Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
နာတာရှည် ခါးနာခြင်း၊ ခါးကို'က်၊ အရိုးကျီးပေါင်းတက်ပြီး အာရုံကြောညှပ်ခြင်း၊ အဆစ်အမြစ်နာခြင်း၊ အရိုးကို'က်ခြင်း၊ 6ကျာက်ကပ်6ရာင်ခြင်း၊ ဂေါက်ရောဂါနာကျင်ခြင်း စတဲ့6ဝဒနာများ သက်သာပျောက်ကင်းစေပါသည်။
အခြောက်လှန်းထားသော ဒန့်ဒလွန်သီး 'အစေ့' လက် ၁ ဆုပ်စာခန့်ကို ရေတစ်လီတာနဲ့ ၁၀ မိနစ်ခန့် ပြုတ်ပါ။ အစာစားပြီးပြီးချင်း တစ်ကြိမ်၊ အိပ်ရာမဝင်ခင် တစ်ကြိမ်၊ တစ်ကြိမ်လျှင် ဖန်ခွက်တစ်ခွက်စာ သောက်ပေးပါ။
ကိုယ်လက်ကို'က်ခဲခြင်း၊ ခါးနာခြင်း၊ အဆစ်အမြစ်နာခြင်း၊ အရိုးကို'က်ခြင်းတို့ကို သက်သာစေပါတယ်။ ၁ ရက် ၂ ရက်အတွင်း နာ၊ကျ၊င်မှုတွေ သက်သာပျောက်ကင်းစေပါသည်။
ဒါ့အပြင် ချောင်းဆိုးပျောက်ဆေးအနေနဲ့လည်း သုံးလို့ရပြီး
(တစ်ရက်အတွင်း ပျောက်ကင်းစေပါတယ်)
ဒန့်ဒလွန်သီးစေ့အခြောက် 'အတွင်းသားအစေ့'ကို ၃-၄ စေ့ခန့် ထုတ်ယူ၍ ပါးစပ်ထဲထည့်ကာ သေချာစွာဝါးပြီး မျိုချပါ။ ပြီးလျှင် ရေအနည်းငယ် သောက်ပေးပါက လည်ချောင်းထဲတွင် ချိုမြိန်ပြီး စိုစွတ်သွားကာ ချောင်းဆိုးတာကို ချက်ချင်းသက်သာပျောက်ကင်းစေပါသည်။
အားကောင်းသောလေဖိအားနည်းရပ်ဝန်းအခြေအနေ
===============================
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၂ ရက်နေ့ မြန်မာစံတော်ချိန် ၁၆:၀၀ နာရီအချိန် ထုတ်ပြန်ချက်
----------------------------------------------------------------------
ယနေ့မြန်မာစံတော်ချိန် ၁၅:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်း(အိန္ဒိယနိုင်ငံ၊ တမီးနာဒူးကမ်းလွန်)တွင် ဖြစ်ပေါ်နေသော အားကောင်းသော လေဖိအားနည်းရပ်ဝန်း (Well Marked Low Pressure Area) သည် ဆက်လက်တည်ရှိနေပါသည်။ အဆိုပါ အားကောင်းသောလေဖိအားနည်းရပ်ဝန်းသည် အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး နောက် ၂၄ နာရီအတွင်း အိန္ဒိယနိုင်ငံ၊ တမီးနာဒူးမြောက်ပိုင်း၊ ပူဒူချယ်ရီမြို့နှင့် အင်ဒရာပရာဒေ့ရှ် တောင်ပိုင်းကမ်းခြေတို့ကို ဖြတ်ကျော်နိုင်သည်ဟု ခန့်မှန်းရပါသည်။
မိုးအေးအေးနဲ့ ချဉ်ချဉ်စပ်စပ်ပဲကြာဆံဆီချက်အစပ်လေး လုပ်စားကြည့်ကြရအောင်နော်။
ပဲကြာဆံဆီချက်အစပ်
ပါဝင်ပစ္စည်း
ပဲကြာဆံ - ၃ ထုပ် (ရေစိမ်ထားပါ)
ကြက်ဥ - ၁ လုံး (ကြော်ထားပါ)
ကြက်သွန်ဖြူ - ၆ မြွှာ (နုပ်နုပ်စဉ်းပါ)
ကြက်သွန်မြိတ် - အနည်းငယ် (ပါးပါးလှီးပါ)
ပုစွန် - ၂ ကောင် (ကြော်ထားပါ)
ငရုတ်သီးမှုန့် - စားပွဲဇွန်း ၁ ဇွန်း
ငရုတ်သီးအနှစ် - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
နှမ်း - စားပွဲဇွန်း ၁ ဇွန်း
ပဲငံပြာရည်အကြည် - စားပွဲဇွန်း ၂ ဇွန်း
ရှလကာရည် - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ဆီအပူ - စားပွဲဇွန်း ၃ ဇွန်း
သခွားသီး - ၁၂ ဂရမ် (ပါးပါးလှီးပါ)
ပြုလုပ်နည်း
ပဲကြာဆံကို ၁၅ မိနစ်ခန့် ရေစိမ်ပါ။ ပြီးလျှင် ရေစိမ်ထားတဲ့ ပဲကြာဆံကို ရေနွေးဆူဆူမှာ ထည့်ပြုတ်ပါ။ ပြီးရင် ဆယ်ပြီး စစ်ထားပါ။
ပါဝင်ပစ္စည်းများအားလုံးပြင်ဆင်ပြီးပြီဆိုလျှင် သုပ်မယ့် ဇလုံထဲ ကြက်သွန်ဖြူ၊ ငရုတ်သီးမှုန့်၊ ငရုတ်သီးအနှစ်၊ နှမ်း၊ ပဲငံပြာရည်အကြည်၊ ရှလကာရည်တို့ကို ထည့်ပြီး အပေါ်မှ ဆီအပူကို လောင်းထည့်ပါ။ ပဲကြာဆံ ထည့်ပြီး သမအောင် နယ်ပါ။ ကြက်သွန်မြိတ်ဖြူးပါ။ ပြီးလျှင် သခွားသီး၊ ကြော်ထားတဲ့ပုစွန်၊ ကြက်ဥကြော်တို့နဲ့ တွဲဖက်သုံးဆောင်နိုင်ပါပြီ။
အမြဲတမ်းသဘောကောင်းတယ်ဆိုတာ
စိတ်ဓာတ် မသန်မာလို့ပါ။
လူဆိုတာ သဘောကောင်းရမယ်။
ဒါပေမယ့် အမြဲတမ်းသဘောကောင်းနေရင် ရေရှည်မှာ ကိုယ့်အတွက် အကျိုးမရှိစေဘူး။ သဘောကောင်းလွန်းရင် အနိုင်ကျင့်ခံရတတ်တယ်၊ ကိုယ့်ရဲ့သဘောကောင်းတဲ့စိတ်ကို အသုံးချခံရတတ်တယ်။ များသောအားဖြင့် သဘောကောင်းလွန်းတဲ့လူကို လူတွေက ပျော့ညံ့တယ်လို့ ထင်တတ်ကြတယ်၊ တကယ်တော့ သဘောကောင်းတယ်ဆိုတာ အမြဲတမ်း ( Positive Thinking) အကောင်းဘက်က တွေးတာ ၊ ဆက်ဆံရေးတွေကို တန်ဖိုးထားတာမျိုးပါ။
စိတ်ထားကောင်းတယ်ဆိုတာကတော့ (Good Attitude) ကိုယ့်စိတ်ရဲ့ အဆင့်အတန်းပါ။ သူတစ်ပါးကို ထိခိုက်အောင် မတွေးတာ ၊ မလုပ်တာ ၊ ယုတ်မာကောက်ကျစ်တဲ့စိတ်မရှိတာ ၊ မတရားပြောဆိုလုပ်ကိုင်တာမျိုးမရှိတာ ၊ အပုပ်ချတာမျိုး မရှိတာ ၊ သနားကြင်နာတတ်တာ၊ ကူညီဖေးမ တတ်တာ ဒီလိုမျိုးကို ဆိုလိုတာပါ။
ဒီနှစ်ခုရဲ့ ကွာခြားချက်ကို တိတိကျကျ သိထားရမယ်။ ဒါမှ ကိုယ်က သဘောကောင်းလွန်းနေတာလား ၊ စိတ်ထားကောင်းတာလား ဆိုတာ ကွဲကွဲပြားပြား သိလိမ့်မယ်။ ကွဲကွဲပြားပြားမသိရင် ကိုယ့်ဘဝက သူများအတွက်ပဲ တွေး၊ သူများအတွက်ပဲ အလုပ်လုပ်နေရလိမ့်မယ်။
ဒီတော့ အမြဲတမ်း သဘောကောင်းဖို့ မလိုဘူး။
ကိုယ် မလုပ်နိုင်တဲ့အရာတွေကို ပွင့်ပွင့်လင်းလင်းနဲ့ သတ္တိရှိရှိ ငြင်းဆန်နိုင်ရမယ်။ ကိုယ် အဆင်မပြေတဲ့အရာတွေကို အားနာလို့ လိုက်လျောစရာမလိုဘူး။ သဘောကောင်းလွန်းလို့ လိုက်လျောပါများရင် ကိုယ်က တန်ဖိုးကျသွားလိမ့်မယ်။
စိတ်ထားကောင်းလို့ ရတယ်၊ ဒါပေမယ့် သဘောကောင်းလွန်းရင်တော့ ကိုယ်က အမြဲ ခံနေရမယ်ဆိုတာ သိထားပါ။
လက်သန့်ဆေးများက ကင်ဆာဖြစ်စေနိုင်
လက်သန့်ဆေးများတွင် အသုံးပြုသည့် ပါဝင်ပစ္စည်းဖြစ်သော အီသနောသည် ကင်ဆာဖြစ်နိုင်ခြေကို မြင့်တက်စေသည့် အန္တရာယ်ရှိသောအရာတစ်ခုအဖြစ် သတ်မှတ်ရန် အီးယူက စဉ်းစားလျက်ရှိကြောင်း ဖိုင်နန်ရှယ်တိုင်းမ်စ်(FT) သတင်းဌာနက အောက်တိုဘာ ၂၁ ရက်တွင် သတင်းရေးသားဖော်ပြခဲ့သည်။
ဥရောပဓာတုဗေဒအေဂျင်စီ(ECHA) ၏ လုပ်ငန်းအဖွဲ့များထဲမှ တစ်ခုက အီသနောကို ကင်ဆာဖြစ်စေနိုင်ခြေပိုမြင့်မားစေကာ ကိုယ်ဝန်ဆောင်နောက်ဆက်တွဲပြဿနာများ ကြုံရနိုင်သည့် အဆိပ်အတောက်ပစ္စည်းတစ်ခုအဖြစ် အောက်တိုဘာ ၁၀ ရက်က အဖွဲ့အစည်းအတွင်အကြံပြုချက်တစ်ခုတွင် ဖော်ပြခဲ့ကြောင်း FT က ပြောဆိုခဲ့ပြီး သန့်ရှင်းရန်အခြားထုတ်ကုန်များ အစားထိုးရန်လိုအပ်ကြောင်း ဆိုခဲ့သည်။
ECHA ၏ Biocidal ပိုးသတ်ဆေး ထုတ်ကုန်ကော်မတီသည် နိုဝင်ဘာလ ၂၅ ရက် နေ့မှ ၂၈ ရက် နေ့အတွင်း တွေ့ဆုံရန် စီစဉ်ထားသည်။
စည်းကမ်းထိန်းသိမ်းရေးအဖွဲ့အစည်းက လက်ရှိတွင် အီသနောကို ပိုးသတ်ဆေးအသုံးပြုမှုအတွက် အကဲဖြတ်လျက်ရှိသည်ဟု ECHA က ရိုက်တာသတင်းဌာနကို အီးမေးလ်သတင်းထုတ်ပြန်ချက်တွင် ပြောဆိုခဲ့သည်။
အဖွဲ့၏ ပညာရှင်ကော်မတီက အီသနောကို ကင်ဆာဖြစ်နိုင်ခြေရှိ ပစ္စည်းအဖြစ် ကောက်ချက်ချပါက ယင်းအတွက် အစားထိုးပစ္စည်းကို အကြံပြုသွားလိမ့်မည်ဖြစ်ကြောင်း စည်းကမ်းထိန်းသိမ်းရေးအဖွဲ့က ပြောကြားခဲ့သည်။
လက်ရှိတွင် အကဲဖြတ်မှုများ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ပြီး အပြီးသတ်ကောက်ချက်ချရခြင်း မရှိသေးကြောင်း ဆက်လက် ပြောကြားခဲ့သည်။
ကော်မတီ၏ သိပ္ပံနည်းကျ ထင်မြင်အကြံပြုချက်အတိုင်း ဥရောပကော်မရှင်က အပြီးသတ်ဆုံးဖြတ်ချသွားမည်ဖြစ်သည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) သည် အီသနောနှင့် အိုင်ဆိုပရိုပါနော နှစ်မျိုးစလုံးကို လက်သန့်ရှင်းရေးအတွက် အသုံးပြုရန် ဘေးအန္တရာယ်ကင်းသော ပစ္စည်းများအဖြစ် သတ်မှတ်ထားသည်။
ခြင်္သေ့ဟန်ဆောင်သောမြည်း
🎀🎀🎀🎀🎀🎀🎀🎀🎀🎀
တစ်နေ့မှာ တောတစ်တောမှာနေထိုင်တဲ့ မြည်းတစ်ကောင်ဟာ ခြင်္သေ့ဟန်ဆောင်ပြီး တောထဲက တိရစ္ဆာန်တွေကို ဒုက္ခပေးဖို့ ထွက်လာခဲ့သတဲ့။
တိရစ္ဆာန်အားလုံးဟာ မြည်းကို ခြင်္သေ့ထင်ပြီး ကြောက်လန့်ကာ အရိုအသေပေးကြတာပေါ့။ ခဏကြာပြီးတော့ မြည်းဟာ မြေခွေးတစ်ကောင်ကို တွေ့လိုက်တာပေါ့။ ခြင်္သေ့ဟန်ဆောင်ထားတဲ့မြည်းဟာ သူ့ရဲ့အသံအစစ်နဲ့အော်လိုက်မိတဲ့အတွက် မြေခွေးအတွက် အကြောင်းမထူးဘူးပေါ့။ ဒါ့ပြင် မြေခွေးဟာ အားရပါးရရယ်လိုက်ပြီး " မင်းဘယ်သူလဲဆိုတာ ငါသိတယ်။ မင်းကို ကြောက်စရာအကြောင်းမရှိဘူး"လို့ ပြောလိုက်သတဲ့။
မြည်းဟာ မြေခွေးစကားကိုကြားတော့ ခေါင်းငုံ့ကာ ထွက်ပြေးသွားတော့သတဲ့။ ။