15 w - Translate

🎬 Boyka: Undisputed 5 – Siberian Fury (2026) ❄️🥊
⭐ Starring: Scott Adkins, Teodora Duhovnikova, Dave Bautista
“From the coldest hell comes the hottest fight.” 🔥
Boyka: Undisputed 5 – Siberian Fury turns up the brutality and brings down the blizzard as Yuri Boyka (Scott Adkins) steps into his deadliest cage yet — a frozen wasteland where pain is currency and mercy is extinction. ❄️💀
Banished to a covert Siberian compound where underground fights are weaponized for profit, Boyka finds himself pitted against Iko Uwais, a lightning-fast brawler molded by mercenary science, and Cung Le, a cyber-enhanced overlord with ice in his veins. As fists fly and the frost bites, Boyka’s battle for redemption becomes a war against corruption — and against the machine that seeks to erase his humanity. ⚙️💪
🎞️ Adkins delivers bone-crunching brilliance — every strike a symphony of power and precision. Uwais matches him beat-for-beat with blistering agility, while Bautista’s brute force bulldozes through the chaos. The result? A storm of violence, velocity, and vengeance that redefines the underground fight genre.
🎧 The score pounds like a war drum beneath the ice, fusing industrial beats with Siberian soul — every crescendo hitting as hard as a right hook. Sure, the story swings wide and the frames jitter in places, but when the gloves come off, Siberian Fury is pure, unrelenting adrenaline.
💥 Score: 8/10 – Frostbitten fury meets flawless ferocity. Boyka reigns supreme — still the undisputed king of pain. 👑🥊

image

ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်
==========================
(၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်နေ့၊ နံနက် ၁၀:၃၀ နာရီအချိန်ထုတ်ပြန်ချက်)
--------------------------------------------------------------------------
ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ဘင်္ဂလားပင်လယ်အော်အရှေ့မြောက်ပိုင်းတွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းတွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပါသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလား ပင်လယ်အော်တို့တွင် မုတ်သုံလေ အားနည်းနေပါသည်။
ရန်ကုန်မှ တနင်္သာရီကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်ယနေ့မွန်းတည့်မှ နောက်(၂၄)နာရီအတွင်းခန့်မှန်းချက်
---------------------------------------------------------------------
မိုးလေ၀သအ‌ခြေအနေ။ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာမည်။
အမြင်တာ။ ၄ မိုင်၊ မိုးရွာစဉ် ၁ မိုင်ခန့်။
ရေပြင်လေ။ တောင် (သို့) အရှေ့တောင်၊ တစ်နာရီပင်လယ်မိုင် ၅-၁၀ မိုင်၊ တစ်ခါတစ်ရံ မိုင် ၂၀ မှ ၂၅ မိုင်။
လှိုင်းအ‌ခြေအနေ။ လှိုင်းအနည်းငယ်မှ လှိုင်းအသင့်အတင့်ရှိမည်။
လှိုင်းအမြင့်။ ၄ ပေမှ ၆ ပေခန့်။
ရန်ကုန်မှ ရခိုင်ကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်ယနေ့မွန်းတည့်မှ နောက်(၂၄)နာရီအတွင်း ခန့်မှန်းချက်
------------------------------------------------------------------------
မိုးလေ၀သအ‌ခြေအနေ။ နေရာကျဲကျဲ မိုးထစ်ချုန်းရွာမည်။
အမြင်တာ။ ၄ မိုင်၊ မိုးရွာစဉ် ၁ မိုင်ခန့်။
ရေပြင်လေ။ အရှေ့ (သို့) အရှေ့တောင်၊ တစ်နာရီပင်လယ်မိုင် ၅-၁၀ မိုင်၊ တစ်ခါတစ်ရံ မိုင် ၂၀ မှ ၂၅ မိုင်။
လှိုင်းအ‌ခြေအနေ။ လှိုင်းအနည်းငယ်မှ လှိုင်းအသင့်အတင့်ရှိမည်။
လှိုင်းအမြင့်။ ၄ ပေမှ ၆ ပေခန့်။

နေ့စားခကို ထောက်ပံ့ကြေး ၁၀၀၀ တိုးပေးမှုမှာ ဝန်ထမ်း ၁၀ ယောက်အောက်နဲ့ မိသားစုတနိုင်တပိုင်လုပ်ငန်းတွေမပါဝင်

အောက်တိုဘာ ၁၅

နေ့စားအလုပ်သမားတွေကို ထောက်ပံ့ကြေးအဖြစ် ၁၀၀၀ ကျပ်ထပ်တိုးခံစားခွင့်ပြုရာမှာ ချွင်းချက်အနေနဲ့ အလုပ်သမား ၁၀ ယောက်အောက်ရှိလုပ်ငန်းငယ်တွေနဲ့ မိသားစုတပိုင် တနိုင်လုပ်ငန်းတွေခံစားခွင့်မရှိဘူးလို့ အနည်းဆုံးအခကြေးငွေသတ်မှတ်ရေးဆိုင်ရာအမျိုးသားကော်မတီက အောက်တိုဘာလ ၁၄ ရက်မှာ ထုတ်ပြန်အသိပေးလာပါတယ်။

အစိုးရဌာနနဲ့ အဖွဲ့အစည်းတွေရှိ နေ့စားဝန်ထမ်းနဲ့နေ့စားအလုပ်သမားတွေကို တတိယအကြိမ်အဖြစ် ထောက်ပံ့ကြေး တရက်အတွက် ၁၀၀၀ ကျပ်ကို ယခုအောက်တိုဘာလ ၁ ရက်ကစပြီး ခံစားခွင့်ပြုကြောင်း ဝန်ကြီးဌာနရဲ့ ကြေငြာချက်အပေါ် ကော်မတီက ထပ်မံအသိပေးထုတ်ပြန်လာတာဖြစ်ပါတယ်။

ခုလို ထပ်တိုးထောက်ပံ့ကြေး ၁၀၀၀ ကျပ်ကို မိသားစုတပိုင်တနိုင်ငံလုပ်ငန်းနဲ့ အလုပ်သမား ၁၀ ဦးအောက်လုပ်ငန်းတွေမှာ လုပ်ကိုင်နေကြတဲ့ အလုပ်သမားတွေခံစားခွင့်မရှိကြောင်း သတ်မှတ်တဲ့အပေါ် အလုပ်သမားတွေအကြား ဝေဖန်မှုတွေရှိနေပါတယ်။

" အခု နေ့စားအလုပ်ခေါ်ကြတယ်။ သန့်ရှင်းရေးပေါ့။အဲဒါ ၆၀၀၀ ပဲရတာရှိတယ်။အိမ်အကူအလုပ်ဆိုလည်း စရိတ်ငြိမ်းမှ တသိန်းရတာရှိတယ်။စျေးဆိုင်အကူဆိုလည်းတသိန်းလောက်ရတာရှိတယ်။ အခုခံစားခွင့်ပြုလိုက်တဲ့ ၁၀၀၀ ရတဲ့သူတွေဆိုရင်လည်း တရက်ကိုအလုပ်ချိန် ၈ နာရီထက်ပိုလုပ်ရသူတွေများတယ်။ မနက် ၇ ည၇ ဆင်းရတာလည်းရှိတယ်။ဒါတွေလည်းကြပ်မတ်ဖို့လိုတယ်။အခု ၁၀၀၀ ကိုခံစားခွင့်မပြုဘူးဆိုတဲ့ လုပ်ငန်းမှာ လုပ်နေသူတွေက အလုပ်သမားမဟုတ်လို့လားမေးစရာရှိပါတယ်။ပြောချင်တာက သူတို့သတ်မှတ်တဲ့နေ့စားခထက်ပိုရသူတွေဆိုရင်တမျိုးပေါ့။သတ်မှတ်နေ့စားခထက်နိမ့်ရနေသူတွေဘက်ကိုလည်း သေချာလုပ်ပေးဖို့လိုအပ်ပါတယ်။" အလုပ်သမားရေးကူညီဆောင်ရွက်သူတယောက်ကပြောပါတယ်။

နေ့စားခကို ထောက်ပံ့ကြေး ၁၀၀၀ ကျပ်ထပ်တိုးခံစားခွင့်ပြုလိုက်တာကြောင့် သတ်မှတ်အကျုံးဝင် နေ့စားအလုပ်သမားတွေဟာ တရက် လုပ်ခ ၈ နာရီအတွက် ၇၈၀၀ ကျပ်ကို ယခုအောက်တိုဘာကစပြီးခံစားခွင့်ရှိမှာဖြစ်တယ်လို့သိရပါတယ်။

ထောက်ပံ့ကြေး ဆိုတဲ့သဘောဟာ လုပ်ခလစာသတ်မှတ်ခြင်းမဟုတ်တဲ့အတွက် ထောက်ပံ့မှုကို အချိန်မရွေး ရပ်တန့်နိုင်ကြောင်း ၊ ထောက်ပံ့ကြေး ကိုရပ်လိုက်ပါက တရက်လုပ်ခက ၄၈၀၀ ကျပ်သာ ရရှိမှာဖြစ်တယ်လို့ သိရပါတယ်။

" ထောက်ပံ့ကြေး ၁၀၀၀ ကိုတောင် အလုပ်သမားတိုင်းကို ဘာလို့မပေးနိုင်ရတာလဲမသိဘူး။၁၀၀၀ က အသုပ်တပွဲတောင်မရတော့ပါဘူး။အခု ၇၈၀၀ ရတဲ့အထဲပါသူတွေလည်းလကုန်မှ တကယ်ရမရ သိရမယ်။ထောက်ပံ့ကြေးက သူတို့ပေးချင်ရင်ပေးမယ်။မပေးချင်တဲ့အခါရပ်ထားမယ်ဆိုတာလည်းပြောထားတော့ ပေးတဲ့အချိန်လေး အလုပ်သမားတိုင်းလိုချင်ကြတယ်။" လို့ နေ့စားအလုပ်သမားတယောက်ကပြောပါတယ်။

အစိုးရမှပေးတဲ့ ထောက်ပံ့ကြေးကို ဆံပင်အလှပြုပြင်ရေး ၊ လက်ဘက်ရည်ဆိုင်၊ ကားပြုပြင်ရေးဝပ်ရှော့ ၊ ဖုန်းအရောင်းဆိုင် ၊ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင် စတဲ့ ဆိုင် အရောင်းဝန်ထမ်းအများစု ခံစားခွင့်မရရှိသလို အကြော်ဖိုလုပ်ငန်း စတဲ့ လုပ်ငန်းအများစုမရရှိကြဘူးလို့ မြေပြင်အခြေအနေအရသိရပါတယ်။

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလမှာ နေ့စားဝန်ထမ်းနဲ့အလုပ်သမားတွေကို ထောက်ပံ့ကြေး ၁၀၀၀ ကျပ်စတင်ပေးခဲ့ပြီး ဒုတိယအကြိမ်အဖြစ် ၂၀၂၄ ခုနှစ်မှာ ၁၀၀၀ ကျပ်ထိပ်တိုးခဲ့ပါတယ်။ ယခုအောက်တိုဘာလမှာတော့ တတိယအကြိမ်အဖြစ် ထောက်ပံ့ကြေး ၁၀၀၀ ကျပ်ထပ်တိုးသတ်မှတ်ပေးခဲ့တာဖြစ်ပါတယ်။

ဓာတ်ပုံ - CJ

Credit - Voice of Myanmar

#သတင်းဟင်းလေးအိုးကြီး

image
15 w - Translate

အိမ်ထဲမှာ ဇနီးဖြစ်သူသေဆုံးနေမှန်းမသိဘဲ အိမ်အပြင်ဘက်ကနေ အချိန်ကြာကြီးစောင့်ဆိုင်းနေခဲ့တဲ့ အသက် ၆၉ နှစ်အရွယ် မျက်မမြင်အမျိုးသား
အောက်တိုဘာ ၁၄ ရက်နေ့က ထိုင်းနိုင်ငံမှာ နေထိုင်နေတဲ့ မျက်မမြင်ဂျာမန်အမျိုးသားတစ်ဦးဟာ အိမ်ထဲမှာ ထိုင်းလူမျိုးဇနီးဖြစ်သူ သေဆုံးသွားပြီဆိုတာကို မသိဘဲ အိမ်အပြင်ဘက်ကနေ အချိန်အကြာကြီး စောင့်ဆိုင်းနေခဲ့ပါတယ်။ ဒီအဖြစ်အပျက်က ဘန်ကောက်မြို့ရဲ့နယ်စပ်အနီးနားက ခရိုင်ခွဲတစ်ခုရှိ အငှားအိမ်တစ်ခုမှာ ဖြစ်ပွားခဲ့တာပါ။
Mueang Chachoengsao ရဲစခန်းက အမျိုးသမီးတစ်ဦးသေဆုံးကြောင်းကို အောက်တိုဘာ ၁၄ ရက်နေ့ ညနေ ၆ နာရီခွဲမှာ သတင်းရရှိခဲ့တာပါ။ မျက်မမြင်အမျိုးသား ဒစ်ခ်က သူ့ရဲ့အိမ်အပြင်ဘက်မှာ နာရီပေါင်းများစွာ ထိုင်နေခဲ့ချိန်မှာ အခုလိုဖြစ်ပွားသွားခဲ့တာပါ။ ဒစ်ခ်က အသက် ၅၃ နှစ်အရွယ် ဇနီးဖြစ်သူ နီဆာရာကို ခေါ်နေခဲ့ပေမဲ့ ဘာမှ တုံ့ပြန်လာခြင်းမရှိခဲ့ပါဘူး။ အဲ့ဒီနောက် အိမ်နီနားချင်းတွေကို အကူအညီတောင်းခဲ့ပါတယ်။
သူ့ရဲ့အိမ်နီးနားချင်းတွေက အိမ်ထဲဝင်သွားတဲ့အချိန်မှာ နီဆာရာ သေဆုံးနေတာကို တွေ့ရှိခဲ့ရပါတယ်။ နီဆာရာက လှေကားလက်ရန်းမှာ ချည်းထားတဲ့ ကြိုးတစ်ချောင်းနဲ့ လည်ပင်းမှာပတ်ပြီး သေဆုံးနေခဲ့တာပါ။
သူတို့ရဲ့အိမ်က နှစ်ထပ်ကွန်ကရစ်အိမ်ဖြစ်တယ်လို့ သိရပါတယ်။ သူတို့စုံတွဲက ဒီအိမ်ကို ငှားနေခဲ့တဲ့ ၁ နှစ်ကျော်ပါပြီ။ ဘန်ကောက်မှာ တက္ကစီမောင်းသမားအလုပ်လုပ်တဲ့ နီဆာရာက ရက်အနည်းငယ်ကြာမှာ အိမ်ပြန်လာပါတယ်။ အလုပ်မသွားခင် သူ့ခင်ပွန်းအတွက် အသားညှပ်ပေါင်မုန့်တွေပြင်ဆင်ပေးပြီး ရေခဲသေတ္တာထဲမှာ ထည့်ထားပေးပါတယ်။ လွန်ခဲ့တဲ့နှစ်များစွာက မတော်တဆမှုတစ်ခုကြောင့် နစ်ခ်က တဖြည်းဖြည်း အမြင်အာရုံဆုံးရှုံးသွားခဲ့ရပြီးတဲ့နောက်မှာ နီဆာရာက ရှာကျွေးရတဲ့သူဖြစ်လာခဲ့ပါတယ်။ နစ်ခ်က ဂျာမနီကနေ ထိုင်းနိုင်ငံမှာ အနားယူဖို့ လာရောက်ခဲ့ပြီးနောက် နီဆာရာနဲ့ ဆက်ဆံရေးကို စတင်ခဲ့တာပါ။
အခုလို နီဆာရာ သေဆုံးခဲ့ရခြင်းနဲ့ပတ်သက်ပြီး အိမ်နီးနားချင်းတွေရဲ့ပြောစကားအရ အောက်တိုဘာ ၁၄ ရက်နေ့က နီဆာရာဟာ တက္ကစီနဲ့ အိမ်ပြန်လာခဲ့ပြီး သူ ကားမောင်းရင်း ယာဉ်မတော်တဆမှုဖြစ်ခဲ့တယ်လို့ အိမ်နီးနားချင်းတွေကို ပြောခဲ့ပါတယ်။ တစ်ဖက်ကကားအတွက် လျော်ကြေး ဘတ် ၄၀၀၀၀ တောင်းဆိုခဲ့တယ်။ အဲ့ဒီငွေပမာဏမတတ်နိုင်တာကြောင့် အိမ်ပြန်စောင့်ဆိုင်းကာ ညှိနှိုင်းဖြေရှင်းဖို့လုပ်ခဲ့တယ်လို့ သိရပါတယ်။ ငွေကြေးပြဿနာကြောင့် နီဆာရာက ကိုယ့်ကိုယ်ကိုအဆုံးစီရင်ခဲ့တာဖြစ်နိုင်တယ်လို့ အိမ်နီးနားချင်းတွေက ယုံကြည်ထားပါတယ်။
ရဲတွေက နီဆာရာရဲ့အလောင်းကို ရင်ခွဲရုံပို့လိုက်ပြီး စုံစမ်းစစ်ဆေးမှုတွေကို လုပ်ဆောင်နေပါတယ်။

image
Zaycho added new product for sell.
15 w
imageimage
+3

0 Reviews
YGN· In stock· New

?ကပ်အားကောင်း ရေလုံတိပ်?? Butyl Tape Aluminum Foil Tape ?️

Ks8,500.00 (MMK)

Outdoor Waterproof Repair Tape for Roof, Pipe, Window & More
? ရေမဝင် – မိုးရေ၊ စိုစွတ်မှုကို တားဆီးနိုင်တဲ့ အကောင်းဆုံးကာကွယ်မှု
☀️❄️ ရာသီဥတုခံနိုင်မှု – အပူ၊ အအေး၊ နေရောင်ခြည်ကို ခံနိုင်ရည်မြင့်
? ပြုပြင်လွယ် – မျက်နှာပြင်မညီတဲ့နေရာတွေလည်း ကောင်းစွာကပ်နိုင်
✂️ အသုံးပြုရလွယ်ကူ – ချက်ချင်းကပ်လို့ရတဲ့ Self-adhesive design
?? အိမ်၊ မော်တော်ယာဉ်၊ ဆောက်လုပ်ရေးအတွက် သင့်တော်
အသုံးပြုနိုင်သောနေရာများ
? မိုးယို၊ ပိုက်ပေါက်၊ ပြတင်းပေါက်၊ RV၊ HVAC Ducts
? ဆောက်လုပ်ရေးအတွက် ရေမဝင်အကာအကွယ်
? အရွယ်အစား – 50mm x 10m
? ပစ္စည်း – Butyl Rubber + Aluminum Foil Backing
? အသုံးပြုပုံ
မျက်နှာပြင်သန်သန်ရှင်းရှင်းလုပ်ပါ
တိကျတဲ့အရှည်ဖြတ်ပါ
ကပ်ပြီးနောက် လေဖိအားဖြင့်ဖိပါ
မျက်နှာပြင်ညီအောင် ပြင်ဆင်ပါ
? #Shop, #KBZmarketplace , #UAB market , Page chat တို့မှ တစ်နိုင်ငံလုံးသို့ အိမ်အရောက်ငွေခြေ. Banking တို့ဖြင့် ကြိုက်နှစ်သက်ရာရွေးခြယ် ဝယ်ယူနိုင်ပါသည်။ ဖုန်း ၀၉၈၉၄၂၇၃၉၁၁ (ရုံးချိန်အတွင်းဆက်သွယ်နိုင်ပါသည်) . အမှတ် ၂၈. သိန္ဒီလမ်း. သီတာရပ်ကွက်. ကြည့်မြင်တိုင်.ရန်ကုန်မြို. www.shop.com.mm/shop/zaycho

? ရှာဖွေရလွယ်အောင် #များ
#WaterproofTape #ButylTape #RoofRepair #PipeSeal #WindowGapFix #OutdoorSealTape #AluminumFoilTape #DIYRepair #RVSeal #ConstructionTape

15 w - Translate

waterproof tape
💦ကပ်အားကောင်း ရေလုံတိပ်🩹🚧 Butyl Tape Aluminum Foil Tape 🛠️
စျေးနုန်း ၈၂၀၀ကျပ်။
Outdoor Waterproof Repair Tape for Roof, Pipe, Window & More
💦 ရေမဝင် – မိုးရေ၊ စိုစွတ်မှုကို တားဆီးနိုင်တဲ့ အကောင်းဆုံးကာကွယ်မှု
☀️❄️ ရာသီဥတုခံနိုင်မှု – အပူ၊ အအေး၊ နေရောင်ခြည်ကို ခံနိုင်ရည်မြင့်
🧱 ပြုပြင်လွယ် – မျက်နှာပြင်မညီတဲ့နေရာတွေလည်း ကောင်းစွာကပ်နိုင်
✂️ အသုံးပြုရလွယ်ကူ – ချက်ချင်းကပ်လို့ရတဲ့ Self-adhesive design
🏠🚗 အိမ်၊ မော်တော်ယာဉ်၊ ဆောက်လုပ်ရေးအတွက် သင့်တော်
အသုံးပြုနိုင်သောနေရာများ
🏠 မိုးယို၊ ပိုက်ပေါက်၊ ပြတင်းပေါက်၊ RV၊ HVAC Ducts
🚧 ဆောက်လုပ်ရေးအတွက် ရေမဝင်အကာအကွယ်
📏 အရွယ်အစား – 50mm x 10m
📦 ပစ္စည်း – Butyl Rubber + Aluminum Foil Backing
🔧 အသုံးပြုပုံ
မျက်နှာပြင်သန်သန်ရှင်းရှင်းလုပ်ပါ
တိကျတဲ့အရှည်ဖြတ်ပါ
ကပ်ပြီးနောက် လေဖိအားဖြင့်ဖိပါ
မျက်နှာပြင်ညီအောင် ပြင်ဆင်ပါ
📞 #shop, #kbzmarketplace , #uab market , Page chat တို့မှ တစ်နိုင်ငံလုံးသို့ အိမ်အရောက်ငွေခြေ. Banking တို့ဖြင့် ကြိုက်နှစ်သက်ရာရွေးခြယ် ဝယ်ယူနိုင်ပါသည်။ ဖုန်း ၀၉၈၉၄၂၇၃၉၁၁ (ရုံးချိန်အတွင်းဆက်သွယ်နိုင်ပါသည်) . အမှတ် ၂၈. သိန္ဒီလမ်း. သီတာရပ်ကွက်. ကြည့်မြင်တိုင်.ရန်ကုန်မြို. www.shop.com.mm/shop/zaycho

🔍 ရှာဖွေရလွယ်အောင် #များ
#waterprooftape #butyltape #roofrepair #pipeseal #windowgapfix #outdoorsealtape #aluminumfoiltape #diyrepair #rvseal #constructiontape

မပျော်ရတဲ့ မြစ်ထဲ မင်းခုန်ဆင်းတယ်ဆိုတာ
တကယ်က ပျော်ချင်နေတာ ဖြစ်မှာ ။

ကျနော်ဆို ခဏ ခဏ ရေမွန်းပြီး ပြန်တက်လာရဖူးတယ် ။

နာမည် နှစ်မျိုး ရှိတယ် ။
တခုက အချစ် ဖြစ်ပြီး တခုက ဘဝပဲ ။

- ကျော်မျိုး

15 w - Translate

🔥 DINOSAURS, WARFARE & SURVIVAL!
🎬 Turok: Origins (2024) throws us into a savage world where humanity battles prehistoric beasts with bows, blades, and futuristic firepower. It’s raw, brutal, and filled with epic clashes that promise non-stop adrenaline.
💭 Would you trust a bow or a blaster to survive in this world?

image

မြန်မာ့စိန်ခေါ်မှုများအကြားမှပင် အိန္ဒိယ -မြန်မာ – ထိုင်း သုံးနိုင်ငံအဝေးပြေးလမ်းမကြီး တည်ဆောက်ရေးစီမံကိန်းကို လာမည့် နှစ်နစ်ကျော်၊ သုံးနှစ်အတွင်း ပြီးစီးရန် အိန္ဒိယ မျှော်လင့်

အောက်တိုဘာ ၁၅


Watch
Homeမြန်မာ့စိန်ခေါ်မှုများအကြားမှပင် အိန္ဒိယ -မြန်မာ – ထိုင်း သုံးနိုင်ငံအဝေးပြေးလမ်းမကြီး တည်ဆောက်ရေးစီမံကိန်းကို လာမည့် နှစ်နစ်ကျော်၊ သုံးနှစ်အတွင်း ပြီးစီးရန် အိန္ဒိယ မျှော်လင့်
နိုင်ငံတကာသတင်းပြည်တွင်းသတင်းသတင်း
မြန်မာ့စိန်ခေါ်မှုများအကြားမှပင် အိန္ဒိယ -မြန်မာ – ထိုင်း သုံးနိုင်ငံအဝေးပြေးလမ်းမကြီး တည်ဆောက်ရေးစီမံကိန်းကို လာမည့် နှစ်နစ်ကျော်၊ သုံးနှစ်အတွင်း ပြီးစီးရန် အိန္ဒိယ မျှော်လင့်
admin
October 15, 2025
IMG_20251015_093904
၁၅. ၁၀. ၂၀၂၅
Translated by Thettant

​နေရာဒေသအနှံ့ စစ်ပွဲများဖြစ်ပွားနေသော မြန်မာနိုင်ငံရှိ စိန်ခေါ်မှုများကြားမှပင် ကြာမြင့်စွာ စောင့်ဆိုင်းနေရသည့် အိန္ဒိယ-မြန်မာ-ထိုင်း (IMT) သုံးနိုင်ငံ အဝေးပြေးလမ်းမကြီးကို နောက်ထပ် နှစ်နစ်မှ သုံးနှစ်အတွင်း ပြီးစီးအောင် တည်ဆောက်နိုင်လိမ့်မည်ဟု အိန္ဒိယနိုင်ငံ၏ အရှေ့မြောက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာန (DoNER) က ပြောကြားခဲ့သည်။

​မကြာသေးမီက အရှေ့တောင်အာရှ သတင်းထောက်အဖွဲ့တစ်ဖွဲ့ အိန္ဒိယနိုင်ငံသို့ လေ့လာရေး ခရီးစဉ်အတွင်း DoNER က အိန္ဒိယအရှေ့မြောက်ပိုင်းရှိ ၎င်းတို့၏ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ပြသခဲ့ပြီး ဒေသတွင်း ဆက်သွယ်မှုကို မြှင့်တင်ရန်အတွက် အိန္ဒိယ၏ ကတိကဝတ်ကို အလေးပေး ပြောကြားခဲ့သည်။

​DoNER အတွင်းရေးမှူး ချန်ချယ်လ် ကုမာရ်က မြန်မာနိုင်ငံ၏ နိုင်ငံရေးမတည်ငြိမ်မှုများကြောင့် နှောင့်နှေးမှုများ ကြုံတွေ့ခဲ့ရသော IMT အဝေးပြေးလမ်းမကြီးနှင့် ပတ်သက်သည့် မေးခွန်းများကို ဖြေကြားခဲ့ရာ​”သုံးနိုင်ငံအဝေးပြေးလမ်းမကြီးကို နှစ်နစ်ကနေ သုံးနှစ်အတွင်း ပြီးစီးလိမ့်မယ် လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်” ဟု ပြောခဲ့သည်။

ချစ်ကြည်ရေးလမ်းမကြီး ဟုလည်း သိကြသည့် IMT အဝေးပြေးလမ်းမကြီးသည် အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်ရှိ မိုးရေးမှ မြန်မာနိုင်ငံကို ဖြတ်၍ ထိုင်းနိုင်ငံ တက့်ခ်ခရိုင်ရှိ မဲဆောက်အထိ ဆက်သွယ်ထားသော ၁,၃၆၀ ကီလိုမီတာ ရှည်လျားသည့် လေးလမ်းသွား လမ်းမကြီး ဖြစ်သည်။

အဆိုပါစီမံကိန်းသည် အိန္ဒိယ၏ “အရှေ့မျှော်မူဝါဒ”၏ အဓိကအစိတ်အပိုင်းတစ်ခုဖြစ်ပြီး ၂၀၁၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် အသက်ဝင်ခဲ့သော အာဆီယံ-အိန္ဒိယ လွတ်လပ်သောကုန်သွယ်မှု သဘောတူညီချက်အောက်တွင် ကုန်သွယ်မှုနှင့် ဆက်သွယ်မှုကို ခိုင်မာစေရန် ရည်ရွယ်သည်။

သုံးနိုင်ငံ ချစ်ကြည်ရေး ​လမ်းမကြီးသည် တစ်စထက်တစ်စ တိုးတက်လျက်ရှိသည်။ မိုးရေးမှ မြန်မာနိုင်ငံ တမူး-ကလေးမြို့-ကလေးဝဒေသသို့ ဆက်သွယ်ထားသော အိန္ဒိယ-မြန်မာ ချစ်ကြည်​ရေး လမ်းမကြီး၏ ၁၆၀ ကီလိုမီတာ အပိုင်းကို ၂၀၀၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ဖွင့်လှစ်ခဲ့သည်။
​လက်ရှိတွင် ကလေးဝ-ယာကြီး အပိုင်း ၁၂၀ ဒသမ ၇၄ ကီလိုမီတာအပြင် တမူး-ကြေးကုန်း- ကလေးဝ အပိုင်း ၁၄၉ ဒသမ ၇၀ ကီလိုမီတာ တစ်လျှောက်ရှိ တံတား ၆၉ စင်းကိုလည်း တည်ဆောက်နေဆဲဖြစ်သည်။

​အိန္ဒိယသည် ပိုမိုကျယ်ပြန့်သော အရှေ့တောင်အာရှ ဒေသကို ချိတ်ဆက်ရန် ရည်ရွယ်၍ အရှေ့-အနောက် စီးပွားရေးစင်္ကြံအောက်ရှိ အိန္ဒိယ-ဗီယက်နမ် အဝေးပြေးလမ်းမကြီးမှတစ်ဆင့် ဆက်သွယ်မှုကို ထပ်မံတိုးချဲ့ရန်လည်း အဆိုပြုထားသည်။

​”ကျွန်တော်တို့က မလေးရှားနဲ့ စင်ကာပူအပါအဝင် အရှေ့တောင်အာရှရဲ့ တောင်ပိုင်းအထိ ရောက်ချင်ပါတယ်။ ဒါပေမဲ့ အရင်ဆုံး မြောက်ဘက်အပိုင်းကို အပြီးသတ်ဖို့ လိုပါတယ်” ဟု မစ္စတာ ကုမာရ်က ပြောကြားခဲ့သလို “ကျွန်တော်တို့မှာ ဘက်စုံချိတ်ဆက်မှုအတွက် ဆန္ဒပြင်းပြစွာ ရှိနေပါတယ်” ဟုလည်း ၎င်းက ဆိုသည်။

​သုံးနိုင်ငံချစ်ကြည်ရေးလမ်းမကြီး ပြီးဆုံးမည့်​အချိန်ဇယားနှင့် ပတ်သက်၍ မစ္စတာ ကုမာရ်က အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးမှတစ်ဆင့် မြန်မာအစိုးရနှင့် ဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်နေကြောင်း ပြောကြားခဲ့သည်။

​”မြန်မာနိုင်ငံရဲ့ အခြေအနေသာ တိုးတက်လာမယ်ဆိုရင် အဝေးပြေးလမ်းမကြီးကို ပိုမိုစောစီးစွာ ပြီးစီးနိုင်ပါတယ်” ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

သို့သော် နိုင်ငံရေးမတည်ငြိမ်မှုများက နှောင့်နှေးမှုများကို ဆက်လက်ဖြစ်ပေါ်စေနိုင်ကြောင်းကိုလည်း ၎င်းက အသိအမှတ်ပြုခဲ့သည်။

​”ဒါက နိုင်ငံခြားအစိုးရတွေ ပါဝင်တဲ့ နိုင်ငံတကာစီမံကိန်းဖြစ်လို့ သူတို့ရဲ့ စိုးရိမ်ပူပန်မှုတွေကို ထည့်သွင်းစဉ်းစားဖို့က အရေးကြီးပါတယ်” ဟု ၎င်းက ပြောကြားသည်။

​”ကျွန်တော်တို့ မျှော်လင့်ချက် ရှိနေဆဲဖြစ်ပေမယ့်၊ မမျှော်မှန်းထားတဲ့ အခြေအနေတွေက အချိန်ဇယားကို ထိခိုက်စေနိုင်တယ်ဆိုတာကို နားလည်ပါတယ်” ဟုလည်း မစ္စတာ ကုမာရ်က ဆက်လက် ပြောကြားခဲ့သည်။

Ref, Bangkok Post

Credit - MT News Agency

#centralnewsnaypyitaw

image

နေပြည်တော်မှာ အိုးဝေသမားကိုသတ်ပြီး ပစ္စည်းလုယက်မှုဖြစ်

အောက်တိုဘာ ၁၅

နေပြည်တော်ကောင်စီ ပြည်ထောင်စုနယ်မြေ ၊ ဇမ္ဗူသီရိမြို့နယ်၊ သုခသိဒ္ဓိရပ်ကွက်၊ သုခတော်ဝင်အိမ်ရာအနီးမှာရှိတဲ့ Top Star ဆီဆိုင်ရှေ့မှာ အောက်တိုဘာ ၁၃ ရက်နေ့ညပိုင်း ၈ နာရီကျော်လောက်က အိုးဝေမောင်းတဲ့အမျိုးသားတယောက် ဓားနဲ့ထိုးသတ်ခံရပြီး ပစ္စည်းလုယက်ခံခဲ့ရတယ်လို့ သိရပါတယ်။

မြို့မစျေးကနေ ခရီးသည်တင်ဆောင်ကာပြန်လာစဥ် လမ်းမှာ လည်ပင်းကို ဓားနဲ့သုံးချက် ထိုး အသတ်ခံခဲ့ရတာဖြစ်တယ်လို့သိရပါတယ်။

" ​ညပိုင်းပြန်လာတော့ အိုးဝေသမားက ဆီဆိုင်ရှေ့မှာ အိုးဝေရပ်ပြီး အသိတယောက်နဲ့စကားရပ်ပြောချိန် လူလေးယောက်ရောက်လာပြီး ပစ္စည်းလုပြီး လူကိုဓားနဲ့ထိုးသွားတာပါ။အိုးဝေသမားက ဆေးရုံရောက်မှ ဆုံးသွားတာပါ။ " လို့ သုခတော်ဝင်အိမ်ယာ နေထိုင်သူတယောက်ကပြောပါတယ်။

အသတ်ခံခဲ့ရတဲ့ အိုးဝေယာဥ်မောင်းအမျိုးသားကတော့ ဥတ္တရသီရိမြို့နယ်၊ ရွှေနံသာရပ်ကွက်၊ သစ္စာ(၃၀)လမ်းမှာ နေထိုင်သူ ကိုအောင်အောင်ဆိုသူဖြစ်ပြီး မိသားစုနဲ့လည်းအဆက်အသွယ်ရရှိထားတယ်လို့သိရပါတယ်။

လက်ရှိမှာ အိုးဝေသမားကိုသတ်ပြီး ဖုန်းနဲ့ ပစ္စည်းကိုလုယက်သွားတဲ့ ကျူးလွန်သူတွေကို ဖမ်းဆီးရမိရေးအတွက် သက်ဆိုင်ရာက ဆောင်ရွက်နေပြီး ယခုအထိတော့ ဖမ်းမိခြင်းမရှိသေးဘူးလို့သိရပါတယ်။

ယခုနောက်ပိုင်း နေပြည်တော် ကောင်စီနယ်မြေထဲက ဇမ္ဗူသီရိမြို့နယ်အပါအဝင် မြို့နယ်အချို့မှာ ဆိုင်ကယ်တွေစီးနင်းသူတွေ ကို မကြာခဏ ဓားထောက် လုယက်မှုတွေ ဖြစ်ပွားလာတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

" လူပြတ်တဲ့လမ်းတွေဆို နေ့ဘက်တောင် မသွားရဲဘူး။အဖွဲ့လိုက် လူများမှဘဲ သွားရဲတယ်။ အခုက လုရင် ဓားနဲ့ထောက်လုတာ။ညမ သူငယ်ချင်းဆိုရင် ဓားနဲ့ထောက်ခံပြီး ဆိုင်ကယ်ရော၊ဖုန်း ၊ပိုက်ဆံအိတ်၊ ဝတ်ထားတဲ့ရွှေ အကုန်ယူသွားတာ။စျေးကဝယ်လာတဲ့ ပစ္စည်းတောင်ယူသွားတယ်။" လို့ နေပြည်တော် ၊ ဥတ္တရသီရိမှာ နေထိုင်သူတယောက်ကပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၂၈ ရက်နေ့ မနက်ပိုင်းကလည်း ဇမ္ဗူသီရိမြို့နယ်မှာJunction စျေးဝယ် စင်တာ နောက်လမ်းမှာရှိတဲ့ အဆင့်မြင့်ဈေးအနီးမှာ လူသတ်ပြီး ဆိုင်ကယ်ကိုလုယက်မှုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။

ဇူလိုင် ၁၆ ရက်ကလည်း နေပြည်တော် ၊ဥတ္တရသီရိမြို့နယ်မှာ သပြေကုန်းကျေးရွာရှိ လေးကျွန်းမဏ္ဍိုင်ဘုန်းကြီးကျောင်းက ကပ္ပိယဖြစ်သူ ဦးလှဝင်းဆိုသူလည်း အသတ်ခံရပြီး ဖုန်းနဲ့ငွေလုယက်ခံခဲ့ရတဲ့အပြင် အလောင်းပါစွန့်ပစ်ခံခဲ့ရပါတယ်။အဲဒီအမှုမှ တရားခံတွေကိုတော့ ဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်။

ဓာတ်ပုံ - ဒေသခံ

Credit - Voice of Myanmar

#သတင်းဟင်းလေးအိုးကြီး

image