7 w - Translate

လမ်းဘေးခွေးလေးတွေဟာ သက်တမ်းဘယ်လောက်ပဲ ရှင်သန်ခွင့်ရတာကို သင်သိပါသလား?

လမ်းဘေးခွေးလေးများရဲ့ သက်တမ်းကို အကျဉ်းချုပ် ဖော်ပြပေးပါမယ်။

လမ်းဘေးခွေးလေးတွေဟာ များသောအားဖြင့် ပျမ်းမျှသက်တမ်း ၃နှစ် မှ ၅နှစ်၊ အများဆုံး ၇နှစ် အတွင်းသာ ရှင်သန်နိုင်ကြပါတယ်။

အိမ်မွေးခွေးလေးတွေကတော့ ၁၀နှစ်က‌နေ ၁၅ နှစ်ထိရှင်သန်နိုင်ကြပါတယ်။

ဒါကြောင့် လမ်းဘေးခွေးလေးတွေရဲ့ သက်တမ်းဟာ အိမ်မွေးခွေးလေးတွေရဲ့ သက်တမ်းနဲ့ ယှဉ်ရင် သိသိသာသာကို တိုတောင်းပါတယ်။

⚠️ အဓိကသေဆုံးရတဲ့အကြောင်းအရင်းတွေကတော့

➡️ မတော်တဆမှုများ

လမ်းဘေးမှာနေထိုင်ရတဲ့ ခွေးလေးတွေအဖို့ ယာဉ်တိုက်မှုများက အဓိကသေဆုံးစေပါတယ်။

➡️ ရောဂါများ

ကာကွယ်ဆေးထိုးပေးတာမျိုး မရှိတဲ့အတွက် ခွေးရူးပြန်၊ ဝမ်းလျှော၊ အရေပြားရောဂါများဟာ အလွယ်တကူပဲ ဖြစ်ပွားပြီး ရောဂါပြင်းထန်တဲ့အခါ သေဆုံးကြရပါတယ်။

➡️ အာဟာရချို့တဲ့ခြင်း

ဒါ့အပြင့် မစင်နှင့် ညစ်ညမ်းအစာများ စားရခြင်းကြောင့် ကပ်ပါးများ၀င်လွယ်ကာ ကူးစက်ရောဂါ ခံစားကြရပြီး သေဆုံးကြရပါတယ်။

➡️ သဘာ၀နဲ့ လူများ

နေစရာအမိုးအကာ ရှားပါးမှုကြောင့် ရာသီဥတုဒဏ် (မိုး၊ အပူ)များကိုလည်း သာမန်ထက်ပိုခံစားကြရပါတယ်။

➡️ ဒါ့အပြင့် လူများကြောင့်ရသော ထိခိုက်ဒါဏ်ရာများကလည်း သေဆုံးသည်အထိ ဆိုးရွားတတ်ပါတယ်။

ဒါကြောင့် လမ်းဘေးခွေးလေးတွေဟာ သာမန်အိမ်မွေးခွေးလေးတွေထက် သက်တမ်းပိုတိုကြပါတယ်။

သင်ရော အစာကျွေးနေကျ လမ်းဘေးခွေးလေးကို ရုတ်တရက်မတွေ့
တော့တာမျိုး ကြုံဖူးသလား။

ကြုံလာတဲ့အခါ ပြုတဲ့ကုသိုလ်အမျှပေးဝေပေးလိုက်ပါ။

ငှက်ကျားလေးရဲ့စကားပုံပြင်

တောအုပ်ကြီးထဲက သစ်ပင်ကြီးတစ်ပင်မှာ ငှက်လေးတစ်ကောင် နေထိုင် သတဲ့ကွယ်။ အဲဒီငှက်လေးမှာ အလွန်လှပတဲ့ အမွေးအတောင်တွေအပြင် ချိုသာတဲ့ အသံလည်းရှိတာမို့ တိရိစ္ဆာန်အားလုံးက ချစ်ခင်နှစ်သက်ကြသတဲ့။ တစ်နေ့မှာတော့ ငှက်လေး အစာရှာဖွေသွားရင်း ငှက်ကျားလေးတစ်ကောင်ဟာအခြားငှက်တစ်ကောင် ကို ရန်ပြုစကားဆိုနေတာကို တွေ့ လိုက်ရသတဲ့။ ဒီတော့ ငှက်လေးက -

“အသင်ငှက်ကျားလေး၊ ဘာကြောင့် သူတစ်ပါးကို စကားနဲ့ ရန်ပြုနေရတာလဲ" လို့ ပြောလိုက်တဲ့အခါ ငှက်ကျားလေးက ဒေါသဖြစ်သွားတာပေါ့။

"မိတ်ဆွေငှက်လေး၊ ကျွန်ုပ်ကို အပြစ်တင်စကား မဆိုသင့်ပါ။ သင်နဲ့ သက်ဆိုင်ခြင်းမရှိလို့ သွားလိုတဲ့ခရီးကိုသာ သွားပါ" လို့ ငှက်ကျားလေးက ရန်လိုတဲ့ စကားတွေနဲ့ ပြောဆိုလိုက်သတဲ့။ အဲဒီတော့ ငှက်လေးက-

"မိတ်ဆွေ ငှက်ကျားလေး၊ ကျွန်ုပ်ပြောဆိုတဲ့ စကားက မိတ်ဆွေ ကောင်းဖို့ အတွက် ပြောဆိုခြင်းသာ ဖြစ်ပါတယ်။ မိတ်ဆွေအနေနဲ့ စကားကို မစောင့်စည်းဘဲ ပြောဆိုပါက အသက်အန္တရာယ်နဲ့ ကြုံတွေ့နိုင်ပါတယ်" လို့ ပြောဆိုတာပေါ့ကွယ်။

ဒါပေမဲ့ ငှက်ကျားလေးဟာ ငှက်လေးရဲ့ စေတနာစကားကို နားမဝင်ဘဲဒေါသတကြီးနဲ့ တုံ့ပြန်ပြောဆိုတာပေါ့ကွယ်။ငှက်လေးကတော့ ငှက်ကျားလေးရဲ့ စကားကို သည်းခံပြီး အစာရှာဖွေဖို့ထွက်ခွာသွားတာပေါ့ကွယ်။ ငှက်လေးဟာအစာရှာဖွေရင်း သစ်ခေါင်းထဲမှာ ဗိုက်ဆာပြီး အော်နေတဲ့ ဇီးကွက်ကြီးရဲ့ ငှက်သားပေါက်လေးတွေကိုတွေ့လိုက်ရသတဲ့။

ငှက်လေးဟာသူရှာဖွေလို့ရထားတဲ့ အစာတွေကိုငှက်သားပေါက်လေးတွေကိုကျွေးမွေး ထားသတဲ့။ ဇီးကွက်ကြီး အစာရှာဖွေပြီးပြန်လာတော့ သူ့ကိုယ်စား အစာကျွေးနေတဲ့ငှက်လေးကို တွေ့ လိုက်ရတော့ ဝမ်းသာသွားတာပေါ့ကွယ်။

"အသင်ငှက်လေး ကျေးဇူးတင်ပါတယ်။ သင်ဟာ အသံကောင်းရုံသာမကဘဲစိတ်စေတနာပါ ကောင်းမွန်လှပါတယ်။ အသင့်မှာ အရေးကိစ္စရှိရင် ကူညီပါ့မယ်" လို့ ဇီးကွက်ကြီးကပြောလိုက်သတဲ့။ အဲဒီလိုနဲ့ ငှက်လေးဟာ နေ့စဉ်အစာရှာဖွေရင်း ချိုသာ တဲ့အသံလေးနဲ့ တွန်ကျူးနေတာပေါ့ကွယ်၊ ငှက်လေးအပေါ်ကိုရန်ငြိုးထားတဲ့ ငှက်ကျား လေးကတော့ ငှက်လေးရဲ့ ချိုသာတဲ့အသံကို မကြားရအောင် ကြံဆောင်နေတာပေါ့။

“ငှက်လေးရဲ့ အသံကို အားလုံးက ချီးကျူးနေကြတယ်။ အဲဒီလိုမဖြစ်အောင် ကြံမှဖြစ်မယ်" လို့ တွေးပြီး အခြားတောအုပ်ထဲမှာ နေထိုင်တဲ့ ကျီးကန်းဆီကို သွားပြီး မြောက်ပင့်ပြောဆိုတာပေါ့ကွယ်။

"မိတ်ဆွေကျီးကန်း၊မိတ်ဆွေရဲ့ အသံသာမှုကို ကြားရသူအားလုံးက နှစ်သက် ကြပါတယ်။ ဒါပေမဲ့ မိတ်ဆွေထက် အသံသာတဲ့ ငှက်လေးရဲ့အသံကို ပိုပြီးနှစ်သက် ကြပါတယ်" လို့ ပြောတဲ့အခါ ကျီးကန်းလည်း မနာလိုဖြစ်သွားပြီး –

"ငှက်ကျားလေး အသင်ပြောသလို ငါ့အသံက ကောင်းရဲ့သားနဲ့ ငှက်လေး အသံက ပိုကောင်းတယ်ဆိုတာ မဖြစ်နိုင်ဘူး။ ငါ နားထောင်မှ ဖြစ်မယ်” လို့ ပြောဆိုပြီး ငှက်ကျားလေးနဲ့အတူ ငှက်လေးနေထိုင်တဲ့ သစ်ပင်ကြီးဆီကို သွားတာပေါ့ကွယ်။

"မိတ်ဆွေကျီးကန်းနဲ့ ငှက်ကျားလေး ဘာကိစ္စကြောင့်ကျွန်ုပ်ထံလာခဲ့ပါသလဲ" လို့ မေးမြန်းလိုက်သတဲ့။ ဒီတော့ ကျီးကန်းက -

"မိတ်ဆွေငှက်လေး၊ ဒီတောထဲမှာရှိနေတဲ့သတ္တဝါများဟာ ကျွန်ုပ်အသံထက် မိတ်ဆွေရဲ့အသံကို ပိုနှစ်သက်ကြတာကို သိရလို့ အသင့်ရဲ့အသံကို နားထောင်ချင်လို့ လာခဲ့ခြင်း ဖြစ်ပါတယ်" လို့ ပြောဆိုလိုက်သတဲ့။ ကျီးကန်းရဲ့ စကားကိုကြားတော့ ငှက်လေးဟာ သူ့အပေါ် မနာလိုဖြစ်နေတဲ့ ငှက်ကျားလေးရဲ့ အကြံဆိုတာကို သိရှိသွားတာပေါ့ကွယ်။ အဲဒီတော့ ငှက်လေးက -

"မိတ်ဆွေကျီးကန်း၊ ကျွန်ုပ်အသံကို တောအုပ်ထဲမှာ ကြားနေကျမို့ သိနေကြ ပါပြီ။ မိတ်ဆွေရဲ့အသံကို မကြားဖူးတဲ့အတွက် မိတ်ဆွေ အသံပေးကြည့်ပါ" လို့ ပြော လိုက်သတဲ့။ ငှက်လေးရဲ့စကားကိုကြားတော့ ကျီးကန်းကဟာ စိတ်ဆိုးသွားပြီး-

"မိတ်ဆွေငှက်လေး၊ အသင့်စကားအတိုင်း ကျွန်ုပ် တောအုပ်ထဲကိုသွားပြီး အသံပြုပါ့မယ်။ ကျွန်ုပ်အသံကိုကြားရင်နှစ်သက်ကြမှာသေချာပါတယ်။ မိတ်ဆွေလည်း နားထောင်ပါ" လို့ ပြောဆိုပြီးကျီးကန်းဟာ တောအုပ်ထဲကို သွားပြီး အသံပြုလိုက်တာ ပေါ့ကွယ်။ တောအုပ်ထဲမှာရှိတဲ့ တိရိစ္ဆာန်အားလုံးဟာ တစ်ခါမှ မကြားဖူးတဲ့ ကျီးကန်း ရဲ့အသံကိုကြားတော့ အံ့ဩသွားကြတာပေါ့။ အဲဒီအချိန်မှာ ဇီးကွက်ကြီးက-

"ဒီတောအုပ်ထဲမှာတစ်ခါမှမကြားဖူးတဲ့ ကျီးကန်းအော်သံကိုကြားရတာဟာ ထူးခြားနေပါလား။ ငါ့မိတ်ဆွေငှက်လေးရဲ့ အသံကိုတော့မကြားရဘူး။ ငှက်လေးများ အန္တရာယ်တစ်စုံတစ်ရာ ရှိနေပြီလားမသိဘူး။ ငါအကူအညီပေးမှဖြစ်မယ်"လို့တွေးပြီး-

"အသင်ကျီးကန်း၊ ဘာကြောင့် တောအုပ်ထဲကို လာပြီး အော်နေရတာလဲ။ အသင့်အသံကိုကြားရလို့ စိတ်ပျက်နေကြပါပြီ။ အသင်ကျီးကန်းကို ခေါ်ဆောင်လာသူ က ဘယ်သူလဲ"လို့ မေးသောအခါ ကျီးကန်းက -

"အသင်ဇီးကွက် ကျွန်ုပ်ရဲ့အသံကို ကြားရလို့ အသင် မနှစ်သက်သော်လည်း အခြားသူများကို မေးကြည့်ပါဦးမယ်" လို့ပြောဆိုပြီး ကျီးကန်းဟာ တောအုပ်ထဲရှိ တိရိစ္ဆာန်တွေကို လိုက်မေးကြည့်တာပေါ့ကွယ်။ ကျီးကန်းဟာ သူ့အသံကို ဘယ်သူမှ မနှစ်မြို့ဘူးဆိုတာကို သိသွားတာပေါ့ကွယ်။ ကျီးကန်းဟာ အလွန်စိတ်ဆိုးသွားပြီး -

မိတ်ဆွေငှက်ကျားလေး၊ သင့်ရဲ့စကားကိုယုံစားမိလို့ငါအရှက်ကွဲခဲ့ရပြီ”လို့ ပြောဆိုသတဲ့။ကျီးကန်းစကားကို ကြားတဲ့အခါ ငှက်ကျားလေးဟာ သူရဲ့ အကြံအစည် မအောင်မြင်မှန်းသိသွားပြီး "မိတ်ဆွေကျီးကန်း၊ အသင့်ရဲ့အသံကကောင်းမွန်ပါတယ်။

သာယာနာ ပျော်ဖွယ်ရှိအောင် အသံမပေးတတ်လို့ ဖြစ်ပါတယ်” လို့ ပြောလိုက်သတဲ့။ ကျီးကန်းဟာ စိတ်ဆိုးသွားပြီးငှက်ကျားလေးကိုထိုးဆိတ်ရန်ပြုတာပေါ့ကွယ်၊ ငှက်ကျား လေးဟာ ကျီးကန်းရဲ့ ထိုးဆိတ်မှုကြောင့် သူရဲ့အမွေးအတောင်တွေ မရှိတော့တာမို့ မပျံသန်းနိုင်တော့ဘူးပေါ့ကွယ်။

ဒီတော့မှ ငှက်ကျားလေးဟာ ငှက်လေးပြောဆိုခဲ့တဲ့ စကားကို သတိရသွားတာပေါ့ကွယ်။ "ငါ ငှက်လေးရဲ့စကားအတိုင်း နှုတ်မစောင့်ဘဲ သူတစ်ပါးကို မနာလိုဖြစ်ပြီး ပြောဆိုခဲ့တဲ့ စကားကြောင့် အခုလို အဖြစ်ဆိုးနဲ့ ကြုံတွေ့ ရပါလား” လို့ တွေးကာ အခြားတောအုပ်ကို ပြောင်းရွှေ့နေထိုင်သွားသတဲ့ကွယ်။

#ရွှေသွေးဂျာနယ်

image

ချောင်းထဲကဖားလေးပုံပြင်

တစ်ခါတုန်းက ချောင်းထဲမှာ နေထိုင်တဲ့ ဖားလေး တစ်ကောင်ရှိသတဲ့။ အဲဒီဖားလေးဟာ ချောင်းလေးဘေး က တွင်းထဲမှာ နေထိုင်တဲ့ ကဏန်းတစ်ကောင်နဲ့ မိတ်ဆွေ ဖွဲ့ပြီး နေထိုင်တာပေါ့ကွယ်။ တစ်နေ့ ဖားမလေးဟာ ချောင်း ထဲမှာ အစာရှာဖွေရာမရလို့ စိတ်ညစ်နေသတဲ့။ အဲဒီအချိန် မှာ ကဏန်းကတော့ အစာရှာဖွေပြီး ပြန်လာတာပေါ့။ ဖားလေးကို တွေ့တဲ့အခါ-

“မိတ်ဆွေဖားလေး၊ ဘာကြောင့် မှိုင်တွေနေတာ လဲ။ ကျွန်ုပ်လို အစာ မရှာဖွေဘူးလား" ကဏန်းရဲ့ အမေး စကားကို ကြားတော့ ဖားလေးက-

“မိတ်ဆွေကဏန်း ကျွန်ုပ် အစာရှာဖွေသော်လည်း မတွေ့ရပါ။ ဒါကြောင့် မှိုင်နေခြင်း ဖြစ်ပါတယ်” လို့ ပြော လိုက်သတဲ့။ ဖားလေးစကားကို ကြားတော့ ကဏန်းက-

“မိတ်ဆွေဖားလေး စားစရာရှာဖွေမရလို့ စိတ်မပျက် ပါနဲ့။ မိတ်ဆွေအတွက် စားစရာတွေ ပေါတဲ့နေရာကို ကျွန်ုပ် တွေ့ရှိထားပါတယ်။ ကျွန်ုပ်နဲ့ လိုက်ခဲ့ပါ”လို့ပြောဆို လိုက်သတဲ့။ ဒီတော့ဖားလေးဟာ ဝမ်းသာသွားပြီး ကဏန်း ခေါ်ဆောင်ရာနောက်ကို လိုက်သွားတာပေါ့ကွယ်။ချောင်း ဘေးတစ်နေရာကို ရောက်တော့ ကဏန်းက-

“မိတ်ဆွေဖားလေး၊ ဒီချုံပုတ်ကြီးထဲမှာ စားစရာ တွေရှိပါတယ်။ မိတ်ဆွေ ရှာဖွေစားပါ" လို့ ပြောဆိုပြီး သူ လည်း အစာရှာဖို့ ထွက်သွားတာပေါ့ကွယ်။ ဖားလေးလည်း ကဏန်းစကားအတိုင်း ချုံကြီးထဲကို ဝင်ကြည့်လိုက်သတဲ့။ ဒါပေမဲ့ ဖားလေးကြိုက်တဲ့ စားစရာတွေကို မတွေ့တဲ့အခါ ဖားလေးက ကဏန်းကို စိတ်ခုသွားပြီး-

“ငါ မိတ်ဆွေအဖြစ်သဘောထားတဲ့ ကဏန်းစကား ကို ယုံစားမိပြီး လာခဲ့တာ။ ဒီနေရာမှာစားစရာတွေ မတွေ့ ပါလား"လို့တွေးပြီး ဖားလေးဟာ သူနေထိုင်တဲ့နေရာကို ပြန်လာခဲ့တာပေါ့။ အဲဒီအချိန်မှာ အစာရှာဖွေစားပြီး ပြန် လာတဲ့ ကဏန်းဟာ ဖားလေးပြန်ရောက်နေတာကို တွေ့လိုက်ရလို့ အံ့ဩသွားတာပေါ့ကွယ်။

“မိတ်ဆွေဖားလေး၊ ဘာကြောင့် စောစီးစွာပြန် လာခဲ့တာလဲ။ ကျွန်ုပ်ပြခဲ့တဲ့ ချုံကြီးထဲမှာရှိတဲ့ စားစရာ တွေကိုရော ဝလင်အောင် စားခဲ့ရပါသလား"ဟုမေးရာ ဖားလေးက-

“မိတ်ဆွေကဏန်း အသင့်စကားကို ယုံစားပြီး ကျွန်ုပ်ချုံကြီးထဲမှာ ရှာဖွေကြည့်ရှုခဲ့သော်လည်း မည်သည့် စားစရာကိုမှ မတွေ့ရှိရပါ။ ဘာကြောင့် ကျွန်ုပ်ကိုလိမ်ညာ ပြီး ပြောဆိုခဲ့ပါသလဲ”လို့ အပြစ်တင်ပြောဆိုလိုက်သတဲ့။ ဖားလေးစကားကို ကြားတော့ ကဏန်းလည်း စိတ်မ ကောင်းဖြစ်ပြီး-

“မိတ်ဆွေဖားလေး၊ ကျွန်ုပ် အသင့်ကို လိမ်ညာပြီး မပြောဆိုပါ။ မှန်သောစကားကိုသာ ဆိုခြင်းဖြစ်ပါတယ်” လို့ ဖားလေးကို ပြောဆိုပြီး သူနေထိုင်တဲ့ တွင်းထဲကို ပြန်သွားသတဲ့ကွယ်။ ဖားလေးလည်း ဗိုက်ဆာဆာနဲ့ ချောင်းထဲကို ပြန်သွားတာပေါ့။ ချောင်းထဲမှာနေရင်းနဲ့ ဖားကြီးတစ်ကောင်ကို တွေ့ လို့ မေးမြန်းလိုက်သတဲ့။

“မိတ်ဆွေဖားကြီး၊ ကျွန်ုပ် စားစရာ ရှာဖွေသော် လည်း အနည်းငယ်သာ စားခဲ့ရပါတယ်။ စားစရာပေါများ တဲ့ နေရာကို ပြပါ” လို့ အကူအညီတောင်းလိုက်သတဲ့။ ဖားကြီးက ဖားလေးစကားကို ကြားတော့-

“ဖားလေးကိုငါ့ရဲ့ စားစရာပေါတဲ့နေရာကို ပြလိုက် ရင် ငါ စားဖို့ရှိတော့မှာ မဟုတ်ဘူး။ တခြားနေရာကို ပြမှ ဖြစ်မယ်” လို့ တွေးပြီး ဖားလေးကို ပြောဆိုလိုက်သတဲ့။

“အသင်ဖားလေး စားစရာအတွက် စိတ်မပူပင်ပါနဲ့။ ကျွန်ုပ် အကူအညီပေးပါ့မယ်။ကျွန်ုပ်ပြောပြတဲ့ချုံကြီးဆီ ကို သွားပါ။ အဲဒီမှာ စားစရာတွေ ပေါများပါတယ်"

ဖားလေးလည်း ဝမ်းသာသွားပြီး ဖားကြီးပြောတဲ့ ချုံကြီးဆီကို သွားတာပေါ့ကွယ်။ ဖားလေး ချုံကြီးထဲကို ဝင်ဖို့ကြည့်ရှုနေတဲ့အချိန်မှာကဏန်းဟာ အစာရှာဖွေရင်းဖားလေးကို တွေ့ရှိသွားသတဲ့။ ဒီတော့ ကဏန်းက- “မိတ်ဆွေဖားလေး၊ ဘာကြောင့် ဒီချုံကြီးထဲကို ဝင်ဖို့ စိတ်ကူးနေတာလဲ။ ဒီချုံကြီးဟာ မိတ်ဆွေဖားလေး အတွက် အသက်အန္တရာယ် ရှိနိုင်ပါတယ်" လို့ ပြောလိုက် ရာ ဖားလေးက-

“မိတ်ဆွေကဏန်း ကျွန်ုပ်အတွက် မစိုးရိမ်ပါနဲ့။ ကျွန်ုပ်မိတ်ဆွေ ဖားကြီးရဲ့ စကားအတိုင်း ဒီချုံကြီးထဲမှာ စားစရာတွေ အများကြီးရှိပါတယ်” လို့ ပြောဆိုလိုက် သတဲ့။ ဖားလေးစကားကို ကြားတော့ ကဏန်းက-

“မိတ်ဆွေ ဖားလေး ဒီချုံကြီးထဲကိုကျွန်ုပ်ရောက် ခဲ့ဖူးပါတယ်။ ဖားကြီးပြောတဲ့ စားစရာတွေ မတွေ့ရှိရပါ။ မိတ်ဆွေဖားလေး မယုံပါက ဝင်ပြီးကြည့်ရှုပါ” လို့ပြော ပြီး ကဏန်းက ဖားလေးကို စိတ်မချလို့ ချုံကြီးအပြင်က နေ စောင့်နေတာပေါ့။ ဖားလေးလည်း ချုံကြီးထဲကို ဝင် ပြီး ကြည့်တာပေါ့ကွယ်။ ဒါပေမဲ့ ဖားကြီး ပြောသလို စားစရာတွေကို မတွေ့ရတဲ့အခါ ချုံကြီးအပြင်ဘက်ကို ထွက်လာခဲ့ပါတယ်။ အဲဒီအချိန်မှာ သူ့မိတ်ဆွေကဏန်း က မြွေတစ်ကောင်ကို သန်မာတဲ့ လက်မကြီးနဲ့ညှပ်ပြီး သတ်လိုက်တာကို တွေ့လိုက်ရသတဲ့။ ကဏန်းက မြွေ ကို သတ်ရင်း-

“မိတ်ဆွေဖားလေး အသင်တွေ့ပြီ မဟုတ်လား။ ဒီချုံကြီးထဲမှာနေတဲ့မြွေက သင့်ကို ရန်မူဖို့ စောင့်နေတာ။ ဒါကို ကျွန်ုပ်တွေ့လို့ သတ်လိုက်ခြင်းဖြစ်ပါတယ်” လို့ ပြောလိုက်သတဲ့။ ဖားလေးလည်း သူ့ကို ရန်ပြုမယ့် မြွေ ကို မိတ်ဆွေဖြစ်တဲ့ ကဏန်းကသာ မကူညီခဲ့ရင် အသက် အန္တရာယ်ကြုံတွေ့နိုင်မယ်ဆိုတာကို သိသွားတာပေါ့ ကွယ်။ဒီတော့ ဖားလေးဟာ ကဏန်းရဲ့စိတ်ရင်းအမှန်ကို သိရှိသွားပြီး-

“မိတ်ဆွေကဏန်း ကျွန်ုပ် သင့်အပေါ် အထင်လွဲ မှားပြီး ငြိုငြင်မိခဲ့တာကို ခွင့်လွှတ်ပါ။ မိတ်ဆွေရဲ့ စိတ်ရင်းစေတနာကို သိရလို့ ကျွန်ုပ် နောင်တရပါပြီ”လို့ ပြောဆိုတာပေါ့။ ဒီတော့ ကဏန်းက စားစရာပေါများ တဲ့ ချုံကြီးကို ဖားလေးကို ပြလိုက်ပြီး-

“မိတ်ဆွေဖားလေး ဒီချုံကြီးထဲမှာ စားစရာတွေရှိ ပေမဲ့ မိတ်ဆွေအနေနဲ့ ဇွဲ၊ လုံ့လ၊ ဝီရိယအပြင် သတိအသိ ထားပြီး ရှာဖွေစားနိုင်မှ အသက်အန္တရာယ်ကင်းလွတ် မှာ ဖြစ်ပါတယ်" လို့ ပြောဆိုလိုက်သတဲ့။ ဒီတော့ ဖား လေးလည်း မိတ်ဆွေဖြစ်တဲ့ ကဏန်းစကားကို သဘော ပေါက်သွားတာပေါ့။ အဲဒီနေ့ကစပြီး ဖားလေးဟာ မိတ်ဆွေဖြစ်တဲ့ ကဏန်းနဲ့အတူ မခွဲမခွာ အတူနေထိုင် သွားတာပေါ့ကွယ်။

#ရွှေသွေးဂျာနယ်

#ပုံပြင်များ

image

မိခင်ဖခင်ကျေးဇူးရှင်

ကန်တော်မင်းကျောင်းဆရာတော် ရေးသားသည့် လောကသာရဆုံးမစာများအတွင်းမှ မိဘတို့ကို ရိုသေလေးစားစွာ ပြုစုလုပ်ကျွေးသင့်ကြောင်း ဆုံးမစာကို ရွှေသွေးတို့ ဗဟုသုတ ရရှိစေရန်နှင့် မှတ်သားနာယူနိုင်စေရန် ဖော်ပြပေးလိုက်ပါသည်။ မိခင် ဖခင်၊ ကျေးဇူးရှင်ကို ချစ်ခင်မြတ်နိုး၊ ဂူပုထိုးသို့ ရှိခိုးဦးတင်၊ ကြည်လင်မြတ်လေးသိမ်းမြန်းမွေး၍၊ လုပ်ကျွေးခယ ရိုတုပ်ကွလျက်၊ ကြီးထသက်အို မျိုးဆွေကိုလည်း၊ ကြည်ညိုညွတ်တိမ်း ပိုက်ထုပ်သိမ်း၍ မယိမ်းစင်းလျင်း၊ ငြိမ်းစေမင်း။

ဆုံးမစာလေးကို အဓိပ္ပာယ်ဖွင့်ရမည်ဆို လျှင် မိမိ၏ မိခင်၊ ဖခင်ကျေးဇူးရှင်မိဘတို့ကို ချစ်ခင်တန်ဖိုးထားရမည်။ ဘုရားစေတီပုထိုးများ ကို လေးမြတ်စွာ ကြည်ညိုရှိခိုးသကဲ့သို့ မိဘတို့ ကို ဒူးပုဆစ်တုပ်ပြီး ကြည်ညိုကန်တော့ရမည်။ ရိုသေစွာ ပြုစုလုပ်ကျွေးရမည်။ အိုမင်း ကြီးရင့်နေ သူ ဆွေမျိုးသား ချင်းများ၏ လိုအပ်သည်များကို လည်း ဂရုတစိုက် ယုယကြင်နာစွာ ပြုစုစောင့် ရှောက်လုပ်ကျွေးကြရမည်ဟူ၍ ဖြစ်ပါသည်။

ဤဆုံးမစာက ဆုံးမထားသည့်အတိုင်း မိဘဆွေမျိုးသားချင်းများကိုပြုစုလုပ်ကျွေးမည် ဆိုပါက ရွှေသွေးတို့၏ ဘဝတစ်လျှောက်လုံး သာယာပျော်ရွှင်လျက် ရည်မှန်းချက်များ ပြည့်စုံ အောင်မြင်သည့် အကျိုးကျေးဇူးများ ရရှိနိုင်မည် ဖြစ်ပါသည်။

(ကိုးကားချက်-ယဉ်ကျေးလိမ္မာမျိုးမြန်မာ ယဉ်ကျေးမှုစာတမ်းများ)
#ရွှေသွေးဂျာနယ်

#ပုံပြင်များ

image

အကြွားသန်တဲ့ ယုန်ကလေးပုံပြင်
==================
မြေခွေးတစ်ကောင်သည် အစာရှာဖွေရန် တောအုပ် ထဲသို့ ထွက်လာလေသည်။ တစ်နေရာ၌ ယုန်လေး တစ်ကောင်သည် အစာရှာဖွေရင်း မြေခွေးနှင့် တွေ့ဆုံ လေသည်။ ထိုစဉ် ယုန်လေးက -

"မြေခွေးဟာ အသားစားကျူးတယ်၊ ငါ့ကိုတွေ့ ရင် မဖြစ်မနေရန်ပြုမည်မှာ သေချာတယ်။ ငါ မြေခွေး ရန်က လွတ်အောင်ကြံမယ်" ဟု တွေးကာ အနီးရှိ ချုံပုတ်ထဲသို့ ပြေးဝင်ကာ သေချင်ဟန်ဆောင်နေလိုက် လေသည်။ မြေခွေးသည် ယုန်လေးကို တွေ့သွားပြီး ချုံပုတ်အတွင်းသို့ ဝင်၍ ကြည့်ရှုလေသည်။

"ယုန်က သေနေပါလား။ ငါတွေ့လိုက်ရတဲ့ ယုန် လား၊ ဒါမှမဟုတ် အခြားယုန်များ သေနေတာလား"

မြေခွေးသည်ဝေခွဲမရသည့်စိတ်ဖြင့် ယုန်သေအနီး တွင် ထိုင်၍ နေလေသည်။ ထို့နောက် မြေခွေးသည် ယုန်လေးကို နမ်းကြည့်လေရာ -

"ဒီယုန်လေး သေတာ မကြာသေးဘူး၊ နောက်နေ့ မှ ငါစားမယ်" ဟု တွေးကာ ပြန်သွားလေသည်။ ထိုအခါ သေချင်ဟန်ဆောင်နေသည့် ယုန်လေးသည် မြေခွေးရန် မှ လွတ်မြောက်သွား၍ အခြားတိရစ္ဆာန်များကို ပြောဆို လေသည်။

"မြေခွေးကြီးငါ့ကိုကြောက်ပြီးထွက်ပြေးသွားတယ်" တောအုပ်ထဲရှိ ဇီးကွက်က ယုန်လေးစကားကို ကြားကာ မယုံနိုင်အောင် ဖြစ်သွားလေသည်။

"ယုန်လေးရဲ့ စကားဟာ ယုံနိုင်စရာမရှိပါ။ မြေခွေး ဟာ အသားစားကျူးတာမို့ အလွတ်ပေးမှာ မဟုတ်ပါ။ ယုန်လေးရဲ့ ကြွားဝါပြောဆိုတဲ့ စကားသာပြီး ဖြစ်နိုင် တယ်"

ဇီးကွက်စကားကို ကြားလျှင် ယုန်လေးက - "အသင်ဇီးကွက် … ကျွန်ုပ်ကိုယ်တိုင် မြေခွေးနဲ့ ကြုံတွေ့ခဲ့လို့ ပြောဆိုခြင်းဖြစ်ပါတယ်" ဟု ပြောဆိုလေ သည်။ ထိုအခါ ဇီးကွက်က …

"အသင်ယုန်လေး … မြေခွေးအခြေအနေသိရအောင် ကျွန်ုပ်နဲ့ လိုက်ခဲ့ပါ"

ဇီးကွက်စကားကြောင့် ယုန်လေးသည် တောအုပ် ထဲသို့ ထွက်လာခဲ့လေသည်။ တောအုပ်ထဲသို့ရောက်လျှင် ဇီးကွက်က …

"အသင်ယုန်လေး … ကျွန်ုပ်ဟာ အမြင့်ကိုပျံသန်း၍ မြေခွေးကို အရင်ဆုံး တွေ့မြင်နိုင်ပါတယ်။ မြေခွေးလာ ရင် ကျွန်ုပ် အသံပြုပါ့မယ်။ အသင်ယုန်လေး လွတ်အောင် ပုန်းရှောင်ပါ"ဟုပြောဆိုကာမြေခွေးအလာကိုစောင့်ကြည့် လေသည်။ မြေခွေးသည် ဗိုက်ဆာလာ၍ ယုန်သေတွေ့ခဲ့ သည့် ချုံပုတ်ဆီသို့လာနေသည်ကို ဇီးကွက်က တွေ့မြင် လျှင် ယုန်လေးသိရန် အသံပေးလိုက်လေသည်။

ထို့ကြောင့် ယုန်လေးသည် ဇီးကွက်အသံပြုသည်ကို ကြားလျှင် မြေခွေးရန်က လွတ်ရန် ချုံကြီးအတွင်းတွင် ပုန်း အောင်း၍ နေလေသည်။ မြေခွေးသည် ယခင်နေ့က တွေ့ခဲ့ သည့် ယုန်သေကို စားသောက်ရန် ချုံပုတ်အတွင်းသို့ ဝင်သွားလေသည်။ မြေခွေးသည် ယုန်သေကို မတွေ့ရှိရ၍ အံ့အားသင့်သွားသည်။

"ငါ… ယုန်သေကို သေသေချာချာ နမ်းကြည့်ခဲ့တာပါ။ လတ်လတ်ဆတ်ဆတ်သေနေတာ အမှန်ပဲ။အခုယုန်သေ ကို မတွေ့ရဘူးဆိုတော့ ယုန်လေးက ငါ့ကို လှည့်စားသွား တာပဲ ဖြစ်မယ်။ ယုန်လေးကို တွေ့အောင်ရှာမယ်" ဟု မြေခွေးက ကြိမ်းမောင်းပြောဆိုကာ တောအုပ်အတွင်းသို့ ဝင်၍ ယုန်လေးကို ရှာဖွေလေသည်။ ယုန်လေးသည် မြေခွေး၏ အဖြစ်ကို တွေ့လိုက်ရ၍ ဇီးကွက်ကို ပြောဆို လေသည်။

“အသင်ဇီးကွက်…မြေခွေးသည် ကျွန်ုပ်ကိုတွေ့အောင်မရှာနိုင်ဘဲ ကြောက်လန့်ပြီး ထွက်ပြေးပြန်ပြီ မဟုတ်လား" ဟု ကြွားဝါစကား ဆိုပြန်လေသည်။ ထိုအခါ ဇီးကွက်က -

"အသင်ယုန်လေး... ကြွားဝါခြင်းကို မခုံမင်ပါနဲ့။ အသင်ယုန်လေးတစ်နေ့ ဒုက္ခရောက်လိမ့်မယ်"ဟုပြောဆိုကာ ပြန်သွားလေသည်။ ယုန်လေးသည် သူ့ကိုမြေခွေး ကြောက်ရွံ့ ကြောင်းကို ကြွားဝါပြီး ပြောဆိုပြန်လေ သည်။ ယုန်လေးစကားကို တောအုပ်ထဲရှိ မျောက်ကြီး တစ်ကောင်က သိရှိသွားလေသည်။ ထို့ကြောင့် မျောက်ကြီးက ယုန်လေးကို ခေါ်၍ -

"အသင်ယုန်လေး... ကြွားဝါခြင်းအမှုကို ဆက် မပြုပါနဲ့။ မြေခွေးက အသင့်ကိုတွေ့ရင် အလွတ်ပေးမည် မဟုတ်၍ အသက်အန္တရာယ် ရောက်ရှိနိုင်ပါတယ်" ဟု သတိပေးစကား ဆိုလေသည်။ ယုန်လေးသည် ဇီးကွက်နှင့် မျောက်ကြီးတို့၏ပြောဆိုဆုံးမမှုကို နား မထောင်ဘဲ အခြားတိရစ္ဆာန်များကို ကြွားဝါစကား ဆိုပြန်လေသည်။ ယုန်လေး၏ စကားကို မြေခွေး ကြားသိ၍ ဒေါသဖြစ်သွားလေသည်။

"ဒီယုန်လေးက သူ့ကို ငါကြောက်၍ ထွက်ပြေး တယ်လို့ စကားဆိုနေပါလား။ ဒီတစ်ခါတွေ့ရင် ဒီယုန် ကိုတော့ အလွတ်မပေးတော့ဘူး“ ဟု ကြိမ်းဝါးကာ တောအုပ်ထဲတွင် စောင့်နေလေသည်။ ယုန်လေးသည် မြေခွေး၏ အကြံအစည်ကို မသိဘဲ တောအုပ်ထဲသို့ အစာရှာထွက်လာလေသည်။ ယုန်လေးသည် မြေခွေး ကိုတွေ့ရှိ၍ကျောက်ဂူကြီးထဲတွင်ပုန်းအောင်းနေလေ သည်။ မြေခွေးသည်လည်း ယုန်လေးကိုစောင့်မြဲစောင့် နေလေသည်။ ထို့ကြောင့် ယုန်လေးသည် အစာ ရှာဖွေမစားနိုင်ဘဲ ကျောက်ဂူထဲတွင် ဒုက္ခရောက်နေ လေသည်။

ယုန်လေးအဖြစ်ကို မျောက်ကြီးကတွေ့မြင်သွား ပြီး ယုန်လေးထံသို့ သွားရောက်၍ - "အသင်ယုန်လေး အသင့်စကားကြောင့် သင်
လက်တွေ့ ဒုက္ခရောက်နေပြီ မဟုတ်လား" ထိုအခါ ယုန်လေးသည် မျောက် ကြီး ကို အကူအညီ တောင်းလေသည်။

"အသင်မျောက်ကြီး ကျွန်ုပ်မြေခွေးရန်ကြောင့် အစာရှာဖွေစားသောက်ဖို့ အခက်ကြုံနေပါတယ်" ဟု ပြောဆိုလေသည်။ ထိုအခါ မျောက်ကြီးက ... "အသင်ယုန်လေး … ကြွားဝါပြောဆိုမှုကိုရပ်တန့်ပါမယ်ဟု ကတိပေးပါက ကျွန်ုပ် မြေခွေးကိုတောင်းပန်ပေးပါ့မယ်" ဟု ပြောဆိုလေသည်။ ထိုအခါယုန်လေးက -

"အသင်မျောက်ကြီး .. ကျွန်ုပ် ကြွားဝါခြင်းအမှု ကို ရပ်တန့်ပါမယ်" ဟု ကတိပြုလေသည်။ ထို့ကြောင့် မျောက်ကြီးသည် ယုန်လေးကို ရန်ပြုရန် စောင့်နေ သည့် မြေခွေးကို ပြောဆိုလေသည်။

"အသင်မြေခွေး... အသင့်ကြောင့် ယုန်လေး အစာရှာဖွေ မစားနိုင်တော့ပါ။ အသင့်ကို ကြောက်ရွံ့၍ သေချင်ဟန်ဆောင်နေရခြင်း ဖြစ်ပါတယ်" ဟု မြေခွေး ကို တောင်းပန်စကား ဆိုလေသည်။ ထိုအခါ မြေခွေး သည် မျောက်ကြီးစကားကို ကြားပြီး ယုန်လေးကို ခွင့်လွှတ်၍ တောအုပ်ထဲသို့ ပြန်သွားလေသည်။ ယုန်လေးသည် မိမိမကြွားဝါသင့်ဘဲ၊ ကြွားဝါပြောဆို ခဲ့မှုကြောင့် ဒုက္ခရောက်ရှိခဲ့သည်ကို နောင်တရကာ မိမိနေထိုင်ရာ အရပ်သို့ ပြန်သွားလေတော့သည်။ ။

#ရွှေသွေးဂျာနယ်
#ပုံပြင်များ

image

မေတ္တာတရားပြည့်ဝလျှင်ပုံပြင်
===============

တစ်ခါတုန်းက ညီအစ်ကိုသုံးယောက်နေထိုင်တဲ့ အိမ်ရှေ့ကို အဘိုးအိုတစ်ယောက်ဟာ အဝတ်ထုပ်ကလေး ထမ်းပြီး ရောက်လာတယ်။ အဲဒီညီအစ်ကိုသုံးယောက်မှာ မိဘတွေမရှိကြတော့တဲ့အတွက် နေ့စဉ်နေ့တိုင်းကျပန်း အလုပ်တွေကိုတစ်နေရာစီ သွားရောက်လုပ်ကိုင်ပြီး ဝင်ငွေ ရှာကြရတယ်။ သူတို့ညီအစ်ကိုသုံးယောက်ဟာ အိမ်စရိတ် ကို တာဝန်ခွဲဝေယူထားကြပြီး အစ်ကိုအကြီးဆုံးဖြစ်တဲ့ မောင်ကြီး အလုပ်လုပ်လို့ရတဲ့ ငွေနဲ့ ဆန်ဝယ်ရတယ်။ အစ်ကိုလတ်ဖြစ်တဲ့ မောင်လတ်က ဟင်းချက်စရာတာဝန် ယူရတယ်။ အငယ်ဆုံးဖြစ်တဲ့ မောင်ငယ်က ဆီ၊ ဆား၊ ကြက်သွန်ကို တာဝန်ယူရတယ်။

တစ်နေ့မှာတော့ မောင်ကြီးနဲ့ မောင်လတ်တို့ဟာ အလုပ်သွားလုပ်ကြပြီးမောင်ငယ်ကတော့ နေမကောင်းတာ မို့အိမ်မှာ နေခဲ့ရပါတယ်။ အဲဒီနေ့မှာအဘိုးအိုတစ်ယောက် ဟာ အထုပ်တစ်ထုပ်ကိုကိုင်ပြီး အိမ်ရှေ့မှာ ရပ်နေတာကို မြင်တော့ မောင်ငယ်ဟာ အိမ်ထဲကနေ ထွက်လာပြီး-

"အဘိုးအိမ်ထဲဝင်ထိုင်ပြီး နားလိုက်ပါဦး။ကျွန်တော် ဘာများကူညီပေးရမလဲ"

"လူလေးက တစ်ယောက်တည်းလား။ အဘိုးက
ခရီးသွားဧည့်သည်ပါ"

"ကျွန်တော်တို့မှာ ညီအစ်ကို သုံးယောက်ရှိပါတယ်။ အစ်ကိုနှစ်ယောက်က အလုပ်သွားလုပ်နေကြပါတယ်။ အိမ်ထဲဝင်ပြီး အမောအပန်းဖြေလို့ရပါတယ်" အဘိုးအိုက အိမ်ထဲဝင်ပြီး ထိုင်နေလိုက်တယ်။

အဲဒီအခါ မောင်ငယ်က-
"ရေသောက်ပါဦး အဘိုး။ အဲဒီအထုပ်က ဘာထုပ်လေးလဲ"

"အဘိုးပိုင်ဆိုင်တဲ့ ပစ္စည်းဥစ္စာတွေပါကွယ်။ အဘိုးက အသက်အရွယ်ကြီးရင့်နေပြီလေ။ အဲဒါကြောင့် အဘိုး ပိုင်တဲ့ ပစ္စည်းဥစ္စာတွေကို ထိုက်တန်တဲ့သူကိုပေးခဲ့ချင်ပါ တယ်"

မောင်ငယ်က အဘိုးအိုပြောတဲ့စကားကိုစဉ်းစားပြီး တွေဝေနေတယ်။ နေ့လယ်ရောက်တော့ မောင်ငယ်က သူ စားမယ့် နေ့လယ်စာကို အဘိုးအိုကို ကျွေးမွေးတယ်။

"ဒီနေ့လယ်စာကို အဘိုး စားလိုက်ရင် လူလေးဆာလောင်နေမှာပေါ့"

"ရပါတယ်အဘိုး။ ကျွန်တော် မဆာပါဘူး၊ အဘိုးကို ကုသိုလ်ပြုခွင့်ပေးပါ။ စားသုံးပါ”

အဘိုးအို နေ့လယ်စာစားပြီးတဲ့အခါ မောင်ငယ် -
"အဘိုး ခရီးပန်းလာတဲ့အတွက် ခဏလောက်
အိပ်စက်အနားယူလိုက်ပါ" လို့ ဆိုလိုက်ပါတယ်။

ညနေရောက်တော့ မောင်လတ်ဟာ ဟင်းချက် စရာ အထုပ်ကလေးကို ကိုင်ပြီး အိမ်ကို ပြန်လာပါတယ်။

သူ့အိမ်မှာ ရောက်နေတဲ့ အဘိုးအိုကိုတွေ့တော့- "မောင်ငယ်၊ ဒီအဘိုးအိုကအိမ်ကို ဘာလာလုပ်တာလဲ"

"ခရီးသွားရင်း ခဏဝင်နားတာပါ"

မောင်လတ်ဟာ ဝယ်လာတဲ့ ငါးတွေကို ခုတ်ထစ် ပိုင်းပြီး ချက်ပြုတ်လိုက်ပါတယ်။

"မောင်ငယ်ရေ၊ ဒီနေ့ မင်း အလုပ်မသွားနိုင်တော့ မပြည့်မစုံနဲ့ ချက်ပြုတ်ထားတာပေါ့။ စားကောင်းပါ့မလား မသိပါဘူး”

"စားကောင်းမှာပါ ကိုလတ်ရာ။ အဘိုးလည်းညနေ စောင်းနေပြီဆိုတော့ ဒီတစ်ည ကျွန်တော်တို့ အိမ်မှာပဲ အိပ်ပြီး မနက်ကျမှ ခရီးဆက်ပါတော့" လို့ မောင်ငယ်ကအဘိုးအိုကို ပြောလေတယ်။

ညမိုးချုပ်ခါနီးရောက်တော့ မောင်ကြီးဟာ ဆန်ထုပ် ကလေးကို ပိုက်ပြီး အိမ်ပြန်လာတယ်။

"အစ်ကိုကြီးကလည်း နောက်ကျလိုက်တာ"

"အေးကွယ်။ အလုပ်က ပြီးစီးအောင် လုပ်ပေးနေရလို့ပါ”

ညစာချက်ပြုတ်ပြီးတော့ညီအစ်ကိုသုံးယောက်ဟာထမင်းပွဲပြင်လိုက်ပြီး အဘိုးအိုကို အရင်စားသုံးဖို့ ပြောပါတယ်။ အဲဒီအခါ အဘိုးအိုက-

"လူလေးတို့သုံးယောက်ကို မေးစရာရှိလို့လာခဲ့တာပါ။ ပထမဦးဆုံး မောင်ကြီးကို အရင်မေးမယ်"

"မေးပါ အဘိုး"

"လူ့ဘဝမှာစည်းစိမ်ဥစ္စာချမ်းသာမှုရယ်၊အောင်မြင်မှုရယ်၊ မေတ္တာတရားရယ်ရှိပြီး အဲဒီသုံးခုထဲကတစ်ခုရွေးပါ ဆိုရင် မင်းက ဘာကိုရွေးချယ်မလဲ"

မောင်ကြီးက သူတို့ညီအစ်ကိုသုံးယောက် အေးအေးဆေးဆေးနေချင်တာကြောင့်-

"ကျွန်တော်ကတော့ စည်းစိမ်ဥစ္စာ ချမ်းသာမှုကို
ရွေးမယ်အဘိုး"

မောင်လတ်က လူတွေအားလုံးထဲမှာ အအောင်မြင် ဆုံးလူ ဖြစ်ချင်တာကြောင့်-
"ကျွန်တော်ကတော့အောင်မြင်မှုကို ရွေးမယ်အဘိုး"

မောင်ငယ်က လူတိုင်းအပေါ် မေတ္တာစေတနာ ထားတတ်တဲ့သူဆိုတော့-
"ကျွန်တော်ကတော့ မေတ္တာတရားကို ရွေးမယ်
အဘိုး"

အဘိုးအိုက မောင်ငယ်ရဲ့စကားကို ကြားရတော့ မျက်နှာပြုံးရွှင်လာပြီး သူနဲ့အတူ ပါလာတဲ့ အဝတ်ထုပ် ကလေးကိုမောင်ငယ်ကို ပေးလိုက်ပါတယ်။ မောင်ငယ်က အထုပ်ကလေးကို ဖြေကြည့်လိုက်တော့ အထဲမှာ ရွှေ၊ ငွေပစ္စည်းတွေကို တွေ့လိုက်ရတယ်။

"အဘိုးက လူလေးကို ဆုချတာ။ လူလေးတို့ မှတ် ထားကြ။မေတ္တာတရား ပြည့်ဝနေရင်ချမ်းသာကြွယ်ဝမှုနဲ့ အောင်မြင်မှုဆိုတာ အလိုလိုရလာမှာပဲ" လို့ ဆုံးမတယ်။

အဲဒီနောက်အဘိုးအိုနဲ့ ညီအစ်ကိုသုံးယောက်တို့ဟာ ညစာကို ပျော်ရွှင်စွာ စားသုံးကြပါတယ်။ ညီအစ်ကို သုံးယောက်တို့ဟာ အဘိုးအိုကို မိဘသဖွယ် သဘော ထားတာကြောင့် သူတို့နဲ့ အတူနေဖို့ ဝိုင်းပြောကြတယ်။ အဘိုးကလည်း လက်ခံတာမို့ ညီအစ်ကိုသုံးယောက်လုံး ဟာ ဝမ်းသာပီတိဖြစ်နေကြပါတော့တယ်။

#ရွှေသွေးဂျာနယ်
#ပုံပြင်များ

image

အရာရာနဲ့အကြောင်းကြောင်းပုံပြင်

တစ်ခါတုန်းက ရွာတစ်ရွာမှာ ဘာလုပ်လုပ် အဆင် မပြေတဲ့ တာပေါင်းဆိုတဲ့ လူငယ်လေးတစ်ယောက် ရှိ တယ်။ မိဘနှစ်ပါးက သူတို့ရဲ့သားဟာ ဘာလုပ်လုပ် ပြဿနာ တစ်ခုမဟုတ် တစ်ခု တက်တာမို့ ဘာမှမခိုင်းရဲ ကြဘူး။ တာပေါင်းကိုယ်တိုင်ကလည်း သူလုပ်ရင် ပြဿနာ တက်တာမို့ စိတ်ညစ်နေရှာတယ်။

“အင်း… ငါကတော့ အလုပ်ကို သေသေချာချာလုပ် တာပဲ။ ဒါပေမဲ့ ပြဿနာက တစ်ခုမဟုတ်တစ်ခု တက်တတ် တော့ ခက်တာပဲ”

သူရဲ့မိဘနှစ်ပါးကလည်းသူတို့ရဲ့သား တာပေါင်းကို ဘာမှမခိုင်းရင် ဘာမှမလုပ်တတ်ဘဲ သူတို့ သေဆုံးသွား တဲ့အခါ ဘာမှမလုပ်စားတတ်ဘဲ ဒုက္ခရောက်သွားမှာကို စိုးရိမ်နေကြတယ်။ အဲဒါကြောင့် ဖခင်ဖြစ်သူက-

“ဟဲ့… ငါ့သား တာပေါင်း၊ အိမ်မှာ ထင်းတွေ ကုန်နေ တယ်။ တောထဲမှာ ထင်းသွားခုတ်ပါလား"

“ထင်းသွားခုတ်တာက ဟုတ်ပါတယ်။ ကျုပ်တို့အိမ် မှာ ဓားကောင်းကောင်းမှ မရှိတာ”

“အေး... အဲဒါလည်း ဟုတ်တာပဲ။ ဒါဆိုရင် ရွာထဲက ဖိုးကြွက်ဆီက ဓားငှားသွားကွာ”

“ဟုတ်ကဲ့ အဖေ”

တာပေါင်းဟာ ဖိုးကြွက်ထံက ဓားငှားပြီး တောထဲမှာ ထင်းသွားခုတ်တယ်။ လူတစ်နိုင်စာ ထင်းစည်းရတဲ့အခါ တာပေါင်းက ထင်းစည်းကို ထမ်းပြီး ရွာကို ပြန်လာပါတယ်။

“ဟ... ဒီလိုဆိုတော့လည်း ငါ့သားက ဘယ်ဆိုးလို့တုန်း၊ ဩော်... ဒါနဲ့ ရွာထဲက ဖိုးကြွက်ရဲ့ဓားကို ငှားသွား တာ မဟုတ်လား။ ဓားကို ပြန်အပ်ခဲ့ပြီလား”
သူ့အဖေက မေးတော့မှ တာပေါင်းက သတိရသွား တယ်။

“ဟာ.. ဟုတ်ပါရဲ့။ တောထဲက ထင်းခုတ်တဲ့နေရာ မှာ ဓားကျန်ခဲ့ပြီ”

“တာပေါင်းရယ်။ မင်းကတော့ ပြဿနာရှာပြန်ပြီ”

“မနက်ဖြန်လည်း တောထဲကို ထင်းခုတ်သွားဦးမှာ ပဲ။ တွေ့မှာပါ အဖေ”

နောက်တစ်နေ့ တာပေါင်းဟာ တောထဲကို ထင်းခုတ် ဖို့ လာတဲ့အခါ“ဟာ ဒုက္ခပါပဲ။ ငါ့ကို ရွာက လူတွေက ပြဿနာ ကောင်လို့ ခေါ်တာလည်း ခေါ်ချင်စရာပဲ။ အရာရာနဲ့ အကြောင်းကြောင်း ဖြစ်တာက များလှပြီ”တာပေါင်းက ရွာကို စိတ်ပျက်စွာ ပြန်လာခဲ့တယ်။

“မနေ့က တောထဲမှာ မေ့ကျန်ခဲ့တဲ့ဓားကို ရှာမတွေ့ တော့ဘူး”

“ဖိုးကြွက်ကို ဓားဖိုးလျော်ရတော့မှာပဲ”

အဲ့ဒါနဲ့ တာပေါင်းရဲ့ အဖေက စပါးတစ်တင်းကို အိတ် နဲ့ထည့်ယူလာပြီး-
“ကဲ… တာပေါင်း၊ ကို သေသေချာချာ ပြော ပြီး တောင်းပန်လိုက်။ ပြီးတော့ ပျောက်သွားတဲ့ ဓားဖိုးကို စပါးလျော်ပါရစေ၊ ကျေနပ်ပါလို့ပြော”

တာပေါင်းက စပါးအိတ်ကို ထမ်းပြီး ဖိုးကြွက်ရဲ့
အိမ်ကို လာခဲ့တယ်။

“ဟင်...တာပေါင်း၊ မင်း ငှားထားတဲ့ဓားကို ပြန်လာ ပေးလား”

ဖိုးကြွက်က သူ့အိမ်ကို ဝါးလှေကားပေါ်တက်ပြီး ရေနံချေးသုတ်နေရာက လှမ်းမေးတယ်။

“တစ်ရွာတည်း သားတွေပဲ၊ ဘာတွေပေးဖို့ယူလာ ရတာလဲ”

“တောထဲမှာ မေ့ကျန်ခဲ့တဲ့ ခင်ဗျားရဲ့ဓား ပျောက် သွားလို့”

“ဟာ...တာပေါင်း၊ အဲဒီဓားကငါ့အဘိုးက ငါ့ကိုအမွေ ပေးထားခဲ့တာကွ။ တာပေါင်း မင်းကတော့ကွာ”

“အဖေက ခင်ဗျားကို တောင်းပန်ခိုင်းပြီး ဓားလျော် ကြေး စပါးတစ်တင်းပေးခိုင်းလိုက်တယ်”

“ဟင်း... ပျောက်သွားမှတော့ ဘယ်တတ်နိုင်ပါ့မ လဲ။ စပါးအိတ်ကို တင်းကုပ်ထဲက ကွပ်ပျစ်ပေါ်မှာသာ တင်ထားခဲ့ကွာ”

တာပေါင်းက ရေနံချေးသုတ်နေတဲ့ လှေကားနား - က ဖြတ်အလာ ခလုတ်တိုက်မိတဲ့အတွက် လှေကားကို လက်နှစ်ဖက်နဲ့ ဆွဲလိုက်မိတယ်။

“အား… အောင်မယ်လေးဗျာ”

လှေကားကို အောက်က ဆွဲလှန်သလို ဖြစ်သွားပြီး ရေနံချေးသုတ်နေတဲ့ ဖိုးကြွက်ဟာ လှေကားပေါ်က ခြေပစ်လက်ပစ်ပြုတ်ကျသွားတယ်။ အဲဒီအချိန်မှာ သူတို့ နဲ့ မလှမ်းမကမ်းမှာ ကြက်သားပေါက်တွေကို အတောင် နဲ့ အုပ်ဝပ်နေတဲ့ကြက်သားအုပ်မကြီးပေါ်ကို ဖိုးကြွက်က ကျသွားတယ်။

“အောင်မယ်လေးဗျ”

ဖိုးကြွက်က လက်ကျိုးသွားပြီး ကြက်မကြီးနဲ့ ကြက်သားပေါက်ငါးကောင်က သေသွားတယ်။ ဖိုးကြွက် ရဲ့ ခြံထဲကို ဝင်လာတဲ့ ရွာသားတက်ပုရဲ့ အပေါ်ကို လှေ ကားက ကျသွားတာကြောင့် ခေါင်းကွဲသွားတယ်။

“တာပေါင်းပြဿနာကောင်၊အား…ကျွတ်ကျွတ်… နာလိုက်တာဗျာ။ မင်းကြောင့် ဓားပျောက်၊ လက်ကျိုး၊ ကြက်သေ၊ ခေါင်းကွဲဖြစ်ရပြီ။ မင်းကို ရွာလူကြီးဆီပို့ပြီး ဆုံးမခိုင်းရမယ်။ တောက်”

ဖိုးကြွက်ရဲ့စကားကြောင့် တာပေါင်းဟာ ကြောက် လန့်ပြီးခြေဦးတည့်ရာကိုထွက်ပြေးသွားပါတော့တယ်။

#ရွှေသွေးဂျာနယ်
#ပုံပြင်များ

image

အပေါင်းအသင်းမှားသူပုံပြင်

တစ်ခါတုန်းက နွားမတစ်ကောင်ဟာ တောကြီး တစ်တောထဲက စားကျက်မှာ မြက်စားရင်း တစ်ကောင် တည်း အဖော်ကွဲသွားခဲ့တာပေါ့။ ဒီအချိန်မှာ ကျားမကြီး တစ်ကောင်လည်း အစာရှာဖွေရင်း နွားမ ရှိရာရောက်လာ ခဲ့တယ်။နွားမဟာ ကျားမကြီးကိုမြင်တော့ ကြောက်တာ ပေါ့။ ထွက်ပြေးမလို့ လုပ်တော့ ကျားမကြီးက-

"ထွက်မပြေးပါနဲ့ သူငယ်ချင်းရယ်။ ငါ့မှာ မိတ်ဆွေ အဖော် မရှိလို့ မင်းကို လာမိတ်ဖွဲ့တာ။ မင်းကို အန္တရာယ် မပြုပါဘူး" လို့ ကတိပေးလေတယ်။ နွားမကြီးက ကျားမ ကြီး ပြောတာကို မနှစ်သက်ပေမဲ့ သူ့အတွက်လောလော ဆယ် အန္တရာယ်ကင်းရအောင် ကျားမကြီး ပြောတဲ့ အတိုင်း အတူနေဖို့ သဘောတူလိုက်ရတယ်။ ဒီလိုနဲ့ မိတ်ဆွေဖွဲ့ပြီးနေတဲ့အခါ နွားမကြီးဟာ ကျားမကြီး အပေါ် အရာရာအကြိုက်ပေးပြီး တစ်ဖုံ၊ အနစ်နာခံပြီး တစ်သွယ်နဲ့ တည့်အောင် ပေါင်းသင်းနေခဲ့ရတယ်။ အဲဒီ လိုမှ ပေါင်းသင်းမနေရင် ကျားမကြီးက ကိုက်စားမှာ ကိုးကွဲ့။

ဒီလိုနဲ့ နေထိုင်လာရင်း နွားမကြီးဟာ သူ့မှာ ပါလာ တဲ့ ကိုယ်ဝန်ကနေ နွားလေးတစ်ကောင် မွေးဖွားလာ သလို ကျားမကြီးကလည်း ကျားလေးတစ်ကောင် မွေးဖွား လာတယ်။ မိခင်တွေဖြစ်တဲ့ ကျားမကြီးနဲ့ နွားမကြီးတို့ ချစ်ချစ်ခင်ခင် နေထိုင်ကြသလို တစ်နေ့တည်းမှာ မွေးဖွား လာတဲ့ကျားလေးနဲ့ နွားလေးတို့ဟာလည်း တစ်ကောင် နဲ့ တစ်ကောင် ချစ်ခင်ကြတယ်။ ကစားအတူတူ၊ စား အတူတူ၊ အိပ်လည်း အတူတူပဲတဲ့။ အခုလို အတူတူနေကြပေမဲ့ စရိုက်ချင်း မတူညီတဲ့အပြင် ခွန်အားချင်း မတူညီ တာကြောင့် နွားမကြီးကတော့သူ့ကလေးအတွက်အမြဲ စိုးရိမ်ပူပန်နေရှာတာပေါ့။ ကျားလေးနဲ့ သူ့ကလေးတို့ ခုန်ပေါက်မြူးထူး ဆော့ကစားနေတာကို မြင်တဲ့အခါ ဝမ်းသာကြည်နူးမိပေမဲ့ စိတ်မချဘူးတဲ့။

ဒါကြောင့်မို့ နွားမကြီးက တစ်မျိုး စဉ်းစားတယ်။ စဉ်းစားမိတဲ့အတိုင်း သူ စားကျက်သွားခါနီးမှာ သား လေးကို နို့အဝတိုက်ပြီး ဖက်ရွက်တစ်ရွက်ပေါ်မှာ နို့အနည်းငယ် ညှစ်ပေးရင်း-

"သားလေး၊ အမေ သစ္စာဆိုပြီး နို့ညှစ်ထားခဲ့မယ်။ ဖြူဖွေးနေတဲ့ နို့ရည်ဟာ သွေးရောင်ပြောင်းသွားရင် အမေ တစ်စုံတစ်ခုကြောင့် ဒုက္ခဖြစ်ပြီလို့ မှတ်တော့နော်။ ဒီအခါမှာ သားလည်း ကျားသားအမိနဲ့ လွတ်ရာ အဝေးကို ပြေးပေတော့" လို့ မှာပြီး စားကျက်ကို သွားလေ့ရှိတယ် တဲ့။ တစ်နေ့မှာတော့ နွားမကြီးဟာ အချိန်တန်တဲ့အထိ စားကျက်က ပြန်မရောက်လာတာကြောင့် နွားလေးဟာ သူ့အမေ ညှစ်ချပြီး ထားရစ်ခဲ့တဲ့ ဖက်ရွက်ပေါ်က နို့ရည် ကို သွားကြည့်တယ်။ ဒီအခါမှာ နို့ရည်ဟာ သွေးအဖြစ် ပြောင်းလဲနေတာကို မြင်ရတာပေါ့။ နွားလေးဟာ သူ့ အမေတော့ ဒုက္ခရောက်ပြီဆိုပြီး ငိုကြွေးရင်း ဟိုဟိုဒီဒီ လျှောက်သွားလေတော့တာပေါ့ကွယ်။

နွားလေး သူ့အနားက ထွက်သွားတာကြာတော့ ကျားလေးက သူ့သူငယ်ချင်း နွားလေး ဘယ်သွားပါလိမ့် ဆိုပြီး လိုက်ရှာတယ်။ အဲဒီအခါ ချုံတစ်ခုရဲ့ဘေးမှာ ငို နေတဲ့ နွားလေးကို တွေ့ရတယ်။

“ဘာဖြစ်လို့ ငိုနေရတာလဲ သူငယ်ချင်း" လို့ မေး မြန်းတာပေါ့။ နွားလေးက သူ့အမေ စားကျက်ထဲ သွား ခါနီးတိုင်း သစ္စာပြုပြီး ဖက်ရွက်ပေါ် နို့ညှစ်ချသွားပုံနဲ့ မှာခဲ့ပုံတို့ကို ပြောပြပြီး သူလည်း -

"ငါ ဒီမှာ မနေတော့ဘူး၊ မင်းတို့နဲ့ အတူနေရင် ငါ့ အတွက် အသက်အန္တရာယ် ရှိနေမှာပဲ။ မင်းအမေ ပြန် မလာခင် ပြေးမယ်"လို့ ပြောပြီး တောထဲကို ဝင်ပြေးသွား တော့တယ်။ ကျားလေးဟာ စိတ်မကောင်း ဖြစ်သွားပြီး နွားလေးကို တကြော်ကြော် အော်ခေါ်တော့တာပေါ့။ အော်လို့မရတဲ့အဆုံးမှာ သူ့အမေ ကျားမကြီးကို လိုက် ရှာတယ်။ ကျားမကြီးနဲ့တွေ့တော့ ကျားလေးက-

"အမေ၊ နွားမကြီးကို အမေ ကိုက်စားလိုက်ပြီ
မဟုတ်လား"လို့ မေးတော့တာပဲ။ ဒီတော့ ကျားမကြီးက-

"အမေ သားကောင်မရလို့ အသားမစားရတာ ကြာနေပြီ။ ဒီနေ့တော့ ငတ်ငတ်နဲ့ စားကျက်အသွားမှာ နွားမကြီးကို ကိုက်သတ်စားလိုက်တယ်" လို့ ဖြေတယ်။ ဒီလိုလည်း ပြောလိုက်ရော ကျားလေးက-

"အမေရယ်... သူငယ်ချင်းနွားလေး သနားပါတယ်။ သူ့ခမျာ မိဘမဲ့သွားပြီ။ ကျွန်တော် သူ့ကို မတွေ့တွေ့ အောင် သွားရှာမယ်" လို့ ပြောတယ်။ ကျားမကြီးက-

"မသွားနဲ့ သား၊ သား ရှာလည်း နွားလေးက ပုန်း နေမှာပဲ။ အမေတို့တွေဟာ စရိုက်ချင်း၊ သဘာဝချင်း မတူ ညီဘဲ မိတ်ဆွေအဖြစ် ပေါင်းသင်းနေခဲ့ကြတယ်။ ဘယ် လိုပဲပေါင်းသင်းပါစေ၊ ပင်ကိုစရိုက်ကို မဖျောက်ဖျက်နိုင် ဘူး။ အမေလည်း အမေ့သူငယ်ချင်းကို ချစ်ခင်ပါတယ်။ ဒါပေမဲ့ ဆာလောင်မှုကို မတားဆီးနိုင်ခဲ့လို့ သူငယ်ချင်း နွားမကြီးကို သတ်ဖြတ်စားခဲ့ရတယ်။ မင်းလည်း သူငယ်ချင်းနွားလေးကို လိုက်ရှာပြီး ပေါင်းရင် နောက်ဆုံး မှာ ဒီနေ့လိုကိစ္စမျိုး ကြုံတွေ့ရလိမ့်မယ်။ မင်းသူငယ်ချင်း လည်း သူ့အမေလို သေရလိမ့်မယ်။ သူ သွားလိုရာ သွားပါစေ သားရယ်"

ကျားလေးဟာ သူငယ်ချင်းနွားလေးကို သတိရ တာကြောင့် မျက်ရည်တွေ မဆည်နိုင်အောင် ကျဆင်း ရင်း သူငယ်ချင်းနွားလေးကို အော်ခေါ်နေသတဲ့ကွယ်။ ဒီပုံပြင်မှာ ပင်ကိုသဘာဝနဲ့ စရိုက်ချင်း မတူညီတဲ့ တိရစ္ဆာန်တွေဟာ ရေရှည်မှာ အတူမပေါင်းသင်းနိုင်ကြ ဘူးဆိုတာကို ကလေးတို့ သတိထားမိပါလိမ့်မယ်။ ထိုနည်းတူပဲ လူတွေမှာလည်း မိတ်ဆွေပေါင်းသင်းတဲ့ အခါ လူလိမ္မာနဲ့လူမိုက်တို့ ပေါင်းသင်းနေထိုင်ခြင်း မပြုကြဘူးဆိုတာ ကလေးတို့ မှတ်သားထားကြရမယ် နော်။
#ရွှေသွေးဂျာနယ်
#ပုံပြင်များ

image

အစွမ်းထက်သောကျောက်ဖြူလုံးလေးပုံပြင်

တစ်ခါတုန်းက ရွာတစ်ရွာတွင် အလွန်ရိုးသားသော မောင်ကောင်းဆိုသည့် လူငယ်တစ်ဦး ရှိလေသည်။ မောင်ကောင်း နေထိုင်သောရွာသည် မြို့ကြီးပြကြီးနှင့် အလွန်ဝေးကွာလှသည်။ မြို့သို့ သွားလိုသောအခါ ရေလမ်းခရီးကိုသာ အသုံးပြုရလေ သည်။ မောင်ကောင်းသည် ဝါးဖြင့် ခြင်း၊ တောင်း၊ ပလုံးတို့ကို ရက်လုပ်ကာ မြို့သို့ သွားရောက်ကာ ရောင်းချလေ့ရှိသည်။ မောင်ကောင်း ရက်လုပ်သော ခြင်း၊ ဟောင်း၊ ပလုံးတို့မှာ လက်ရာသေသပ်လှပသဖြင့် မြင်တွေ့သူတိုင်းက သဘောကျကာ ဝယ်ယူ သွားကြလေသည်။

တစ်ညတွင် မောင်ကောင်းသည် အိပ်ပျော်နေရာမှ ခေါ်သံတစ်ခုကြောင့် လန့်နိုး သွားလေသည်။

"ပော့ မောင်ကောင်း၊ ထစမ်းပါဦး။ မင်းကို မှာကြားစရာရှိလို့"

"ဟင် အဘိုး၊ ဘာများ မှာကြားစရာ ရှိလို့ပါလဲ"

"မောင်ကောင်း၊ မနက်ဖြန်နံနက်ကျရင် မင်းခြံထဲက သစ်ပင်ရင်းကို တူးကြည့်။ ကြက်ဥအရွယ် ကျောက်ဖြူဖြူလေးတစ်လုံးကို တွေ့လိမ့်မယ်။ အဲဒီကျောက်ဖြူလေးဟာ အလွန်အစွမ်းထက်တယ်။ ကိုယ်တစ်ခြမ်းသေနေတဲ့လူတွေကို ကျောက်ဖြူကလေးနဲ့ ထိပြီး ပွတ်ချလိုက်တာနဲ့ ပြန်ကောင်းသွားစေလိမ့်မယ်။ မင်းဟာ ကျောက်ဖြူလေးရဲ့ အစွမ်းကြောင့် ဆေးဆရာအဖြစ် နာမည်ကြီးလာပြီး လူနာတွေ အများကြီးရောက်လာကြ လိမ့်မယ်။ ဆေးကုသခကိုတော့ လူနာတွေ ပေးနိုင်သလောက် ပေးတဲ့ငွေကိုသာ လက်ခံပြီး ကုသပေးပါ။ ဆေးကုသခကိုမတန်တဆမတောင်းပါနဲ့။ လူသားအားလုံးကိုဇီဝိတဒါန လို့ သဘောထားပြီး ကုသပေးပါ။အဘိုးမှာတဲ့စကားကို လိုက်နာပါ လူလေး" ဟုပြောဆို ကာအဘိုးအိုမှာ ပျောက်သွားလေသည်။ နံနက်လင်းလျှင် မောင်ကောင်းသည် ခြံဝင်းထဲ မှ သစ်ပင်ရင်းကို တူးကြည့်ရာ အိပ်မက်ထဲမှ အဘိုးအိုပြောသည့်အတိုင်း ကြက်ဥသဏ္ဌာန် ကျောက်ဖြူလေးတစ်လုံးကို တွေ့ရလေသည်။

"အဘိုးအိုပြောသလို ကျောက်ဖြူလုံးမှာ အစွမ်းသတ္တိရှိ၊ မရှိကို သိရအောင် လူနာ
တွေကို ကုသကြည့်ရမယ်"

မောင်ကောင်း သည် ရွာထဲမှ ကိုယ်တစ်ခြမ်းသေနေသူ၏ ခန္ဓာကိုယ်ကို ကျောက်ဖြူလုံးလေးနှင့် ပွတ်သပ်ပေးလိုက်ရာ ခြေလက်တို့မှာ ပြန်လည်လှုပ်ရှားလာ နိုင်ပြီး မကြာမီ လူနာသည် လူကောင်းပကတိ ပြန်ဖြစ်သွားသည်။

မောင်ကောင်းသည် အခြားရွာမှ လူနာများကိုလည်း ကုသပေးရာ ပျောက်ကင်း သွားကြသည်။ ထို့ကြောင့် မောင်ကောင်းသည် ဆေးကုတော်သော ဆေးဆရာအဖြစ် ကျော်ကြားသွားလေသည်။ ထိုသတင်းကြောင့် အနယ်နယ်အရပ်ရပ်မှ ရောဂါဝေဒနာရှင် များသည် မောင်ကောင်းထံသို့ လာရောက် ဆေးကုသကြသည်။ လူနာရှင်များက မောင်ကောင်းကို ဆေးကုသခပေးကြသည်။ မောင်ကောင်းသည် သဒ္ဓါသလောက် ပေးသောငွေကိုသာ ယူပါရစေဟု မေတ္တာရပ်ခံ၏။ သို့သော် လူနာများက ရောဂါဝေဒနာ ပျောက်ကင်းသွားသဖြင့် ငွေများစွာကို ကန်တော့ကြသည်။

အချိန်ကာလ ကြာလာသောအခါ မောင်ကောင်းသည် ငွေများများရလျှင် ငါ ချမ်းသာပြီဆိုသည့်အတွေးနှင့် လောဘတက်လာသည်။လူနာများထံမှ ဆေးကုသခကို အဆမတန် တောင်းခံသည်။ အဘိုးအို၏ စကားကို မျက်ကွယ်ပြုထားလေသည်။

တစ်နေ့နံနက် မောင်ကောင်းအိပ်ရာမှနိုးလျှင် ဘုရားစင်ရှေ့စားပွဲပေါ်ရှိ ကတ္တီပါ စပေါ်တွင် တင်ထားသော ကျောက်ဖြူလုံးလေးကို မတွေ့ရတော့ပေ။ ထိုအခါ မောင်ကောင်း သည် ကျောက်ဖြူလုံးလေးကို အတုပြုလုပ်ကာ လူနာများကို ဆေးကုသလေသည်။ ရောဂါဝေဒနာမပျောက်သဖြင့် လူလိမ်လူညာဟုအပြစ်တင်ခံရသည်။ ထိုသတင်းကြောင့် မောင်ကောင်းထံသို့ မည်သူမျှ ဆေးကုသရန် ရောက်မလာတော့ပေ။

မောင်ကောင်းသည် အိပ်မက်ထဲမှ အဘိုးအား ပေးထားသော ကတိသစ္စာကို ချိုးဖောက်မိ၍ ယခုကဲ့သို့ ဖြစ်ရသည်ကို နောင်တရမိသည်။ မောင်ကောင်း၏ သစ္စာမဲ့ မှုကြောင့် ဆေးဝါးတို့၏အစွမ်းသတ္တိများ ပပျောက်ခဲ့ရသည်။ အစွမ်းထက်သည့် ဆေးဝါး များ၊ အဆောင်များသည် ဆေးဆရာ၏ လောဘစိတ်ကြောင့် ပပျောက်တတ်သည်ကို တွေးရင်း မောင်ကောင်းမှာ ငိုနေပါတော့သည်။

#ရွှေသွေးဂျာနယ်
#ပုံပြင်များ

image

အရာရာနဲ့အကြောင်းကြောင်းပုံပြင်

တစ်ခါတုန်းက ရွာတစ်ရွာမှာ ဘာလုပ်လုပ် အဆင် မပြေတဲ့ တာပေါင်းဆိုတဲ့ လူငယ်လေးတစ်ယောက် ရှိ တယ်။ မိဘနှစ်ပါးက သူတို့ရဲ့သားဟာ ဘာလုပ်လုပ် ပြဿနာ တစ်ခုမဟုတ် တစ်ခု တက်တာမို့ ဘာမှမခိုင်းရဲ ကြဘူး။ တာပေါင်းကိုယ်တိုင်ကလည်း သူလုပ်ရင် ပြဿနာ တက်တာမို့ စိတ်ညစ်နေရှာတယ်။

“အင်း… ငါကတော့ အလုပ်ကို သေသေချာချာလုပ် တာပဲ။ ဒါပေမဲ့ ပြဿနာက တစ်ခုမဟုတ်တစ်ခု တက်တတ် တော့ ခက်တာပဲ”

သူရဲ့မိဘနှစ်ပါးကလည်းသူတို့ရဲ့သား တာပေါင်းကို ဘာမှမခိုင်းရင် ဘာမှမလုပ်တတ်ဘဲ သူတို့ သေဆုံးသွား တဲ့အခါ ဘာမှမလုပ်စားတတ်ဘဲ ဒုက္ခရောက်သွားမှာကို စိုးရိမ်နေကြတယ်။ အဲဒါကြောင့် ဖခင်ဖြစ်သူက-

“ဟဲ့… ငါ့သား တာပေါင်း၊ အိမ်မှာ ထင်းတွေ ကုန်နေ တယ်။ တောထဲမှာ ထင်းသွားခုတ်ပါလား"

“ထင်းသွားခုတ်တာက ဟုတ်ပါတယ်။ ကျုပ်တို့အိမ် မှာ ဓားကောင်းကောင်းမှ မရှိတာ”

“အေး... အဲဒါလည်း ဟုတ်တာပဲ။ ဒါဆိုရင် ရွာထဲက ဖိုးကြွက်ဆီက ဓားငှားသွားကွာ”

“ဟုတ်ကဲ့ အဖေ”

တာပေါင်းဟာ ဖိုးကြွက်ထံက ဓားငှားပြီး တောထဲမှာ ထင်းသွားခုတ်တယ်။ လူတစ်နိုင်စာ ထင်းစည်းရတဲ့အခါ တာပေါင်းက ထင်းစည်းကို ထမ်းပြီး ရွာကို ပြန်လာပါတယ်။

“ဟ... ဒီလိုဆိုတော့လည်း ငါ့သားက ဘယ်ဆိုးလို့တုန်း၊ ဩော်... ဒါနဲ့ ရွာထဲက ဖိုးကြွက်ရဲ့ဓားကို ငှားသွား တာ မဟုတ်လား။ ဓားကို ပြန်အပ်ခဲ့ပြီလား”
သူ့အဖေက မေးတော့မှ တာပေါင်းက သတိရသွား တယ်။

“ဟာ.. ဟုတ်ပါရဲ့။ တောထဲက ထင်းခုတ်တဲ့နေရာ မှာ ဓားကျန်ခဲ့ပြီ”

“တာပေါင်းရယ်။ မင်းကတော့ ပြဿနာရှာပြန်ပြီ”

“မနက်ဖြန်လည်း တောထဲကို ထင်းခုတ်သွားဦးမှာ ပဲ။ တွေ့မှာပါ အဖေ”

နောက်တစ်နေ့ တာပေါင်းဟာ တောထဲကို ထင်းခုတ် ဖို့ လာတဲ့အခါ“ဟာ ဒုက္ခပါပဲ။ ငါ့ကို ရွာက လူတွေက ပြဿနာ ကောင်လို့ ခေါ်တာလည်း ခေါ်ချင်စရာပဲ။ အရာရာနဲ့ အကြောင်းကြောင်း ဖြစ်တာက များလှပြီ”တာပေါင်းက ရွာကို စိတ်ပျက်စွာ ပြန်လာခဲ့တယ်။

“မနေ့က တောထဲမှာ မေ့ကျန်ခဲ့တဲ့ဓားကို ရှာမတွေ့ တော့ဘူး”

“ဖိုးကြွက်ကို ဓားဖိုးလျော်ရတော့မှာပဲ”

အဲ့ဒါနဲ့ တာပေါင်းရဲ့ အဖေက စပါးတစ်တင်းကို အိတ် နဲ့ထည့်ယူလာပြီး-
“ကဲ… တာပေါင်း၊ ကို သေသေချာချာ ပြော ပြီး တောင်းပန်လိုက်။ ပြီးတော့ ပျောက်သွားတဲ့ ဓားဖိုးကို စပါးလျော်ပါရစေ၊ ကျေနပ်ပါလို့ပြော”

တာပေါင်းက စပါးအိတ်ကို ထမ်းပြီး ဖိုးကြွက်ရဲ့
အိမ်ကို လာခဲ့တယ်။

“ဟင်...တာပေါင်း၊ မင်း ငှားထားတဲ့ဓားကို ပြန်လာ ပေးလား”

ဖိုးကြွက်က သူ့အိမ်ကို ဝါးလှေကားပေါ်တက်ပြီး ရေနံချေးသုတ်နေရာက လှမ်းမေးတယ်။

“တစ်ရွာတည်း သားတွေပဲ၊ ဘာတွေပေးဖို့ယူလာ ရတာလဲ”

“တောထဲမှာ မေ့ကျန်ခဲ့တဲ့ ခင်ဗျားရဲ့ဓား ပျောက် သွားလို့”

“ဟာ...တာပေါင်း၊ အဲဒီဓားကငါ့အဘိုးက ငါ့ကိုအမွေ ပေးထားခဲ့တာကွ။ တာပေါင်း မင်းကတော့ကွာ”

“အဖေက ခင်ဗျားကို တောင်းပန်ခိုင်းပြီး ဓားလျော် ကြေး စပါးတစ်တင်းပေးခိုင်းလိုက်တယ်”

“ဟင်း... ပျောက်သွားမှတော့ ဘယ်တတ်နိုင်ပါ့မ လဲ။ စပါးအိတ်ကို တင်းကုပ်ထဲက ကွပ်ပျစ်ပေါ်မှာသာ တင်ထားခဲ့ကွာ”

တာပေါင်းက ရေနံချေးသုတ်နေတဲ့ လှေကားနား - က ဖြတ်အလာ ခလုတ်တိုက်မိတဲ့အတွက် လှေကားကို လက်နှစ်ဖက်နဲ့ ဆွဲလိုက်မိတယ်။

“အား… အောင်မယ်လေးဗျာ”

လှေကားကို အောက်က ဆွဲလှန်သလို ဖြစ်သွားပြီး ရေနံချေးသုတ်နေတဲ့ ဖိုးကြွက်ဟာ လှေကားပေါ်က ခြေပစ်လက်ပစ်ပြုတ်ကျသွားတယ်။ အဲဒီအချိန်မှာ သူတို့ နဲ့ မလှမ်းမကမ်းမှာ ကြက်သားပေါက်တွေကို အတောင် နဲ့ အုပ်ဝပ်နေတဲ့ကြက်သားအုပ်မကြီးပေါ်ကို ဖိုးကြွက်က ကျသွားတယ်။

“အောင်မယ်လေးဗျ”

ဖိုးကြွက်က လက်ကျိုးသွားပြီး ကြက်မကြီးနဲ့ ကြက်သားပေါက်ငါးကောင်က သေသွားတယ်။ ဖိုးကြွက် ရဲ့ ခြံထဲကို ဝင်လာတဲ့ ရွာသားတက်ပုရဲ့ အပေါ်ကို လှေ ကားက ကျသွားတာကြောင့် ခေါင်းကွဲသွားတယ်။

“တာပေါင်းပြဿနာကောင်၊အား…ကျွတ်ကျွတ်… နာလိုက်တာဗျာ။ မင်းကြောင့် ဓားပျောက်၊ လက်ကျိုး၊ ကြက်သေ၊ ခေါင်းကွဲဖြစ်ရပြီ။ မင်းကို ရွာလူကြီးဆီပို့ပြီး ဆုံးမခိုင်းရမယ်။ တောက်”

ဖိုးကြွက်ရဲ့စကားကြောင့် တာပေါင်းဟာ ကြောက် လန့်ပြီးခြေဦးတည့်ရာကိုထွက်ပြေးသွားပါတော့တယ်။

#ရွှေသွေးဂျာနယ်
#ပုံပြင်များ

image