျော် နိုင်သည်ဟု ခန့်မှန်းရပါသည်။
(ဃ) သတိပေးနှိုးဆော်ချက်
================
အဆိုပါ မုန်တိုင်းငယ်၏ အရှိန်ကြောင့် ယနေ့နံနက်မှ နောက် ၂၄ နာရီအတွင်း ကချင် ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့တွင် နေရာကျဲကျဲနှင့် နေပြည်တော်၊ ရန်ကုန် တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကယား ပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (တောင်ပိုင်းနှင့် အရှေ့ပိုင်း)တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ အချို့ဒေသများတွင် နေရာကွက်၍ မိုးကြီးခြင်းများနှင့်အတူ လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်ပါသည်။ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် ၃၅ မိုင်အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၁၀ ပေမှ ၁၂ ပေခန့် ရှိနိုင်ပါသည်။
အကြံပြုချက်
========
၂။ သို့ဖြစ်ပါ၍ မုန်တိုင်းငယ်၏အရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်း တိုက်ခတ်ခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ် နိုင်ပါသဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်နှင့် မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြု နိုင်ပါရန်နှင့် ပြည်တွင်းလေကြောင်းပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ၊‌ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိ ပြုနိုင်ပါရန် အသိပေးနှိုးဆော်အပ်ပါသည်။

imageimage

" ငါကြိုက်တဲ့ ကော- င်လေးက ငါ့ကို ပြန် မကြို- က်ဘူး..
ငါမကြိုက်တဲ့ ကော- င်လေးကလဲ ငါ့ကို မကြိုက်ဘူး "
"ဟုတ်တယ်... ဘဝကြီးက မလွယ်ကူဘူး "
Weightlifting Fairy Kim Bok Jo2016)

image