ရန်ကုန်မြို့အနီးက
Shwe Pyi Resort
🌧️မိုးအေးအေးမှာ ခရီးဝေးမသွားပဲ ရန်ကုန်မြို့နဲ့ အနီးတဝိုက် Short Trip လေးတွေသွားချင်တဲ့သူတွေအတွက်☺️
🏞️ပဲခူး(၁၀)မိုင်ကုန်းလို့ လူသိများတဲ့ နေရာလေးမှာ KMA Hotel Group ရဲ့ အပန်းဖြေစရာ နေရာလေးတစ်ခုဖြစ်တဲ့ Shwe pyi Resort လေးက ထင်ထင်ရှားရှားတည်ရှိနေပါတယ်
🌦 ယခုလို မိုးရာသီဝဿန်ကာလလေးမှာ Shwe Pyi Resort ကတော့ ဓာတ်ပုံရိုက်လို့ နဲ့ အပန်းဖြေဖို့အကောင်းဆုံးနေရာလေး တစ်ခုဖြစ်တဲ့အပြင် အရသာရှိတဲ့ ပူပူနွေးနွေး အစားအသောက်များကိုပါ တစ်နေရာတည်းမှာ သုံးဆောင်နိုင်ပြီးနော်🥳 ....
📸 ဓာတ်ပုံရိုက်ဝါသနာရှင်များအတွက် အလှအပဆုံး ရှုခင်းတွေ
💦မိုးကျပြီး စိမ်းစိုနေတဲ့မြက်ခင်းပြင်အလှပေါင်းကူးတံတားလေးတွေ ရှုမောဖွယ်ကောင်းတဲ့ တိမ်တိုက်ကြီးများနှင့် လှပနေသော ကန်ရေပြင်ကျယ်ကြီး
🌻ပန်းပေါင်းစုံပွင့်ဖူးနေတဲ့ ဥယျာဉ်ကျယ်ကြီး အမျိုးအစားစုံလင်လှတဲ့ ပန်းပုရုပ်ထုများစွာရှိတဲ့ ပန်းပုရွာကြီးရှိသည့်အပြင် …. သဘာ၀အလှတရားတွေနဲ့ ပြည့်စုံနေတဲ့နေရာလေးတစ်ခုပါ 🌿🌳
😋စားသောက်ဆိုင်အပေါ်ကနေ အနောက်ဘက် တစ်လွှားသို့ လှမ်းမျှော်ကြည့်လိုက်ရင် ရွှေပြည်အမှတ်(၂) ဆည်ကြီးနှင့် တစ်ဆက်စပ်တည်းဖြစ်နေတဲ့ တမျှော်တခေါ် ရေပြင်ကျယ်ကြီးနှင့်အတူ မျက်နှာမူရာ ဘယ်ဘက်ကမ်းခြေတစ်လျောက်မှာ ဧည့်သည်များ တည်းခိုရန် အိပ်ခန်း(၂၁)ခန်းရှိတဲ့ လုံးခြင်း ဘန်ဂလိုလေးများနှင့်အတူ ပန်းပုရွာလို့ တင်စားဆိုလို့ရတဲ့ ပန်းပုလက်ရာများထိန်းသိမ်းထားရာ သစ်သားပန်းပုဆောင် (၆၀) ကိုပါ အံ့ဩဖွယ်ရာ မြင်တွေ့နိုင်ပါတယ်
🏡ရွှေပြည်ရဲ့ အထင်ကရဖြစ်နေတဲ့ ကန်ရေပြင်ကြီးအတွင်းဝယ် အပျော်စီးဘဲလှေများ၊ ဖိုက်ဘာလှေလေးများနှင့် သစ်သားတံတား၊ ရေပန်းကြီးနှင့်အတူပဏာတင့်လှသော အမှတ်တရဓါတ်ပုံရိုက်စရာပန်းခင်းများ၊ ပန်းအလှဆင်နေရာများနှင့် နေရာအခင်းကျင်းများကလည်း အမှတ်တရမှတ်တမ်းတင်ချင်စရာချစ်သူစုံတွဲ၊ သူငယ်ချင်းများနှင့် မိသားစုများအတွက် နေရာကောင်းလေးတစ်ခုပါ☺️
🌊ရေကန်စပ်တလျှောက်မြေနီလမ်းလေးမှ ကွေ့ဝိုက်ပြီး အတွင်းထဲဝင်သွားလျှင် မြေဧကတစ်ရာကျော်အတွင်း ခင်းကျင်းအလှဆင်ထားသော အမျိုးစားလိုက်ခွဲခြားထားသည့် ပန်းပုရုံအလုံး(၆၀) က တော်တော်နှင့်ပတ်၍ မကုန်နိုင်သလို ဆင်စခန်းငယ်လေးတစ်ခုမှာလည်း ဆင်စီးခြင်းအစာကျွေးခြင်းများလည်း ပြုလုပ်နိုင်ပါသေးတယ်
👨👨👧👦မိသားစုလိုက်ဖြစ်စေ၊ မိတ်ဆွေသူငယ်ချင်းများအုပ်စုလိုက်ဖြစ်စေ လာရောက်လည်ပတ်လို့သင့်တော်တဲ့ Resortလေးပါ
🛣KMA Shwe Pyi Bago Resort မှာ CB Pay Application အသုံးပြုပြီး ငွေပေးချေနိုင်ပါတယ်
📍No.99(C), Yangon-Bago Highway, 10 Miles, Bago Division
#popular Paoh Stars