26 w - Translate

◾️စမ်းချောင်း၌ ခြောက်လွှာအမြင့်ရှိတိုက်ပေါာမှ လူငယ်တစ်ဦးပြုတ်ကျ
ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၌ ယနေ့ (အောက်တိုဘာ ၂၆ ရက်)နံနက် ၆နာရီ ၂၅ မိနစ်တွင် လူငယ်တစ်ဦး ခြောက်လွှာအမြင့်ရှိတိုက်ပေါာမှပြုတ်ကျမှုဖြစ်ပွားခဲ့ကြောင်း အနာဂတ်အလင်းတန်းပရဟိတအသင်းထံမှသိရသည်။
အဆိုပါ လူငယ်မှာ စမ်းချောင်းမြို့နယ်၊မြေနီကုန်း(မြောက်)ရပ်ကွက်၊ ရှမ်းကုန်းလမ်းရှိ တိုက်တစ်တိုက်၏ ခြောက်လွှာမှ ပြုတ်ကျ၍ ထိုမှတစ်ဆင့် တိုက်ဘေးကပ်ရပ်ရှိ စရီကာလီမယ်တော်ဘုရားကျောင်းအမိုးပေါ် သို့ ပြုတ်ကျခဲ့ခြင်းဖြစ်သည်။
ယင်း ဖြစ်စဉ်အသေးစိတ်နှင့်လူငယ်၏ နောက်ဆက်တွဲကျန်းမာရေးအခြေအနေအား အနာဂတ်အလင်းတန်းပရဟိတအသင်းထံစံတော်ချိန်ဒစ်ဂျစ်တယ်မှဆက်သွယ်မေးမြန်းရာ ဖြေဆိုပေးနိုင်ခြင်းမရှိသေးပါ။
အဆိုပါ လူငယ်အား မြေပြင်ကုသမှုများပြုလုပ်ပေးခဲ့ပြီး အသင်းယာဉ်ဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊အရေးပေါ်ဌာနသို့ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။
သတင်း-အင်ကြင်း
ဓာတ်ပုံ- အနာဂတ်အလင်းတန်းပရဟိတအသင်း
#ပြည်တွင်းသတင်း

image

#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◾️(၄၇)ကြိမ်မြောက် အာဆီယံထိပ်သီးညီလာခံ ကျင်းပ၊ အမျိုးသားပြန်လည်ရင်ကြားစေ့ရေး ကြိုးပမ်းမှုများကို မြန်မာကိုယ်တိုင် ဦးဆောင်ရန်လိုအပ်ဟု မလေးရှားဝန်ကြီးချုပ် ပြောကြား
အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး ကြိုးပမ်းမှုများကို မြန်မာနိုင်ငံ သားများကိုယ်တိုင် ဦးဆောင်မှသာ မြန်မာပြည်၏ ငြိမ်းချမ်းရေး အစွန့် ရှည်ကြာနိုင်မည်ဖြစ်ကြောင်း မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင် ကအောက်တိုဘာ ၂၆ ရက်တွင် ပြောကြားလိုက်သည်။
ကွာလာလမ်ပူမြို့တော်၌ အောက်တို ဘာ ၂၆ ရက်တွင် စတင်ကျင်းပသော (၄၇) ကြိမ်မြောက် အာဆီယံထိပ်သီး ညီလာခံတွင် မလေးရှားဝန်ကြီးချုပ်က မြန်မာ့နိုင်ငံရေး အခြေအနေနှင့် ပတ်သက်၍ အထက်ပါ အတိုင်း သုံးသပ်ခဲ့ခြင်းဖြစ်သည်။
မိမိတို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများ အနေဖြင့် အချက်ငါးချက်ပါ အာဆီယံ ဘုံသဘောတူညီချက်၏ ဦးဆောင်မှုဖြင့် မြန်မာပြည်ငြိမ်းချမ်းရေးအတွက် လိုအပ်သည့် နောက်ခံအခြေအနေများ ဖန်တီးနိုင်ရန်ကြိုး ပမ်းနေကြောင်း သို့ရာတွင် ငြိမ်းချမ်းရေးလမ်းစဉ်သည် မြန်မာတို့၏ ကိုယ်ပိုင်လမ်းစဉ်၊ မြန်မာတို့ ကိုယ်တိုင်ဦးဆောင်သော လမ်းစဉ် ဖြစ်မှသာ အမျိုးသားပြန်လည်ရင်ကြားစေ့ရေး အဓွန့်ရှည်တည်တံ့ နိုင်မည်ဖြစ်ကြောင်း မလေးရှား ဝန်ကြီးချုပ်က အာဆီယံထိပ်သီး ညီလာခံတွင် ထုတ်ဖော်ပြောကြားခဲ့သည်။
အာဆီယံအဖွဲ့ နှစ်ပေါင်း(၆၀) နီးပါ ကြားရယူခံစားနိုင်ခဲ့သော ငြိမ်းချမ်းမှုနှင့် စီးပွား ရေးဖွံ့ဖြိုးတိုးတက်မှုတို့သည် ကိုယ်ထူကိုယ်ထ ဆက်လက်ရပ်တည်နိုင်မည့် အနေအထား မရှိခြင်းကြောင့် အာဆီယံအနေဖြင့်ပူးပေါင်း ဆောင်ရွက်မှုများ မြင့်တင်ရလိမ့်မည်ဖြစ်ကြောင်း မလေးရှားဝန်ကြီးချုပ်က အာဆီယံ ထိပ်သီးညီလာခံဖွင့်ပွဲတွင် ပြောကြားခဲ့သည်။
အောက်တိုဘာ ၂၆ ရက်မှ ၂၈ ရက် အထိကျင်းပမည့်(၄၇)ကြိမ်မြောက် အာဆီယံ ထိပ်သီးညီလာခံတွင် အာဆီယံ ခေါင်းဆောင်များအနေဖြင့် မြန်မာ့နိုင်ငံရေး ပြဿနာအပါ အပင် ဒေသတွင်းနှင့် နိုင်ငံတကာပြဿနာများကို အဓိကထားဆွေးနွေးမည်ဖြစ်သည်။
အဆိုပါ အာဆီယံထိပ်သီး ညီလာခံ ဆက်စပ်ထိပ်သီးညီလာခံများတွင် ထိုင်း၊ ကမ္ဘောဒီးယား၊ စင်ကာပူ၊ အင်ဒိုနီးရှား၊ ဖိလင် ပိုင်၊ ဘရူနိုင်း၊ မလေးရှားနှင့် ဗီယက်နမ် ခေါင်းဆောင်များအပြင် အာဆီယံ၏ အဓိက မိတ်ဖက်နိုင်ငံများဖြစ်ကြသော အမေရိကန်၊ တရုတ်နှင့် ဂျပန်အပါအဝင် ကမ္ဘာ့နိုင်ငံကြီး အများအပြားမှ ခေါင်းဆောင်များလည်း တက်ရောက်လျက်ရှိသည်။
ကိုးကား-သည်စတား

image

#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◾️အကဲခတ်စောင့်ကြည့်သူများကို မြန်မာသို့ စေလွှတ်ရေး အာဆီယံ ဆက်လက်ဆွေးနွေးမည်
မြန်မာနိုင်ငံသို့ အကဲခတ် စောင့်ကြည့်သူများ စေလွှတ်ရေးအစီအစဉ်ကို အခြားလုပ်ငန်းအစီအစဉ်များနှင့်အတူ အာဆီယံအဖွဲ့ဝင်နိုင်ငံများကဆက်လက်ဆွေးနွေးမည်ဖြစ်ကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟမ်မက်ဟာဆန်ကအောက်တိုဘာ ၂၅ ရက်တွင် ထုတ်ဖော်ပြောကြားထားသည်။
မြန်မာနိုင်ငံ၌ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှု ပြန်လည်တည်ဆောက်နိုင်ရေးအတွက် ကြိုးပမ်းရာတွင် အချက်င ါးချက်ပါ အာဆီယံဘုံသဘောတူညီချက်ကိုလမ်းပြမြေပုံအဖြစ် ဆက်လက်ကျင့်သုံးမည်ဖြစ်ကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီးက အာဆီယံထိပ်သီး ညီလာခံမတိုင်မီ ပြောကြားခဲ့သည်။
အလားတူ မြန်မာနိုင်ငံသို့ အာဆီယံအကဲခတ်စောင့်ကြည့်သူများအဖွဲ့တစ်ဖွဲ့ စေလွှတ်ရေးအဆိုပြုချက်နှင့် ပတ်သက်၍လည်း ထိပ်တန်း တာဝန်ရှိသူများအဆင့် ဆွေးနွေးမှုများ ဆက်လက် ပြုလုပ်မည်ဖြစ်ကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီးက သတင်းထောက်များနှင့်တွေ့ဆုံစဉ် ထုတ်ဖော်ပြောကြားထားသည်။
ယင်းအပြင် အာဆီယံနိုင်ငံများအနေဖြင့် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးသံတမန်၏ ရာထူးသက်တမ် းပြင်ဆင်ရေး အဆိုပြုချက်ကိုလည်း ဆွေးနွေးနေကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီး၏ အဆိုအရ သိရသည်။
ကွာလာလမ်ပူမြို့၌ အောက်တိုဘာ ၂၆ ရက် မှ ၂၈ရက်အထိ ကျင်းပလျက်ရှိသည့် အာဆီယံထိပ်သီး ညီလာခံ၌ အာဆီယံခေါင်းဆောင်များ အနေဖြင့် မြန်မာနိုင်ငံရေးပြဿနာကိုလည်း အဓိက အကြောင်းအရာတစ်ရပ်အဖြစ် ထည့်သွင်းဆွေးနွေးလျက်ရှိသည်။
အာဆီယံထိပ်သီးညီလာခံမကျင်းပမီအောက် တိုဘာ၂၅ရက်ကလည်း အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဟောင်း အင်ဒိုနီးရှားနိုင်ငံ၊ လက်ရှိအလှည့်ကျဥက္ကဋ္ဌ မလေးရှားနိုင်ငံနှင့် ၂၀၂၆ ခုနှစ် အလှည့်ကျဥက္ကဋ္ဌ သစ် ဖိလစ်ပိုင် နိုင်ငံတို့က မြန်မာနိုင်ငံရေးအခြေအနေနှင့် ပတ်သက်၍ ထရွိုင်ကာအုပ်စု ဆွေးနွေးပွဲ တစ်ပွဲ ကွာလာလမ်ပူ၌ ကျင်းပခဲ့သည်။
ရေး-ဗျည်းနွဲ့
ကိုးကား- Bernama

image

ထန်းနို့ခြောက်(ထနို့ခြောက်)၏ အံ့မခန်း ဆေးဖက်ဝင် အာနိသင်
----------------------------------------------------------
ထိပ်ကပ်နာလို့ ခေါ်တဲ့ ဝေဒနာဟာ အတော်လေး ခံစားရခက်တဲ့ ရောဂါတစ်မျိုးပါ။ ထိပ်ကပ်နာဖြစ်တာ ကြာလာရင် အနံ့အသက်ပါ ထွက်လာတတ်တယ်။
ထိပ်ကပ်နာ ရောဂါက ကြီးမားတဲ့ရောဂါ မဟုတ်ပေမယ့် လူ့ပတ်ဝန်းကျင်မှာ သွားလာရ မလွယ်ကူလောက်အောင် ဒုက္ခပေးတဲ့ ရောဂါတစ်မျိုး ဖြစ်ပါတယ်။
ထိပ်ကပ်နာရောဂါကို အရှင်းပျောက်စေမယ့် သဘာဝ ဆေးနည်းကောင်းတစ်လက်ကို ပြောပြပေးချင်ပါတယ်။
အဲ့ဒါကတော့ ထန်းနို့ခြောက်(ထနို့ခြောက်) လို့ခေါ်တဲ့ ထန်းဖူးပါ။ ထန်းနို့ခြောက်က ထိပ်ကပ်နာ ဝေဒနာရှင်တွေအတွက် နတ်ဆေးတစ်ခွက်လို အစွမ်းထက်ပါတယ်။
ဆေးနည်းပြုလုပ်ပုံကတော့....
ထန်းနို့ခြောက်(ထနိ့ခြောက်)ကို အမှုန့်ဖြစ်အောင် ထောင်းရပါမယ်။
အဲ့ဒီနောက် ဆေးပေါ့လိပ် တစ်လိပ်ကို ထိပ်ဖွင့်ပြီး အတွင်းက ဆေးသားများ ကုန်စင်အောင် ထုတ်ပါ။
ပြီးလျှင် အဲ့ဒီဆေးပေါ့လိပ်ထဲကို ထန်းနို့ခြောက်(ထနိ့ခြောက်)မှုန့်ကို ထည့်ပြီး ဆေးပေါ့လိပ် ဖွာသလို ဖွာပြီးနှာခေါင်းထဲမှ အငွေ့ ပြန်ထုတ်ရပါတယ်။
ဆေးလိပ်သောက်သလို ရှိုက်ဖို့ မလိုပါဘူး။ အငွေ့ကို နှာခေါင်းထဲမှ ပြန်ထုတ်ရင် ရပါပြီ။
အဲ့ဒီနည်းအတိုင်း ပြုလုပ်ပေးခြင်းဖြင့် တစ်ရက်တည်းမှာပဲ ပိတ်ဆို့နေတဲ့ အစိုင်အခဲတွေ အရည်ပျော်ကျပြီး အသက်ရှုရ လွယ်ကူသွားပါလိမ့်မယ်။
ထန်းနို့ခြောက်(ထနိ့ခြောက်)မှုန့်ကို ထိုနည်းအတိုင်း လေးငါးရက် ဆက်တိုက်လုပ်ပါက လုံးဝ ပျောက်ကင်းသွားပါလိမ့်မယ်.......။

image
26 w - Translate

*ဝေလငါးနို့သည် ကျွေးမွေးမှုအတွက် သဘာဝ၏ အံ့ဖွယ်အဆင်ပြေမှုတစ်ခုဖြစ်သည်။**
ဝေလငါးနို့တွင် **အဆီဓာတ် ၅၀%** ပါဝင်ပြီး အလွန်ပျစ်ချွဲသောကြောင့် ရေထဲတွင် **မပျော်ဝင်နိုင်ပါ**။ ဤထူးခြားသောဂုဏ်သတ္တိသည် ဝေလငါးကလေးများအား ပင်လယ်ပြင်ထဲတွင် နို့ကို တိုက်ရိုက်သောက်သုံးနိုင်စေရန် ကူညီပေးသည်။ ဝေလငါးမျိုးစိတ်များတွင် ဤမြင့်မားသောအဆီပါဝင်မှုသည် ကလေးငယ်များ၏ လျင်မြန်စွာ ကြီးထွားမှုအတွက် အထူးအရေးပါပြီး၊ အေးမြသောပတ်ဝန်းကျင်တွင် ခန္ဓာကိုယ်အပူကို ထိန်းသိမ်းရန် လိုအပ်သော စွမ်းအင်ကို ထောက်ပံ့ပေးသည်။
ဤသဘာဝအစီအမံသည် ဝေလငါးမိခင်များအတွက် ရေထဲတွင် နို့ကျွေးခြင်းကို ထိရောက်စေပြီး ကလေးငယ်များ ကျန်းမာစွာ ကြီးထွားနိုင်ရန် သေချာစေသည်။ ❤️

image

🌲ဝက်ခြေထောက်စတူး🌲
အရွက်မှာ လက်ဖတ် ၊ အသီးမှာ သရက် ၊ အသားမှာ ဝက်ဆိုတဲ့အတိုင်း ဝက်သားဆိုတာ လူတိုင်းနီးပါး ကြိုက်ကြတဲ့ အသားတစ်ခုဖြစ်ပါတယ်။ ဒီလိုပါပဲ ဝက်သားထဲမှာ ဝက်စတူးဆိုရင် ဒီလိုမိုးအေးအေးမှာ စားလို့ကောင်းလှတာမိုလို့ လူကြိုက်များလှပါတယ်။ ဒီလိုလူကြိုက်များတဲ့ ဝက်စတူးကို အိမ်မှာ လွယ်လွယ်ကူကူချက်ခြင်ရင်တော့ ....
ပါဝင်ပစ္စည်းများ
ဝက်ခြေထောက် - ၅၀သား
ပဲငံပြာရည်အနောက် - စာပွဲတင်ဇွန်း တစ်ဇွန်း
ပဲငံပြာရည် အကြည့် - စာပွဲတင်ဇွန်း တစ်ဇွန်း
ဟင်းချက်ဝိုင် - စာပွဲတင်ဇွန်း နှစ်ဇွန်း
သကြား - သုံးဇွန်း
ကြက်သွန်ဖြူ - သုံးမွှာ
ဂျင်း - အနည်းငယ်
ကြက်သွန်နီ - တစ်လုံး
ပြုလုပ်နည်း
Pressure cooker နဲ့ချက်မှာမို့လို့ ရေစင်စင်ဆေးပြီးသား ဝက်ခြေထောက်များကို အိုးထဲထည့်ပြီး ပဲငံပြာရည်အနောက် ၁ဇွန်း၊ ပဲငံပြာရည်အကြည် ၁ဇွန်း၊ ဟင်းချက်ဝိုင် ၂ဇွန်း၊ five spice powder တဇွန်း၊ သကြား ၃ဇွန်း တို့နဲ့နယ်ပြီး မိနစ်၃၀လောက် နှပ်ထားလိုက်ပါ။
ပြီးရင်ဆီနဲနဲနဲ့ အိုးကို အပူစပေးပြီး ဝက်ခြေထောက်ကိုလုံးပါ။အဲဒီအချိန်မှ ကြက်သွန်နီ၊ ကြက်သွန်ဖြူ ၊ဂျင်း ထည့်ပြီး ၁မိနစ်လောက်လုံးတည်ပါ။ ပြီးပြီဆိုရင် ရေ(၁)လီတာခွဲခန့်ထည့်ပြီး မီးအနေတော်ထားကာ ၁နာရီခန့်ပေါင်းပါမယ်။ အောက်မကပ်အောင်လို့အိုးကို လှုပ်ပေးရပါမယ်။ မြည်းကြည့်လို့ အသားလေးတွေအိနေပြီဆိုရင် အိမ်မှာပဲ လွယ်လွယ်ကူကူ နဲ့ သန့်သန့်ရှင်းရှင်း ချက်ထားတဲ့ ဝက်စတူးရပါပြီ။
Credit :

image
26 w - Translate

စမ်းချောင်းမြို့နယ်တွင် အမျိုးသား(၁)ဦး တိုက်ပေါ်မှပြုတ်ကျပြီး ဘုရားကျောင်းအမိုးပေါ်တင်နေသဖြင့် ကယ်ဆယ်ရေးဆောင်ရွက်
ရန်ကုန်။ အောက်တိုဘာ ၂၆.၂၀၂၅
ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်တွင် ယနေ့ အောက်တို ဘာ ၂၆ ရက်နံနက် ၆ နာရီခွဲခန့်က အမျိုးသား(၁)ဦး နေအိမ်ပေါ်မှ
ပြုတ်ကျခဲ့ကြောင်း မီးသ-တ်တပ်ဖွဲ့မှ သတင်းရရှိခဲ့သည်။
ဖြစ်စဥ်မှာ စမ်းချောင်းမြို့နယ်၊ မြေနီကုန်းမြောက်ရပ်ကွက်၊ ရှမ်းကုန်းလမ်းတွင် နေအိမ်ပေါ်မှအမျိုးသား(၁)ဦး ကျပြီး တိုက်ဘေးရှိ စရီစရီကာလီမယ်တော်ဘုရားကျောင်းအမိုးပေါ်တွင်တင်နေသဖြင့် စမ်းချောင်းမြို့နယ်မီးသ-တ်စခန်းမှတပ်ဖွဲ့ဝင်များ၊ အရန်မီးသ-တ်တပ်ဖွဲ့ဝင်များက နံနက် ၆ နာရီ ၅၆ မိနစ်တွင် ကယ်ဆယ်နိုင်ခဲ့ပြီး ထိခိုက်ဒ-ဏ်ရာ (မစိုးရိမ်ရ) ရရှိထားသဖြင့် အနာဂတ်အလင်းတန်းပရဟိတအသင်းမှ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

image
26 w - Translate

စမ်းချောင်းမြို့နယ်တွင် အမျိုးသား(၁)ဦး တိုက်ပေါ်မှပြုတ်ကျပြီး ဘုရားကျောင်းအမိုးပေါ်တင်နေသဖြင့် ကယ်ဆယ်ရေးဆောင်ရွက်
ရန်ကုန်။ အောက်တိုဘာ ၂၆.၂၀၂၅
ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်တွင် ယနေ့ အောက်တို ဘာ ၂၆ ရက်နံနက် ၆ နာရီခွဲခန့်က အမျိုးသား(၁)ဦး နေအိမ်ပေါ်မှ
ပြုတ်ကျခဲ့ကြောင်း မီးသ-တ်တပ်ဖွဲ့မှ သတင်းရရှိခဲ့သည်။
ဖြစ်စဥ်မှာ စမ်းချောင်းမြို့နယ်၊ မြေနီကုန်းမြောက်ရပ်ကွက်၊ ရှမ်းကုန်းလမ်းတွင် နေအိမ်ပေါ်မှအမျိုးသား(၁)ဦး ကျပြီး တိုက်ဘေးရှိ စရီစရီကာလီမယ်တော်ဘုရားကျောင်းအမိုးပေါ်တွင်တင်နေသဖြင့် စမ်းချောင်းမြို့နယ်မီးသ-တ်စခန်းမှတပ်ဖွဲ့ဝင်များ၊ အရန်မီးသ-တ်တပ်ဖွဲ့ဝင်များက နံနက် ၆ နာရီ ၅၆ မိနစ်တွင် ကယ်ဆယ်နိုင်ခဲ့ပြီး ထိခိုက်ဒ-ဏ်ရာ (မစိုးရိမ်ရ) ရရှိထားသဖြင့် အနာဂတ်အလင်းတန်းပရဟိတအသင်းမှ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

image
26 w - Translate

စမ်းချောင်းမြို့နယ်တွင် အမျိုးသား(၁)ဦး တိုက်ပေါ်မှပြုတ်ကျပြီး ဘုရားကျောင်းအမိုးပေါ်တင်နေသဖြင့် ကယ်ဆယ်ရေးဆောင်ရွက်
ရန်ကုန်။ အောက်တိုဘာ ၂၆.၂၀၂၅
ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်တွင် ယနေ့ အောက်တို ဘာ ၂၆ ရက်နံနက် ၆ နာရီခွဲခန့်က အမျိုးသား(၁)ဦး နေအိမ်ပေါ်မှ
ပြုတ်ကျခဲ့ကြောင်း မီးသ-တ်တပ်ဖွဲ့မှ သတင်းရရှိခဲ့သည်။
ဖြစ်စဥ်မှာ စမ်းချောင်းမြို့နယ်၊ မြေနီကုန်းမြောက်ရပ်ကွက်၊ ရှမ်းကုန်းလမ်းတွင် နေအိမ်ပေါ်မှအမျိုးသား(၁)ဦး ကျပြီး တိုက်ဘေးရှိ စရီစရီကာလီမယ်တော်ဘုရားကျောင်းအမိုးပေါ်တွင်တင်နေသဖြင့် စမ်းချောင်းမြို့နယ်မီးသ-တ်စခန်းမှတပ်ဖွဲ့ဝင်များ၊ အရန်မီးသ-တ်တပ်ဖွဲ့ဝင်များက နံနက် ၆ နာရီ ၅၆ မိနစ်တွင် ကယ်ဆယ်နိုင်ခဲ့ပြီး ထိခိုက်ဒ-ဏ်ရာ (မစိုးရိမ်ရ) ရရှိထားသဖြင့် အနာဂတ်အလင်းတန်းပရဟိတအသင်းမှ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

imageimage
26 w - Translate

ကာကွယ်ဆေးထိုးထားရင် မဖြစ်နိုင်တဲ့ရောဂါ (၁၀) မျိုး
ကြိုတင်ကာကွယ်ခြင်းက ကုသခြင်းထက်ပိုကောင်းတယ်ဆိုတာကို အားလုံးကြားဖူးကြမှာပါ။ ဟိုးအရင်တုန်းက တကယ်ကိုကြောက်ခဲ့ရတဲ့ ပိုလီယိုရောဂါတို့၊ ကျောက်ကြီးရောဂါ ဆိုတာတွေ ကို ခုခေတ်ကလေးတွေ ကြားတောင်မကြားရတော့တာ ကာကွယ်ဆေးတွေကို ကျေးဇူးတင်ရမှာပါ။ ဒီတော့ ကာကွယ်ဆေးတွေရဲ့ အရေးပါပုံကို ခန့်မှန်းမိကြတော့လောက်ပြီပေါ့။ ဒီဆောင်းပါးထဲမှာတော့ ကာကွယ်ဆေးထိုးထားရင် မဖြစ်နိုင်တဲ့ရောဂါ (၁၀) မျိုးအကြောင်း ပြောပြပေးချင်ပါတယ်။
(၁ ) ဝက်သက်ရောဂါ
ဝက်သက်ကာကွယ်ဆေးဆိုပြီး ကလေးအသက် (၉) လ မှာတစ်ကြိမ် (၁) နှစ်ခွဲမှာတစ်ကြိမ် ထိုးပေးကြတာ ကြားဖူးကြမှာပါ။ လေထဲကတစ်ဆင့်ကူးစက်ပြီး အဆုတ်ပွ၊ အဆုတ်ရောင်တာ၊ ဦးနှောက်အမြှေးပါးရောင်တာကနေ အသက်သေဆုံးတဲ့အထိဖြစ်နိုင်တဲ့ ဒီဝက်သက်ရောဂါဟာ ကာကွယ်ဆေးထိုးထားလိုက်ရင် လုံးဝကိုမဖြစ်နိုင်တော့မယ်ရောဂါတစ်ခုပါ။
( ၂ ) Diphtheria ( ဒစ်ဖ်သီးရီးယား)
Diphtheria ဆိုတဲ့ဘက်တီးရီးယားတစ်မျိုးကြောင့်ဖြစ်တဲ့ ဒီအဆုတ်ရောဂါဟာ နာတာရှည်ချောင်းဆိုးခြင်းကို အဓိကဖြစ်စေတဲ့အရာတစ်ခုပါ။ လေထဲကတစ်ဆင့်၊ ရောဂါရှိသူချောင်းဆိုးတာကတစ်ဆင့်ကူးစက်နိုင်တဲ့ ဒီရက်တစ်ရာချောင်းဟာ အဆုတ်ပိုးဝင်တာ၊ တက်တာနဲ့ နောက်ဆုံး ချောင်းဆိုးရလွန်းလို့အသက်ရှူရကြပ်ပြီး အသက်သေဆုံးတဲ့အထိပြင်းထန်တဲ့ရောဂါတစ်ခုပါ။ ဒါပေမယ့် ခုနောက်ပိုင်း ဒီရောဂါနဲ့ ပက်သက်ပြီးသိပ်မကြားရတော့တာ DPT ကာကွယ်ဆေးကိုကျေးဇူးတင်ရမှာပါ။ DPT ကာကွယ်ဆေးကို ကလေး (၂) လ၊ (၄) လ၊ (၆) လနဲ့ (၁) နှစ်ခွဲဆိုပြီး (၄) ကြိမ်ခွဲထိုးရပါမယ်။
( ၃ ) ပိုလီယို
ခြေထောက်တွေမသန်စွမ်းတော့တဲ့သူတစ်ယောက်ဖြစ်အောင် လုံးဝလုပ်ပစ်နိုင်တဲ့ ဒီကြောက်စရာ ပိုလီယိုရောဂါကြီးဟာ ငယ်ငယ်လေးအရွယ် (၂) လ (၄) လ (၆) လ (၅) နှစ်အရွယ်တည်းက အစက်ချပိုလီယိုကာကွယ်ဆေးသောက်ထားလိုက်ရင် လုံးဝကို ကြောက်စရာ မရှိတော့တဲ့ရောဂါ တစ်ခုပါ။
( ၄ ) ပြင်းထန်အဆုတ်ရောင်ရောဂါ
နမိုးနီးယားဆိုတဲ့ ပြင်းထန်အဆုတ်ရောင်ရောဂါအကြောင်း အားလုံးကြားဖူးကြမယ်လို့ ထင်ပါ တယ်။ ဒီရောဂါရှိသူရဲ့ တံတွေး၊ သလိပ်တွေကနေတစ်ဆင့် ကူးစက်တဲ့ရောဂါဖြစ်ပြီး ဦးနှောက် အမြှေးပါးရောင်၊ ပြင်းထန်အဆုတ်ရောင်ပြီး အသက်သေဆုံးတဲ့အထိ ပြင်းထန်တဲ့ရောဂါ တစ်မျိးပါ။ အရင် ၂၀၀၀ ပြည့်နှစ်တွေတုန်းကတော့နာမည်ကြီးပေမဲ့ ခုနောက်ပိုင်းကျ ဒီရောဂါကို ကာကွယ်ပေးမယ့်ကာကွယ်ဆေးထွက်သွားတာကြောင့် သူ့အကြောင်းပြောတာ သိပ်မကြားရတော့တာဖြစ်ပါတယ်။ နမိုးနီးယားကာကွယ်ဆေးကို ကလေးအရွယ်တည်းက အသက် (၂) လမှာတစ်ကြိမ် (၄) လမှာတစ်ကြိမ် (၆) လ မှာတစ်ကြိမ်ဆိုပြီး (၃) ကြိမ်ခွဲ ထိုးရပါတယ်။
( ၅ ) မေးခိုင်ကာကွယ်ဆေး
သံစူးရင်ပဲဖြစ်ဖြစ်၊ ဖုန်တွေသဲတွေပေနေတဲ့အရာတစ်ခုနဲ့ ထိခိုက်မိတာဖြစ်ဖြစ်၊ အနာထဲ သဲတွေဖုန်တွေဝင်တာဖြစ်ဖြစ် ဖြစ်သွားနိုင်တဲ့ ဒီမေးခိုင်ရောဂါဟာ နာမည်အတိုင်း မေးကို ခိုင်သွားစေပြီး စကားပြောလို့မရတော့မယ့်အပြင် နောက်ပိုင်းအသက်ရှူကြွက်သားတွေ ပျော့စေပြီး အသက်ရှူရပ်သွားတတ်စေတာကြောင့် အင်မတန်မှကြောက်ဖို့ကောင်းတဲ့ ရောဂါ ကြီးတစ်ခုပါ။ ဒါပေမယ့် ဒီကြောက်ဖို့ကောင်းတဲ့ရောဂါကြီးကို မေးခိုင်ကာကွယ်ဆေးလေးက အပြတ်အသတ်အနိုင်ယူနိုင်ပါတယ်။ မေးခိုင်ကာကွယ်ဆေးကို ကလေးအရွယ် အသက် (၂) လ (၄) လ (၆) လနဲ့ (၅) နှစ်အရွယ်ဆိုပြီး (၄) ကြိမ်ခွဲထိုးပြီး နောက်ပိုင်း ထိခိုက်ဒဏ်ရာရပြီးချင်းနဲ့ ကိုယ်ဝန်ဆောင်အချိန်တို့မှာ ကာကွယ်ဆေးထပ်ထိုးလေ့ရှိပါတယ်။
( ၆ ) အသည်းရောင်အသားဝါ ဘီပိုး
အသည်းရောင်အသားဝါ ဘီပိုးဆိုတာ အသည်းရောင်၊ အသည်းခြောက်၊ အသည်းကင်ဆာစတဲ့ ရောဂါဆိုးကြီးတွေကိုဖြစ်စေတဲ့ ရောဂါတစ်ခုပါ။ ပိုးရှိသူရဲ့ သွေး၊ တံတွေး၊ ချွေး စတာတွေကနေ ကူးစက်နိုင်တဲ့ ဒီအသည်းရောင်အသားဝါ ဘီပိုးကို ကာကွယ်ဆေးထိုးထားလိုက်ရုံနဲ့ ကာကွယ်လို့ရတယ်ဆိုတာ သင်သိပါသဘား။ ဘီပိုးကာကွယ်ဆေးထိုးရင် (၃) ကြိမ်ထိုးပေးရမှာဖြစ်ပြီး (၅) နှစ်တစ်ကြိမ် Booster ပြန်ထိုးပေးဖို့လိုအပ်ပါတယ်။
( ၇ ) ပါးကျိတ်ရောင်၊ ဂျိူက်သိုး ရောဂါ
ပါးကျိတ်ရောင်ရောဂါ၊ ဂျိုက်သိုးရောဂါနဲ့ ဝက်သက်ရောဂါသုံးမျိုးအတွက် MMR vaccine ရှိပါ တယ်။ MMR ကာကွယ်ဆေးကို ကလေးအရွယ် (၉) လမှာတစ်ကြိမ် (၁) နှစ်ခွဲမှာ တစ်ကြိမ် (၂) ကြိမ်ထိုးရုံနဲ့ ဒီရောဂါတွေကို တစ်သက်လုံးကာကွယ်နိုင်မှာဖြစ်ပါတယ်။
( ၈ ) Haemophilus Influenzae Type B
ဒီ တုပ်ကွေးဗိုင်းရပ်စ်တစ်မျိုးဖြစ်တဲ့ Haemophilus Influenzae Type B ဟာ မွေးကင်းစ ကလေးတွေနဲ့ ခုခံအားနည်းတဲ့သက်ကြီးရွယ်အိုတွေကို အများဆုံးဒုက္ခပေးနိုင်တဲ့ ဗိုင်းရပ်စ် ဖြစ်ပြီး အသက်ရှူလမ်းကြောင်းဆိုင်ရာပြဿနာတွေကို အများဆုံးဖြစ်စေပါတယ်။ ဒီရောဂါကို ကာကွယ်ဖို့အတွက် hib vaccine ကို ကလေးအရွယ် (၂) လ (၄) လ (၆) လတို့မှာ (၃) ကြိမ်ခွဲထိုးလေ့ရှိပါတယ်။
(၉ ) တီဘီဦးနှောက်အမြှေးရောင်ရောဂါ
ခုခံအားနည်းသေးတဲ့မွေးကင်းစကလေးတွေအတွက် တီဘီရောဂါဆိုတာ အင်မတန်ကြောက် စရာကောင်းတဲ့ရောဂါတစ်ခုပါ။ တီဘီထဲမှာမှ အဆုတ်တီဘီထက် ဦးနှောက်အမြှေးရောင် တီဘီရောဂါက ပိုကြောက်စရာကောင်းတာကြောင့် မွေးကင်းစကလေးတွေ မွေးမွေးပြီးချင်း BCG ကာကွယ်ဆေးကိုလက်မောင်းမှာ ထိုးပေးကြတာဖြစ်ပါတယ်။ BCG ကာကွယ်ဆေးက တစ်ကြိမ်တည်းထိုးရမယ့် ကာကွယ်ဆေးတစ်ခုပါ။ တစ်ခုသိရမှာက BCG ကာကွယ်ဆေးက ဦးနှောက်အမြှေးပါးတီဘီကိုကာကွယ်ပေးတာဖြစ်ပြီး အခြားအဆုတ်တီဘီတို့၊ အရိုးတီဘီတို့ အူတီဘီစတာတွေကို မကာကွယ်ပေးနိုင်ပါဘူး။
( ၁၀ ) သားအိမ်ခေါင်းကင်ဆာ
ကင်ဆာတွေထဲမှာမှ ရှားရှားပါးပါး HPV ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ သားအိမ်ခေါင်းကင်ဆာဟာ ကာကွယ်ဆေးထိုးထားလိုက်ရုံနဲ့ ကာကွယ်လို့ရတဲ့ကင်ဆာတစ်ခုပါ။
ဒါတွေကတော့ ကာကွယ်ဆေးထိုးထားရုံနဲ့ တစ်သက်လုံးမဖြစ်တော့မယ့်ရောဂါတွေအကြောင်း ဖြစ်ပါတယ်။ ဒါကြောင့် ကလေးအရွယ်တည်းက ကာကွယ်ဆေးတွေကို အချိန်မှန်မှန်ထိုး သင့်ပြီး ကြီးလာတဲ့အရွယ်ကျရင်လည်း သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးကို မမေ့ဘဲ ထိုးပေးဖို့လိုအပ်တယ်နော်။

image