စင်္ကာပူမှာ မြန်မာအိမ်အကူတစ်ဦး အိမ်ရှင်ဘဏ်ကတ်ထဲက ငွေထုတ်ယူမှုနဲ့ ထောင်ဒဏ် ချမှတ်ခံရ
အောက်တိုဘာ ၅
စင်္ကာပူနိုင်ငံမှာ မြန်မာအိမ်အကူ အမျိုးသမီးငယ်တစ်ဦးဟာ အိမ်ရှင်ရဲ့ ဘဏ်ကတ်ထဲက ငွေတွေ ထုတ်ယူမှုနဲ့ ထောင်ဒဏ် ၉ လ ချမှတ်ခံလိုက်ရတယ်လို့ စင်္ကာပူကလာတဲ့သတင်းတွေမှာ ဖော်ပြ ပါတယ်။
အိမ်ရှင်ရဲ့ငွေ စင်္ကာပူ ဒေါ်လာ တစ်သောင်းကျော်ကို ဘဏ်ကတ်ထဲကနေ ထုတ်ယူခဲ့သူဟာ အသက် ၂၅ နှစ်အရွယ် မယဉ်ဆိုသူလို့လည်း သတင်းတွေက ဆိုပါတယ်။
လေဖြတ်လို့ ဘီးတပ်ကုလားထိုင်သုံးပြီး သွားလာနေရတဲ့ အိမ်ရှင်အမျိုးသမီးဟာ မယဉ်ကို ATM ကတ်နဲ့အတူ စကားဝှက်ကို ပေးပြီး ငွေထုတ်ခိုင်းခဲ့အပြီးမှာ မယဉ်က နောက်ပိုင်း ပိုင်ရှင် မသိဘဲ အကြိမ်ကြိမ် ငွေတွေထုတ်ခဲ့တာလို့ စင်္ကာပူသတင်း ရှင်းမင်းနေ့စဉ်သတင်းက ဆိုပါတယ်။
အသက် ၆၈ နှစ်အရွယ် အမျိုးသမီးက လေဖြတ်သွားတာကြောင့် ၂၀၂၃ ခုနှစ် အောက်တိုဘာကစပြီး မြန်မာအိမ်အကူကို တစ်လ စင်ကာပူဒေါ်လာ ၅၅၀ ( မြန်မာငွေ ရှစ်သိန်းကိုးသောင်းကျော်)နဲ့ အလုပ်ခန့်ခဲ့တာပါ။
ဒါ့ကြောင့် မြန်မာအိမ်အကူက အိမ်ရှင်ခွင့်ပြုချက်မရှိဘဲ ၂၀၂၄ ခုနှစ် ဧပြီ ၂၆ ကနေ အောက်တိုဘာ ၃၀ ရက်အတွင်း အကြိမ်ပေါင်း ၁၉ ကြိမ် မှာ ငွေ စင်ကာပူဒေါ်လာ ၁၀၀ ကနေ ၅၀၀ အထိ စုစုပေါင်း ၁၀,၀၀၀ ကျော် ထုတ်ယူခဲ့ပါတယ်။
Credit - BBC Burmese
#centralnewsnaypyitaw








