အီရန်ကို ကြီးမားတဲ့ရေတပ်အုပ်စု စေလွှတ်ထားတယ်လို့ ဒေါ်နယ်ထရန့်ပြော

အမေရိကန်ပြည်ထောင်စုဟာ ကြီးမားတဲ့ ရေတပ်သင်္ဘောအုပ်စုကို အီရန်စေလွှတ်ထားတယ်လို့ သမ္မတ ဒေါ်နယ်ထရန့်က ဒါးဗို့စ်ကအပြန် Air Force One လေယာဉ်ပေါ်မှာ သတင်းထောက်တွေကို ပြောပါတယ်။
"ကျွန်တော်တို့မှာ သင်္ဘောတွေ အများကြီးရှိတယ်၊ အခြေအနေအရဆိုရင် အဲဒီလမ်းကြောင်းကို သွားနေတယ်" လို့ သူက ပြောပါတယ်။ ဒါပေမယ့် ဘာမှမဖြစ်တာကိုမြင်လိုတယ်လို့ ဆိုထားပြီး စောင့်ကြည့်ရမယ်လို့ ထရန့်က ဆိုပါတယ်။
အီရန်နဲ့ စီးပွားရေးလုပ်တဲ့ နိုင်ငံတိုင်းအပေါ် ၂၅ ရာခိုင်နှုန်း အခွန်ကောက်ခံဖို့ သူ့ရဲ့အစီအစဉ်နဲ့ ပတ်သက်ပြီး ဆက်လုပ်မယ်လို့ သူက ပြောပါတယ်။ ဒါက မကြာခင်မှာပဲ လို့ သူက ထပ်လောင်းပြောကြားခဲ့ပါတယ်။ အီရန်အာဏာပိုင်တွေက ဆန္ဒပြသူတွေကို နှိမ်နင်းမယ်ဆိုရင် အမေရိကန်က အီရန်ကို စစ်ရေးအရ တိုက်ခိုက်နိုင်ခြေရှိတယ်လို့ ထရန့်က အကြိမ်ကြိမ် သတိပေးခဲ့ပါတယ်။
ဒါပေမယ့် ဇန်နဝါရီ ၁၆ ရက်နေ့မှာ အီရန်ကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပြီး အီရန်က လူ ၈၀၀ ကျော်ကို ကြိုးပေးကွပ်မျက်တာကို ဖျက်သိမ်းလိုက်ပါပြီ လို့ ထရန့်က ပြောကြားခဲ့ပါတယ်။
အီရန်မှာ ပြီးခဲ့လကုန်ပိုင်းကစပြီး ဖြစ်ပွားခဲ့တဲ့ ဆန္ဒပြပွဲတွေအတွင်း လူ ၃၀၀၀ ကျော်သေဆုံးခဲ့တယ်လို့ အီရန်အာဏာပိုင်တွေက ပထမဆုံးအကြိမ် ထုတ်ပြန်ထားပါတယ်။ ငွေကြေးဖောင်းပွမှုနဲ့ ငွေကြေးတန်ဖိုး ကျဆင်းမှုကနေ စတင်ခဲ့တဲ့ ဆန္ဒပြပွဲတွေဟာ အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေအဖြစ် အလျင်အမြန် ပြောင်းလဲခဲ့ပါတယ်။
ဒါပေမယ့်လည်း ဆူပူအုံကြွမှုတွေ လုံခြုံရေးတပ်ဖွဲ့ဝင်တွေအပါအဝင် အနည်းဆုံး လူ ၅၀၀၀ သေဆုံးခဲ့ကြောင်း တာဝန်ရှိသူတွေနဲ့ လူ့အခွင့်ရေးအဖွဲ့တွေကို ကိုးကားပြီး ရိုက်တာသတင်းဌာနက ဖော်ပြထားပါတယ်။ အစိုးရကတော့ လက်ရှိဆန္ဒပြပွဲတွေကို ထိန်းချုပ်ထားနိုင်ပြီလို့ကြေညာခဲ့ပါတယ်။
အီရန်အာဏာပိုင်တွေဟာ ဇန်နဝါရီ ၈ ရက်မှစပြီး နိုင်ငံတဝန်းရှိ အင်တာနက်အသုံးပြုမှုတွေကို ကန့်သတ်ဖြတ်တောက်ထားတာကြောင့် အခြေအနေတွေကို အသေးစိတ် အတည်ပြုလို့မရသေးဘူးလို့ လူ့အခွင့်အရေးအဖွဲ့တွေက ပြောပါတယ်။

image

ယနေ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ
( ၂၀၂၆ - ဇန်နဝါရီ ၂၃ ၊ နံနက် ၁၀ နာရီ)

#ရွှေဈေး
-ကမ္ဘာ့ရွှေဈေး
တအောင်စ ၄၉၅၈ ဒေါ်လာ
ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း
- အကယ်ဒမီ မီးလင်းရွှေ တကျပ်သား
၆,၀၀၀,၀၀၀ ကျပ်
ပြင်ပ အရောင်းအဝယ်ဖြစ်တဲ့ ရွှေဈေးနှုန်း
-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၁၀,၄၀၀,၀၀၀ ကျပ်
ဝယ်ဈေး ၁၀,၃၆၀,၀၀၀ ကျပ်
-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၁၀,၀၀၀,၀၀၀ ကျပ်
ဝယ်ဈေး ၉,၉၆၀,၀၀၀ ကျပ်
* စနစ်သစ်
(၁ိ - ၁၆.၃၂၉၃၂၅ ဂရမ် = ၁၂၀ ရွေး)
-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၁၀,၂၈၀,၀၀၀ ကျပ်
ဝယ်ဈေး ၁၀,၂၄၀,၀၀၀ ကျပ်
-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၉,၈၈၀,၀၀၀ ကျပ်
ဝယ်ဈေး ၉,၈၄၀,၀၀၀ ကျပ်
“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”
(ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။)
#နိုင်ငံခြားငွေလဲလှယ်နှုန်း
-မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း
အမေရိကန် တဒေါ်လာ - ၃၆၅၇ ကျပ်
ပြင်ပပေါက်စျေး
-အမေရိကန်ဒေါ်လာ‌
ရောင်းဈေး - ၄၀၅၅ ကျပ်
ဝယ်ဈေး - ၃၉၅၅ ကျပ်
-စင်္ကာပူဒေါ်လာ
ရောင်းဈေး - ၃၁၇၀ ကျပ်
ဝယ်ဈေး - ၃၀၉၀ ကျပ်
-ယူရို
ရောင်းဈေး - ၄၇၆၅ ကျပ်
ဝယ်ဈေး - ၄၆၄၅ ကျပ်
-ထိုင်းဘတ်
ရောင်းဈေး - ၁၂၉.၈၇ ကျပ်
ဝယ်ဈေး - ၁၂၆.၅၈ ကျပ်
-မလေးရှားရင်းဂစ်
ရောင်းဈေး - ၁၀၁၀ ကျပ်
ဝယ်ဈေး - ၉၈၄ ကျပ်
-တရုတ်ယွမ်
ရောင်းဈေး - ၅၈၃ ကျပ်
ဝယ်ဈေး - ၅၆၈ ကျပ်
-ဂျပန်ယန်း
ရောင်းဈေး - ၂၅.၆၅ ကျပ်
ဝယ်ဈေး - ၂၅ ကျပ်
-အိန္ဒိယရူပီး
ရောင်းဈေး - ၄၄.၃၉ ကျပ်
ဝယ်ဈေး - ၄၃.၂၇ ကျပ်
-ကိုရီးယားဝမ်
ရောင်းဈေး - ၂.၇၇ ကျပ်
ဝယ်ဈေး - ၂.၇ ကျပ်
-စတာလင်ပေါင်
ရောင်းဈေး - ၅၄၇၅ ကျပ်
ဝယ်ဈေး - ၅၃၃၅ ကျပ်
-ဩစတြေးလျဒေါ်လာ
ရောင်းဈေး - ၂၇၇၆ ကျပ်
ဝယ်ဈေး - ၂၇၀၆ ကျပ်
-ကနေဒါဒေါ်လာ
ရောင်းဈေး - ၂၉၄၅ ကျပ်
ဝယ်ဈေး - ၂၈၇၀ ကျပ်
-ဟောင်ကောင်ဒေါ်လာ
ရောင်းဈေး - ၅၂၁ ကျပ်
ဝယ်ဈေး - ၅၀၇ ကျပ်
-ယူအေအီး
ရောင်းဈေး - ၁၁၀၅ ကျပ်
ဝယ်ဈေး - ၁၀၇၇ ကျပ်
ငွေလဲနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။
***သတ်မှတ်ဈေးအတိုင်း အရောင်းအဝယ်မလုပ်ပါက အရေးယူခံရနိုင်သည်။

image
33 w - Translate

😋

image
33 w - Translate

🚨🚨ဆယ်လီ ဧရာဝတီမ ရဲ့
ရုပ်အလောင်းးးးကို
စျာပန ပြုလုပ်မယ့် မဲ​ဆောက် ရေဝေးသုဿန်ဆီ သယ်ဆောင်သွားတဲ့ မြင်ကွင်းပါဖြစ်ပါတယ် 🥺🥺
အရမ်း စိတ်မကောင်းဖြစ်မိတယ်
ကောင်းရာသုဂတိလားပါစေ🙏🙏
တကယ်တော့ လူ့ဘဝဆိုတာ တိုတိုလေးပါပဲ
အချိန်ရှိတုန်းတစ်ယောက်ပေါ်တယောက်
ချစ်ချစ်ခင်ခင်နေကြရအောင်ပါ🙏🙏
#sawasdeenews
#ထိုင်းသတင်း

image

"ခါးနာနေတာ ၂ နှစ်ကျော်ပြီ၊ လိမ်းဆေးမျိုးစုံလည်း သုံးဖူးတယ်၊ သက်ရင်းကြီးရွက်တွေ ဗာဒံရွက်တွေပေါ် ခင်းအိပ်တာလည်း မထူးခြားဘူး။ နောက်ဆုံးတော့ ဝဋ်နာကံနာပဲ ဆိုပြီး လက်လျှော့ထားခဲ့တာပါ။
ဒါပေမဲ့ မကြာခင်ကမှ သိလိုက်ရတဲ့ "ဂွေးတောက်ရွက်နဲ့ သနပ်ခါး" ဆေးနည်းလေးကြောင့် ကျွန်မရဲ့ ခါးနာဝေဒနာဟာ အံ့ဩစရာကောင်းလောက်အောင် ပျောက်ကင်းသွားခဲ့ပါတယ်။
ဆေးနည်းလေးက အရမ်းရိုးရှင်းပါတယ်-
၁။ ဂွေးတောက်ရွက်စိမ်းကို ခူးပြီး ရေစင်စင်ဆေးပါ။ (ပြုတ်စရာမလိုပါ)
၂။ ကျောက်ပျဉ်ပေါ်မှာ သနပ်ခါး (ကရမက်ဆိုရင် ပိုကောင်းပါတယ်) နဲ့ ဂွေးတောက်ရွက်ကို ရောပြီး ပျစ်ပျစ်လေးရအောင် သွေးပါ။
၃။ ရလာတဲ့ ဆေးရည်ပျစ်ပျစ်ကို နာကျင်နေတဲ့ ခါးမှာ နှံ့နေအောင် လိမ်းပေးပါ။
၄။ လိမ်းထားတဲ့ သနပ်ခါးတွေ ခြောက်သွားပြီဆိုမှ အိပ်ရာဝင်ပါ။
ကျွန်မရဲ့ လက်တွေ့ရလဒ်
ပထမဆုံးညမှာတင်: တစ်ညလိမ်းအိပ်လိုက်တာနဲ့ မနက်ကျတော့ သိသိသာသာ သက်သာသွားပါတယ်။
၁၅ နှစ်ကြာ ခါးနာသူ ခင်ပွန်းသည်: ကျွန်မအမျိုးသားဆိုရင် ၁၅ နှစ်တောင် ခါးနာလာတာပါ။ သူ့ကို ၃ ရက်ဆက်တိုက် လိမ်းပေးလိုက်တာ အခုဆို "ယူပစ်သလို" ပေါ့ပါးသွားပြီလို့ ပြောနေပါတယ်။
နောင်တရမိတဲ့အချက်
ကိုယ့်အနီးအနားမှာပဲ အလွယ်တကူရှိနေတဲ့ ဂွေးတောက်ပင်ရဲ့ အစွမ်းကို မယုံကြည်ဘဲ လျှော့တွက်ခဲ့မိတာ တကယ်ကို နောင်တရမိပါတယ်။ ခါးနာနေသူတွေရှိရင် တစ်ပတ်လောက်တော့ ပုံမှန်လေး လိမ်းကြည့်ကြပါဦး။
"ကိုယ့်လိုပဲ ခါးနာလို့ ဒုက္ခရောက်နေသူတွေ အမြန်ဆုံး သက်သာပါစေ" ဆိုတဲ့ စေတနာနဲ့ ပြန်လည်မျှဝေပေးလိုက်တာပါ။"
#crd

image

စာချုပ်သက်တမ်းကုန်ဆုံးမယ့် နွေရာသီတွင် ယူနိုက်တက်မှ ထွက်ခွာလာတော့မယ့် ကက်စ်မီရို
====================

ကက်စ်မီရိုဟာ ရာသီအကုန် စာချုပ်သက်တမ်းကုန်ဆုံးချိန်တွင် ယူနိုက်တက်မှ ထွက်ခွာလာတော့မှာ ဖြစ်ပါတယ်။
ယူနိုက်တက်ဟာ ဘရာဇီးကွင်းလယ်ကစားသမားရဲ့ စာချုပ်အတွင်းတွင် တစ်နှစ်သက်တမ်းတိုးနိုင်မယ့်အချက်ကို ထည့်သွင်းထားပေမယ့်လည်း သက်တမ်းတိုးချုပ်ဆိုလာတော့မှာ မဟုတ်ပါဘူး။
အသက် ၃၃ နှစ်ရှိ ကက်စ်မီရိုဟာ ၂၀၂၂ ခုနှစ်တွင် ရီးရဲလ်မက်ဒရစ်မှ ပေါင်သန်း ၇၀ ဖြင့် ပြောင်းလာပြီးနောက် ယူနိုက်တက်အတွက် ၁၄၆ ပွဲကစားထားပါတယ်။
သူဟာ ပထမဆုံးရာသီတွင် နယူးကာဆယ်နှင့် ခါရာဘောင်ဖလားဗိုလ်လုပွဲနိုင်ပွဲတွင် အဖွင့်ဂိုးသွင်းခဲ့သလို ပရီးမီးယားလိဂ်တွင် အဆင့် ၃ နေရာမှာ ရပ်တည်နိုင်အောင် ကူညီခဲ့ပါတယ်။
ဒါပေမယ့် သူဟာ ပြီးခဲ့တဲ့နှစ် ဘီဘီစီနှင့် အင်တာဗျူးတွင် ပူးတွဲပိုင်ရှင်ဆာဂျမ်ရက်ကလစ်ဖ်ရဲ့ လုပ်ခများစွာယူပြီး လုံလောက်တဲ့ ခြေစွမ်းမကောင်းမွန်သူအဖြစ် ပြောဆိုခြင်းခံခဲ့ရပါတယ်။
ကက်စ်မီရိုက "မန်ချက်စတာယူနိုက်တက်ကို ကျွန်တော့်တစ်ဘဝလုံး သယ်ဆောင်သွားပါမယ်။ နှုတ်ဆက်ရမယ့်အချိန်မဟုတ်သေးပါဘူး။ နောက် လေးလအတွင်း အမှတ်တရတွေ အများကြီး ဖန်တီးလာဦးမယ်။ အတူတကွ လက်တွဲပြီး တိုက်ခိုက်စရာတွေ အများကြီးရှိပါသေးတယ်။ အာရုံစူးစိုက်မှုအပြည့်နဲ့ အသင်းအောင်မြင်ရေး အစွမ်းကုန်ကြိုးစားပေးသွားပါမယ်"လို့ ပြောကြားသွားပါတယ်။
ကက်စ်မီရိုဟာ လုပ်ခ ပေါင် ၃၅၀၀၀၀ ဖြင့် ယူနိုက်တက်တွင် လုပ်ခအများဆုံး ရရှိတဲ့ ကစားသမားအဖြစ် ရပ်တည်နေသူ ဖြစ်ပါတယ်။
ဒါပေမယ့် ယူနိုက်တက်ဟာ ပူးတွဲပိုင်ရှင်ဆာဂျမ်ရက်ကလစ်ဖ် လက်အောက်တွင် အသုံးစရိတ်နှင့် လုပ်ခအသုံးစရိတ်တို့အား လျှော့ချနေမှုနှင့်အတူ ကက်စ်မီရိုနှင့် လမ်းခွဲရန် ဆုံးဖြတ်လာတာလည်း ဖြစ်ပါတယ်။
တဖက်တွင် ယူနိုက်တက်ဟာ ကက်စ်မီရိုနနေရာတွင် အစားထိုးရေး ကွင်းလယ်ကစားသမားရှာဖွေမှု စတင်ပြုလုပ်နေပြီ ဖြစ်ပြီး လျာထားစာရင်းတွင် အင်္ဂလန်ကွင်းလယ်ကစားသမားများဖြစ်ကြတဲ့ အီးလီးယော့အင်ဒါဆင်၊ အဲလက်စ်စကော့၊ အဒမ်ဝါတွန်နှင့် ကင်မရွန်းကွင်းလယ်ကစားသမားကားလို့စ်ဘာလီဘာတို့ ပါဝင်နေပါတယ်။

image

၁၆ သင်းရှုံးထွက်အဆင့်သို့ တက်ရောက်ပြီးနောက် ယူရိုပါလိဂ်ဖလားဆွတ်ခူးရေး အမ်မရီ အိပ်မက်နေပြီ
=====================

ယူရိုပါလိဂ် ၁၆ သင်း ရှုံးထွက်အဆင့်သို့ တိုက်ရိုက်တက်ရောက်နိုင်ခဲ့ပြီးနောက် အက်စတွန်ဗီလာနည်းပြအူနိုင်းအမ်မရီက ယူရိုပါလိဂ်ဖလား ဆွတ်ခူးရေး အိပ်မက်မက်နေပြီ ဖြစ်ကြောင်း ပြောကြားလာပါတယ်။
အက်စတွန်ဗီလာဟာ ဂျာဒွန်ဆန်ချိုရဲ့ တစ်လုံးတည်းသော အနိုင်ဂိုးဖြင့် တူရကီတွင် ဖီနာဘာချီအား ၁-၀ ဂိုးဖြင့် အနိုင်ရရှိကာ ယူရိုပါလိဂ် ထိပ်ဆုံး ၈ သင်းစာရင်းဝင်ရန် သေချာသွားခဲ့ပြီဖြစ်ပါတယ်။
တနင်္ဂနွေနေ့တုန်းက အိမ်ကွင်းတွင် အဲဗာတန်ကို ၁-၀ ဂိုးဖြင့် ရှုံးနိမ့်ပြီးနောက် အူနိုင်းအမ်မရီက ဗီလာမှာ ထိပ်ဆုံး ၅ သင်းစာရင်းပင် ဝင်နိုင်တဲအသင်းမဟုတ်ကြောင်း ပြောဆိုခဲ့ဖူးပါတယ်။
ဗီလာဟာ ပရီးမီးယားလိဂ်ထိပ်ဆုံး ၅ သင်းဝင်ခြင်း (သို့မဟုတ်) ယူရိုပါလိဂ်ချန်ပီယံဖြစ်ခြင်းတို့ဖြင့် လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်ရနိုင်တဲ့ အခွင့်အရေး ရှိနေပါတယ်။
ဆီဗီလာ၊ အာဆင်နယ်နှင့် ပီအက်စ်ဂျီနည်းပြဟောင်းဟာ ယူရိုပါလိဂ်ဖလားအား ၄ ကြိမ် ဆွတ်ခူးထားတဲ့ ပထမဆုံးနည်းပြအဖြစ် မှတ်တမ်းရေးထိုးထားသူ ဖြစ်ပါတယ်။
ဖီနာဘာချီနှင့်ပွဲတွင် ယူရိုပါလိဂ်ပွဲရာပြည့်ကိုင်တွယ်ခဲ့တဲ့ အမ်မရီက "ချန်ပီယံလိဂ်ကစားခွင့်ရဖို့ ဒီဖလားရဖို့ လိုတယ်။ လိဂ်(ပရီးမီးယားလိဂ်)ကနေ ဝင်ခွင့်ရဖို့ ခက်တယ်။ ဆုဖလားတွေ ရဖို့ အိပ်မက်မက်တယ်။ ယူရိုပါလိဂ်က ကျွန်တော်တို့ရဲ့ ဒီနှစ် ရည်မှန်းချက်တွေထဲက တစ်ခုပါ"လို ပြောကြားသွားပါတယ်။
ဗီလာဟာ အင်္ဂလိပ်ဘောလုံးလောကတွင် သတ္တမအအောင်မြင်ဆုံးကလပ်အဖြစ် ရပ်တည်နေပေမယ့်လည်း နောက်ဆုံးအကြိမ် ဆုဖလားဆွတ်ခူးနိုင်ခဲ့တာ ၁၉၉၆ ခုနှစ်တုန်းက လိဂ်ဖလား ရရှိခဲ့တာပါ။
ဗီလာဟာ နောက်ဆုံးကစားတဲ့ ၂၅ ပွဲတွင် ပွဲ ၂၀ အနိုင်ရထားပြီး ဥရောပထိပ်သီးလိဂ်ကြီးငါးခုတွင် ယင်းကာလအတွင်းတွင် အာဆင်နယ် (၂၁)ပြီးလျှင် နိုင်ပွဲအများဆုံး ရရှိထားတဲ့အသင်းအဖြစ်ရပ်တည်နေပါတယ်။
ဗီလာဟာ ဖီနာဘာချီနှင့်ပွဲတွင် လူစာရင်း ၆ ဦးအပြောင်းအလဲ ပြုလုပ်ကစားခဲ့ပေမယ့်လည်း ပွဲကို လွှမ်းမိုးထားနိုင်ခဲ့ပါတယ်။ ယင်းပွဲတွင် ဆန်ချိုဟာ ကလပ်အတွက် ၁၉ ပွဲမြောက်ပွဲကစားရာမှာ ပထမဆုံးဂိုးသွင်းနိုင်ခဲ့ပါတယ်။

image

ကိုလံဘီယာမိသားစုတစ်ခုအားလူကုန်ကူးမှုလုပ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲမှုဖြင့် ရင်ဆိုင်နေရတဲ့ ပီအက်စ်ဂျီစတားလူးကပ်စ်ဟာနန်ဒက်ဇ်
====================

ပီအက်စ်ဂျီနောက်ခံလူလူးကပ်စ်ဟာနန်ဒက်ဇ်နှင့် ဇနီးတို့က နေအိမ်တွင် အလုပ်လုပ်ခဲ့တဲ့ ကိုလံဘီယာမိသားစုတစ်ခုအား အလုပ်အကျွံအလုပ်စေခိုင်းမှု၊ လူကုန်ကူးမှုပြုလုပ်ခဲ့တယ်လို့ စွပ်စွဲခံရမှုအား ငြင်းဆိုလာပါတယ်။
ပြင်သစ်သတင်းစာ Paris Match က အသက် ၂၉ နှစ်ရှိ ပြင်သစ်လက်ရွေးစင်နှင့် ဇနီးသည်ဗစ်တိုးရီးယားထရိုင်ယာတို့ဟာ ၂၀၂၄ ခုနှစ် စက်တင်ဘာလမှ ၂၀၂၅ ခုနှစ် နိုဝင်ဘာလအတွင်းတွင် နေအိမ်တွင် ကိုလံဘီယာမိသားစု ငါးဦးတို့အား ငှားရမ်း လုပ်ကိုင်စေခဲ့ရာမှာ အလွန်အကျွံအလုပ်ခိုင်းခဲ့တယ်လို့ ဖော်ပြလာခဲ့တာပါ။
ယင်းကိုလံဘီယာမိသားစုဝင်များတွင် မိခင်၊ ဖခင်နှင့် သားသမီး ၃ ဦးပါဝင်ပြီး ဟာနန်ဒက်ဇ်ရဲ့ နေအိမ်တွင် လုံခြုံရေး၊ ချက်ပြုတ်ခြင်း၊ ကလေးထိန်းခြင်းတို့အား ပြုလုပ်ခဲ့ရတာပါ။ ဒါပေမယ့် ၎င်းတို့ဟာ အလုပ်လုပ်ခွင့်ဗီဇာ၊ စာချုပ်တို့ဖြင့် ခန့်အပ် လုပ်ကိုင်ခဲ့ရတာ မဟုတ်ပါဘူး။
ယင်းမိသားစုဟာ ပြင်သစ်လူမှုဖုံလုံရေးစနစ်တွင် မှတ်ပုံတင်ထားခြင်း မရှိသလို လုပ်ခကိုလည်း ငွေသားဖြင့် ရယူခဲ့ကြတာပါ။ ၎င်းတို့ဟာ ပိတ်ရက်မရှိဘဲ တစ်ပတ်လျှင် ၇၂ နာရီမှ ၈၄ နာရီအတွင်း အလုပ်လုပ်ခဲ့ရတယ်လို့ ယူဆရပါတယ်။
ဒါ့အပြင် ယင်းမိသားစုကို စပိန်နိုင်ငံသားအဖြစ် လိမ်လည်ခဲ့တဲ့အပြင် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီတွင် ယင်းတို့အား ထုတ်ဖော်ပြောကြားခြင်း မပြုလုပ်ရန် သဘောတူညီခဲ့ပါသေးတယ်။
ယင်းကဲ့သို့ ဖာနန်ဒက်ဇ်နှင့် ဇနီးသည်တို့ဟာ တရားမဝင် အလုပ်သမားများအား အလုပ်စေခိုင်းမှုနှင့်အတူ လူကုန်ကူးမှုဖြင့် စွပ်စွဲခြင်းခံနေရတာလည်း ဖြစ်ပါတယ်။
ဒါပေမယ့် ဖာနန်ဒက်ဇ်က"ကျွန်တော်တိုဟာ နေအိမ်နဲ့ ဘဝတွေကို သူတို့ကိုယ်သူတို့ သူငယ်ချင်းတွေပါ ဆိုတဲ့သူတွေအတွက် တံခါးဖွင့်ပေးခဲ့တယ်။ သူတို့အပေါ်မှာလည်း ကျွန်တော်တို့ရဲ့ စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာတွေ ပေးခဲ့တယ်။ ဒီလူတွေက ကျွန်တော်တို့နဲ့အတူ လေးစားမှု၊ ဂုဏ်သိက္ခာရှိမှုတွေနဲ့ မျှဝေခဲ့ကြတယ်။သူတို့ရဲ့ အခြေအနေတွင် ပုံမှန်အခြေအနေရောက်အောင် လုပ်ဆောင်မယ်လို့ ကတိပေးလာတဲ့အခါ ကျွန်တော်တို့ သူတို့ကို ကူညီခဲ့ကြတယ်။ သူတို့ကို ပံ့ပိုးပေးခဲ့ကြတယ်။ သူတို့အပေါ် ယုံကြည်ပေးခဲ့တယ်။ ကံဆိုးစွာပဲ ဒီအခြေအနေမျိုးကြုံတာ ပထမဆုံးအကြိမ် မဟုတ်ပါဘူး။ ကျုပ်တို့ မတိုင်ခင် အခြားသူတွေလည်း ကြုံခဲ့ဖူးကြပါတယ်။ အခြားသူတွေလိုပဲ ကျွန်တော်တို့ဟာလည်း စိတ်ခံစားချက်ပါဝင်တဲ့ ဇာတ်လမ်းတွေ၊ အချက်အလက်အမှားတွေနဲ့ ခြယ်လှယ်ခံရတယ်။ ကျွန်တော်တို့ဟာ ဥပဒေကို မကောင်းတဲ့ ရည်ရွယ်ချက်ဖြင့်သော်လည်းကောင်း၊ ရည်ရွယ်ချက်ရှိရှိသော်လည်းကောင်း ချိုးဖောက်ခဲ့ဖူးခြင်း မရှိပါဘူး။ လူသားဆန်ဆန်ပဲ လုပ်ခဲ့တယ်။ ဂရုဏာတရားကို အသုံချနိုင်တယ်ဆိုတာ နာကျင်စွာ သင်ခန်းစာ ရရှိခဲ့ပါပြီ။ ဒီအခြေအနေကို ပိုပြီးတော့ ခက်ခဲသွားစေတာက ယုံကြည်မှုနဲ့ လူသားဆန်မှုတို့ရဲ့ အပြုအမူတွေက လူသိရှင်ကြားတိုက်ခိုက်မှု စွပ်စွဲမှုတွေအဖြစ်‌ပြောင်းလဲသွားစေခဲ့တယ်။ ဒီခက်ခဲတဲ့ အဖြစ်အပျက်အတွက် ကျွန်တော်တို့ မိသားစုနာကျင်ရပါတယ်"လို့ ပြောကြားသွားပါတယ်။
ဒါ့အပြင် ဟာနန်ဒက်ဇ်က ယခုအဖြစ်အပျက်အား ဆိုရှယ်မီဒီယာတွင် ဖြန့်ဝေတဲ့သူများအား တရားစွဲဆိုရန် စီစဉ်နေကြောင်းလည်း ဆိုသွားပါတယ်။
တဖက်တွင် ပြင်သစ်အာဏာပိုင်များကလည်း ဟာနန်ဒက်ဇ်ရဲ့ အဖြစ်အပျက်အား စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေပါတယ်။
ဟာနန်ဒက်ဇ်မှာ ၂၀၂၃ ခုနှစ်ကတည်းက ပီအက်စ်ဂျီတွင် ကစားနေသူ ဖြစ်ပြီး ဆော်ဒီပရိုလိဂ်ကလပ် Al Hilal တွင် ကစားနေတဲ့ သီယိုရဲ့ အစ်ကိုလည်း ဖြစ်ပါတယ်။
သူဟာ ပီအက်စ်ဂျီအတွက် ယခုရာသီ ၁၇ ပွဲအပါအဝင် ၈၇ ပွဲကစားထားပါတယ်။ သူဟာ အက်သလက်တီကိုတွင် ကစားသမားဘဝစတင်ပြီးနောက် ဘိုင်ယန်မြူးနစ်တွင် လေးနှစ်ကြာ ကစားခဲ့သူလည်း ဖြစ်ပါတယ်။

image

မာဆေးပွဲစဉ်မှ အမိုက်စားဖရီးကစ်ဂိုးနောက်ကွယ်မှ လျို့ဝှက်ချက်ကို ဆိုဘိုဆလိုင်း ဖွင့်ဟပြောကြားလာ
====================

ဒိုမီနစ်ခ်ဆိုဘိုဆလိုင်းဟာ မာဆေးအား အဝေးကွင်းတွင် ၃-၀ ဂိုးဖြင့် အနိုင်ရတဲ့ပွဲစဉ်မှ အမိုက်စားဖရီးကစ်ဂိုးသွင်းနိုင်ခဲ့မှုရဲ့ နောက်ကွယ်မှ လျို့ဝှက်ချက်အား ဖွင့်ဟ ပြောကြားလာပါတယ်။
ဟန်ဂေရီအလယ်တန်းကစားသမားဆိုဘိုဆလိုင်းဟာ မာဆေးအား ၃-၀ ဂိုးဖြင့် အနိုင်ရတဲ့ပွဲစဉ်တွင် လီဗာပူးရဲ့ အဖွင့်ဂိုးအား ပထမပိုင်းနာကျင်အချိန်ပိုတွင် ဖရီးကစ်မှ တဆင့် သွင်းယူခဲ့တာပါ။
ဆိုဘိုဆလိုင်းဟာ ၁၈ ကိုက်အကွာမှ ရရှိတဲ့ ဖရီးကစ်အား မာဆေးအသင်းသားများက ကစားသမားတစ်ဦးလဲလျောင်းပြီး အနိမ့်ဘောကန်လာမယ့်အခြေအနေကို မကာကွယ်ထားမှုနှင့်အတူ ပါးနပ်စွာ အနိမ့်ဘောကန်သွင်းခဲ့တာလည်း ဖြစ်ပါတယ်။
ပွဲအပြီးတွင် ဆိုဘိုဆလိုင်းက "အိမ်စာလုပ်ခဲ့ပေါ့။ Wall အောက်မှာ တစ်ယောက်မှ လဲမနေရင် အခွင့်အရေးရပြီလို့ ပြောခဲ့တယ်။ တကယ်လည်း ဘယ်သူမှ လဲမနေတော့ ကြိုးစားခဲ့တယ်။ အလုပ်ဖြစ်သွားတယ်"လို့ TNT Sports သို့ ပြောကြားသွားပါတယ်။
လီဗာပူးဟာ မာဆေးနိုင်ပွဲကြောင့် ချန်ပီယံလိဂ်အမှတ်ပေးဇယားအဆင့် ၄ နေရာမှာ ရပ်တည်လာပြီး ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက်အဆင့်သို့ တိုက်ရိုက်တက်ရောက်ဖို့ အခြေအနေကောင်းလာပါတယ်။
ပရီးမီးယားလိဂ်တွင်လည်း အဆင့် ၄ နေရာမှာ ရပ်တည်နေတဲ့ လီဗာပူးဟာ စနေနေ့တွင် ဘုန်းမောက်အား အဝေးကွင်းသို့ သွားရောက် ရင်ဆိုင်ကစားရပါမယ်။

image

ချဲလ်ဆီးနည်းပြဟောင်းအား ဘယ်သူမှ မကြိုက်တဲ့နည်းပြ၊ အမြဲဒေါသထွက်နေတဲ့ နည်းပြလို့ ဒီယေဂိုကော့စတာဝေဖန်လာ
=====================

ဒီယေဂိုကော့စတာက ချဲလ်ဆီးနည်းပြဟောင်းအန်တိုနီယိုကွန်တီအား ဘယ်သူမှ မကြိုက်တဲ့ နည်းပြ၊ အမြဲဒေါသထွက်နေတဲ့ အီတလီသားလို့ သမုတ်လာပါတယ်။
ကော့စတာနှင့် ကွန်တီတို့ဟာ ၂၀၁၇ ခုနှစ်တုန်းက ချဲလ်ဆီးတွင် လက်တွဲစဉ် ပရီးမီးယားလိဂ်ဖလား ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ကြပါတယ်။
ဒေါသထွက်လွယ်တဲ့ အသက် ၃၇ နှစ်ရှိ ကော့စတာဟာ ထိုစဉ်တုန်းက ဂိုး ၂၀ သွင်းခဲ့သလို ကွန်တီကလည်း စိတ်အားထက်သန်တဲ့ သူတစ်ဦးဖြစ်ရာ ချဲလ်ဆီးပရိသတ်များက ပရီးမီးယားလိဂ်ခေတ်ကို ပြန်လွှမ်းမိုးနိုင်တော့မယ်လို့ ယုံကြည်ခဲ့ကြပါတယ်။
အသက် ၅၆ နှစ်ရှိ ကွန်တီဟာ ရာသီအကုန်မှာတော့ ဒီယေဂိုကော့စတာကို ဖယ်ရှားပြီး မိုရာတာနှင့် အစားထိုးခဲ့ပါတယ်။
ထိုစဉ်တုန်းက ကော့စတာဟာ ကွန်တီထံသို့ 'ဟိုင်း ဒီယေဂို၊ မင်း အစစရာရာ အဆင်ပြေဖို့ မျှော်လင့်ပါတယ်။ အတူတွဲခဲ့တဲ့ ရာသီအတွက် ကျေးဇူးတင်ပါတယ်။ လာမယ့်နှစ်မှာ ကံကောင်းပါစေ။ ဒါပေမယ့် မင်းက ငါ့အစီအစဉ်ထဲမှာ မပါဘူး"လို့ မက်ဆေ့ချ်ပို့ခဲ့ပါတယ်။
ကော့စတာဟာ ကွန်တီရဲ့ အစီအစဉ်တွင် မပါဝင်ပြီးနောက် အက်သလက်တီကိုသို့ ပြန်သွားခဲ့ပါတယ်။
ယခုအခါ ဝုဗ်တိုက်စစ်မှူးဟောင်းက ကွန်တီရဲ့ လေ့ကျင့်ရေးကွင်းအတွင်း အပြုသဘောမဆောင်တဲ့ အပြုအမူများကို ဝေဖန်လာပါတယ်။ စပိန်တိုက်စစ်မှူးဟောင်းက ကွန်တီရဲ့ ဘယ်သူ့အပေါ်တွင်မှ မယုံကြည်မှုက ကော့ဘ်ဟမ်လေ့ကျင့်ရေးကွင်းအတွင်း ပျော်စရာပျောက်ဆုံးသွားစေခဲ့ကြောင်း ယုံကြည်နေပါတယ်။
ကွန်တီဟာ အက်ဖ်အေဖလားဆွတ်ခူးခဲ့ပေမယ့် ၂၀၁၈ ခုနှစ်တွင် ထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။
လွန်ခဲ့တဲ့ တစ်နှစ်တုန်းက ဂရီမီယိုမှ ထွက်ခွာပြီးနောက် ကလပ်လက်မဲ့ ဖြစ်နေတဲ့ ကော့စတာက "သူက ဘယ်သူ့ကိုမှ မယုံတဲ့သူပါ။ ကိုယ်သိကိုယ်တတ်ဆိုတဲ့လူစားမျိုး။ သူနဲ့ဆို လေ့ကျင့်ရေးကွင်းမှာ မပျော်ရဘူး။ သူက အမြဲဒေါသထွက်နေတာ။ အမြဲတမ်း မျက်နှာကြောကြီးနဲ့။ ကစားသမားတွေ ပြန်လာချင်ကြတယ်။ ဒါပေမယ့် ဘယ်သူမှ သူ့ကို သဘောမကျဘူး။ ဒါကြောင့်လည်း သူ ကြာကြာ မနေလိုက်ရတာပေါ့"လို့ ပြောကြားသွားပါတယ်။
ဒါ့အပြင် ကော့စတာက အလုပ်တွဲလုပ်ရတာ အပျော်ဆုံးနည်းပြအဖြစ် ဟိုဆေးမော်ရင်ဟိုအား ချီးကျူးသွားပါတယ်။
၎င်းတို့နှစ်ဦးဟာ ၂၀၁-၁၅ ရာသီတုန်းက ချဲလ်ဆီးတွင် ပရီးမီးယားလိဂ်ဖလား အတူ ရရှိခဲ့ကပြီး ထိုရာသီတုန်းက ကော့စတာက ဂိုး ၂၀ သွင်းနိုင်ခဲ့ပါတယ်။
ဆက်လက်ပြီး ၎င်းက "ကျုပ်အတွက်တော့ မော်ရင်ဟိုက အပျော်ရဆုံးနည်းပြပဲ။ သူက ကိုယ့်ဘဝကို ပေးတယ်။ လေ့ကျင့်ရေးကွင်းသို့ ပျော်ပျော်ကြီး သွားချင်စိတ် ဖြစ်စေတယ်"လို့ ပြောကြားသွားပါတယ်။

image