တနင်္သာရီတိုင်းတွင် သက်ကြီးရွယ်အိုနှင့် နာမကျန်းသူများအတွက် ကြိုတင်ဆန္ဒမဲ အိမ်တိုင်ရာရောက်ကောက်ခံပေး

တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ်၌ ရွေးကောက်ပွဲ အပိုင်း(၃) အတွက် သက်ကြီးရွယ်အိုများနှင့် နာမကျန်းဖြစ်နေသူများကို ကြိုတင်ဆန္ဒမဲ အိမ်တိုင်ရာရောက်ကောက်ခံခြင်းများ လုပ်ဆောင်ခဲ့ကြောင်း သိ-ရသည်။
အကြောင်းအမျိုးမျိုးကြောင့် ရပ်ကွက်၊ကျေးရွာကော်မရှင် အဖွဲ့ခွဲရုံးများသို့ ကြိုတင်ဆန္ဒမဲလာရောက်မပေးနိုင်သူများထံ သွားရောက်ပြီး ကြိုတင်ဆန္ဒမဲများ အိမ်တိုင်ရာရောက်ကောက်ခံခြင်းကို ယမန်နေ့က ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ့ အဖွဲ့ဝင်များ မဲရုံအဖွဲ့ဝင်များ မဲရုံစောင့်ကြည့်ရေးအဖွဲ့ဝင်များ ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများက ပါဝင်ခဲ့ကြောင်း သိရသည်။
သက်ကြီးဘိုးဘွားမဲဆန္ဒရှင်များနှင့် နာမကျန်းဖြစ်သည်များ အတွက် ကျန်းမာရေးနှင့်အညီ လုံခြုံဘေးကင်းစွာမဲပေးနိုင်မည် အခွင့်အရေးများရရှိရန် ကြိုတင်ဆန္ဒမဲကောက်ခံခြင်းကို အိမ်တိုင်ရာရောက်ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

image

ရုရှား၊ ယူကရိန်းနဲ့ အမေရိကန်တို့ အဘူဒါဘီမှာ သုံးပွင့်ဆိုင်‌ဆွေးနွေးကြမယ်

ယူကရိန်းကို ရုရှားက ကျူးကျော်တိုက်ခိုက်ပြီးနောက် လေးနှစ်နှစ်ပါးအကြာမှာ ပထမဆုံးအကြိမ်အဖြစ် ရုရှား၊ ယူကရိန်းနဲ့ အမေရိကန်တို့ သုံးပွင့်ဆိုင် ဆွေးနွေးကြမယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
သမ္မတ ဗလာဒီမာပူတင်နဲ့ အမေရိကန်သံတမန်မှာတွေ့ဆုံပြီးနောက် မော်စကိုမှာ တွေ့ဆုံပြီးနောက် အခုလိုဆွေးနွေးပွဲ ထွက်ပေါ်လာတာပါ။ ပူတင်နဲ့တွေ့ဆုံမှုမှာ အမေရိကန်သံတမန် စတိဝစ်အော့ဖ်နဲ့ ထရန့်ရဲ့ သားမက်ဖြစ်သူ ကုရှ်နာတို့လည်း တက်ရောက်ခဲ့ကြပါတယ်။
ဒီတွေ့ဆုံဆွေးနွေးမှုဟာ အသုံးဝင်တဲ့ ဆွေးနွေးမှုလို့ ရုရှားက ဆိုသော်ပေမယ့် နယ်မြေပြဿနာတွေကို မဖြေရှင်းရမချင်း ရေရှည်ငြိမ်းချမ်းရေးသဘောတူညီချက်ကို ရရှိနိုင်မှာမဟုတ်ဘူးလို့ ပြောပါတယ်။ ယူကရိန်းသမ္မတ ဇီလန်စကီးကတော့ ရုရှားအပေါ် အရေးယူပိတ်ဆို့မှုတွေ အားနည်းတဲ့ အတွက် ဥရောပမဟာမိတ်တွေကို ကမ္ဘာ့စီးပွားရေးဖိုရမ်မှာ ဝေဖန်ခဲ့ပါတယ်။
အဘူဒါဘီ ဆွေးနွေးပွဲတွေ မတိုင်ခင် ယူကရိန်းအရှေ့ပိုင်း နယ်မြေတွေရဲ့ အနာဂတ်အခြေအနေဟာ မဖြေရှင်းရသေးတဲ့ ပြဿနာတခုအဖြစ် ရှိနေသေးကြောင်း ထရန့်ကို ရှင်းရှင်းလင်းလင်း ပြောကြားခဲ့တယ်လို့ ဒါးဗို့စ်မှာ ထရန့်နဲ့ တွေ့ဆုံပြီးနောက် ဇီလန်စကီးကပြောပါတယ်။
ဒေါ်နယ်ထရန့်ကတော့ ပူတင်နဲ့ ဇီလန်စကီးတို့ နှစ်ယောက်စလုံးဟာ ယူကရိန်းစစ်ပွဲနဲ့ပတ်သက်ပြီး သဘောတူညီချက်တခု ရရှိဖို့ လိုလားနေတယ်ဆိုတာ ယုံကြည်ကြောင်းနဲ့ ဒီအတွက် နည်းလမ်းတွေ ရှာဖွေနေကြောင်း ဒေါ်နယ်ထရန့်က ပြောပါတယ်။
အဘူဒါဘီ ဆွေးနွေးပွဲအတွက် ဒေါ်နယ်ထရန့်က သူ့ရဲ့ သံတမန် စတိဗ်ဝစ်အော့ဖ်နဲ့ သားမက်ဖြစ်သူ ကုရှ်နာတို့ကို စေလွှတ်မှာဖြစ်ပြီး ယူကရိန်းကတော့ ယူကရိန်းအမျိုးသားလုံခြုံရေးနှင့်ကာကွယ်ရေးကောင်စီအကြီးအကဲ ရပ်စတမ်ယူမီရောဗ်ကို ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်စေမှာဖြစ်ကာ ရုရှားကမူ စစ်ထောက်လှမ်းရေးအေဂျင်စီ ညွှန်ကြားရေးမှူး ဗိုလ်ချုပ်ကြီး အိုင်ဂေါ်ကိုစတီကော့ဗ်က ဦးဆောင်မှာဖြစ်ပါတယ်။

image

ရန်ကုန် အိမ်ခြံမြေဈေးကွက် ရောင်း၊ ဝယ်၊ ငှား ဈေးနှုန်းတွေ မြင့်တက်လာ

လက်ရှိ ရန်ကုန် အိမ်ခြံမြေဈေးကွက်အတွင်း မြေကွက်၊ လုံးချင်း အရောင်းအဝယ်နဲ့ အငှား ဈေးနှုန်းတွေ မြင့်တက်လာတယ်လို့ အိမ်ခြံမြေ အကျိုးဆောင် အသိုင်းအဝိုင်းက သိရှိရပါတယ်။
ဒေါ်လာဈေးနှုန်း မတည်ငြိမ်မှုနဲ့ ရွှေဈေးနှုန်း အဆမတန် မြင့်တက်နေမှုတွေကြောင့် ငွေကိုင်ထားသူတွေဟာ အိမ်ခြံမြေဘက်ကို ပြောင်းလဲ ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်လာတဲ့အတွက် အဝယ်လိုက်နေပြီး ဈေးနှုန်းတွေ မြင့်တက်လာတာ ဖြစ်တယ်လို့ သိရပါတယ်။
အခုရက်ပိုင်းထဲ ရန်ကုန်အိမ်ခြံမြေဈေးကွက် ပြန်လှုပ်လာတဲ့ သဘောပေါ့။ အဓိက ကတော့ ရွှေဈေး အရမ်းတက်နေတော့ ရွှေမဝယ်ဘဲ မြေကိုင်ထားချင်ကြတဲ့သူတွေ များလာတယ်။ ဒါကြောင့်ပဲ အိမ်ခြံမြေဈေးတွေ ထိုးတက်လာတာ။ အရောင်းအဝယ် အများဆုံး ဖြစ်နေတာကတော့ ဒဂုံ လေးမြို့နယ်မှာ အဝယ်ပိုဖြစ်နေတယ် လို့ အိမ်ခြံမြေ အကျိုးဆောင် တယောက်က ပြောပါတယ်
ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်မှာ ပေ ၂၀၆၀ တကွက်ကို ကျပ် သိန်း ၄၅၀၀ ကနေ သိန်း တသောင်းသုံးထောင့် ငါးရာအထိ ရှိနေပြီး ပေ ၄၀၆၀ တကွက်ကို ကျပ်သိန်း ၇၈၀၀ ကနေ သိန်း တသောင်းနှစ်ထောင်ဝန်းကျင် ရှိနေတယ်လို့ သူက ပြောပါတယ်။
ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်မှာတော့ ပေ ၂၀၆၀ တကွက်ကို သိန်း ၅၀၀၀ မှ သိန်း တသောင်းအထိ ပေါက်ဈေးရှိနေပြီး ပေ ၄၀၆၀ တကွက် ဆိုရင်တော့ ငွေကျပ် သိန်း တသောင်းအထက်မှာ ရှိနေတယ်လို့ ဆိုပါတယ်။
ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်မှာတော့ ပေ ၂၀၆၀ ကို ကျပ်သိန်း ၆၇၀ ကနေ ၁၂၀၀ ဝန်းကျင်ဈေး ရှိနေသလို ပေ ၄၀၆၀ ကို ကျပ်သိန်း ၂၇၅၀ ၊ ၃၀၀၀ ၊ ၅၅၀၀ ၊ ၇၀၀၀ ကနေ တသောင်း နှစ်ထောင်ဝန်းကျင်ဈေးအထိ ရှိနေတယ်လို့ သိရပါတယ်။
ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်မှာတော့ ပေ ၂၀၆၀ ကို ကျပ်သိန်း ၅၅၀ ၊ ၆၅၀၊ ၁၂၀၀ ဝန်းကျင်၊ ပေ ၃၀၆၀ ကို ကျပ်သိန်း ၁၀၀၀ ဝန်းကျင်၊ ပေ ၃၉၆၀ ကျပ်သိန်း ၃၅၀၀ ဝန်းကျင် ပေါက်ဈေးရှိနေတယ်လို့ သိရပါတယ်။
ရန်ကုန် အိမ်ခြံမြေ ဈေးကွက်အတွင်း ဒဂုံမြို့သစ် လေးမြို့နယ်က အရောင်းအဝယ် အများဆုံးနဲ့ ရပ်တည်နေသလို ကျန်မြို့နယ်တွေမှာလည်း တိုက်ခန်း အရောင်းအဝယ်တွေ ရှိနေတယ်လို့ သိရပါတယ်။
တိုက်ခန်း အရောင်းအဝယ်တွေကတော့ နေရာဒေသ၊ အထပ်အမြင့်နဲ့ အခန်းအကျယ်အဝန်း အမျိုးအစားပေါ် မူတည်ကာ ကျပ် သိန်း ၂၇၀ ၊ ၄၀၀ ၊ ၆၅၀ ကနေ ကျပ် သိန်း ၂၀၀၀ ၊ သုံးသောင်းခွဲကနေ လေးသောင်းဝန်းကျင် စသဖြင့် ပေါက်ဈေး ရှိနေတယ်လို့ သိရပါတယ်။
ဒါအပြင် အငှားဈေးကွက်မှာလည်း ကျပ် တသိန်းခွဲ၊ သုံးသိန်းကြားမှာ အငှားလိုက်နေပြီး ဈေးတွေကတော့ နေရာဒေသ၊ လချုပ်၊ စပေါ် ကွာဟမှုအလိုက် ကျပ် တသိန်းခွဲကနေ ၁၀ သိန်း၊ ၁၈ သိန်းဝန်းကျင်အထိ ဈေးအမျိုးမျိုး ရှိနေတယ်လို့ သိရပါတယ်။
အိမ်ငှားခတွေလည်း ဆက်တိုက် ဈေးတက်နေတယ်။ အရင်နှစ်တွေထက် ၅၀ ရာခိုင်နှုန်းကျော်လောက် ဈေးတက်လာတာ။ ဆင်ခြေဖုံး ရပ်ကွက်တွေမှာတောင် အိမ်ငှားခက တလကို အနည်းဆုံး တသိန်းခွဲအထက်မှာပဲ ရှိတော့တယ်။ တသိန်းအောက် အိမ်ငှားခက မရှိသလောက် ရှားသွားပြီ။ လိုင်းခန်းတွဲတွေ ဆိုရင်တောင် တသိန်းနှစ်သောင်း၊ တသိန်းရှစ်သောင်းဝန်းကျင် ဖြစ်နေပြီ လို့ ဒဂုံမြောက်ပိုင်းမြို့နယ်မှ အိမ်ခြံမြေအကျိုးဆောင် တယောက်က ပြောပါတယ်။
လက်ရှိမှာ သိန်း ၁၀၀၀ ဝန်းကျင်ကနေ သိန်း ၅၀၀၀ ဝန်းကျင်ရှိ အိမ်ခြံမြေနဲ့ တိုက်ခန်းတွေ အရောင်းအဝယ် ပိုဖြစ်နေတယ်လို့ သိရပြီး ပွင့်လင်းရာသီလည်း ရောက်ရှိလာပြီ ဖြစ်တာကြောင့် အိမ်ခြံမြေဈေးကွက်ဟာ ဈေးနှုန်းအမြင့်ပိုင်းနဲ့ အရောင်းအဝယ် ကောင်းမွန်နေနိုင်တယ်လို့ ဆိုပါတယ်။

image

ရွေး​ကောက်ပွဲ တတိယပိုင်းအတွက် မန္တလေးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရဲ့ စီစဥ်ထားမှုများ

ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ တတိယပိုင်းကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၂၅)ရက် တနိုင်ငံလုံး ကျင်းပမည့် မြို့နယ် (၆၃)မြို့နယ် မန္တလေးတိုင်းဒေသကြီးတွင် (၈)မြို့နယ်ကျင်းပမှာဖြစ်ပြီး မဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင် ပေါင်း (၆)သိန်းကျော်ရှိတယ်လို့ သိရပါတယ်။
ပါဝင်ယှဉ်ပြိုင်ကြမယ့် နိုင်ငံရေးပါတီ ၉ ပါတီ ၊တစ်သီးပုဂ္ဂလ ၃ ဦး၊ နိုင်ငံရေးပါတီတွေက ကိုယ်စားလှယ်လောင်း ၅၃၆ ဦး၊ ရှမ်းတိုင်း ရင်းသားကိုယ်စားလှယ်လောင်း ၄ ဦး တို့ ဝင်ယောက်ယှဥ်ပြိုင်မှာဖြစ်ပါတယ်။
မဲစာရင်းနံပါတ်ရှာရလွယ်​အောင် တက်ပလက်​တွေနဲ့ စီစဥ်ထားသလို မဲ​ပေးစက်​တွေ ချွတ်ယွင်းမှုမရှိ​အောင် ၊အချိန်ကြန့်ကြာမှုမရှိ​အောင် စီမံထား​တယ်လို့လည်း မန္တ​လေးတိုင်း ​ရွေး​ကောက်ပွဲ​ကော်မရှင်က​နေ သိရပါတယ်။
မဲဆန္ဒရှင်များ မနက် ၆နာရီက​နေ ည​နေ ၄နာရီထိ မဲရုံ ပရဝုဏ်ထဲ​ရောက်သူမှန်သမျှ မဲ​ပေးခွင့်ရ​ရှိမှာ ဖြစ်တယ်လို့လည်းသိရပါတယ်။
မဲရုံထဲကို မှတ်ပုံတင်ကလွဲရင် ဖုန်း၊တခြားလျှပ်စစ်ပစ္စည်း​တွေနဲ့ တားမြစ်ထားတာ​တွေ ယူခွင့်မရှိဘဲ ပါလာခဲ့ရင် ဂိတ်ဝမှာ စနစ်တကျ အပ်နှံဖို့ စီစဥ်ထားတယ်လို့ သိရ​ပါတယ်။
​ရွေး​ကောက်ပွဲ ပထမပိုင်း ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၈)ရက် တစ်နိုင်ငံလုံးကျင်းပတဲ့ မြို့နယ်(၁၀၂) မြို့နယ်၊ မန္တလေးတိုင်းဒေသကြီးတွင် (၈)မြို့နယ်ကျင်းပခဲ့ပြီး မဲပေးမှု အခြေအနေမှာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူပေါင်း (၁၃)သိန်းကျော်၊ မဲလာရောက်ပေးသူ (၈)သိန်းကျော်ရှိ၍ မဲပေးမှု % မှာ ၆၂ % ကျော်ရှိပါတယ်။
ဒုတိယပိုင်း - ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၁၁)ရက် တစ်နိုင်ငံလုံး ကျင်းပသည့် မြို့နယ်(၁၀ဝ)မြို့နယ်၊ မန္တလေးတိုင်းဒေသကြီးတွင် (၉)မြို့နယ်ကျင်းပခဲ့ပြီး မဲပေးပိုင်ခွင့်ရှိသူပေါင်း (၁၀) သိန်းကျော်တွင် မဲလာရောက်ပေးသူ (၇)သိန်းနီးပါးရှိ၍ မဲပေးမှု % မှာ
၆၄% ကျော် ရှိပါတယ်။
အပိုင်း(၁)၊ အပိုင်း(၂) ရွေးကောက်ခံ ကိုယ်စားလှယ်များတွေကိုလည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် က အပိုင်းလိုက်လွှတ်တော်အလိုက် ကြေညာထားပါတယ်။
ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၁)နဲ့အပိုင်း(၂)မှာ ရပ်ကွက်/ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲတွေနဲ့ မဲရုံအဖွဲ့တွေရဲ့ လုပ်ငန်းဆောင်ရွက်မှု လိုအပ်ချက်တွေကိုအပိုင်း(၃)မှာ မဖြစ်ပွားစေရေးနဲ့ မဲဆန္ဒရှင်တွေ သက်တောင့်သက်သာ အေးချမ်းစွာ မဲပေးနိုင်ဖို့ ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်မှ စီစဉ်ပေးထားတယ်လို့ သိရပါတယ်။

image

အမေရိကန်နိုင်ငံသား သန်း ၁၆၀ ကျော် ကြမ်းတမ်းတဲ့ နှင်းမုန်တိုင်းနဲ့ ရင်ဆိုင်ရဖွယ်ရှိ

အမေရိကန်နိုင်ငံသား ၁၆၀ သန်းကျော်ဟာ သောကြာနေ့မှစပြီး ထူးခြားကြမ်းတမ်းနဲ့ ဆောင်းရာသီမုန်တိုင်းနဲ့ ရင်ဆိုင်ရဖွယ်ရှိပြီး ဆီးနှင်းမထူထပ်စွာကျဆင်းတာ ဆီးနှင်းခဲတွေရွာချတာတွေ ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသဌာနက သတိပေးထားပါတယ်
မုန်တိုင်းဟာ အမေရိကန်ပြည်ထောင်စုရဲ့ နေရာအများစုကို ဖြတ်သန်းတိုက်ခတ်မယ်လို့ မျှော်လင့်ရပြီး လွင်ပြင်အမြင့်တွေနဲ့ ရော့ကီးတောင်တန်းတွေကနေ အရှေ့ဘက်သို့ ဦးတည်သွားကာ အလွန်အန္တရာယ်များတဲ့ အခြေအနေတွေကို ဖြစ်ပေါ်စေလိမ့်မယ်လို့ မိုးလေဝသဌာနက ပြောပါတယ်။
အာတိတ်ဒေသ လေအေးတွေကြောင့် သုညအောက် အပူချိန်ကျဆင်းမှာဖြစ်ပြီး အသက်အန္တရာယ်ရှိတဲ့ ခန္ဓာကိုယ်အပူချိန်ကျဆင်းတာနဲ့ အရေပြားပေါ်အေးခဲ ထိုခိုက်တာတွေ ဖြစ်နိုင်တယ်လို့ သတိပေးထားပါတယ်။
အဓိကမြို့ကြီးများစွာရှိ လေဆိပ်အာဏာပိုင်တွေအပါအဝင် အမေရိကန်သယ်ယူပို့ဆောင်ရေး အရာရှိတွေကတော့ အားလပ်ရက်ခရီးစဉ်တွေ အနှောင့်အယှက်ဖြစ်စေတာ ၊ ဖျက်သိမ်းတာနဲ့ နှောင့်နှေးတာတွေဖြစ်နိုင်တယ်လို့ ပြောပါတယ်။
ဆောင်းရာသီမုန်တိုင်းဟာ အမေရိကန်တဝန်းကို ဖြည်းဖြည်းချင်းရွေ့လျားမယ်လို့ ခန့်မှန်းထားပြီး မန်ဖစ်၊ နက်ရှ်ဗီးလ်၊ ဝါရှင်တန်ဒီစီ၊ ဘာလ်တီမိုး၊ ဖီလာဒဲလ်ဖီးယားနဲ့ နယူးယောက်အပါအဝင် မြို့တွေမှာ ဆီးနှင်းတွေ ဖုံးလွှမ်းနေပါတယ်။
တောင်ပိုင်းရော့ကီးတောင်တန်းတွေနဲ့ လွင်ပြင်တွေမှတဆင့် အလယ်အတ္တလန္တိတ်သို့ နှင်းများထူထပ်စွာကျရောက်မယ်လို့ ခန့်မှန်းထားပြီး အရှေ့မြောက်ဘက်အထိ ရောက်ရှိနိုင်ပါတယ်။ နှင်းတပေကျော် ကျဆင်းနိုင်တဲ့ ဒေသတွေဟာ ကော်လိုရာဒိုကနေ အနောက်ဗာဂျီးနီးယား၊ ဘော်စတွန်အထိ ကျယ်ပြန့်နိုင်ပါတယ်။
နယူးယောက်မြို့ အပါအဝင် နယူးဂျာစီ အရှေ့မြောက်ပိုင်းနဲ့ နယူးယောက် အရှေ့တောင် အစိတ်အပိုင်းတွေမှာ တနင်္ဂနွေနေ့ အစောပိုင်းကစပြီး တနင်္လာနေ့အထိ နှင်း ၁၀ လက်မကနေ ၁၄ လက်မအထိ ကျဆင်းနိုင်တယ်လို့ မိုးလေဝသဌာနက သတိပေးထားပါတယ်။
ဘော်စတွန် အပါအဝင် နယူးအင်္ဂလန်ရဲ့ တောင်ပိုင်း အများစုမှာ တနင်္ဂနွေနေ့ကနေ တနင်္လာနေ့အထိ နှင်း ၁၂ လက်မကနေ ၁၇ လက်မအထိ ကျဆင်းနိုင်ပြီး တနာရီ မိုင် ၃၀ အထိ လေအေးတွေတိုက်ခတ်နိုင်တယ်လို့ ပြောပါတယ်။
အဲဒီမှာရှိတဲ့ လေအေးတွေရဲ့ အပူချိန်ဟာ သောကြာနေ့ကနေ စနေနေ့အထိ အနုတ် ၁၅ ဒီဂရီဖာရင်ဟိုက် အထိ ရောက်ရှိနိုင်ပါတယ်။ အမေရိကန် အရှေ့တောင်ပိုင်းရဲ့ ပိုမိုကျယ်ပြန့်တဲ့ ဧရိယာမှာလည်း ရေခဲမှတ်အောက် အပူချိန်တွေ ကျဆင်းနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

image

ICJ မှာ ရင်ဆိုင်ဖြေရှင်းနေတဲ့ မြန်မာ ကိုယ်စားလှယ်အဖွဲ့နဲ့ တသားတည်းရှိပြီး ထောက်ခံကြိုဆိုကြောင်း နိုင်ငံ​ရေးပါတီ​တွေကသဘောထားထုတ်ပြန်

ဂမ်ဘီယာနိုင်ငံရဲ့ စွပ်စွဲချက်ကို သဟိတ်ဂ်မြို့၊ အပြည်ပြည်ဆိုင်ရာတရားရုံး (International Court of Justice -ICJ) မှာ ဥပဒေနဲ့ အညီ အချက်အလက်ပြည့်စုံစွာနဲ့ ဖြေရှင်းနေတဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့နဲ့ တသားတည်းရပ်တည်တဲ့ အပြင် ထောက်ခံကြိုဆိုကြောင်း နိုင်ငံရေးပါတီအချို့နဲ့ အဖွဲ့အစည်း​​တွေက သဘောထား ထုတ်ပြန်လိုက်ပါတယ်။
နိုင်ငံ​ရေးပါတီ​တွေဖြစ်တဲ့ ပြည်သူ့ရှေ့ဆောင်ပါတီ PPP ၊ ကျားဖြူပါတီ ၊ ရခိုင့်ဦးဆောင်ပါတီ နဲ့ ညီညွတ်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးပါတီနဲ့ အမျိုးသားဒီမိုက​ရေစီပါတီသစ် စသည်တို့က သဘောထားထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။
ခုလို သဘောထားထုတ်ပြန်တာနဲ့ ပတ်သက်ပြီး အပေါ် PPP ပါတီရဲ့ ဒုတိယဥက္ကဋ္ဌ ( ၂) ဦးစောဟန်အေးက
" ရှုံးခြင်းနိုင်ခြင်း လောလောဆယ်မသိသေးဘူး ။ နိုင်ရင် နိုင်ငံရဲ့ ဂုဏ်သိက္ခာမထိခိုက်ဘူးပေါ့ ။အရှုံးကတော့ ဘယ်သူမှလက်မခံချင်ဘူး။ ဆရာတို့လည်း လက်မခံချင်ဘူးလေ ။ အနိုင်ပဲ အမှန်တရားပဲ ဖြစ်စေချင်တာပေါ့ ။ ICJ မှာလည်း နိုင်ငံအနေနဲ့က နဂိုထဲက မပါထားတဲ့အတွက် သူတို့ချတဲ့အပေါ်မှာ လိုက်နာခြင်း မလိုက်နာခြင်းကတော့ သိပ်ပြီးတော့ မထူးဘူးထင်တယ်။.ဂရုစိုက်စရာလဲမလိုဘူးထင်တယ်။ အဖွဲ့ဝင်နိုင်ငံလည်းမဟုတ်ဘူးဆိုတော့လေ ။ရှုံးရင်တော့ ဆက်စပ်တဲ့ ဖိအားတွေရှိလာနိုင်တာပေါ့ ။ " လို့ ပြောပါတယ်။
မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ ဂမ်ဘီယာနိုင်ငံရဲ့ စွပ်စွဲချက်ကို ICJ တရားရုံးမှာ ဇန်နဝါရီ ၁၂ ရက်ကစပြီး ဇန်နဝါရီ ၂၉ ရက်နေ့အထိ တရားရင်ဆိုင်ရမှာ ဖြစ်တယ်လို့ သိရပါတယ် ။
" ရှုံးစရာအကြောင်းမရှိပါဘူး ။နိုင်ဖို့ပဲရှိပါတယ်။ ဂျာမန်နဲ့ ဦးကိုကိုလှိုင်ပြောတဲ့ဟာက တော်တော်ကောင်းတာပဲ ။ နိုင်မှာ ။ နိုင်မှာမို့လို့ သဘောထား ထောက်ခံထားတာ ။ " လို့ ကျားဖြူပါတီ ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်း ကပြောပါတယ်။
မြန်မာနိုင်ငံရဲ့ အမှန်တရား/တရားမျှတမှု၊ ဂုဏ်သိက္ခာ၊ အချုပ်အခြာအာဏာအတွက် ရင်ဆိုင်ဖြေရှင်းနေတဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့နဲ့ တသားတည်း ရပ်တည်ကြောင်း ညီညွတ်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးပါတီက သဘောထားထုတ်ပြန်ထားပါတယ်။
အလားတူ ရခိုင့်ဦးဆောင်ပါတီကလည်း မြန်မာနိုင်ငံအပေါ် မတရားစွပ်စွဲချက်ကို အမှန်တရားအတိုင်း ပေါ်ပေါက်စေရန် နဲ့ နိုင်ငံတကာအလယ်မှာ အထင်အမြင်လွဲမှားမှုတွေ ကင်းစင်စေရန် ကြိုးပမ်းဆောင်ရွက်နေတဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ရဲ့ လုပ်ဆောင်ချက်ကို ထောက်ခံကြောင်းနဲ့ တသားတည်းရပ်တည်ကြောင်း ထုတ်ပြန်ထား ပါတယ်။
မြန်မာကိုယ်စား ရှေ့နေ မစ္စတာ စတီဖန် တယ်လ်မွန် (Mr. Stefan Talmon) က သီတဂူဆရာတော်နဲ့ ၊ ဦးဝီရသူ အပါအဝင် ဘုန်းကြီးတချို့ရဲ့ ပြောဆိုရေးသားချက်တွေဟာ နိုင်ငံတော်နဲ့ ဥပဒေအရ တိုက်ရိုက် ချိတ်ဆက်လို့ မရနိုင်ကြောင်း ဇန်နဝါရီ ၂၁ ရက်က ICJ တရားရုံးမှာ လျှောက်လဲချက် တင်ပြခဲ့တယ်လို့ သိရပါတယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်း၊ အစ္စလာမ်ဘာသာဝင်တွေ အများစု နေထိုင်ရာ အရပ်တွေမှာ ဖြစ်ပျက်ခဲ့တဲ့ ပဋိပက္ခတွေကို ဖြေရှင်းရာမှာ ဂျီနိုဆိုက်သဘောတူစာချုပ်ကို ချိုးဖောက်တယ်ဆိုပြီး အစ္စလာမ်မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) အဖွဲ့ဝင်ဖြစ်တဲ့ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို တရားစွဲဆိုထားတာဖြစ်တယ်လို့ သိရ ပါတယ် ။
ပြီးခဲတဲ့ NLD အစိုးရလက်ထက်က လည်း
ICJ တရားရုံးကို ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် သွားရောက်ဖြေရှင်းမှု ရှိခဲ့ပါတယ်။
၂၀၂၀ ခုနှစ် ဇန်နဝါရီ ၂၃ ရက်မှာ မြန်မာနိုင်ငံကို ဂမ်ဘီယာနိုင်ငံက စွဲဆိုထားတဲ့အမှုကို ICJ တရားရုံးက ကြားဖြတ်အမိန့်အဖြစ် ရိုဟင်ဂျာတွေကို အကာအကွယ်ပေးဖို့ စီမံချက်တွေ ချမှတ်ပြီး အစီရင်ခံစာတွေ တင်ပြရမယ်လို့ အချက် ၄ ချက်နဲ့ အမိန့် ချမှတ်ခဲ့တယ်လို့ သိရပါတယ်။
အဲဒီအချက်တွေကတော့
မြန်မာနိုင်ငံအနေနဲ့ ရိုဟင်ဂျာအရေးကို လုပ်တဲ့အခါ ဂျီနိုဆိုက်ဒ် ကွန်ဗန်းရှင်း အပိုဒ် ၂ အတိုင်း တတ်နိုင်သမျှ စီမံလုပ်ဆောင်ပါ။ လူမျိုးတုန်း သတ်ဖြတ်မှုကျူးလွန်မှု မြောက်နိုင်တဲ့ လူတဦးတယောက်ကိုဖြစ်စေ တစုတဖွဲ့အပေါ်ကို ဖြစ်စေ လူ့အခွင့်အရေး ချိုးဖောက်တာ၊ လူသတ်မှုကျူးလွန်တာ၊ အစာရေစာ ထောက်ပံ့မှု မပြုတာ၊ ကလေးမွေးဖွားမှု ထိန်းချုပ်တားဆီးတာ၊ ခရီးသွားလာမှု ပိတ်ပင်တားဆီးတာမျိုး စတာတွေကို မလုပ်ဖို့ ၊ ရိုဟင်ဂျာ တဦးတယောက်ကို ဖြစ်စေ၊ အဖွဲ့တခုကိုဖြစ်စေ မြန်မာစစ်တပ်က ဒါမှမဟုတ် အခြားသောလက်နက်ကိုင်အဖွဲ့တွေက မတရားသဖြင့် အခွင့်အရေးဖောက်ဖျက်မှု၊ ဖမ်းဆီးသတ်ဖြတ်မှု ကျူးလွန်တာမျိုးနဲ့ အလားတူ လုပ်ရပ်တွေကို မကျူးလွန်ဖို့၊ သွေးထိုးလှုံ့ဆော်တာတွေ မလုပ်ဖို့ တားဆီးပါ။ မြန်မာနိုင်ငံအနေနဲ့ ရိုဟင်ဂျာတွေကို ထိရောက်တဲ့ ကာကွယ်မှုမျိုး ပေးရမယ်။ အပြစ်ကျူးလွန်သူကို ရှာဖွေ ဖော်ထုတ်ပြီး ထိရောက်တဲ့ အပြစ်ပေးရမယ်။ ထိရောက်တဲ့ အစီအမံတွေနဲ့ တားဆီးရမယ်။ ရရှိတဲ့ အချက်အလက်တွေကိုလည်း သိမ်းဆည်းထားရမယ်။ မြန်မာအနေနဲ့ အခု ပြောတာတွေနဲ့ ပတ်သက်ပြီး လေးလအတွင်း အိုင်စီဂျေကို အစီရင်ခံစာ တင်ပို့ပေးရမယ်။ အဲ့ဒီနောက် ဒီအမှု မပြီးပြတ်မချင်း ၆ လ တခါ အမြဲ အစီရင်ခံစာ ပို့ရမယ် ဆိုတဲ့ အချက် လေးချက်ကို ကြားဖြတ် အမိန့် အဖြစ် ချမှတ်ခဲ့တာပဲ ဖြစ်ပါတယ်။
လာမယ့် ဇန်နဝါရီ ၂၇ ရက်မှာ ရန်ကုန်နဲ့ မန္တ​လေးအပါအဝင် မြို့ကြီး​တွေမှာလုပ်မယ့် ICJ မှာ ရင်ဆိုင်ဖြေရှင်းနေတဲ့ မြန်မာ ကိုယ်စားလှယ်အဖွဲ့နဲ့ တသားတည်းရှိပြီး ထောက်ခံကြိုဆိုပွဲ အစီအစဥ်ကို သက်ဆိုင်ရာက ခွင့်ပြုမ​ပေး​သေးဘဲ ဆိုင်းငံ့ထားတယ်လို့ ပွဲစီစဥ်သူ​တွေက အ​ပြောအရသိရပါတယ်။

image

မသန်စွမ်းပရိသတ်များအတွက် ကမ္ဘာ့ဖလားလက်မှတ်အဆ ၅၀ ကျော်တိုးမြှင့်ကောက်ခံလာတဲ့ ဖီဖာ
=====================

ဖီဖာဟာ မသန်စွမ်းပရိသတ်များအတွက် ကမ္ဘာ့ဖလားလက်မှတ်တန်ဖိုးအဆ ၅၀ ကျော် တိုးမြှင့်သတ်မှတ်လာပါတယ်။
၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲတုန်းက မသန်စွမ်းပရိသတ်များရဲ့ အဖော်လိုက်ပါသူအတွက် လက်မှတ်ဖိုး မကောကက်ခံခဲ့ပေမယ့်လည်း ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် တန်ဖိုးအနိမ့်ဆုံးလက်မှတ်အား ၄၅ ပေါင် သတ်မှတ်လာပါတယ်။
မသန်စွမ်းပရိသတ်အနေဖြင့် အမြင့်ဆုံးလက်မှတ်အဖြစ် ပေါင် ၁၉၈ အထိ ပေးလာရမှာ ဖြစ်သလို အဖော်လိုက်ပါမယ့်သူအတွက်လည်း ယင်းပမာဏအတိုင်းပင် ပေးလာရပါမယ်။
ဒါကြောင့်လည်း မသန်စွမ်းပရိသတ်တစ်ဦးအနေဖြင့် ကမ္ဘာ့ဖလားပွဲတစ်ပွဲကြည့်ရန် ပေါင် ၃၉၆ အသုံးပြုလာရပါမယ်။
၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲတုန်းက မသန်စွမ်းပရိသတ်အတွက် လက်မှတ်ဈေးနှုန်းက ၈ ပေါင်သာ ကျသင့်ပြီး အဖော်လိုက်ပါသူအတွက် အခမဲ့ ဖြစ်ရာ ယခုကမ္ဘာ့ဖလားပြိုင်ပွဲတွင် ၄၉၀၀ ရာခိုင်နှုန်း/အဆ ၅၀ ကျော် အထိ တိုးမြှင့်သတ်မှတ်လာတာလည်း ဖြစ်ပါတယ်။
ဖီဖာဟာ ယခုကဲ့သို့ အသန်စွမ်းပရိသတ်များအတွက်သာမက လိုက်ပါပေးမယ့် အဖော်တို့ပါ လက်မှတ်ဖိုးငွေများစွာ သတ်မှတ်လာမှုနှင့်အတူ အပြင်းအထန် ဝေဖန်မှုများနှင့် ရင်ဆိုင်နေရပါတယ်။
ယခုကဲ့သို့ လက်မှတ်ဈေးနှုန်းသတ်မှတ်လာမှုနှင့်အတူ မသန်စွမ်းပရိသတ်တို့မှာ ကမ္ဘာ့ဖလားပွဲသို့ ကိုယ်တိုင်လာရောက်ကြည့်ရှုရန် ခက်ခဲနေပါတယ်။

image

အက်စတွန်ဗီလာနှင့်ပွဲတွင် စည်းမျဉ်းချိုးဖောက်မှုကြောင့် ကြီးမားတဲ့ ဒဏ်ရိုက်ခြင်းခံလာရတဲ့ ချဲလ်ဆီး
===================

ချဲလ်ဆီးဟာ အက်စတွန်ဗီလာကစားသမားများနှင့် နည်းပြအဖွဲ့ဝင်များရှိရာ အရန်ခုံသို့ ရေသန့်ဗူးဖြင့် ပစ်ပေါက်မှုကြောင့် ပေါင် ၁၅၀၀၀၀ ဒဏ်ရိုက်ခြင်းခံလာရပါတယ်။
စတမ်းဖို့ဒ်ဘရစ်ချ်ပွဲစဉ်တွင် ဗီလာအရန်ခုံသို့ ရေသန့်ဗူးတစ်ဗူးပျံဝဲရောက်လာပြီး ကစားသမားတစ်ဦးရဲ့ ခေါင်းကို ထိလုနီးပါးဖြစ်ခဲ့ကာ ယင်းဖြစ်ရပ်အား ချဲလ်ဆီးနှင့် အက်ဖ်အေတို့ စုံစမ်းစစ်ဆေးခဲ့ကြပါတယ်။
ဒီဇင်ဘာလ ၂၇ ရက်နေ့တုန်းက အိုလီဝတ်ကင်ရဲ့ သွင်းဂိုး ၂ ဂိုးဖြင့် ဗီလာတို့ အနိုင်ရတဲ့ပွဲအပြီးတွင် အထက်ပါ အဖြစ်အပျက် ဖြစ်ခဲ့တာပါ။
ပွဲအပြီး ပွဲမှတ်တမ်းတွင် ဒိုင်လူကြီးစတူးအပ်အက်ဝဲလ်က ချဲလ်ဆီးအသင်းနည်းစနစ်ဧရိယာအတွင်းရှိ ချဲလ်ဆီးအဖွဲ့ဝင်တစ်ဦးက ဗီလာနည်းစနစ်ဧရိယာသို့ ရေသန့်ဗူးဖြင့် ပစ်ပေါက်ခဲ့ကြေင်း ထည့်သွင်းရေးသားထားပါတယ်။
ချဲလ်ဆီးဟာ ယင်းရေသန့်ဗူးသာ တစုံတဦးကို ထိမှန်မည်ဆိုပါက ပေါင် ၂၅၀၀၀၀ အထိ ဒဏ်ရိုက်ခံလာရမှာ ဖြစ်ပြီး မထိမှန်မှုကြောင့် ပေါင် ၁၅၀၀၀၀ သာ ဒဏ်ရိုက်ခံခဲ့ရတာပါ။
အက်ဖ်အေဟာ အက်ဝဲလ်ရဲ့ ပွဲပြီးမှတ်တမ်း၊ နည်းစနစ်ဧရိယာအတွင်းမှ ဗီဒီယိုမှတ်တမ်းများကို စစ်ဆေးကာ ဆုံးဖြတ်ချက်ချလာတာပါ။
ချဲလ်ဆီးဟာ ပြီးခဲ့တဲ့ ငါးနှစ်အတွင်းတွင် အက်ဖ်အေရဲ့ အရေးယူမှု ၅ ကြိမ်ခံခဲ့ရရာတွင် ဒဏ်ငွေ ပေါင် ၂၅၈၅၀၀ ကျခံခဲ့ရပြီး ဖြစ်ပါတယ်။

image

အာဖရိကဖလားဆွတ်ခူးခဲ့တဲ့ မာနေးဟာ ခရစ္စတီယာနိုရော်နယ်ဒိုဦးဆောင်ကာ Al Nassr အသင်းသားများ ဂုဏ်ပြု
===================

ခရစ္စတီယာနိုရော်နယ်ဒိုဦးဆောင်တဲ့ Al Nassr အသင်းသားများဟာ ဆီနီဂေါနှင့်အတူ အာဖရိကဖလားဆွတ်ခူးကာ ပြန်ရောက်လာတဲ့ ဆာဒေယိုမာနေးအား ကိတ်ခွဲပြီး ဂုဏ်ပြုခဲ့ကြပါတယ်။
ဆီနီဂေါဟာ တနင်္ဂနွေနေ့တုန်းက ရာဘက်တွင် အိမ်ရှင်မော်ရိုကိုနှင့် အာဖရိကဖလားဗိုလ်လုပွဲတွင် အနိုင်ယူကာ ဒုတိယအကြိမ်မြောက် အာဖရိကဖလားဆွတ်ခူးခဲ့ပါတယ်။
အသက် ၃၃ နှစ်ရှိ မာနေးဦးဆောင်တဲ့ ဆီနီဂေါဟာ အချိန်ပိုတွင် ပါပီဂူယီသွင်းယူတဲ့ တစ်လုံးတည်းသော အနိုင်ဂိုးဖြင့် အနိုင်ရခဲ့တာပါ။
ယင်းပွဲတွင် ဆီနီ‌ဂေါနည်းပြပါပီသီယိုဟာ မော်ရိုကိုအသင်းဘက်သို့ ပင်နယ်တီပေးတဲ့ ဆုံးဖြတ်ချက်အပေါ် ကန့်ကွက်တဲ့အနေဖြင့် အသင်းသားများအား အဝတ်အစားလဲခန်းသို့ ဝင်ခိုင်းခဲ့ပါတယ်။
ဒါပေမယ့် လီဗာပူးနှင့် ဘိုင်ယန်စတားဟောင်းမာနေးက ကစားဖော်များအား ဖျောင်းဖျကာ ၁၇ မိနစ်အကြာတွင် ကွင်းအတွင်းသို့ ပြန်လည် ခေါ်ဆောင်လာခဲ့ပါတယ်။
မော်ရိုကိုတို့ ရရှိတဲ့ ပင်နယ်တီအား ရီးရဲလ်မက်ဒရစ်စတားဘရာဟမ်ဒီယာ့ဇ်ကန်ရာမှာ ဂိုးသမားအက်ဝတ်မန်ဒီ အလွယ်တကူ ကာကွယ်နိုင်ခဲ့ပါတယ်။
Al Nassr စတားဟာ သောကြာနေ့မှာတော့ ကလပ်အသင်းနှင့် ပြန်လည် ပူးပေါင်းလာခဲ့ပါတယ်။
သူ့ကို အသက် ၄၀ နှစ်ရှိ အသင်းခေါင်းဆောင်ခရစ္စတီယာနိုရော်နယ်ဒို ဦးဆောင်တဲ့ A l Nassr အသင်းသားများက ကိတ်ခွဲပြီး ကြိုဆိုခဲ့ကြပါတယ်။
ယင်းကိတ်တွင် မော်ရိုကိုတွင် မာနေး အာဖရိကဖလားကိုင်မြှောက်အောင်ပွဲခံတဲ့ ပုံပါဝင်သလို Congratulations Senegal champion. Congratulations Sadio ဆိုတဲ့စာသားကိုလည်း ထည့်သွင်းထားပါတယ်။
ဆီနီဂေါလက်ရွေးစင်ဟာ ကိတ်ကို တစ်ကိုက်ကိုက်လာချိန်တွင် Al Nassr ကစားဖော်များကို လက်ခုပ်တီးဂုဏ်ပြုခဲ့ကြပါတယ်။
မာနေးကလည်း ကစားဖော်များကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပါတယ်။

image

ယူနိုက်တက်နှင့် အာဆင်နယ်တို့ ပစ်မှတ်ထားလာတဲ့ ကိုးလ်ပါလ်မာမှာ ချဲလ်ဆီးတွင် အလွန့်အလွန် ပျော်ရွှင်နေကြောင်း ရိုဆင်နီယာ ပြောကြားလာ
===================

ချဲလ်ဆီးနည်းပြလီယမ်ရိုဆင်နီယာက အိမ်လွမ်းနာကျနေတယ်လို့ သတင်းထွက်နေတဲ့ ကိုးလ်ပါလ်မာမှာ စတမ်းဖို့ဒ်ဘရစ်ချ်တွင် အလွန့်အလွန် ပျော်ရွှင်နေကြောင်း ပြောကြားလာပါတယ်။
အသက် ၂၃ နှစ်ရှိ အင်္ဂလန်အလယ်တန်းတိုက်စစ်သမားဟာ မန်ချက်စတာတွင် မွေးဖွားသူ ဖြစ်ပြီး မြောက်ပိုင်းတွင် နေထိုင်မှုအား သတိရတမ်းတနေကာ ယူနိုက်တက်ရဲ့ စိတ်ဝင်စားခြင်းခံလာရနေပါတယ်၊
ကိုးလ်ပါလ်မာဟာ ငယ်စဉ်တုန်းက ယူနိုက်တက်ပရိသတ်တစ်ဦးဖြစ်ပေမယ့်လည်း မန်စီးတီးအကယ်ဒမီထွက်တစ်ဦးဖြစ်ကာ ၂၀၂၃ ခုနှစ်တွင် ချဲလ်ဆီးသို့ ပေါင် ၄၂.၅ သန်းဖြင့် ရောက်လာသူ ဖြစ်ပါတယ်။
သူဟာ ၂၀၂၄ ခုနှစ် ဩဂုတ်လတုန်းက ၂ နှစ်စာချုပ်သက်တမ်းတိုးချုပ်ဆိုခဲ့ပြီး ချဲလ်ဆီးနှင့် ၂၀၃၃ ခုနှစ်အထိ စာချုပ်ရှိနေပါတယ်။
ရိုဆီနီယာက "ကိုးလ်နဲ့ စကားတွေ အများကြီး ပြောပြီးပြီ။ သူ့ကြည့်ရတာ ဒီမှာ အလွန့်အလွန် ပျော်နေပုံပါပဲ။ သူက ကျွန်တော်တို့ရဲ့ ရေရှည်စီမံကိန်းမှာ အဓိကအစိတ်အပိုင်းဖြစ်ပါတယ်။ သူက အရမ်းတော်တဲ့ ကစားသမားတစ်ဦးပါ။ ကစားသမားတိုင်း ကစားသမားဘဝအတွင်း ဒဏ်ရာကြောင့် ခက်ခဲတဲ့ ကာလကို ဖြတ်ကျော်ရပါတယ်။ ဒါက သူ့အရည်အချင်းကို ညွန်းဆိုနေတာ မဟုတ်ပါဘူး"လို့ ပြောကြားသွားပါတယ်။
ကိုးလ်ပါလ်မာဟာ ယခုရာသီတွင် ပေါင်ခြံဒဏ်ရာကြောင့် စိတ်ပျက်စရာ ရာသီတစ်ခု ကြုံနေရသူ ဖြစ်ပါတယ်။
သူဟာ ဘရန့်ဖို့ဒ်နှင့်ပွဲ ဒုတိယပိုင်းတွင် ပင်နယ်တီမှ တဆင့် ဂိုးသွင်းယူပြီးနောက် အောင်ပွဲခံခဲ့ခြင်း မရှိသလို ပြီးခဲ့တဲ့အပတ် နိုင်ပွဲအပြီးတွင် ဥမင်လှိုဏ်ခေါင်းသို့ တန်းဆင်းသွားမှုကြောင့် ချဲလ်ဆီးမှာ မပျော်မရွှင်ဖြစ်နေတယ်လို့ သတင်းထွက်နေပါတယ်။
ပါလ်မာဟာ အသေးစားပေါင်ကြွက်သားဒဏ်ရာကြောင့် ကြားရက်တုန်းက Pafos အား အနိုင်ရတဲ့ ချန်ပီယံလိဂ်ပွဲကို လွဲချော်ခဲ့သူ ဖြစ်ပါတယ်။
ချဲလ်ဆီးနည်းပြရိုဆင်နီယာက ကိုးလ်ပါလ်မာရဲ့အခြေအနေအပေါ် မူတည်ကာ တနင်္ဂနွေနေ့ ခရစ္စတယ်ပဲလေ့စ်နှင့် ရင်ဆိုင်ရမယ့်ပွဲတွင် သုံး/မသုံး ဆုံးဖြတ်သွားမယ်လို့ ဆိုသွားပါတယ်။
ဒါ့အပြင် ရိုဆင်နီယာက နံပါတ် ၂ ဂိုးသမားဖီးလစ်ဂျော်ဂျင်ဆင်မှာ ဒဏ်ရာကြောင့် လွဲချော်လာမှာ ဖြစ်ပေမယ့် လာမယ့်အပတ် ကြားရက် နာပိုလီနှင့်ပွဲတွင် ပါဝင်လာမှာ ဖြစ်ကြောင်းနှင့် ကွင်းလယ်ကစားသမားဒါရီယိုအက်စ်ဆူဂိုမှာ လေ့ကျင့်ရေးကွင်းတွင် လျှော်လဲပြီးနောက် တစ်လကျော်ကြာ အနားယူရမှာ ဖြစ်ကြောင်း ဆိုသွားပါတယ်။

image