တောင်ကိုရီးယားကို ကမ္ဘာ့ခေါင်းဆောင်တွေ မလာရောက်မီ ပဲ့ထိန်းဒုံးကျည်အများအပြား မြောက်ကိုရီးယား ပစ်ခတ်

အောက်တိုဘာ၂၂

မြောက်ကိုရီးယားဟာ ပဲ့ထိန်းဒုံးကျည်အများအပြားကို ဒီကနေ့မှ ပစ်ခတ်ခဲ့ပြီး ဒါဟာ လများစွာအတွင်း ပထမဆုံးအကြိမ်ဖြစ်တယ်လို့ တောင်ကိုရီးယား စစ်တပ်က ပြောပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် အပါအဝင် ကမ္ဘာ့ခေါင်းဆောင်တွေဟာ အာရှ-ပစိတ်ဖိတ် စီးပွားရေးဖိုရမ်တက်ရောက်ဖို့ တောင်ကိုရီးယားကို မလာရောက်ခင် တပတ်အလိုမှာ ဒုံးကျည်တွေ ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။

တာတိုပစ်ပဲ့ထိန်းဒုံးကျည်လို့ ယူဆရတဲ့ ဒုံးကျည်အများအပြားကို တွေ့ရှိခဲ့ကြောင်း တောင်ကိုရီးယား ပူးတွဲစစ်ဦးစီချုပ်ရုံးက ပြောပါတယ်။ ဒုံးကျည်တွေကို ဗုဒ္ဓဟူးနေ့ နံနက် ၈ နာရီ ၁၀ မိနစ် မြို့တော် ပြုံယမ်းရဲ့ တောင်ဘက်‌ဒေသကနေ ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

ဒုံးကျည်တွေဟာ ကီလိုမီတာ ၃၅၀ ခန့် ပျံသန်းခဲ့ပြီး မြောက်ကိုရီးယား အရှေ့ဘက်ကမ်းရိုးတန်းရှိ ပင်လယ်ပြင်ကို ဦးတည်သွားကြောင်း ယွန်ဟတ်သတင်းဌာနက ဖော်ပြထားပါတယ်။ မြောက်ကိုရီးယားဟာ ၎င်း၏အရှေ့ဘက်ကမ်းရိုးတန်းမှ တာတိုပစ်ဒုံးကျည်အများအပြားကို မေလ ၈ ရက်က နောက်ဆုံးပစ်လွှတ်ခဲ့ပါတယ်။

တောင်ကိုရီးယားသမ္မတ လီဂျေးမြောင် ရာထူးတက်လာပြီးနောက်ပိုင်း မြောက်ကိုရီးယားက ပထမဆုံးအကြိမ် ဒုံးကျည်ပစ်လွှတ်မှုလည်း ဖြစ်ပါတယ်။ ပထမအကြိမ် သမ္မတသက်တမ်းအတွင်း ကင်ဂျုံအန်နဲ့ တွေ့ဆုံမှုတွေရှိခဲ့တဲ့ ဒေါ်နယ်ထရန့်ကတော့ ယခုနှစ်အတွင်းမှာ ကင်ဂျုံအန်နဲ့ တွေ့ဆုံဖို့ မျှော်လင့်ထားတယ်လို့ ပြောပါတယ်။

မြောက်ကိုရီးယားကတော့ နျူကလီးယားလက်နက် စွန့်လွှတ်ဖို့ အမေရိကန်က တောင်းဆိုမှုတွေကို စွန့်လွှတ်ဖို့ သတိပေးထားပြီး အနာဂတ်ဆွေးနွေးပွဲတွေအတွက် လမ်းဖွင့်ထားတယ်လို့ ဆိုပါတယ်။ မြောက်ကိုရီးယားဟာ ယခုလအစောပိုင်းမှာ ရုရှားနဲ့ တရုတ် ထိပ်တန်းအရာရှိတွေတက်ရောက်တဲ့ စစ်ရေးပြပွဲအတွင်း နောက်ဆုံးပေါ် ဟွာဆောင်-၂၀ တိုက်ချင်းပစ်ဒုံးကျည်ကို ထုတ်ဖော်ပြသခဲ့ပါတယ်။

image

သီပေါ - နမ္မတူလမ်း မိုးတေဘက်ထိ အစိုးရတပ် စစ်ကြောင်းတွေ ရောက်ရှိလာ

အောက်တိုဘာ ၂၂

သီပေါ - နမ္မတူလမ်း မိုးတေဘက်ထိ အစိုးရတပ် စစ်ကြောင်းတွေ ရောက်ရှိလာပြီဖြစ်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။
"မနေ့က ပြောပုံအရ ဆိုတော့ မိုးတေကျော်သွားပြီ။ ဟိုတခါ လေယာဉ် ဗုံးကြဲ ခံရတဲ့ ဘုန်းကြီးကျောင်း ရှိတဲ့နားရောက်ပြီ။" လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။

သီပေါမြို့ထဲ စစ်တပ် ဝင်လာတော့ TNLA တပ်ဖွဲ့တွေက မိုးတေဘက်၊ မံစံ၊ နမ္မတူ ဘက်ပဲ ဆုတ်တာကြောင့် စစ်ကြောင်းတွေက အဲဒီဘက် လမ်းကြောင်းပဲ သွားတာလို့ သူက ပြောပါတယ်။

"မြို့ပြင်မှာလည်း တိုက်ပွဲ ဖြစ်သံတွေ မကြားရတော့ဘူး။ တော်တော် ငြိမ်သွားပြီ။" လို့ ဒေသခံ အမျိုးသမီး တယောက်က ပြောပါတယ်။

ဒီနေ့ အောက်တိုဘာလ ၂၂ ရက်နေ့ကစ ကစ ကျောင်းလည်း စဖွင့်ပြီ ဖြစ်ပြီး မှတ်ပုံတင်တွေလည်း ဘုန်းကြီးကျောင်း တကျောင်းမှာ စလုပ်ပေးနေပြီဖြစ်ကာ MPT ဖုန်းလိုင်းလည်း မနေ့ကစ ပွင့်ပြီလို့ သူက ပြောပါတယ်။

အစိုးရတပ်ဖွဲ့နဲ့ နီးစပ်သူ တယောက်ကလည်းသီပေါကို ထိန်းချုပ်နိုင်ခဲ့ပြီးနောက် နမ္မတူ၊ နမ့်ဆန် မြို့တွေဘက်ကို ဦးတည် ထိုးစစ်ဆင်နေပြီး မိုးတေဘက် ရောက်လာပြီဖြစ်ကြောင်း ပြောပါတယ်။

သီပေါမြို့ကို အစိုးရတပ်တွေက အခုလ အောက်တိုဘာလ ၁၆ ရက်နေ့က ပြန်လည်သိမ်းပိုက် ထိန်းချုပ်ခဲ့တာ ဖြစ်ပါတယ်။

ဘာစီလိုနာရဲ့ အငြင်းပွားဖွယ် မိုင်ယာမီ လာလီဂါပွဲစဉ်အား ဖျက်သိမ်းလိုက်ပြီ
===================

ဘာစီလိုနာရဲ့ မိုင်ယာမီတွင် ကစားမယ့် လာလီဂါပွဲစဉ်မှာ ပွဲစီစဉ်သူများက ပွဲကျင်းပရေး လုံလောက်တဲ့ အချိန်မရှိမှုနှင့်အတူ ပွဲကို ဖျက်သိမ်းလာပြီ ဖြစ်ပါတယ်။

စပိန်ထိပ်သီးကလပ်ဟာ ဗီလာရီးရဲလ်နှင့် လာလီဂါပွဲစဉ်အား မိုင်ယာမီရှိ Hard Rock Stadium တွင် ကစားရန် စီစဉ်ထားခဲ့တာလည်း ဖြစ်ပါတယ်။

ဒါပေမယ့် ဗီလာရီးရဲလ်နှင့် ဘာစီလိုနာတို့ရဲ့ လာလီဂါပွဲစဉ်အား နိုင်ငံခြားတွင် ကစားရန် စီစဉ်လာမှုအပေါ် ဘောလုံးလောကအတွင်း အကြီးအကျယ်ဆန့်ကျင်မှုများနှင့် ရင်ဆိုင်လာခဲ့ရပါတယ်။

ပြီးခဲ့တဲ့အပတ်လာလီဂါပွဲစဉ်တွင် ကစားသမားများဟာ ပွဲအစ ၁၅ စက္ကန့်အား မကစားဘဲ နိုင်ငံခြားတွင် ကစားမယ့် လာလီဂါပွဲ အစီအစဉ်ကို ဆန့်ကျင်သပိတ်မှောက်ခဲ့ကြပါတယ်။

ဘာစီလိုနာကစားသမားများဟာလည်း စနေနေ့ည ဂီရိုနာနှင့်ပွဲစဉ်တွင် ပွဲအစ ၁၅ စက္ကန့်ကို မကစားဘဲ သပိတ်မှောက်ရာမှာ ပါဝင်ခဲ့ကြပါတယ်။

ဒါပေမယ့် ယခုအခါမှာတော့ ယင်းပွဲကို စီစဉ်တဲ့ Relevent Sports က စပိန်တွင် မရေမရာ ဖြစ်နေတဲ့ အခြေအနေများ၊ ပွဲကျင်းပရေးအတွက် အချိန်အလုံအလောက် ရရှိခြင်း မရှိမှု၊ လက်မှတ်စတင်ရောင်းချရေး ခက်ခဲနေမှုများကြောင့် ပွဲကို ရွှေ့ဆိုင်းလာရနိုင်ကြောင်း ကြေညာလာပါတယ်။

Relevent Sports ဘက်က ပွဲကို ရွှေ့ဆိုင်းလာတယ်လို့သာ ကြေညာလာခဲ့ပေမယ့်လည်း လာလီဂါဘက်ကတော့ ယင်းပွဲကို ဖျက်သိမ်းလိုက်ပြီ ဖြစ်ကြောင်း ကြေညာလာပါတယ်။

ဗီလာရီးရဲလ်နှင့် ဘာစီလိုနာတို့ရဲ့ လာလီဂါပွဲအား နိုင်ငံခြားတွင် ကစားရေး ဖျက်သိမ်းလာခဲ့ပြီ ဖြစ်ပေမယ့်လည်း အေစီမီလန်နှင့် ကိုမိုတို့ရဲ့ စီးရီးအေပွဲစဉ်ကတော့ ဖေဖော်ဝါရီလမှာ ဩစတြေးလျတွင် ကစားလာဦးမှာ ဖြစ်ပါတယ်။

image

၅ ပွဲဆက် အနိုင်ရမှ ဆံပင်ညှပ်မယ်ဆိုတဲ့ ယူနိုက်တက်ပရိသတ်အား ဆံပင်ဆောင့်ဆွဲခဲ့တဲ့ ပရိသတ်ကို ပွဲပယ်ပြစ်ဒဏ်ချမှတ်

‘The United Strand’ လို့ နာမည်ကျော်ကြားတဲ့ မန်ချက်စတာယူနိုက်တက်ပရိသတ်အား တိုက်ခိုက်ခဲ့တဲ့ ပရိသတ်ကို ပွဲပယ်ပြစ်ဒဏ်ချမှတ်လာပြီ ဖြစ်ပါတယ်။

အသက် ၂၉ နှစ်ရှိ ဖရန့်အိုင်လက်ဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလတုန်းက ယူနိုက်တက် ၅ ပွဲဆက် အနိုင်ရမှသာ ဆံပင်ညှပ်မယ်ဆိုပြီး ကိုယ့်ကိုယ်ကို စိန်ခေါ်မှု ပြုလုပ်ရာမှ နာမည်ကျော်ကြားလာခဲ့သူ ဖြစ်ပါတယ်။

ယခု တစ်နှစ်ကျော် ကြာတဲ့အချိန်အထိ ယူနိုက်တက်မှာ ၅ ပွဲဆက် နိုင်ပွဲ ရရှိလာခြင်း မရှိသလို ယင်းပရိသတ်မှာလည်း ဆိုရှယ်မီဒီယာတွင် ဖော်လိုဝါ သိန်းပေါင်းများစွာ ပိုင်ဆိုင်ထားကာမည်ကြီးနေပါတယ်။

ဒါပေမယ့် သူဟာ ပြီးခဲ့တဲ့လတုန်းက အိုးထရက်ဖို့ဒ်ကွင်းတွင် ချဲလ်ဆီးအား ၂- ၁ ဖြင့် အနိုင်ရတဲ့ပွဲမှာတော့ အခြားယူနိုက်တက်ပရိသတ်တစ်ဦးရဲ့ တိုက်ခိုက်မှုနှင့် ကြုံခဲ့ရပါတယ်။

အခြားယူနိုက်တက်ပရိသတ်တစ်ဦးက အိုင်လက်မှာ ကိုယ့်အားပေးတဲ့အသင်းကို သိက္ခာကျအောင် လုပ်နေတယ်ဆိုပြီး ဆံပင်ဆောင့်ဆွဲတိုက်ခိုက်မှု ပြုလုပ်ခဲ့တာပါ။

ယခုအခါမှတော့ ယူနိုက်တက်ဟာ ယင်းတိုက်ခိုက်မှု ပြုလုပ်တဲ့ ပရိသတ်အား အိမ်ကွင်းပွဲကြည့်ခွင့် ပိတ်ပင်မှု ပြုလုပ်လာပြီ ဖြစ်ပါတယ်။

တဖက်တွင် ယူနိုက်တက်ဟာ ပြီးခဲ့တဲ့အပတ်တုန်းက အန်ဖီးလ်တွင် လီဗာပူးကို ၂-၁ ဂိုးဖြင့် အနိုင်ရရှိပြီးနောက် နည်းပြအမိုရမ်လက်ထက် ပထမဆုံးအကြိမ်အဖြစ် ပရီးမီးယားလိဂ် ၂ ပွဲဆက် နိုင်ပွဲ ရရှိလာပါတယ်။

image
21 w - Translate

မချမ်းသာရင် နေပါ ...အေးအေးချမ်းချမ်းနဲ့
တိတ်ဆိတ်တဲ့ ပတ်ဝန်းကျင်လေးမှာပဲ နေချင်တယ်🏡
တိတ်ဆိတ်အေးချမ်းတဲ့နေရာမျိုးမှာ
တကယ်မက်မောတယ်🌝