မကွေးတိုင်း၌တစ်နှစ်အတွင်း မီးလောင်မှု ၅၅ ကြိမ်ဖြစ်ပွား၊ အိမ်ခြေ ၉၀၀ ကျော်ဆုံးရှုံး

မကွေးတိုင်းအတွင်း၌ ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်အတွင်း မီးလောင်မှု ၅၅ ကြိမ်ဖြစ်ပွားခဲ့ကြောင်း မကွေးတိုင်းမီးသတ်ဦးစီးမှူးရုံး၏ တာဝန်ရှိသူထံမှသိရသည်။
၂၀၂၅ ခုနှစ်၊ဇန်နဝါရီမှ ဒီဇင်ဘာလအတွင်း မီးလောင်မှု ၅၅ ကြိမ်ဖြစ်ပွားခဲ့ပြီး အိမ်ခြေ ၉၂၅ လုံးမီးလောင်ပျက်စီးခဲ့ကြောင်း အဆိုပါ တာဝန်ရှိသူကဆိုသည်။
"ပြီးခဲ့တဲ့နှစ်ကတော့ အားလုံးပေါင်း ၅၅ ကြိမ်ပေါ့။ မကွေးတိုင်းတစ်တိုင်းလုံး။ မြို့နယ်တွေရောပေါ့။ သေဆုံးသူ ရှစ်ဦး ၊ ဒဏ်ရာရသူ ၁၄ ဦးနဲ့ တိရစ္ဆာန်သေဆုံးတာက ၂၁‌ ကောင်ရှိပါတယ်။စက်ရုံ၊အလုပ်ရုံလောင်တာကကြီးကြီးမားမားတော့ ကျွန်တော်တို့ဆီမှာမရှိပါဘူး။ အသေးလေးတွေပေါ့။ ပြောရရင် ဂိုဒေါင်ပဲရှိမယ်"ဟု ယင်းတာဝန်ရှိသူကစံတော်ချိန်ဒစ်ဂျစ်တယ်သို့ပြောသည်။
အဆိုပါ မီးလောင်မှုများကြောင့် မီးဘေးသင့်ပြည်သူ ၂၆၄၆ ဦးရှိခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုးအနေဖြင့် စုစုပေါင်း ကျပ် ၁၅၈၀ ဒသမ ၁ သန်း ခန့် ဆုံးရှုံးခဲ့ကြောင်းသိရသည်။

image

မင်းလှမြို့နယ် မန်းသံပုရာကန် ရေနံချက်စက်ရုံ၌ မီးလောင်မှုဖြစ်ပွား

မကွေးတိုင်းဒေသကြီး မင်းလှမြို့နယ် ရွာတော်ကျေးရွာမန်းသံပုရာကန် ရေနံချက်စက်ရုံဝင်း၌ ဇန်နဝါရီ ၂၃ ရက် နံနက်ပိုင်းကမီးလောင်မှုဖြစ်ပွားခဲ့သည်။
ဇန်နဝါရီ ၂၃ ရက် နံနက် ၆ နာရီ ၁၅မိနစ်ခန့်ကမင်းလှမြို့နယ်မန်းသံပုရာကန်ရေနံချက်စက်ရုံဝင်းအတွင်းမီးလောင်မှုဖြစ်ပွားခဲ့ရာ မင်းဘူးခရိုင် မီးသတ်ဦးစီးမှူးလက်ထောက်ညွှန်ကြားရေးမှူး ဦးထွန်းထွန်းပါ တပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးကျော်စိုးလင်း ဦးစီးတပ်ဖွဲ့ဝင်များ၊ ထန်းကိုင်း၊ ရှမ်းတပ်၊ ဒဟတ်ပင်၊ လက်ပံတံခါး၊ လင်းကယ်၊ ညောင်ဝိုင်း၊ ရွာသာယာစသည့် နယ်မြေမီးသတ်စခန်းများမှ တပ်ဖွဲ့ဝင်များ၊ ထောက်ရှာပင်ရေနံမြေနှင့် မန်းသံပုရာကန်ရေနံချက်စက်ရုံတို့မှ သီးသန့်မီးသတ်
တပ်ဖွဲ့ဝင်များ၊ မန်းရေနံချက်စက်ရုံမှ ဝန်ထမ်းများစုစုပေါင်းသန္ဓေမီးသတ်တပ်ဖွဲ့ဝင် ၅၅ ဦး၊ သီးသန့်မီးသတ်တပ်ဖွဲ့ဝင် ၃၅ ဦး၊ အုပ်ချုပ်မှုယာဉ်တစ်စီး၊ မီးငြှိမ်းသတ်ယာဉ်ရှစ်စီး၊ မီးသတ် ရေသယ်ယာဉ်ငါးစီးတို့ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ နံနက် ၆ နာရီ မိနစ် ၄၀ တွင် မီးထိန်းနိုင်ခဲ့ပြီးည ၇ နာရီတွင် မီးလုံး၀ငြိမ်းသွားကြောင်း၊ မီးလောင်မှုအားရေဂါလန် ၃၅၀၀၀ ခန့်၊ Foam ဆေးရည်ဂါလန် ၁၅၀၊ 6kg မီးသတ်ဆေးဘူးနှစ်ဘူး၊ 3kg မီးသတ်ဆေးဘူးနှစ်ဘူးအသုံးပြုငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ သံကန်အတွင်းမှ ရေနံစိမ်းအား ဆီနှင့် ရေခွဲခြားရန် ဘွိုင်လာနှိုး၍ ရေနွေးငွေ့ဖြင့် အပူပေးရာ အပူအအေးပြောင်းလဲမှုကြောင့် ပိုက်လိုင်းဖလန်းဆက် ပိုက်ဆက်ဝါရှာများမှ ရေနံစိမ်းနှင့် Gas များ Sprayပုံစံယိုစိမ့်ပြီးရေနွေးငွေ့အပူလှိုင်းပေါ်ကျရောက်မီးတောက်ပြီးသံကန်ဒိုက်အတွင်းရှိစွန့်ပစ်ထားသော ရေနံစိမ်းအနယ်အနှစ်များမှ စတင်လောင်ကျွမ်းခဲ့ပြီး အဆိုပါ မီးလောင်မှုကြောင့်လူနှင့် တိရစ္ဆာန် ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်းသိရသည်။

image

ကန်ချနဘူရီခရိုင်မှ မြန်မာနိုင်ငံသား၁၆၄ ဦးအား ပြန်လည်ပို့ဆောင်

ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင်မှ မြန်မာနိုင်ငံသား၁၆၄ ဦးအား ဇန်နဝါရီ ၂၀ ရက် နံနက်ပိုင်းက ပြန်လည်ပို့ဆောင်ခဲ့ကြောင်ထိုင်းသတင်း၏ ဖော်ပြချက်အရ သိရသည်။
၎င်းတို့အား ကန်ချနဘူရီခရိုင် လူဝင်မှုကြီးကြပ်ရေးဌာနတို့နှင့် ပူးပေါင်း၍မြန်မာနိုင်ငံသားများအား ထိုင်းနိုင်ငံအတွင်းမှ ပြန်လည်ပို့ဆောင်ခဲ့ခြင်းဖြစ်ပြီး၎င်းပို့ဆောင်ခြင်းကို ကန်ချနဘူရီခရိုင် သံဖြူဇရပ်လမ်းကြောင်းဘက်ရှိ စံခလပူရီမြို့နယ်၊ နောင်လူးကျေးရွာအုပ်စု အမှတ် (၉) ရပ်ကွက် ဘုရားသုံးဆူကျေးရွာရှိကူးသန်းရောင်းဝယ်ရေးဂိတ် (၁၁) ၌ လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်းသိရ သည်။
ဇန်နဝါရီ ၆ ရက်မှ ဇန်နဝါရီ ၂၂ ရက်အထိ ထိုင်းနိုင်ငံသို့ နယ်စပ်မှ တရားမဝင် ဝင်ရောက်ခဲ့သည့် မြန်မာနိုင်ငံသား ၃၃၆ ဦးကို လူဝင်မှုကြီးကြပ်ရေးအဖွဲ့၊ရဲတပ်ဖွဲ့နှင့်နယ်ခြားစောင့်တပ်ဖွဲ့များက ဖမ်းဆီးခဲ့ကြောင်း သိရသည်။

image

မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များ အသင်းချုပ်နှစ် (၃၀)ပြည့် ပုလဲရတု အထိမ်းအမှတ် ထမနဲထိုးပြိုင်ပွဲ ကျင်းပမည်

မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ် ဒုဥက္ကဋ္ဌများ ဦးဆောင်သော ပြည်တွင်းပြည်ပဆက်ဆံရေးကော်မတီ၊ ပြည်သူ့ရေးရာနှင့် လူမှုရေးကော်မတီ၊ စီမံကိန်းလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၊ စည်းရုံးရေးနှင့် အသင်းဖွံ့ဖြိုးရေးကော်မတီ၊ ဆောက်လုပ်ရေးဆိုင်ရာ ဥပဒေအကြံပြုရေးကော်မတီ၊ ဖွဲ့စည်းပုံနှင့်အသင်းသားများ၏ စည်းမျဉ်း၊ စည်းကမ်းထိန်းသိမ်းရေး
ကော်မတီ၊ နည်းပညာဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၊ ဘဏ္ဍာငွေရှာဖွေရေးကော်မတီ အစရှိသော ကော်မတီ ရှစ်ခုကဦးဆောင်၍ ‘MCEFကော်မတီအလိုက် မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲ’ ကို ဇန်နဝါရီ ၂၇ ရက် နံနက် ၈ နာရီတွင် ဃြင်္နရုံး၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ မြန်မာ့ရိုးရာ အထိမ်းအမှတ် ထမနဲထိုးပြိုင်ပွဲသို့ အသင်းဝင်များ၊ အသင်းဝင်ကုမ္ပဏီများမှ ဝန်ထမ်းမိသားစုများ၊ အင်ဂျင်နီယာများ၊ ဆောက်လုပ်ရေးပစ္စည်းရောင်းဝယ်သူများအားလုံး ပါဝင်ဆင်နွှဲနိုင်ကြောင်းနှင့်မည်သူမဆို ထမနဲစတုဒိသာ သုံးဆောင်နိုင်ကြောင်းလေးစားစွာ ဖိတ်ခေါ်ထားသည်။

image

မြန်မာနိုင်ငံသဘင်အစည်းအရုံး (ဗဟို) ၏ ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများနှင့်အညီ အပြစ်ဒါ-ဏ်ကိုခံယူမည်ဟုအောင်ဇမ္ဗူဇာတ်သဘင်အဖွဲ့ ခံဝန်လက်မှတ်ရေးထိုးထား

လူမှုကွန်ရက်စာမျက်နှာ၌ ကလေးသူငယ်၏ ဂုဏ်သိက္ခာနှင့် စိတ်ပိုင်းဆိုင်ရာကို ထိခိုက်စေသော အပြုအမူအဖြစ် ဝေဖန်မှုများမြင့်တက်နေသည့် အောင်ဇမ္ဗူ ဇာတ်သဘင်အဖွဲ့မှ တာဝန်ရှိသူများသည် မြန်မာနိုင်ငံသဘင်အစည်းအရုံး (ဗဟို) ၏ ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများနှင့်အညီ အပြစ်ဒါ-ဏ်ကို ခံယူမည်ဟု ဝန်ခံကတိပြု၍ ခံဝန်လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၁၂ ရက်နေ့က ပဲခူးတိုင်း သဲကုန်းမြို့နယ် အင်းမရွှေကျောင်း ဘုရားပွဲတော်တွင် အောင်ဇမ္ဗူဇာတ်သဘင်အဖွဲ့က နှစ်ပါးသွား အစီအစဉ်တင်ဆက်သည့် အချိန်တွင် လူရွှင်တော်တစ်ဦးဖြစ်သူ ဖြိုးဖြိုးသည် စင်ပေါ်တက်၍ ဆုငွေချီးမြှင့်လာသော ကလေးငယ်တစ်ဦးအားပွေ့ချီယူပြီး အများအမြင်၌ လုံးဝ (လုံးဝ) မသင့်တော်သည့် အပြုအမူအား ဟာသသဖွယ် ပြုမူဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ အပြုအမှုကြောင့် မြန်မာနိုင်ငံသဘင်အစည်းအရုံး (ဗဟို) Official facebook Page သို့လည်းကောင်း၊ (ဗဟို) သဘင် အမှုဆောင်များထံသို့ လည်းကောင်း တိုင်ကြားမှုများရှိခဲ့ကြောင်း သိရသည်။
အဆိုပါအကြောင်းအရာသည် လူမှုကွန်ရက်စာမျက်နှာ၌ ကလေးသူငယ်၏ ဂုဏ်သိက္ခာနှင့် စိတ်ပိုင်းဆိုင်ရာကို ထိခိုက်စေသော အပြုအမူအဖြစ် ဝေဖန်မှုများမြင့်တက်နေသည့်အတွက် အောင်ဇမ္ဗူ ဇာတ်သဘင်အဖွဲ့မှ တာဝန်ရှိသူများဖြစ်သည့် တည်ထောင်သူ ခေါင်းဆောင်မင်းသား အောင်ဇမ္ဗူ၊ မန်နေဂျာ ကိုကျော်ဇေယျနှင့် လူရွှင်တော် ဖြိုးဖြိုးတို့အား ဗဟိုသဘင်ရုံးသို့ ဆင့်ခေါ်၍ သဘင်နာယကကြီးများ၊ ဥက္ကဋ္ဌနှင့်အမှုဆောင်များ ရှေ့မှောက်တွင် စိစစ်မေးမြန်းခဲ့ကြောင်း သိရသည်။
ထိုနောက် အောင်ဇမ္ဗူဇာတ်သဘင်အဖွဲ့မှလည်း ရည်ရွယ်ချက်မရှိပဲ သတိလက်လွတ်ပြုမူမိခဲ့သည့်အပေါ် ဝန်ချတောင်းပန်ကာ နောင်တွင် ထိုကဲ့သို့ အပြုအမူမျိုး မဖြစ်ပေါ်စေရန်နှင့် ထပ်မံဖြစ်ပေါ်ပါက ဗဟိုသဘင်၏ ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများနှင့်အညီ အပြစ်ဒါ-ဏ်ကို ခံယူပါမည်ဟု ဝန်ခံကတိပြု၍ ခံဝန်လက်မှတ် ရေးထိုးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံသဘင်အစည်းအရုံး (ဗဟို) အနေဖြင့် လူမှုအသိုင်းအဝိုင်းအတွက် စိတ်မချမ်းမြေ့ဖွယ်ရာအပြုအမူအဖြစ် မြန်မာနိုင်ငံသဘင် အစည်းအရုံးအနေဖြင့် လုံးဝ (လုံးဝ) လက်ခံခြင်း မရှိပါကြောင်းနှင့် မြန်မာနိုင်ငံသဘင်အစည်းအရုံး ဖွဲ့စည်းပုံအခြေခံ စည်းမျဉ်းပါ စာမျက်နှာ (၄၆) ၊ အခန်း (၁၀) ၊ အပိုဒ် (၅၂) ၊ အပိုဒ်ခွဲ (၂) အရ အဆိုပါ ဇာတ်သဘင်အဖွဲ့အား ပြင်းထန်စွာ သတိပေးလိုက်ကြောင်းလည်း ယနေ့တွင် ထုတ်ပြန်ထားသည်။

image

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) မှ အမေရိကန်ပြည်ထောင်စု နုတ်ထွက်

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) မှ နုတ်ထွက်ခြင်းသည် အမေရိကန်ပြည်ထောင်စုနှင့် ကမ္ဘာတစ်ဝန်းရှိ ပြည်သူ့ကျန်းမာရေးကို ထိခိုက်စေနိုင်ကြောင်း တစ်နှစ်ကြာ သတိပေးမှုများ ရှိခဲ့သော်လည်း၊ အမေရိကန်ပြည်ထောင်စုသည် ကြာသပတေးနေ့တွင် ထိုအဖွဲ့အစည်းမှ တရားဝင် နုတ်ထွက်ခဲ့သည်။ ကုလသမဂ္ဂ၏ ကျန်းမာရေးဆိုင်ရာ အေဂျင်စီဖြစ်သော WHO သည် COVID-19 ကပ်ရောဂါကို စီမံခန့်ခွဲရာတွင် မအောင်မြင်ခဲ့ခြင်းကြောင့် ယခုကဲ့သို့ ဆုံးဖြတ်ရခြင်းဖြစ်ကြောင်း အမေရိကန်က ပြောကြားခဲ့သည်။
သမ္မတ ဒေါ်နယ်ထရမ့်သည် ၂၀၂၅ ခုနှစ်တွင် သူ၏ သမ္မတသက်တမ်း ပထမဆုံးနေ့၌ပင် အုပ်ချုပ်မှုအာဏာဖြင့် အမိန့်ထုတ်ပြန်ကာ အမေရိကန်ပြည်ထောင်စုအနေဖြင့် အဆိုပါအဖွဲ့အစည်းမှ နုတ်ထွက်မည်ဖြစ်ကြောင်း အကြောင်းကြားစာ ပေးပို့ခဲ့ခြင်းဖြစ်သည်။
အမေရိကန် ကျန်းမာရေးနှင့် နိုင်ငံခြားရေးဌာနတို့၏ သတင်းထုတ်ပြန်ချက်အရ၊ အမေရိကန်ပြည်ထောင်စုသည် နုတ်ထွက်ခြင်းလုပ်ငန်းစဉ်များ အကောင်အထည်ဖော်ရန်အတွက်သာ WHO နှင့် အကန့်အသတ်ဖြင့် ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်သည်။
"ကျွန်တော်တို့အနေနဲ့ လေ့လာသူ(Observer) အဖြစ်လည်း ပါဝင်ဖို့ အစီအစဉ်မရှိသလို၊ ပြန်လည်ပူးပေါင်းဖို့ အစီအစဉ်လည်း မရှိပါဘူး" ဟု အမေရိကန်အဆင့်မြင့် ကျန်းမာရေးအရာရှိတစ်ဦးက ပြောကြားခဲ့သည်။ အမေရိကန်ပြည်ထောင်စုအနေဖြင့် ရောဂါစောင့်ကြည့်ခြင်းနှင့် အခြားသော ပြည်သူ့ကျန်းမာရေး ဦးစားပေးလုပ်ငန်းများတွင် နိုင်ငံတကာအဖွဲ့အစည်းတစ်ခုမှတစ်ဆင့် လုပ်ဆောင်မည့်အစား အခြားနိုင်ငံများနှင့် တိုက်ရိုက်ပူးပေါင်း ဆောင်ရွက်သွားရန် စီစဉ်ထားကြောင်း သူကပြောသည်။

image

ဝန်ကြီးဌာန(၃)ခုအတွက် ဒု-ဝန်ကြီးများခန့်အပ်တာဝန်ပေး

အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီရုံးမှ အမိန့်အမှတ် ၂/၂၀၂၆ ဖြင့် ဝန်ကြီးဌာန(၃)ခုအတွက် ဒု- ဝန်ကြီးများကိုခန့်အပ်တာဝန်ပေးခဲ့ကြောင်း ယနေ့ ဇန်နဝါရီ ၂၃ ရက်ကထုတ်ပြန်ခဲ့သည်။
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒု-ဝန်ကြီးအဖြစ် ဦးသက်ဝင်းအောင်၊ ပြည်ထဲရေးဝန်ကြီးဌာန ဒု- ဝန်ကြီးအဖြစ်ဗိုလ်ချုပ်မင်းသူ၊ စက်မှုဝန်ကြီးဌာန ဒု-ဝန် ကြီးအဖြစ်ဦးသွင်အောင်တို့ကို ခန့်အပ်တာဝန်ပေးခဲ့ခြင်းဖြစ်သည်။
၎င်းတို့အား အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီမှ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၂၇၊ ပုဒ်မခွဲ (ခ)အရ ခန့်အပ်တာဝန်ပေးခဲ့ခြင်းဖြစ်သည်။

image

ကမ္ဘောဒီးယားနိုင်ငံရှိ အွန်လိုင်းလိ-မ်လည်လေ-ာင်းကစားမှုများတွင်ပါဝင်ခဲ့သည့် မြန်မာနိုင်ငံသား(၁၃၆)ဦးကို ပထမအကြိမ်ပြန်လည်ခေါ်ဆောင်

ကမ္ဘောဒီးယားနိုင်ငံအတွင်း အွန်လိုင်းလိ-မ်လည်လေ-ာင်းကစားမှုများတွင်ပါဝင်ခဲ့သည့် မြန်မာနိုင်ငံသား(၆၇၅) ဦးသည် ၎င်းတို့အစီအစဉ်၊ ကမ္ဘောဒီးယားနိုင်ငံ ရဲတပ်ဖွဲ့နှင့် ဌာနဆိုင်ရာများကလွှဲပြောင်းပေးအပ်မှုတို့အရ ယနေ့ ဇန်နဝါရီ ၂၃ ရက်တွင် ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာသံရုံးသို့ရောက်ရှိခဲ့ကြောင်း သိရသည်။
ထို့ကြောင့် မြန်မာသံရုံးတာဝန်ရှိသူများမှ ရောက်ရှိလာသောမြန်မာနိုင်ငံသားများအနက် (၁၃၆)ဦးအား ပထမအသုတ်အဖြစ် မြန်မာ့လေကြောင်းလိုင်း(MAI)ဖြင့်ပြန်လည်ပို့ဆောင်ပေးခဲ့ရာ ယနေ့ ဇန်နဝါရီ ၂၃ ရက်နံနက်အစောပိုင်းတွင် မန္တလေးမြို့ရှိအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရသည်။
ပြန်လည်ရောက်ရှိလာသည့် မြန်မာနိုင်ငံသားများအား တာဝန်ရှိသူများက လိုအပ်သည့်ကိုယ်ရေးအချက်အလက်များနှင့် မှတ်တမ်းများစာရင်းကောက်ယူခြင်း၊ စစ်ဆေးခြင်းများပြုလုပ်ပြီး လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ကမ္ဘောဒီးယားနိုင်ငံတွင်ကျန်ရှိသည့် မြန်မာနိုင်ငံသားများကိုလည်း အမြန်ဆုံးပြန်လည်ခေါ်ဆောင်နိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

image

ရွေးကောက်ပွဲအပိုင်း(၃)အတွက် နိုင်ငံတကာရွေး ကောက်ပွဲစောင့်ကြည့်လေ့လာသူများရောက်ရှိနေ

လာမည့် ဇန်နဝါရီ ၂၅ ရက်တွင်ကျင်းပမည့် ရေကောက်ပွဲအပိုင်း(၃)အား စောင့်ကြည့်လေ့လာမှုများပြုလုပ်မည့် နိုင်ငံတကာရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများ ရန်ကုန်မြို့သို့ လေကြောင်းခရီးဖြင့်ရောက်ရှိလာခဲ့ကြပြီဖြစ်ကြောင်း သိရသည်။
အိန္ဒိယနိုင်ငံမှကိုယ်စားလှယ်အဖွဲ့သည် ဇန်နဝါရီ ၁၉ ရက်မွန်းလွဲပိုင်း၊ ဘယ်လာရုစ်နိုင်ငံ ဘယ်လာရုစ်ပါတီမှ Ms. Vohila N. Chamadanova ဦးဆောင်သော ကိုယ် စားလှယ်အဖွဲ့သည် ဇန်နဝါရီ ၂၁ ရက်ညပိုင်းတို့ကရောက်ရှိလာခဲ့ကြကြောင်း သိရသည်။
ထို့ပြင် အင်ဒိုနီးရှားနိုင်ငံရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် Ms. Yusti Erina ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့နှင့် နီပေါနိုင်ငံ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် Dr. Janaki Kumari Tuladhar ဦးဆောင်သောကိုယ်စား လှယ်အဖွဲ့တို့သည် ယနေ့ ဇန်နဝါရီ ၂၃ ရက်နံနက်ပိုင်းတို့ကရောက်ရှိလာခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
ထို့အတူ ကမ္ဘောဒီးယားနိုင်ငံ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် Mr. Yich Samethy ဦးဆောင်သောကိုယ်စား လှယ်အဖွဲ့၊ နီကာရာဂွါနိုင်ငံမှ Mr. Mario Jose Armengol Campos ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့၊ International Conference of Asian Political Parties (ICAPP) ဒု-ဥက္ကဋ္ဌ Dr. Chheng Kimlong ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့တို့သည်လည်း ယ နေ့ ဇန်နဝါရီ ၂၃ ရက်ညပိုင်းတွင်ရောက်ရှိလာခဲ့ကြကြောင်း သိရသည်။

image

အာဆီယံ မသန်စွမ်းအားကစားပြိုင်ပွဲ၌ မြန်မာက ရွှေတံဆိပ်(၁၁)ခုထိ ဆွတ်ခူးထား

ထိုင်းနိုင်ငံကအိမ်ရှင်အဖြစ်ကျင်းပနေသည့် ၁၃ ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲ ၌ ဇန်နဝါရီ ၂၃ ရက်နေ့ထိ မြန်မာက ရွှေတံဆိပ်(၁၁)ခု ၊ငွေတံဆိပ်(၁၀)ခု နှင့် ကြေးတံဆိပ်(၁၄)ခု ဆွတ်ခူးထားနိုင်ကြောင်း သိရသည်။
နိုင်ငံအလိုက် အဆင့်(၆)တွင်ရပ်တည်နေပြီး စုစုပေါင်းဆုတံဆိပ်(၃၅)ခုကို ဆွတ်ခူးထားနိုင်ခြင်းလည်းဖြစ်သည်။
ရေကူးပြိုင်ပွဲ၊ ဘော်လီဘောပြိုင်ပွဲ ၊ပြေးခုန်ပစ်ပြိုင်ပွဲ ၊သံလုံးပစ်ပြိုင်ပွဲ အပြေးပြိုင်ပွဲ ၊ စစ်တုရင်၊ ပြိုင်ပွဲများတွင် ဆုတံဆိပ်များ ဆုခူးထားနိုင်ခြင်းဖြစ်ကြောင်းလည်း သိရသည်။
အာဆီယံ မသန်စွမ်း အားကစားပြိုင်ပွဲ၌ အားကစားနည်း (၁၉)မျိုးပါဝင်ပြီး မြန်မာနိုင်ငံမှ အားကစားနည်း (၁၁) နည်းတွင် ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိကြောင်း သိရသည်။
လက်ရှိ၌ မြန်မာနိုင်ငံအနေဖြင့် ရေကူးအားကစားနည်း၊ သံလုံးပစ်အားကစားနည်း၊ သံပြားအဝိုင်းပစ် အားကစားနည်းတို့မှ ရွှေတံဆိပ်ရရှိထားသည်။
မြန်မာနိုင်ငံအနေဖြင့် အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲကို အုပ်ချုပ်နည်းပြ အပါအဝင် စုစုပေါင်း (၁၄၅) ဦး ဖြင့် ယှဉ်ပြိုင်လျက်လည်းရှိပြီး ဇန်နဝါရီ (၂၆)ရက်နေ့ထိ ယှဉ်ပြိုင်ရမည်လည်း ဖြစ်သည်။

image