1 d - Translate

ဘဝရဲ့ အခက်ခဲဆုံးအချိန်မှာတောင်
နှစ်သိမ့်ပေးမယ့် လက်တစ်စုံတောင် မရှိဘဲ…
တစ်ယောက်တည်း ဖြတ်ကျော်လာခဲ့သေးတာပဲ
ဘာကို တွေးပြီး အားငယ်နေရမှာလဲ ။
လိုအပ်တဲ့ အချိန်မှာ
ကူညီပေးတဲ့ တစ်ယောက်စီတိုင်းကို ကျေးဇူးတင်သလို
လွှတ်ချခဲ့ တဲ့ တစ်ယောက်စီတိုင်းကိုလည်း မမေ့ပါဘူး ။

ကိုယ်ကောင်းမှ ကိုယ့်အပေါ်ကောင်းမယ့်
လောကကြီးထဲမှာ မရနိုင်တဲ့ မေတ္တာကို
တောင့်တ မနေဘဲ ပျော်ပျော်နေကြည့်ပါ။

နိမ့်တစ်ခါ မြင့်တစ်လှည့် ကံကြမ္မာမို့
လောကဓံဆိုတာ တွေးကြောက်နေဖို့ မဟုတ်ပါဘူး ။

ကိုယ့်အားကိုယ်ကိုးပါ
ကိုယ်သာလျှင် အဓိကမို့
အမှောင်ဘက်ခြမ်းထဲမှာ အမြဲမနေပါနဲ့ ။
အလင်းတံခါးလေး ဖွင့်ကြည့်ပါ ။
လောကကြီးမှာ နေတတ်ရင် ကျေနပ်စရာတွေချည်းပါပဲ ။

#crd
#justmemories

image