20 w - Translate

ဘဝဆိုတာ ကိုယ်လုပ်ချင်တာ
တစ်ခု လုပ်ရဖို့အတွက်
မလုပ်ချင်တာတွေ
အများကြီးကို လုပ်ပြီးစောင့်ရတာပါ။
လူတော်တော်များများဟာ
အချိန်တွေရင်း ဘဝတွေရင်းပြီး
ဖြစ်ချင်တာလေးတစ်ခု
ဖြစ်လာဖို့ စောင့်ရပါတယ်။
ဖြစ်ချင်တာတစ်ခု ဖြစ်လာဖို့
အခုလုပ်သင့်တာတွေ
အများကြီးကို လုပ်ပြီး
စောင့်နိုင်ရတယ်။
အဲလိုစောင့်နိုင်တာ
အဲဒါရင့်ကျက်မှုပါ။
အဲဒါ ပညာပါ။
ကျေနပ်စရာတစ်ခု မတွေ့တိုင်း
မကျေနပ်စရာကို
ရအောင်ရှာကြည့်တာ လူ့ သဘာဝပါ။
ဖြစ်ချင်တာနဲ့ ဖြစ်သင့်တာ
တစ်ထပ်တည်းကျသွားပြီဆိုရင်
အဲဒီလူမှာ စိတ်ဓာတ်အင်အားတွေ
အများကြီးတိုးလာပါလိမ့်မယ်။
ဉာဏ်ပညာလည်း ကြီးလာလိမ့်မယ်။
ကြည်လင်အေးချမ်းတဲ့သူတစ်ယောက်
လည်း ဖြစ်လာပါလိမ့်မယ်။
ပြဿနာဆိုတာ ဘဝနဲ့အတူတူ
တွဲပါလာပြီးသားပါနော်။
ဘဝရှိရင် ပြဿနာ ရှိတာပါပဲ။
ရှောင်လွှဲချင်လို့မရပါဘူး။
ဘဝနဲ့ အတူရှိနေတဲ့
မလွှဲသာမရှောင်သာ
ပြဿနာတွေ၊ စိတ်ဆင်းရဲမှုတွေ
အပေါ် ဘယ်လိုသဘောထားရမလဲ
ဘယ်လိုအမြင်နဲ့ ကြည့်ရမလဲ
အဲဒါအရေးကြီးပါတယ်။
ကြုံတွေ့ရတဲ့ လောကဓံတွေ
အခက်အခဲဒု၊က္ခကြောင့်
ကိုယ်ဟာ ပိုပြီးတော့ ထားတတ်
တဲ့သူ ဖြစ်လာရမယ်။
စိတ်ထား ပိုကောင်းတဲ့သူ ဖြစ်လာရမယ်။
ကိုယ့်ပြဿနာတွေ..
ကိုယ့်အခက်အခဲတွေကိုဖြေရှင်းရင်း
ကိုယ်ဟာအရင်ထက်ပိုပြီး
ဉာဏ်ရင့်သန်လာတဲ့သူ ဖြစ်ရမယ်။
ဘဝမှာ အခက်အခဲတွေ
ပြဿနာတွေရှိလာရင်...
ဒီအခက်အခဲတွေ ဒီပြဿနာတွေကို
ရင်ဆိုင်ရင်းဖြေရှင်းရင်းနဲ့ ကိုယ်ဟာ
ပိုစဉ်းစားတတ်တဲ့သူ၊
ပိုတွေးခေါ်မြော်မြင်တဲ့တတ်သူ
ပိုစိတ်ထားမြင့်တဲ့သူ ဖြစ်လို့ရပါတယ်။

#crd

image

◾️ဟောင်ကောင်တွင် ကုန်တင်လေယာဉ်ပြေးလမ်းချော်ပြီး ပင်လယ်ထဲထိုးကျ၊ နှစ်ဦးသေဆုံး
ဟောင်ကောင်နိုင်ငံတကာလေဆိပ်တွင် ကုန်တင်လေယာဉ်တစ်စင်း ပြေးလမ်းမှ ချော်ထွက်ကာ ပင်လယ်ထဲထိုးကျသွားခဲ့ပြီး လေဆိပ်မှ မြေပြင်ဝန်ထမ်းနှစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ဒူဘိုင်းမှပျံသန်းလာသော အမ်းမရိတ်လေကြောင်း EK 9788 သည် နံနက် ၃ နာရီ ၅၀ မိနစ်တွင် ‌ပြေးလမ်းချော်သွားချိန်တွင် လေဆိပ်ကင်းလှည့်ယာဉ်ကို ဝင်တိုက်မိခဲ့ခြင်း ဖြစ်သည်။
ယင်းနှင့်အတူ ကင်းလှည့်ယာဉ်ပေါ်မှ ဝန်ထမ်းနှစ်ဦးသေဆုံးသွားခဲ့ရသော်လည်း လေယာဉ်ပေါ်တွင် လိုက်ပါခဲ့သောဝန် ထမ်း လေးဦးမှာမူ အသက်ရှင်ခဲ့သည်။
ယင်းမှာ ဘေးကင်းလုံခြုံရေးနှင့်ပတ်သက်၍ မှတ်တမ်းကောင်းရှိသော ဟောင် ကောင်နို င်ငံတကာလေဆိပ်အ တွက် နှစ်ပေါင်းများစွာအတွင်း လူအသေအပျောက်အများဆုံးဖြစ်ရပ် ဖြစ်သည်။
လေယာဉ်ဆင်းသက်ချိန်တွင် ပြေးလမ်းနှင့်ပတ်သက်သော မေးခွန်းများရှိနေခဲ့ရာ အာဏာပိုင်များက စုံစမ်းစစ်ဆေးမှုများ စတင်ခဲ့သည်။
ကုန်တင်လေယာဉ်အား မှန်ကန်သော ညွှန်ကြားချက်များပေးခဲ့ကြောင်း နှင့် ပြေးလမ်းပေါ်တွင်လည်း လေယာဉ်ကို လမ်းညွှန်ပေးမည့် ဆိုင်းဘုတ်များလည်း ရှိနေကြောင်း လေ ဆိပ်တာဝန်ရှိသူများက ပြောကြားကြသည်။
လေယာဉ်လမ်း‌ချော်သွားချိန်တွင် ကင်းလှည့်ယာဉ်က ပြေးလမ်းခြံစည်းရိုးမှ ခပ်လှမ်းလှမ်းတွင် ရှိသော လမ်းပေါ်တွင် မောင်းနှင်နေကြောင်း၊ လေယာဉ်ကပြေးလမ်းမှ ချော်ထွက်ပြီး ခြံစည်းရိုးကိုလည်း ကျော်ဖြတ်ကာ ကင်းလှည့်ယာဉ်ကို ဝင်တိုက်ခဲ့၍ ယာဉ်နှင့် ဝန်ထမ်းနှစ်ဦး ပင်လယ်ထဲသို့ ကျဆင်းသွားခဲ့ရကြောင်း လေဆိပ်လုပ်ငန်းအမှုဆောင် ဒါ ရိုက်တာ စတီဗင်ယူးက ပြောကြားသည်။
လေယာဉ်က ဆင်းသက်ချိန်တွင် ပြဿနာရှိနေသည်ဆိုသော အချက်ပြမှုလည်း မရှိကြောင်း မစ္စတာယူးက ဆက်ပြောသည်။
နောက်ပိုင်းတွင် ရေငုပ်သမားများက ကင်းလှည့်ယာဉ်ဝန်ထမ်းနှစ်ဦး အလောင်းကို ပင်လယ်ထဲမှ ရှာဖွေတွေ့ရှိခဲ့သည်။
ဟောင်ကောင်တွင် ဆင်းသက်ချိန်တွင် ၎င်းတို့လေယာဉ်ပျက်စီးမှုဖြစ်ပေါ်ခဲ့ကြောင်း နှင့် ဝန်ထမ်းများ ဘေကင်းကြောင်း အမ်းမရိတ်လေကြောင်းမှ ပြောခွင့်ရသူက ဘီဘီစီသတင်းအား ပြောကြားသည်။
ပြေးလမ်းချော်သွားပြီး မကြာမီပင်‌လေယာဉ်ဝန်ထမ်း လေးဦးက အရေးပေါ် တံခါးများကို ချိုးဖျက်ထွက်ခဲ့ကြပြီး ၎င်းတို့အား ယင်းနေရာသို့ နှစ်မိနစ်အတွင်း ရောက်ရှိလာသော လေဆိပ်မီးသတ်တပ်ဖွဲ့များက တွေ့မြင်ပြီး ကယ်ဆယ်ခဲ့သည်။
လေယာဉ်က နှစ်ပိုင်းကျိုးသွားပြီး ကိုယ်ထည် တစ်စိတ်တစ်ပိုင်းမှာ ရေထဲတွင် နစ်မြုပ်နေသည်ကိုတွေ့ရသည်။
ရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုများကိုလည်း ဖယ်ရှားထားမည်မဟုတ်ကြောင်း ရဲအရာရှိတစ်ဦးက မီဒီယာများကို ပြောသည်။
black boxes ဟု သိရှိကြသော လေယာဉ်အချက်အလက်မှတ်တမ်းတင်ကိရိယာနှင့် လေယာဉ်မှူးအခန်းအသံ ဖမ်းစက် နှစ်ခုကို ပင်လယ်ထဲမှပြန်လည်ရရှိရန် ကြိုးစားနေဆဲဖြစ်ကြောင်း ဟောင်ကောင်လေကြောင်းမတော်တဆမှုစုံစမ်းစစ်ဆေးရေး အာဏာပိုင်အဖွဲ့ (AAIA) မှ အရာရှိတစ်ဦးက ပြောသည်။
လေယာဉ်ကွင်းမှ ထိခိုက်ခဲ့သော ပြေးလမ်းကို ပိတ်ထားပြီး ကျန်ပြေးလမ်းနှစ်ခုကို ဆက်ဖွင့်ထားကြောင်း သိရသည်။
သတင်း-ရဲမင်း
ကိုးကား-BBC
#နိုင်ငံတကာသတင်း

image
20 w - Translate

⬛အရှေ့မြောက်မုတ်သုံလေ အားကောင်းနေခြင်းကြောင့် မိုးပိုလာနိုင်ဟုဆို
အရှေ့မြောက်မုတ်သုံလေအားကောင်းနေခြင်းကြောင့် မြန်မာနိုင်ငံတောင်ပိုင်းဒေသများတွင်မိုးပိုလာနိုင်ကြောင်း မိုးလေဝသစောင့်ကြည့်လေ့လာသူ ဦးဝင်းနိုင်ကခန့်မှန်းသည်။
ယင်းအရှိန်များကြောင့်(အောက်တိုဘာ ၂၀ ရက်) ည ၁၀ နာရီမှအောက်တိုဘာ၂၅ ရက်၊ ည ၁၀ နာရီအထိ တနင်္သာရီတိုင်း၌ ငါးရက်အတွင်းမိုးရေချိန် ၆ ဒသမ ၇ လက်မမှ ၈ ဒသမ ၃ လက်မအထိ ရွာသွန်းရရှိနိုင်ကြောင်း ဦးဝင်းနိုင်ကခန့်မှန်းထားသည်။
ထို့ပြင် မွန်-တနင်္သာရီကမ်းရိုးတန်းတလျှောက်၊ ဒေါနတောင်ကြောတလျှောက်နှင့် ရခိုင်ကမ်းရိုးတန်း၊ ဧရာဝတီ မြစ်ဝကျွန်းပေါ်ကမ်းရိုးတန်းအနီးတလျှောက်ရှိဒေသများတွင်လည်း နေ့စဉ်မိုးထစ်ချုန်းရွာသွန်းနိုင်ကြောင်း မိုးလေဝသစောင့်ကြည့်လေ့လာသူ ဦးဝင်းနိုင်ကလူမှုကွန်ရက်တွင်ခန့်မှန်းရေးသားထားသည်။
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့(အောက်တိုဘာ ၁၉ ရက်) နံနက် ၉ နာရီ ၃၀ မိနစ်အချိန်တိုင်းထွာချက်များအရ ဖိလစ်ပိုင်နိုင်ငံ၊ လူဇုန်ကျွန်းတောင်ပိုင်း ပင်လယ်ကွေ့တွင်ဖြစ်ပေါ်နေသော အပူပိုင်းမုန်တိုင်း ‘ဖန်ရှန်’ သည် မြောက်-အနောက် မြောက်ဘက်သို့ရွေ့လျားနိုင်ပြီး လူဇုန်ကျွန်းသို့ဖြတ်ကျော်နိုင်ကြောင်း ထုတ်ပြန်ထားသည်။
သတင်း - အင်ကြင်း
ဓာတ်ပုံ - Win Naing/Fb
#ပြည်တွင်းသတင်း

image

သခွားမွှေး မျိုးစေ့
မျိုးစေ့ပျိုးနည်း
step 1 -compost 1: စပ်မြေ 2 ရောသမ မွှေပေးပါ
2- ကိုယ်စိုက်မယ့် ပန်းအိုး သို့မဟုတ် container တစ်ခုခု ထဲ ထည့်ပါ
3- ရေဆင်းပေါက်ရှိသော အိုး သို့မဟုတ် container ဖြစ်ဖို့ လိုပါတယ်
4- မြေဖြည့်ပြီးပါက ရေဝအောင် ရွှဲအောင် လောင်းပေးပါ
5- ရေစစ်သွားပြီဆို ရင် မျိုးစေ့လေးတွေ ခပ်ကျဲကျဲ ဖြူးလိုက်ပါ
6- ကျဲထားသော မျိုးစေ့ပေါ်သို့ ပထမပိုင်းက ရောထားတဲ့မြေခပ်ပါးပါးလေး ထပ်ဖြူးပေးပါ
7-(1-2) ရက်နေလို့ မြေသားမှာ ရေအစိုဓါတ် လိုနေရင် ရေဖွဖွ လေးလောင်းပေးပါရှင်
7ရက် မှ 10 ရက် အတွင်း
အပင်ပေါက်လာပါလိမ့်မယ်နော်
သတိပြုရန်မှာ
၁- မိုးရေ တိုက်ရိုက်ကျသောနေရာမှာ
မျိုးစေ့ ပျိုးပင် ပျိုးအိုးများထားခြင်းကို
ရှောင်ပေးပါ
၂- နေ ရိပ်လွန်းသော နေရာ/နေပူလွန်းသော နေရာ
များကို ရှောင်ပေးပါ
၃- ရေ လောင်းလွန်ခြင်း/ ရေလောင်းဖို့ လိုခြင်းကို
သတိပြုပေးပါ
(Spray ဖျန်းရုံ ရေ အစိုဓါတ် ရှိရုံဆို ရပါပြီ)
၄- မျိုးစေ့လေးများ မပေါက်မှီ အချိန်တွင်
နွားချေး ကြက်ချေး အခြား မည်သည့်
မြေဩဇာ ဓါတ်မြေဩဇာများမ ထည့်ပါဘူးရှင့်

image
20 w - Translate

ရွှေဘုန်းပွင့်စေတီတော်မြတ်ကြီးတွင် ရွှေကြာသင်္ကန်း ကပ်လှူပူဇော်မည်
ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်ရှိ သမိုင်းဝင်ရွှေဘုန်းပွင့်စေတီတော်မြတ်ကြီးတွင် တန်ဆောင်မုန်းလပြည့်နေ့၌ ရွှေကြာ သင်္ကန်း ကပ်လှူပူဇော်မည်ဖြစ်ကြောင်း ရွှေဘုန်းပွင့်စေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ထံမှ သိရသည်။
သမိုင်းဝင်ရွှေဘုန်းပွင့် စေတီတော်မြတ်ကြီးကိုရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်၊ အမှတ် (၇)ရပ်ကွက်တွင် တည်ထားကိုးကွယ်ထားပြီး ပဉ္စမအကြိမ် ရွှေကြာသင်္ကန်း ဆက်ကပ်ပူဇော်ပွဲကို တန်ဆောင်မုန်းလပြည့်နေ့တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ပဉ္စမအကြိမ်ရွှေကြာသင်္ကန်း ဆက်ကပ်ပူဇော်ပွဲကို ရွှေဘုန်းပွင့်စေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့မှကြီးမှူးကျင်းပခြင်းဖြစ်ပြီး နိုဝင်ဘာ (၄) ရက် တန်ဆောင်မုန်းလပြည့်နေ့ နံနက် (၅) နာရီ၌ စေတီတော် ပထမပစ္စယာ၊ ဒုတိယပစ္စယာ၊ တတိယပစ္စယာနှင့် ပန်းတင်ခုံများရှိ စေတီတော်များ၊ ပရိဝုဏ်အတွင်းရှိ အရံစေတီများ၊ မတ်ရပ်ရုပ် ပွားတော်များ၊ လျောင်းတော်မူရုပ်ပွားတော်များ၊ ထိုင်တော်မူ ရုပ်ပွားတော်များအပြင် သာသနာ့ဇောတိက ဓမ္မာရုံအတွင်းရှိ ရုပ်ပွားတော်များ၊ မဟာဗောဓိ ညောင်ပင်ရှိ ရုပ်ပွားတော်များကိုလည်း ရွှေကြာသင်္ကန်းများ ဆက်ကပ်ပူဇော်မည်ဖြစ်သ ည်။
ယခုအခါ တန်ဆောင်မုန်းလပြည့်နေ့၌ ဆက်ကပ်ပူဇော်မည့် ရွှေကြာပန်းများ ရက်ဖောက်လျက်ရှိနေပြီး တန်ဆောင်မုန်းလပြည့်နေ့၌ ဆက်ကပ်မည့် ရွှေကြာသင်္ကန်းများကို ပင်မအလှူရှင်များကိုယ်တိုင် လာရောက်ဆက်ကပ်လှူဒါန်း ပူဇော်နိုင်ကြောင်း သိရသည်။
သမိုင်းဝင် ရွှေဘုန်းပွင့်စေတီတော်မြတ်ကြီးအား ယခင်က နှစ်စဥ်မသိုးသင်္ကန်းများ ရက်လုပ်ဆက်ကပ်ပူဇော်ခဲ့ပြီး ရွှေကြာသင်္ကန်းဆက်ကပ်ပူဇော်ခြင်းသည် ယခုနှစ်တွင် ပဉ္စမအကြိမ်ဖြစ်ကြောင်း သိရသည်။

ဒီယေဂိုဆီမြွန်နီအတွက် လုံခြုံရေး တိုးမြှင့်ပေးလာမှာ မဟုတ်တဲ့ အာဆင်နယ်
==================

အာဆင်နယ်ဟာ ယနေ့ည အမ်းမရိတ်ကွင်း ချန်ပီယံလိဂ်ပွဲစဉ်တွင် အက်သလက်တီကိုမက်ဒရစ်နည်းပြဒီယေဂိုဆီမြွန်နီအတွက် အထူးလုံခြုံရေးလုပ်ဆောင်ပေးလာမှာ မဟုတ်ပါဘူး။

အက်သလက်တီကိုမက်ဒရစ်နည်းပြဟာ စက်တင်ဘာလတုန်းက အန်ဖီးလ်တွင် လီဗာပူးအား ၃-၂ ဂိုးဖြင့် ရှုံးနိမ့်တဲ့ပွဲစဉ်တွင် လီဗာပူးပရိသတ်များနှင့် ပြဿနာတက်ခဲ့သူ ဖြစ်ပါတယ်။

သူဟာ လီဗာပူးပရိသတ်များနှင့် အချင်းများမှုအတွက် တစ်ပွဲပယ်ပြစ်ဒဏ်ချမှတ်ခြင်းခံခဲ့ရပါတယ်။

သူဟာ ပွဲပယ်ပြစ်ဒဏ်ကြောင့် ပြီးခဲ့တဲ့လတုန်းက ဖရန့်ဖတ်အား ၅-၁ ဖြင့် အနိုင်ရတဲ့ ချန်ပီယံလိဂ်ပွဲစဉ်ကို ကြီးကြပ်ခွင့် မရရှိခဲ့ပါဘူး။ ဒါပေမယ့် သူဟာ ပွဲပယ်ပြစ်ဒဏ်မှ လွတ်မြောက်လာမှုနှင့်အတူ ယနေ့ည အာဆင်နယ်နှင့်ပွဲစဉ်တွင် အသင်းကို ပြန်လည်ကြီးကြပ်လာပါမယ်။

ဒါပေမယ့်လည်း အာဆင်နယ်အသင်းတာဝန်ရှိသူများက အာဆင်နယ်ပရိသတ်များမှာ လီဗာပူးပရိသတ်များကဲ့သို့ ပြုမူလာမှာ မဟုတ်ဘူးလို့ ယုံကြည်နေမှုနှင့်အတူ ဆီမြွန်နီအတွက် လုံခြုံရေး လုပ်ဆောင်ပေးလာမှာ မဟုတ်ပါဘူး။

ဒါ့အပြင် အမ်းမရိတ်ကွင်း အဝေးကွင်းအသင်းနည်းပြအဖွဲ့နေရာမှာ အိမ်ရှင်ပရိသတ်များနှင့်အဝေးတွင် ရှိရာ ပြဿနာဖြစ်လာနိုင်တဲ့ အခြေအနေမျိုးမှာ မရှိပါဘူး။

တကယ်လို့များ ပွဲအတွင်း ပြဿနာ ဖြစ်လာပါကလည်း ကွင်းလုံခြုံရေးများအနေဖြင့် ကိုင်တွယ်နိုင်တဲ့ အခြေအနေမှာ ရှိနေပါတယ်။

image

ဆိုင်သိမ်းပြီး ပြန်လာတဲ့ကား လမ်းဘေးဓာတ်တိုင် ဝင်တိုက်လို့ ၁၅ ယောက်ဒဏ်ရ

အောက်တိုဘာ ၂၁

ရန်ကုန်တိုင်း ၊ တောင်ဥက္ကလာမြို့နယ်၊ ဝေဇယန္တာလမ်းမပေါ် နဲ့ ၉ ရပ်ကွက် ၊ ကျော်သူ ၂၅ လမ်းထိပ်မှာ ဒီနေ့ အောက်တိုဘာ ၂၁ ရက်နေ့ မနက်အစောပိုင်းက ဆိုင်သိမ်းပြန်လာတဲ့ကားက ဓာတ်တိုက်ဝင်တိုက်မိပြီး ၁၅ ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့ တယ်လို့သိရပါတယ်။

ဖြစ်စဥ်က မနက်အစောပိုင်း ၃ နာရီလောက်မှာဖြစ်ပွားခဲ့တာဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိသူတွေက အမျိုးသား.ခုနှစ်​ယောက်နဲ့ အမျိုးသမီး ရှစ်ယောက်ဖြစ်တယ်လို့သိရပါတယ်။

"ကားအရှိန်မပြင်းဘူး။ကားခေါင်းထဲမှာ ကားမောင်းတဲ့ကောင်လေးနဲ့ ကောင်မလေးလိုက်ပါစီးတယ်။ သူတို့ပြောတာ ကားခေါင်းထဲက ကောင်မလေးကို သရဲပူးပြီး ကားသမားကလည်းမထိန်းနိုင်ဘဲ လမ်းဘေးဓာတ်တိုင်ကိုဝင်တိုက်တာလို့သိရတယ်။သူတို့က ထမင်းကြော်ဆိုင်သိမ်းပြီးပြန်လာကြတာလို့သိရတယ်။ဒဏ်ရာတွေကမစိုးရိမ်ရပါဘူး။ " လို့ ဖြစ်စဥ်ကို မျက်မြင်တွေ့ရှိသူတယောက်ကပြောပြပါတယ်။

ကားပေါ်လိုက်ပါလာသူအားလုံးက ဆိုင်ဝန်ထမ်းတွေဖြစ်ကြောင်း ၊ ဒဏ်ရာရရှိသူတွေကိုတော့ လူမှုကူညီရေးအသင်းတွေက လူနာတင်ယာဉ်ခြောက်စီးနဲ့ မြောက်ဥက္ကလာ ဆေးရုံကိုပို့ဆောင်ခဲ့တယ်လို့သိရပါတယ်။

အလားတူ အင်းစိန်မြို့နယ်၊ ရွှေပြည်သာစက်မှုဇုန်(၃)၊ ဦးရွှေဘင်လမ်းနှင့် ဦးရွှေအိုးလမ်းထောင့်မှာလည်း ဒီနေ့ မနက်ပိုင်းက ယာဉ်တိုက်မှုဖြစ်ပြီးအမျိုးသားတ​ကေ်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။

အောက်တိုဘာ ၁၈ ရက်နေ့မနက်ပိုင်းကလည်း ကျောက်တံတားမြို့နယ်၊ အနော်ရထာလမ်းမမှာ ယာဥ်သုံးစီးဆင့်တိုက် မှုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။

အောက်တိုဘာ ၁၆ ရက်ကလည်း ရန်ကုန်၊ ပြည်လမ်းမပေါ်မှာ ယာဉ် ၅ စီး ဆင့်တိုက်မှုဖြစ်ပွါးခဲ့တယ်လို့သိရပါတယ်။

image