ယနေ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ
(နိုဝင်ဘာ - ၁၃ ရက်၊ နံနက် ၁၀ နာရီ)

#ရွှေဈေး
-ကမ္ဘာ့ရွှေဈေး
တအောင်စ ၄၂၀၃ ဒေါ်လာ
ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း
- အကယ်ဒမီ မီးလင်းရွှေ တကျပ်သား
၅၉၈၀၀၀၀ ကျပ်
ပြင်ပ အရောင်းအဝယ်ဖြစ်တဲ့ ရွှေဈေးနှုန်း
-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၈၇၅၀၀၀၀ ကျပ်
ဝယ်ဈေး ၈၇၁၀၀၀၀ ကျပ်
-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၈၃၅၀၀၀၀ ကျပ်
ဝယ်ဈေး ၈၃၁၀၀၀၀ ကျပ်
* စနစ်သစ်
(၁ိ - ၁၆.၃၂၉၃၂၅ ဂရမ် = ၁၂၀ ရွေး)
-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၈၆၃၀၀၀၀ ကျပ်
ဝယ်ဈေး ၈၅၉၀၀၀၀ ကျပ်
-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၈၂၃၀၀၀၀ ကျပ်
ဝယ်ဈေး ၈၁၉၀၀၀၀ ကျပ်
“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”
(ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။)

#နိုင်ငံခြားငွေလဲလှယ်နှုန်း
-မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း
အမေရိကန် တဒေါ်လာ - ၃၆၄၅ ကျပ်
ပြင်ပပေါက်စျေး
-အမေရိကန်ဒေါ်လာ‌
ရောင်းဈေး - ၄၀၇၅ ကျပ်
ဝယ်ဈေး - ၃၉၇၅ ကျပ်
-စင်္ကာပူဒေါ်လာ
ရောင်းဈေး - ၃၁၃၀ ကျပ်
ဝယ်ဈေး - ၃၀၅၀ ကျပ်
-ယူရို
ရောင်းဈေး - ၄၇၂၀ ကျပ်
ဝယ်ဈေး - ၄၆၀၅ ကျပ်
-ထိုင်းဘတ်
ရောင်းဈေး - ၁၂၅.၇၉ ကျပ်
ဝယ်ဈေး - ၁၂၂.၇ ကျပ်
-မလေးရှားရင်းဂစ်
ရောင်းဈေး - ၉၈၅ ကျပ်
ဝယ်ဈေး - ၉၆၁ ကျပ်
-တရုတ်ယွမ်
ရောင်းဈေး - ၅၇၃ ကျပ်
ဝယ်ဈေး - ၅၅၉ ကျပ်
-ဂျပန်ယန်း
ရောင်းဈေး - ၂၆.၃၂ ကျပ်
ဝယ်ဈေး - ၂၅.၆၇ ကျပ်
-အိန္ဒိယရူပီး
ရောင်းဈေး - ၄၅.၉၆ ကျပ်
ဝယ်ဈေး - ၄၄.၈၃ ကျပ်
-ကိုရီးယားဝမ်
ရောင်းဈေး - ၂.၇၇ ကျပ်
ဝယ်ဈေး - ၂.၇ ကျပ်
-စတာလင်ပေါင်
ရောင်းဈေး - ၅၃၄၅ ကျပ်
ဝယ်ဈေး - ၅၂၁၀ ကျပ်
-ဩစတြေးလျဒေါ်လာ
ရောင်းဈေး - ၂၆၇၀ ကျပ်
ဝယ်ဈေး - ၂၆၀၅ ကျပ်
-ကနေဒါဒေါ်လာ
ရောင်းဈေး - ၂၉၁၀ ကျပ်
ဝယ်ဈေး - ၂၈၄၀ ကျပ်
-ဟောင်ကောင်ဒေါ်လာ
ရောင်းဈေး - ၅၂၄ ကျပ်
ဝယ်ဈေး - ၅၁၁ ကျပ်
-ယူအေအီး
ရောင်းဈေး - ၁၁၀၉ ကျပ်
ဝယ်ဈေး - ၁၀၈၂ ကျပ်
ငွေလဲနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။
***သတ်မှတ်ဈေးအတိုင်း အရောင်းအဝယ်မလုပ်ပါက အရေးယူခံရနိုင်သည်။

image

တရုတ်နိုင်ငံမှ သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးနှင့် ကြိုတင်ပြင်ဆင်ရေး အတွေ့အကြုံ ဆွေးနွေးဖလှယ်ပွဲ ရန်ကုန်မြို့တွင် ကျင်းပ

တရုတ်ပြည်သူ့သမ္မတနိုင်ငံ Myanmar Blue Sky Rescue Development Council မှ ကယ်ဆယ်ရေး အတွေ့အကြုံ ဆွေးနွေးဖလှယ်ပွဲကို ၂၀၂၅ ခုနှစ် နိုဝင်ဘာလ (၁၂) ရက်၊ နံနက် ၈ နာရီခွဲအချိန်က ရန်ကုန်မြို့တွင် ကျင်းပခဲ့ကြောင်း မြန်မာ - တရုတ်ချစ်ကြည်ရေးအသင်း (ဗဟို) မှ သိရသည်။
အဆိုပါ ဆွေးနွေးပွဲကိုကျင်းပရန် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ပညာရှင်အဖွဲ့သည် ၂၀၂၅ ခုနှစ် နိုဝင်ဘာလ (၁၀) ရက်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာခဲ့ပြီး မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်းမှ တာဝန်ရှိသူများ၊ ရန်ကုန်တိုင်းဒေသကြီး၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးနှင့်အဖွဲ့တို့မှ ကြိုဆိုခဲ့ကြောင်း သိရသည်။
အဆိုပါ ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ရွှေတိဂုံစေတီတော် သင်တန်းခန်းမတွင်ပြုလုပ်ခဲ့ပြီး မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း (ဗဟို) ဥက္ကဌ ဦးတင်ဦး၊ ရွှေတိဂုံစေတီတော် အလှည့်ကျသဘာပတိ ဦးမျိုးအောင်ဌေးနှင့် အဖွဲ့ခေါင်းဆောင် Mr. Luo Wei နှင့် ကပ္ပတိန် Mr. Peng Xin Yuan တို့မှ အမှာစကားပြောကြားခဲ့သည်။
အတွေ့အကြုံ ဆွေးနွေးဖလှယ်ပွဲကို နိုဝင်ဘာလ (၁၂/၁၃) ရက်တို့တွင် တစ်ရက်လျှင် သင်တန်းသား (၆၀) ဦးဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပြီး နိုဝင်ဘာလ (၁၅/၁၆) ရက်တို့တွင် မန္တလေးမြို့၊ ကြင်းတော်ယန် ဗုဒ္ဓဘာသာဘုရားကျောင်းရှိ မြန်မာ-တရုတ်ချစ်ကြည်ရေး (ဗဟို) အသင်းခွဲ (မန္တလေး) တွင် သင်တန်းသား (၆၀) ဦးစီဖြင့် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

image

ရန်ကုန်အပါအဝင် ပြည်နယ်နှင့်တိုင်းဒေသကြီးအချို့ မြူဆိုင်းမည်

နိုဝင်ဘာ ၁၃ ရက် နံနက်ပိုင်းတွင် ရန်ကုန်တိုင်းအပါအဝင် ပြည်နယ်နှင့် တိုင်းဒေသကြီးအချို့ နံနက် ၇ နာရီခန့်အထိ မြူဆိုင်းနိုင်ကြောင်း မိုးလေဝသပညာရှင် ဦးဝင်းနိုင်က ခန့်မှန်းထားသည်။
ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်းတောင်ပိုင်း(အရှေ့+အနောက်)၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်တို့တွင် နံနက် ၇ နာရီခန့်အထိ မြူဆိုင်းနိုင်သည်ဟုဆိုသည်။
ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းတို့တွင် "မြူဆိုင်းသည့်ဧရိယာ" ပိုမိုကျယ်ပြန့်နိုင်ပြီး ကုန်း/ရေ/လေ ခရီးသွားလာခြင်းများ နိုဝင်ဘာ ၁၂ ရက် ည ၁၀ နာရီခန့်မှ နိုဝင်ဘာ ၁၃ ရက် နံနက်အစောပိုင်းအချိန်များအထိ သတိပြုရန် သတိပေးထားသည်။
ထို့ပြင် တနိုင်ငံလုံးတွင် ၇ ရက်အတွင်း မိုးလုံးဝမရွာနိုင်မည့်ရက်များ ရှိနိုင်ပြီး နံနက်အစောပိုင်းရရှိတတ်သည့် မြူနှင်းမိုးစက်မျှရှိသော မိုးရေချိန်သာ ရရှိနိုင်ကြောင်း ၎င်းက ခန့်မှန်းထားသည်။

image

တရုတ်ရိုးရာ စက္ကူအလှညှပ်ပညာပြပွဲကို ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာတွင် ကျင်းပနေ

တရုတ်ရိုးရာ စက္ကူအလှညှပ်ပညာပြပွဲကို ရန်ကုန်မြို့ရှိ တရုတ်ယဉ်ကျေးမှုစင်တာတွင် နိုဝင်ဘာလ ၅ ရက်က စတင်ကျင်းပလျက်ရှိကြောင်း သိရသည်။
အဆိုပါပြပွဲကို နိုဝင်ဘာ ၅ ရက်မှ ၁၈ ရက်အထိ နှစ်ပတ်တိတိ ကျင်းပသွားမည်ဖြစ်ပြီး ပြပွဲတွင် တရုတ်အနုပညာရှင်များ၏ စက္ကူအလှညှပ်ပန်းချီလက်ရာ ၆၀ ပြသထားကြောင်း သိရသည်။
စက္ကူအလှညှပ်ပန်းချီလက်ရာများသည် ကျဲ့ကျန့်၊ ရှန်းတုံး၊ ယူနန်၊ ရှန်ရှီ၊ ကွေ့ကျိုးနှင့် အတွင်းမွန်ဂိုလီးယား စသည့် မတူညီသော ပြည်နယ်များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများမှ ရောက်ရှိလာခြင်းဖြစ်ပြီး တရုတ်နိုင်ငံ အနှံ့အပြားရှိ အရောင်အသွေးစုံလင်သော တိုင်းရင်းသားဓလေ့ထုံးတမ်းများနှင့် ရိုးရာများကို လေ့လာနိုင်မည် ဖြစ်ကြောင်း သိရသည်။
ရန်ကုန်မြို့ရှိ ဘိုဝမ်ကျောင်းကို တရုတ်ရိုးရာစက္ကူအလှညှပ်လေ့ကျင့်ရေးဖောင်ဒေးရှင်းတစ်ခုအဖြစ် ဖွင့်ထားမည်ဖြစ်သည့်အတွက် အဆိုပါတရုတ်ရိုးရာစက္ကူအလှညှပ်အနုပညာကို စိတ်ဝင်စားသူများအနေဖြင့် အချိန်မရွေးသွားရောက်လေ့လာနိုင်ကြောင်းလည်း သိရသည်။

image

တူကီယေးလေယာဉ်ပျ-က်ကျ၊ လေယာဉ်ပေါ်ပါ ၂၀ ဦးစလုံး ‌ေ-သဆုံး

အဇာဘိုင်ဂျန် အနောက်ပိုင်းရှိဂန်ဂျာလေဆိပ်မှ ထွက်ခွာလာသော တူကီယေးစစ်ဘက်ကုန်တင်လေယာဉ် C-130 သည် ဂျော်ဂျီယာနိုင်ငံ အရေ့ပိုင်းနယ်စပ်ကို ဖြတ်ကျော်ပျံသန်း ပြီးနောက် ပျ-က်ကျခဲ့ရာ လေယာဉ်ပေါ်ပါ လူ ၂၀ ဦးစလုံး ‌ေ-သဆုံးခဲ့ကြောင်း တူကီယေးကာကွယ်ရေးဝန်ကြီးဌာနက ဖြစ်ရပ်အပြီးတွင် ပြောကြားခဲ့သည်။
‌ေ-သဆုံးသူများတွင် လေယာဉ်အမှုထမ်းများပါဝင်သည်ဟု ဝန်ကြီးဌာနက ပြောကြားသည်။
အဇာဘိုင်ဂျန်မှ တူရကီသို့ ပြန်ရန် ထွက်ခွာလာသည့် C-130 ကုန်တင်လေယာဉ်ပျ-က်ကျခဲ့မှုကြောင့် မိမိတို့၏ ရဲဘော်ရဲဘက်များသည် ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၁၁ ရက်တွင် အသက်ပေးသွားခဲ့ရသည်ဟု ကာကွယ်ရေးဝန်ကြီး ယာဆာ ဂူလာက ‌ေ-သဆုံးခဲ့သူ ၂၀ ဦး၏ ရုပ်ပုံများနှင့်အတူ X ပေါ်တွင် တင်၍သတင်းထုတ်ပြန်ပြောဆိုခဲ့သည်။
လေယာဉ်ပျ-က်ကျရသည့် အကြောင်းရင်းကို တူကီယေးက ထုတ်ဖော်ပြောကြားခြင်းမရှိသော်လည်း မျက်မြင်တွေ့ရှိသူများက ရို-က်ကူးထားပြီး အဇာဘိုင်ဂျန်မီဒီယာက ဖော်ပြခဲ့သော ဗီဒီယိုဖိုင်အရ လေယာဉ်သည် ပျ-က်ကျချိန်တွင် အပျ-က်အစီးများစွာနှင့်အတူ ပတ်ချာလည်နေသည်ကို တွေ့ရသည်။
လေယာဉ်သည် အဇာဘိုင်ဂျန်နှင့် ဂျော်ဂျီယာပြည်နယ်၏ နယ်စပ်မှ ၃ ဒဿမ ၁ မိုင်ခန့်အကွာ ဆင်းနာဂီဒေသတွင် ပျ-က်သွားခဲ့ခြင်းဟု ဂျော်ဂျီယာ ပြည်ထဲရေးဝန်ကြီးဌာနက အတည်ပြုခဲ့သည်။
C-130 Hercules စစ်ဘက်ကုန်တင်လေယာဉ်အမျိုးအစားကို အမေရိက လော့ခ်ဟိမာတင်ကုမ္ပဏီက ထုတ်လုပ်‌သည်။

image

ကာကွယ်ရေးစာချုပ်ကို သြစတြေးလျနှင့် အင်ဒိုနီးရှားလက်မှတ်ရေးထိုးမည်

သြစတြေးလျနှင့် အင်ဒိုနီးရှားနိုင်ငံတို့သည် လာမည့်နှစ်အစောပိုင်းတွင် အဓိကကျသော ကာကွယ်ရေးစာချုပ်တစ်ရပ်ကို လက်မှတ်ရေးထိုးကြမည်ဖြစ်ပြီး သြစတြေးလျဝန်ကြီးချုပ် အန်‌ထော်နီ အယ်လ်ဘာနီးစ်က သမိုင်းဝင် အချိန်အခါတစ်ခုအဖြစ် သတ်မှတ်ပြောဆိုခဲ့သည်။
ယနေ့(နိုဝင်ဘာလ ၁၂ရက်) မွန်းလွဲပိုင်းက ဆစ်ဒ်နီတွင် အင်ဒိုနီးရှားသမ္မတ ပရာဘိုဝို ဆူဘီယန်တိုနှင့်အတူ မိန့်ခွန်းပြောကြားခဲ့ရာ၌ သဘောတူညီချက်ဆိုင်ရာ ဆွေးနွေးညှိနှိုင်းမှုများသည် အပြီးသတ်လိုက်ပြီးဖြစ်ကြောင်း ဝန်ကြီးချုပ်က ကြေညာခဲ့သည်။
ဇန်နဝါရီလတွင် တရားဝင်လက်မှတ်ရေးထိုးမည်ဟု မျှော်လင့်ထားသည့် သဘောတူညီချက်သည် နှစ်နိုင်ငံအကြား လုံခြုံရေးဆိုင်ရာဆက်ဆံမှုကို သိသိသာသာတိုးမြှင့်သွားမည်ဖြစ်သည်။
အဆိုပါစာချုပ်အရ သြစတြေးလျနှင့် အင်ဒိုနီးရှားတို့သည် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များတွင် ခေါင်းဆောင်တစ်ဦးနှင့် ဝန်ကြီးအဆင့် ပုံမှန်တိုင်ပင်ဆွေးနွေးမှုများလုပ်ရန်၊ နှစ်ဖက်အကျိုးရှိသော လုံခြုံရေးလုပ်ငန်းများကို ဖော်ထုတ်ဆောင်ရွက်ရန် ကတိကဝတ်ရှိလာမည်ဖြစ်ကြောင်း အယ်လ်ဘာနီးစ်က ပြောကြားခဲ့သည်။
ထို့အပြင် တစ်နိုင်ငံ၏ သို့မဟုတ် နှစ်နိုင်ငံစလုံး၏ လုံခြုံရေးသည် အန္တရာယ်ရှိလာပါက တစ်နိုင်ငံချင်းစီသော်လည်းကောင်း၊ ပူးတွဲ၍သော်လည်းကောင်း အဆိုပါခြိမ်းခြောက်မှု အန္တရာယ်များကို ဖြေရှင်းမည့် လုပ်ဆောင်ချက်များကို ချမှတ်ရေးကို တိုင်ပင်ဆွေးနွေး စဉ်းစားရန်ဖြစ်သည်ဟုလည်း သူက ပြောကြားခဲ့သည်။

image

တစ်နိုင်ငံလုံးတွင် ဆေးတက္ကသိုလ်တက်ရောက်ခွင့်ရသူ (၁,၄၂၈) ဦးရှိ

မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၏ ဆေးတက္ကသိုလ်များနှင့် သွားဘက်ဆိုင်ရာဆေးတ က္ကသိုလ်များတွင် နိုဝင်ဘာ ၂၄ ရက်မှစတင်ကာဖွင့်လှစ်မည့် ပထမနှစ်သင်တန်းတက်ရောက်ခွင့်ရသူ (၁,၄၂၈) ဦးရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနကအသိပေးထုတ်ပြန်ခဲ့သည်။
ဆေးတက္ကသိုလ် (၁) ရန်ကုန်တွင် (၃၂၇) ဦး၊ ဆေးတက္ကသိုလ်မန္တလေးတွင် (၃၃၁) ဦး၊ ဆေးတက္ကသိုလ် (၂) ရန်ကုန်တွင် (၃၁၈) ဦး၊ ဆေးတက္ကသိုလ်မကွေးတွင် (၁၀၆) ဦး၊ ဆေးတက္ကသိုလ်တောင်ကြီးတွင် (၆၁) ဦး၊ Naypyitaw State Academy တွင် (၅၈) ဦး၊ သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်ရန်ကုန်တွင် (၉၇) ဦး၊ သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်မန္တလေးတွင် (၁၃၀) ဦးတို့ဖြစ်သည်။
ထို့ကြောင့် တက်ရောက်ခွင့်ရသော ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မိမိတို့၀င်ခွင့်ရသည့်တက္ကသိုလ်များတွင် နိုဝင်ဘာ ၁၇ ရက်မှစတင်ကာ သတင်းပို့ ၍ ကျောင်းအပ်ရမည်ဖြစ်ကာ ၂၀၂၅-ခုနှစ် တက္ကသိုလ် ၀င်စာမေးပွဲအောင်လက်မှတ်၊ ၂၀၂၅-ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ထားသည့်အမှတ်စာရင်း (မူရင်း) ၊ ကျောင်းသား၊ ကျောင်းသူ၏ မှတ်ပုံတင် (မူရင်း) တို့ကိုလည်း သက်ဆိုင်ရာတက္ကသိုလ်သို့တင်ပြရမည်ဖြစ် သည်။
ထိုသို့ သတင်းပေးပို့ခြင်း၊ ကျောင်းအပ်နှံခြင်းတို့ကို သတ်မှတ်ထားသည့် ဒီဇင်ဘာ ၃၁ ရက်အထိဆောင်ရွက်ခြင်းမရှိသော ဝင်ခွင့်ရရှိသူများကို၀င်ခွင့်စာရင်းမှ ပယ်ဖျက်သွားမည်ဟုလည်း အသိပေးခဲ့သည်။

image

(၇၆)ရက်အတွင်း ဂုတ်ထိပ်တံတားပြင်ဆင်မှု အလုံးစုံပြီးစီးပြီဖြစ်

အကြမ်းဖက်အဖွဲ့များ၏ သြဂုတ် ၂၄ ရက်က မိုင်းထောင်ဖောက်ခွဲဖျ-က်ဆီးမှုကြောင့် ပျ-က်စီးမှုများဖြစ်ပေါ်ခဲ့သည့် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့ နယ်ရှိ ရှေးဟောင်းအမွေအနှစ်ဂုတ်ထိပ်တံတားကြီးအား မြန်မာ့မီးရထားမှ အင်ဂျင်နီယာများက ရှေးမူရင်းလက်ရာဒီဇိုင်းအတိုင်းအောင်မြင်စွာပြန်လည်ပြင်ဆင်ပြီးစီးခဲ့ပြီဖြစ်ကြောင်း သိရသည်။
ထိုသို့ ပြန်လည်ပြင်ဆင်ပြီးဖြစ်၍ ဂုတ်ထိပ်တံတားကြီးပေါ်မှ ကုန်တန်ချိန်(၂၀၉)တန်တင်ဆောင်ထားသည့် ရထားတွဲဆိုင်းဖြင့် စမ်းသပ်ဖြတ်သန်းမောင်းနှင်ခဲ့ကြောင်း သိရသည်။
ဂုတ်ထိပ်တံတားအား အကြမ်းဖက်အဖွဲ့များကမိုင်းထောင်ဖောက်ခွဲဖျ-က်ဆီးခံခဲ့၍ တံတားကြီး၏ လားရှိုးဘက်အခြမ်းကမ်းကပ်ခုံနှင့် တံတားတိုင်အမှတ်(၁၆) ကြား တံတားသံဘောင်နှစ်ဖက်စလုံး ကျိုးကျပျ-က်စီးခဲ့သဖြင့် ပျ-က်စီးသွားသော တံတားသံဘောင်နေရာများတွင် မြန်မာ့မီးရထား၊ အင်ဂျင်နီယာဌာန၏ တံတားဘောင်အလုပ်ရုံ(ရန်ကုန်)မှထုတ်လုပ်သည့် သံဘောင်များဖြင့် ရက်ပေါင်း(၇၆)ရက်အတွင်း ပြန်လည်အစား ထိုးတပ်ဆင်ကာ ရှေးမူမပျက်ပြန်လည်ပြင်ဆင်ခဲ့ကြကြောင်း သိရသည်။
ထို့ကြောင့် ပြေးဆွဲမှုယာယီရပ်နားထားသော ပြင်ဦးလွင်ဘူတာမှ ဂုတ်ထိပ်ဘူတာသို့ ရှုခင်းကြည့် RBE ရထားများကိုလည်း မကြာမီပြန်လည်ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။

image

ငလျင်ဒဏ်သင့်သူများအတွက် Penang Cares Association မှ ရင်းဂစ်(၁၀၀,၀၀၀)လှူဒါန်း

မလေးရှားနိုင်ငံ၊ ပီနန်မြို့အခြေစိုက် Penang Cares Association မှ မြန်မာနိုင်ငံရှိ မန္တလေးငလျင်ကြီးဒ-ဏ်သင့်ခဲ့သူများအတွက် ရင်းဂစ်(၁၀၀,၀၀၀)တန်ချက် လက်မှတ်ကို ပီနန်မြို့၌ပေးအပ်လှူဒါန်းခဲ့သည်။
ငလျင်ဒ-ဏ်သင့်သူများ၏ ပြန်လည်ထူထောင်ရေး လုပ်ငန်းများလုပ်ကိုင်ရာတွင် အထောက်အကူပြုသုံးစွဲနိုင်ရန်အတွက် လှူဒါန်းခြင်းဖြစ်ရာ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့မှ မြန်မာသံရုံး ယာယီတာဝန်ခံ/သံအမတ်ကြီးကလက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ကာ ကျေးဇူးတင်စကားပြောကြားခဲ့သည်။

image

အမှိုက်အမျိုးအစားများ ခွဲခြားပစ်နိုင်ရန် ရန်ကုန်စည်ပင်က ဆောင်ရွက်နေသော်လည်း ပြည်သူများ၏ လိုက်ပါမှု ဆောင်ရွက်မှု အားနည်းနေသေး

ရန်ကုန်မြို့တော်စည်ပင်သာယာနယ်နိမိတ်အတွင်းရှိ မြို့နယ်များတွင် အမှိုက်အမျိုးအစား ၄ မျိုးခွဲခြားစွန့်ပစ်နိုင်ရန် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက လှုံ့ဆော်တိုက်တွန်းကာ ဆောင်ရွက်နေသော်လည်း ပြည်သူများ လိုက်ပါမှု အားနည်းနေသေးကြောင်း သိရသည်။
ရန်ကုန်စည်ပင်သာယာနယ်နိမိတ်အတွင်းရှိ Shopping Mall များနှင့် အဆင့်မြင့်အရောင်းဆိုင်ကြီးများတွင် အမှိုက်အမျိုးအစား ၄ မျိုး ခွဲခြားစွန့်ပစ်နိုင်ရန် အကောင်အထည်ဖော်ရာမှာ ပူးပေါင်းဆောင်ရွက်ပေးရန် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက တိုက်တွန်းထားသည်။
သို့သော် တဖက်တွင်လည်း ပြည်သူများမှ လိုက်ပါပူးပေါင်းမှု အားနည်းနေသေးသည်ကိုလည်း တွေ့မြင်ရဆဲ ဖြစ်သည်။
“အဓိကကတော့ ကျယ်ကျယ်ပြန့်ပြန့် စည်းရုံးရေးတွေ၊ လှုံ့ဆော်မှုတွေ လုပ်နိုင်ဖို့လိုမယ်၊ ပြည်သူကတော့ အရင်ကတည်းကလည်း ဒီလိုပဲ ပစ်နေကြဆိုတော့ ဒါကို ပြောင်းချင်ရင် ပြောရရင် မားကတ်တင်းအား အများကြီးလိုပါသေးတယ်ဗျာ” ဟု စွန့်ပစ်အမှိုက်များမှ လက်မှုပစ္စည်းများ ပြန်လည်ဖန်တီးနေသူတစ်ဦးက သုံးသပ်ပြောကြားခဲ့သည်။
ရန်ကုန်စည်ပင်အနေဖြင့် အမှိုက်အမျိုးအစား ၄ မျိုး ခွဲခြားစွန့်ပစ်ရာတွင် အမှိုက်စိုများဖြစ်သော မီးဖိုချောင်ထွက်ပစ္စည်းများနှင့် တစ်ကိုယ်ရေသုံး သန့်ရှင်းရေးပစ္စည်းများအတွက် အစိမ်းရောင်အမှိုက်ပုံး၊ အမှိုက်ခြောက်များဖြစ်သော စက္ကူ၊ ကတ်ထူစက္ကူ၊ သံတိုသံစ၊ ပိတ်စ၊ သစ်သားစ စသည့်စွန့်ပစ်ပစ္စည်းများ အတွက် အဝါရောင်အမှိုက်ပုံး၊ ပလတ်စတစ်အမှိုက်များဖြစ်သော ပလတ်စတစ်သုံးပစ္စည်းများအား အပြာရောင်အမှိုက်ပုံး၊ အီလက်ထရွန်နစ် စွန့်ပစ်ပစ္စည်းများ၊ မီးလုံး၊ အင်းဆက်ဖျန်းဆေးရည်များ၊ အိမ်သုံးဓာတုစွန့်ပစ်ပစ္စည်းများ အစရှိသည့် ဘေးအန္တရာယ်ရှိ အမှိုက်များအတွက် အနီရောင်အမှိုက်ပုံးတွင် စွန့်ပစ်ရန် အသိပေးဆောင်ရွက်ထားသည်။
ထိုသို့ စွန့်ပစ်ပစ္စည်းအမှိုက်များကို စနစ်တကျခွဲခြားစွန့်ပစ်ခြင်းသည် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်း ကာကွယ်စေနိုင်ပြီး အမှိုက်သိမ်းဆည်းမှုကို လွယ်ကူစေသည့်အပြင် အမှိုက်များကို အကျိုးရှိအောင် ပြန်လည်အသုံးပြုနိုင်မည်ဟုလည်း သိရသည်။

image