စစ်တွေမြို့တည် နှစ် ၂၀၀ ပြည့် အထိမ်းအမှတ်အဖြစ် စစ်တွေမြို့အဝင် မုဒ်ဦးသစ် တည်ဆောက်လျက်ရှိ
ရခိုင်ပြည်နယ်၊ စစ်တွေမြို့အဝင်၌ စစ်တွေမြို့တည် နှစ် ၂၀၀ ပြည့် အထိမ်းအမှတ်အဖြစ် စစ်တွေမြို့အဝင် မုဒ်ဦးသစ် တည်ဆောက်လျက်ရှိသည်ဟု သိရသည်။
တိုင်းအစိုးရအဖွဲ့၏ သတင်းများကို ဖော်ပြပေးနေသည့် သိကြားစေချင် ငွေသဇင် လူမှုကွန်ယက်က ယနေ့ (ဇန်နဝါရီ ၁၄) နံနက်ပိုင်းတွင် ထိုသို့တည်ဆောက်နေခြင်းကို ဖော်ပြထားသည်။
“ဒီဇိုင်းစထုတ်ဖို့ ပြည်နယ်ဝန်ကြီး ဦးအောင်ကျော်မိုး၊ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းတို့က ၂၀၂၅ခုနှစ်၊ ဩဂုတ်လကတည်းက စစ်တွေမြို့မှ ဦးကျော်ဇံမောင်ရဲ့ ယဉ်ကျေးမှုအဖွဲ့၊ ဦးအောင်လှသိန်း (သုတေတီ) နှင့် စာရေးဆရာများကို ပြည်နယ်ဥပဒေချုပ်ရုံးမှာ နှစ်ကြိမ်တွေ့ဆုံပြီး ဆွေးနွေးခဲ့ပါတယ်” ဟုလည်း ရေးသားထားသည်။
ထို့အတူ မုဒ်ဦးအသစ် တည်ဆောက်ရေးကို သယံဇာတဝန်ကြီး ဦးမြင့်စိုးက ဥက္ကဌ အဖြစ် တာဝန်ယူကာ ကော်မတီဖွဲ့ပြီး တည်ဆောက်နေခြင်းဖြစ်ကြောင်းလည်း သိရသည်။
လက်ရှိ၌ စစ်တွေမြို့အဝင် မုဒ်ဦးသစ်တည်ဆောက်မှုမှာ ၅၀ ရာခိုင်နှုန်းကျော် ပြီးစီးနေပြီဖြစ်ကာ မကြာမီကာလ၌ တည်ဆောက်မှု ပြီးစီးမည်ဟုလည်း သိရသည်။